Showing posts with label 1994. Show all posts
Showing posts with label 1994. Show all posts

Friday, October 25, 2019

Deadly Melody (1994)

Zawgyi
******
IMDb 6.3 ရရွိထားတဲ႔ ေရွးေခတ္သိုင္းကားေဟာင္းေလးတစ္ကားကိုၿပန္လည္တင္ဆက္ေပးလိုက္ပါတယ္
ကြ်န္ေတာ္တို႕ငယ္ဘ၀က ရိုက္ကူးခဲ႔ၾကတဲ႔သိုင္းကားေတြနဲ႕သိပ္မစိမ္းတဲ႔သူေတြေတာ႔
သေဘာက်မယ္႔ဇာတ္ကားမ်ိဳးပါပဲ..Old But Gold ဆုိတဲ႔အတိုင္းၿပန္လည္ခံစားၾကည္႕ရွုပါ
တစ္ခါကသိုင္းေလာကကိုေသြးလႊမ္းေအာင္လုပ္ႏိုင္ခဲ့တဲ့အလြန္တရာမွ
စြမ္းအားႀကီးတဲ့ထ်န္းေမွာ္ဗ်ပ္ေစာင္းတစ္ခုရွိခဲ့တယ္…
အဲ့ဒီထ်န္းေမွာ္ဗ်ပ္ေစာင္းကိုသိုင္းေလာကသားေတြအခ်င္းခ်င္းလုၾကရင္း
တစ္ေန႔သိုင္းေလာကကေနႏႈတ္ထြက္သြားၿပီျဖစ္တဲ့ထ်န္းလုံဂိုဏ္းသား
ဟြမ္တုန္းဆီထ်န္းေမွာ္ဗ်ပ္ေစာင္းေရာက္ဖို႔အေၾကာင္းဖန္လာခဲ့ပါတယ္…
အဲ့ဒီမွာပဲဗ်ပ္ေစာင္းကိုလာလုယူတဲ့သိုင္းေလာကသားေတြနဲ႔
အႀကီးအက်ယ္တိုက္ခိုက္ပြဲေတြျဖစ္ၿပီး ထ်န္းေမွာ္ဗ်ပ္ေစာင္းကိုဟြမ္တုန္းက
ငယ္႐ြယ္တဲ့သမီးျဖစ္သူေရွာင္႐ြယ္ဆီေပးခဲ့ပါတယ္…အေဖ အေမ
ေမာင္ေလးနဲ႔ပါခြဲခဲ့ရတဲ့ေရွာင္႐ြယ္ကဗ်ပ္ေစာင္းကိုလာလုတဲ့လူေတြကိုေရွာင္ရင္းနဲ
႔ဗ်ပ္ေစာင္းနဲ႔အတူေခ်ာက္ကမ္းပါးေအာက္ကိုျပဳတ္က်သြားခဲ့ပါတယ္….
အဲ့ဒီအခ်ိန္ကစၿပီးသိုင္းေလာကကခဏတာေအးခ်မ္းသြားခဲ့ပါတယ္….
မထင္မွတ္ပဲႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ ထ်န္းေမွာ္ဗ်ပ္ေစာင္းက
သိုင္းေလာကထဲတစ္ဖန္ျပန္ထြက္ေပၚလာေသာအခါ
အရင္ကလိုမ်ိဳးသိုင္းေလာကႀကီးမွာေသြးမုန္တိုင္းျပန္ထန္သြားဦးမလားဆိုတာ.
ဆက္လက္ၾကည့္ရႈၾကဖို႔ တိုက္တြန္းလိုက္ပါရေစေနာ္…….

Unicode
*******
IMDb 6.3 ရရှိထားတဲ့ ရှေးခေတ်သိုင်းကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်
ကျွန်တော်တို့ငယ်ဘဝက ရိုက်ကူးခဲ့ကြတဲ့သိုင်းကားတွေနဲ့သိပ်မစိမ်းတဲ့သူတွေတော့
သဘောကျမယ့်ဇာတ်ကားမျိုးပါပဲ..Old But Gold ဆိုတဲ့အတိုင်းပြန်လည်ခံစားကြည့်ရှုပါ
တစ်ခါကသိုင်းလောကကိုသွေးလွှမ်းအောင်လုပ်နိုင်ခဲ့တဲ့အလွန်တရာမှ
စွမ်းအားကြီးတဲ့ထျန်းမှော်ဗျပ်စောင်းတစ်ခုရှိခဲ့တယ်…
အဲ့ဒီထျန်းမှော်ဗျပ်စောင်းကိုသိုင်းလောကသားတွေအချင်းချင်းလုကြရင်း
တစ်နေ့သိုင်းလောကကနေနှုတ်ထွက်သွားပြီဖြစ်တဲ့ထျန်းလုံဂိုဏ်းသား
ဟွမ်တုန်းဆီထျန်းမှော်ဗျပ်စောင်းရောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်…
အဲ့ဒီမှာပဲဗျပ်စောင်းကိုလာလုယူတဲ့သိုင်းလောကသားတွေနဲ့
အကြီးအကျယ်တိုက်ခိုက်ပွဲတွေဖြစ်ပြီး ထျန်းမှော်ဗျပ်စောင်းကိုဟွမ်တုန်းက
ငယ်ရွယ်တဲ့သမီးဖြစ်သူရှောင်ရွယ်ဆီပေးခဲ့ပါတယ်…အဖေ အမေ
မောင်လေးနဲ့ပါခွဲခဲ့ရတဲ့ရှောင်ရွယ်ကဗျပ်စောင်းကိုလာလုတဲ့လူတွေကိုရှောင်ရင်းနဲ
့ဗျပ်စောင်းနဲ့အတူချောက်ကမ်းပါးအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်….
အဲ့ဒီအချိန်ကစပြီးသိုင်းလောကကခဏတာအေးချမ်းသွားခဲ့ပါတယ်….
မထင်မှတ်ပဲနှစ်ပေါင်းများစွာကြာပြီးနောက် ထျန်းမှော်ဗျပ်စောင်းက
သိုင်းလောကထဲတစ်ဖန်ပြန်ထွက်ပေါ်လာသောအခါ
အရင်ကလိုမျိုးသိုင်းလောကကြီးမှာသွေးမုန်တိုင်းပြန်ထန်သွားဦးမလားဆိုတာ.
ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေနော်…….
Translated & Review By Xiao
Encoded By LK
crd to channelmyanmar
Genres: Action, Thriller
Rating: 6.3
Trailer
 

Saturday, September 14, 2019

Interview with the Vampire: The Vampire Chronicles (1994)


Interview with the Vampire: The Vampire Chronicles (1994)

Rating.7.6

Drama, Horror

(Zawgyi)

ဇာတ္လမ္းအက်ဥ္းကေတာ့ သတင္းေထာက္တစ္ေယာက္ကေန ဗင္ပိုင္းယားတစ္ေကာင္ကို အင္တာဗ်ဴးတဲ့ဇာတ္လမ္းေလးပါ။
ဗင္ပိုင္းယားဇာတ္ကားဆိုေပမယ့္ ေသြးသံတရဲရဲနဲ႕ Horror အေငြ႕အသက္ျပည့္ေနမယ့္ဇာတ္ကားမ်ိဳးေတာ့မဟုတ္ပါဘူး။
ဗင္ပိုင္းယားတစ္ေကာင္ သူ႔ရဲ႕ထာ၀ရသက္တမ္းတစ္ေလွ်ာက္မွာ ၾကံဳေတြ႕ခဲ့ရတဲ့ သံေယာဇဥ္၊ အခ်စ္၊ သစၥာေဖာက္မႈ၊ အထီးက်န္မႈ နဲ႕
ေသြးဆာမႈေတြအေၾကာင္း သာမန္လူတစ္ေယာက္ကို ျပန္ေျပာင္းရင္ဖြင့္ျပတဲ့ Drama ဇာတ္ကားမ်ိဳးပါ။
ဒီဇာတ္ကားထဲက Cast List ကလဲ ထိပ္ထိပ္ၾကဲေတြပါပဲ။
သတင္းေထာက္အျဖစ္က Christian Slater
အဓိကဇာတ္ေဆာင္ ဗင္ပိုင္းယားႏွစ္ေကာင္အျဖစ္ကေတာ့ Tom Cruise နဲ႕ Brad Pitt တို႔အျပင္
Antonio Banderas နဲ႕ကေလးသရုပ္ေဆာင္ကေတာ့ Spider-Man Trilogy ရဲ႕ မင္းသမီးေခ်ာ Kirsten Dunst တို႔ပဲျဖစ္ပါတယ္။

(ဇာတ္လမ္းအညႊန္းနဲ႔ဘာသာျပန္သူကေတာ့ ကို ဟိန္းမင္းထြန္းပါ)

(Unicode)

ဇာတ်လမ်းအကျဉ်းကတော့ သတင်းထောက်တစ်ယောက်ကနေ ဗင်ပိုင်းယားတစ်ကောင်ကို အင်တာဗျူးတဲ့ဇာတ်လမ်းလေးပါ။
ဗင်ပိုင်းယားဇာတ်ကားဆိုပေမယ့် သွေးသံတရဲရဲနဲ့ Horror အငွေ့အသက်ပြည့်နေမယ့်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။
ဗင်ပိုင်းယားတစ်ကောင် သူ့ရဲ့ထာဝရသက်တမ်းတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ သံယောဇဉ်၊ အချစ်၊ သစ္စာဖောက်မှု၊ အထီးကျန်မှု နဲ့
သွေးဆာမှုတွေအကြောင်း သာမန်လူတစ်ယောက်ကို ပြန်ပြောင်းရင်ဖွင့်ပြတဲ့ Drama ဇာတ်ကားမျိုးပါ။
ဒီဇာတ်ကားထဲက Cast List ကလဲ ထိပ်ထိပ်ကြဲတွေပါပဲ။
သတင်းထောက်အဖြစ်က Christian Slater
အဓိကဇာတ်ဆောင် ဗင်ပိုင်းယားနှစ်ကောင်အဖြစ်ကတော့ Tom Cruise နဲ့ Brad Pitt တို့အပြင်
Antonio Banderas နဲ့ကလေးသရုပ်ဆောင်ကတော့ Spider-Man Trilogy ရဲ့ မင်းသမီးချော Kirsten Dunst တို့ပဲဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို ဟိန်းမင်းထွန်းပါ)

Trailer