Showing posts with label 1999. Show all posts

Monday, May 25, 2020

[18+] Body Weapon (1999)

ဒီကားလေးဟာ1999ခုနစ်ကထွက်ခဲ့တာဖြစ်လို့ ဟောင်းနေပြီဆိုပေမယ့်
ဟွမ်ဖေးဟုန်လို့လူသိများတဲ့ မင်းသားကြီးVicent Zhao အဓိကပါဝင်သရုပ်ဆောင်ထားလို့ အကြိုက်တွေ့စေမှာပါ..
Body weaponဆိုတဲ့ ခေါင်းစဉ်အတိုင်း ညစ်ညမ်းတဲ့အခန်းတွေပါလို့မိသားစုနဲ့ကြည့်လို့မသင့်တော်ပါဘူး..
ဇာတ်လမ်းအကျဉ်းကတော့ ဟောင်ကောင်မြို့မှာ မျက်နှာဖုံးနဲ့လူဦးဆောင်တဲ့အဖွဲ့ဟာ အကြမ်းဖက်နှိပ်စက်ပြီး
မိန်းကလေးကိုအဓမ္မကျင့်သတ်ဖြတ်မှုတွေကျူးလွန်နေပါတယ်…
ဒီအမှုကိုစုံစမ်းနေတဲ့ ရဲမေတစ်ယောက်ဟာ သူမရဲ့မဂ်လာဦးညမှာ ဒီမျက်နှာဖုံးလူသတ်သမားနဲ့ဆုံတွေ့ရတဲ့အခါ…
သူမရော ဒီလူရမ်းကားလက်ကလွတ်မလား…
မျက်နှာဖုံးလူသတ်သမားခေါင်းဆောင်ကိုဘယ်သူတွေက ဘယ်လိုဖော်ထုတ်ကြမှာလဲ..စိတ်ဝင်စားစရာပါ။
တိုက်ခိုက်ထိုးသတ်မှုတွေနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဟောင်ကောင် အက်ရှင်ဇာတ်ကားကောင်းတစ်ပုဒ်ပါ။
crd to channelmyanmar

Peppermint Candy (1999)

[Unicode]
Peppermint Candy (1999)
ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။
သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။
ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။
Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။
အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။
မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို
ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။
ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်း‌နေတာပါပဲ။
မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။
အချိန်ကတော့ ၁၉၉၉‌‌နွေဦး။
ဂင်မ်ဟာ ပြန်လည်တွေ့ဆုံပွဲ‌မှာသီချင်းတွေဆို စားနေသောက်နေရင်းက မြစ်ကူးသံလမ်းတံတားပေါ်တက် ရထားတိုက်ခံ အဆုံးစီရင်သွားပါတယ်။
ဒီတစ်ခန်းဖြတ်ရဲ့ အဆုံးသတ်ကတော့ ရထားတိုက်ခံသေခါနီး အော်ကြွေးနေတဲ့ ဂင်မ်ရဲ့ မျက်နှာပါပဲ။
ဒါက ပထမအခန်းရဲ့ အကြောင်းအရာ အကုန်ပါပဲ။
မော်ဒန်ဝတ္တုလောကမှာ အတိုဆုံးဝတ္တုလို့ခေါ်တဲ့ ရသမြောက်ဝတ္တုကလေးတွေရှိပါတယ်။
တိုတာမှ လေးငါးကြောင်းပဲပါတာပါ။
သို့ပေမယ့် ရသမြောက်တဲ့ ဝတ္တုတွေပါပဲ။
Peppermint Candyဟာ အဲ့ဒီလိုဝတ္တုတိုကလေးတွေကို Pointတစ်ခုနဲ့ ချိတ်ဆက်ထားသလိုပါ။
ဒါပေမယ့် သူက လူတစ်ယောက်အကြောင်းကို ဦးတည်ထားပါတယ်။
အခန်းဖြတ်အတိုကလေးခုနှစ်ခုကို အတိတ်နဲ့ဆက်စပ်တဲ့အကြောင်းအရာတစ်ခုကိုပြောပြီး
အဲ့ဒီအကြောင်းအရာဖြစ်ခဲ့တဲ့ အတိတ်ကိုခေါ်ဆောင်သွားတဲ့နည်းနဲ့ ပထမအခန်းမှာတင် သတ်သေသွားတဲ့လူရဲ့ ဇာတ်လမ်းဟောင်းတွေဆီ ကျွန်တော်တို့ကို တဖြည်းဖြည်းချင်း ခေါ်ဆောင်သွားပါတယ်။
ထူးခြားတာကတော့
ဒါရိုက်တာဟာ ဇာတ်လမ်းအပိုင်းလေးတစ်ခုရဲ့အဆုံးနောက်အပိုင်းကလေးရဲ့အစတိုင်းမှာ ရထားတစ်စင်းခုတ်မောင်း နေတာကိုပြထားပါတယ်။
ဒီရုပ်ရှင်မှာ ရထားရဲ့နိမိတ်ပုံဟာ ဘဝသံသရာဖြစ်ချင်မှဖြစ်ပါမယ်။
နှုတ်ဆက်ခွဲခွာခြင်းဖြစ်ချင်မှဖြစ်ပါမယ်။
ဘယ်သူမှသေသေချာချာမသိပါဘူး။
Lee Chang Dongဟာ ဒီရုပ်ရှင်မှာလည်း မသိခြင်းကို ရသတစ်ခုအဖြစ်သုံးသွားပြန်တာပါပဲ။
IMdb 7.7 ,Rotten Tomatoes 83% ratingရှိတဲ့
Lee Chang Dongရိုက်တဲ့ ဒီကိုရီးယားရုပ်ရှင်ဟာ
ကိန်းရုပ်ရှပ်ပွဲတော်အပါအဝင်
ရုပ်ရှင်ပွဲတော်ခြောက်ခုက ဆု‌ဆယ်ဆုရထားပါတယ်။
( အညွှန်းရေးသားပြီး ဘာသာပြန်ပေးထားတာတော့ WiRa Aung ဖြစ်ပါတယ် )
[Zawgyi]
Peppermint Candy (1999)
ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။
သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။
ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။
Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။
အခန်းဖြတ်ရခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။
မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို
ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။
ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်း‌နေတာပါပဲ။
မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။
အချိန်ကတော့ ၁၉၉၉‌‌နွေဦး။
ဂင်မ်ဟာ ပြန်လည်တွေ့ဆုံပွဲ‌မှာသီချင်းတွေဆို စားနေသောက်နေရင်းက မြစ်ကူးသံလမ်းတံတားပေါ်တက် ရထားတိုက်ခံ အဆုံးစီရင်သွားပါတယ်။
ဒီတစ်ခန်းဖြတ်ရဲ့ အဆုံးသတ်ကတော့ ရထားတိုက်ခံသေခါနီး အော်ကြွေးနေတဲ့ ဂင်မ်ရဲ့ မျက်နှာပါပဲ။
ဒါက ပထမအခန်းရဲ့ အကြောင်းအရာ အကုန်ပါပဲ။
မော်ဒန်ဝတ္တုလောကမှာ အတိုဆုံးဝတ္တုလို့ခေါ်တဲ့ ရသမြောက်ဝတ္တုကလေးတွေရှိပါတယ်။
တိုတာမှ လေးငါးကြောင်းပဲပါတာပါ။
သို့ပေမယ့် ရသမြောက်တဲ့ ၀တ္တုတွေပါပဲ။
Peppermint Candyဟာ အဲ့ဒီလိုဝတ္တုတိုကလေးတွေကို Pointတစ်ခုနဲ့ ချိတ်ဆက်ထားသလိုပါ။
ဒါပေမယ့် သူက လူတစ်ယောက်အကြောင်းကို ဦးတည်ထားပါတယ်။
အခန်းဖြတ်အတိုကလေးခုနှစ်ခုကို အတိတ်နဲ့ဆက်စပ်တဲ့အကြောင်းအရာတစ်ခုကိုပြောပြီး
အဲ့ဒီအကြောင်းအရာဖြစ်ခဲ့တဲ့ အတိတ်ကိုခေါ်ဆောင်သွားတဲ့နည်းနဲ့ ပထမအခန်းမှာတင် သတ်သေသွားတဲ့လူရဲ့ ဇာတ်လမ်းဟောင်းတွေဆီ ကျွန်တော်တို့ကို တဖြည်းဖြည်းချင်း ခေါ်ဆောင်သွားပါတယ်။
ထူးခြားတာကတော့
ဒါရိုက်တာဟာ ဇာတ်လမ်းအပိုင်းလေးတစ်ခုရဲ့အဆုံးနောက်အပိုင်းကလေးရဲ့အစတိုင်းမှာ ရထားတစ်စင်းခုတ်မောင်း နေတာကိုပြထားပါတယ်။
ဒီရုပ်ရှင်မှာ ရထားရဲ့နိမိတ်ပုံဟာ ဘဝသံသရာဖြစ်ချင်မှဖြစ်ပါမယ်။
နှုတ်ဆက်ခွဲခွာခြင်းဖြစ်ချင်မှဖြစ်ပါမယ်။
ဘယ်သူမှသေသေချာချာမသိပါဘူး။
Lee Chang Dongဟာ ဒီရုပ်ရှင်မှာလည်း မသိခြင်းကို ရသတစ်ခုအဖြစ်သုံးသွားပြန်တာပါပဲ။
IMdb 7.7 ,Rotten Tomatoes 83% ratingရွိတဲ့
Lee Chang Dongရိုက်တဲ့ ဒီကိုရီးယားရုပ်ရှင်ဟာ
ကိန်းရုပ်ရှပ်ပွဲတော်အပါအဝင်
ရုပ်ရှင်ပွဲတော်ခြောက်ခုက ဆု‌ဆယ်ဆုရထားပါတယ်။
( အညွှန်းရေးသားပြီး ဘာသာပြန်ပေးထားတာတော့ WiRa Aung ဖြစ်ပါတယ် )
crd to channelmyanmar

Tuesday, March 10, 2020

American Beauty (1999)

ဒီကားလေးကတော့ အရမ်းကို ကောင်းလွန်းတာကြောင့်
အများကြီး သိပ်ညွှန်းဖို့ လိုမယ် မထင်ပါဘူး.
ဘာကြောင့်လဲဆိုတော့ IMdB 8.3/10 နဲ့အော်စကာ ၅စု,
ပြီးတော့ တခြားဆုပေါင်းများစွာ ရခဲ့လို့ပါပဲ.
ဇာတ်လမ်း အကျဉ်းကတော့ အလုပ်မှာလဲ
အဆင်မပြေ.အိမ်က မိန်းမနဲ့ သမီးရဲ့ လေးစားခြင်းကိုလဲ
မရတဲ့ လက္စတာဟာ တေန႔မွာ
သမီး ဖြစ်သူရဲ့ သူငယ်ချင်းမလေး ကို တွေ့သွားတဲ့အခါ
ချစ်ကြိုက်မိသွားခဲ့ပါတယ်.အဲ့အခါမှာလက်စတာဟာ
သူမကို ရဖို့ကြိုးစားရင်း ဖြစ်ပျက်ခဲ့တာတွေ,
သမီး ဖြစ်သူရဲ့ စိတ်ခံစားချက်တွေ,
အိမ်ထောင်ရေးပဍိပက္ခတွေနဲ့ ,လူငယ်နဲ့ မိဘကြားက
နားလည်မှုလွဲနေတာတွေကို ခံစားဖို့ ရိုက်ကူးပြသထားတဲ့ မိသားစု
ဒရာမာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်……..
အရမ်းကြီး ညွှန်းလိုက်ရင် spoilဖြစ်မှာဆိုးလို့
ဒီလောက်နဲ့ပဲ ‌ရပ်လိုက်ပါတော့မယ်….
crd to channelmyanmar

Wednesday, December 4, 2019