Showing posts with label 1997. Show all posts
Showing posts with label 1997. Show all posts

Saturday, April 4, 2020

U Turn (1997)

[Unicode]
U Turn (1997)
=========
ဘဝမှာမှားခဲ့တဲ့ လူတိုင်းကို ဘုရားသခင်က
ဂငယ်ကွေ့ခွင့်ပြုပါတယ်တဲ့။ ကိုယ် ဒီလမ်းကလေးကို
ဂငယ်ကွေ့ခဲ့မိတဲ့ဘက်က ငရဲလမ်းတုရှုပါပဲ။
ကုန်းကမူ ကန္တာရလွင်ပြင်နဲ့ ဖုန်ထူတဲ့ ဒီလမ်း‌ဘေးမှာ
လဒတွေ ယုန်သေကောင်ပုပ်အပေါ်နားလို့။
ငရဲဖြစ်စေ သင်္ချိုင်းဖြစ်စေ
သေဘေးလွတ်ဖို့ လူဟာ ဘာမဆို လုပ်မှာပဲမဟုတ်လား။
လက်ချောင်းနှစ်ချောင်းနှုတ်ယူခံထားရတဲ့ ကိုယ့်ဆီက
သူတို့က အသက်ကိုယူဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။
ဒီလိုနဲ့ပဲ တိမ်းရှောင်သူကိုယ်က မင်းနဲ့တွေ့ခဲ့တယ်
အင်းဒီယန်းတစ်ဝက်မ‌လေးရေ။
မင်းတို့နေတဲ့ မြို့ကလေးကို ကိုကွေ့လာတဲ့အချိန်မှာ
ကတောက်ကဆတ် ၁ က စတာပါပဲ။မင်းသိမှာပါ
ပြဿနာဟာ မြို့အဝင်ဝပ်ရှော့က ဗိုက်ပူပူ
ချေးအထပ်ထပ်နဲ့ အေးတဲ့အချိန်နဲ့ ပူတဲ့အချိန်
အလုပ်မလုပ်ချင်တဲ့ စက်ပြင်ဆရာငတိနဲ့ စတာပေါ့။
ကိုယ်ပိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့
၁၉၆၄မော်ဒယ် မတ်စတန်းအမိုးဖွင့်ကားလေးကို
ဒီငတိနဲ့ ထားခဲ့ရတာ သိပ်စိတ်မချလှပါဘူး
ရွေးစရာမှမရှိပဲ။ ဒီညစ်ပတ်ဖုန်ထူတဲ့ မြို့ဟာ
မင်းကို မတွေ့ခင်အထိတော့ တကယ်ငရဲပါပဲ။
ကတောက်ကဆတ် ၂ ကတော့ ခရီးသွားဟန်လွဲ
စားသောက်ဆိုင်အသွားတိုးတဲ့ မျက်မမြင်
အင်းဒီးယန်းအဘိုးကြီးပါပဲ။ ဒီအဘိုးကြီးက
အတော်ခက်ပါတယ်။ မျက်မမြင်တစ်ယောက်နဲ့
မလိုက်အောင်ကို ကင်းမြှီးကောက်သတ်သေတာအစ
အတွဲတွေပလီတာအဆုံး အကုန်မြင်နေတော့တာပါပဲ။
စကားတွေကလည်း ဖောင်ဖွဲ့လို့ မကုန်အောင်ပါပဲ။
ဒီအချိန်မှာပဲ လမ်းတစ်ဘက်က မင်းကို ကိုယ်
မြင်လိုက်ပါတယ်။ ဒါအချစ်မဟုတ်ပါဘူး။
အလှကိုတပ်မက်မှုပါ။ အချစ်ဟာ
လှတာကိုလိုချင်တာဆိုတဲ့ ဆော့ခရိတ္တိအဆို
မှန်ခဲ့ရင်တော့ ဒါအချစ်ပေါ့
အင်းဒီးယန်းတစ်ဝက်မကလေးရယ်။
လှမ်းခါယိမ်းနွဲ့သွားတဲ့ မင်းရဲ့ ကျောဘက်
ကျက်သရေတို့ကလည်း အာရုံမှာ
ဖယ်ရှားလို့မရနိုင်အောင်ပါပဲ။
ယစ်မူးနေတုန်းကတော့ ပန်းသီးရဲ့အဆိပ်ကို
ဘယ်သူမြင်ခဲ့ပါမလဲ။ ကိုယ်စခဲ့တဲ့ ဇာတ်နဲ့
မင်းရဲ့လိုက်လျောမှု ပေါင်းစပ်လို့ ရလဒ်က
ကိုယ်တို့ရဲ့ အပြာရောင်အခန်းကလေးမစခင်မှာ
မင်းမပြောထားတဲ့လင်တော်မောင် လက်သီး
နှာနုရိုးတည့်တည့်မှာ ကိုယ်မြည်းလိုက်ရတာပါပဲ။
မင်းက ဒီလိုအဆိပ်ပြင်းတဲ့ ကောင်မလေးပေါ့
ဒါက ကိုယ်မထင်ခဲ့တဲ့ ကတောက်ကဆတ် ၃ပါပဲ။
ကျန်တဲ့ကတောက်ဆတ်များစွာထက်
မင်းအကြောင်း ကတောက်ကဆတ်များဟာ
အဆိုးရွာဆုံးပါပဲလို့ ဆိုရမယ်။
ဒီအဖြစ်အပျက်မှာ ကိုယ်တို့ရဲ့ ရည်ရွယ်ချက်တွေ
ရှင်းပါတယ်။ သေရွာက လွတ်ချင်တဲ့ကိုယ်ရယ်
မင်းကို သေစေချင်တဲ့ မင်းယောကျာ်းကြီးရယ်
ရေလား မီးလား ငရဲလား နိဗ္ဗာန်လား မသိရတဲ့
မင်းရယ် ဒီငရဲကို အတူတူတည်ခဲ့ကြပြီပဲ။
မင်းသိမလား မင်းအကြောင်း ပိုပိုသိလာချိန်မှာ
မင်းယောကျာ်ကြီး မင်းကို သတ်ခိုင်းဖို့ ကိုယ့်ကို
ကမ်းလှမ်းလာတာကို သိပ်မအံ့ဩတော့ပါဘူး။
ကိုယ်တို့ အားလုံးဟာ မင်းကစားပွဲထဲက
နယ်ရုပ်ကလေးဖြစ်ခဲ့ကြတဲ့ သူတွေပါပဲ။
မိန်းမတစ်ယောက်ရဲ့စိတ်ကိုနားလည်ဖို့ထက်
တိုက်ကြီးခုနှစ်စင်းကို တံတားထိုးပေးရတာ
ပိုလွယ်တယ်ဆိုတဲ့ ဟာသကလေး မင်းကြားဖူးမလား။
တကယ်ပါပဲ ဒီအဖြစ်အပျက်အစအဆုံး
မင်း ဘာလိုချင်ခဲ့လဲ ဘာကိုရွယ်လုပ်ခဲ့သလဲ
ကိုယ်တကယ်မသိခဲ့ပါဘူး။
ဝေးလံသော တောင်စွန်းဆီတွင် နေဝင်ချိန်အသစ်တစ်ခု
မွေးဖွားသန့်စင်ပြီ။ ဒဏ်ရာအတိပြီးသော
လက်ချောင်းနှစ်ချောင်းပြတ် ခြေကျိုး ခန္ဓာအဟောင်းနဲ့
လူတစ်ယောက်၊ ‌သေနတ်တစ်လက် ၊ငွေတစ်သိန်းခွဲနဲ့
လူတစ်ယောက် ဘဝကို ဂငယ်ကွေ့တော့မည်လား။
စီးကရက်၏ အရသာသည် သူ့အတွက် ပိုပိုကာ
ပေါ့လာသည်။ ဆာလောင်နေသော မကောင်းဆိုးဝါး
လေးကောင် ယမန့်နေ့ညက စစ်တလင်းခင်းခဲ့ကြ၏။
ယနေ့ည တောင်အောက်တွင် လူသေသုံးလောင်းကို
တောင်ခြင်္သေ့တို့က ပွဲတော်တည်နေကြပြီ။
မနက်ဖြန်ကို ကျွန်တော်မယုံပါ။
လိ‌‌‌မ္မော်နီရောင်ဂါဝန်တစ်စုံကို
ကျွန်တော် ဖျတ်ခနဲမြင်နေရသည်။
သူမသည် ငှက်ကလေးဖြစ်သွားလေပြီ။
ကျွန်တော် အမှောင်ထဲသို့ ရှေးရှုနေသည်။
မနက်ဖြန်ကို ကျွန်တော်မယုံပါ။
စာကြွင်း။
တစ်ချို့ရုပ်ရှင်တွေက အဆိုးဆုံးအဖြစ်အပျက်တွေထဲက
အကောင်းဘက်ရောက်တဲ့ လူသားဆန်မှုကလေးကို
မီးမောင်းထိုးပြတတ်ပါတယ်။ Jo Jo Rabbitတို့
Life is beautifulတို့လို ရုပ်ရှင်မျိူးတွေပေါ့။
ဒီရုပ်ရှင်ကတော့ ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုထဲကနေ
အတ္တတွေ တစ်ကိုယ်ကောင်းဆန်မှုတွေ ရက်စက်မှုတွေကိုပဲ
ထပ်ကာထပ်ကာပြ‌နေပါလိမ့်မယ်။
ရိုက်ချက်တွေက တစ်ခါတလေ နိမိတ်ပုံဆန်ဆန်
ဖျတ်ခနဲပါလာတတ်ပါတယ်။ ဒီရုပ်ရှင်က
ခင်ဗျားကိုဆုံးဖြတ်ခွင့်ပေးထားတဲရုပ်ရှင်မျိုးပါပဲ ။
( အညွှန်နဲ့ ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် )
crd to channelmyanmar

Friday, December 13, 2019

Friday, September 13, 2019

Legend of the Wolf (1997)


Legend of the Wolf (1997)
Rating.6.0
(Action, Drama)

(Unicode)

ကဲ…. သိုင်းလောကသားတွေအကြိုက် အမြဲတမ်းဘာသာပြန်တင်ဆက်ပေးနေတဲ့ လယ်ဝေးသားလေး ကျော်မျိုးသူရဲ့ သိုင်းကားနောက်တကား တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာတော့ IP Man မင်းသား Donnie Yen ကဒါရိုက်တာဖြစ်ပြီး သူပဲ ဦးဆောင်ပါဝင်ရိုက်ကူးထားတာပါ။
အက်ရှင်ကြမ်းကြမ်းဇာတ်လမ်းကောင်းကောင်း ကြိုက်ကြတဲ့ သိုင်းလောကသားတွေလက်မနှေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျား.

(Zawgyi)



Trailer