Showing posts with label 1989. Show all posts
Showing posts with label 1989. Show all posts

Wednesday, May 27, 2020

Just Heroes (1989)

ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
14/9/1989 ကထွက်ရှိထားတဲ့ Just Heroes (1989) ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Drama comedy အမျိုးအစားပါ
ဒီကားလေးက ဂန္တဝင်မင်းသားကြီး Danny Lee ဦးဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ John Wooနှင့် Wu Maတို့ပူးပေါင်း ရိုက်ကူးထားသော်လည်း ဒီရုပ်ရှင်ရဲ့ ၆၀ရာခိုင်နှုန်းကိုတော့John Woo ကဦးစီးထားတယ်လို့ဆိုပါတယ်။
ဒီကားဟာ Stephen Chowရဲ့ အစောဆုံးဇာတ်ကားလို့ပြောလို့မရသေးပါဘူး။ သူ့ရှေ့မှာ Final Justic တို့ Faithfully Yoursတို့မှ Main Actorအဖြစ် ပါဝင်ခဲ့ဖူးပြီးပါပြီ။ ဒီဇာတ်ကားမှာတော့ Supporting Actor အနေနဲ့ပဲပါဝင်ပါတယ်။
Final Justic နဲ့ Faithfully Yours ကိုsc channel က တင်ဆက်ပြီးပါပိ
ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ FOF တို့က တင်ဆက်ပေးလိုက်ပါတယ်
ရုပ်ရှင်ကရရှိတဲ့ အကျိုးအမြတ်ကို ဟောင်ကောင်ဒါရိုက်တာအဖွဲ့ ရန်ပုံငွေအတွက် ရည်ရွယ်ရိုက်ကူးခဲ့ပေမယ့် ရလာတဲ့ Box Office က ၇မီလီယံသာရရှိတာမို့ ပရိုဂျူဆာက နောက်ရုပ်ရှင်အတွက်သာထည့်သုံး လိုက် ပါတယ်။ဒီရုပ်ရှင်ဟာ 1989တနှစ်တာ Box office စာရင်းမှာ အဆင့် ၄၈ နေရာ ၌ သာ ရပ်တည်ခဲ့ပါတယ်။
_________
ဟောင်ကောင်မှာ မာဖီးယား‌ တွေအုပ်စိုးစဉ်ကပေါ့။ ဂိုဏ်းတိုင်းက လေးစားရတဲ့ မာဖီးယား ကြီးတစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူ့မှာဆိုးတူဆိုးဖက် သား၃ယောက်လဲရှိပါတယ်တဲ့။ ကျန်တာတော့ဆက်ကြည့်လိုက်ပါတော့။ချတာနှပ်တာ နဲ့တကားလုံး ကြည့်ရမှာဖြစ်လို့ ချောင်ကို အသွင်တစ်မျိုး၊အမြင် တစ်မျိုးမြင်ရမယ့်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
___________
မြင်နေကြ Comedy Typeကို မြင်ရမှာမဟုတ်ပဲ ၁၉၈၀ ကျော်ကာလဆိုတော့ ဆရာကြီး မဖြစ်သေးတဲ့ ပညာသင်ကာလပေါ့ဗျာ။ Action အမျိုးအစားဖြစ်လို့ ရယ်ရလားလို့တော့မမေးပါနဲ့။မအောင်မြင်ခင်ကာလမှာ မင်းသားကြီးတွေကြား ချောင်ဘယ်လို မျက်နှာငယ်နဲ့ ဝင်သရုပ်‌ဆောင်ထားလဲဆိုတာ တွေကိုမြင်ရမှာဖြစ်ပါတယ်။😁
crd to fofmm

 (တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)

Wednesday, November 6, 2019

Friday, September 27, 2019

Cyborg (1989)


(Zawgyi)

ဇာတ္လမ္းအက်ဥ္းကေတာ့ တစ္ကမာၻလံုးမွာ လူသားမ်ဳိးႏြယ္ကို ပ်က္သုဥ္းေစႏိုင္တဲ့ ေရာဂါတစ္မ်ဳိး ျဖစ္ပြားေနပါတယ္။ သိပၸံပညာ႐ွင္ေတြဟာ ေရာဂါကုသႏိုင္တဲ့ ကုသေဆးကို ေဖာ္စပ္ဖို႔အတြက္ ေရာဂါျဖစ္ပြားေနတဲ့ ၿမိဳ႕တစ္ၿမိဳ႕ထဲမွာ႐ွိတဲ့ ကြန္ျပဴတာစနစ္ထဲကေန အခ်က္အလက္ေတြကို ျပန္လည္ရယူႏိုင္ဖို႔ရာ ဦးေခါင္းမွာ မွတ္ဥာဏ္ထည့္သြင္းထားတဲ့ ဆိုင္ေဘာ့ဂ္တစ္ျဖစ္လဲ Pearl ဆိုတဲ့ အမ်ိဳးသမီးကို အဲ့ၿမိဳ႕ထဲကို ေစလႊတ္ခဲ့ပါတယ္။ အခ်က္အလက္ေတြကို ရယူၿပီးတဲ့အခ်ိန္မွာေတာ့ ကုသေဆးကိုရယူၿပီး ကမာၻႀကီးကို ခ်ဳပ္ကိုင္ခ်င္တဲ့ Fender ဆိုသူ ေခါင္းေဆာင္တဲ့ ဓားျပအဖြဲ႔ရဲ႕ဖမ္းစီးျခင္းကို ခံခဲ့ရပါေတာ့တယ္။ ဒီေတာ့ Gibson ဆိုတဲ့ လူတစ္ေယာက္က ဒီဆိုင္ေဘာ့ဂ္ကို Fender တို႔ အဖြဲ႔လက္ထဲကေန ကယ္ၿပီး သိပၸံပညာ႐ွင္ေတြ႐ွိတဲ့ၿမိဳ႕ကို ျပန္ပို႔ေပးဖို႔ျဖစ္လာရပါေတာ့တယ္။ ဇာတ္လမ္းဇာတ္ကြက္က ႐ိုး႐ွင္းေပမယ့္ ဗန္ဒိမ္းရဲ႕အက္႐ွင္ခန္းေတြနဲ႔ ၾကည့္ေကာင္းေနမွာေတာ့ အေသအခ်ာပါပဲခင္ဗ်ာ။
 
(Unicode)
 
 ဇာတ်လမ်းအကျဉ်းကတော့ တစ်ကမ္ဘာလုံးမှာ လူသားမျိုးနွယ်ကို ပျက်သုဉ်းစေနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပွားနေပါတယ်။ သိပ္ပံပညာရှင်တွေဟာ ရောဂါကုသနိုင်တဲ့ ကုသဆေးကို ဖော်စပ်ဖို့အတွက် ရောဂါဖြစ်ပွားနေတဲ့ မြို့တစ်မြို့ထဲမှာရှိတဲ့ ကွန်ပြူတာစနစ်ထဲကနေ အချက်အလက်တွေကို ပြန်လည်ရယူနိုင်ဖို့ရာ ဦးခေါင်းမှာ မှတ်ဉာဏ်ထည့်သွင်းထားတဲ့ ဆိုင်ဘော့ဂ်တစ်ဖြစ်လဲ Pearl ဆိုတဲ့ အမျိုးသမီးကို အဲ့မြို့ထဲကို စေလွှတ်ခဲ့ပါတယ်။ အချက်အလက်တွေကို ရယူပြီးတဲ့အချိန်မှာတော့ ကုသဆေးကိုရယူပြီး ကမ္ဘာကြီးကို ချုပ်ကိုင်ချင်တဲ့ Fender ဆိုသူ ခေါင်းဆောင်တဲ့ ဓားပြအဖွဲ့ရဲ့ဖမ်းစီးခြင်းကို ခံခဲ့ရပါတော့တယ်။ ဒီတော့ Gibson ဆိုတဲ့ လူတစ်ယောက်က ဒီဆိုင်ဘော့ဂ်ကို Fender တို့ အဖွဲ့လက်ထဲကနေ ကယ်ပြီး သိပ္ပံပညာရှင်တွေရှိတဲ့မြို့ကို ပြန်ပို့ပေးဖို့ဖြစ်လာရပါတော့တယ်။ ဇာတ်လမ်းဇာတ်ကွက်က ရိုးရှင်းပေမယ့် ဗန်ဒိမ်းရဲ့အက်ရှင်ခန်းတွေနဲ့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲခင်ဗျာ။
crd to fofmm
 
Genres: Action, Sci-Fi, Thriller
Rating: 5.1
 
Trailer