Showing posts with label 1992. Show all posts
Showing posts with label 1992. Show all posts

Friday, May 15, 2020

King of Beggars (1992)

King of Beggars (1992)
IMDB(6.9)
ဇာတ်လမ်း အကျဉ်းလေးကတော့ –
ပညာမတတ် အပျော်အပါးလိုက်စားပြီး တချိန်လုံး သောက်စားယစ်မူးလိုက် မိန်းမပျက်တွေနဲ့ ပျော်ပါးလိုက် နေနေတဲ့ စတီဖင်ချောင် တစ်ယောက်
သူ့အဖေက တိုက်တွန်းလို့ သိုင်းသင်တန်းကျောင်း ဝင်ခွင့်ဖြေဆိုဖို့ ပီကင်းကိုရောက်လာပါတယ်။
ရေးဖြေဖြေဆိုတော့ ကလိမ်ကကျစ်နဲ့ ခိုးချတာမိသွားပါတယ်:3
အဲ့ဒီမှာ ဘုရင်ကြီးက ကလိမ်ကကျစ်ကောင်ကို သူတောင်းစား အဖြစ် အပြစ်ပေးလိုက်တဲ့အခါမှာတော့
ဉာဏ်နီဉာဏ်နက်များတဲ့ စတီဖင်ချောင်တစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ။
crd to channelmyanmar

Monday, May 11, 2020

Fist of Fury 1991 II (1992)

Fist of Fury (II) (1991)
IMDB(6.5)
တရုတ်ကွန်ဖူးရဲ့ ဂန္တဝင်မင်းသားကြီး ဘရုစ္စလီရဲ့ Fist of Fury ကို ရုပ်ပြောင်ရိုက်ကူးထားတဲ့
စတီဗင်ချောင်ရဲ့ ၁၉၉၁ ထွက် ဇာတ်ကား ၂ ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ချောင် ရဲ့ ဇာတ်ကားတွေထုံးစံအတိုင်းပဲ အဖောက်ခန်းတွေ ပြောင်မြောက်တဲ့ ဒိုင်တွေနဲ့ကြည့်ကြရမှာပါ
ဇာတ်လမ်းအကျဉ်းလေးကတော့
ပြည်မသား ချောင်ဟာ သူ့ဝမ်းကွဲ ညီ ကိုလိုက်ရှာဖို့ ဟောင်ကောင်ကို လာခဲ့ပြီး ချီးထုတ် ဆင်း နဲ့ ဆုံမိကြပါတယ်
ဒီလိုနဲ့ ချီးထုတ် ၂ကောင်ပေါင်းမိပြီး ပိုက်ဆံ ပြတ်တာ့ ပေါင်း ရှာကြတဲ့အခါမှာ
ဒေါ်လာ ဆယ်သန်းရမယ့်လက်ဝှေ့ပွဲ ကို တွေ့ပြီး ဘယ်လို ကလိမ်ကကျစ် ဉာဏ်တွေနဲ့ ဆယ်သန်း ကို ရယူကြမလဲဆိုတာကိုတော့။
+++++++++++++++++
ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့
တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။
တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow  မှာကြည့်လို့ရပါတယ်။
စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ
သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…
ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…
စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော
သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။
ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။
စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…
စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…
ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…
ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။
ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။
ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။
ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ
တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
crd to channelmyanmar

Friday, October 4, 2019

Universal Soldier (1992)


(Zawgyi)

Universal Soldier (1992) ကို ဒါရိုက်တာ Roland emmerich ရိုက်ကူးခဲ့ပြီး IMDb Rating 6.0 နဲ့ Google Users 92% အထိရရှိထားတဲ့ Action/Drama/Sci-Fi ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဒီကားထဲမှာ အဓိက သရုပ်ဆောင်ထားတာကတော့ အက်ရှင်စတားနှစ်ယောက်ဖြစ်တဲ့ ဗန်ဒိမ်းနဲ့ ရုရှားအာနိုးလို့လူသိများတဲ့ ဒေါ့ဖ်လန်ဂရင်တို့ဖြစ်ပါတယ် ဗီယက်နမ်စစ်ပွဲမှာ ပုန်ကန်သူတွေကို နှိမ်နင်းရင်း ဆရာတပည့်ဖြစ်တဲ့ Scott နဲ့ Luc တို့ဟာပြသနာတစ်ခုကြောင့် အချင်းများခဲ့ကြပြီး အပြန်အလှန်ပစ်ခတ်ခဲ့ရာမှာတော့ နှစ်ယောက်လုံးသေဆုံးသွားခဲ့ပါတယ် သေသွားတဲ့ သူတို့ရဲ့ရုပ်အလောင်းတွေကို အမေရိကန်စစ်တပ်က လျှို့ဝှက်အစီအစဉ်အနေနဲ့ Universal Soldier တွေအဖြစ်ဖန်တီးခဲ့ပြီး သူတို့ရဲ့အရင်ဖြစ်ပျက်ခဲ့တဲ့ မှတ်ဥာဏ်တွေကိုဖျောက်ဖျက်ပြီး မှတ်ဥာဏ်အသစ်ထည့်သွင်းခဲ့ပါတယ် သူတို့ရဲ့လျှို့ဝှက်လုပ်ဆောင်မှုကို သတင်းထောက် Veronica ဆိုတဲ့ အမျိုးသမီးမှ ရှာဖွေသိရှိပြီးတဲ့နောက်မှာတော့ ဗီယက်နမ်စစ်ပွဲကနဲ့ ပုံစံတူပြသနာမျိုးထပ်မံဖြစ်ပွားခဲ့ပြီး အရင်ဖျောက်ခဲ့တဲ့ မှတ်ဥာဏ်တွေ ပြန်ပေါ်လာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ…

(Unicode)

ပိုစတာက လူနှစ်ယောက်ကို မြင်တာနဲ့တင် ဇာတ်ကားကောင်းမကောင်း အများကြီး ညွှန်းနေစရာလိုဦးမယ်မထင်ဘူးနော်
Universal Soldier (1992) ကို ဒါရိုက်တာ Roland emmerich ရိုက်ကူးခဲ့ပြီး IMDb Rating 6.0 နဲ့ Google Users 92% အထိရရှိထားတဲ့ Action/Drama/Sci-Fi ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဒီကားထဲမှာ အဓိက သရုပ်ဆောင်ထားတာကတော့ အက်ရှင်စတားနှစ်ယောက်ဖြစ်တဲ့ ဗန်ဒိမ်းနဲ့ ရုရှားအာနိုးလို့လူသိများတဲ့ ဒေါ့ဖ်လန်ဂရင်တို့ဖြစ်ပါတယ် ဗီယက်နမ်စစ်ပွဲမှာ ပုန်ကန်သူတွေကို နှိမ်နင်းရင်း ဆရာတပည့်ဖြစ်တဲ့ Scott နဲ့ Luc တို့ဟာပြသနာတစ်ခုကြောင့် အချင်းများခဲ့ကြပြီး အပြန်အလှန်ပစ်ခတ်ခဲ့ရာမှာတော့ နှစ်ယောက်လုံးသေဆုံးသွားခဲ့ပါတယ် သေသွားတဲ့ သူတို့ရဲ့ရုပ်အလောင်းတွေကို အမေရိကန်စစ်တပ်က လျှို့ဝှက်အစီအစဉ်အနေနဲ့ Universal Soldier တွေအဖြစ်ဖန်တီးခဲ့ပြီး သူတို့ရဲ့အရင်ဖြစ်ပျက်ခဲ့တဲ့ မှတ်ဉာဏ်တွေကိုဖျောက်ဖျက်ပြီး မှတ်ဉာဏ်အသစ်ထည့်သွင်းခဲ့ပါတယ် သူတို့ရဲ့လျှို့ဝှက်လုပ်ဆောင်မှုကို သတင်းထောက် Veronica ဆိုတဲ့ အမျိုးသမီးမှ ရှာဖွေသိရှိပြီးတဲ့နောက်မှာတော့ ဗီယက်နမ်စစ်ပွဲကနဲ့ ပုံစံတူပြသနာမျိုးထပ်မံဖြစ်ပွားခဲ့ပြီး အရင်ဖျောက်ခဲ့တဲ့ မှတ်ဉာဏ်တွေ ပြန်ပေါ်လာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ…

Genres: Action, Sci-Fi
Rating: 6.0

Trailer