Showing posts with label 2009. Show all posts
Showing posts with label 2009. Show all posts

Monday, April 27, 2020

Inglourious Basterds (2009)

Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ…..
နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။
အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။
ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းမို့ CM ပရိသတ်ကြီး ခံစားကြည့်ရှုကြပါဦးလို့……

– Zawgyi –
Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒုတိယကမ႓ာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ…..
နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။
အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။
ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းမို့ CM ပရိသတ်ကြီး ခံစားကြည့်ရှုကြပါဦးလို့……
crd to channelmyanmar

Sathu (2009)

ပိန္နဲသီး သရဲကားဆိုပြီး နာမည်ကြီးနေတဲ့ ထိုင်းသရဲကားဖြစ်ပါတယ်။
ပုံမှန်သရဲကားတွေနဲ့ မတူတဲ့အချက်တွေ အများကြီးပါဝင်ပါတယ်။
တွေ့နေကြ သရဲကားတွေထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကားပါ။
ဟာသတွေ ပါတယ်….ကြောက်လန့်စရာတွေ ပါတယ်….ကြည်နူးဖွယ်ရာတွေပါတယ်။
အကောင်းဆုံးအချက်ကတော့ တရားသဘောနဲ့ ပတ်သတ်တဲ့ အယူအဆလေးတွေ ပါဝင်ထားပါတယ်။
ရသစုံတဲ့ ဇာတ်ကားပါ။
ထူးခြားတဲ့ ဆက်တင်, Effect, ဇာတ်ဆောင် တွေမပါဝင်ဘဲ ဇာတ်လမ်းတစ်ခုလုံးကို
အကောင်းဆုံးတင်ဆက်သွားနိုင်တာကိုတော့ မြန်မာဇာတ်ကားဖန်တီးသူတွေ အတုယူသင့်ပါတယ်။
ကျွန်တော့်လို သရဲကား မကြိုက်တဲ့လူမျိုးတောင် နှစ်ခါလောက် ပြန်ကြည့်မိပါတယ်။
သရဲကားကို ကြိုက်ကြိုက်မကြိုက်ကြိုက်…ထိုင်းကားကို ကြိုက်ကြိုက်မကြိုက်ကြိုက်
ကြည့်သင့်တဲ့ ထိုင်းသရဲကားလို့ တိုက်တွန်းချင်ပါတယ်။
(ဒီဇာတ်ကားကို သဘောကျလွန်းလို့ ကျွန်တော့်ရဲ့တိုက်တွန်းချက်အရ ZMC မှဘာသာပြန်ပေးထားတာပါ။
ဒီဇာတ်ကားက တလောကလုံးမှာ ဘာစာတန်းထိုးဖိုင်မှ မထွက်ခဲ့ပါဘူး…
စာတန်းထိုးဖိုင်ကို ကျွန်တော်ကိုယ်တိုင် Timing ညှိခဲ့ရသလို ZMC မှအတတ်နိုင်ဆုံးဆီလျော်အောင် ဘာသာပြန်ပေးထားတာပါ။
စာတန်းထိုးဖိုင်ရော ဘာသာပြန်ရော ကိုယ်တိုင်ဖန်တီးခဲ့ရတဲ့ ဇာတ်ကားမို့လို့
အမှားအယွင်းများ ပါခဲ့ရင် နားလည်ပေးကြပါလို့ ခွင့်တောင်းထားပါရစေ။)

-Zawgyi –

ရသစံုတဲ့ ဇာတ္ကားပါ။

Monday, April 6, 2020

Mulan (2009)

Mulan (2009)
*************
GC ပရိသတ်တွေ Mulan (2020)ကို စောင့်နေတုန်း ကြည့်ရှုဖို့ ၂၀၀၉ ထွက် mulan တရုတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
Mulanဆိုတာ ပရိသတ်တွေရင်းနှီးပြီးသား ကာတွန်းကားလေးကို live actionအဖြစ်ပြန်လည် အသက်သွင်းထားတာပဲ ဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာဆိုရင်တော့ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ Zhao Wei, Chen Kunနဲ့ Jaycee Chanတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်​။
ဒီဇာတ်လမ်းလေးမှာတော့
မူလန်လေးဟာ ငယ်စဥ်ထဲက ရဲစွမ်းသတ္တိအပြည့်နဲ့ မိန်းမသားတစ်ဦးဖြစ်ပါတယ်။ ထိုခေတ်က မိန်းမသားတွေဟာ သိတဲ့အတိုင်း ယောကျာ်းသားတွေလို စစ်မြေပြင်မှာ စစ်ထွက်တိုက်လို့မရပါဘူး။ ဒါပေမဲ့ မူလန်လေးဟာ သူမရဲ့ အဖေ နာမကျန်းဖြစ်လျက်နဲ့ စစ်ထွက်တိုက်ရမှာကို မလိုလားဘဲ သူမကိုယ်တိုင် ယောကျာ်းလေး အသွင် ဟန်ဆောင်ကာ စစ်တိုက်ထွက်ခဲ့ပါတယ်…
ယောကျာ်လေးဟန်ဆောင်ထားတဲ့ မူလန်လေး ဘာတွေဆက်ဖြစ်မလဲ…
စစ်တိုက်ရာမှာ ကြုံတွေ့ရမယ့် အခက်ခဲတွေကိုကော မိန်းကလေးတစ်ယောက်အနေနဲ့ ဘလိုဖြေရှင်းမလဲ ဘလိုကျော်ဖြတ်သွားမလဲဆိုတာ​တွေကို အချစ် အလွမ်းစတဲ့ ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမာဖြစ်ပါတယ်
Mulan ဆိုမှတော့ အားလုံးသိတဲ့အတိုင်း အများကြီး ညွှန်းစရာမလိုတော့ပါဘူး။
ဒီကားလေးကလည်း ထွက်တဲ့အချိန်တုန်းက အရမ်းကို အောင်မြင်ခဲ့တာမို့ ကြည့်ရှုသင့်တဲ့ကားလေးပါပဲ။ ကာတွန်းကားနဲ့ မတူတဲ့ အချစ် အလွမ်း ရသလေးတွေပါ ခံစားရမှာမလို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်နော်…
Translated and Review by Faith
crd to gold channel

Dragonball Evolution (2009)

Dragonball Evolution (2009) မြန်မာစာတန်းထိုး
Dragonball ဆိုတာနဲ့ Goku ကိုပြေးမြင်ကြမယ်ထင်ပါတယ်…
ဒီဇာတ်ကားမှာတော့  ဟောလိဝုဒ် က ရုပ်ရှင် အဖြစ်ပြန်လည်
ရိုက်ကူးပြီး တင်ဆက်ပေးထားတာပါ
ဇာတ်လမ်းအကျဉ်းအနေနဲ့
—————————-
လူစွမ်းကောင်းလေး ဆန်းဂိုခုက အချိန်ကိုလုယက်ပြီး အငြိုးကြီးတဲ့ ပီကလိုကို ရင်ဆိုင်ကာ
ရှာဖွေမှုတစ်ခု စတင်ခဲ့ပါတယ်။ အဲဒီရှာဖွေမှု ကတော့ တန်ခိုး အနန္တ ရရှိစေတဲ့ နဂါးဒြပ်လုံး ၇လုံးကို
တစ်နေရာတည်းမှာ စုစည်းပြီး တော့ဘာတွေဆက်ဖြစ်မယ်ဆိုတာ BS ကပရိတ်သတ်ကြီးဆက်သာရှုစားပေးပါဗျာ
crd to burmesesubtitle

Monday, March 30, 2020

Carriers (2009)

Unicode

တစ်ကမ္ဘာလုံးကူးစက်ရောဂါတွေဖြစ်ပီး မြို့ပြတွေမှာ လူတွေသေဆုံးနေရာက ညီအစ်ကိုစုံတွဲနှစ်တွဲ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုရိုက်ပြထားပါတယ်။ ဒီကားထဲက Virus ကတော့ ကူးတာနဲ့ ဆေးမရှိသေတာပါပဲ။ Virus က 24 နာရီလောက်အသက်ရှိနိုင်ပီး လေထု သွေး အသုံးအဆောင်တွေကော အကုန်လုံးကနေကူးပါတယ်။ ကူးလိုက်တာနဲ့ သေမှာဖြစ်တဲ့ အတွက် ကိုယ့်ချစ်တဲ့သူဆိုလဲ မညှာနိုင်ပါဘူး ထားခဲ့သင်ထားခဲ့ သတ်ခဲ့သင့် သတ်ခဲ့တဲ့ အထိကို တော်တော်လေးဆိုရွားပါတယ်။ မကြည့်ရသေးတဲ့ သူများအတွက် တင်ပေးပါလိုက်ပါတယ်။

Zawgyi

 crd to mmsubmovie

Monday, January 13, 2020

Knowing (2009)

4236.Knowing (2009)
Rating: 6.2
Genres: Action, Drama, Mystery
IMDb Rating (6.2) ရရှိထားပြီး မင်းသားကြီး နီကိုလပ်ကေ့ချ်ပါဝင်ထားပါတယ်။
နီကိုလပ်ကေ့ချ်ဇာတ်ကားတွေရဲ့ မြင်နေကျ/ရနေကျ အရသာဖြစ်တဲ့
တစ်ခုခုနောက်ကို သိချင်စိတ်နဲ့လိုက်ပါစီးမျောရမှာပါ…
ကျွန်တော့်အတွက်တော့ လိုက်ပါစီးမျောရုံနဲ့ မပြီးဆုံးသွားဘဲ ရက်သတ္တပတ်လုံး မှိုင်းညှို့နေခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
Action, Drama, Mystery အမျိုးအစားဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်ဆန်းကြိုက်နှစ်သက်သူတွေ ခံတွင်းတွေ့မယ်လို့ ညွှန်းပါရစေ။
Ko Myo Min Aung (MMA) မှ စိတ်ကြိုက်ဘာသာပြန် တင်ဆက်ထားတာပါ။

-Zawgyi-

Trailer
 
Friday, September 27, 2019

Paa (2009)

(Zawgyi)


(Unicode)

Paa (2009) သည် IMDb 7.2/10 Rotten Tomatoes 43% Google users 83 %  ရထားသော ဒါရိုက်တာ  R. Balki ကိုယ်တိုင်ရေးသားရိုက်ကူးထား၍ သရုပ်ဆောင်  Amitabh Bachchan, Abhishek Bachchan, Vidya Balan တို့ပါဝင်သရုပ်ဆောင်ထားသော  Comedy, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…

ကောင်ငယ်လေးတစ်ယောက်ကို ရှိရင်းအသက်ထက် အဆပေါင်းများစွာ အိုမင်းစေတဲ့ ရှားပါးလှတဲ့ရောဂါကို ရရှိခံစားနေတဲ့ သူ့ရဲ့သားကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားတဲ့ အဖေတစ်ယောက်အကြောင်း ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
crd to fofmm

Genres: Comedy, Drama
Rating: 7.2

Trailer

Monday, September 16, 2019

Push (2009)

(Zawgyi)

crd to fofmm 

(Unicode)

ကျွန်တော်တို့ရဲ့ အချစ်တော် ကပ္ပတိန်အမေရိက(Chris Evans ) ရဲ့ စွမ်းအားရှင် ဇာတ်လမ်းကောင်းတစ်ခုပါ။
Push (2009) သည် IMDb 6.1/10 Google users 89%  ဒါရိုက်တာ  Paul McGuigan ရိုက်ကူးထား၍ David Bourla က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Camilla Belle, Dakota Fanning, Chris Evans  ပါဝင်သရုပ်ဆောင်ထားသော Action, Sci-Fi, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ထူးခြားတဲ့စွမ်းရည်ရှိတဲ့ အမေရိကန်လူငယ်နှစ်ဦးဟာ ဟောင်ကောင်က မိန်းကလေးတစ်ယောက်ကို ဒီဗီရှင်းလိုခေါ်တဲ့ အစိုးရနောက်ခံအဖွဲ့အစည်းတစ်ခု ရှာမတွေ့ခင် အပြိုင်ရှာဖွေကြရာ ဘယ်လို အက်ရှင် သည်းထိတ်ရင်ဖိုတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
crd to fofmm
Genres: Action, Adventure, Crime
Rating: 6.1
Trailer

Thursday, September 12, 2019

Iris (2009)

Iris (2009) TV Series

Rating (8.0)

Action, Mystery, Romance

Complete - 20Episodes (Space - 12GB)

ဈေးနှုန်း (၁၅၀၀ ကျပ်) 


စျေးနှုန်း (၁၅၀၀ ကျပ်)
 
ဖုန်း၊ စတစ်၊ မန်မိုရီကတ်၊ ဟတ်ဒစ် များဖြင့်လာရောက်ကူးယူနိုင်ပါသည်။ အခွေဖြင့် လုံးဝကူးမပေးပါ။

 (Zawgyi)


(Unicode)

ဒီကားကတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိပြီး  ယနေ့တိုင် ကိုရီးယားစီးရီးတွေထဲမှာ ထူးခြားချက်များစွာ၊မှတ်တမ်းကောင်းများစွာနဲ့ရပ်တည်နေဆဲဖြစ်ပါတယ်….
ဘတ်ဂျက်အများဆုံးအသုံးစာရင်းဝင်ခဲ့ပြီး ရိုက်ကူးခဲ့တဲ့နေရာတွေကလည်းအတော်များပါတယ်..
တောင်ကိုရီးယား၊ရုရှား၊ဟန်ဂေရီ၊ဂျပန်၊အမေရိကန်၊ တရုတ်စတဲ့နေရာများမှာရိုက်ကူးခဲ့ပါတယ်…စပိုင် အထူးအေးဂျင့်ကားပီပီ နည်းပညာတွေကိုလည်း အဆင့်မြင့်မြင့်သုံးထားလေတော့

ကျွန်တော့အထင် ယနေ့တိုင် ဘောင်ဝင်တန်းဝင်ဆဲဟုထင်မြင်မိပါသည်..ကြည်နူးဖွယ်ရာအချစ်  ပျော်ရွှင်ဖွယ်ရာဟာသတွေလည်းပါလေတော့ ကြည့်ရတာအတော်ကိုကောင်းပါတယ်…

ကိုရီးယားစီးရီးတော်တော်များများဟာ အထိုက်အလျောက်ကောင်းမွန်ကြပါတယ်…

သို့ပေမယ် စီးရီးရဲ့အလယ်လောက်ရောက်ရင် နည်းနည်းအီသွားတတ်ပြီး ဇတ်သိမ်းပိုင်းရောက်ခါနီးမှ Temp0 တွေပြန်တင်တတ်တဲ့သဘောရှိပါတယ်…

ဒီစီးရီးကတော့ အပိုင်းတိုင်းကိုဆွဲဆောင်မှုရှိသလို အဆုံးထိကို မပျင်းမရိနဲ့ကြည့်ရှုရတဲ့စီးရီးဖြစ်ပါတယ်….

တင်ဆက်မှုပိုင်း သရုပ်ဆောင်မှုပိုင်း ဇာတ်လမ်းဇာတ်အိမ်ခိုင်တော့ ဆုတွေလည်းတသီကြီးရသွားတဲ့အပြင် စီးပွားရေးအရလည်း အောင်မြင်မှုရခဲ့ပါတယ်

အထူးသဖြင့် ဒီကားရဲ့အဓိကသရုပ်ဆောင် လီဗြောင်ဟွန်းပါ….သူကတော့ ကိုရီးယားရဲ့အမြင့်ဆုံးဇာတ်ဆောင်ဆုရခဲ့ပါတယ်..

လီဗြောင်ဟွန်းဆိုပြီး အမှတ်ရသွားစေတဲ့ကားဆိုလည်းမမှားပါဘူး…

..ပြီးတော့ ဒီကားကိုကြည့်ဖူးတဲ့သူအတော်များသလို နှစ်သက်သဘောကြတဲ့သူတွေလည်းအတော်များမယ်ထင်ပါတယ်…

..မှုန်ဝါးဝါးလေးကြည့်ရတဲ့ခေတ်မယ် ကျွန်တော်တို့တွေ အခွေဆိုင်ကိုပြေးလွှားဝယ်ပြီးကြည့်ခဲ့ရတာပါ …

ခုတော့အကြည်လေးနဲ့ပြန်လည်ခံစားချင်သူတွေအတွက်ရော ကြည့်ဖို့အခွင့်မသာခဲ့တဲ့သူတွေအတွက်  ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်.. crd to channelmyanmar

Trailer

Wednesday, September 4, 2019

[18+] Tokyo Train Girls: Private Lessons (2009)

ဇာတ်ကားကို ကြည့်ပြီးရင် ရင်ထဲမှာ နှမြောတသတွေ ထင်ကျန်ခံစားစေရမယ်လို့ စာရေးသူရဲရဲကြီးအာမခံတယ်
ဘာလို့လဲ ဆိုတော့ဒီကားထဲက မင်းသမီးလောက် ပြည့်စုံတဲ့ အကြည့်၊ ရုပ်ရည်၊ မယ်ရှုံးလောက်တဲ့ခန္ဓာကိုယ် 18+ လောကမှာ ခပ်ရှားရှားရယ်။
ပိုတယ် ဆိုမှာစိုးလို့ ထပ်ပြီးမတင်စားတော့ပါဘူး။
ကျောင်းဆရာမဖြစ်ချင်တဲ့ ကာဝါဆာကီ တစ်ယောက် ကောလိပ်ကို မဖြစ်မနေ ကြိုးစားတက်ခဲ့ရပါတယ်
ကောလိပ်မှာ သူငယ်ချင်းအသစ်တွေရခဲ့ပါတယ်
သူငယ်ချင်းတွေက ငွေကြေးတက်နိုင်သူတွေဖြစ်နေပါတယ်
သူမဟာ သူတို့နဲ့ အပြိုင် သုံးရင်း ကျောင်းတက်လာလိုက်တာ အကြွေးတွေန ပတ်လည်ဝိုင်းသွားပါတော့တယ်။
ဒီလိုနဲ့ သူမဟာကျောင်းပြီးသွားခဲ့ပြီး ကျောင်းဆရာမအလုပ်ကို ကျောင်းရဲ့ အညံ့ဆုံးအခန်းမှာ စာသင်ရပါတယ်။
သူမရဲ့အကြွေးတွေက များလွန်းတာကြောင့် ကျောင်းဆရာမလစာနဲ့ဘယ်လိုမှမကြေပါဘူး။
ဒါကြောင့်သူမဟာ အိမ်မှာနေရင်း ၀င်ငွေကောင်းတဲ့ Video Chatting အလုပ်ကို စတင်လုပ်ပါတော့တယ်…။
သူမဟာမျက်နှာဖေါ်မပြပဲ နာမည်အသစ်နဲ့ အကောင့်ကိုသုံးခဲ့ပေမဲ့ သူမရဲ့ အတန်းသားတစ်ယောက်က သိသွားပါတယ်……
ဘာတွေဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ 18+ ပရိတ်သတ်ကြီးသိတဲ့အတိုင်းပဲ…။ 
Crd to channelmm