Showing posts with label Family. Show all posts
Showing posts with label Family. Show all posts

Friday, June 5, 2020

Mosley (2019)

Mosley(2019)
ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Animation ကားကောင်းလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးနာမည်ကတော့ Mosley (2019)ပါ။
ထူးခြားတဲ့ဇာတ်အိမ်နဲ့ ချစ်စရာကောင်းတဲ့ဒီကားလေးကတော့ Animation ပရိသတ်တွေအတွက်တော့အကြိုက်ဖြစ်မှာပါ။
မော်စလေ ဆိုတာ ငယ်ငယ်ကတည်းကမိဘနဲ့ခွဲကာ အရောင်းစားခံလိုက်ရတဲ့ အကောင်လေးပါ။ဉာဏ်ကောင်းပြီးစကားပြောတတ်တာကြောင့်
ကျွဲတွေ နွားတွေထက် ပိုဝယ်လိုအားမြင့်တဲ့ကောင်လေးပေါ့။
ဒါပေမယ့်သူတို့ရဲ့မျိုးရိုးက ဒီလိုအခိုင်းခံတိရိစ္ဆာန်မဟုတ်ပဲ ဉာဏ်ရည်မြင့်သတ္တဝါတွေပါ။
အခိုင်အစေ ဘဝကိုရောက်တဲ့ဒီအကောင်လေးဟာ ဒီရွှံနွံတောထဲကနေဘယ်လိုရုန်းထွက်မလဲ…
ဘယ်လိုအခက်အခဲမျိုးတွေသူရင်ဆိုင်ရမလဲ…
သူကရော ဘယ်လိုအမျိုးအနွယ်ထဲက ဆင်းသက်လာတာလဲ….
ခံစားကြည့်ကြပါ…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, May 4, 2020

LEGO DC: Shazam - Magic & Monsters (2020)

2019 ခုနှစ်ကထွက်တဲ့ Lego Batman ရဲ့ Credit Scene မှာ
Billy Batson လေး Wizard ဆီ ရောက်သွားတဲ့အခန်း ပါခဲ့ပါတယ်။
ဒီLegoကားကတော့ အဲဒီကားရဲ့အဆက်ပါ။
ဒီထဲမှာတော့ Shazam အစွမ်းတွေရပြီး ဘီလီက
ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာဖြစ်အောင်လုပ်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။
အဲဒီလို ကြိုးစားရင်းနဲ့ တစ်ရက်မှာ မထင်မှတ်ဘဲ
Justice League အဖွဲ့နဲ့ ဆုံမိတဲ့အခါမှာ အဖွဲ့သားတွေက သဘောကောင်းလွန်းတဲ့
Shazam ကို အဖွဲ့ထဲ ဝင်ဖို့ကမ်းလှမ်းပါတော့တယ်။
ဒီဇာတ်ကားထဲမှာ Shazam ရဲ့ Villain တွေကို အကုန်လုံးနီးပါး
ထည့်သွင်းထားတာမို့လို့ DC fan တွေ အကြိုက်တွေ့မယ့် Lego ကားလေးပါ။
Credit Scene လည်း ပါတာမို့ စောင့်ကြည့်ပေးစေချင်ပါတယ်။
crd to channelmyanmar

Monday, April 20, 2020

My Spy (2020)

(unicode)
ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာ
အမေနဲ့ပဲကျန်ခဲ့လေရဲ့…
ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီး
စုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်…
စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီး
တစ်ယောက်ဖြစ်ပါတယ်….
စီအိုင်အေရဲ့ အဆင့်မြင့်ထောက်လှမ်းမှုတွေကို ထက်မြက်တဲ့ကောင်မလေးဟာသိသွားခဲ့တယ်…ဒီကလေးမလေးဟာ ဒီအတိုင်းတော့မနေဘူး..စီအိုင်အေထောက်လှမ်းရေးအဖွဲ့ကို တုန့်ပြန်ဖို့အကွက်လေးတွေဆင်ပါတော့တယ်..အေးဂျင့်ကြီးဒီကလေးကြောင့်တိုင်တွေပတ်တဲ့အပြင် လူဆိုးအဖွဲ့ကလည်း တစ်ချိန်ထဲပေါ်လာတဲ့အချိန်မှာတော့…
ကလေးမလေးက ဘယ်လိုတွေလုပ်လဲ…မိသားစုနဲ့ လူဆိုးအဖွဲ့ကရော ဘယ်လိုတွေ
ဆက်နွယ်မှုရှိနေတာလဲ…တကယ်အမှုကြီး ရုပ်လုံးပေါ်လာချိန်မှာ အေးဂျင့်ကြီးနဲ့
ကလေးမလေးက ဘယ်လိုတွေရင်ဆိုင်ကြမလဲ…ဒီဇာတ်လမ်းက ရယ်လည်းရယ်ရသလို အက်ရှင်ခန်းခပ်မိုက်မိုက်တွေလည်း ပါပါတယ်..မိသားစုနဲ့အတူကြည့်လို့ရသလို
ရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းပါတယ်…
အေးဂျင့်ကြီးအဖြစ်တော့နပမ်းမင်းသားလို့
အားလုံးတော်တော်များများခေါ်ကြတဲ့ ဘက်တစ်စတာက
သရုပ်ဆောင်ထားပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာMarTizasဖြစ်ပါတယ်
(zawgyi)

Monday, April 6, 2020

Go Karts (2020)

ဒီကားလေးကတော့ အရမ်းကြည့်လို့ကောင်းတဲ့ ပြိုင်ကားမောင်းတဲ့ကားလေးဘဲ ဖြစ်ပါတယ် ။
ဇာတ်လမ်းထဲမှာ ဂျက်ဟိုပါ ဆိုတဲ့ကောင်လေးဟာ ပြိုင်ကားမောင်းရတာကို အရမ်းဝါသနာကြီးတဲ့သူပါ။ မန်ဒီ ရဲ့မွေးနေ့ပွဲမှာ ကားမောင်းပြိုင်ရာက ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အင်ဂျင်နီယာမလေး မန်ဒီက ဟိုပါ့အတွက် ပြိုင်ကားကို သူမစိတ်ကူးအတိုင်း ပုံဖော်ပေးခဲ့တယ်။ လက်ပေါက်ကပ်တဲ့ ပက်ထရစ်ဆီမှာ တပည့်ခံပြီးတော့ ကားမောင်းနည်းတွေ သင်ယူပြီး ပြိုင်ပွဲဝင်ခဲ့တယ်။ ပြိုင်ကားမောင်းရတာကို ဝါသနာကြီးတဲ့ဟိုပါဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ သူအရမ်းဖြစ်ချင်တဲ့ ချန်ပီယံ တစ်ယောက်ကော ဖြစ်လာမလား၊ အင်ဂျင်နီယာမလေး မန်ဒီနဲ့ဘယ်လိုအဆုံးသတ်မလဲ၊ ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။
 crd to gold channel

Dragonball Evolution (2009)

Dragonball Evolution (2009) မြန်မာစာတန်းထိုး
Dragonball ဆိုတာနဲ့ Goku ကိုပြေးမြင်ကြမယ်ထင်ပါတယ်…
ဒီဇာတ်ကားမှာတော့  ဟောလိဝုဒ် က ရုပ်ရှင် အဖြစ်ပြန်လည်
ရိုက်ကူးပြီး တင်ဆက်ပေးထားတာပါ
ဇာတ်လမ်းအကျဉ်းအနေနဲ့
—————————-
လူစွမ်းကောင်းလေး ဆန်းဂိုခုက အချိန်ကိုလုယက်ပြီး အငြိုးကြီးတဲ့ ပီကလိုကို ရင်ဆိုင်ကာ
ရှာဖွေမှုတစ်ခု စတင်ခဲ့ပါတယ်။ အဲဒီရှာဖွေမှု ကတော့ တန်ခိုး အနန္တ ရရှိစေတဲ့ နဂါးဒြပ်လုံး ၇လုံးကို
တစ်နေရာတည်းမှာ စုစည်းပြီး တော့ဘာတွေဆက်ဖြစ်မယ်ဆိုတာ BS ကပရိတ်သတ်ကြီးဆက်သာရှုစားပေးပါဗျာ
crd to burmesesubtitle

Thursday, April 2, 2020

The Call of the Wild (2020)

စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ နာမည်ကျော်စာအုပ်ကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။
ခေတ်ကတော့ ၁၉ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ။
မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ် ပါဝင်ထားပါတယ်။
အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ ဘက်ခ်ဆိုတဲ့
ဧရာမခွေးကြီးတစ်ကောင်ပါပဲ။
ဘက်ခ်ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့
ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်။
စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း
သခင်မဲ့သွားချိန်မှာ အဘိုးကြီး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါရော။
အဲဒီအဘိုးကြီးနဲ့အတူ ဘက်ခ်ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို
စွန့်စားခန်းတွေထွက်ရင်း
သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။
ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့
စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ။
crd to channelmyanmar

Thursday, March 12, 2020

Adventure Boyz (2019)

(unicode)
မိသားစုတစ်စုရှိတယ်…ဖေဖေရယ် မေမေရယ် သားသားလေးနှစ်ယောက်ရယ်…သားသားလေးတွေက သိတတ်စအရွယ်လေးတွေ…အဲ့ဒီအချိန် မေမေက အလုပ်ကိစ္စနဲ့ခရီးသွားတဲ့အခါ ဖေဖေနဲ့ကလေးတွေပဲ ကျန်ခဲ့သတဲ့…အဲ့ဒီမှာ ကလေးတွေဖုန်းသုံးတာမကြိုက်တဲ့ဖေဖေက ကလေးတွေကို အပြင်ထွက်ဆော့ခိုင်းတာပေါ့…အပြင်ထွက်ဆော့တဲ့ သားသားလေးတွေဟာ ကံဆိုးချင်တော့ စိန်ခိုးဂိုဏ်းတစ်ခုနဲ့ ပတ်သတ်မိရာက ဘယ်လိုအန္တရာယ်တွေ ကျရောက်လာမလဲဆိုတာကတော့ ဇာတ်ကားလေးမှာပဲ ကြည့်ရှုလိုက်ကြပါဦးလို့…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paingပဲဖြစ်ပါတယ်….

Tuesday, March 10, 2020

Timmy Failure: Mistakes Were Made (2020)

(Unicode)
ဒီတစ်ခေါက်တော့ထွက်ထားတာသိပ်မကြာသေးတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…..
Timmy Failureဆိုတာ သူ့ကိုယ်သူမြို့ရဲ့အတော်ဆုံးစုံထောက်လို့ယူဆနေတဲ့
၁၁နှစ်အရွယ်ကောင်လေးတစ်ယောက်ပါ….
ငယ်ငယ်ရွယ်ရွယ်နဲ့ဖခင်ဖြစ်သူအိမ်ကထွက်သွားလို့ အမေဖြစ်သူကအလုပ်တွေအရမ်းလုပ်ပြီးတော့
သားဖြစ်သူကိုအလိုလိုက်ခံထားရတဲ ကလေးတစ်ယောက်ပေါ့….
သူ့စိတ်ကူးထဲကTotalလို့အမည်ရတဲ့ပေါင်၁၂၀၀လောက်အလေးချိန်ရှိတဲ့ ပိုလာဝက်ဝံကြီးနဲ့
Total Failureဆိုတဲ့ စုံထောက်အေဂျင်စီတစ်ခုကို တည်ထောင်ထားပါတယ်…..
ကျောင်းစာကိုစိတ်မဝင်စားပဲ စုံထောက်လုပ်ဖို့အတွက်ပဲ စိတ်ထဲရှိနေတဲ့ တင်မီတစ်ယောက်အတွက်တော့
ပတ်ဝန်းကျင်မှာနေထိုင်ရတာ အခက်အခဲတွေများလှပါတယ်…..
သူစိတ်တိုင်းကျ အမှုတွေလိုက်ရင်းနဲ့ လောကကြီးအကြောင်း
လူတွေအကြောင်း ဘယ်လိုသိမြင်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်….
ဒီဇာတ်ကားလေးမှာ ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ဘယ်လိုပဲကျရှုံးကျရှုံး ကိုယ်ချစ်တဲ့အလုပ်ဆိုရင် အတိုက်အခိုက်တွေကြားထဲကနေ
ကြိုးစားပြီးလုပ်ကိုင်ဖို့ သင်ခန်းစာပေးထားတာကိုတွေ့ရပါတယ်….
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ….
(Zawgyi)

Crd to channelmyanmar

Tuesday, March 3, 2020

Troop Zero (2019)

မိတဆိုးလေး Christmas ဟာ အာကာသအကြောင်း
ဂြိုဟ်သားအကြောင်းတွေ အလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။
သူက ရေဒီယိုလေးတစ်လုံးနဲ့ ဂြိုဟ်သားတွေဆီ
အမြဲတမ်း အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတတ်တယ်။
ကျောင်းမှာတော့ သူ့ကို အိပ်ယာထဲသေးပေါက်ချတတ်တယ်ဆိုပြီး
ကျောင်းသူကျောင်းသားတွေက အမြဲနောက်ပြောင်ကြတယ်။
တစ်နေ့ NASA အဖွဲ့ဝင်တစ်ယောက် သူတို့ကျောင်းဆီ
ရောက်လာပြီး ပွဲတော်မှာအနိုင်ရမယ့်အဖွဲ့ကို ဂြိုဟ်သားတွေဆီ
စာပို့နိုင်ဖို့ ဆုချမယ်လို့ ကြေညာလိုက်တယ်။
Christmas လေးက အရမ်းစိတ်ဝင်စားသွားပြီး ပွဲတော်မှာ
အနိုင်ရဖို့အတွက် ကြိုးစားချင်လာတော့တယ်။
ဒါပေမဲ့ ကျောင်းသူအဖွဲ့က သူ့ကို လက်မခံကြတဲ့အခါ
သူ့ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ကြိုးစားရတော့တယ်။
ဒီဇာတ်ကားလေးက ၁၉၇၀ ခုနှစ်တွေဆီ အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့
Comedy-Drama ဇာတ်လမ်းလေးပါ။
အရမ်းလည်း Motivation ရစေမယ့် ဇာတ်ကားတစ်ကားဆိုရင် မှားမယ်မထင်ပါဘူး။
crd to channelmyanmar

Tuesday, February 18, 2020

Prati Roju Pandaage (2019)

(Unicode)
ဒီတစ်ပတ်မှာတော့ တေလဂူး(Telugu) မိသားစုကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
မင်းသားနဲ့ မင်းသမီးကတော့ တေလဂူးပရိသတ်တွေ ရင်းနှီးပြီးသားမို့ အထူးတလည်မိတ်ဆက်စရာမလိုပါဘူး။
ဇာတ်လမ်းအကျဉ်းကို တစ်ချက်လောက် ချပြရရင် အမေရိကမှာ အခြေချနေတဲ့ မင်းသားတို့မိသားစုရယ်၊ အိန္ဒိယမှာပဲ အလုပ်အကျွေးပြုစုသူ တစ်ယောက်နဲ့ အတူနေတဲ့ မင်းသားရဲ့ အဘိုးရယ်ပေါ့။
တစ်နေ့မှာတော့ အဘိုးဟာ ကျန်းမာရေးအရ ဆေးစစ်ချက်သွားယူရာကနေ သူ့မှာ အဆုတ်ကင်ဆာ ရှိနေတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရပါတယ်။
သားသမီးတွေနဲ့ ဝေးရာမှာ နေရာသူဖြစ်တော့ သားသမီးတွေဆီ ဖုန်းဆက်အကြောင်းကြားတယ်။
အဘိုးမှာ ရောဂါအဆင့်က ကျွမ်းနေပြီမို့ အချိန်က ၅ပတ်ကာလပဲ ရှိတော့တယ်။
တစ်ဖက်မှာလည်း အလုပ်၊ တစ်ဖက်မှာလည်း မိဘဖြစ်တော့ အလုပ်ကို ဦးစားပေးတတ်ကြတဲ့ သားသမီးတွေဟာ အဖေဖြစ်သူဆီ ပြုစုစောင့်ရှောက်ဖို့ လောလောဆယ် မသွားနိုင်ကြပါဘူး။
ဒါပေမဲ့ အဘိုးကို အရမ်းချစ်တဲ့ မြေး(မင်းသား)ကတော့ ဒီသတင်းကို ကြားကြားချင်း လိုက်သွားခဲ့ပါတယ်။
အိန္ဒိယကိုရောက်ပြီး အဘိုးဖြစ်သူကို ကတိပေးလိုက်တာကတော့ “အချိန်၅ပတ်အတွင်း အဘိုး လုပ်ချင်ပေမဲ့ မစဖြစ်တဲ့အရာတွေ၊ စနေပေမဲ့ မပြီးသေးတဲ့ အရာတွေကို ဖြည့်ဆည်းပေးဖို့ပါ”
ကျွန်နော်တို့ရဲ့ အချစ်တော် Raashi Khanna ကတော့ တစ်ဖက်သတ်ကြိတ်ကြွေသူတွေ ဝိုင်းဝိုင်းလည်နေပြီး Tik-Tok Cele တစ်ဦးအဖြစ် မြင်ရမှာပါ။
ကဲ ဒီမှာ တင်ဇာတ်လမ်းက စပြီ။ အဘိုးဖြစ်သူရဲ့ ဆန္ဒတွေမှာ အဘိုးရဲ့ အချစ်ရေးတွေ ပါနေသလို မြေးဖြစ်သူအတွက် အချစ်ရေးတွေကလည်း ပါလာပါတော့တယ်။
ကဲ.. ကျွန်တော်တို့ဒီအထိ ပြောပြပြီးပြီမို့ မိသားစု၊အချစ်၊ဒရာမာကားကို ကြည့်ရှုမယ့်ပရိသတ်တွေကပဲ ခံစားကြည့်ကြပါဦးဗျ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။

A Second Chance: Rivals! (2019)

(unicode)
မိသားစုနဲ့အတူတူကြည့်လိုရမယ့် Family ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်းလေးကတော့
မက်ဒီဆိုတဲ့ မိန်းကလေး က ကျွမ်းဘားမယ်အားကစား အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းစစ်မှာ
မတော်တဆ ထိခိုက်ပြီး စိတ်ဓာတ်တွေကျ ပြီးခဏတာနားနေရပါတယ် အားကစားပြန်လည်မလုပ်နိုင်သေးတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဆိုးပြီး နယ်ဖက်က သူ့ကို လေ့ကျင့်ပေးခဲ့တဲ့ ဘက်ဗီလီ ဆိုတဲ့ လေ့ကျင့်ရေးဆရာမဆီမှာခဏတာသွားနေပါတယ် ဘက်ဗီလီမှာကလည်း နယ်ဖက်က ကျွမ်းဘားအားကစားကိုနှစ်သက်တဲ့ ကလေးတွေကို လေ့ကျင့်ပေးနေပါတယ် ကလေးတွေထဲက
အာကီရာ တက်စ် တေလာ တို့ဟာ ထူးချွန်ပြီး ပြည်နယ်ချန်ပီယံဖလား မှာဝင်ပြိုင်ဖို့ဘက်ဗီလီကရွေးချယ်ထားတယ် စီနီယာလဲဖြစ် အားကစားမှာလဲထူးချွန်တဲ့မက်ဒီကို အဲ့ကလေးသုံးယောက်ကို လေ့ကျင့်ပေးဖို့ ဘက်ဗီလီက တောင်းဆိုပါတယ် မက်ဒီလဲလက်ခံလိုက်ပါတယ် ပြည်နယ်ချန်ပီယံဖလားဟာ တစ်ဆင့်တည်းမဟုတ်ဘဲ သုံးဆင့်ယှဉ်ပြိုင်ရမှာပါ မက်ဒီနဲ့ကလေးသုံးယောက်ဟာ ချန်ပီယံဖလားကိုရဖို့ ဘယ်လိုတွေကြိုးစားလေ့ကျင်ကြလဲ ဘယ်လိုအခက်အခဲတွေတွေ့လဲ နောက်ဆုံးမှာ ဖလားကိုကိုင်မြှောက်နိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်…

Monday, February 3, 2020

Little Miss Dolittle (2018)

Dolittle ဆိုတာနဲ့ တိရစ္ဆာန်လေးတွေရဲ့ စကားကို နားလည်တဲ့သူမှန်း သိကြမှာပါ အခုဇာတ်ကားကတော့ Dolittle သေးသေးလေးအကြောင်း ရိုက်ကူးထားတဲ့ IMDb 7.5 ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်
၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ လီလီဟာ တိရစ္ဆာန်လေးတွေနဲ့ စကားပြောတတ်သူပါ သူ့ရဲ့ပါရမီ အစွမ်းကို သူမိဘတွေကလဲဲပြီး ဘယ်သူမှ မသိပါဘူး
ဒါပေမယ့် လီလီဟာ အဲ့ပါရမီကြောင့် ပြဿနာဖြစ်ပြီး မိဘတွေနဲ့အတူ တခြားမြို့ကို ပြောင်းရွှေ့ခဲ့ရပါတယ် နောက်ထပ် တိရစ္ဆာန်တွေနဲ့ စကားမပြောတော့ပါဘူးဆိုတဲ့ကတိကိုလည်း ပေးခဲ့ပါတယ်
သိုပေမယ့် သူပြောင်းလာတဲ့မြို့ထဲက တိရစ္ဆာန်ရုံက ဆင်ပေါက်လေး ရွန်းနီကို သူခိုးတစ်ယောက်က ပြန်ပေးဆွဲတဲ့အခါမှာတော့
လီလီဟာ သူငယ်ချင်းအသစ် ဂျက်စ်နဲ့အတူ တိရစ္ဆာန်လေးတွေကို ကာကွယ်ဖို့ စွန့်စားခန်းကြီး စတင်ပါတော့တယ်
crd to fofmm

Wednesday, January 29, 2020

Playing with Fire (2019)

Genres: Comedy, Family
Rating: 4.7

ဒီတစ်ခါတော့ Channel Myanmar ပရိသတ်ကြီးအတွက် ဟာသကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။
အားလုံးရဲ့အချစ်တော် နပန်းသမားဂျွန်စီနာပါဝင်သရုပ်ဆောင်ထားတဲ့
ကားလေးလဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ဆက်ပေးလိုပါတယ်။
ဂျွန်စီနာတစ်ဖြစ်လဲ မီးသတ်သမားဂျိတ်ဟာ ငယ်စဉ်ကတည်းက
ကြပ်မတ်တဲ့စဉ်းမျဉ်းတွေနဲ့ နေထိုင်လာခဲ့တဲ့မီးသတ်သမားတစ်ဦးပါ
ပြည်နယ်မီးသတ်ကွန်မန်ဒါနေရာကိုရာထူးတိုးဖို့အရမ်းမျှော်လင့်ထားတဲ့သူဖြစ်ပြီး
လျာထားစာရင်းထဲမှာလဲ သူ့နာမည်ပါနေပါတယ်။
ဒါပေမယ့်တစ်နေ့မှာတော့ မီးလောင်မှုတစ်ခုကနေ
ကလေးသုံးယောက်ကို ကယ်တင်လိုက်ပါတယ်။
မုန်တိုင်းကြောင့်အသွားအလာတွေပိတ်မိနေချိန်
ဒီကလေးသုံးယောက်ဟာစည်းကမ်းကြီးတဲ့ ဂျိတ်ဆီမှာ သောင်တင်နေပါတော့တယ်
။ဗြောင်းသတ်နေတဲ့ကလေးသုံးယောက်ကို ဂျိတ်ဘယ်လိုကိုင်တွယ်မလဲ?
ဘာတွေဆက်ဖြစ်မလဲ?ဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ။
crd to channelmyanmar

Monday, January 20, 2020

Pokémon the Movie-Mewtwo Strikes Back Evolution (2019)

Pokémon the Movie-Mewtwo Strikes Back Evolution (2019)
Rating: 6.4
Genres: Animation, Action, Family
ဒီ ကားလေးကတော့ ကျနော်​တို့ ငယ်​ငယ်​ကကြည်​့ခဲ့ဖူးတဲ့
Pokemon: Mewtwo Strike Back Animation ကို
3D animation ပုံစံနဲ့ပြန်​ထုတ်​ထားတာပါ..
Pokemon တွေရဲ့Move တွေရော
ရုပ်​ထွက်​တွေပါတော်​တော်​ကြည်​့ကောင်​းသွားတယ်​ပြောရမယ်​..
ဇာတ်​လမ်းကတော့ Mythical Pokémon Mew ရဲ့
DNA ကိုယူပြီးTeam Rocket Leader Giovanni က
Mew နံပါတ်၂ ဆိုပြီးဖန်​တီးလိုက်​တယ်​..
အဲ့ Pokémon ကတော့ Mewtwo ပေါ့ဗျာ
သူကလည်​းလူနီးပါးအသိဉာဏ်​မြင်​့တဲ့Pokémon ဆိုတော့
စမ်းသပ်​ခန်းကနေဖောက်​ထွက်​ခဲ့ပြီး
Pokémon တွေကလူတွေရဲ့ခိုင်​းတာခံနေရတယ်​မဖြစ်​သင်​့ဘူးဆိုပြီး
သူ့ကျွန်​းပေါ်ကို Trainer တွေခေါ်ပြီးဘာတွေဆက်​ဖြစ်​မလဲ??
အဲ့ Trainer တွေထဲ ပါသွားတဲ့ ဆတို့ရှိ(Ash),
Pikachu နဲ့သူ့သူငယ်​ချင်​းတွေက ဘယ်​လိုတားဆီးမလဲ ??
ဘာတိုက်​ပွဲတွေဖြစ်​မလဲဆိုတာကိုတော့ 3D  အလန်းစားပုံရိပ်တွေနဲ့
ကြည့်ရမှာဖြစ်ပါတယ်…

Monday, January 13, 2020

Bernie the Dolphin 2 (2019)

4255.Bernie the Dolphin 2 (2019)
Rating: 7.1
Genres: Action, Comedy, Family
Trailer

Back of the Net (2019)

4253.Back of the Net (2019)
Rating: 5.0
Genres: Family
Trailer

Maleficent-Mistress of Evil (2019)

4247.Maleficent-Mistress of Evil (2019)
Rating: 6.8
Genres: Adventure, Family, Fantasy
Trailer