Showing posts with label 2013. Show all posts
Showing posts with label 2013. Show all posts

Friday, May 15, 2020

Only Lovers Left Alive (2013)

Only Lovers Left Alive(2013)
ဒီကားလေးကတော့ IMDb 7.3/10 Rotten Tomatoes 85% များတောင် ရထားတဲ့
drama/fantasy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်. ..
အဓိက သရုပ်ဆောင်ကတော့ Marvel‌ fan‌ တွေရဲ့ အသည်းစွဲTom Hiddleston (Loki) ဖြစ်ပြီး
မင်းသမီးကတော့ Tilda Swinton ဖြစ်တာကြောင့် ဇာတ်ကားကောင်း တစ်ခုဖြစ်မှာ ပြောနေစရာမလိုတော့ပါဘူးနော်…
မင်းသားနဲ့မင်းသမီးကို ကြည့်ရတာ သာမန်လူတွေနဲ့ကွဲပြားနေကြတယ်….
ပိုက်ဆံတွေအများကြီးကိုင်ထားနိုင်သလို စကားပြောရင်လည်း
ဟိုးနှစ်ပေါင်းများစွာက သေဆုံးတဲ့လူတွေကို မျက်နှာချင်းဆိုင်ခဲ့ရသလိုလို အသက်ရာကျော်နေရတဲ့ပုံစံလိုလို
တွေနဲ့….
ပြီးတော့ သူတို့တွေဟာ ဆေးရုံကနေ သွေးတွေဝယ်ယူနေတာလည်းတွေ့ရတယ်….
သူတို့ဟာ လူသားတွေရောဟုတ်ရဲ့လား….
လူသားတွေနဲ့ရောနှောပြီး ဘာကြောင့်ဒီလောက်ကြာအောင်နေနိုင်တာလဲ….
spoiler ဖြစ်မယ်စိုးလို့ ဒီလောက်ပဲပြောပါရစေ…ခံစားကြည့်ကြပါ…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်.,..
crd to channelmyanmar

Monday, May 11, 2020

Strawberry Night (2013)

[Unicode]
Strawberry night : Sutoroberi naito (2013)
Strawberry night Japan seriesကိုထုတ်လွှင့်ပြသခဲ့ပြီးတဲ့နောက် 2013မှာ movieအနေနဲ့ထွက်လာခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
စိတ်ဒဏ်ရာရစရာကိစ္စရပ်တွေဆီကနေရုန်းထွက်ခဲ့ပြီးနောက် မိန်းကလေး “ရီကို ဟီမီကဝ”က ရဲမေတစ်ယောက်ဖြစ်လာခဲ့ပါတယ် ၊
တစ်နေ့မှာတော့ သူတာဝန်ကျရာနေရာတဝိုက်မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်
“ရူဇာကီဂိုဏ်း”ရဲ့ဂိုဏ်းတွင်းပြသနာတွေနဲ့ပတ်သက်တယ်လို့ ယူဆခဲ့ကြပေမယ့် ဟီမီကဝကတော့ ဒါကိုမယုံကြည်ခဲ့ပါဘူး…
အဲဒီအချိန်မှာဟီမီကဝဆီကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီး လူသတ်သမားဟာ “ကန်တို-ရနိုင်”ဖြစ်ကြောင်း သတင်းပေးတဲ့ဖုန်းဖြစ်နေခဲ့ပါတယ် ၊
သို့ပေမယ့် ကန်တို-ရနိုင်နောက်ကိုမလိုက်ဖို့ ဟီမီကဝရဲ့အထက်လူကြီးကအမိန့်ပေးခဲ့ပါတယ်…
ဒါပေမယ့်လည်း အမှန်တရားကိုသိချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် မရပ်သွားဘဲ ကန်တို-ရနိုင်နောက်ကိုဆက်လိုက်နေရင်းနဲ့ ရူဇာကီဂိုဏ်းရဲ့အကြံပေး “အိဆအို မာကိတ”နဲ့တွေ့ခဲ့ပါတယ်။
မာကိတနဲ့ဆီကအချက်အလက်တွေကိုယူပြီးဒီအမှုကိုဆက်လိုက်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်လာတဲ့အခါမှာ…
လုပ်နေရတဲ့အလုပ်ချင်းက ပြဒါးတစ်လမ်း သံတလမ်းဖြစ်နေပေမဲ့ ရီကိုက မာကိတအပေါ်ဘာလို့ သံယောဇဉ်ရှိသွားရတာလဲ …
အမှန်တရားဘက်တော်သားဖြစ်ရမဲ့အကြီးအကဲကိုယ်တိုင်က ရာထူးတည်မြဲရေးနဲ့ ဂုဏ်သိက္ခာအတွက် အမှန်တရားကိုလျစ်လျူရှုထားတဲ့အခါ …
ဖုံးကွယ်ပေးထားတဲ့ကန်တိုကိုရှာရင်း လူသတ်သမားအစစ်သေချာအောင် လိုက်ရှာရတဲ့အခါ….
ဘယ်လိုမျိုးလှည့်စားမှု ယုတ်မာမှုတွေရှိလာမှာလဲ
တကယ့်လူသတ်သမားအစစ်ကရောဘယ်သူဖြစ်မလဲဆိုတာတွေကို ဒီဇာတ်လမ်းလေးထဲမှာဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ။
( အညွှန်း နဲ့ ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )
[Zawgyi]

Wednesday, May 6, 2020

[18+] Love Skill (Aka) Mango Tree (2013)

Dark Side Production မှတင်ဆက်သည်…
သိုင်းလောကသားတွေ တစ်ခါတစ်လေလဲ အချစ် ဟာသ Sexy ကားလေးတွေ ကြည့်လို့ရအောင်
ဒီကိုရီးယားဖန်စီဇာတ်ကားလေးကို တင်ဖြစ်ပါတယ်…
ကွီးယားလိုကနေ နားထောင်ပြီး  Pennywise မှ စာတန်းထိုးအမှန်နဲ့ တင်ဆက်လိုက်တာပါ…
မင်းသမီးတွေကလဲ အချာပင်တွေ မဟုတ်ပါဘူး..ကိုရီးယားရဲ့ တန်းဝင်မင်းသမီးတွေဖြစ်တဲ့ Hong Soo-Ah  နဲ့  Han Su-Ah တို့ဖြစ်ပါတယ်။
ဟာသလေးတွေနဲ့ အပန်းဖြေကြပါဦး။
crd to channelmyanmar

Friday, February 7, 2020

Sorry I Love You (2013)

[Unicode]
Sorry I Love You (2014)
အသက်သုံးနှစ်အရွယ်မှာ canadian လင်မယားရဲ့ခေါ်ယူမွေးစားခံခဲ့ရတဲ့ ဝေါ်ကာက လူလိမ္မာတစ်ယောက်မဟုတ်ခဲ့ဘူး…
လူလိမ္မာမဟုတ်လို့လူဆိုးလားဆိုတော့လဲ အင်း.. လူသတ်ထောင်ထဲခဏခဏရောက်ဖူးတဲ့သူဆိုတော့ လူဆိုးလို့ပဲခေါင်းစဉ်တပ်ရမှာပေါ့ ၊
လူဆိုးတို့ရဲ့ထုံးစံအတိုင်း ဒီနေ့သေမလား မနက်ဖြန်သေမလား
အခုသေမလား တော်ကြာနေသေမလားမသိရတဲ့ဘဝမှာ
ဝေါ်ကာလဲရန်သူ့လက်ချက်နဲ့ခေါင်းထဲကျည်ဆံဝင်ပြီး ခြောက်လအပြင်ပိုမခံတော့တဲ့ သေလူဖြစ်ခဲ့တယ် ၊
နိုင်ငံရပ်ခြားမှာနေရတဲ့သေခါနီးလူတစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒကဘာဖြစ်လိမ့်မလဲ…
သေချာပေါက်ကိုယ့်နိုင်ငံကိုပြန်ပြီး မိသားစုကိုတွေ့ဖို့ပေါ့ …
ဝေါ်ကာ့ရဲ့မွေးရပ်မြေပြန်ရောက်ပြီး မရှည်ကြာလှတဲ့ခြောက်လသက်တမ်းမှာမှောင်မိုက်နေတဲ့ သူ့ဘဝထဲကိုဝင်ရောက်လာတဲ့ နေရောင်ခြည်လေး အန်ချိုင်…
သုံးနှစ်အရွယ်တည်းကကွဲသွားခဲ့တဲ့ သူ့ညီမလေးဂျူအာနဲ့
သူသိလိုက်ရတဲ့သူ့မိသားစုအကြောင်းတွေက အမှန်တွေဟုတ်ရဲ့လား…
ကြည့်ရင်းနဲ့မှအရှိန်တတ်လာတဲ့ကားလေးဖြစ်ပြီး ကားဟောင်းလေးမို့ လိုအပ်ချက်လေးတွေရှိနေပေမယ့် ဇာတ်လမ်းကောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ် ။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )

Thursday, January 23, 2020

(21+) Demon Ninja Asagi Pair (2013)

Dark Side ဖန်တွေအတွက်
နင်ဂျာမမတွေရဲ့ စွန့်စားခန်းလေးတွေ
တင်ဆက်ပေးလိုက်ပါတယ်.
တချိန်က ဂျပန်မှာ မကောင်းဆိုးဝါးတွေ
သောင်းကျန်းနေချိန်မှာ နင်ဂျာညီအစ်မဖြစ်တဲ့
အာဆာကီနဲ့ ဆာကူရာက လိုက်လံနှိမ်နင်းပေးပါတယ်.
အဲ့လို နှိမ်းနင်းရင်း တနေ့မှာ နတ်ဆိုးမမဖြစ်တဲ့ အိုရိုဘိုကို
အပြီးသတ်နှိမ်နင်းနိုင်ခဲ့ပါတယ်.
ဒါပေမယ့် ကံဆိုးချင်တော့ နတ်ဆိုးမမ
အိုဘိုရိုဟာ ပြန်လည်ရှင်သန်လာပြီး
သူတို့အစ်မဖြစ်သူ အာဆာကီ ကို ထောင်ချောက်ဆင်ပြီး
ဖမ်းဆီးခဲ့ပါတယ်.
တချက်ခုတ် နှစ်ချက်ပြတ်သဆိုသလိုပဲ
ကံဆိုးချင်တော့ ညီမ ဖြစ်သူ ဆာကူရာကလဲ
သူ့နင်ဂျာမမကို လာကယ်ရင်း အဖမ်းခံလိုက်ရပါတယ်.
အဲ့နောက်မှာတော့ နတ်ဆိုးမမအိုဘိုရိုဟာ
သူရဲ့ အမုန်းတရားတွေကို စနစ်တကျ ပြန်လည်လက်စားချေပုံကို
ဟာကနဲ ဟင်ကနဲ ပါးစပ်အဟောင်းသား
သားရည်တမြှားမြှားနဲ့ ကြည့်ရှုရတော့မှာမလို့
dark sideမှ အထူးတင်ဆက်ပေးလိုက်ပါတယ်….
ဘာသာပြန်ပေးထားတာကတော့ YK ဖြစ်ပြီး
XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Monday, January 13, 2020

Friday, September 27, 2019

Way Back Home (2013)

(Zawgyi)

သမီးလေးရယ်မိန်းမရယ်ယောင်္ကျားရယ် သာသာယာယာလေးနေနေတဲ့ဘ၀ထဲကို
ဘ၀ပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာယောင်္ကျားလုပ်တဲ့သူရဲ့အခက်အခဲကို

(Unicode)

ဒီဇာတ်ကားအကြောင်းကိုမပြောခင်ဒီကားဟာ ရုပ်ရှင်ဆု ၂ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု
၁ ဆုရထားတယ်လို့ပြောပြထားပါရစေဆန်ကာတင်တွေလဲအကြိမ်ကြိမ်ဝင်ထားတဲ့ကားလေးပါ
ပြီးတော့ ဒါက ကိုရီးယားက ဖြစ်ရပ်မှန်ဇာတ်လမ်းကိုပြန်ရိုက်တဲ့ ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ်
 ကြိုပြီးသတိပေးချင်တာကတော့ဇာတ်လမ်းကိုနစ်မြောပြီးကြည့်တတ်သူဆိုရင်
ဇာတ်လမ်းပြီးသွားရင်တောင် ရင်ထဲကမထုတ်နိုင်ဖြစ်နေမယ့်ကားမျိုးပါလို့
ဒီဇာတ်ကားကိုကြည့်ရင်း မြန်မာနိုင်ငံနဲ့ယှဉ်ပြီးတော့တူညီနေတဲ့အဖြစ်အပျက်တွေကိုမြင်ရတဲ့အခါ
ပိုပြီးရင်နာရပါတယ် သူတို့နိုင်ငံမှာ မမှန်ကန်တဲ့အရာတွေကိုပြည်သူတွေတစ်သားတည်းရပ်တည်ပြီးတော့
ဖေါ်ထုတ်ကူညီပေးတဲ့အခါ ဘယ်သူမှငါစွဲတစ်ခုနဲ့ကြာကြာဆက်မရပ်တည်နိုင်ပဲ
အမှန်တရားကို ချပြပေးရပါတယ်ကိုယ်တွေမြန်မာနိုင်ငံမှာတော့ ပြည်သူတွေကလဲ
တစ်သားတည်းမရှိသလို တစ်သားတည်းရပ်တည်ရင်တောင်မှ
ဘာမှမဖြစ်လာတာတွေသိနေရလို့ပေါ့ထားပါတော့ ဇာတ်လမ်းကိုသွားရအောင်
သမီးလေးရယ်မိန်းမရယ်ယောကျင်္ားရယ် သာသာယာယာလေးနေနေတဲ့ဘဝထဲကို
အကြွေးတွေလေတိုက်သလိုရောက်လာပြီးတော့
ဘဝပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာယောကျင်္ားလုပ်တဲ့သူရဲ့အခက်အခဲကို
တစ်နိုင်တစ်ပိုင်လေးဝင်ထမ်းချင်ခဲ့ရုံပါ
သူရလိုက်တာကတော့ သူတစ်ခါမှခြေမချဖူးတဲ့နိုင်ငံမှာ ပြစ်မှုကြီးနဲ့ထောင်ဒါဏ်တဲ့လေ သူတို့လင်မယား၂ယောက်ရဲ့အထိန်းအမှတ်နေ့လေးမှာ အရောက်သွားဖို့တိုင်ပင်ထားတဲ့နေရာမှာ
ထောင်ချခဲ့ထားရတဲ့မိန်းမတစ်ယောက်ရဲ့အထီးကျန်မှုနဲ့
ဝမ်းနည်းခြောက်ခြားရမှုတွေကို စာနဲ့ဖေါ်ပြလို့
မရနိုင်လောက်ပါဘူး ကံဆိုးမသွားရာမိုးလိုက်လို့ရွာမဟုတ်ပဲ
မိန်းမထောင်ထဲမှာတောင် မတော်မတရားကျင့်ခံရသေးတာ
ကိုယ့်လူမျိုးယုတ်တာခံလိုက်ရ သူများလူမျိုးယုတ်တာခံလိုက်ရနဲ့
သတ်သေဖို့ထိတောင်တွေးမိပေမယ့်
သမီးလေးတစ်မျက်နှာနဲ့ရှေ့ဆက်ခဲ့ရတဲ့မိန်းမတစ်ယောက်
နောက်ဆုံးဘယ်လိုနေရာထိအရောက်သွားနိုင်လဲဆိုတာသိချင်ရင်တော့
ဒေါင်းကြည့်လိုက်ပါ အညွှန်းနဲ့
ဘာသာပြန်တင်ဆက်ပေးသူကတော့ ThinZar Htet ပါ
XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Genres: Drama
Rating: 7.3

Trailer

Sunday, September 15, 2019

The Physician (2013)

(Zawgyi)

crd to fofmm 

(unicode)

The Physician (2013) သည် IMDb 7.2/10 Google users 92%  ဒါရိုက်တာ  Philipp Stölzl ရိုက်ကူးထား၍ Noah Gordon, Jan Berger တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Tom Payne, Stellan Skarsgård, Olivier Martinez တို့ ပါဝင်သရုပ်ဆောင်ထားသော Adventure , Drama , History ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…

၁၁ ရာစုနှစ် ပါရှာနိုင်ငံမှာ ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာ ခရစ်ရှန်တွေကို ပညာဆည်းပူးခွင့်မပေးတဲ့အတွက် ဂျူးတစ်ယောက်လို ဟန်ဆောင်ကာ ဆေးပညာသင်ယူခဲ့ပုံကို စွန့်စားခန်းသမိုင်းကြောင်းနောက်ခံ ဇာတ်လမ်းကို ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြပါခင်ဗျာ…

Reviewed, Fixed & Encoded by Win Kyaw Thu
crd to fofmm

Genres: Adventure, Drama, History
Rating:  Rating.7.2
Trailer

Wednesday, September 4, 2019

This Is the End (2013)

This Is the End (2013)
Rating.6.6 (Comedy)
IMDb 6.6 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပြီး
Dark Comedy/ Horror ကားပရိတ်သတ်တွေအတွက်ရည်ရွယ်ပါတယ်
ဇာတ်ကားနာမည်နဲ့လိုက်ဖက်စွာပဲ ကမ္ဘာပျက်တဲ့အကြောင်းကိုရိုက်ကူးထားတာပါ
ထူးခြားတာက တစ်ကားလုံးသရုပ်ဆောင်တွေဟာ သူတို့ရဲ့
နာမည်အရင်းတွေ career အစစ်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါပဲ
Harry Potter မင်းသမီးလေး Emma Watson ရော
Rihanna ရော ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကျော်မင်းသား
James Franco ကသူ့ LA ကအိမ်သစ်ကြီးမှ အိမ်သစ်တက်ပွဲပါတီကျင်းပပါတယ်
နာမည်ကျော်တို့ရဲ့ထုံးစံအတိုင်း ခမ်းခမ်းနားနားပါပဲ
တခြားနာမည်ကြီးသရုပ်ဆောင်တွေအဆိုတော်တွေလည်း လာကြတာပေါ့
အဲ့အချိန်မှာမှ ကောင်းကင်ပေါ်ကအပြာရောင်အလင်းတန်းတွေ
ကျလာပြီး လူတွေကိုခေါ်သွားတဲ့အခါမှာတော့…
 crd to channelmyanmar

Movie Trailer

The White Storm (2013)

The White Storm (2013)
Rating.6.6 (Action, Crime, Thriller)

ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင်
ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့
Ching Wan Lao,Louis Kooနဲ့ Nick Chengတို့
မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ…
ဇာတ်လမ်းအကျဉ်းလောကတော့
ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက်
သူတို့ထဲကတစ်ယောက်ကိုသူလျိုအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး
စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့
ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို
ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ…ဘယ်လိုအခက်အခဲတွေနဲ့
အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ..
ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာ
တင်ဆက်သွားမှာပဲဖြစ်ပါတယ်
crd to channelmyanmar

Movie Trailer
 
The Spy: Undercover Operation (2013)

The Spy: Undercover Operation(2013)

Rating.6.2 (Action, Comedy)

 Chul-Soo ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ထူးချွန်ထက်မြက်တဲ့အတွက်
အရေးကြီးစစ်ဆင်ရေးတွေ တိတ်တဆိတ်သုတ်သင်ရေး ကိစ္စတွေမှာဆို
အထူးတာဝန်ပေးအပ်ခြင်းခံရတယ်……
အေးဂျင့်တစ်ယောက်မှာရှိတဲ့ အရည်အချင်းအားလုံးရှိသလို
စည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်သွေမတိမ်းလိုက်နာလေ့ရှိတယ်…
အထူးအေးဂျင့်ဖြစ်နေတော့ သူ့အလုပ်ကို အိမ်သူသက်ထားကိုတော့
အသိပေးထားခြင်းမရှိဘူး…..
သိပ်တော်တဲ့အေးဂျင့်ဖြစ်ပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ရှိတယ်…
အိမ်က လေဒီကို မဟားတရား နင်းကန် ကြောက်ရပါတယ်….
ရန်သူတွေရဲ့ကျည်ဆန် မိုးသီးမိုးပေါက်တွေလိုကျနေတာတောင်
ဖုန်းမကိုင်ဘဲ မနေရဲပါဘူး…………………..
ဒီလိုနဲ့ အထူးစစ်ဆင်ရေးတွေတာဝန်ထမ်းရင်း မိန်းမကလည်း
အိမ်ထောင်ဦးစီးမပီသလိုဖြစ်နေတဲ့သူ့ကို ကြာတော့
စိတ်ပျက်လာဟန်တူပါတယ်….
ဒီလောက်အခြေအနေဆိုးတဲ့ကြားထဲ
ကိုးရီးယားတစ်နိုင်ငံလုံးကိုဒုက္ခရောက်စေမယ့် အကြမ်းဖက်အဖွဲ့ကို
နှိမ်နှင်းဖို့စုံစမ်းထောက်လှမ်းရတဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့
Chul-Soo တစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြတ်သန်းမလဲဆိုတာကိုတော့
ခံစားကြည့်လိုက်ပါဦး…
ဒီကားက မင်းသားကြီး Kyung-gu Sol အဓိကသရုပ်ဆောင်ထားပြီး
အက်ရှင်ခန်းတွေလည်း မိုက်သလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်…
ရယ်လည်းရယ်ရသလို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အက်ရှင်ခန်းပေါင်းများစွာလည်းပါလေတော့
ခံစားကြည့်လိုက်ဦးဗျို့….
crd to channelmyanmar

Movie Trailer
 
[18+] Vacance (2013)

ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်
ကိုးရီးယားမှာပြည့်တန်ဆာလုပ်ငန်းတွေ လူကုန်ကူးတာတွေ မကောင်းမှုဒုစရိုက်တွေ
ခေတ်ထနေတဲ့အချိန်ပေါ့
လူဆိုးဂိုဏ်းတခုမှာ အဖမ်းခံထားရတဲ့ချစ်သူကိုသွားကယ်တဲ့ဂျွန်ဆန်းဟာ
လူဆိုးတွေရဲ့ညင်ပန်းနှိပ်စက်မှုကိုခံရပြီး ခြေထောက်တဖက်အကြောဖြတ်ခံလိုက်ရပါတယ်
ဂျွန်ဆန်းရဲ့ချစ်သူဟာလည်းမျက်လုံးတဖက်ဓါးနဲ့အလှီးခံလိုက်ရတယ်…
နောက်ငါးနှစ်ကြာတဲ့အချိန်မှာဂျွန်ဆန်းတို့စုံတွဲဟာ သူတို့ကိုနှိပ်စက်ခဲ့တဲ့
လူဆိုးဂိုဏ်းက ခေါင်းဆောင်သုံးယောက်ကိုလက်စားချေဖို့အတွက်
မိန်းကလေးသုံးယောက်ကိုငှားရမ်းခဲ့ပါတော့တယ်….
ထိုသုံးယောက်ကတော့ ရုပ်ရှင်စတား ဂျေဘင်း…ယောကျာ်းတွေကိုမြူဆွယ်ရာမှာတော်တဲ့ ဟေရင်းနဲ့
ရည်စားပွေရှုပ်တဲ့ ဟန်ယူဟီးတို့ပဲဖြစ်ပါတယ်…
ထိုသုံးယောက်က ဘယ်လိုလက်စားချေကြမယ်ဆိုတာကိုကြည့်ရှုကြပါအုံးဆို့
မိမိပြုလုပ်သောမကောင်းမှုသည်မိမိဆီကိုပြန်လာတတ်သည်ဆိုတဲ့ သဘောတရားကို
အခုကားမှာ တွေ့ရှိရမှာဖြစ်ပါတယ်…စကားလုံးများနှင့် ဇာတ်ဝင်ခန်းများသည်
အသက်မပြည့်သေးသောသူများများကြည့်ရှုရန်မသင့်တော်ပါ Crd to channelmyanmar
Movie Trailer