Showing posts with label Music. Show all posts
Showing posts with label Music. Show all posts

Tuesday, June 9, 2020

Fanney Khan (2018)

“…ဖန်နီ ခန်
ဒီနာမည်က အဓိပ္ပါယ် အများကြီး ရှိတယ်…
အနုပညာရှင် ဖျော်ဖြေသူ
အဆိုတော် မှော်ပညာရှင်
ဒါမှမဟုတ် ငတုံးတစ်ယောက်
ဘယ်သူမဆို သူနဲ့အတူ ပျော်စရာအချိန်တွေ ရရှိရင်
ဖန်နီခန်တစ်ယောက်ပဲ
ဒါက အဲ့ဒီလို ဖန်နီခန်တွေထဲက တစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့
ဒီနာမည်ရဲ့ တကယ့်အဓိပ္ပါယ်တွေကို ပြောင်းလဲပေးခဲ့သူပေါ့…. “
Fanney Khan (2018) ဟာ IMDb 4.5/10 Google users 76% Rotten Tomatoes 56% Facebook 3.7/5
ရထားသော ဒါရိုက်တာ Atul Manjrekar ရိုက်ကူးထား၍  Dominique Deruddere, Atul Manjrekar က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Aishwarya Rai Bachchan, Anil Kapoor, Rajkummar Rao တို့ပါဝင်သရုပ်ဆောင်ထားသော Comedy, Drama, Music ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ဖန်နီခန်က ဂီတလောကမှာ သူ့ရဲ့ သမီးကို နာမည်ကြီးအောင် လုပ်ပေးချင်လို့ ဘယ်လိုတွေ လှုပ်ရှားရုန်းကန်သွားလဲ ဟာသ ဒရာမာ ဂီတ ရသတွေ ဖန်တီးသွားမလဲ ဇာတ်ကားမှာ ခံစားကြည့်လိုက်ကြစို့လားဗျာ…
crd to fofmm

Monday, April 27, 2020

We Summon the Darkness (2019)

We Summon the Darkness(2019)
လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့
ကောင်မလေးသုံးယောက်က စတိတ်ရှိုးပွဲကို ကြည့်ဖို့သွားရင်းနဲ့ ကောင်လေးအဖွဲ့နဲ့ ဆုံခဲ့ပါတယ်။
အဲ့အချိန်မှာ စေတန်မာရ်နတ်ကို ကိုးကွယ်ယုံကြည်တဲ့သူတွေက လူတွေလိုက်သတ်နေတဲ့ အချိန်ဖြစ်တယ်။
ရှိုးပွဲပြီးတဲ့ညမှာ သူတို့ သုံးယောက်နဲ့ လမ်းမှာဆုံတွေ့တဲ့
ကောင်လေးတွေ အဖွဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးကြုံခဲ့ကြတယ်..။
ဘယ်သူတွေက ဘာသာရေးမှိုင်းတတ်ခံရပြီး လိုက်သတ်နေကြတာလဲ။ သူတို့အားလုံးကေ
ာ ရှင်နိုင်ကြမှာလား။ တစ်ဖက်ပိတ် အယူဝါဒတွေရဲ့ ကြောက်စရာကောင်းမှု၊ ဆိုက်ကို ဆန်ဆန် လူသတ်နေမှုရဲ့
နောက်ကွယ်က ကြိုးကိုင်နေမှုတွေကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်.ခပ်ကြမ်းကြမ်းHorror ကားကြိုက်သူတို့
လက်မလွှတ်သင့်ပါကြောင်း….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်…
crd to channelmyanmar

Monday, April 20, 2020

I Still Believe (2020)

MDB 6.2 နဲ့ RT မှာ 46%ရထားတဲ့ လူငယ်ဂီတအချစ်ကားလေးလို့ ပြောရမယ်။
Drama ကားကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတကားပဲ။
တခုကြိုပြောစရာရှိတာက ဒါက ခရစ်ယာန်ယုံကြည်မှုကိုအသားပေးထားတဲ့
ဇာတ်ကားလေးမလို့ သူတို့ဆိုတဲ့သီချင်းတွေ
သူတို့ရဲ့ရေဒီယိုထုတ်လွှင့်တဲ့နေရာတွေကလည်း
ခရစ်ယာန်အသိုင်းအဝိုင်းတွေပဲဖြစ်တယ်ဆိုတာကိုပါ။
နောက်တခုပြောစရာရှိတာက ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ။
ကောလိပ်တက်ဖို့ ပြင်ဆင်ပြီးသွားတော့မယ့်သားကို
လိုက်ပို့နေတဲ့ချစ်စရာကောင်းတဲ့မိသားစုလေးတခု။
ကောလိပ်သွားမယ့်သားကလည်း ဂီတမှာ ဝါသနာပါပြီး ထူးချွန်တဲ့သူတယောက်။
သူကောလိပ်ရောက်တဲ့အခါမှာတော့ နဂိုကတည်းက သူအားကျရတဲ့
အဆိုတော်ဆိုတဲ့ပွဲကိုသွားမိတ်ဆက်ရင်း ခင်မင်ခဲ့တယ်။
နောက်ပြီး အဲဒီပွဲမှာပဲ ကောင်မလေးတယောက်ကိုမြင်ပြီး သဘောကျသွားခဲ့တယ်။
အဲဒီကောင်မလေးကိုလည်း စကားသွားပြောရင်း
နောက်ရက်မှာ​တော့ သူ့ကို အဲဒီကောင်မလေးက ညနေကျရင် တွေ့ဖို့ပြောခဲ့တယ်။
သူလည်း တွေ့ဖို့သွားခဲ့ပေမယ့် သူထင်သလိုမဟုတ်ပဲ
မထင်ထားတဲ့သူတယောက်ကိုပါ တွေ့ခဲ့တယ်။
နောက်ပိုင်းမှာတော့ အကြောင်းတခုကြောင့် သူတို့တွဲနေပေမယ့်
ဘယ်သူ့ကိုမှ ပေးမသိခဲ့ကြဘူး။
အဲဒီကိစ္စနဲ့ပဲ ပြဿနာတွေတက်ကြပြီး
သူလည်း ခရစ်စမတ် အချိန်နဲ့ဆိုတော့ အိမ်ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တဲ့ညမှာပဲ ဖုန်းတခုဝင်လာခဲ့တဲ့နောက်မှာတော့…….
လူငယ်ဂီတအချစ်ကားလို့ပြောရမယ့်
ဒီကားက အခုလတ်တလောမှ ထွက်ထားတာ။
မင်းသားနဲ့မင်းသမီးကတော့ A Dog’s purpose မှာလည်း အတူတူသရုပ်ဆောင်ဖူးတယ်။
မင်းသမီးကလည်း The Longest Ride ထဲက မင်းသမီး Britt Robertson ပါ။
Drama ကြိုက်တဲ့သူတွေအတွက်
တကယ်ကိုကြည့်လို့အဆင်ပြေမယ့်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Stay Home ပြီး ဇာတ်ကားလေးကို ခံစားလိုက်ကြပါအုံး။
crd to channelmyanmar

Thursday, April 2, 2020

Control (2007)

Freddie Mercury ရဲ့ Bohemian Rhaspody ကိုသင်ကြိုက်ခဲ့တယ်ဆိုရင်
ဒီရုပ်ရှင်ကသင့်အတွက်ပါပဲ Joy Division ရဲ့
Ian Curtis အကြောင်းကို ရိုက်ကူးထားတာပါ
အီယံ ကာတစ်ဟာ မသန်စွမ်းလူငယ်များကို အလုပ်ရှာပေးတဲ့ အေဂျင်စီမှာ
အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်
Warsawလို့ခေါ်တဲ့Bandရဲ့အဆိုတော်လည်းဖြစ်ပါတယ်
David Bowieကိုကြိုက်နှစ်သက်သူဖြစ်ပြီး
Debbieလို့ခေါ်တဲ့ကောင်မလေးနဲ့တွေ့ဆုံကာ
ချက်ချင်းပဲ ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်လိုက်ပါတော့တယ်
အဲ့အချိန်မှာပဲ သူတို့ရဲ့bandနာမည်ဟာ Joy Divisionဖြစ်လာပြီး
လူအများရဲ့အာရုံစိုက်ခြင်းကို စတင်ခံလာရပါတော့တယ်
Bandနာမည်ရလာတာနဲ့အမျှအိမ်မှာသိပ်မရှိတဲ့ အီယံ ဟာ
မိဘနေရာကိုရောက်မှန်းမသိရောက်လာပြီး
သူတို့ရဲ့အိမ်ထောင်ရေးဟာ Annikဆိုတဲ့ကောင်မလေးနဲ့စတွေ့မိရာကနေ
ချောက်ထဲကိုထိုးကျသွားပါတော့တယ်
အီယံဟာ epilepsyကိုခံစားနေရပြီး ကောင်းမွန်တဲ့ဆေးဝါးကုသမှုလည်းမရခဲ့ပါဘူး
သူဟာ အိမ်ထောင်ရေး အချစ်ရေး နာမည်ကြီးလာခြင်း နဲ့
တစ်ခါတစ်ခါဖျော်ဖြေတိုင်းသူ့ရဲ့စွမ်းအင်ဆုံးရှုံးမှုတွေကို
ထိန်းကျောင်းနိုင်ခြင်းမရှိတော့ပါဘူး အဲ့အခါကျတော့….
Freddie Mercury ရဲ့ Bohemian Rhaspody ကိုသင်ကြိုက်ခဲ့တယ်ဆိုရင်
ဒီရုပ်ရှင်ကသင့်အတွက်ပါပဲ Joy Division ရဲ့
Ian Curtis အကြောင်းကို ရိုက်ကူးထားတာပါ
အီယံ ကာတစ်ဟာ မသန်စွမ်းလူငယ်များကို အလုပ်ရှာပေးတဲ့ အေဂျင်စီမှာ
အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်
Warsawလို့ခေါ်တဲ့Bandရဲ့အဆိုတော်လည်းဖြစ်ပါတယ်
David Bowieကိုကြိုက်နှစ်သက်သူဖြစ်ပြီး
Debbieလို့ခေါ်တဲ့ကောင်မလေးနဲ့တွေ့ဆုံကာ
ချက်ချင်းပဲ ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်လိုက်ပါတော့တယ်
အဲ့အချိန်မှာပဲ သူတို့ရဲ့bandနာမည်ဟာ Joy Divisionဖြစ်လာပြီး
လူအများရဲ့အာရုံစိုက်ခြင်းကို စတင်ခံလာရပါတော့တယ်
Bandနာမည်ရလာတာနဲ့အမျှအိမ်မှာသိပ်မရှိတဲ့ အီယံ ဟာ
မိဘနေရာကိုရောက်မှန်းမသိရောက်လာပြီး
သူတို့ရဲ့အိမ်ထောင်ရေးဟာ Annikဆိုတဲ့ကောင်မလေးနဲ့စတွေ့မိရာကနေ
ချောက်ထဲကိုထိုးကျသွားပါတော့တယ်
အီယံဟာ epilepsyကိုခံစားနေရပြီး ကောင်းမွန်တဲ့ဆေးဝါးကုသမှုလည်းမရခဲ့ပါဘူး
သူဟာ အိမ်ထောင်ရေး အချစ်ရေး နာမည်ကြီးလာခြင်း နဲ့
တစ်ခါတစ်ခါဖျော်ဖြေတိုင်းသူ့ရဲ့စွမ်းအင်ဆုံးရှုံးမှုတွေကို
ထိန်းကျောင်းနိုင်ခြင်းမရှိတော့ပါဘူး အဲ့အခါကျတော့…
crd to channelmyanmar