Showing posts with label Crime. Show all posts
Showing posts with label Crime. Show all posts

Friday, June 5, 2020

Dum Maaro Dum (2011)

Dum Maaro Dum(2011)
အေစီပီဗရှ်နူးကာမသ်ဟာမိသားစု စားဝတ်နေရေးချောင်လည်ဖို့ဘာမဆိုလုပ်တဲ့သူပါ….
တရားမဝင်လုပ်ရပ်တွေလာဘ်စားပြီး ငွေအတွက်လက်တစ်လုံးခြားလုပ်စားနေတဲ့သူဆိုပါတော့…..
ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိသားစုနဲ့အတူခရီးသွားနေတုန်းရုတ်တရက်အက်ဆီးဒန့်တစ်ခုနှင့်ကြုံခဲ့ရပါတယ်။
မိသားစုအတွက်ပိုက်ဆံကိုနည်းမျိုးစုံနဲ့ရှာတတ်တဲ့ အေစီပီဗရှ်နူးတစ်ယောက်
သူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရပြီး သူ့မှာ အတွေးကြီးတစ်ခုကျန်ခဲ့တယ်…
သူရှာခဲ့တဲ့ငွေတွေဟာလည်းသိပ်ချစ်တဲ့မိသားစုတွေကိုပြန်မခေါ်ပေးနိုင်ဘူးပေါ့…
ဒီနောက်တော့ သူပြောင်းလဲသွားပါတော့တယ်….
၅နှစ်ကြာပြီးတဲ့နောက် ဂိုအာမြို့မှာမူးယစ်ဂိုဏ်းတွေကိုရှင်းလင်းဖို့အမိန့်ပေးခံခဲ့ရပြီး အေစီပီတစ်ယောက်မူးယစ်ဂိုဏ်းတွေကိုရှင်းလင်းနိုင်မလား?
မူးယစ်ဖြန့်ဖြူးရေးလုပ်ငန်းရဲ့နောက်ကွယ်မှာအဓိကကြိုးကိုင်ထားတာကရောဘယ်သူလဲ?
အေးစီပီတစ်ယောက်ဘယ်လိုပဟေဠိတွေနဲ့ရင်ဆိုင်ရမလဲ? ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့…….
Action, Crime ကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း..
ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။
crd to channelmyanmar

Wednesday, May 27, 2020

Just Heroes (1989)

ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
14/9/1989 ကထွက်ရှိထားတဲ့ Just Heroes (1989) ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Drama comedy အမျိုးအစားပါ
ဒီကားလေးက ဂန္တဝင်မင်းသားကြီး Danny Lee ဦးဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ John Wooနှင့် Wu Maတို့ပူးပေါင်း ရိုက်ကူးထားသော်လည်း ဒီရုပ်ရှင်ရဲ့ ၆၀ရာခိုင်နှုန်းကိုတော့John Woo ကဦးစီးထားတယ်လို့ဆိုပါတယ်။
ဒီကားဟာ Stephen Chowရဲ့ အစောဆုံးဇာတ်ကားလို့ပြောလို့မရသေးပါဘူး။ သူ့ရှေ့မှာ Final Justic တို့ Faithfully Yoursတို့မှ Main Actorအဖြစ် ပါဝင်ခဲ့ဖူးပြီးပါပြီ။ ဒီဇာတ်ကားမှာတော့ Supporting Actor အနေနဲ့ပဲပါဝင်ပါတယ်။
Final Justic နဲ့ Faithfully Yours ကိုsc channel က တင်ဆက်ပြီးပါပိ
ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ FOF တို့က တင်ဆက်ပေးလိုက်ပါတယ်
ရုပ်ရှင်ကရရှိတဲ့ အကျိုးအမြတ်ကို ဟောင်ကောင်ဒါရိုက်တာအဖွဲ့ ရန်ပုံငွေအတွက် ရည်ရွယ်ရိုက်ကူးခဲ့ပေမယ့် ရလာတဲ့ Box Office က ၇မီလီယံသာရရှိတာမို့ ပရိုဂျူဆာက နောက်ရုပ်ရှင်အတွက်သာထည့်သုံး လိုက် ပါတယ်။ဒီရုပ်ရှင်ဟာ 1989တနှစ်တာ Box office စာရင်းမှာ အဆင့် ၄၈ နေရာ ၌ သာ ရပ်တည်ခဲ့ပါတယ်။
_________
ဟောင်ကောင်မှာ မာဖီးယား‌ တွေအုပ်စိုးစဉ်ကပေါ့။ ဂိုဏ်းတိုင်းက လေးစားရတဲ့ မာဖီးယား ကြီးတစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူ့မှာဆိုးတူဆိုးဖက် သား၃ယောက်လဲရှိပါတယ်တဲ့။ ကျန်တာတော့ဆက်ကြည့်လိုက်ပါတော့။ချတာနှပ်တာ နဲ့တကားလုံး ကြည့်ရမှာဖြစ်လို့ ချောင်ကို အသွင်တစ်မျိုး၊အမြင် တစ်မျိုးမြင်ရမယ့်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
___________
မြင်နေကြ Comedy Typeကို မြင်ရမှာမဟုတ်ပဲ ၁၉၈၀ ကျော်ကာလဆိုတော့ ဆရာကြီး မဖြစ်သေးတဲ့ ပညာသင်ကာလပေါ့ဗျာ။ Action အမျိုးအစားဖြစ်လို့ ရယ်ရလားလို့တော့မမေးပါနဲ့။မအောင်မြင်ခင်ကာလမှာ မင်းသားကြီးတွေကြား ချောင်ဘယ်လို မျက်နှာငယ်နဲ့ ဝင်သရုပ်‌ဆောင်ထားလဲဆိုတာ တွေကိုမြင်ရမှာဖြစ်ပါတယ်။😁
crd to fofmm

 (တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)

Final Justice (1988)

ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
23/6/1988 ကထွက်ရှိထားတဲ့ Final Justice (1988) ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Drama comedy အမျိုးအစား ဖြစ်ပြီး The Unmatchable Match(သေတမ်းစာလုတဲ့ဇာတ်ကား) ရဲ့ ဒါရိုက်တာကြီး Parkman Wong ကပဲ ရိုက်ကူးထားပြီး  မင်းသား Danny Lee နှင့် Stephen Chowတို့တွဲဖက် သရုပ်ဆောင်ထားတဲ့ ဇာတ်ကြမ်းကားပဲဖြစ်ပါတယ်။
၂၁ယောက်စုပြီး ကြည့်ရတဲ့ ၂၁+ကားဖြစ်လို့ ပတ်ဝန်းကျင် အခြေအနေကြည့်ပြီးမှသာ ကြည့်ရူကြဖို့တိုက်တွန်းလိုက်ပါတယ်။
( ကလေးငယ်များကြည့်ရူရန်မသင့်တော်တဲ့အခန်းအချို ဆင်ဆာဖြတ်ထားပါတယ်)
ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ FOF ပူပေါင်း တင်ဆက်ပေးလိုက်ပါတယ်
Danny Lee သည်ရုပ်ရှင် ပရိုဂျူဆာ / သရုပ်ဆောင်တစ်ယာက်ဖြစ်ပြီး ယခုဇာတ္ကားကိုလဲ Danny lee ကိုယ်တိုင် ထုတ်လုပ်ခဲ့တဲ့အပြင် ချောင်ရဲ့  Legend Of the Dragon ဇာတ္ကားကို ရိုက္ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။
ကျွန်တော် ကေတာ့ လူသားပေါက်စီဇာတ်ကားဖြစ်တဲ့ The Untold Story (1993) ဇာတ္ကားမွာ ပါဝင်တဲ့Officer lee ကေန Danny Lee ကိုစသိခဲ့တာဖြစ်ပါတယ်။
Stephen Chowရဲ့ ပထ မဆုံး ရုပ်ရှင်ဇာတ်ကားကြီးခြေ လှမ်း ကို ဒီကားဖြင့်စလုပ်ခွင့်ရခဲ့ပြီး ဇာတ္ကားတစ္ကားလုံးမွာ (Win1 နှင့် Nomi2)ဆုထိရရှိခဲ့ပါတယ်။ အဆိုပါ၃ဆုလုံးကို ဇာတ်လမ်းရဲ့ ဇာတ်ပို့ဖြစ်တဲ့ စတီဗင်ချောင်ကသာ ပတ်သိမ်းသွားခဲ့တာ တကယ့်အံ့မခန်းလိလိပါပဲ။
Best Supporting Actorအဖြစ် ဆုရရှိခဲ့ပြီး
Best Sup Actor/New Performer အဖြစ်လည်း ၂ဆု Nominee ၀ငျခဲ့တာပါ။ ဒီလိုဆုတွေရရှိပြီး ၁၉၉၀ နောက်ပိုင်းမှာ တော့ ချောင်သည် ဟောင်ကောင် ရုပ်ရှင်လောက်ကထိပ်တန်းနေရာတွေကို ပတ်သိမ်းသွားခဲ့တဲ့ထိ အောင်မြင်ခဲ့ပါတယ်။
ဒီကားကို ၁၉၈၈ ဇြန္လမွာ ထွက်ရှိခဲ့ပြီး ၁၉၈၈ ဒီဇင်ဘာမှာတော့ ဒုတိယကားအဖြစ် Faithfully Yours မြာ ထပ်မံသရုပ်ဆောင်ထားပါသေးတယ်။
ထိုအခါက အသက် ၂၆ နှစ်သာ ရှိသေးတဲ့ ချောင်ရဲ့ ကြိုးစားပန်းစား Mood ထည့်ရိုက်ကူးထားတာကို မြင်ရမှာဖြစ်ပြီး အကောင်းစား သရုပ်ဆောင်ထားသည်မှာ ဆုနဲ့ထိုက်တန်လွန်းလှပါတယ်။
ကျွန်တော်တို့ကြည့်နေကြ ချောင်ရဲ့တစ်ကိုယ်တောင် သရော်ကားတွေနဲ့ယှဉ်ရင် နည်းနည်းအားမလိုအားမရ ဖြစ်စေရမှာပါ။(ချောင်ဆိုတာနဲ့ တကားလုံးမျက်ခွက်ပြောင်တာပဲမြင်နေရတာကိုး)
 ချောင်ရဲ့ ငယ်ရွယ်စဉ်က သရုပ်ဆောင်ချက်တွေ၊ဘယ်လိုအောက်ခြေကနေ ကြိုးစားပန်းစား သရုပ်ဆောင်ကာ တက္လာရသလဲဆိုတာကို စိတ်ဝင်စားသူဆိုရင်တော့ ဒီကားလေးကို ကြည့်စေချင်ပါတယ်ခင်ဗျာ။
crd to fofmm 

(တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)

Monday, May 25, 2020

My Hero (1990)

My Hero (1990)
IMDB(5.7)
ဂန်းစတားလောကမှာ ကျက်စားမယ့် စတီဖင်ချောင်ကိုမြင်ရမှာပါ။
အခွီတွေချည်းမဟုတ်ဘဲ Action ရော Drama ရော ပေါင်းစပ်တင်ဆက်ထားပါတယ်။
+++++++++++++++++
ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့
တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။
တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။
စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ
သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…
ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…
စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော
သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။
ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။
စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…
စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…
ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…
ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။
ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။
ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။
ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ
တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
crd to channelmyanmar

The King (2017)

ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က ” ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ”
မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်” အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး
ဘယ်ကပြနေမလဲတဲ့” The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို
မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော်
ကိုယ်တိုင်လည်းမသိဘူး…..ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ်
သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း
ရှိသေးသကိုးဆိုပြီးတော့ပေါ့….ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ်
တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်…တစ်ခုတော့
ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ…..
ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများသိကြမှာပါ…..
crd to channelmyanmar

Once Upon a Time in Mexico (2003)

Unicode

ဂစ်တာအိတ်ကြီးလွယ်ထားတတ်တဲ့ သွေးအေးလူသတ်သမားတွေအကြောင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်…
မင်းသားကြီး Johnny Depp , Antonio Banderas တို့အပြင် မင်းသမီးတွေဖြစ်တဲ့ Salma Hayek နဲ့ Eva Mendes တို့လို နာမည်ကျော်တွေနဲ့ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာ Robert Rodriguez ရဲ့ Mexico Trilogy ထဲကနောက်ဆုံးဇာတ်ကားပါ။
သူ့ရှေ့က ရိုက်ကူးခဲ့တဲ့ El Mariachi (1992) နဲ့ Desperado (1995) ဆိုတဲ့ ဇာတ်ကားတွေကလဲ ဒါရိုက်တာ Robert Rodriguez ရဲ့ နာမည်ကျော်ဇာတ်ကားတွေပါ။ El Mariachi (1992) ဇာတ်ကားဆိုရင် Budget $7000 သာအကုန်အကျခံခဲ့ပြီး Box Office မှာ $2 million ထိရရှိခဲ့လို့ “ဘတ်ဂျက်မရှိရင် အောင်မြင်တဲ့အနုပညာကို မလုပ်ပြနိုင်ဘူး” ဆိုတဲ့ လူစားတွေကို လက်ညှိုးထိုး ဟားတိုက်ပြနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။
(Mexico Trilogy ရဲ့ရှေ့ကဇာတ်ကားတွေကို ကြည့်ကြမယ်ဆိုရင် နောက်များမကြာမီ တင်ဆက်ပါ့မယ်။)
အခုတော့ လူစုံတက်စုံပါဝင်ထားတဲ့ Once Upon a Time in Mexico ဇာတ်ကားလေးကို အရင်ကြည့်လိုက်ရအောင်ပါ။
Credit Review

Zawgyi

ဂစ်တာအိတ်ကြီးလွယ်ထားတတ်တဲ့ သွေးအေးလူသတ်သမားတွေအကြောင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်…
မင်းသားကြီး Johnny Depp , Antonio Banderas တို့အပြင် မင်းသမီးတွေဖြစ်တဲ့ Salma Hayek နဲ့ Eva Mendes တို့လို နာမည်ကျော်တွေနဲ့ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာ Robert Rodriguez ရဲ့ Mexico Trilogy ထဲကနောက်ဆုံးဇာတ်ကားပါ။
သူ့ရှေ့က ရိုက်ကူးခဲ့တဲ့ El Mariachi (1992) နဲ့ Desperado (1995) ဆိုတဲ့ ဇာတ်ကားတွေကလဲ ဒါရိုက်တာ Robert Rodriguez ရဲ့ နာမည်ကျော်ဇာတ်ကားတွေပါ။ El Mariachi (1992) ဇာတ်ကားဆိုရင် Budget $7000 သာအကုန်အကျခံခဲ့ပြီး Box Office မှာ $2 million ထိရရှိခဲ့လို့ “ဘတ်ဂျက်မရှိရင် အောင်မြင်တဲ့အနုပညာကို မလုပ်ပြနိုင်ဘူး” ဆိုတဲ့ လူစားတွေကို လက်ညှိုးထိုး ဟားတိုက်ပြနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။
(Mexico Trilogy ရဲ့ရှေ့ကဇာတ်ကားတွေကို ကြည့်ကြမယ်ဆိုရင် နောက်များမကြာမီ တင်ဆက်ပါ့မယ်။)
အခုတော့ လူစုံတက်စုံပါဝင်ထားတဲ့ Once Upon a Time in Mexico ဇာတ်ကားလေးကို အရင်ကြည့်လိုက်ရအောင်ပါ။
Credit Review

crd to msubmovies

Wednesday, May 20, 2020

L.A. Confidential (1997)

crd to channelmyanmar

The Next Three Days (2010)

၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ…ကျွန်တော်တို့ဟာ  ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့
ပြောက်မြောက်တဲ့အမူအရာတွေကို  ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်…
လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..
ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့…သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်
ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ.
.ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ  သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး….
သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ…
ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe  ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..
သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ…
ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်…ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်.
.ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေ
မျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်….
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော ကို Oung Xix Ming ဖြစ်ပါတယ်…
crd to channelmyanmar

Gone Baby Gone (2007)

Gone Baby Gone (2007)
IMDB- 7.7/10 ….Rotten…94%ရရှိထားတဲ့
Crime/Drama ဇာတ်ကားတစ်ကားပါ
ဒါရိုက်တာကတော့ Good Will Hunting နဲ့
လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်
(Morgan Freeman ကြီးကိုလည်း သူနဲ့
အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို
ပြောရင်း တွေ့ရဦးမှာပါ)
ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင်
ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး
(၁) ဘယ်သူက မှန်လဲ?
(၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား?
ဒီတစ်ခါ Review ကို မရေးဘဲ
နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချိ့ ခံစားရှုမြင်ခဲ့တဲ့အပေါ်
Spoil မဖြစ်စေအောင် ရှောင်ရင်း
ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်…
(A)
Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့
အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို
ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။
ဇာလမ်းက ရှည်လျားဟန်ရှိပေမယ့်
အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။
ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ
ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။
(B)
ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။
ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘဝတွေကို
တင်ဆက်ပြသတတ်သူပါ။
ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိမယ့်
အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို တစ်ခုချင်းစီ ထုတ်ပြသွားပါတယ်။
Ben ဟာ ခင်ဗျားတို့ရဲ့ အာရုံကို ဘယ်အချိန်မှာ ဖမ်းစားရမလဲဆိုတာ
ကောင်းကောင်းသိပုံပေါ်တဲ့ ဒါရိုက်တာတစ်ဦးပါပဲ။
ဒီဇာတ်ကားဟာ ကျွန်တော့်ကို မေးခွန်းနှစ်ခုမေးပါတယ်
“ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း
လိုက်လုပ်ရမယ်လို့ ပြောတာလား”
“မှန်မယ်၊ မမှန်ဘူးဆိုတာ နောက်ဆုံးမှာ
ရသွားတဲ့အကျိုးကျေးဇူးကိုကြည့်ပြီးပြောမှာလား”
(C)
ဒီရုပ်ရှင်ဟာ ရိုးသားခြင်းရဲ့အရေးပါမှုကိုလှလှပပဖော်ကျူးပြီး တစ်ဆက်ထဲမှာပင် ဘဝရဲ့အလှတရားတွေကို
ဂရုမစိုက်တော့ကြတဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ရိုက်ပြထားတာပါ။
ဒီဇာတ်ကားကို ကြည့်ပြီးသွားတဲ့အချိန်မှာ
ကလေးသူငယ်တွေကို ဒီထက်ပိုပြီး ကြင်နာမယ်၊ စာနာမယ်၊
မေတ္တာထားမယ်ဆိုတဲ့ စိတ်ဖြစ်မလာဘူးဆိုရင်
ခင်ဗျားတို့ဟာ ရင်ဘတ်ဗလာနဲ့ လူသားတွေပါပဲ။ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Sherlockပဲဖြစ်ပါတယ်….
crd to channelmyanmar

Heat (1995)

HEAT(1995)
IMDb…8.2,,,,Rotten…86
ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာ
ရိုးစင်းလွန်းတယ် …ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့
အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်….
ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ..
.ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်…. ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ….
. တစ်ယောက်က ရဲ။… သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. .
.ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်…..အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်..
. တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်… အဲ့ဒီဓားပြက အကွက်ချတာတော်တယ်… ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း
အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ….လက်အောက်ငယ်သားတွေကိုကြည့်တယ်…ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ…
.. ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…
..အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်..
.. ဇာတ်အိမ်ခိုင်သလား ဒိုင်ယာလော့တွေလန်းသလား သရုပ်ဆောင်တွေလန်းသလားဆိုတာကျွန်တော်ပိုမပြောချင်ဘူး.
..ဒီကားဒေါင်းကြည့်ပြီးတဲ့အချိန် ကျွန်တော်ပြောတာမလွန်ဘူးဆိုတာ ခင်ဗျားတို့သဘောပေါက်သွားလိမ့်မယ်…..
crd to channelmyanmar

Mrs. Serial Killer (2020)

ဒီတစ်ခါတော့ Netflix Original Indian Movie ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Cast တွေကလဲ Jacqueline Fernandez လို bollywood နာမည်ရ မင်းသမီးချောနဲ့ မြန်မာနိုင်ငံအိန္ဒိယရုပ်သံဇာတ်လမ်းတွဲလောကမှာ နာမည်ကြီးခဲ့တဲ့ ဘုန်းမီးနေလ မဟာအာသောက (Chakravatin Samarat Ashoka) နဲ့ တန်ခိုးတော်အနန္တ မဟာသီဝ (Devon Ke Dev Mahadev) မင်းသားချော Mohit Raina တို့ကနေ ပါဝင်သရုပ်ဆောင်ထားတာမို့လို့ အားလုံးသဘောကျကြမယ်လို့ ယုံကြည်ပါတယ်။
ဇာတ်လမ်းသဘောကတော့ အိန္ဒိယနယ်စပ်မြို့လေးမှာ
ကိုယ်ဝန်ဆောင်မိန်းကလေးတွေ ရက်ရက်စက်စက်အသတ်ခံခဲ့ရတာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီသေဆုံးမှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ အင်စပက်တာ အီမရန်ရှာဟစ်ဒ်ဟာ နယ်ခံသားဖွားမီးယပ်ဆရာဝန်လင်မယားဖြစ်တဲ့ မစ်ရ်သျူးနဲ့ဆိုနာမူကာဂျီးတို့လင်မယားတို့နဲ့ သက်ဆိုင်နေတယ်လို့ ယုံကြည်သွားခဲ့ပါတယ်။ ဒါပေမယ့်
ဆိုနာကတော့ ဒီသေဆုံးမှုတွေဟာသူတို့နဲ့မသက်ဆိုင်ဘူးဆိုတာကို သက်သေပြဖို့အတွက် မထင်မှတ်တဲ့လုပ်ရပ်တွေကိုလုပ်ဖို့ ကြံစည်ခဲ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…
ဘာသာပြန်သူကတော့ Aung Pyae Kyaw ဖြစ်ပြီး Lin Htike Aung ကနေ encode ပေးထားပါတယ်။
crd to mmsubtitlemoviesupdate

Don't Breathe (2016)

2016ခုနှစ်ကထွက်ခဲ့တဲ့ Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်လူငယ် သုံးဦးဟာ မျက်မမြင်စစ်မှုထမ်းဟောင်းကြီး တစ်ဦးတည်းသာနေတဲ့ အိမ်ကို ဖောက်ထွင်းဖို့ကြိုးစားကြတာပါ။
ထိုအိမ်ရဲ့ ပတ်ဝန်းကျင်တစ်ဝိုက်မှာ
လူအနေနည်းတဲ့ အပြင် အိမ်ပိုင်ရှင်မှာလည်း မျက်စိမမြင်တဲ့ အဖိုးကြီးဖြစ်နေတာကြောင့် ဖောက်ထွင်းမယ့်သူတွေဟာ အလွယ်တကူပဲ အဆင်ပြေမယ်ထင်ခဲ့ပါတယ်။ သို့သော် ထိုလူကြီးက သူ့အိမ်ကို ဝင်ဖောက်တာကို သိသွားတဲ့အခါမှာတော့ တစ်အိမ်လုံးကို ထွက်မရအောင် သော့တွေပိတ်လိုက်ပြီး သူ့ရဲ့သားကောင်တွေအဖြစ် မရမက လိုက်ပါတော့တယ်။
မထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့ အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားကောင်းတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။
crd to mmsubtitlemoviesupdate

City of God (2002)

အော်စကာ….၄ဆု
ဒီကားဇတ်လမ်းလေးအစမှကောင်လေး ၂ယောက်လမ်းလျှောက်လာတယ် တစ်ယောက်က ကင်မရာလေးတစ်လုံး
လွယ်ထားတယ်… သူတို့လမ်းလျှောက်ရင်းပြောတဲ့စကားတွေက ဓာတ်ပုံရိုက်ရင် အန္တရယ်များလို့ အသတ်ခံရနိုင်တဲ့
အကြောင်း တစ်ယောက်ကလည်း ဒါမှသူအလုပ်ရနိုင်တဲ့အကြောင်းအခြေအတင်ပြောလာကြတယ်…
အဲ့ဒီအချိန်မှာပဲ အဖွဲ့တစ်ဖွဲ့က ကြက်တစ်ကောင်ကိုသေနတ်နဲ့လိုက်ပစ်ဖမ်းနေတယ်…..
ကောင်လေး ၂ယောက်ရှေ့မှာ ကြက်ကရောက်နေတော့ သေနတ်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကလှမ်းအမိန့်ပေးလိုက်တယ်….
ကြက်ကိုဖမ်းလိုက်စမ်းတဲ့ တစ်ချိန်ထဲမှာပဲ သေနတ်ကိုင်အဖွဲ့ကို ဖမ်းဖို့ ရဲအဖွဲ့က ကောင်လေး ၂ယောက်ရဲ့ နောက်မှာ
ရောက်လာတယ်….လက်နက်ကိုင်၂ဖွဲ့ကြားမှ ကောင်လေး ၂ယောက် ……..သူတို့ ၂ယောက်ဟာ ဘာလုပ်ရမှန်းမသိတဲ့
အနေအထား …….ကောင်လေးက သူတို့နယ်မြေရဲ့အကြောင်းကိုဆက်ပြောပြတယ် ကျွန်တော်တို့ဆီမှာ ပြေးရင်လည်း
သူတို့ကလိုက်ဖမ်းမိမယ် ရပ်နေရင်လည်း သူတို့ကဖမ်းမှာပဲတဲ့……..
ဒါကဇတ်လမ်းအစ…….
လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အနေအထားရဲ့လွှမ်းမိုးမှု အမှောင်ရိပ်ဟာ တစ်ချိန်လုံးလွှမ်းခြုံခံနေရရင် ရုန်းထွက်ဖို့ခက်ပါတယ်
ဒီလိုအနေအထားမှာ အမှန်တရားဆိုတာဘာလဲ မေးခွန်းထုတ်နိုင်ဖို့ရယ် အဖြေရယ်ရှာဖို့ရာ အတော်ကိုမလွယ်ပါဘူး……ဘရာဇီးရဲ့
City of god မှာ ဒီလိုအဖြစ်အပျက်တွေပါ …သေနတ်တွေအလွယ်တကူရတယ် ငွေရှာဖို့ လုတယ်… မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတယ်…
လူသတ်တတ်မှ ဆေးခြောက်ရှုတတ်မှ လူရာဝင်တဲ့နေရာမျိုး ….ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အနက်ရောင်တွေ ထုံလွှမ်းနေတယ်….
နေရာစုံမယ် ကိစ္စဟူသမျှကို သေနတ်တရမ်းရမ်းနဲ့ဖြေရှင်းတယ်…..ကျွန်တော်ဟာ လူကောင်းတစ်ယောက်ပါဆိုတဲ့အသုံးအနှုန်းဟာ ဟာသဆန်နေတယ်…
ဒီလိုပတ်ဝန်းကျင်မှာ အသက်ရှင်နေတဲ့ ကလေးတွေရဲ့ အခြေအနေတွေကို ရိုက်ပြထားတာပါ…
ဒီကားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားပါ……
Film Edition ဆုလည်းရထားလေတော့ ကြည့်ရတာအတော်ကိုလန်းပါတယ်…ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့
ဘာသာပြန်သူကတော့ ကိုဝေဖြိုးမောင်ပါ….
crd to channelmyanmar

Tuesday, May 19, 2020

Malang (2020)

ကဲ Bollywood ပရိသတ်ကြီးအတွက် စောင့်မျှော်နေကြတဲ့ ရုံတင်ကားကြီးဖြစ်တဲ့ Malang ကို တင်ဆက်ပေးလိုက်ပါပြီ
2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူး
မင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါ
သီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲ
Romance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်
ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)
ဇာတ်လမ်းလေးကတော့”လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ””မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ”
“မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ” ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်
အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး  အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့
တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါ
ဇာတ်လမ်းအများကြီးမပြောတာ စပွိုင်းမိသွားမှာစိုးလို့ပါ နိုင်ငံတကာ ရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့
IMDb 6.6/10 နဲ့
Rotten 67% အထိရရှိထားတဲ့ ကားကောင်းတစ်ကားပါ
(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
crd to channelmyanmar

Friday, May 15, 2020

Capone (2020)

Scarface ရုပ်ရှင်တို့ ကမ္ဘာကျော် လူဆိုးကြီး အယ်ဖွန့်စ် က
ပုန်း တို့ကို သိကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။
ဒီရုပ်ရှင်ကလည်း ကပုန်းရဲ့ ဘဝကို သရုပ်ဖော်ထားတာပါပဲ။
ဒါပေမယ့် သူ့ရဲ့ ကြမ်းခဲ့ရမ်းခဲ့တဲ့ ကာလတွေ မဟုတ်တော့ပါဘူး။
အယ်ဖွန့်စ် တစ်ယောက် အခွန်ရှောင်လွှဲမှုနဲ့ ထောင် ၁၀ နှစ် ကျခဲ့ပြီး
ပြန်ထွက်လာတဲ့ သူ့ဘဝ နောက်ဆုံးအချိန်တွေ အကြောင်းကို ရိုက်ကူးထားတာပါ။
မင်းသားကတော့ စွယ်စုံရတယ်လို့ ပြောလို့ရတဲ့ နာမည်ကျော်တွေ စာရင်းထဲက တစ်ယောက်ပါပဲ။
တွမ် ဟာဒီ ဖြစ်ပါတယ်။
Bane, Venom, Mad Max တို့ အပါအဝင်ကမ္ဘာကျော်ကားတွေမှ အများကြီးပါပဲ။
ဒီရုပ်ရှင်ထဲမှာလည်း ကာလသားရောဂါကြောင့် ဦးဏှောက်ထိခိုက်တဲ့အပြင်
လေပါဖြတ်သွားတဲ့ ဂန်းစတားကြီးတစ်ယောက်ရဲ့ပုံကို
ပီပီပြင်ပြင် ပုံဖော်ပြထားပါတယ်။
ဒီရုပ်ရှင်ရဲ့ အဓိက အချက်ကတော့
အယ်လ် ကပုန်း ထောင်မကျခင်မှာ ဝှက်ထားခဲ့တဲ့ဆိုတဲ့
ဒေါ်လာ ၁၀ သန်း ပြဿနာကို အခြေခံထားပါတယ်။
ကပုန်းကို တကယ်ရူးနေတယ်လို့ မယုံသေးဘဲ စောင့်ကြည့်နေတဲ့
အက်ဖ်ဘီအိုင်တွေ၊ သူ့ဘေးက မိတ်ဆွေစစ်တွေ၊
မိတ်ဆွေတုတွေ နဲ့ မိသားစုတွေရဲ့ ဘဝကို ခံစားရမှာဖြစ်ပါတယ်။
အတိတ်အကြောင်းတွေ ဆက်စပ်ပြီး ပါနေတာမို့
Scarface ရုပ်ရှင်လေးကို ကြည့်ထားပြီးမှ ဒါကိုကြည့်ရင် ပိုပြီး နားလည်ခံစားလို့ရမှာပါ။
crd to channelmyanmar

Tuesday, May 12, 2020

The Legacy of the Bones (2019)

Netflix မှာ ထွက်ထားတဲ့ဒီဇာတ်ကားကတော့ Crime/Thriller စပိန်ကားဖြစ်ပြီးတော့
Dolores Redondo ရေးထားတဲ့ Baztan Trilogy ကိုရိုက်ထားတဲ့ထဲက ဒုတိယမြောက်ကား။
ပထမကားကတော့ 2017 မှာထွက်ခဲ့တဲ့ The invisible Guardian ဆိုတဲ့ကား။
အဲဒီကားမှာတော့ Salazar က Serial Killer Case ကိုလိုက်ပြီးစုံစမ်းခဲ့တယ်။
Trilogyရဲ့ ဒုတိယကားလို့ဆိုပေမယ့် ပထမကားကိုမကြည့်ထားလည်း ကြည့်လို့ဖြစ်တယ်။
ပထမကားနဲ့ ဆက်စပ်မှုသိပ်မရှိဘူး။ (ကြည့်ထားရင်​တော့ ပိုပြီးကောင်းတာပေါ့)
ဇာတ်လမ်းအစမှာတော့ စုန်းကဝေအတတ်တွေကိုလေ့လာတာတွေကြောင့်
မီးရှို့ခံရတဲ့သူတွေရယ်
မွေးကာစကလေးတွေရယ်ပါဝင်ပတ်သက်နေတဲ့အတိတ်တခုနဲ့ စတင်ထားတယ်။
လက်ရှိခေတ်မှာတော့ Salazar ကသူ့ရဲ့မြို့ကိုပြန်ရောက်လာပြီး
Church ကျောင်းကိုဝင်ဖျက်စီးပြီး အရိုးတွေထားသွားတဲ့အမှုတခုကိုလိုက်ရတယ်။
အဲဒီအမှုကိုသူလိုက်ဖို့ ရာထူးကြီးတဲ့
ဘုန်းတော်ကြီးတယောက်က တောင်းဆိုထားတယ်လို့သိရတယ်။
နောက်ပြီးသူဖမ်းခဲ့တဲ့ထဲကတယောက်က
သူသတ်ခဲ့တဲ့အလောင်းမြှုပ်ထားတဲ့နေရာကို
Salazar ကိုရည်ညွှန်းပြီးပေးလိုက်လို့ သွားရှာတဲ့အခါမှာတော့
သူသတ်ထားတဲ့အလောင်းမှာက လက်မောင်းတဖက် ဖြတ်ထားခံရတယ်။
အဲလိုပြောပြီးနောက်မှာတော့ လူသတ်သမားက
Tarttalo ဆိုတဲ့စာကိုရေးပြီး သတ်သေသွားတော့တယ်။
နောက်ထပ်လည်း အဲလိုအမှုတွေ ပေါ်လာတဲ့အခါမှာတော့
အတိတ်ကဖြစ်ရပ်တွေရော လက်ရှိမှာလည်း
ဘယ်လောက်ထိရှိနေပြီလဲဆိုတာကို လိုက်လံ ရှာဖွေရင်း တရားခံကို ရှာဖွေဖို့ ဖြစ်လာခဲ့တယ်။
စပိန်ကားဖြစ်တဲ့အပြင် နေရာနာမည်တွေလည်း
များတဲ့အတွက် နည်းနည်းတော့ ရှုပ်လိမ့်မယ်။
အဲဒါအပြင် အဲဒီမှာနေတဲ့ လူမျိုးတွေ ဘာသာရေး နောက်ခံလေးတွေပါ
နည်းနည်းတော့ သိထားမှ အဆင်ပြေပါလိမ့်မယ်။
ဇာတ်လမ်းထဲမှာပါတဲ့ Cagot(ကာဂို) ဆိုတာ အဖိနှိပ်ခံခဲ့ရတဲ့လူမျိုးစုတခုဖြစ်ပြီး
သူတို့က ပြင်သစ်ရယ် စပိန်မြောက်ပိုင်းတွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်တယ်။
Basque တွေဆိုတာကတော့ စပိန်မှာနေထိုင်ကြတဲ့ထဲက မျိုးနွယ်စုတခုပဲဖြစ်တယ်။
အခုဇာတ်ကားထဲမှာ Basque ဒဏ္ဍာရီထဲက အကောင်နာမည်တချို့ပါတယ်။
Navarre(နဗားဒေသ)ဆိုတာအရင်တုန်းက Basque တွေရဲ့ နိုင်ငံတော်တခုဖြစ်တယ်။
သူတို့ကိုးကွယ်တဲ့ဘာသာကတော့ ခရစ်စယာန်(ကတ်သလစ်) ဖြစ်တယ်။
မြန်မာလိုဆိုရင်တော့ အကျဉ်းရုံးပြောရရင် နှစ်ခြင်းမင်္ဂလာပြုတဲ့ခရစ်ယာန်အသင်းတော်ဖြစ်တယ်။
ဒီလောက် နည်းနည်းပါးပါးသိထားရင်တော့ ကြည့်လို့အဆင်ပြေပါတယ်။
မသိထားလည်း ဇာတ်ကားဆိုလိုရင်းနဲ့ သိပ်မသွေဖယ်သွားပေမယ့်
ပိုနားလည်အောင် နည်းနည်းရှင်းပြထားလိုက်ပါတယ်။
အသံထွက်တွေကိုလည်း အနီးစပ်ဆုံးယူထားတာပဲဖြစ်လို့
မှားနေတာလေးတွေ ရှိရင် သည်းခံပေးပါအုံး။
နောက် မင်းသမီးနဲ့ သူ့ယောကျာ်းတို့စကားပြောရင်
အင်္ဂလိပ်လိုပဲပြောတာဖြစ်လို့ အဲအခန်းတွေမှာ စာတမ်းထိုးမပါပါဘူး။
ဒါပေမယ့် ဇာတ်ကားကိုဘာမှမထိခိုက်သလိုအရေးကြီးတာတွေလည်းမပါလို့ အဆင်ပြေပါတယ်။
crd to channelmyanmar

Monday, May 11, 2020

[18+] Dream Crimes (1985)

ယု ဆိုတဲ့ မိန်းမလှလေးဟာ အချစ်ဦးနဲ့ လွဲခဲ့ရပြီး ကြမ်းတမ်းတဲ့ အတိတ်ဆိုးရဲ့ခြောက်လှန့်မှုကို အခုချိန်ထိ ခံနေရတဲ့သူဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးအဖြစ် အသက်မွေးနေပြီး
တစ်နေ့မှာတော့ သူ့ကို အလုပ်အပ်တဲ့ မြေအောက်လောကရဲ့ သြဇာရှိသူတစ်ယောက်နဲ့ ပတ်သက်မိပါတော့တယ်။
အဲ့ဒီလူအပ်လာတဲ့ ပစ်မှတ်နောက်ကိုလိုက်ရင်း သူ့ ငယ်ချစ်ဦးကို
ပြန်သတိရစေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကို ဆုံတွေ့ ပတ်သက်မိလာတဲ့နောက်မှာတော့..သူဟာ မရုန်းနိုင်စရာ
သုံးပွင့်ဆိုင် ဇာတ်ရှုပ်ထဲကို တိုးဝင်မိပါတော့တယ်။
၁၉၇၀ ၈၀ ဝန်းကျင်မှာ အင်မတန်အားကောင်းခဲ့တဲ့ Pink Film လို့ခေါ်တဲ့ အဖော်အချွတ်အသားပေး Crime,Thiriller ကားကောင်းတစ်ကားပါ။
ခေါင်းဆောင်မင်းသမီးရဲ့ ဂန္ဓဝင်မမ အလှနဲ့တင်ကြည့်ရတာတန်သလို ဇာတ်လမ်းလေးလဲမဆိုးပါဘူး။ အဖော်အချွတ်အသားပေးဆိုတဲ့အတိုင်း ၁၈ နှစ်အထက်ကားပါပဲ။
(Dark Side Production မှ ရှေးခေတ်ကိုလွမ်းလို့ တင်ဆက်သည်။)
crd to channelmyanmar

Bloodhound (2020)

Bloodhound(2020)

အလွတ်စုံထောက် အေဘယ်ဝေါ့ကာဟာ ကင်မရာမန်း ဂျင်ကို
အမှုစုံစမ်းရာမှာ ကူညီဖို့ ငှားရမ်းလိုက်ပါတယ်။ သူတို့နှစ်ယောက် ပူးပေါင်းပြီး မကြာခင်မှာပဲ
အမှုတစ်ခု လိုက်စရာ ပေါ်လာပါတော့တယ်။
ဘီလ် ဆိုတဲ့ လူတစ်ယောက် သူ့ရဲ့ဇနီးဟောင်း မာရီယာ ပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရမှာပါ…
ဒီပျောက်ဆုံးမှုကိုစုံစမ်းတဲ့နေရာမှာ ထင်ထားတာထက် ပိုခက်ခဲနေတဲ့အချိန်မှာတော့..
ဒီနောက်မှာတော့ …. ဘာတွေ ဆက်ဖြစ်ကြမလဲ?????
စုံထောက်ဇာတ်ကားကို မှတ်တမ်းတင်ရင်း ရိုက်ထားတဲ့ပုံစံမျိုး ရိုက်ထားတဲ့အတွက် ကြည့်ရတာ
တစ်မျိုး အမြင်ဆန်းနေမှာပါ။ အသည်းတယားယား ရင်တဖိုဖိုနဲ့ ရှေ့ဆက်
ဘာတွေ ဖြစ်မယ်ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ August ပဲဖြစ်ပါတယ်….
crd to channelmyanmar

Raja Natwarlal (2014)

Raja Natwarlal(2014)
ဒီRraja Natwarlalဇာတ်ကားလေးကတော့ 2014ခုနှစ်ထွက်ရှိထားတဲ့ကားလေးဖြစ်ပြီးတော့ IMDB rating 6.1 ရ ရှိထားတဲ့ကားလေးဖြစ်ပါတယ်။Crime Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဇာမ်းလမ်းဇာတ်အိမ် တော်တော်ကောင်းပါတယ်…
ရာဂျာဟာဂိမ်းကစားပြီးငွေရှာတာဝါသနာပါတဲ့သူဖြစ်ပြီး
လောင်းကစားသမားအများစုကြုံလေ့ရှိတဲ့အတိုင်း ငွေက အမြဲပြတ်နေတတ်ပါတယ်။ဒါနဲ့ပဲသူ့ရဲ့အစ်ကိုရာဂဗ်နဲ့တိုင်ပင်ပြီးပိုက်ဆံရဖို့ဂွင်အကြီးကြီးရိုက်ပါတော့တယ်။သူတို့ဂွင်သွားရိုက်မိတဲ့သူကဘယ်သူဖြစ်နေမလဲ?သူလိုချင်တဲ့ပိုက်ဆံရောရနိုင်ပါ့မလား?Thriller အမျိုးအစားကြိုက်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း…
အညွှန်းနဲ့ဘာသာပြန်ကတော့Thaik Sanဖြစ်ပါတယ်…
crd to channelmyanmar