Showing posts with label Horror. Show all posts
Showing posts with label Horror. Show all posts

Tuesday, June 9, 2020

The Entity (2019)

The Entity(2019)
ညီမဖြစ်သူ Pam ရဲ့ရုတ်တရက်သေဆုံးသွားတဲ့သတင်းကိုကြားတော့ ကောလိပ်ကျောင်းသား Kent Gonzalez က
အိမ်ကို ဝမ်းနည်းကြေကွဲစွာပြန်လာခဲ့တယ်…အိမ်ရောက်တော့  အဖေ အမေနဲ့အတူစျာပနာကျင်းပ
ခဲ့တယ်…နောက်ရက်များမှာ သူ့အတွက်ထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတယ်…
ကွယ်လွန်သွားတဲ့သူ့ညီမဝိညာဥ်က သူ့အိမ်မက်ထဲကိုအလည်လာခဲ့ပြီး သူမသိသေးတဲ့အကြောင်းအရာတွေကို
လာပြောပြသွားတယ်….. Kent အတွက်ထိန့်လန့်စရာကောင်းသလို ဝိညာဉ်ရဲ့ပြောပြချက်တွေကလည်း
သူ့အတွက် စက်ဆုတ်စရာတွေဖြစ်နေတယ်….
အဲ့ဒီနောက်မှာတော့…..
ဝိညာဉ်ကဘာတွေပြောခဲ့လို့လဲ…အဲ့ဒီဝိညာဉ်ကရော ဘာတွေဆက်ပြီး Kent ကိုဆက်ပြောနေမှာလဲ…
Kent ကရော ဝိညာဉ်ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်မှာလဲ…
Horror ကားကြိုက်သူတို့အတွက် တော်တော်မိုက်တယ်လို့ပြောရမှာပါ..ခံစားကြည့်ကြပါကုန်…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်…
crd to channelmyanmar

Bloody Reunion (2006)

[Unicode]
Horror Movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက် နောက်ထပ် horror movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းအကျဉ်း
ဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊
အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ
မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲက
မီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်…
ဆရာမဘတ်ဆီကို နှစ်စဉ္ဆရာများနေ့ရောက်တိုင်း
သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။
ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်…
ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ်
သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။
အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊
နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတို့ပဲဖြစ်ပါတယ် ။
ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ …
ဆရာမဆီ လာလည်ကြပေမယ့် အကုန်လုံးက ချစ်လို့လာကြတာ မဟုတ်ကြပါဘူး
ဒါဆိုရင် ဒီတပည့်တွေထဲက ဘယ်သူက လူသတ်တရားခံဖြစ်မလဲ…
စုံထောက်တွေကော ဒီအမှုကို စုံစမ်းနိုင်မှာလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
[Zawgyi]
Horror Movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက် နောက်ထပ် horror movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းအကျ ဉ်း
ဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊
အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ
မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲက
မီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်…
ဆရာမဘတ်ဆီကို နှစ်စ ဉ္ဆရာများနေ့ရောက်တိုင်း
သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။
ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်…
ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ်
သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။
အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊
နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတို့ပဲဖြစ်ပါတယ် ။
ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ …
ဆရာမဆီ လာလည်ကြပေမယ့် အကုန်လုံးက ချစ်လို့လာကြတာ မဟုတ်ကြပါဘူး
ဒါဆိုရင် ဒီတပည့်တွေထဲက ဘယ်သူက လူသတ်တရားခံဖြစ်မလဲ…
စုံထောက်တွေကော ဒီအမှုကို စုံစမ်းနိုင်မှာလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
crd to channelmyanmar

Cello (2005)


Monday, May 25, 2020

A Nightmare on Elm Street (1984)

A Nightmare on Elm Street (1984)
=========================
Rotten Tomatoes… 94%
IMDb… 7.5
ကျွန်တော်တို့ငယ်ငယ်တုန်းက
ဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့
မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။
ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။ မှတ်မိတယ်မလား ?
သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီး
လိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။

နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။
ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။
မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါ
ဘာတွေဖြစ်လာလေမလဲ ?
မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။
အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။
စိတ်တွေခြောက်ခြားလာမယ်။ မူမမှန်​ဖြစ်​လာမယ်​။
အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?
ဇာတ်လမ်းအကျဉ်း
=============
Freddy Krueger ဟာ လူငယ်လေးတွေကို
အိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာ
လူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။
နန်စီ တို့သူငယ်ချင်းတစ်စုကို
Freddy Krueger မှ အိပ်မက်တွေပေးပြီး
လိုက်သတ်တဲ့အခါမှာတော့…. ။
ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး
Johnny Depp သရုပ်ဆောင်ထားတဲ့
ရုပ်ရှင်လည်းဖြစ်တာမို့
သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။
ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။)
crd to channelmyanmar

Zombie Fighter (2020)

လွန်ခဲ့တဲ့ ၁၁နှစ်ခန့်က လူသားမျိုးနွယ်တွေကို ထိခိုက်စေခဲ့တဲ့
ဇွန်ဘီဗိုင်းရပ်စ်ကြောင့် မိသားစုတွေအားလုံး
အပြိုပြိုအကွဲကွဲဖြစ်ခဲ့ရတယ်
သိပ္ပံပညာရှင်များနဲ့ သုတေသနပညာရှင်တွေ
ပူးပေါင်းပြီး ဆီရမ်တစ်ခုတီထွင်ကာ
ဇွန်ဘီတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားပြီး
အောင်မြင်ခဲ့တယ်
သို့ပေမယ့်လည်း လောဘလူသားတွေကြောင့်
ဇွန်ဘီတွေဟာ အသုံးချခံဖြစ်လာခဲ့ပြီး
ဖမ်းဆီးခံရကာ ဈေးကောင်းပေးဝယ်သူများလည်း
များပြားလာခဲ့တယ်
ဝယ်ယူသူတွေဟာ ဇွန်ဘီဖိုက်တာကလပ်ဆီလာရောက်ပြီး
ဇွန်ဘီအချင်းချင်းတိုက်ခိုက်စေကာ
စီးပွားရှာဖွေခဲ့ကြတယ် ဇွန်ဘီဖိုက်တာကလပ်ရဲ့
အတော်ဆုံးဇွန်ဘီဖြစ်သူ ဘိန်းရဲ့နောက်ကွယ်က
အကြောင်းအရာတွေ ဇွန်ဘီအချင်းချင်း
အနိုင်တိုက်ခိုက်နိုင်ရခြင်းရဲ့လျှို့ဝှက်ချက်တွေကို
လောဘသားတွေ သိသွားတဲ့အခါ
ဘယ်လိုဖြစ်တာမလဲ ဘိန်းလုံခြုံနိုင်ပါ့မလား
ဘိန်းရဲ့မူလသရုပ်အမှန်ကရော ဘာလဲဆိုတာ
ဒီဇာတ်ကားထဲမှာ မြင်တွေ့နိုင်ပါလိမ့်မယ်
crd to channelmyanmar

Wednesday, May 20, 2020

Don't Breathe (2016)

2016ခုနှစ်ကထွက်ခဲ့တဲ့ Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်လူငယ် သုံးဦးဟာ မျက်မမြင်စစ်မှုထမ်းဟောင်းကြီး တစ်ဦးတည်းသာနေတဲ့ အိမ်ကို ဖောက်ထွင်းဖို့ကြိုးစားကြတာပါ။
ထိုအိမ်ရဲ့ ပတ်ဝန်းကျင်တစ်ဝိုက်မှာ
လူအနေနည်းတဲ့ အပြင် အိမ်ပိုင်ရှင်မှာလည်း မျက်စိမမြင်တဲ့ အဖိုးကြီးဖြစ်နေတာကြောင့် ဖောက်ထွင်းမယ့်သူတွေဟာ အလွယ်တကူပဲ အဆင်ပြေမယ်ထင်ခဲ့ပါတယ်။ သို့သော် ထိုလူကြီးက သူ့အိမ်ကို ဝင်ဖောက်တာကို သိသွားတဲ့အခါမှာတော့ တစ်အိမ်လုံးကို ထွက်မရအောင် သော့တွေပိတ်လိုက်ပြီး သူ့ရဲ့သားကောင်တွေအဖြစ် မရမက လိုက်ပါတော့တယ်။
မထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့ အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားကောင်းတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။
crd to mmsubtitlemoviesupdate

Monday, May 11, 2020

Z (2019)

ကယ်ဗင်နဲ့ဘတ်သ်တို့ရဲ့တစ်ဦးတည်းသောသားလေး ဂျော့ရှ်ဟာ
ထူးထူးဆန်းဆန်းပဲ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရသွားခဲ့တယ်။
အဲဒီသူငယ်ချင်းရဲ့နာမည်ကတော့ Z (ဇီ) လို့ခေါ်တယ်။
တစ်ရက် ဘတ်သ်ဆီကို ကျောင်းကနေ ဖုန်းဆက်ပြီးတိုင်တဲ့အခါမှသာ
ဘတ်သ်က သူ့သားလေးရဲ့အဖြစ်တွေကို သိရတော့တယ်။
ကလေးက ကျောင်းမှာ အရမ်းဆိုးသွမ်းနေပြီး
ဘယ်လိုမှထိန်းမရဖြစ်နေတာကြောင့် ရက်အကန့်အသတ်မရှိ
ကျောင်းနားခံလိုက်ရတော့တယ်။
ဒါပေမဲ့ ကောင်လေးကတော့ ဒါတွေက ဇီကြောင့်ဖြစ်တာလို့ ပြောနေလေရဲ့။
ဇီက တကယ်ပဲစိတ်ကူးယဉ်သူငယ်ချင်းသက်သက်လား
သဘာဝနာနာဘာဝတစ်ကောင်လားဆိုတာ ဘယ်သူမှမသိကြပါဘူး။
ထူးထူးဆန်းဆန်းပဲ ကောင်လေးရဲ့အမေ ဘတ်သ်မှာလည်း
ငယ်ငယ်က ဇီဆိုတဲ့စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရှိဖူးမှန်း သိလိုက်ရတော့တယ်။
ဒီဇာတ်ကားက Horror Drama အမျိုးအစားပါ။
အရမ်းကြီးကြောက်ဖို့မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။
Horror ကြိုက်တဲ့သူတွေ လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။
crd to channelmyanmar

Wednesday, May 6, 2020

The Lodge (2019)

ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။
IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။
ဇာတ်လမ်းအကျဉ်း – သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့
လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။
ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာ
မိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။
နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံး
ဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့
မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။
အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်က
အိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ်
အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။
အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊
ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့
ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။
crd to channelmyanmar

Monday, April 27, 2020

Mermaid Down (2019)

ရေသူမတွေကိုမှ ဖမ်းဆီးချင်တဲ့ တံငါသမားနှစ်ယောက်ဟာ
ဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းပြီး ရေသူမလေးတစ်ကောင်ကိုဖမ်းမိကြတယ်…
သူတို့ဟာသာမာန် ဖမ်းဆီးရောင်းချချင်တဲ့သူမျိုးတွေ မဟုတ်ဘဲနဲ့
မိရိုးဖလာယုံတမ်းစကားအတိုင်း ရေသူမကို အမြီးတစ်ပိုင်း
လူတစ်ပိုင်းဖြတ်ပြီး သယ်ဆောင်ရမယ်ဆိုတဲ့စကားအရ
ရေသူမအမြီးကို ပုဆိန်နဲ့ခုတ်ဖြတ်လိုက်ပြီး တစ်ပိုင်းဆီထားထားတယ်….
စိတ်ရောဂါကုဆရာဝန် ဒေါက်တာဘိုင်ယာဟာ
အဲတံငါသင်္ဘောနားတစ်ဝိုက်မှာစောင့်ကြည့်နေပြီး
အဖြစ်အပျက်တွေအပြီးမှာ တံငါသမားဆီမှ ရေသူမလေးကို ရအောင်
ကယ်ထုတ်ခဲ့ပြီး သူဘာဆက်လုပ်မလဲ…??
စိတ်ရောဂါကုဆေးရုံမှာ ရှိနေတဲ့ စိတ်ဝေဒနာသည်
မိန်းကလေးတစ်သိုက်နဲ့ ရေသူမလေးတို့ဆုံတွေ့ခဲ့ကြပြီး
အစပိုင်းမှာ အဆင်မပြေခဲ့ကြတဲ့အပြင် သူ့ကိုရေသူမဆိုတာလည်း
မယုံကြည်ခဲ့ကြပေမယ့် နောက်ပိုင်းကျ အန္တရာယ်ကို အတူတူရင်ဆိုင်ခဲ့ကြတယ်…
သူတို့ရင်ဆိုင်ရမှာက ဘာအန္တရာယ်ဖြစ်မလဲ…
ပုံမှန်ရေသူမကားတွေလို အချစ် အလွမ်း အနမ်းနဲ့ ပြီးသွားတတ်တဲ့
ဇာတ်လမ်းမျိုးမဟုတ်ဘဲ သည်းထိတ်ရင်ဖိုနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်
crd to channelmyanmar

We Summon the Darkness (2019)

We Summon the Darkness(2019)
လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့
ကောင်မလေးသုံးယောက်က စတိတ်ရှိုးပွဲကို ကြည့်ဖို့သွားရင်းနဲ့ ကောင်လေးအဖွဲ့နဲ့ ဆုံခဲ့ပါတယ်။
အဲ့အချိန်မှာ စေတန်မာရ်နတ်ကို ကိုးကွယ်ယုံကြည်တဲ့သူတွေက လူတွေလိုက်သတ်နေတဲ့ အချိန်ဖြစ်တယ်။
ရှိုးပွဲပြီးတဲ့ညမှာ သူတို့ သုံးယောက်နဲ့ လမ်းမှာဆုံတွေ့တဲ့
ကောင်လေးတွေ အဖွဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးကြုံခဲ့ကြတယ်..။
ဘယ်သူတွေက ဘာသာရေးမှိုင်းတတ်ခံရပြီး လိုက်သတ်နေကြတာလဲ။ သူတို့အားလုံးကေ
ာ ရှင်နိုင်ကြမှာလား။ တစ်ဖက်ပိတ် အယူဝါဒတွေရဲ့ ကြောက်စရာကောင်းမှု၊ ဆိုက်ကို ဆန်ဆန် လူသတ်နေမှုရဲ့
နောက်ကွယ်က ကြိုးကိုင်နေမှုတွေကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်.ခပ်ကြမ်းကြမ်းHorror ကားကြိုက်သူတို့
လက်မလွှတ်သင့်ပါကြောင်း….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်…
crd to channelmyanmar

Friday, April 24, 2020

Bhoot: Part One - The Haunted Ship (2020)

ဘောလီဝုဒ်ဖန်တွေအတွက် မင်းသား Vicky Kaushal ၏ ရုံတင်ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့
Mystery, Horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကတော့ … မွန်ဘိုင်းမြို့ ဂျူဟူးကမ်းခြေကို သင်္ဘောပျက်ကြီးတစ်စီး လာသောင်တင်ခဲ့ပါတယ်
အမှန်ကတော့ ဒီသင်္ဘောပျက်ကြီးကို တခြားနေရာတစ်ခုကိုရွေ့ဖို့ ဆွဲသွားတာပါ
ဒါပေမဲ့ ဆွဲကြိုးပျက်သွားပြီး ဂျူဟူးကမ်းခြေကို ရောက်လာခဲ့တာပါ
သင်္ဘောပေါ်မှာလည်း ဘာလူသူမှမပါလာသလို ဒီသင်္ဘောကြီးကလည်း သရဲခြောက်ပါတယ်လို့ ကောလဟာလတွေထွက်နေပါတယ်
ဒီသင်္ဘောကြီးကို သင်္ဘောဋ္ဌာနက စစ်ဆေးရေးအရာရှိ ပရိသ်ဗီးက စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ …..
………..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
crd to channelmyanmar

Wednesday, April 22, 2020

Spirit: The Beginning of Fear (2020)

ဒီဇာတ်ကားကတော့ ၂၀၂၀ ဖေဖော်ဝါရီကလောလောလတ်လတ်ထွက်ရှိထားတဲ့ Horror ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့သူဠေးဖြစ်သူ ပတ်မန်းဂီဆိုတဲ့သူကသူ့ဖောက်သည်ဖြစ်သူ အိမ်တစ်အိမ်ကိုဝယ်ဖို့စပ်ပေးပါတယ်။
အဲ့အိမ်ကထူးခြားတာက ဈေးတော်တော်တန်နေတာပါ။ဈေးတန်ရင်တစ်ခုခု အပြစ်အနာအဆာရှိတတ်တယ်ဆိုတဲ့ ထုံးစံအတိုင်းအဲ့ဒီအိမ်ကြီးကသရဲခြောက်တယ်လို့နာမည်ကြီးနေတာပါ။
နောက်ထပ်ထူးဆန်းတာကသူဠေးပတ်ကအဲ့အိမ်ကသရဲခြောက်မှန်းအိမ်ပျက်ကြီးမှန်းသိသိနဲ့ကိုတမင်ရောင်းလိုက်တာပါ။
ဒါကိုဝယ်ဖို့သွားတဲ့သူလည်း အဲ့အိမ်ကြီးကအိမ်ရှင်ဆီမှာ အရောင်းအဝယ်စာချုပ်လက်မှတ်ထိုးခိုင်းဖို့သွားရင်းရုတ်တရက်ပျောက်ဆုံးသွားပြန်တယ်။
သူ့မိန်းမဖြစ်ကလည်းယောကျာ်းပျောက်သွားတော့ရဲတွေကိုအကြောင်းကြားပြီးရှာဖို့ကြိုးစားပါတော့တယ်။
ဒီအမှုကိုကြိုးစားလိုက်နေတဲ့စုံထောက်ချွဲကဒီပျောက်ဆုံးမှုဟာလွန်ခဲ့နှစ်ပေါင်း ၃၀ လောက်ဖြစ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ပါ
ပတ်သက်ဆက်နွယ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါအမှုကိုကြိုးစားဖော်ထုတ်ဖို့လုပ်ပါတော့တယ်။
နောက်တော့သူဠေးပတ်နဲ့ သူယောကျာ်းပျောက်သွားတဲ့အမှုကြားမှာထူးဆန်းတာတွေက တစ်စပြီးတစ်စဖြစ်လာပါတယ်။
ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို Mystery ဆန်ဆန် စိတ်ဝင်စားဖို့ကောင်းအောင် တွေးလုံးတွေထည့်ရိုက်ကူးထားပါတယ်။
ကဲ အားလုံးပဲဘယ်လိုတွေဆက်ဖြစ်မယ် ဘယ်လိုဇာတ်လမ်းကအပြောင်းအလဲရှိလာမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားစေချင်ပါတယ်။
***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်
နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ
(ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…)
crd to channelmyanmar

Monday, April 20, 2020

Fantasy Island (2020)

စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကား တင်ပေးလိုက်ပါပြီ။
Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။
ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပါ။
ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။
အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှ
လူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။
အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကို
ဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။
သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။
ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစ
အားလုံးသော ဆန္ဒတွေကို ဖြည့်ပေးနိုင်စွမ်းရှိတာကိုတွေ့ရပြီး ထီပေါက်သလိုကို ပျော်ကြရပါတော့တယ်။
ပြီးတော့ အဲဒီကျွန်းဟာ သူတို့တောင်းဆိုတဲ့ဆန္ဒထက် တကယ့် အတွင်းစိတ်ထဲက ဆန္ဒကိုသိမြင်နေပြီး ဖြည့်ပေးနိုင်တာကိုပါတွေ့လာရတယ်။
ဒါပေမယ့် ဒီအပျော်တွေကနေ လူတိုင်းရဲ့ ဆန္ဒတွေဟာ ကြောက်စရာအဖြစ်တွေဆီကို တဖြည်းဖြည်းကူးပြောင်းသွားတဲ့အခါမှာတေ့ာ…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…
crd to channelmyanmar

Iruttu (2019)

Darkness – Iruttu (2019)
==================================
ဒီတစ်ခါတော့ သဘာဝလွန်ကားတွေ စိတ်လှုပ်ရှားစရာတွေမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်ပါပဲ။ အိမ်ထဲမှာ နားရက်တွေကြောင့် ပျင်းနေကြသူတွေအတွက် စိတ်ဝင်စားစရာကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်။
ဟေလီဆိုတဲ့ ကျေးလက်ရွာလေးဟာ အေးချမ်းပြီး တိတ်ဆိတ်တဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ သာမာန်ရွာသူရွာသားတွေပဲ စုပေါင်းနေထိုင်ကြတာမလို့ အမှုအခင်းကြီးကြီးကျယ်ကျယ်မှလဲ မရှိသလောက်ပါပဲ။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ လူ ၆ ယောက်ဟာ မတူညီတဲ့နေရာတွေမှာ တစ်ပြိုင်နက်တည်း အသတ်ခံခဲ့ရတာပါ။ ဘာသဲလွန်စမှလဲ မကျန်ခဲ့ပါဘူး။ ဒဲ့ဒီနောက်တော့ ဒီအမှုကို စုံစမ်းနေတဲ့ စုံထောက်ကလည်း ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ချာလီလို့ခေါ်တဲ့ ရဲအရာရှိဟာ သူ့မိသားစုတွေနဲ့ ဒီရွာလေးကို တာဝန်ပေးချက်အရ ရောက်လာပါတယ်။ သူ့တာဝန်ကတော့ ဒီအမှုကို စုံစမ်းဖို့ပါပဲ။ လာတဲ့ လမ်းခရီးမှာ ကြုံတွေ့ခဲ့တာတွေကြောင့် နိမိတ်မကောင်းဘူးလို့ သူရဲ့ အမျိုးသမီးက ယုံကြည်နေပါတယ်။ ရွာလေးကိုရောက်တဲ့အခါမှာတော့ ချာလီ၊ ဇနီးနဲ့ သမီးဖြစ်သူတို့ဟာ ထူးဆန်းမှုတွေကို ဆက်တိုက်ကြုံတွေ့လာရပါတော့တယ်။ ဒီအဖြစ်တွေဟာ လူသတ်မှုနဲ့ ပတ်သက်မှုရှိနေမလား။ ဘယ်လိုအခြေအနေတွေနဲ့ တွေ့ကြုံရမလဲဆို​တာ ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။
crd to gold channel

Gretel & Hansel (2020)

 ၂၀၂၀ ခုနစ်ထွက် Fantasy/ Horror ဇာတ်ကားလေးဖြစ်ပါတယ်…
ဂရင်းစ်ညီအစ်ကိုတွေရဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ တောအုပ်ထဲက
လူသားစားတဲ့ စုန်းမကြီးအိမ်ကို ရောက်ရှိသွားတဲ့
ဟန်ဆယ်နဲ့ ဂရက်တယ်တို့မောင်နှမနှစ်ယောက်အကြောင်းကို
အားလုံးကြားဖူးကြမယ်ထင်ပါတယ်…
ဒီဇာတ်ကားလေးကလည်း အဲဒါကို အခြေတည်ပြီးရိုက်ကူးထားတာပါ…
ဟန်ဆယ်နဲ့ ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာ
မုဆိုးမ အမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေထိုင်ကြရပါတယ်…
တစ်နေ့မှာတော့ သူတို့အမေက ကိုယ့်ဝမ်းကိုယ့်ကျောင်းဖို့
သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတော့တယ်…
ဒီလိုနဲ့ စိတ်မနောကောင်းတဲ့ မုဆိုးတစ်ယောက်က
တောထိန်းတွေဆီ သွားခိုလှုံဖို့ လမ်းညွှန်လိုက်ပါတယ်…
ဒီလိုနဲ့ သွားရင်းနဲ့ တောထဲမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတဲ့
တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပါတော့တယ်…
အိမ်ပိုင်ရှင်ကတော့ သဘောကောင်းပုံရတဲ့ အဖွားအိုတစ်ယောက်ပဲ…
အဲဒီအဖွားအိုဟာ ပုံပြင်ထဲကအတိုင်း စုန်းမကြီးများလား…
ဒီဇာတ်ကားမှာ မတူခြားနားတဲ့ မြှုပ်ကွက်တွေပါတာကြောင့်
ဘာတွေလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး…
IMDB 5.3/10 ရရှိထားပါတယ်
crd to channelmyanmar

Sunday, April 19, 2020

The Turning (2020)

ညအချိန်ကြီး အလယ်ခေတ်Gothic ပုံ အဆောက်အဦးတခုအတွင်းမှ
မိန်းကလေးတယောက် ထွက်ပြေးလာပြီး
ကားတံခါးကို အလျင်အမြန်ဖွင့်ကာ မောင်းပြေးသည်။
အိမ်ကြီးထဲတွင်တော့ ကလေးတယောက်က ပြတင်းပေါက်မှ ကြည့်နေပြန်တယ်။
ကားလေးက ခြံဝင်းတံခါးဆီအရောက်တွင်တော့
တံခါးပိတ်ထားတာကြောင့် ရပ်သွားရတော့တယ်။
အထဲမှ မိန်းကလေးထွက်လာပြီး တံခါးပွင့်အောင်လုပ်လိုက်နိုင်တယ်။
တံခါးပွင့်လို့ ကားဆီပြန်သွားပြီး ကားတံခါးဖွင့်မယ်အလုပ်
ကားဘေးမှန်ထဲပေါ်လာတာကတော့…..
သူကတော့ သူ့အခန်းဖော်ကို ကြိုမပြောမိလို့ တောင်းပန်နေရတယ်။
သူအလုပ်လုပ်တဲ့ကျောင်းကနေ ထွက်ပြီး ကလေးမလေးတယောက်ကို
ထိန်းပေးဖို့ ကျောင်းကလူတွေကပဲ အလုပ်ရှာပေးလိုက်ကြတယ်။
ရုတ်တရက်ကြီးဆိုတော့ သူ့အခန်းဖော်ကိုလည်း ပြောပြီးပြီးချင်း
သူလည်း အလုပ်ကိုသွားရတော့မယ်။
အလုပ်ကတော့ လုပ်တဲ့ဆီမှာပဲ နေရမှာဆိုတော့ အခန်းဖော်ကတော့
သူမရှိတော့မှာကို စိတ်မကောင်းတော့ တဖျစ်တောက်တောက်ပေါ့။
သူ့အမေဆီကိုလည်း သူမသွားခင် နှုတ်ဆက်သွားရအုံးမယ်။
ဒီလိုနဲ့ သူနေရမယ့်ဆီ ရောက်လာတယ်။
အိမ်ကြီးကတော့ ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာရှိပြီး
ရှေးခေတ်အိမ်ကြီးပဲ နေတဲ့သူကတော့ အိမ်တော်ထိန်းခေါ်ရမယ့်
အမျိုးသမီးကြီးတယောက်နဲ့ ကလေးမလေးပဲနေတယ်။
ကလေးမလေး အစ်ကိုကတော့ ဘော်ဒါကျောင်းမှာနေတော့ မရှိဘူး။
ရောက်တဲ့ညမှာပဲ ကလေးမလေးကို သိပ်ပြီး အိပ်ရာအရောက်မှာ
စကားပြောသံတွေကြားလို့ သွားကြည့်ရင်း ကလေးမလေး
အစ်ကိုပြန်ရောက်လာတာနဲ့ ရုတ်တရက်တွေ့ကြတယ်။
သူကြားရတဲ့စကားသံတွေက ဘယ်ကလဲ တကယ်ရောကြားရတာလား။
ကလေးမလေးကရော သူနဲ့အဆင်ပြေပါ့မလား
သူ့အစ်ကိုကောင်လေးကရော ဘာလို့ရောက်လာတာလဲ ။
အရင်တုန်းကရော ဒီအိမ်ကြီးမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို
ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုံး။
ထိတ်လန့်သဲဖိုဇာတ်လမ်းတွေထုံးစံအတိုင်းပဲ ရိုက်ထားတဲ့ကားပါပဲ။
ဘာမှတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။
တခုပြောစရာရှိတာက Stranger Things ထဲက ကောင်လေး Mike က
ဒီထဲမှာ ကလေးမလေးအစ်ကိုအဖြစ်သရုပ်ဆောင်ထားတာတခုပါပဲ။
Imdb နဲ့ RT rating ကတော့ နည်းပေမယ့် အရမ်းကြီးဆိုးတယ်လည်းမဟုတ်
Horrorကားလည်းကြည့်ချင်တယ်ဆိုရင် မဆိုးပါဘူးလို့ပြောရမယ့်ကားလေးပါပဲ။
crd to channelmyanmar

Monday, April 6, 2020

Siccin (2014)

Siccin (2014) ဟာ IMDb 6.3/10 Google users 87% ရထားသော ဒါရိုက်တာ Alper Mestçi ရိုက်ကူးထား၍  Ersan Özer က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Merve Ates, Toygun Ates, Pinar Caglar Genctürk တို့ပါဝင်သရုပ်ဆောင်ထားသော Horror ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
အော့်ဇ်နဆိုတဲ့ ငယ်ရွယ်လှပတဲ့ မိန်းကလေးတစ်ယောက် သူ့ရဲ့ အစ်ကို ဝမ်းကွဲ ကူဒရက်တ်ကို ငယ်စဉ်ကတည်းက ချစ်မြတ်နိုးခဲ့တယ် ဒါပေမယ့် ကူဒရက်တ်က နီစာလို့ခေါ်တဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး သိပ်ကို ပျော်ရွှင်နေတယ်.. မနာလို ဖြစ်နေတဲ့ အော့ဇ်နာဟာ မကောင်းတဲ့ မှော်အောက်လမ်းနည်းကို အသုံးပြုပြီးတော့ သူနဲ့ ကူဒရက်တ်တို့ အတူတူပေါင်းဖက်ဖို့ လုပ်ယူခဲ့တယ် ဒါပေမယ့် မကောင်းဆိုးဝါးဟာ ဘယ်လိုမှ မထင်မှတ်ဘဲ မထိန်းချုပ်နိုင်ဘဲ ဖြစ်လာတဲ့အခါ ဘယ်လိုတွေ ကြောက်လန့်စရာတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
crd to fofmm