Showing posts with label 2010. Show all posts
Showing posts with label 2010. Show all posts
Wednesday, May 20, 2020
The Next Three Days (2010)
၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ…ကျွန်တော်တို့ဟာ  ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့
ပြောက်မြောက်တဲ့အမူအရာတွေကို  ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်…
လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..
ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့…သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်
ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ.
.ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ  သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး….
သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ…
ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe  ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..
သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ…
ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်…ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်.
.ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေ
မျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်….
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော ကို Oung Xix Ming ဖြစ်ပါတယ်…
crd to channelmyanmar
Monday, May 11, 2020
The Social Network (2010)
ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင်သူ မာတ်ဇူကာဘတ် ရဲ့
ကျောင်းသားဘ၀ နှင့် Facebook ကို တည်ထောင်တဲ့
ကာလ တစ်လျှောက်က အကြောင်းများကို ဇတ်လမ်းရိုက်ကူးထားသည့်
ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်….
ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ
ဒိတ်ဒိတ်ကျဲတွေပါပဲ
Now You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့
မင်းသား Jesse Eisenberg နဲ့ Spider-Man မင်းသား Andrew Garfield တို့ဖြစ်ပြီး
နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ်
ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်းကလဲ အတော်လေး စိတ်ဝင်စားဖို့
ကောင်းပါတယ်….
မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်းဖြစ်သူ နဲ့ အတူ
တည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကို
ရိုက်ပြထားပါတယ်…
crd to channelmyanmar
Wednesday, May 6, 2020
Unthinkable (2010)
ကျွန်တော် ခဏခဏမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုမေးကြည့်ချင်ပါတယ်။ ခင်ဗျားက စနိုက်ပါ တစ်လက်နဲ့ လူတစ်ယောက်ကို ချိန်ထားတယ်။
အဲဒီလူက လူတွေအများကြီးရှိနေတဲ့ နေရာမှာ ဗုံးခွဲမလို့ လုပ်နေတဲ့သူ။ အဲဒီလူကို ပစ်သတ်ဖို့ ခင်ဗျား သေနတ်မောင်းကို ဆွဲမှာလား။
ခင်ဗျားလက်မှာ သွေးအစွန်းခံပြီးတော့ ဗုံးကွဲလို့သေမယ့်သူတွေကို ကယ်မှာလား။ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် အဖြစ်ခံပြီး ပစ်သတ်လိုက်မှာလား။
ပစ်သတ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လူသတ်သမားတော့ ဖြစ်သွားလိမ့်မယ်။
ခင်ဗျားက လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လို့ သေနတ်မောင်းခလုတ်ကို မဆွဲဘဲ လှည့်ထွက်သွားမယ်ဆိုရင်လည်း ရပါတယ်။ အနေသာကြီးပါ။
ဒါပေမဲ့ လူပေါင်းများစွာ သေကြေပျက်စီးရမယ့် ကိစ္စကို တားနိုင်တဲ့ အစွမ်းရှိရဲ့သားနဲ့ မတားနိုင်ဘူးဆိုရင် အဲဒီအသက်တွေအတွက် ခင်ဗျားမှာ တာဝန်ရှိသွားလိမ့်မယ်။
အဲဒါဆို လူအများနဲ့ တစ်ယောက် လဲမှာလား။ Witcher ထဲက ဇာတ်ဆောင်ရဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင် မကောင်းမှုဆိုတာက မကောင်းမှုပါပဲ။
သေးသေး၊ ကြီးကြီး။ အလတ်စားလောက်ပဲဖြစ်ဖြစ် မကောင်းမှုက မကောင်းမှုပါပဲ တဲ့။
သေးတဲ့မကောင်းမှုကို ကျူးလွန်မှာလား ဒါမှမဟုတ် မကောင်းတာတစ်ခုကို အဖြစ်ခံမှာလား။ ရွေးကြည့်ပါ။
နောက်ထပ် စဉ်းစားစရာထပ်ထည့်ပေးကြည့်ပါမယ်။ အဲဒီ ဗုံးခွဲမယ့်သူက ကလေးမလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင်ရော။
ကလေးတွေ အမျိုးသမီးတွေကို (လိင်ခွဲခြားဆက်ဆံခြင်းမဟုတ်တာကို သတိပြုစေချင်ပါတယ်) မထိခိုက်ရဘူးဆိုတဲ့ ခင်ဗျားရဲ့ ဖြောင့်မှန်နေမှုကြီးကို စတေးပြီးတော့ ပစ်သတ်လိုက်မှာလား။
မပစ်ဘဲထားမယ်ဆိုရင်လည်း သူ့ကြောင့် ထိခိုက်နစ်နာရတဲ့သူတွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ ပါနေနိုင်တာပဲလေ။
ထိခိုက်နစ်နာသူက တစ်ယောက်တည်းတောင် မဟုတ်ဘူး အများကြီးရှိနေမှာ။
ပစ်သတ်လိုက်မယ်ဆိုရင်တော့ ကလေးသတ်သမားတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ ဘာကိုရွေးမှာလဲ။
ဒီမေးခွန်းကိုပဲ နောက်ထပ် အခြေအနေလေးတစ်ခု ထပ်ထည့်ပေးကြည့်ပါမယ်။ ခင်ဗျားက စစ်သား တစ်ယောက်ဖြစ်တယ်ဆိုပါတော့။
အမိန့်ကလည်း ပစ်သတ်ဖို့ အမိန့်ပေးထားမယ်။ သေနတ်မောင်းကို ဆွဲဖို့ မဆွဲဖို့ဆိုတာ ခင်ဗျားတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ဖြစ်သွားပြီ။
ပစ်သတ်လိုက်မယ်ဆိုရင် စစ်သားတစ်ယောက်အနေနဲ့ တာဝန်ရှိတဲ့ အတိုင်း တာဝန်ကို ကျေကျေပွန်ပွန်ဆောင်ရွက်နိုင်တဲ့ စစ်သားတစ်ယောက်၊
အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့ သူရဲကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ စစ်သားဆိုတာလည်း လူတစ်ယောက်ပဲလေ။ ခံစားချက်ရှိတယ်။ နှလုံးသားရှိတယ်။
ဒီလူ(သို့) ဒီကလေးမလေးရဲ့ သွေးတွေ ခင်ဗျားလက်မှာ စွန်းနေပြီ။ ခင်ဗျားရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ချိုးဖျက်ပစ်လိုက်ရမှာပါ။
အများအသက်ကိုကယ်တင်နိုင်တဲ့ သူရဲကောင်းတစ်ယောက်၊ တာဝန်ကျေပွန်တဲ့ စစ်သားကောင်းတစ်ယောက်ဆိုတာက
ပဲ့ကြွေကျသွားတဲ့ ကိုယ့်ဝိညာဉ်ရဲ့ အစိတ်အပိုင်းကို ပြန်ဖြည့်ဖို့ဆိုတာ လုံလောက်နိုင်မှာလား။
မပစ်ခဲ့ဘူးဆိုရင်ရော တာဝန်မကျေတဲ့ စစ်သားတစ်ယောက်၊ လူအများအသက်ကို
ကယ်နိုင်ဖို့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို မစတေးရဲတဲ့ လူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။
ခင်ဗျားရဲ့ လူသားပီသမှု စံနှုန်းကဘယ်လိုပါလဲ။Unthinkable (2010) ဇာတ်ကားထဲမှာတော့ ဒီအခြေအနေအတိုင်း ဖြစ်နေတဲ့ ဇာတ်ကောင်တွေကို တွေ့ရပြီး
အဲဒီဇာတ်ကောင်တွေထဲက တစ်ယောက်ချင်းစီက သူတို့ရဲ့ ရွေးချယ်မှုကို ဘယ်လိုတွေ လုပ်သွားတယ်ဆိုတာတွေ့ရမှာပါ။
ဘယ်သူမှ မှားတယ်လို့ ပြောလို့မရသလို ဘယ်သူမှလည်း မှန်တယ်လို့ ပြောလို့မဖြစ်နိုင်ပါဘူး။
အဆိုးဆုံးပြောရမယ်ဆိုရင် မှားပါတယ်ဆိုတဲ့ အကြမ်းဖက်ဗုံးခွဲတဲ့သူရဲ့ဘက်က ကြည့်မယ်ဆိုရင် သူလည်း မှန်နေတာတွေ အများကြီးပါပဲ။
ဇာတ်လမ်းကရှင်းသလို ခပ်သွက်သွက်နဲ့ တင်ဆက်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ပြီးတော့ ခင်ဗျားအတွက် တွေးစရာတွေ အများကြီးရသွားပါလိမ့်မယ်။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)
crd to channelmyanmar
Monday, May 4, 2020
The Book of Eli (2010)
The Book of Eli(2010)
တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာ
ဇာတ်လမ်းအမျိုးအစားဆိုတာထက်  မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်..
မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်…
ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်း
ကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်…
ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်..
ထိုသို့သောမင်းသားကြီးများစာရင်းတွင်  Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်..
ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား  ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့်
The Book of Eli ကို တင်ဆက်ပါလိုက်ပါသည်…
စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာ
တောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။
ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။
ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ အီလိုင်တစ်ယောက်
အသက်ကိုတောင် ပဓာန မထားဘဲ အသည်းအသန် ခုခံခဲ့သည်။
ဤမျှ စွမ်းပကားကြီးသည့် စာအုပ်သည် မည်သည့်စာအုပ်များ ဖြစ်ပေမည်နည်း…။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါသည်….
crd to channelmyanmar
Monday, March 30, 2020
Takers (2010)
(unicode)
(ရသအပြည့်အဝခံစားနိုင်စေရန် Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်
တင်ဆက်ပေးထားပါသည်…)
လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်…စကားအနည်းငယ်ပြောပြီးတာနဲ့
အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလို မျက်နှာဖုံးစွပ်အနက်
တွေလည်း ဝတ်ဆင်လိုက်ကြတယ်…M4A1 Carbine နဲ့ Glock စီးရီးအလိုက်
လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်…
သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို
အကုန်လုံးကလည်း သွေးအေးတည်ငြိမ်လွန်းနေကြတယ်…
သိပ်မကြာဘူး..လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်….
ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကို
ဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်….
ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….
ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ….
LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား…
ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင်
ဒီလူတွေဘယ်လောက်တော်နေလဲ…
ဒီကားကတော့
ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့ Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်….အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှ
သဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ….
(zawgyi)
(ရသအပြည့်အဝခံစားနိုင်စေရန် Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်
တင်ဆက်ပေးထားပါသည်…)
လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်…စကားအနည်းငယ်ပြောပြီးတာနဲ့
အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလို မျက်နှာဖုံးစွပ်အနက်
တွေလည်း ဝတ်ဆင်လိုက်ကြတယ်…M4A1 Carbine နဲ့ Glock စီးရီးအလိုက်
လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်…
သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို
အကုန်လုံးကလည်း သွေးအေးတည်ငြိမ်လွန်းနေကြတယ်…
သိပ်မကြာဘူး..လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်….
ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကို
ဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်….
ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….
ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ….
LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား…
ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင်
ဒီလူတွေဘယ်လောက်တော်နေလဲ…
ဒီကားကေတာ့
ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့ Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်….အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှ
သဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ….
crd to channelmyanmar
Monday, January 13, 2020
Megamind (2010)
4237.Megamind (2010)
Rating: 7.2
Genres: Animation, Action, Comedy
ဇာတ်လမ်းအစတွင် မက်ဂါမိုင်းဖြစ်လာမည့်
ဂြိုဟ်သားလေးတစ်ဦးဟာ သူ့ရဲ့ဂြိုဟ်ကနေ
ကမ္ဘာဂြိုဟ်ကိုကျရောက်လာခဲ့ပါတယ်။
သူနဲ့အတူ မက်ထရိုမန်းလူစွမ်းကောင်းဖြစ်လာမည့်
ကလေးတစ်ဦးလည်းကျရောက်လာခဲ့ပါတယ်။
သူတို့နှစ်ယောက်မတူညီတဲ့ နေရာအသီးသီးကိုကျေ ရာက်ခဲ့ပြီး
ကျောင်းတက်ရမယ့်အရွယ်မှာ
ကျောင်းမှာပြန်လည်ဆုံတွေ့ခဲ့ပါတယ်။
ဆရာ ဆရာမများနှင့် ကျောင်းသားများက
လူစွမ်းကောင်းြ ဖစ်လာမည့် ကလေးကို
သဘောကျချစ်ခင်ကြပေမယ့် ဂြိုဟ်သားလေးဘာပဲလုပ်လုပ်
အမုန်းခံရပြီးအပယ်ခံရလာတော့
နောက်ဆုံးမှာ ဂြို ဟ်သားလေးဟာ
ဗီလိန်အဖြစ်ကြီးပြင်းလာခဲ့တာကို
ဇာတ်လမ်းအစအခြေပြုကာ ထိုဗီလိန်ဂြိုဟ်သားလေးဟာ
မြို့ကြီးကိုဘယ်လို တိုက်ခို က်ဖျက်ဆီးသလဲ
လူစွမ်းကောင်းလေးကရော ဘယ်လိုတွေအကျိုးပြုသလဲ
ဘယ်လိုတွေပြောင်းလဲခဲ့တယ်ဆိုတာကို ကြည့်ရှုရမယ့်
Animation ဇာတ်လမ်း ပရိတ်သတ်များ
သဘောကျနှစ်ခြိုက်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။
ရုပ်ရှင်ကားကို ထက်ထက်တင်ဇာ
က ဘာသာပြန်ပေးထားပြီး
သစ်ဆန်းခန့် မှ Encode ပေးထားပါတယ်
crd to channelmyanmar
 Trailer
Thursday, January 2, 2020
Friday, October 4, 2019
Ong-bak 3 (2010)
(Zawgyi)
နောက်ဆုံးမှာတော့ ဘုရားရိပ်တရားရိပ်ရဲ့အကျိုးကျေးဇူးတွေကြောင့်ဒဏ်ရာအားလုံးသက်သာပျောက်ကင်းခဲ့ရပါတယ် မိမိရဲ့မိဘ၂ပါးကိုသတ်ပစ် ခဲ့သည့်မြို့စားနဲ့ ကျီးကန်းမိစ္ဆာတို့ကို ပြန်လည်ပြီးလက်စားချေဖို့ကြိုးစားပါတော့တယ် အက်ရှင်ခန်း တခမ်းတနားနဲ့ပရိတ်သတ်တွေအကြိုက်တွေ့အုံးမှာပါ
(Unicode)
ong bak 3မှာတော့ ဇတ်လမ်းအစမှာ ong bak 2နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်ဒါကြောင့်၃ကိုမကြည့်ခင်၂ ကို အရင်ကြည့်ကြပါလို့တိုက်တွန်းချင် ပါတယ်
ဇတ်လမ်းအစမှာတော့ တိုနီဂျာဟာ အယုဒ္ဓယမြို့စားရဲ့ အဖမ်းအဆီးကိုခံနေရပါတယ် အနှိပ် အစက်ကိုလည်းခံနေရပါတယ် ဒါပေမယ့်အယုဒ္ဓယ ဘုရင်ကတိုနီဂျာကိုမသတ်ဖို့ အမိန့်ထုတ်လိုက်ပါ တယ် ဒဏ်ရာတွေနဲ့ တိုနီဂျာတစ်ယောက် တောရွာ လေးတစ်ရွာကိုရောက်ရှိပြီး ဘုန်းတော်ကြီးတစ်ဦး ရဲ့ဆေးကုသမှုကိုနှစ်ရှည်လများခံခဲ့ရပါတယ် မြို့စားရဲ့နိပ်စက်မှု ဒဏ်တွေကြောင့်ဒဏ်ရာများပျောက်ကင်းဖို့နှစ်ရှည်လများကြာရှည်ခဲ့ရပါတယ်
နောက်ဆုံးမှာတော့ ဘုရားရိပ်တရားရိပ်ရဲ့အကျိူးကျေးဇူးတွေကြောင့်ဒဏ်ရာအားလုံးသက်သာပျောက်ကင်းခဲ့ရပါတယ် မိမိရဲ့မိဘ၂ပါးကိုသတ်ပစ် ခဲ့သည့်မြို့စားနဲ့ ကျီးကန်းမိစ္ဆာတို့ကို ပြန်လည်ပြီးလက်စားချေဖို့ကြိုးစားပါတော့တယ် အက်ရှင်ခန်း တခမ်းတနားနဲ့ပရိတ်သတ်တွေအကြိူက်တွေ့အုံးမှာပါ
crd to fofmm
Genres: Action
Rating: 5.0
Trailer
Monday, September 16, 2019
Varudu (2010)
(Zawgyi)
crd to fofmm 
(Unicode)
Allu Arjun မျှော်နေသူများအတွက် နောက်တစ်ကားပါ….
Varudu (2010) သည် Google User 74 % ရထားသော ဒါရိုက်တာ Gunasekhar က ရိုက်ကူးထား၍ Gunasekhar နဲ့ Prasad Thota (စကားပြော) တို့က ဇာတ်လမ်း ဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Allu Arjun, Suhasini, Sayaji Shinde, Sigitham Srinivasa Rao တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Drama, Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ..
အချစ်ကို တန်ဖိုးထားတဲ့ကောင်လေးနဲ့ ကောင်မလေး မမြင်ဘူးဘဲနဲ့ မိဘတွေပေးစားသူကို ယူဖို့ ဆုံးဖြတ်လိုက်ကြသောအခါ လက်ထပ်ပွဲတွင် မြင်မြင်ချင်း ချစ်သွားလေသည်…..မကြာခင်လက်ထပ်တော့မယ် သတို့သမီးကို သူမကို စွဲလန်းနေသော သူတစ်ယောက်က ခိုးယူသွားလေသော အခါ ဘယ်လို ဇာတ်ကြမ်းခန်းတွေ တွေ့ရမလဲ ဇာတ်လမ်းမှာ ကြည့်ရှုခံစားလိုက်ကြစို့လားဗျာ….
Reviewed, Translated & Encoded by – Win Kyaw Thu
crd to fofmm
Genres: Action, Drama, Thriller
Rating: 3.5
Trailer
Friday, September 13, 2019
No Mercy (2010)
No Mercy (2010)
Rating.7.4
(Action, Crime, Thriller)
(Zawgyi)
(Unicode)
ကားကောင်းလေးဆိုပေမယ့် IMDb 7.4 အထိတောင်ရရှိထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းအမျိုးအစားကတော့ Action , Crime , Thriller ဖြစ်ပြီးတော့ 2010 မှာ
ထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင် No Mercy ဟာ ဒါရိုက်တာ Hyeong-Joon Kim က
ရိုက်ကူးတင်ဆက်ထားတဲ့ အလန်းစားရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်
One Of The Best Thriller Movie လို့တောင် တင်စားပြောရမလိုဖြစ်နေပါတယ်
ဇာတ်လမ်းအညွှန်းကိုတော့ ရှည်ရှည်ဝေးဝေးကြီးသိပ်မပြောလိုတော့ဘူး
နာမည်ကြီးဆရာဝန်တစ်ယောက်.ရယ် ငါးပိုင်းပိုင်းပြီးတော့ အသတ်ခံလိုက်ရတဲ့
မိန်းကလေးတစ်ယောက်နဲ့ လူသတ်သမား…ပြီးတော့ ပြည်ပမှာ စာသင်ပြီး
ပြန်လာမယ့် မှုခင်းဆရာဝန်ရဲ့သမီးကလည်း ထပ်ပြီးပြန်ပေးဆွဲခံရတဲ့အခါမှာတော့
ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုယ်တိုင်သာဆက်လက်ခံစားကြည့်ရှုပါ
အဆုံးသတ်လေးကလည်း အတော်ကိုထိသွားနိုင်ပါတယ်
ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ
18+ အခန်းတွေအနည်းငယ်တော့ပါပါတယ်
crd to channelmyanmar
Trailer
Friday, September 6, 2019
Legion (2010)
Legion (2010)
 Rating.5.2 (Action, Fantasy, Horror)
(Zawgyi)
(Unicode)
ဘုရားသခင်ကလူသားတွေအတွက် ပထမတစ်ခေါက်မျှော်လင့်ချက်ကုန်ဆုံးပြီး
ယုံကြည်မှု့ကင်းမဲ့သွားတဲ့အချိန်မှာ တစ်ကမ္ဘာလုံးကိုရေလွှမ်းမိုးမှု့ဖြစ်စေပြီးတော့
လူသားတွေကိုရှင်းလင်းခဲ့တယ် ပြီးတော့ နောဧကနေမှတစ်ဆင့်
လူသားမျိုးနွယ်တွေကိုတစ်ဖန်ပြန်စတင်စေခဲ့တယ်
အခုဒီဇာတ်ကားထဲမှာလည်း
ဘုရားသခင်ကလူသားတွေကို စိတ်ကုန်လာပြီးတော့
ယုံကြည်မှု့ပျောက်ဆုံးနေတဲ့အချိန်ကာလကနေစတင်ခဲ့ပါတယ်။
သူကပျက်ကပ်တစ်ခုကို စတင်ဖို့အတွက်အမိန့်ပေးထားပြီးနေပါပြီ။
အဲ့လိုအချိန်မှာပဲကန္တာရတစ်ခုကစားသောက်ဆိုင်လေးတစ်ဆိုင်မှာတော့
စားသောက်ဆိုင်ပိုင်ရှင် ဘော့ဘ်တစ်ယောက်တီဗွီတွေကအလုပ်မလုပ်လို့စိတ်ပျက်နေပါတယ်။
သူ့ဆိုင်မှာကလည်း ကားပျက်လို့သူ့သားဖြစ်သူ ဂျီပ်ကိုသူပြင်ခိုင်းထားရတဲ့
စုံတွဲတစ်တွဲကလည်းရှိနေသေးပါတယ်။သူတို့ကလည်း ကားအမြန်ပြီးဖို့ တဂျီဂျီနဲ့ဆိုပါတော့။
သူ့ဆိုင်မှာကတော့ သူရယ် သူ့သားဖြစ်သူရယ် ပြီးတော့ ချာလီဆိုတဲ့ကိုယ်ဝန်သည်ရယ်
ပါစီဆိုတဲ့စားဖိုမှူးကြိီးရယ်နဲ့လည်ပတ်နေတာပေါ့။
ဒီလိုနဲ့သူတို့တွေဟာဆိုရင်ဖုန်းလိုင်းတွေကော ရေဒီယိုလှိုင်း
တွေကောဘာတစ်ခုမှအလုပ်မလုပ်ကြောင်းသတိထားမိ
လာခဲ့ရာကနေ အဘွားကြီးတစ်ယောက်ရောက်လာတဲ့အချိန်မှာ
အကုန်ဗြောင်းဆန်ကုန်ပါတော့တယ်။ ဆက်လက်ခံစားကြည့်ရှုပါ
crd to channelmyanmar
Trailer
Thursday, September 5, 2019
Centurion (2010)
Centurion (2010)
Rating.6.4 (Action, Drama, History)
အက်ရှင်အလန်းစားများနဲ့ နင်းကန်သတ်ဖြတ်နေတဲ့ ဇာတ်လမ်းကောင်းကားမို့ 1080P5.1CHတို့နှင့်
တင်ဆက်ပေးထားပါသည်….
ဇာတ်ကားဆို သတ်မှ ဖြတ်မှ ကြမ်းတမ်းနေမှ ဆိုတဲ့လူတွေအတွက် အလွန်ကြမ်းသော ဇာတ်ကြမ်းကားကြမ်းကြမ်းကြီးကို ခပ်ကြမ်းကြမ်း တင်ပေးလိုက်ပါပြီ
စစ်ပွဲသမိုင်းတွေမှာ နာမည်ကြီးပေ့ဆိုတဲ့ ရောမစစ်သားတွေနဲ့ တိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ လူမျိုးစုတစ်စုအကြား ပဋိပက္ခစစ်ပွဲတွေအကြောင်း ရိုက်ကူးထားတာပါ
ဇာတ်လမ်းကတော့ ရောမစစ်သမိုင်းမှာ နာမည်ကြီးကြမ်းတမ်းတဲ့ Ninth Legion ဆိုတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိတယ်…အားရင် လူသတ်မယ်…အရက်သောက်ရင်း ပျင်းလာရင် လူရိုက်မယ်ဆိုတဲ့ အကြမ်းစားတပ်ဖွဲ့ကြီးတစ်ဖွဲ့ပေါ့…
ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း စစ်တပ်ကိုမုန်းတဲ့ ပြည်သူတွေဆိုတာ ရှိတာကိုး…အဲ့ဒီထဲကမှ Picts လူမျိုးစုတစ်စုဟာ စစ်တပ်ကို သေလောက်အောင် မုန်းတီးနေသူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်တာကြောင့် ရောမအကြီးအကဲတွေတောင် အကျပ်ရိုက် ကြောက်လန့်လာရပါတယ်…
အဲ့ဒီအချိန်မှာ ကြမ်းပေ့ဆိုတဲ့ Ninth Legion တပ်ဖွဲ့ကြီးကို ဖိတ်ခေါ်ပြီး အဆိုပါလူမျိုးစုတွေကို သွားရောက်နှိမ်နင်းခိုင်းတဲ့အခါမှာတော့ ရောမစစ်တပ်နဲ့ Picts လူမျိုးစုတွေ တွေ့ကြပါတော့တယ်…
ဒီဇာတ်လမ်းရဲ့ 90% လောက်က သတ်နေဖြတ်နေတာပါ…တိုက်ပွဲထဲမှာ ခေါင်းမှီရင် ခေါင်းကိုခုတ် လက်မှီရင် လက်ကိုခုတ် ဆိုတာမျိုးတွေ အပြည့်နဲ့ တကယ့်ရှေးခေတ်စစ်ပွဲတစ်ပွဲကို ပုံဖော်ထားတာကြောင့် လုံးဝလက်မလွှတ်ဘဲ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါလို့ ပြောကြားရင်း…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်….
Movie Trailer