Showing posts with label 2020. Show all posts
Showing posts with label 2020. Show all posts

Wednesday, July 1, 2020

Healing River (2020)


Gulabo Sitabo (2020)


Inheritance (2020)


Acrylic (2020)


100% Wolf (2020)


Artemis Fowl (2020)


365 Days (2020)


Taoist Master (2020)


Are We In Love (2020)


Gabriel's Inferno (2020)


The Quarry (2020)


The Dinner Party (2020)


Tuesday, June 9, 2020

Sniper: Assassin’s End (2020)

စနိုက်ပါဇာတ်လမ်း၊ အက်ရှင်ဇာတ်လမ်း
ကြိုက်သူတွေအတွက် တင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် နိုင်ငံမှာ
အခြားနိုင်ငံက ဝန်ကြီးတစ်ယောက်
စနိုက်ပါနဲ့ အပစ်ခံလိုက်ရပါတယ်။
အဲဒီ ပစ်တဲ့သူဘယ်သူလဲဆိုတာ သဲလွန်စတွေအရ
စုံစမ်းတော့ ဘက်ကက် ဆိုတဲ့ လက်ဖြောင့်တပ်သား
တပ်ကြပ်ကြီး တစ်ယောက် ဖြစ်နေတာကိုတွေ့ရတာပါပဲ။
ဒါပေမယ့် ဘက်ကက်က ချောက်တွန်းခံရတာဖြစ်ပြီး သူ့ကို
ဖမ်းထားတုန်းမှာပဲ နှုတ်ပိတ်ဖို့ကြိုးစားလာပါတယ်။
ဒီတော့ သူ့အဖေရယ်၊ ထောက်လှမ်းရေး အေးဂျင့်တစ်ယောက်ရယ်
အကူအညီနဲ့ တရားခံအစစ်ကိုလိုက်ရှာပြီး အမှန်ကို
ပေါ်လာအောင် ကြိုးစားရပါတော့တယ်။
crd to channelmyanmar

Joseon Fist (2020)

ဒီဇာတ်ကားလေးကတော့ ကိုရီးယားကျောင်းသားတော်လှန်ရေးဇာတ်လမ်းလေးကို
ရိုက်ကူးထားတာဖြစ်ပြီးတော့ Action ကြိုက်တဲ့လူတွေအတွက်တော့
အမိုက်စား ဇာတ်လမ်းလေးဖြစ်လိမ့်မယ်ထင်ပါတယ်။
          အစပိုင်းမှာတော့ ကျောင်းသားသစ်ချွဲဂန်းအီကို အားလုံးက
ဝိုင်းပြီးဆန့်ကျင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ချွဲဂန်းအီရဲ့
တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုနဲ့ဦးဆောင်နိုင်စွမ်းရှိမှုတွေကြောင့်
ကျောင်းသားများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။
ဂျပန်ကျောင်းသားတွေနဲ့ တိုက်ခိုက်ပြီး ဘယ်လိုတွေ ဆက်ဖြစ်ပြီး
ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ
ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ချွဲဂန်းအီရဲ့
အတိုက်အခိုက်ကျွမ်းကျင်မှုကို ရင်သပ်ရှုမောခံစားရမှာဖြစ်ပြီးတော့
လူငယ်အချစ်ဇာတ်လမ်းရသကိုပါ ပေးစွမ်းနိုင်တဲ့ လူငယ်ဆန်ဆန်
ဇာတ်ကားကောင်းတစ်ခုဖြစ်တယ်လို့ ညွှန်းချင်ပါတယ်..
crd to channelmyanmar

Lady Driver (2020)

Lady Driver(2020)

အယ်လီလန်းစင်းဆိုတဲ့ အသက်၁၆နှစ်သာရှိသေးတဲ့ ​ကောင်မလေးဟာ ဖခင်ဆုံးပြီးနောက်ပိုင်း အမေနောက်အိမ်ထောင်ပြုခဲ့လေတော့
သူမနဲ့ပထွေးဖြစ်သူနဲ့ သိပ်အစေးမကပ်လှ….
အိမ်တွင်းအဆင်မပြေမှုတွေကို ယာဥ်မောင်းသင်တန်းကျောင်းတစ်ခုက ကားပစ္စည်းအစိတ်အပိုင်းတွေ စက်ပြင်အတန်းချိန်တွေနဲ့အစားထိုးပြီး
သူမအချိန်တွေကို မြှုပ်နှံထားပါတယ် …တစ်နေ့ အယ်လီတစ်ယောက် ကားမောင်းလိုင်စင်ရပီးနောက်မှာ အိမ်ကထွက်ပြေးဖို့ကြံပါတော့တယ်..
ဒီလိုနဲ့ ယာဥ်မောင်းသင်တန်းက ကားစုတ်ကြီးတစ်စီးကိုခိုး အမြန်လမ်းပေါ်တက်မောင်းပါတော့တယ်..
ဒီနေ့တင်လိုင်စင်ရတယ် ဒီနေ့တင် တစ်ယောက်တည်းကားတက်မောင်းတဲ့ အာဂကောင်မလေး အမြန်လမ်းတစ်နေရာရောက်တော့
ကားစုတ်ကြီးက radiator ထဖောက်လို့ ထိုးရပ်လိုက်ရာကနေ သူမရဲ့ ဆုံးသွားတဲ့အဖေရဲ့ ညီဖြစ်သူနဲ့ ဘယ်လိုအကြောင်းဖန်တွေ့ဆုံပီး
ရွှံ့မြေပြေးလမ်းတွေပေါ်က ပြိုင်ကားထိုင်ခုံပေါ် သူမဘယ်လိုရောက်သွားမလဲကြည့်ရမှာပါ..
ကားဝါသနာအိုးလေးဖြစ်တဲ့ အယ်လီလန်းစင်းအတွက် သာမန်ကားမောင်းရတာနဲ့ ပြိုင်ကားမောင်းရတာ ဘယ်လိုကွဲလွဲမှုတွေရှိမယ် ..
သူမအတွက်ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲဆိုတာတော့ ခံစား ကြည့်ရှုကြည့်ပါ…
Racer movie တွေကိုခုံမင်တဲ့သူတွေအတွက်တော့ တကယ်ကြည့်ပျော်တဲ့ကားဖြစ်မှာအာမခံပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်….
crd to channelmyanmar

Friday, June 5, 2020

Ponmagal Vandhal (2020)

(မင်းသမီးလေး ရောက်လာပါပြီ)
ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။
ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။
ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်…
တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ…
စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်…
သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်…
သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်…
စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်…
အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ…
ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်…
နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်…
တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်…
လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်…
ဒီရှေ့နေမ ငွေလိုလို့လား…နာမည်ကြီးချင်လို့လားပေါ့…
ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ… မစ္စစ်ဗန်ဘာ…
ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း…
အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု… လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်…
ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ဒီအမှုမှာ ဩဇာအာဏာကြီးလှတဲ့ တစ်ဖက်ရှေ့နေကို ရှေ့နေမလေး ယှဉ်ပြိုင်နိုင်ပါ့မလား
အညွန်းကိုတော့ ကိုအောင်ဇင်ဖြိုးရဲ့ Fb မှ ကူးယူဖော်ပြထားပါတယ်။
ကျွန်တော်တို့ တင်ဆက်ဖို့ နောက်ကျနေခဲ့တာက မအားတာကတစ်ကြောင်းနဲ့
တမီးလ်ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း မူရင်းစာမချောတော့ အချိန်ယူပြီး အကောင်းဆုံးရေးပြီး ပြင်ဆင်ခဲ့ရလို့ပါ။
မေ၂၉မှာ Amazon World Premiereနဲ့ ထွက်ရှိခဲ့ပြီး ခုဆိုရင် IMDb Rating 7.2/10 ကို ရရှိထားခဲ့ပါပြီ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar

Trance (2020)

Trance (2020)
===========
IMDb Rating – 7.2/10
#Unicode
ဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..
စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်
ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် …. သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့
ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။
သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကို
လာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကို
သမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လို
တစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။
IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသား
တွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)

#Zawgyi
ဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..
စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်
ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် …. သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့
ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။
သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကို
လာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကို
သမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လို
တစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။
IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသား
တွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)
crd to channelmyanmar

Monday, May 25, 2020

Dumbheaded Duo (2020)

တွေးခေါ်နိုင်မှုနည်းပါးတဲ့ ဟွီနဲ့ဂန်မင်ဂူဆိုတဲ့
သူငယ်ချင်းနှစ်ယောက်
သေသေကြေကြေတိုက်ခိုက်နိုင်တာကတော့
သူတို့ရဲ့အားသာချက်ပါတဲ့
ဒီလိုသူငယ်ချင်းနှစ်ယောက်နဲ့
ပေါင်းသင်းနေရတဲ့ ဂျောင်မန်ဟာ
သူတို့၃ယောက် စားဝတ်နေရေးအတွက် ပိုက်ဆံရှာနိုင်ဖို့
လူသားသဲအိတ်အဖြစ် ဟွီ မင်ဂူတို့နဲ့အတူ
အချိန်ပိုင်းအလုပ်လုပ်ပြီး နေ့စဉ်နေထိုင်ကြတယ်
ဒီလိုလူသား၃ယောက်ဆီကို ငယ်သူငယ်ချင်း
အင်ယူယောင်းဆိုတဲ့မိန်းကလေးတစ်ယောက်
ရောက်လာခဲ့ပြီး သူ့အကြံဉာဏ်တွေနဲ့အတူ
ပိုက်ဆံအများကြီးပိုရှာနိုင်ခဲ့တယ်
ဒါပေမဲ့ ဆန်းကြယ်မှုတွေနဲ့အတူရောက်လာခဲ့တဲ့
ယူယောင်းနဲ့ပတ်သတ်နေတဲ့
နောက်ကွယ်က လောင်းကစားခန်းမှာ
ဘယ်လိုဒုစရိုက်တွေရှိနေမလဲ
စတင်ပြီးရင် အဆုံးသတ်မရှိတဲ့နေရာမှာ
ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ
ဒီဇာတ်ကားထဲမှာ တွေ့မြင်နိုင်ပါလိမ့်မယ်
crd to channelmyanmar