Wednesday, May 20, 2020

Don't Breathe (2016)

2016ခုနှစ်ကထွက်ခဲ့တဲ့ Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်လူငယ် သုံးဦးဟာ မျက်မမြင်စစ်မှုထမ်းဟောင်းကြီး တစ်ဦးတည်းသာနေတဲ့ အိမ်ကို ဖောက်ထွင်းဖို့ကြိုးစားကြတာပါ။
ထိုအိမ်ရဲ့ ပတ်ဝန်းကျင်တစ်ဝိုက်မှာ
လူအနေနည်းတဲ့ အပြင် အိမ်ပိုင်ရှင်မှာလည်း မျက်စိမမြင်တဲ့ အဖိုးကြီးဖြစ်နေတာကြောင့် ဖောက်ထွင်းမယ့်သူတွေဟာ အလွယ်တကူပဲ အဆင်ပြေမယ်ထင်ခဲ့ပါတယ်။ သို့သော် ထိုလူကြီးက သူ့အိမ်ကို ဝင်ဖောက်တာကို သိသွားတဲ့အခါမှာတော့ တစ်အိမ်လုံးကို ထွက်မရအောင် သော့တွေပိတ်လိုက်ပြီး သူ့ရဲ့သားကောင်တွေအဖြစ် မရမက လိုက်ပါတော့တယ်။
မထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့ အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားကောင်းတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။
crd to mmsubtitlemoviesupdate

No comments:

Post a Comment