Showing posts with label 2007. Show all posts
Showing posts with label 2007. Show all posts

Wednesday, May 20, 2020

The Bedside Detective (2007)

IMDb Rating (6.4) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။
ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ…
သူဟာ…တီဗွီပန်ကာ…နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီး
လုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး….
ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်….
ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။
အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့….
မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ………။
မင်းသားကတော့ I fine thank you,love you …Heard Attack ဇာတ်ကားတွေထဲက မင်းသား Sunny Suwanmethanont…
မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri…
တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)
– Zawgyi –
IMDb Rating (6.5) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။
ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ…
သူဟာ…တီဗွီပန်ကာ…နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီး
လုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး….
ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်….
ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။
အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့….
မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ………။
မင်းသားကတော့ I fine thank you,love you …Heard Attack ဇာတ်ကားတွေထဲက မင်းသား  Sunny Suwanmethanont
မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri…
တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။
crd to channelmyanmar

Gone Baby Gone (2007)

Gone Baby Gone (2007)
IMDB- 7.7/10 ….Rotten…94%ရရှိထားတဲ့
Crime/Drama ဇာတ်ကားတစ်ကားပါ
ဒါရိုက်တာကတော့ Good Will Hunting နဲ့
လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်
(Morgan Freeman ကြီးကိုလည်း သူနဲ့
အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို
ပြောရင်း တွေ့ရဦးမှာပါ)
ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင်
ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး
(၁) ဘယ်သူက မှန်လဲ?
(၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား?
ဒီတစ်ခါ Review ကို မရေးဘဲ
နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချိ့ ခံစားရှုမြင်ခဲ့တဲ့အပေါ်
Spoil မဖြစ်စေအောင် ရှောင်ရင်း
ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်…
(A)
Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့
အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို
ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။
ဇာလမ်းက ရှည်လျားဟန်ရှိပေမယ့်
အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။
ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ
ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။
(B)
ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။
ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘဝတွေကို
တင်ဆက်ပြသတတ်သူပါ။
ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိမယ့်
အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို တစ်ခုချင်းစီ ထုတ်ပြသွားပါတယ်။
Ben ဟာ ခင်ဗျားတို့ရဲ့ အာရုံကို ဘယ်အချိန်မှာ ဖမ်းစားရမလဲဆိုတာ
ကောင်းကောင်းသိပုံပေါ်တဲ့ ဒါရိုက်တာတစ်ဦးပါပဲ။
ဒီဇာတ်ကားဟာ ကျွန်တော့်ကို မေးခွန်းနှစ်ခုမေးပါတယ်
“ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း
လိုက်လုပ်ရမယ်လို့ ပြောတာလား”
“မှန်မယ်၊ မမှန်ဘူးဆိုတာ နောက်ဆုံးမှာ
ရသွားတဲ့အကျိုးကျေးဇူးကိုကြည့်ပြီးပြောမှာလား”
(C)
ဒီရုပ်ရှင်ဟာ ရိုးသားခြင်းရဲ့အရေးပါမှုကိုလှလှပပဖော်ကျူးပြီး တစ်ဆက်ထဲမှာပင် ဘဝရဲ့အလှတရားတွေကို
ဂရုမစိုက်တော့ကြတဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ရိုက်ပြထားတာပါ။
ဒီဇာတ်ကားကို ကြည့်ပြီးသွားတဲ့အချိန်မှာ
ကလေးသူငယ်တွေကို ဒီထက်ပိုပြီး ကြင်နာမယ်၊ စာနာမယ်၊
မေတ္တာထားမယ်ဆိုတဲ့ စိတ်ဖြစ်မလာဘူးဆိုရင်
ခင်ဗျားတို့ဟာ ရင်ဘတ်ဗလာနဲ့ လူသားတွေပါပဲ။ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Sherlockပဲဖြစ်ပါတယ်….
crd to channelmyanmar

Tuesday, May 19, 2020

Awarapan (2007)

Awarapan(2007)
ဒီAwarapan 2007ဇာတ်ကားလေးကတော့ IMDB rating 7.2/10ရရှိထားတဲ့
ဇာတ်ကားတစ်ကားဖြစ်ပြီး
Action, Drama, Romance ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။
ဂန်းစတားတစ်ယောက်…သူ့ဘဝမှာ သစ္စာတရားဆိုတာကိုလက်ကိုင်ထားပြီး
ဂန်းစတားအဖွဲ့တစ်ခုဆီမှာလုပ်တယ်…
ကိစ္စတော်တော်များများဟာ သူ့ရဲ့လက်ရဲဇက်ရဲနဲ့
ထက်မြက်တဲ့ စဉ်းစားဉာဏ်တွေကြောင့်အောင်မြင်တယ်…
ဂန်းစတားခေါင်းဆောင်ကလည်း သူ့ကိုအားကိုးတယ်…
တစ်နေ့တော့ သူ့ကို လူကုန်ကူးခံရတဲ့မိန်းကလေးတစ်ယောက်ကို
သတ်ဖို့အမိန့်ပေးခြင်းခံရပါတယ်။ မိန်းကလေးတစ်ယောက်ကို သတ်ရမယ်ဆိုပေမဲ့လည်း
အမိန့်က အမိန့်ပဲမဟုတ်လား….
ဒီလုပ်ရပ်ကို သူမနှစ်မြို့ပေမယ့်လည်း သူသတ်ဖြတ်ဖို့စီစဉ်ပါတယ်…
သို့ပေမယ်… ဒီမိန်းကလေးအပေါ်မှာ သနားဂရုဏာသက်သွားပြီးတဲ့အချိန်မှာတော့
ဘယ်သူမှ မထင်ထားတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပါတော့တယ်…
သူ့ရွေးချယ်ထားတဲ့လမ်းကြောင့် ဂန်းစတားအဖွဲ့က သူ့ကို ဘယ်လို အဆုံးသတ်ပေးမလဲ..
သူချစ်ခင်သွားတဲ့ကောင်မလေးကရော ဘယ်သူဖြစ်မလဲ…
အန္တရယ်များလွန်းလှတဲ့ ဒီလမ်းကြောင်းကိုရော သူဖြတ်ကျော်နိုင်ပါ့မလား…..
အက်ရှင် ဇာတ်ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း……
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ဖြစ်ပါတယ်…..
crd to channelmyanmar

Wednesday, May 6, 2020

The Great Debaters (2007)

The Great Debaters(2007)
IMDb…..7.6,,,,,Rotten….79%
စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်….
ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာ
စာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင်
တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ…
ကျွန်တော်ဘာလို့ ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့
ခင်ဗျားတို့လည်းမှန်းမိလောက်မှာပါ….
ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့
ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်….
သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့  အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်…
ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို့  အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေ
မြင်နေရလိမ့်မယ်…ဒီကားကိုကြည့်မယ်ဆိုရင်  debate ပွဲတွေများစွာကြည့်ရမယ့်အပြင်
ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်..
ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ…အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချို့တွေ တွေ့ရလိမ့်မယ်…
နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်…
ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို့ ခင်ဗျားဟာ
ကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်….
ဘာသာပြန်သူကတော့ Scarlett May ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, April 20, 2020

The Invasion (2007)

Unicode

Nicole Kidman နဲ့ ဂျိန်းဘွန်းမင်းသားတို့ ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်း

Zawgyi

Nicole Kidman နဲ့ ဂျိန်းဘွန်းမင်းသားတို့ ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်း
crd m-sub movie

Friday, April 3, 2020

The Legend of Naresuan: Part 2 (2007)

Naresuan : Part 2
ဒီဇာတ်လမ်းမှာတော့ နရဲစွမ်ဟာ
အရွယ်ရောက်လာခဲ့ပါပြီ။ ကာလကတော့
ဘုရင့်နောင်မင်းတရားကြီး သေဆုံးပြီးနောက်ပိုင်းမှာပါ။
လက်ရှိဘုရင်က ထိုင်းကို စစ်ကြော်ငြာလိုက်တဲ့အချိန်မှာ
မင်းရဲကျော်စွာက နရဲစွမ်ကို လုပ်ကြံဖို့
စီစဉ်ပါတော့တယ်။
ဒီသတင်းကို နရဲစွမ်မင်းသား
ကြားတဲ့အချိန်မှာ အယဒ္ဓယကို
မြန်မာနိုင်ငံရဲ့လက်အောက်က
အလွတ်ရုန်းဖို့ ကြိုးစားပါတော့တယ်။
တိုင်းပြည်လွတ်လပ်ရေးအတွက်
ဆင်နွဲခဲ့တဲ့ ထိုင်း-မြန်မာ
စစျပှဲတှေ အကွောငျးပဲ ဖွစျပါတယ်
crd to channelmyanmar

Thursday, April 2, 2020

Control (2007)

Freddie Mercury ရဲ့ Bohemian Rhaspody ကိုသင်ကြိုက်ခဲ့တယ်ဆိုရင်
ဒီရုပ်ရှင်ကသင့်အတွက်ပါပဲ Joy Division ရဲ့
Ian Curtis အကြောင်းကို ရိုက်ကူးထားတာပါ
အီယံ ကာတစ်ဟာ မသန်စွမ်းလူငယ်များကို အလုပ်ရှာပေးတဲ့ အေဂျင်စီမှာ
အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်
Warsawလို့ခေါ်တဲ့Bandရဲ့အဆိုတော်လည်းဖြစ်ပါတယ်
David Bowieကိုကြိုက်နှစ်သက်သူဖြစ်ပြီး
Debbieလို့ခေါ်တဲ့ကောင်မလေးနဲ့တွေ့ဆုံကာ
ချက်ချင်းပဲ ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်လိုက်ပါတော့တယ်
အဲ့အချိန်မှာပဲ သူတို့ရဲ့bandနာမည်ဟာ Joy Divisionဖြစ်လာပြီး
လူအများရဲ့အာရုံစိုက်ခြင်းကို စတင်ခံလာရပါတော့တယ်
Bandနာမည်ရလာတာနဲ့အမျှအိမ်မှာသိပ်မရှိတဲ့ အီယံ ဟာ
မိဘနေရာကိုရောက်မှန်းမသိရောက်လာပြီး
သူတို့ရဲ့အိမ်ထောင်ရေးဟာ Annikဆိုတဲ့ကောင်မလေးနဲ့စတွေ့မိရာကနေ
ချောက်ထဲကိုထိုးကျသွားပါတော့တယ်
အီယံဟာ epilepsyကိုခံစားနေရပြီး ကောင်းမွန်တဲ့ဆေးဝါးကုသမှုလည်းမရခဲ့ပါဘူး
သူဟာ အိမ်ထောင်ရေး အချစ်ရေး နာမည်ကြီးလာခြင်း နဲ့
တစ်ခါတစ်ခါဖျော်ဖြေတိုင်းသူ့ရဲ့စွမ်းအင်ဆုံးရှုံးမှုတွေကို
ထိန်းကျောင်းနိုင်ခြင်းမရှိတော့ပါဘူး အဲ့အခါကျတော့….

ထိန်းကျောင်းနိုင်ခြင်းမရှိတော့ပါဘူး အဲ့အခါကျတော့…
crd to channelmyanmar

Tuesday, February 18, 2020

Two Faces of My Girlfriend (2007)

Unicode
၂၀၀၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကတော့ မင်းသား Bong Tae Gyu နဲ့ မင်းသမီး Jung Ryeo Won တို့ တွဲဖက်ပါဝင်ထားတာဖြစ်ပါတယ်။ အသက် (၃၀) အရွယ်ထိ ချစ်သူရည်းစားမထားဖူးတဲ့ အမျိုးသားတစ်ယောက်နဲ့ စိတ် (၂) ခွ ရောဂါဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ အကြားက ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

crd to mmsub

Wednesday, January 15, 2020

Guru (2007)

Guru (2007)
Rating: 7.7
Genres: Biography, Drama

“…ကျနော့် အဖေ ပြောတော့မယ်
ဒါပေမယ့် ကျနော် အိပ်မက်မက်မယ် ကျနော်တို့ အားလုံး အိပ်မက်မက်ကြတယ်
အိန္ဒိယမှာ အကြီးမားဆုံး ကုမ္ပဏီကြီး
ဖြစ်လာဖို့
ကျနော်တို့ အိပ်မက် တကယ် ဖြစ်လာပြီမို့လား?
ဟုတ်တယ်- ပြီးတော့ အခု ကျနော်တို့ ရပ်ကြမလား?
မရပ္ဘူး
ကျနော်တို့ နောက်ထပ် အိပ်မက်တွေ ရဲရဲရင့်ရင့် ဆက်မက်ကြမလား?
မက်မယ်
ကျနော်တို့ ကမ္ဘာမှာ အကြီးမာဆုံး ကုမ္ပဏီ ဖြစ်မယ်မို့လား?
ဖြစ်မယ်
ကျနော်တို့ လာနေပြီလို့ ကမ္ဘာကို ပြောကြမယ်မို့လား?
ပြောမယ်… “
Guru (2007) သည် IMDb 7.7/10 Rotten Tomatoes 83% Filmaffinity 6.4/10 Google users 85%  ရထားသော ဒါရိုက်တာ Mani Ratnam ရိုက်ကူးထား၍  Mani Ratnam, Vijay Krishna Acharya တို့က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Mithun Chakraborty, Abhishek Bachchan, Aishwarya Rai Bachchan တို့ပါဝင်သရုပ်ဆောင်ထားသော Biography, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…..
၁၉၅၈ ဘုံဘေမြို့ကို ရှပ်အကျႌနှစ်ထည်ထဲနဲ့ ရောက်လာတဲ့ ရွာသားလေးတစ်ယောက်ဖြစ်တဲ့ ဂုရုခန့် ဒက်စိုင်းဟာ အိန္ဒိယ သမိုင်းကြောင်းမှာ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီး ဂုရုဖြစ်လာအောင် အခက်အခဲတွေကြားက ဘယ်လို ကြိုးပမ်း လုပ်ဆောင်ခဲ့ရပုံကို ရိုက်ပြထားတဲ့ အတ္တုပ္ပတ္တိဒရာမာဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်ကားမှာ ကြည့်ရှုခံစားကြည့်လိုက်ကြစို့လားဗျာ…
crd to fofmyanmar
Trailer