Showing posts with label History. Show all posts

Friday, May 15, 2020

King and the Clown (2005)

[Unicode]
The King and The Clown (2005)
ဂုန်ဂီကယောက်ျားလေးတစ်ယောက်ပေမယ့် သိပ်နူးညံ့တယ် မိန်းကလေးရှုံးအောင်လှတယ်
aယောက်ျားတိုင်းကမိန်းကလေးမဟုတ်မှန်းသိတာတောင် လိုချင်တပ်မက်ကြတယ်…
ကြိုးတန်းပေါ်လျှောက်ရင်း လူတွေကိုရယ်မောအောင်လုပ်ရင်း ရှင်သန်ရတဲ့ဘဝမှာယုတ်မာတဲ့လူတွေနဲ့တွေ့ရတာမို့
မြို့တော်ဟန်ယန်းကိုထွက်ပြေးခဲ့တဲ့ဂုန်ဂီတို့ ဂျိုဆွန်းမင်းကြီးကိုရယ်မောအောင်လုပ်ဖို့ဖြစ်လာခဲ့တယ်…
မိခင်သေဆုံးမှုကြောင့်စိတ်ဒဏ်ရာရှိနေခဲ့တဲ့ ဂျိုဆွန်းမင်းကြီးကိုရယ်မောအောင်လုပ်နိုင်ကြပါ့မလား
ဇာတ်လမ်းကဒီထက်လေးနက်တာတွေရှိပြီး ကိုယ်ကြည့်ပြီးဝင်ခံစားတဲ့ပေါ်မူတည်ပြီး အတွေးအမျိုးမျိုးရှိနိုင်တာမို့ အများကြီးမပြောတော့ပဲ တင်ဆက်ပေးလိုက်ပါတယ် ။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Hikari ဖြစ်ပါတယ် )
[Zawgyi]

crd to channelmyanmar

Wednesday, May 6, 2020

Misbehaviour (2020)

1970 ခုနှစ် Miss World ပြိုင်ပွဲနဲ့ပက်သတ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို
အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။
Feminist Comedy ဇာတ်လမ်းအမျိုးအစားပါ။
ဇာတ်လမ်းအကျဉ်းကတော့ အမျိုးသမီးတွေ
ယောက်ျားကြီးစိုးမှုကို ဆန့်ကျင်ဖို့ လုပ်ရာကနေ စတာပါ။
၁၉၇၀ ခုနှစ် မယ်ကမ္ဘာရွေးပွဲအတွက် နိုင်ငံအသီးသီးက
အချောဆုံးအလှဆုံးတွေက ဗြိတိန်နိုင်ငံမှာ စုရုံးနေကြပါပြီ။
မယ်ရွေးပွဲမှာလည်း လူမျိုးရေးခွဲခြားမှုတွေက ရှိနေပြန်တယ်။
ဒီကြားထဲ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေလည်း ကြုံနေပြန်။
ဒီလိုအခက်အခဲအမျိုးမျိုးကြားကနေ Miss World ပြိုင်ပွဲကြီးကို
ယောက်ျားကြီးစိုးမှုဆန့်ကျင်ရေး အမျိုးသမီးအဖွဲ့တွေ တားဆီးကြတဲ့အကြောင်း
ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
crd to channelmyanmar

Sunday, April 19, 2020

Panfilov's 28 (2016)

(unicode)
၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက်မှာ နာဇီဂျာမန်တွေဟာ ဆိုဗီယက်ရုရှားကို ဘာဘိုရာဆာ စစ်ဆင်ရေးနဲ့ ကျူးကျော်ဝင်ရောက်လာပါတယ်။ နိုင်ငံရေးအေပြာင်းအလဲကြောင့် အတွေ့အကြုံရင့် အရာရှိများစွာ ရှင်းလင်းခံရခြင်းနဲ့ ဟစ်တလာကို လျှော့တွက်မိခြင်းကြောင့် ဆိုဗီယက်ကြီး အငိုက်မိသွားပါတယ်။ ဂျာမန်တွေဟာ ဥရောပတိုက်တစ်ဝက်စာ ဧရိယာပမာဏကို တစ်လအတွင်း သိမ်းပိုက်နိုင်ပြီး ဆိုဗီယက် သုံ့ပန်းပေါင်းများစွာကို သန်းနဲ့ချီပြီး ဖမ်းမိခဲ့ပါတယ်။ ထိုအချိန်မှာ ဂျာမန်တပ်တွေဟာ မော်စကိုမြို့တော်နဲ့ ကီလို ၂၀၀ကျော်ကျော်ထိ ရောက်ရှိနေသလို အနည်းငယ် အားထည့်လိုက်ရုံနဲ့ မော်စကိုမြို့ကို အသာလေးသိမ်းပိုက်နိုင်တဲ့အနေအထားပါပဲ…..ဘာလို့ဆိုမော်စကိုမြို့ကို ခံစစ်ပြုမယ့် ရုရှာစစ်သားတွေဟာ အင်အားနည်းလွန်းနေသလို ကျန်ခဲ့တဲ့သူတွေဟာလည်း အတွေ့အကြုံနုနည်းလွန်းတဲ့စစ်သည်တွေဖြစ်နေတယ်..ရုရှားဘက်က စစ်သည်အရေအတွက်ကလည်း ၂၈ ယောက်သာရှိတယ်…ဂျာမန်တွေဟာ မော်စကိုကိုသိမ်းဖို့
တင့် ၄၅စီးနဲ့အတူ ခြေလျင်စစ်သည်ပေါင်းများစွာနဲ့ ချီတက်ခဲ့တယ်…ဒါပေမယ့် ဘီလူးဝင်စီးသလို ဖြစ်နေတဲ့ စစ်သည်(၂၈)ယောက်နဲ့ တွေ့လိုက်ရချိန်မှာတော့….
ဒီစစ်ကားက Battle Scene တွေ တကယ်အမိုက်စားတွေ…တင့်ပစ်ချက်တွေ
အသားစတွေပြုတ်တွေ ..ဗုံးစံထိမှန်တာတွေ တကယ်ကိုမိုက်ပါတယ်…
ကြည့်ရတာအတော်ကိုအားရပါတယ်…
ဒါ့အပြင် တိုက်ပွဲဝင်စစ်သားများနဲ့ ကော်မစ်ဆာ နိုင်ငံရေးအရာရှိရဲ့ အားပြိုင်မှုတွေ၊ ဂျာမန်တင့်တွေ ကို ထင်မထားတဲ့ နည်းလမ်းနဲ့ တားဆီးပုံတွေ၊ ဆိုဗီယက်စစ်တပ်ထဲရှိ ရုရှားနဲ့ တခြားလူမျိုးကွဲများရဲ့ ပဋိပက္ခတွေ ဟာ ဇာတ်လမ်းကို ရုပ်လုံးကြွအောင် ဆွဲခေါ်သွားနိုင်တဲ့လို့ Home Stay ကာလအတွက် အလွန်ကြည့်ကောင်းတဲ့ စစ်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်….
(zawgyi)

Monday, April 6, 2020

Curiosa (2019)

ဒီ ကားလေးက မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်း အကြောင်းတွေ သူ့ရဲ့ လိင်စိတ် နဲ့ အဲ့ခေတ်တုန်းက ပြင်သစ်ရဲ့ မိန်းကလေးတွေ အပေါ် ကန့်ကွက်ချက်တွေ ကို ဖော်ပြထားပါတယ်။ ပီရီ နဲ့ မာရီ ဟာ သမီး ‌ရည်းစားတွေ ဖြစ်ပြီး မာရီက တစ်ခြား တစ်ယောက်နဲ့ လက်ထပ်ရပါတယ်။ ပီရီ က ဓာတ်ပုံဆရာ ဖြစ်ပြီး သူက မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် အလှကို ဖော်ပြတဲ့ ပုံတွေပဲ ရိုက်တဲ့သူပါ။ မာရီကလဲ ပီရီ့ အတွက် မော်ဒယ် လုပ်ပေးပါတယ်။ သူတို့ နှစ်ယောက်ကြားက ချစ် မေတ္တာတွေ ကို လဲ တွေ့ရမယ့် ဇာတ်ကား ကောင်းလေးပါ။
( ပရိသတ်တို့ ဆင်ခြင်နိုင်အောင် 18+ အခန်းတွေပါတယ်ဆိုတာ ကြိုပြောလိုက်ပါရစေ )
crd to gold channel

The Man Standing Next (2020)

ဒီကားကတော့ ၂၀၂၀ခုနှစ်အစောပိုင်းကပဲ ထွက်ရှိထားတဲ့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ History/Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး
ဒီကားထဲမှာ တခြားဇာတ်ရုပ်တေနဲ့မတူပဲ တမူထူးခြားစွာ သရုပ်ဆောင်ထားတဲ့ လီဗြောင်ဟွန်းရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။
IMDB 7.3 ထိရရှိထားပြီး MDL(My Drama List)မှာ 6.4ထိရရှိထားတဲ့ ကိုရီးယားနိုင်ငံရေးသရုပ်ဖော် ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
ဇာတ်လမ်းက တောင်ကိုရီးယားနိုင်ငံ ရဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးအရှုပ်တော်ပုံ၊နိုင်ငံအကြီးအကဲတွေရဲ့ လှည့်ကွက်တွေကိုအခြေခံထားပြီး ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအစမှာ အမေရိကန်နိုင်ငံ တရားခုံရုံးထက်မှာ KCIA(Korea Central Intelligence Agency)ရဲ့ ဦးစီးမှူးဟောင်း
ပတ်ယွန်းဂတ်ဆိုသူက တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးကို တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအချိန်ကတောင်ကိုရီးယားမှာဒီမိုကရေစီမရသေးချိန်ဖြစ်လို့ KCIA ကဦးစီးမှူးဟောင်းကတောင်ကိုရီးယားသမ္မတကို ပြည်သူတွေအပေါ် အာဏာရှင်စနစ်ကိုဆွဲကိုင်ထားခြင်း
တခြားသော ငွေကြေးအရှုပ်များရှိနေခြင်းစတဲ့ပြစ်ချက်တွေနဲ့စွဲချက်တင်လိုက်ပါတယ်။
ဒီလိုဖွင့်ဟထုတ်ဖော်ပြောလိုက်လို့လည်းအဲ့အချိန်ကစပြီးအဲ့ဒီလူကံဆိုးမိုးမှောင်စကျပါတော့တယ်။
သူနောက်မှာ KCIA ရဲ့ဦးစီးမှူးအသစ် ဖြစ်လာသူ ကင်ဂူဖြောင်းကတော့ သမ္မကြီးအပေါ်သစ္စာရှိသူ၊ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ပါ။
အဲ့ဒီအချိန်က KCIA ဆိုတာ ကိုရီးယားသမ္မတရဲ့အတွင်းရေးကိစ္စမှန်သမျှလုပ်ဆောင်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုပါ။
ဒါပေမယ့် မထင်မှတ်ထားစရာတစ်ခုက အဲ့လိုသမ္မတလက်စွဲအဖွဲ့အစည်းထက်မှာ တခြားသောလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထပ်ရှိနေတယ်ဆိုတာပါပဲ။
ဒီအဖွဲ့က သမ္မတကြီးက KCIAကိုတိုက်ရိုက် ခိုင်းစေဖို့မသင့်လျော်တဲ့ ကိစ္စမျိုးတွေ၊ငွေကြေးအရှုပ်တော်ပုံတွေကိုတာဝန်ယူကိုင်တွယ်ပေးနေရတဲ့ လူယုံတော်အဖွဲ့အစည်းတစ်ခုပါ။
ဒါကိုသမ္မတကြီးကိုယ်တိုင်ကလွဲလို့ဘယ်သူမှမသိပါဖူး။ဒါပေမယ့် ဒီအကြောင်းကို KCIAကဦးစီးမှူးဟောင်းပတ်ကသိနေခဲ့ပါတယ်။
ဒီအကြောင်းကိုသူနဲ့ခင်မင်ရင်းနှီးရပြီးဂျူနီယာတစ်ယောက်ဖြစ်တဲ့ KCIA ဦးစီးမှူးအသစ် ကင်ဂူဖြောင်းကိုလည်းပြောပြခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဒါကိုဖော်ထုတ်ဖို့ကင်ဂူဖြောင်းတစ်ယောက်ကြိုးစားရင်းများပြားလှတဲ့နိုင်ငံရေးအရှုပ်တော်ပုံ
သစ္စာဖောက်မှုတွေ၊လှည့်ကွက်တွေ၊နိုင်ငံတကာဖိအားတွေစသဖြင့်ကြုံတွေ့လာရပါတယ်။
အဆုံးသတ်မှာတော့အားလုံးမထင်မှတ်တဲ့ဇာတ်သိမ်းမျိုးနဲ့ သိမ်းထားတဲ့အပြင်တောင်ကိုရီးယားသမိုင်းကဖြစ်ရပ်မှန်အကြောင်းကို
ကျောရိုးတည်ရိုက်ကူးထားတာကြောင့် အေးအေးဆေးဆေးနဲကြည့်ရှုလိုသူများအတွက် သင့်တော်ပြီး အနှစ်သာရရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ညွှန်းချင်ပါတယ်။
***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်နားထောင်ပြီး
ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါကုန်
(အညွှန်းနဲ့ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…)
crd to channelmyanmar

Friday, April 3, 2020

The Legend of Naresuan: Part 2 (2007)

Naresuan : Part 2
ဒီဇာတ်လမ်းမှာတော့ နရဲစွမ်ဟာ
အရွယ်ရောက်လာခဲ့ပါပြီ။ ကာလကတော့
ဘုရင့်နောင်မင်းတရားကြီး သေဆုံးပြီးနောက်ပိုင်းမှာပါ။
လက်ရှိဘုရင်က ထိုင်းကို စစ်ကြော်ငြာလိုက်တဲ့အချိန်မှာ
မင်းရဲကျော်စွာက နရဲစွမ်ကို လုပ်ကြံဖို့
စီစဉ်ပါတော့တယ်။
ဒီသတင်းကို နရဲစွမ်မင်းသား
ကြားတဲ့အချိန်မှာ အယဒ္ဓယကို
မြန်မာနိုင်ငံရဲ့လက်အောက်က
အလွတ်ရုန်းဖို့ ကြိုးစားပါတော့တယ်။
တိုင်းပြည်လွတ်လပ်ရေးအတွက်
ဆင်နွဲခဲ့တဲ့ ထိုင်း-မြန်မာ
စစျပှဲတှေ အကွောငျးပဲ ဖွစျပါတယ်
crd to channelmyanmar

Legend of King Naresuan: Hostage of Hongsawadi (2007)

ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို
အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့
အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။
ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို
ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့
တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို
ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့
အကြောင်းပါ။
ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း
မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။
နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။
ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို
အခြေခံပြီး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။
crd to channelmyanmar

The Untamed: Fatal Journey (2020)

CM Fan တွေ အတွက် သိုင်းကားကောင်းတစ်ခု
ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်
ဓါးဝိဉာဏ် တွေကို စောင့်ရှောက်ရတဲ့
မိသားစု ရဲ့ နောက်ဆုံး မျိုးဆက် ညီအကို
၂ ယောက် ရဲ့ သိုင်း ဒရာမာ ဇတ်လမ်းလေးပါ
ဒီဇာတ်လမ်းဟာဆိုရင်တော့
နျဲ့မိသားစုရဲ့ရှေးဘိုးဘွားတွေနဲ့ဆက်နွယ်နေတဲ့
ဓါးဝိဉာဏ်နဲ့ဆက်စပ်နေတဲ့ ဂူအပေါ်
အခြေခံဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်
ဇာတ်ကားနာမည်လိုပဲအသွားသာရှိပြီးအပြန်မရှိတဲ့နေရာတခုပါ
ညီအကိုနှစ်ယောက်ရဲ့ကြားကမေတ္တာတွေကိုမြင်တွေ့ရမှာဖြစ်သလို
အထူးပြုလုပ်ချက်တွေဝေဝေဆာဆာနဲ့
တချို့နေရာတွေမှာoverဖြစ်သွားပေမယ့်
သိုင်းကားကြည့်ချင်သူတွေအတွက်ကတော့
ကြည့်လို့အဆင်ပြေတဲ့ကားမျိုးပါပဲ
ဘာသာပြန်ပေးထားတာကတော့
Nay Chii ဖြစ်ပြီး Thit San Khant မှ
တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Wednesday, February 26, 2020

Panipat (2019)

(unicode)
မာရာသတိုင်းမှာရှိတဲ့ တိုင်းသူပြည်သားတွေ
ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး သူတို့တိုင်းပြည်ရဲ့လက်အောင်မှာ တိုင်းပြည်ငယ်တော်တော်များများရှိကြတယ်..သူတို့တိုင်းပြည်ကိုလည်း နှစ်စဉ်
အခွန်ပေးဆောင်ကြရပါတယ်..ဒါပေမယ့်တစ်နေ့မှာတော့ တိုင်းပြည်ငယ်တစ်ခုကအခွန်မပေး
ဆောင်တဲ့အပြင် ရာဇသံလာပေးတဲ့စစ်သူကြီးတစ်ဦးကိုပါ သတ်ဖြတ်ပစ်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ….ဒီတိုင်းပြည်ငယ်ဟာ အာခံရတဲ့အကြောင်းရင်းလည်းရှိပါတယ်…အဲ့ဒါက အာဖဂန်နစ္စတန်ဧကမရာဇ်မင်းတစ်ဦးနဲ့ပူးပေါင်းပြီး အင့်အားတောင့်တင်းလာတဲ့အပြင် အိန္ဒိယ
တစ်ပြည်လုံးကိုသိမ်းပိုက်ဖို့အထိတောင် ရည်ရွယ်ထားပါတယ်….ဒီဇာတ်လမ်းဟာပြသချိန်သုံးနာရီနီးပါး
ကြာမြင့်ပေမယ့် အစအဆုံးထိ ဇာတ်လမ်းဇာတ်ကွက်တိုင်းက ဆွဲဆောင်မှု
ရှိပါတယ်..ဆာဒါးရှိဗ်ဟာ အာဖဂန်တပ်နဲ့စစ်ခင်းဖို့အတွက် သူ့လက်အောက်ခံတိုင်းပြည်တွေ
နဲ့ပူးပေါင်းဖို့ ကြိုးစားအားထုတ်ပုံတွေ..စစ်နည်းဗျူဟာတွေ တွေ့မြင်ရသလို
တိုက်ပွဲတွေ အက်ရှင်ခန်းတွေကိုလည်း များစွာကြည့်ရမှာပါ….
လက်အောက်ခံတိုင်းပြည်တွေကရော ဆာဒါးရှိဗ်မျှော်လင့်ထားသလို သူနဲ့အတူပူးပေါင်းပြီး
အာဖဂန်တွေကို တိုက်ထုတ်ကြမှာလား..တိုက်တဲ့စစ်ပွဲတွေရော အောင်မြင်ပါ့မလား….ဆိုတာကိုတော့…..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်…

Tuesday, February 18, 2020

Amadeus (1984)

[Unicode]
အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။
မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်‌ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။
တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊
မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊
အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။
သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊
ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။
ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။
မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ သူအထင်ကြီးတဲ့ မြို့ကြီးမှာ သူ့ဂီတတွေရဲ့ အမြင့်ကို ခံစားနိုင်တဲ့ တစ်ဦးတည်းသောသူက သူ့ရဲ့ အတွင်းကျိတ်ရန်သူ မိုးဇတ်ကို အထင်ကြီး မနာလိုဖြစ်နေတဲ့ ဆယ်လိရိုင်ပါ။
ကိုယ့်အရည်အချင်းကိုသိတဲ့ တစ်ဦးတည်းသောသူဟာ ကိုယ့်ရန်သူဖြစ်နေတဲ့အပြင်
ဂီတနဲ့ပက်သက်တဲ့ သူ့မာနကို မချနိုင်တဲ့ မိုးဇတ်အတွက် အရာရာမှာ အဆင်မပြေမှုတွေသိပ်များပါတယ်။
35နှစ်အထိပဲ အသက်ရှည်သွားခဲ့တဲ့ မိုးဇတ်ဟာ သီချင်းအပုဒ် ၆ရာကျော်နဲ့ အော်ပရာနှစ်ပုဒ် စပ်ဆိုသီကုံးခဲ့ပါတယ်။
မိုးဇတ်ရဲ့ နာမည်ကျော် လက်ရာတွေ ဖြစ်တည်လာပုံနဲ့ သူ့ရဲ့ နာမည်ကျော်အော်ပရာ Don Giovanni ဖြစ်တည်လာပုံတွေလည်း ပြသထားပါတယ်။
ဒီသုံးနာရီ ရှစ်မိနစ်ကြာတဲ့ ဒီရုပ်ရှင်ဟာ စစချင်းမှာတော့ အတော်ပျင်းစရာကောင်းပါလိမ့်မယ်။
ပထမတစ်နာရီကို ကျော်ပြီးတဲ့အချိန် မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ကြားက Character Chemistry ခိုင်မာလာတဲ့အချိန်မှာတော့ ဒီကားဟာ အတော်ကောင်းတဲ့ရုပ်ရှင်လို့ ခင်ဗျားခံစားမိလာပါမယ်။
ဒီဇာတ်လမ်းထဲက မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ရဲ့ အဖြစ်တွေဟာ တကယ်ဖြစ်ချင်မှဖြစ်ပါမယ်။
အပြင်က ဆယ်လိရိုင်ဟာ ဒီဇာတ်လမ်းထဲမှာလို မိုးဇတ်အတွက် မနာလိုနေတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်ချင်ဖြစ်ပါမယ်။
ဆယ်လိရိုင်ဟာ မိုးဇတ်အတွက် အသုဘငိုချင်းဆိုပေးခဲ့ပြီး မိုးဇတ်ရဲ့သားကို သင်ပေးခဲ့တဲ့အတွက် သူ့ရဲ့ တကယ့်မိတ်ဆွေဖြစ်ချင်ဖြစ်ပါမယ်။
ရာနှုန်းပြည့်မှန်ကန်တဲ့ Biographyဆိုတာ ဘယ်မှာမှ မရှိပါဘူး။
အနုပညာပစ္စည်းတွေနဲ့ ပက်သက်လာရင် နည်းလည်နိုင်ဖို့ထက် ခံစားတတ်ဖို့က ပိုအဓိကကျပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)

Friday, February 7, 2020

Mamangam (2019)

Mamangam (2019) သည် IMDb 7.6/10 Facebook 4.8/5 Google users 81%  ရထားသော ဒါရိုက်တာ M. Padmakumar ရိုက်ကူးထား၍  Sajeev Pillai, Shankar Ramakrishnan တို့က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Mammootty, Unni Mukundan, Achuthan B. Nair တို့ပါဝင်သရုပ်ဆောင်ထားသော Action, Drama, History ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…..
တီရူနာဗာယာရှိ ဘာရတ်တာပူဇာ ကမ်းခြေမှာ ကျင်းပတဲ့ မာမန်ခန်ပွဲတော်အတွင်း နေရာပေါင်းစုံက စစ်သားများက စစ်ပွဲဆင်နွှဲကြဖို့ လာတဲ့အခါ ဘယ်လို အက်ရှင် ဒရာမာ သမိုင်းကြောင်းတွေကို တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ
crd to fofmm

Monday, February 3, 2020

Ironclad (2011)

(Unicode)
IMDB 6.1
RT 4.2
၁၂၁၅ ခုနှစ် အင်္ဂလန်တိုင်းပြည် အခွန်တွေကို မတရားကောက်ခံ ၊ လူသတ်ပက်စက်ပြီး မြို့စားမိန်းမတွေနဲ့ ပွေရှုတ်တက်တဲ့ ဘုရင်ဂျွန်ဟာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘုရင်တပါးပါ။
၁၆ နှစ်တာ ကာလကြာ သူ အင်္ဂလန်ကို အုပ်စိုးပြီးနောက်ပိုင်းမှာတော့ မြို့စားတွေက သူကို သည်းမခံနိုင်ကြတော့ပဲ အားလုံးစုပေါင်းပြီး ပုန်ကန်ကြပါတော့တယ်။
ဘုရားစစ်သည်တော်တွေဟာလည်း မြို့စားတွေဖက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်။
၃ နှစ်တာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲကြီးဟာ နောက်ဆုံးမှာတော့ မဂ်နာသဘောတူစာချုပ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။
မဂ်နာစာချုပ်ဆိုတာ ဘုရင်နဲ့ မြို့စားတွေအကြား သဘောတူညီချက်တွေ ထားရှိတဲ့ စာချုပ်တစ်ခုပါပဲ။
အာလုံးပြီးဆုံးသွားခဲ့ပြီလို့ ထင်ထားတဲ့နောက်ပိုင်းမှာတော့ ဘုရင်ဂျွန်ဟာ ကြေးစားစစ်တပ်ကြီးကိုငှားရမ်းကာ မြို့စားတွေကို သတ်ပြီး တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်ပါတော့တယ်။
ဘုရင်ဂျွန်ကို တားဆီးနိုင်ဖို့အတွက်ဆိုရင် အင်္ဂလန်တောင်းပိုင်းရဲ့ အချက်အချာဖြစ်တဲ့ ရီုချက်စတာရဲတိုက်ကို ထိန်းထားနိုင်ဖို့ လိုအပ်တယ်ဆိုတာ
ဘုရားစစ်သည်တော်မာရှယ်နဲ့ မြို့စား အဲလ်ဗနီတို့ဟာ ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။
ရီုချက်စတာရဲတိုက်ဆိုတာ တော်တော်လေး သေးငယ်တဲ့ ရဲတိုက်တစ်ခုပါ။
ဒီရဲတိုက်လေးထဲမှာ လူအယောက် (၂၀) လောက်နဲ့ သူတို့ ဘယ်လိုခုခံကြမလဲ။ သူတို့ ဘယ်လိုပြန်တိုက်ကြမှာပဲ။
ပြင်သစ်က စစ်ကူတွေကရော အချိန်မှီရောက်ရှိလာကြမာလား။
ဒီကစထွက်ထွက်ချင်းမှာတော့ IMDB နဲ့ RT တို့မှာ Bad Review တော်တော်ရခဲ့ပါတယ်။
Review အများစုကတော့ သမိုင်းမတူဘူးတို့ ၊ သွေးထွက်သံယိုများလွန်းတယ်တို့ ၊ ရုပ်ရှင်ကားက အရမ်းရှည်လွန်းတယ်တို့ ၊ ကင်မရာ အရမ်းကစားလွန်းတယ်တို့ စသည်တို့ပဲ တွေ့ရပါတယ်။
လူတိုင်းကတော့ အကြိုက်တူမှာ မဟုတ်ကြပါဘူး။
ကျွန်တော့်အထင်တော့ ဒီကားက သွေးထွက်သံယို များလွန်းတာကြောင့် မကြိုက်ကြတာလို့ပဲ ထင်ပါတယ်။
ဘယ်လောက်ထိ သွေးထွက်သံယိုကြမ်းသလဲဆိုရင် GOT Fan ကျွန်တော်တောင် တစ်ချက်တစ်ချက် မျက်နှာလွဲထားရပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kiwi ပါ)
(Zawgyi)

Thursday, January 23, 2020

Dark Waters (2019)

Dark Waters (2019)
Rating: 7.6
Genres: Biography, Drama, History
(unicode)
ဖြစ်ရပ်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်
၂၀၁၆ခုနှစ် The New York Times Magazineထဲက Nathaniel Richရေးထားတဲ့
“The Lawyer Who Became DuPont’s Worst Nightmare”ကိုအခြေခံပြီး
ရိုက်ကူးထားတာပါ
ဇာတ်လမ်းအကျဉ်းကတော့
DuPontလို့အမည်ရတဲ့အမေရိကန်ရဲ့အကြီးဆုံး ဓာတုဗေဒပစ္စည်းတွေထုတ်လုပ်ဖြန့်ချီတဲ့ကုမ္ပဏီကြီးက
ကုန်ပစ္စည်းထုတ်လုပ်ရာနဲ့စွန့်ပစ်ရာမှာသုံးတဲ့ဓာတုဗေဒပစ္စည်းတွေဟာ
သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ်
အဲ့ဒါကြောင့်ထိခိုက်သူတွေကရှေ့နေတစ်ယောက်ကိုငှားပြီးတော့တရားရင်ဆိုင်ရဖို့ဖြစ်လာပါတယ်
အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်တို့ရဲ့Hulk မင်းသားကြီးMark Tuffaloကရှေ့နေတစ်ယောက်အနေနဲ့
သရုပ်ဆောင်ထားပါတယ်
အမေရိကန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တာနဲ့အညီ
အကြီးတန်းအုပ်ချုပ်ရေးပိုင်းကခေါင်းဆောင်တွေနဲ့သိတာကြောင့်
DuPontကိုနိုင်နိုင်ချေကလုံးဝမရှိတဲ့အခြေအနေအထိဖြစ်နေလို့‌ရှေ့နေတော်တော်များများကငြင်းဆိုကြပါတယ်….
အစပိုင်းကစိတ်မဝင်စားပေမယ့်လဲသူ့အဖွားနေထိုင်ရာဇာတိအနောက်ဗာဂျီးနီးယာမှာဖြစ်တာကြောင့်
အနည်းငယ်စူးစမ်းကြည့်ရာကနေရင်နင့်ဖွယ်ဖြစ်ရပ်တွေကိုတွေ့ပြီးတာဝန်ယူရတဲ့အထိဖြစ်လာပါတော့တယ်…..
တကယ်ကိုအန္တရယ်များလွန်းတဲ့တရားခွင်ပါပဲ…သူရင်ဆိုင်နိုင်ပါ့မလား…ဆိုတာကိုတော့
ခံစားကြည့်ပါဦး…
ဒီကားက တရားခွင်ကို အဓိက ပြထားတဲ့ဇာတ်ကားတွေ ထုံးစံအတိုင်း
ဒိုင်ယာလော့တိုင်းဟာ ပညာသားပါပါတယ်.
ခက်ခဲတဲ့ စုံစမ်းထောက်လှမ်းမှုတွေလည်း တွေ့ရပါလိမ့်မယ်…ဒါ့အပြင် ကြည့်ရသူတွေအတွက်လည်း
ဗဟုသုတပေါင်းများစွာရသလို အစမှ အဆုံးထိ မပျင်းမရိနဲ့ကိုကြည့်ရပါတယ်..
ခံစားကြည့်ကြပါဦး…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်
(zawgyi)
ဖြစ်ရပ်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်
၂၀၁၆ခုနှစ် The New York Times Magazineထဲက Nathaniel Richရေးထားတဲ့
“The Lawyer Who Became DuPont’s Worst Nightmare”ကိုအခြေခံပြီး
ရိုက်ကူးထားတာပါ
ဇာတ်လမ်းအကျဉ်းကတော့
DuPontလို့အမည်ရတဲ့အမေရိကန်ရဲ့အကြီးဆုံး ဓာတုဗေဒပစ္စည်းတွေထုတ်လုပ်ဖြန့်ချီတဲ့ကုမ္ပဏီကြီးက
ကုန်ပစ္စည်းထုတ်လုပ်ရာနဲ့စွန့်ပစ်ရာမှာသုံးတဲ့ဓာတုဗေဒပစ္စည်းတွေဟာ
သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ်
အဲ့ဒါကြောင့်ထိခိုက်သူတွေကရှေ့နေတစ်ယောက်ကိုငှားပြီးတော့တရားရင်ဆိုင်ရဖို့ဖြစ်လာပါတယ်
အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်တို့ရဲ့Hulk မင်းသားကြီးMark Tuffaloကရှေ့နေတစ်ယောက်အနေနဲ့
သရုပ်ဆောင်ထားပါတယ်
အမေရိကန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တာနဲ့အညီ
အကြီးတန်းအုပ်ချုပ်ရေးပိုင်းကခေါင်းဆောင်တွေနဲ့သိတာကြောင့်
DuPontကိုနိုင်နိုင်ချေကလုံးဝမရှိတဲ့အခြေအနေအထိဖြစ်နေလို့‌ရှေ့နေတော်တော်များများကငြင်းဆိုကြပါတယ်….
အစပိုင်းကစိတ်မဝင်စားပေမယ့်လဲသူ့အဖွားနေထိုင်ရာဇာတိအနောက်ဗာဂျီးနီးယာမှာဖြစ်တာကြောင့်
အနည်းငယ်စူးစမ်းကြည့်ရာကနေရင်နင့်ဖွယ်ဖြစ်ရပ်တွေကိုတွေ့ပြီးတာဝန်ယူရတဲ့အထိဖြစ်လာပါတော့တယ်…..
တကယ်ကိုအန္တရယ်များလွန်းတဲ့တရားခွင်ပါပဲ…သူရင်ဆိုင်နိုင်ပါ့မလား…ဆိုတာကိုတော့
ခံစားကြည့်ပါဦး…
ဒီကားက တရားခွင်ကို အဓိက ပြထားတဲ့ဇာတ်ကားတွေ ထုံးစံအတိုင်း
ဒိုင်ယာလော့တိုင်းဟာ ပညာသားပါပါတယ်..
ခက်ခဲတဲ့ စုံစမ်းထောက်လှမ်းမှုတွေလည်း တွေ့ရပါလိမ့်မယ်.ဒါ့အပြင် ကြည့်ရသူတွေအတွက်လည်း
ဗဟုသုတပေါင်းများစွာရသလို အစမှ အဆုံးထိ မပျင်းမရိနဲ့ကိုကြည့်ရပါတယ်..
ခံစားကြည့်ကြပါဦး…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်
crd to channelmyanmar

Che: Part Two (2008)

Che: Part Two (2008)
Rating: 6.9
Genres: Biography, Drama, History
(DatShin Movie Page မှ ကူးယူဖော်ပြသည်….)
(Unicode)
၁၉၅၆ ခုနှစ် . . ။
ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။
အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ကပ်ပတိန်ကြီး Fidel Castro (ဖီဒယ် ကပ်စ်ထရို)၊ ဆရာဝန် ပျောက်ကျား စစ်သည်တော်ကြီး Che Guevara (ချေဂွေဗားရား) တို့ ပါဝင်တဲ့ အယောက် ၈၀ တပ်ဖွဲ့ငယ်လေးပါ . . . ။
သူတို့ဟာ တစ်ချိန်မှာ ကမ္ဘာ့သမိုင်းရဲ့ အင်မတန်ဆန်းကျယ်လှပ သေသပ်တဲ့ တော်လှန်ရေးကြီးကို ဆင်နွှဲတော့မှာ ဖြစ်တယ်။
______________________________
“ Che ”
(part one – Argentine / part two – Guerrilla)
___________________×× _____________
* ဒါရိုက်တာ *
Che ဆိုတဲ့ ဟောဒီ ဖြစ်ရပ်မှန် ရုပ်ရှင်ကြီး ဟာ Steven Soderbergh ရိုက်ကူးခဲ့ပြီး၂၀၀၈ ခုနှစ်မှာ အပိုင်း ၂ ပိုင်း ခွဲလို့ ထွက်ခဲ့ပါတယ်။ ပထမပိုင်းနာမည်က Che Part One : Argentine ဖြစ်ပြီး ဒုတိယပိုင်းအမည်က Che Part Two : Guerrilla ပါတဲ့။
အားလုံးသိထားတဲ့အတိုင်းပဲ Che (ချေဂွေဗားရား) ဆိုတာ ကမ္ဘာကြီးရဲ့ နာမည်ကြီး တော်လှန်ရေးခေါင်းဆောင်၊ ဆရာဝန်၊ ပျောက်ကျားစစ်ဆင်ရေး ပညာရှင်၊ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီး တစ်ယောက်ပါ။ Che ကို မသိကြတဲ့သူတွေ များပေမယ့် t shirt တွေ စတစ်ကာတွေပေါ်မှာ ကြယ်နီ ပါတဲ့ ဦးထုပ်အပြားလေးဆောင်းထားတဲ့ မုတ်ဆိတ်ပါးသိုင်းမွှေးနဲ့ ဘဲကြီးကိုတော့ လူတိုင်း မြင်ဖူးပြီးသားပါ။ အဲ့ဒါ Che ပါပဲ။
တော်လှန်ရေးကြီး အောင်မြင်သွားချိန်မှာတော့ Che ဟာ ကျူးဘား တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ဝန်ကြီးနေရာတွေကို တာဝန်ယူပေးတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် လုပ်ပေးခဲ့တယ်။ နောက်ပိုင်းမှာ Che ဟာ နိုင်ငံတကာ တော်လှန်ရေးသင်္ကေတ တစ်ခုလိုကို ဖြစ်လာတယ်။ သူ့ကို ဘုရားလို ကိုးကွယ်ကြတဲ့သူတွေ ထုနဲ့ ထည်နဲ့ ရှိတယ်။
ဒီလောက် ကြီးကျယ်ခန်းနားတဲ့ Che ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်မယ်ဆိုတော့ ဘယ်လိုရိုက်မှာတုန်း?? ဖြစ်ပါ့မလား??
အရင်ဆုံး ပြောချင်တာက ဒီ ရုပ်ရှင် ဒီ ဒါရိုက်တာရဲ့ ရိုးသားမှု ပါပဲ။
ဒီရုပ်ရှင်မှာ ဒါရိုက်တာဟာ Che ကို ဘာမှ စာမဖွဲ့ထားဘူး။ ဘုရားသခင်လိုလည်း အားလုံးပြည့်စုံပါ၏ မလုပ်ထားဘူး။ အတတ်နိုင်ဆုံး ဘယ်မျက်နှာမှ မလိုက်ပဲ အရှိအတိုင်း ရိုးရိုးလေး ဇာတ်ကားကို သယ်ဆောင်ပြသွားတယ်။
Che ဟာ ရိုးရှင်းပြီး ပြတ်သားတယ်။ ဒါကိုပဲ focus လုပ်သွားတယ်။ စကားအပို သိပ်မပြောဘူး။ စစ် တိုက်ရင်တိုက်နေမယ်။ ဒါမှ မဟုတ် စာဖတ်ရင် ဖတ်နေမယ်။ တစ်ခါတစ်လေ သူ့ တပ်သားတွေကို ဆဲနေမယ်။ တစ်ခါတစ်လေ ဆုံးဖြတ်ချက် အမှားတွေချမိနေတယ်။ တစ်ခါတလေ မိန်းမနဲ့ သားသမီးတွေနဲ့ ပျော်ပျော်ရွင်ရွင် အချိန်ကုန်နေမယ်။ ဒီလောက်ပဲ။
Che ကို ကိုယ်ယောင်ကိုယ်ဝါ တောက်ပနေသယောင် မလုပ်ပြထားဘူး။ ကျူးဘားရဲ့ ကျေးဇူးရှင်ဖခင်ကြီးလိုလည်း မဖန်ဆင်းထားဘူး။ Che ရုပ်ရှင်ဟာ Che လိုပဲ ရှင်းတယ်။ ရိုးတယ်။
တကယ်တော့ Che ရဲ့ အလုပ်တွေ ဖြတ်သန်းမှုတွေက နည်းတာကြီးမဟုတ်ပါဘူး။ ပြမယ်ဆို series လိုက်ကြီး စိန်နေအောင် ပြလို့ရတယ်။ ဒါပေမယ့် ဒါရိုက်တာဟာ သူ လိုသလောက်ပဲ Che ဘဝ တစ်ချို့ကို ကောက်နုတ်ပြသွားတယ်။
ဒါရိုက်တာ Steven Soderbergh ဟာ Sex , Lies , Videotapes ဆိုတဲ့ရုပ်ရှင်နဲ့ ၁၉၈၉ မှာ အသက်အငယ်ဆုံး Palm D Ore ဆု ကို ဆွတ်ခူးခဲ့တယ်။ ဒီမှာတော့ Ocean Twelve တို့ Ocean Eleven တို့ စတဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးတဲ့သူ များပါတယ်။ အဲ့ဒါ ဒီဘဲကြီး ရိုက်တဲ့ ကားတွေပါပဲ။ Ocean Franchise တစ်ခုလုံး သူရိုက်ခဲ့တယ်။ Traffic လို အော်စကာတန်းဝင် ရုပ်ရှင်ကားကြီးတွေလည်း ဖန်တီးခဲ့တယ်။
ခြုံပြောရရင် Che ရုပ်ရှင်ဟာ ဒါရိုက်တာ Steven ရဲ့ directing ပညာအောက်မှာ ရိုးရှင်းတည်ငြိမ်နေတယ်။ ဘာ တီထွင်ဆန်းသစ်မှုမှ မပါဘူး။ တကယ့်ကို ရှင်းရှင်းလေး။
×××××××××××
* ဇာတ်ညွှန်း *
ရုပ်ရှင်ရဲ့ ပထမပိုင်း – Che နဲ့ Fidel Castro တို့ တွေ့ဆုံကြရာကနေ ကျူးဘားတိုင်းပြည်ကြီးကို နောက်ဆုံး အာဏာရှင်အစိုးရ မပြုတ်ပြုတ်အောင် ဗျင်းကြတဲ့ အထိ ကို တွေ့မြင်ရမှာပါ။ ၁၉၆၄ မှာ ကျူးဘားနိုင်ငံကိုယ်စား UN စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်းပြောနေတဲ့ Che ရယ် . . . ၁၉၅၆ တောက်လျှောက်မှာ သေနတ်ကိုင်ထားတဲ့ တော်လှန်ရေးသမားကြီး Che ရယ် . . ဆိုတဲ့ Che ရဲ့ life event နှစ်ခုကို ယှဉ်ပြီး ပြထားပါတယ်။
ရုပ်ရှင်ရဲ့ ဒုတိယပိုင်း – ၁၉၆၆ နောက်ပိုင်း။ Fidel Castro က တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောနေတယ်။ Che ဟာ ကျူးဘား အစိုးရအဖွဲ့ကနေ နှုတ်ထွက်သွားပြီဆိုတဲ့အကြောင်း။ နောက်တစ်နေ့မှာတော့ ထိပ်ပြောင်ပြောင်နဲ့ အမွှေးမရှိ အမျှင်မရှိအောင် ရုပ်ဖျက်ထားတဲ့ Che ဟာ ဘိုလီးဗီးယား (Bolivia) တိုင်းပြည်ထဲကို တိတ်တိတ်ကလေးရောက်သွားပြီး တော်လှန်ရေးအသစ်တစ်ခုကို စတင်ဖို့ ပြင်နေပါတော့တယ်။
(Guerrilla ဆိုတဲ့စကားလုံးကို Part Two မှာ တောက်လျှောက်တွေ့ရလိမ့်မယ်။ အဲ့ဒါက သိတဲ့သူအဖို့တော့ မခက်ခဲပေမယ့် မသိတဲ့ သူများအတွက် နည်းနည်း ရှင်းပြ ပါရစေ။ Guerrilla Warfare ဆိုတာ နိုင်ငံတကာ တော်လှန်ရေးလို့ အလွယ်ဆုံး ဘာသာပြန်လို့ရပါတယ်။ Che ဟာ ကျူးဘားတော်လှန်ရေးပြီးတဲ့နောက်မှာ တခြားနိုင်ငံတွေရဲ့ တောနက်ကြီးထဲဝင်ပြီး လက်နက်ဆွဲကိုုင်လို့ အဲ့ဒီနိုင်ငံတွေရဲ့ အာဏာရှင်အသီးသီးကို လိုက် ချေမှုန်းဖို့ လုပ်ပါတယ်။ အဲ့လို ကိုယ့်နိုင်ငံသူ့နိုင်ငံမခွဲခြားပဲ လက်နက်ကိုင် တော်လှန်ရေး လိုက်လုပ်တဲ့ ရဲဘော်များရဲ့ လှုပ်ရှားမှုကို Guerrilla Warfare လို့ ခေါ်ပါတယ်။ Part Two မှာ Che က ဘိုလီးဗီးယားကို ရောက်သွားတာ Guerrilla Movement ကို ဦးဆောင်ဖို့ပါ)
Che ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို လူသုံးယောက် ဝိုင်းရေးပေးခဲ့တယ်။ Peter Buchman ရယ် Benjamin A. van der Veen ရယ် Terrence Malick ရယ်ပါ။ ဆရာကြီး သုံးယောက်ရဲ့ လက်ရာက Che ရုပ်ရှင်ကို အကြီးအကျယ် ရုပ်လုံးကြွ ပြည့်စုံ သွားစေခဲ့တယ်။
ကျွန်တော်ပြောခဲ့သလိုပဲ။ Che ဆိုတာ အပြင်လောကမှာ ဘယ်လောက် ကြီးကျယ်နေပါစေ။ ဒီ ရုပ်ရှင်မှာတော့ သာမန်လူသားတစ်ယောက်ပါပဲ။ ဇာတ်လမ်းအစမှာတင် ပန်းနာရင်ကျပ်ရောဂါသည် Che ဟာ တောကြီးမျက်မည်းထဲမှာ အသက်တောင် ကောင်းကောင်းမရှုနိုင်တော့လို့ သူ့ရဲဘော်က သူ့အိတ်ကို ဝိုင်းသယ်ပေးရတဲ့ အဖြစ်။
တစ်ဖွဲ့လုံး Maxico မှာ စစ်ပညာသင်ထားခဲ့ပေမယ့် တကယ့် လက်တွေ့တော်လှန်ရေးဆင်နွှဲတဲ့အခါမှာတော့ Che တို့ တစ်သိုက် တိုင်ပတ်နေခဲ့ကြတယ်။ အရေးထဲ Fidel ကြီးက အားရပါးရ ချိန်ပြီး ရန်သူကို ပစ်ထည့်လိုက်တာ အလွဲကြီးလွဲသွားသေး . . . ။
ဒါပေမယ့် Che တို့ရဲ့ ဦးဆောင်မှု တိုးတက်ပြောင်းလဲမှုအောက်မှာ လူ ၈၀ နဲ့ စ ခဲ့တဲ့ တော်လှန်ရေးလေးက တဖြည်းဖြည်း ကြီးပြင်းလာတာကို ဒီကားမှာ မြင်သလောက် မြင်ရမယ်။
Che ရွာသားတွေကို ကိုယ့်မိသားစုဝင်များပမာ ဆက်ဆံကြတယ်။ ပိုက်ဆံမပေးပဲ ရွာသားတွေဆီက ဘာ ပစ္စည်းမှ ယူခွင့်မရှိဘူး။ တော်လှန်ရေးလုပ်တဲ့ သူပုန်တပ်ဆိုပေမယ့် အရမ်းစည်းကမ်းရှိတယ်။ မုဒိန်းမှုသာ ကျူးလွန်ကြည့်ပါလား။ ချက်ချင်း သေဒဏ်ပေးခံရမယ် အဲ့စစ်သား . . ။
“ ဆရာ . . ရန်သူ့တပ်က အတော် စနစ်ကျတယ်။ ဆေးရုံတောင် ရှိတယ် ” ဆိုတဲ့ အာဏာရှင်ဘက်က တပ်မှူးရဲ့ ပြောစကားကို ဒီကားမှာ ကြားရမယ်။
အဲ့ဒါတွေထက် ပိုကြီးအရေးကြီးတာ တစ်ချက်ရှိတယ်။ ဘာလဲဆိုတော့ ဒီကားကို စစ်ကားလို့ ယူဆပြီး ကြည့်မယ့်သူတွေကို ပြောချင်တာပါ။ အမှားကြီး မှားသွားပါလိမ့်မယ်နော်။ ဘာလို့ဆိုတော့
စစ်ကားမို့ ပစ်တာခတ်တာ ဗုန်းကွဲတာတွေကို အရမ်းလှတဲ့ shot တွေနဲ့ စစ်သားတွေ စတိုင်မိမိ ပြေးလွှားနေတာတွေ လုံးဝ မြင်ရမှာ မဟုတ်ပါဘူး။
“ သတင်းထောက်။ ။ တော်လှန်ရေးကို ဘယ်လိုမြင်ပါသလဲ
Che ။ ။ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာဓာတ် မရှိပဲ တော်လှန်ရေးကို လုပ်ကို လုပ်လို့မရပါဘူး ”
ဟုတ်ပါတယ်။ အဲ့အတိုင်းပါပဲ။ Che ရဲ့ စကားလိုပါပဲ . . ဒီ ဇာတ်ညွှန်းကြီးတစ်အုပ်လုံးမှာလည်း ချစ်ခြင်းမေတ္တာ၊ လူသားဆန်မှု၊ အမှား အမှန်၊ ရွာသားတွေနဲ့ တော်လှန်ရေးစစ်သားတွေရဲ့ ဆက်ဆံရေး၊ အထူးဖြင့် Che ရဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဘဝကိုသာ မြင်ရမှာပါ။
တစ်ခါတလေ စစ်ပွဲ တစ်ပွဲလုံးကို သေနတ်ပြောင်းက ကျည်ထွက်နေတာပဲ ပြပြီး ပြီးရင်လည်း ပြီးသွားပါတယ်။ စစ် တကယ်ဖြစ်နေတာကို ပြရင်လည်း ရိုးရိုးရှင်းရှင်းကြီးပဲ ပြပါတယ်။ ဘာမှ မကွန့်ထားဘူး။
ဒီကားရဲ့ ဇာတ်ညွှန်းဟာ . . not about ဒုန်းဒုန်းဒက်ဒက် ပါ။ it’s about loving kindness ပါဗျာ . . ။
ဒီတော့ ချခန်းပါမှ ကြိုက်မယ်ဆိုရင်တော့ Che က ရှောင်သင့်တဲ့ ကားပါ။
×××××××××××
* သရုပ်ဆောင်များ *
ကျွန်တော်တို့ချစ်ရတဲ့ Che နေရာမှာ သရုပ်ဆောင်သူကတော့ Benicio Del Toro ပါ။
Benicio ကို ဒီမှာတော့ Sicario ရုပ်ရှင်နှစ်ကားနဲ့ လူသိများတယ်။ Infinity War မှာ The Collector အနေနဲ့လည်း သိကြလိမ့်မယ်။
Che ဆိုတဲ့ global icon ကြီးကို တာဝန်ယူ သရုပ်ဆောင်ရတဲ့သူဖြစ်လာတဲ့အတွက် Benicio အတွက် ကြောက်စရာကောင်းလောက်အောင် တာဝန်ကြီးပါတယ်။
ဒါပေမယ့် Benicio ဟာ Che ဖြစ်လာခဲ့တယ်။ Benicio ဟာ အသံ၊ ရုပ်၊ ကိုယ်လုံး စတဲ့ လိုအပ်သမျှ အပြောင်းအလဲတွေ အကုန်လုပ်ထားတယ်။ Che ဆိုတဲ့ ပုဂ္ဂိုလ်ကို သေချာ လေ့လာထားတယ်။ Che ရဲ့ စိတ်အတွင်းသန္တာန်ထဲထိ သူ ဝင်ကြည့်လို့ရသလောက် ဝင်ကြည့်ထားပုံရတယ်။
သူတို့နှစ်ယောက်က မျက်နှာပေါက်ဆင်သလား ဆိုတော့ အရမ်းမဆင်ပါဘူး။ နီးစပ်တယ်ဆိုရုံလောက်ပါပဲ။ ဒါပေမယ့် Benicio က မိတ်ကပ်၊ physical changes တွေရဲ့ အကူအညီလည်း ယူခဲ့သလို စိတ်ဝိညာဉ်ချင်းလည်း ကူးလူးခဲ့ပါတယ်။ Benicio နဲ့ Che ဘယ်လောက် လိုက်ဖက်တယ်ဆိုတာကို ဒီကားမှာ မြင်ရမှာပါ။
ဒါရိုက်တာဟာ ရုပ်ချွတ်ဆွတ်တူတဲ့သူကို ဦးစားပေးပြီး Audition တွေခေါ်နေရင် Benicio လို တကယ့် talented ဖြစ်တဲ့ သရုပ်ဆောင်နဲ့ လွဲတော့မှာပေါ့။ ဒီကားကို ကြည့်ရင်း နားလည်လိုက်တာကတော့ ဖြစ်ရပ်မှန်အထုပ္ပတ္တိ ရုပ်ရှင်တွေမှာ casting လုပ်တဲ့အခါ ရုပ်တူတာထက် ပိုအရေးကြီးတဲ့အရာတွေ အများကြီး ရှိတယ်ဆိုတာပါပဲ။
တိုက်ပွဲကို လာ ဆက်သွယ်ပြီး ပါဝင်ချင်ပါတယ်ဆိုတဲ့ ၁၆ နှစ်သား ကလေးတွေကို Che တစ်ယောက် ခေါင်းခါပြီး အိမ်ပြန်ခိုင်းပုံတွေ . . ရွာသားတွေကို ဆေးကုပေးနေပုံတွေ . . အားလပ်ချိန်တိုင်း စာထိုင်ဖတ်နေသူတွေ . . လက်ကို မြောက်မြောက်ပြီး အားနဲ့မာန်နဲ့ အသံအေးအေးနဲ့ စကားပြောနေတာတွေ စတဲ့ မြင်ကွင်းတွေကို ကျွန်တော်တို့ဟာ Che ဘေးမှာ သွားထိုင်ကြည့်နေရသလို တကယ် ခံစားပြီး ကြည့်ရမှာပါ။ ရုပ်ရှင်ဆန်တဲ့ drama ခင်းတာတွေ over တွေ မျက်လုံးမှေးပြီး တိုင်းပြည်အတွက် ဘယ်လောက်ချစ်ကြောင်းပြောတာတွေ . . အံကြိတ်ပြီး နိုင်ငံရေးတရား အတုံးလိုက်အတစ်လိုက်ဟောပြတာတွေ တစ်ခုမှ မြင်ရမှာ မဟုတ်ပါဘူး။
Che တစ်ယောက် ကောင်းရင်လည်းကောင်းမယ်။ ဆိုးချင်လည်း ဆိုးမယ်။ ကိုယ် စီးလာတဲ့ မြင်းကို ဒေါသထွက်ပြီး သတ်ချင်လည်း သတ်ပစ်မယ်။ ဒါ အမှန်တရားပဲ။
အဲ့ဒါဟာ ဒီမင်းသားရဲ့ acting ပညာ အလှတရားလည်း ဖြစ်ပါတယ်။ တန်ခိုးရှင်မဟုတ်တဲ့ အရမ်းလူသားဆန်တဲ့ Che ပါ ဗျာ . . ။
Fidel Castro အဖြစ် သရုပ်ဆောင်တဲ့ Demián Bichir . . ကိုလည်း အရမ်းသဘောကျတယ်။ လေးနက်မှုအပြည့််နဲ့ Che နဲ့ စကားပြောနေတာတွေကို မြင်နေရတာ လွန်ခဲ့တဲ့ နှစ် ၅၀ – ၆၀ ဝန်းကျင်က ကျူးဘားက သွေးသောက် ညီအစ်ကိုနှစ်ယောက်ရဲ့ chemistry ကို ဆဝါးခွင့်ရတယ်။
“ မင်းကို ငါတို့ ဆုံးရှုံးမခံနိုင်ဘူး။ မင်းက ငါတို့အတွက် အရမ်း အရေးကြီးတယ်။ အဲ့တော့ ရှေ့အရမ်းမထွက်ပါနဲ့။ ဒါ အမိန့်ပဲ . . . ”
ဆိုတဲ့ Fidel က Che ကို အမိန့်ပေးတဲ့ scene ခုထိ မျက်လုံးထဲက မထွက်ဘူး။
တခြား ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်ကြတဲ့ လက်တင်၊ ဟောလီးဝုတ် မင်းသားတွေ မင်းသမီးတွေကိုလည်း သဘောကျတယ်။ သူတို့ကြောင့်သာ ကျူးဘားတော်လှန်ရေးကြီးကို မျက်စိရှေ့မြင်နေရသလို ခံစားရတာပါ။
Che အပါအဝင် သူတို့အားလုံးဟာ လက်တွေ့မကျတဲ့ သေနတ် နှစ်လက် ကိုင်ပစ်တာမျိုး၊ ကျွမ်းထိုးပြီး ပစ်တာမျိုး စတဲ့ အက်ရှင်ကားထဲက အကွက်တွေကို ဘယ်သူမှ မလုပ်ကြဘူး။ သေနတ်တွေ မနိုင့်တနိုင်ထမ်းရင်း တတ်နိုင်သလောက် တော်လှန်ရေးလုပ်နေကြတဲ့ စိတ်ထားဖြူစင်စည်းကမ်းရှိတဲ့ ရဲဘော်တွေကိုပဲ မြင်ရတယ်။
×××××××××××××××
* Cinematography (ရုပ်ရှင်ဓာတ်ပုံ) *
Che Movie ရဲ့ Cinematography ကို တာဝန်ယူသူကတော့ ဒီကားရဲ့ ဒါရိုက်တာ ကိုယ်တိုင်ပါပဲ။ ဒါရိုက်တာတဖြစ်လဲ Cinematographer ဟာ ဒီကားရဲ့ camera works တွေကို အရိုးရှင်းဆုံးပုံစံပဲ လုပ်ခဲ့ပါတယ်။ စစ်တိုက်နေချိန်တွေမှာကအစ stay shots (ငြိမ်နေတဲ့ရိုက်ချက်) တွေ လှိုင်နေအောင် သုံးတယ်။ tracking / handheld shots တွေကိုတောင် Part Two မှာမှ တွေ့ရတယ်။ ကင်မရာကို stay ထောင်ထားပြီး ကင်မရာထဲက တော်လှန်ရေးတပ်သားတွေ လှုပ်ရှားသွားလာ နေကြတဲ့ မြင်ကွင်းကို ဒီကားမှာ အမြဲမြင်ရမှာပါ။
ပျင်းစရာကောင်းတယ်လို့ ဆိုနိုင်ပေမယ့် ကျွန်တော်ကတော့ ဒီဇာတ်ကားနဲ့ လိုက်ဖက်တဲ့ camera works မျိုးလို့ ယူဆပါတယ်။ Cinematography ဆိုတာ လှအောင် ရိုက်လေ ကောင်းလေ မဟုတ်ပါဘူးပဲ ရုပ်ရှင်နဲ့ လိုက်ဖက်တဲ့ ရိုက်ကူးမှု ကင်မရာလှုပ်ရှားမှုမျိုးကို ဖန်တီးနိုင်မှသာ ကောင်းတယ်လို့ ယူဆနိုင်တာပါ မဟုတ်ဘူးလားဗျာ။
××××××××××××
တစ်ခါသားမှာ တိုက်ပွဲတစ်ပွဲကို Che တို့ နိုင်သွားလို့ နောက်တစ်မြို့ကို စစ်ကားတွေနဲ့ ချီတက်ကြတယ်။ ရဲဘော်တစ်ယောက်က ကား အကောင်းစားကြီးမောင်းလာတာကို Che က တွေ့သွားပြီး အဲ့ကားနောက် အမှီလိုက်တယ်။ ရပ်ခိုင်းတယ်။ ပြီးတော့ ကားကို ပိုင်ရှင်လက်ထဲ ပြန်ထည့်ခိုင်းတယ်။
“ မင်းတို့ကောင်တွေကို ဘယ်သူက သူခိုး လုပ်ဖို့ ခွင့်ပေးထားလဲ . . . ?? အခု ယူခဲ့တဲ့မြို့မှာ ကား ကို ပြန်သွားထား။ ပြီးရင် ဘတ်စကား စီးရင်စီး စစ်ကား စီးရင်စီး . . မဟုတ်လည်း ခြေကျင်အတိုင်း ဆက် လိုက်ခဲ့ ။ စောက်ရေးမပါတာ . . ”
ဆိုပြီး စိတ်ပျက်လက်ပျက် ညည်းနေတဲ့ Che ကို မြင်ရပါလိမ့်မယ်။
အဲ့ဒီ scene ကို ကြည့်ခြင်းအားဖြင့် Che တို့ တော်လှန်ရေး ဘယ်လောက်စည်းကမ်းရှိတယ် ဘယ်လောက် သေဝတ်ပိပြားတယ်ဆိုတာကို မြင်နေရတယ်။ သူတို့ တော်လှန်ရေး ဘယ်လောက် ကောင်းကြောင်း တစ်ခွန်းမှ မပြောသွားပါဘူး။ ဒါပေမယ့် ဒီလူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်တဲ့ တော်လှန်ရေးကို ခင်ဗျား ခံစားရလိမ့်မယ်။ ဒီလူတွေရဲ့ ပြည်သူပေါ် တန်ဖိုးထားမှုကို မြင်ရလိမ့်မယ်။
လူ့သမိုင်းရဲ့ အကောင်းဆုံးတော်လှန်ရေးဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုခံစားဖို့ ဝါသနာပါတယ်ဆိုရင်တော့ Che နှစ်ပိုင်းလုံးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ မကြည့်လည်း ရပါတယ်။ Che ကို အနီးကပ် မမြင်ဖူးရုံပဲ ရှိမပေါ့ . . ။

Che ဟာ ကျျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံးလူသားတွေထဲက တစ်ယောက်ပါ။ အားလုံးမြင်ဖူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံဟာဆိုရင် ကမ္ဘာ့နာမည်အကြီးဆုံး ဓာတ်ပုံလို့ကို ပညာရှင်များက တစ်ညီတညွှတ် သတ်မှတ်ထားပါတယ်။ သူက အာဂျင်တီးနားမှာမွေးတယ်။ ကျူးဘား (Cuba) ကို သွားပြီး တော်လှန်ရေး လုပ်တယ်။ ကျူးဘား က စစ်အာဏာရှင်ကြီး ကို အပြုတ်ဖြုတ်ခဲ့တယ်။ Che မှာ ပန်းနာရင်ကျပ်ရောဂါ ရှိတယ်။ ကျူးဘားအမျိုးသားခေါင်းဆောင်ကြီး Fidel Castro ရဲ့ သွေးသောက်ရဲဘော်ညီရင်းအစ်ကို ဖြစ်တယ်။

(Guerrilla ဆိုတဲ့စကားလုံးကို Part Two မှာ တောက်လျှောက်တွေ့ရလိမ့်မယ်။ အဲ့ဒါက သိတဲ့သူအဖို့တော့ မခက်ခဲပေမယ့် မသိတဲ့ သူများအတွက် နည်းနည်း ရှင်းပြ ပါရစေ။ Guerrilla Warfare ဆိုတာ နိုင်ငံတကာ တော်လှန်ရေးလို့ အလွယ်ဆုံး ဘာသာပြန်လို့ရပါတယ်။ Che ဟာ ကျူးဘားတော်လှန်ရေးပြီးတဲ့နောက်မှာ တခြားနိုင်ငံတွေရဲ့ တောနက်ကြီးထဲဝင်ပြီး လက်နက်ဆွဲကိုင်လို့ အဲ့ဒီနိုင်ငံတွေရဲ့ အာဏာရှင်အသီးသီးကို လိုက် ချေမှုန်းဖို့ လုပ်ပါတယ်။ အဲ့လို ကိုယ့်နိုင်ငံသူ့နိုင်ငံမခွဲခြားပဲ လက်နက်ကိုင် တော်လှန်ရေး လိုက်လုပ်တဲ့ ရဲဘော်များရဲ့ လှုပ်ရှားမှုကို Guerrilla Warfare လို့ ခေါ်ပါတယ်။ Part Two မှာ Che က ဘိုလီးဗီးယားကို ရောက်သွားတာ Guerrilla Movement ကို ဦးဆောင်ဖို့ပါ)

Che: Part One (2008)

Che-Part One (2008)
Rating: 7.2

လူ့သမိုင်းရဲ့ အကောင်းဆုံးတော်လှန်ရေးဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုခံစားဖို့ ဝါသနာပါတယ်ဆိုရင်တော့ Che နှစ်ပိုင်းလုံးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ မကြည့်လည်း ရပါတယ်။ Che ကို အနီးကပ် မမြင်ဖူးရုံပဲ ရှိမပေါ့ . . ။ crd to channelmyanmar