Showing posts with label Sports. Show all posts

Tuesday, June 9, 2020

Lady Driver (2020)

Lady Driver(2020)

အယ်လီလန်းစင်းဆိုတဲ့ အသက်၁၆နှစ်သာရှိသေးတဲ့ ​ကောင်မလေးဟာ ဖခင်ဆုံးပြီးနောက်ပိုင်း အမေနောက်အိမ်ထောင်ပြုခဲ့လေတော့
သူမနဲ့ပထွေးဖြစ်သူနဲ့ သိပ်အစေးမကပ်လှ….
အိမ်တွင်းအဆင်မပြေမှုတွေကို ယာဥ်မောင်းသင်တန်းကျောင်းတစ်ခုက ကားပစ္စည်းအစိတ်အပိုင်းတွေ စက်ပြင်အတန်းချိန်တွေနဲ့အစားထိုးပြီး
သူမအချိန်တွေကို မြှုပ်နှံထားပါတယ် …တစ်နေ့ အယ်လီတစ်ယောက် ကားမောင်းလိုင်စင်ရပီးနောက်မှာ အိမ်ကထွက်ပြေးဖို့ကြံပါတော့တယ်..
ဒီလိုနဲ့ ယာဥ်မောင်းသင်တန်းက ကားစုတ်ကြီးတစ်စီးကိုခိုး အမြန်လမ်းပေါ်တက်မောင်းပါတော့တယ်..
ဒီနေ့တင်လိုင်စင်ရတယ် ဒီနေ့တင် တစ်ယောက်တည်းကားတက်မောင်းတဲ့ အာဂကောင်မလေး အမြန်လမ်းတစ်နေရာရောက်တော့
ကားစုတ်ကြီးက radiator ထဖောက်လို့ ထိုးရပ်လိုက်ရာကနေ သူမရဲ့ ဆုံးသွားတဲ့အဖေရဲ့ ညီဖြစ်သူနဲ့ ဘယ်လိုအကြောင်းဖန်တွေ့ဆုံပီး
ရွှံ့မြေပြေးလမ်းတွေပေါ်က ပြိုင်ကားထိုင်ခုံပေါ် သူမဘယ်လိုရောက်သွားမလဲကြည့်ရမှာပါ..
ကားဝါသနာအိုးလေးဖြစ်တဲ့ အယ်လီလန်းစင်းအတွက် သာမန်ကားမောင်းရတာနဲ့ ပြိုင်ကားမောင်းရတာ ဘယ်လိုကွဲလွဲမှုတွေရှိမယ် ..
သူမအတွက်ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲဆိုတာတော့ ခံစား ကြည့်ရှုကြည့်ပါ…
Racer movie တွေကိုခုံမင်တဲ့သူတွေအတွက်တော့ တကယ်ကြည့်ပျော်တဲ့ကားဖြစ်မှာအာမခံပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, March 30, 2020

Panga (2020)

(Unicode)
IMDb 7.3/10 Rotten 93% အပေါ်က နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ရုံတင်နဲ့တင်
ဒီဇာတ်ကားဟာ ကားကောင်းတစ်ကားဆိုတာ ထွေထွေထူးထူူး ညွှန်းဆိုဖို့လိုမယ်မထင်ပါဘူး
ဘောလီဝုဒ်မှာ ခပ်ပေါပါဇာတ်ကားတွေထွက်သလို ဒီလို ခံစားမှုပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတွေလည်း နှစ်စဉ်ထွက်လေ့ရှိပါတယ်
အာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ၂၀၂၀ ခုနှစ်ထွက် ကားကောင်းတစ်ကားပါပဲ
ပါဝင်သရုပ်ဆောင်ထားတာလည်း တခြားသူမဟုတ်ဘဲ Queen ဖြစ်တဲ့ Kangana Ranaut
ဒါရိုက်တာကလည်း ဇာတ်လမ်းကောင်းတွေဖြစ်တဲ့ Nil Battey Sannata Bareilly Ki Barfi တို့၏ဒါရိုက်တာ Ashwiny Iyer Tiwari ပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ … ကဘတ်ဒီအားကစားဘဝကနေ အနားယူလိုက်ရတဲ့ နိုင်ငံလက်ရွေးစင်ကစားသမား ဂျာယားနီဂမ်ဟာ အကြောင်းအမျိုးမျိုးကြောင့်
တစ်ကျော့ပြန်ကစားဖို့ဖြစ်လာတဲ့အခါမှာတော့ အသက် ၃၂ နှစ်၊ ၇ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ အိမ်ရှင်မတစ်ယောက်ဟာ ကစားသမားဘဝနဲ့ အောင်မြင်မှုကို
နောက်တစ်ကြိမ် ပြန်လည်ဆွတ်ခူးတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိမလဲ ဘယ်သူတွေက ကူညီအားပေးကြမလဲ
သူဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရသစုံပေးစွမ်းသွားမယ့် ဇာတ်ကားကောင်းတစ်ကားကို အားလုံးပဲ ကြည့်ရှု့ခံစားလိုက်ကြပါခင်ဗျာ
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)

The Way Back (2020)

(unicode)
ဒီကားမှာ ဘန်အဲဖလက်ကို ဘတ်စကတ်ဘောနည်းပြကြီးဂျက်ကန်နင်ဟန် အဖြစ်တွေ့မြင်ရမှာပါ …..ဂျက်ဟာ လူမှုရေးပြဿနာပေါင်းစုံကြောင့် စိတ်ထောင်းလို့ကိုယ်ကျေပြီး ကြုံရာကျပန်းအလုပ်တွေလုပ်နေတဲ့ မျှော်လင့်ချက်ကင်းမဲ့တဲ့ လူသားတစ်ယောက်ပါ …..
မိန်းမနဲ့လဲအဆင်မပြေ မိသားစုပေါ်လဲနားမလည်ပေးနိုင်တဲ့ဂျက်တစ်ယောက် ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပြီး မနက်ဆိုလဲဘီယာလေးနဲ့ အလုပ်ချိန်မှာလည်း ဘီယာလေးတမြမြနဲ့ အလုပ်သိမ်းပြန်တော့ ဘားလေးဒိုးပြီး တချိန်လုံး စိတ်ဒဏ် ရာတွေကိုအရက်နဲ့ကုစားနေရတဲ့ လူတစ်ယောက်ပါ …..
ဘာအလုပ်မှမယ်မယ်ရရတစ်ထိုင်တည်းမလုပ်ပဲ အရက်ချည်းသောက်နေတဲ့ ဂျက်ဆီ တစ်ချိန်ကသူအောင်ပန်းဆင်ခဲ့တဲ့ ဘတ်စကတ်ဘောလောက ကလူတစ်ယောက်နည်းပြလုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ် …..
သူ့ဆီကမ်းလှမ်းတဲ့သူက Church ကျောင်းကဘုန်းတော်ကြီးဒဗိုင်းပါ ….
ခရစ်ယန်ဘာသာရေးဘတ်စကတ်ဘောအဖွဲ့ ကို စိတ်ဒဏ် ရာရပြီးအရက်နဲ့လက်မပြတ်တဲ့ဂျက်ကိုမှ ဘယ်လိုနားလည်မှု ၊ ဘယ်လိုယုံကြည်ကိုးစားမှုတွေနဲ့ ဘစ်ရှော့ဟေးဆိုတဲ့အညတရဘတ်စကတ်ဘောအသင်းကို နည်းပြဖို့ ငှါးတယ်မသိပါဘူး…
သူ့အပေါ်ယုံကြည်တဲ့သူတွေကို တစ်ချိန်ကရှိခဲ့ဖူးတဲ့အရည်အချင်းတွေနဲ့
ထိပ်ဆုံးထိပြန်ပို့နိုင်မလား…..မူးရူးပေတေနေတဲ့ ဘဝကနေရုန်းထွက်ပြီး
အားလုံးကို အံအားသင့်အောင်ပြန်လည်စွမ်းဆောင်နိုင်မလားဆိုတာကိုတော့….
IMDb မှာ 7.1 Rotten Tomatoes မှာ
83% နဲ့လတ်လတ်ဆတ်ဆတ်ကြီး မင်းသားကလဲ Ben Affleck ဆိုတော့အထူးညွှန်းစရာလိုမယ်မထင်တော့ပါဘူး
(zawgyi)
ဒီကားမှာ ဘန်အဲဖလက်ကို ဘတ်စကတ်ဘောနည်းပြကြီးဂျက်ကန်နင်ဟန် အဖြစ်တွေ့မြင်ရမှာပါ …..ဂျက်ဟာ လူမှုရေးပြဿနာပေါင်းစုံကြောင့် စိတ်ထောင်းလို့ကိုယ်ကျေပြီး ကြုံရာကျပန်းအလုပ်တွေလုပ်နေတဲ့ မျှော်လင့်ချက်ကင်းမဲ့တဲ့ လူသားတစ်ယောက်ပါ …..
မိန်းမနဲ့လဲအဆင်မပြေ မိသားစုပေါ်လဲနားမလည်ပေးနိုင်တဲ့ဂျက်တစ်ယောက် ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပြီး မနက်ဆိုလဲဘီယာလေးနဲ့ အလုပ်ချိန်မှာလည်း ဘီယာလေးတမြမြနဲ့ အလုပ်သိမ်းပြန်တော့ ဘားလေးဒိုးပြီး တချိန်လုံး စိတ်ဒဏ် ရာတွေကိုအရက်နဲ့ကုစားနေရတဲ့ လူတစ်ယောက်ပါ …..
ဘာအလုပ်မှမယ်မယ်ရရတစ်ထိုင်တည်းမလုပ်ပဲ အရက်ချည်းသောက်နေတဲ့ ဂျက်ဆီ တစ်ချိန်ကသူအောင်ပန်းဆင်ခဲ့တဲ့ ဘတ်စကတ်ဘောလောက ကလူတစ်ယောက်နည်းပြလုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ် …..
သူ့ဆီကမ်းလှမ်းတဲ့သူက Church ကျောင်းကဘုန်းတော်ကြီးဒဗိုင်းပါ ….
ခရစ်ယန်ဘာသာရေးဘတ်စကတ်ဘောအဖွဲ့ ကို စိတ်ဒဏ် ရာရပြီးအရက်နဲ့လက်မပြတ်တဲ့ဂျက်ကိုမှ ဘယ်လိုနားလည်မှု ၊ ဘယ်လိုယုံကြည်ကိုးစားမှုတွေနဲ့ ဘစ်ရှော့ဟေးဆိုတဲ့အညတရဘတ်စကတ်ဘောအသင်းကို နည်းပြဖို့ ငှါးတယ်မသိပါဘူး…
သူ့အပေါ်ယုံကြည်တဲ့သူတွေကို တစ်ချိန်ကရှိခဲ့ဖူးတဲ့အရည်အချင်းတွေနဲ့
ထိပ်ဆုံးထိပြန်ပို့နိုင်မလား…..မူးရူးပေတေနေတဲ့ ဘဝကနေရုန်းထွက်ပြီး
အားလုံးကို အံအားသင့်အောင်ပြန်လည်စွမ်းဆောင်နိုင်မလားဆိုတာကိုတော့….
IMDb မွာ 7.1 Rotten Tomatoes မွာ
83% နဲ့လတ်လတ်ဆတ်ဆတ်ကြီး မင်းသားကလဲ Ben Affleck ဆိုတော့အထူးညွှန်းစရာလိုမယ်မထင်တော့ပါဘူး..
crd to channelmyanmar

Friday, March 20, 2020

Make Us Dream (2018)

Make us dream (2018) ဟာ လစ္ဗာပူး
အသင်းရဲ့ နာမည်ကျော် ကပ္ပတိန် စတိဗင် ဂျရက် ရဲ့
ကစားသမား ဘဝအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခုပါ။
သူဟာ လစ်ဗာပူးကို အသက် ၈ နှစ်အရွယ်ကတည်းက ရောက်ခဲ့ပြီး
၂၈ နှစ်တိတိ အသင်းအတွက် ကစားပေးခဲ့ပါတယ်။
FA ဖလား ၂ ခု၊ League ဖလား ၃ ခု၊ UEFA ဖလား ၁ ခု၊
FA community ဒိုင်း ၁ ခု နဲ့ UEFA super ဖလား ၁ ခု ရယူပေးခဲ့တဲ့
သမိုင်းဝင်ကစားသမားတစ်ယောက်ပါ။
ဒီကားလေးမှာဆိုရင် ဂျရက် ရဲ့ အပြောင်းအလဲများလှတဲ့
ကစားသမားဘဝအကြောင်းကို
အတွင်းကျကျ တွေ့ဆုံမေးမြန်းပြီး
ရိုက်ကူးမှတ်တမ်းတင်ထားပဲ ဖြစ်ပါတယ်။
ဘာသာပြန်ပေးထားတာကတော့
Htet Wai Lwin ဖြစ်ပြီး
XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Tuesday, February 18, 2020

A Second Chance: Rivals! (2019)

(unicode)
မိသားစုနဲ့အတူတူကြည့်လိုရမယ့် Family ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်းလေးကတော့
မက်ဒီဆိုတဲ့ မိန်းကလေး က ကျွမ်းဘားမယ်အားကစား အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းစစ်မှာ
မတော်တဆ ထိခိုက်ပြီး စိတ်ဓာတ်တွေကျ ပြီးခဏတာနားနေရပါတယ် အားကစားပြန်လည်မလုပ်နိုင်သေးတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဆိုးပြီး နယ်ဖက်က သူ့ကို လေ့ကျင့်ပေးခဲ့တဲ့ ဘက်ဗီလီ ဆိုတဲ့ လေ့ကျင့်ရေးဆရာမဆီမှာခဏတာသွားနေပါတယ် ဘက်ဗီလီမှာကလည်း နယ်ဖက်က ကျွမ်းဘားအားကစားကိုနှစ်သက်တဲ့ ကလေးတွေကို လေ့ကျင့်ပေးနေပါတယ် ကလေးတွေထဲက
အာကီရာ တက်စ် တေလာ တို့ဟာ ထူးချွန်ပြီး ပြည်နယ်ချန်ပီယံဖလား မှာဝင်ပြိုင်ဖို့ဘက်ဗီလီကရွေးချယ်ထားတယ် စီနီယာလဲဖြစ် အားကစားမှာလဲထူးချွန်တဲ့မက်ဒီကို အဲ့ကလေးသုံးယောက်ကို လေ့ကျင့်ပေးဖို့ ဘက်ဗီလီက တောင်းဆိုပါတယ် မက်ဒီလဲလက်ခံလိုက်ပါတယ် ပြည်နယ်ချန်ပီယံဖလားဟာ တစ်ဆင့်တည်းမဟုတ်ဘဲ သုံးဆင့်ယှဉ်ပြိုင်ရမှာပါ မက်ဒီနဲ့ကလေးသုံးယောက်ဟာ ချန်ပီယံဖလားကိုရဖို့ ဘယ်လိုတွေကြိုးစားလေ့ကျင်ကြလဲ ဘယ်လိုအခက်အခဲတွေတွေ့လဲ နောက်ဆုံးမှာ ဖလားကိုကိုင်မြှောက်နိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်…

Friday, February 7, 2020

Waves (2019)

(unicode)
အဖေရယ်အမေရယ် သားရယ်သမီးရယ်မိသားစုလေးယောက်ရှိတဲ့အထဲမှာ
နပမ်းအားကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့အဖေဖြစ်သူက
သူ့ခြေရာနင်းပြီးနပမ်းကစားသမားဖြစ်လာတဲ့သားဖြစ်သူကို
အောင်မြင်စေချင်ခဲ့ပါတယ်….
အဲ့ဒီအတိုင်းပဲတွန်းအားလည်းအရမ်းပေးခဲ့ပါတယ်….
သားဖြစ်သူတစ်ယောက်မိဘကတစ်ဖက်အားကစားကတစ်ဖက်
ချစ်သူကတစ်ဖက်ဖိအားတွေနဲ့ပေါ့….
ဒီဇာတ်ကားလေးက မိသားစုမှာ အဖြစ်များတဲ့ ပြသနာတွေကို ကောင်းကောင်းကြီး
ပုံဖော်ထားပါတယ်…ပြီးတော့
ကာရိုက်တာတွေဟာအ‌ရှေ့တိုင်းဆန်တာကိုတွေ့ရမှာဖြစ်ပါတယ်…. IMDb.7.7
တောင်ရရှိထားပါတယ်….ဆုပေါင်း(၁၃)ဆုလည်းရရှိထားပြီး အခြားဆု (၃၆)ဆုအတွက်လည်း ဆန်ကာတင်
စာရင်းဝင်ခဲ့ပါသေးတယ်…ဘာကြောင့်ဆုတွေ ဒီလောက်တောင်ရခဲ့သလဲဆိုတာကိုတော့ ကိုယ်တိုင်သာ
ခံစားကြည့်ကြပါ…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်…

Monday, February 3, 2020

Rocky III (1982)

Rocky III(1982)
Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့….တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်…
ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလို
အထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်…
Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်း
မရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်း
လုပ်နေရတယ်…
သူဇွဲတော့မလျော့ဘူး….တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်…
သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ…
တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကို
မထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်….
တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်… ကမ္ဘာ့ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်…ကမ္ဘာ့ချန်ပီယံဟာ
ရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallion
နာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ….
အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ….
Rocky ဟာ ၄ ကား ထွက်ရှိပါတယ်… မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်…အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့
Effect တွေ မပေါ်ထွန်းခဲ့ပေမယ့် တကယ့်အမိုက်စား ဖိုက်ခန်းတွေဟာ ခင်ဗျားတို့ကိုသွေးတွေဆူပွက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်…အော်စကာဆုများစွာရရှိခဲ့ပြီး အခြားဆုတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်..

Rocky II (1979)

Rocky II(1979)

Wednesday, January 29, 2020

True Sight : The International 2019 Finals

TI 9 ရဲ့  True Sight ထွက်လာပါပြီ။
ဒီ TS က အရင် TI8 လောက် ရင်ခုန်ဖို့မကောင်းပေမယ့်
True sight ကြည့်ရတာအားရဖို့ ကောင်းပါတယ်
စိတ်ချမ်းသာစရာကောင်းပါတယ်။
ဒိုတာ သမိုင်းရဲ့ အကောင်းဆုံး အသင်းလို့ ပြောလို့ရတဲ့
အိုဂျီ ကို ကြည့်ရတာ အားရသလို၊
TI ချန်ပီယံဟောင်း Liquid ရဲ့ စည်းလုံးမှုနဲ့
စိတ်ဓာတ်က ရှုံးသွားတဲ့အချိန်မှာတောင်
ကျေနပ်စရာကောင်းပါတယ်။ တကယ်ကို
အားပေးလို့ကောင်းတဲ့ ၂ သင်းကို True Sight မှာ
ကြည့်ရတာ OG Liquid ဖန်အားလုံး
ကျေနပ်ကြမယ်လို့ ထင်ပါတယ်။
ဘာပဲပြောပြော ဒိုတာရဲ့အနှစ်ဖြစ်တဲ့
Feeling, Fun, Friendship နဲ့
Surprise တွေ ပေးနိုင်ခဲ့တဲ့ ၂ သင်းပါပဲလို့ ဂုဏ်ပြုပါတယ်။
Little Neo က ဘာသာပြန်ပေးထားပြီး
Thit San Khant မှ တင်ဆက်ပေးထားပါတယ်

OG က ဘာမှကိုပြောစရာမရှိအောင် ကောင်းနေတာမို့။
Liquid နဲ့ အတူ အခု performance ကျနေတဲ့
အချို့အသင်းတွေ ဘက်က နည်းနည်းကူပြောပြချင်ပါတယ်။
W33 မကောင်းလို့ ပြောင်ကြီး draft မကောင်းလို့ စတာတွေနဲ့
TI အပြီးမှ blame ခံနေရတာ အချို့တဝက်တော့
မျှတမှုမရှိဘူးလို့ ပြောလို့ရပါတယ်။
TI လို High stake ပြိုင်ပွဲတွေဟာ
ကျွန်တော်တို့ rank party ဆော့သလို
Hero pool အကျယ်ကြီး ရဖို့ မလွယ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ အရေးကြီးဆုံး ပွဲတွေမှာ
သေချာပေါက် ကိုယ်အကောင်းဆုံး perform လုပ်နိုင်မယ့်
ဟီးရိုး ဖြစ်ရမယ့်အပြင် teamwork အားလုံး
ညီပြီးသား လေ့ကျင့်ပြီးသား အတွဲလည်း ဖြစ်ဖို့လိုပါတယ်။
ဒီလိုအခြေအနေမှာ hero pool ကျယ်လာဖို့ဆိုရင်
နှစ်ချီပြီး လေ့ကျင့်ဖို့လိုပါတယ်။
ဖိအားတွေအပြည့်နဲ့ ဘာမှန်းမသိအောင်
ထူပူနေတဲ့အချိန်မှာတောင် အလိုအလျောက် အတွဲညီနေဖို့လိုပါတယ်။
Hero pool မှာ တစ်ကောင် ထပ် add လိုက်နိုင်ဖို့
အများကြီး လေ့ကျင့်ဖို့ ပြန်ညှိဖို့ လိုပါဦးမယ်။
Liquid နဲ့ W33 လို ဝရုန်းသုန်းကား တက်လာတဲ့
အသင်းက TA နဲ့ WR ကိုပဲ လှည့်ကိုင်နေတာဟာ
မဆန်းပါဘူး။
ပြီးတော့ W33 နဲ့ ကျင့်ထားတဲ့ အခြားသူတွေရဲ့
Hero pool ကပါ လိုက်ကျဉ်းသွားတာပါ။
ဒီလိုပဲ အသင်းသစ်တွေ ပြန်ဖွဲ့တဲ့အချိန်မှာ
အပိုင်ကျင့်ထားခါမှ patch ပြောင်းသွားပြီး
ကိုယ်ကြမ်းဖူးတဲ့ အကောင်တွေက မကြမ်းတော့ရင်
ဟီးရိုးပြန်ရှာရတဲ့ ဒုက္ခက ရှိပါသေးတယ်။
Matu လည်း BM,LD,Nec ကြမ်းတဲ့ patch မှာ
ပြိုင်ဘက်ကင်းခဲ့ပြီး နောက်ထပ် patch မှာ ဟီးရိုးအသစ်တွေ
ထပ်ထရိန်းရရင် hero pool ပြန်ကျဉ်းသွားတဲ့သဘောပါပဲ။
အခုတော့ Secret မှာ ဟီးရိုးအသစ်နဲ့ patch နဲ့
teamwork ကိုနေတော့ performance
ကောင်းကောင်းထွက်လာတာပါပဲ။
ဒီတော့ Liquid က W33 ကို ခေါ်ထည့်ပြီး
အသစ်စက်စက် အသင်းနဲ့ TI ကို ဖိုင်နယ်တက်လာဖို့ဆိုတာ
မဖြစ်နိုင်တဲ့အရာပါ။
Group Stage မှာ အသည်းအသန်ဖြစ်နေတာက သက်သေပါပဲ။
ဒီတော့ အပိုင်ဆုံးဟီးရိုးနဲ့ LGD လိုအသင်းကြီးကို
ရအောင်ဖြုတ်ခဲ့တဲ့ skill နဲ့ စိတ်ဓာတ်ကိုပဲ ချီးကျူးဖို့ ကောင်းပါတယ်။
ကူရိုကီလို ဝါရင့် ပလေယာ တစ်ယောက်အနေနဲ့လည်း
Hero Pool ထည့်မတွက်ကြေးဆိုရင်
မသာ သာအောင် pick ban ရတာ ဒီလောက် ခက်ခဲစရာမရှိပါဘူး။
အင်မတန် ကျဉ်းတဲ့ ဟီးရိုး pool ရယ်
အချိန်အကန့်အသတ်နဲ့ လေ့ကျင့်ထားရတဲ့
team work ရယ်ထဲမှာ ဘောင်ဝင်အောင်
စဉ်းစားရတာ အရမ်းကို ပင်ပမ်းပါတယ်။
အနည်းဆုံးတော့ ပြိုင်ပွဲအသေးလေးတွေမှာ
ဟီးရိုး pool နည်းနည်းလေးကို ကပ္ပတိန်လုပ်ပေးဖူးတဲ့သူတွေရှိရင်
ကိုယ်ချင်းစာတတ်မှာပါ။
ကျွန်တော်ကိုယ်တိုင်လည်း amateur အသင်းလေးတွေနဲ့
ကပ္ပတိန်လုပ်ပြီး ပြိုင်ပွဲတွေ ငယ်ငယ်က
မနည်းမနော ကစားဖူးခဲ့လို့ ဒီလိုပြောဖြစ်တာပါ။
Dota Player ကောင်းတွေဟာ talent ကိုယ်စီ
ကြိုးစားမှု သက်ဝင်မှု ကိုယ်စီရှိကြပါတယ်။
patch တွေ pool တွေ team changes
တွေကြားထဲမှာ အံဝင်ဖို့ကြိုးစားရင်း
ဝင်လာတဲ့အခါ ကောင်းပါတယ် မဝင်တော့တဲ့အခါ
ပြန်ကျသွားတတ်ပါတယ်။
ဒါတွေကို နားလည်ရင် အသင်းစုံအားပေးရင်း
blame နေတာတွေ လျော့သွားပြီး
စိတ်ချမ်းသာလက်ချမ်းသာ အားပေးတတ်မှာပါ။
OG လို team က fun ဖြစ်အောင်
ဆော့သွားတော့ ဒိုတာ ဆိုတာဒါပဲ
ဘာညာအော်ကြပြီးတော့ ကိုယ်တိုင်က
မျိုးစုံလောင်နေရင်တာ့ ဘယ်သင့်တော်ပါတော့မလဲဗျာ။
စေတနာနဲ့ ကိုယ့်အမြင်လေး ရေးပေးလိုက်တာပါ။
crd to channelmyanmar

Friday, December 13, 2019

Thursday, November 28, 2019

Wednesday, November 27, 2019

Wednesday, November 6, 2019

Monday, September 9, 2019

Touchdown Kiss (2019)

Touchdown Kiss (2019)

Rating.7.0 ( Romance, Sports)

 (zawgyi)

အဆင်ပြေသွားမလား

(Unicode)

ချိုရိ(ဝ်) ဆိုတဲ့ cheerleader အကကို ကရတာအရမ်းကြိုက်တဲ့ကောင်မလေးက
သူ့အမေက မကစေချင်လို့ ကျောင်းပြောင်းဖြစ်တာကိုခံခဲ့ရပါတယ်ပြီးတော့ သူ့အမေက သူငယ်ချင်းဖြစ်တဲ့ မစ်ခရဂ့်ရဲ့ပန်းချီအသင်းကို ဝင်ခိုင်းခဲ့တယ် ချိုရိ(ဝ်)တက်တဲ့ ကျောင်းက
ရွှေ ငွေ ကြေး တံဆိပ်တွေနဲ့ ခွဲခြားတယ်ရွှေရတဲ့သူက ငွေ ကြေးရတဲ့ လူတွေကို
အနိုင်ကျင့်လို့ရတယ်ပေါ့ချိုရိ(ဝ်)က ကျောင်းစစချင်းတက်တဲ့ရက်မှာပဲ
ခွင်တင်းဆိုတဲ့ဘတ်စကတ်ဘောခေါင်းဆောင်ကောင်လေး
အနိုင်ကျင့်တာခံလိုက်ရတယ်ကျောင်းစဝင်တဲ့သူကကြေးတံဆိပ်ရပြီး
ခွင်တင်းက ရွှေရထားတဲ့သူဆိုတော့ ဘာမှလုပ်မရခဲ့ဘူး
တိုက်ဆိုင်တာက ချိုရိ(ဝ်)ပြောင်းလာတဲ့ကျောင်းကလည်း
cheerleader ရှာနေတော့ အမေမသိအောင်ခိုးဝင်ခဲ့တယ်
ချိုရိ(ဝ်)တစ်ယောက် သူ့ရဲ့အိမ်မက်ဖြစ်တဲ့
cheerleader အကကို သူ့အမေလက်ခံအောင်
ကနိုင်ပါ့မလား သူ့ရဲ့ရန်သူကောင်လေးနဲ့ရော
အဆင်ပြေသွားမလား
ကျောင်းအသစ်က အရည်အချင်းရှိသူတွေပဲ ရတဲ့
ရွှေတံဆိပ်ကိုရော ရအောင်ယူနိုင်မလား
ဘယ်လိုတွေဆက်ဖြစ်လာမလဲ သိချင်ရင်တော့….
Touchdown kissဇာတ်ကားမှာ ကြည့်ရှုပေးကြပါ
ချိုရိ(ဝ်) အဖြစ် Neena Nitchana Phrommaem
ခွင်တင်း အဖြစ် Mean Phiravich Attachitsataporn တို့က
ပါဝင်သရုပ်ဆောင်ထားပါတယ်
ရုပ်ရှင်ကားကို Nang mwe kham က ဘာသာပြန်ပေးထားပါတယ် 

Trailer