Showing posts with label Thriller. Show all posts
Showing posts with label Thriller. Show all posts

Tuesday, June 9, 2020

The Entity (2019)

The Entity(2019)
ညီမဖြစ်သူ Pam ရဲ့ရုတ်တရက်သေဆုံးသွားတဲ့သတင်းကိုကြားတော့ ကောလိပ်ကျောင်းသား Kent Gonzalez က
အိမ်ကို ဝမ်းနည်းကြေကွဲစွာပြန်လာခဲ့တယ်…အိမ်ရောက်တော့  အဖေ အမေနဲ့အတူစျာပနာကျင်းပ
ခဲ့တယ်…နောက်ရက်များမှာ သူ့အတွက်ထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတယ်…
ကွယ်လွန်သွားတဲ့သူ့ညီမဝိညာဥ်က သူ့အိမ်မက်ထဲကိုအလည်လာခဲ့ပြီး သူမသိသေးတဲ့အကြောင်းအရာတွေကို
လာပြောပြသွားတယ်….. Kent အတွက်ထိန့်လန့်စရာကောင်းသလို ဝိညာဉ်ရဲ့ပြောပြချက်တွေကလည်း
သူ့အတွက် စက်ဆုတ်စရာတွေဖြစ်နေတယ်….
အဲ့ဒီနောက်မှာတော့…..
ဝိညာဉ်ကဘာတွေပြောခဲ့လို့လဲ…အဲ့ဒီဝိညာဉ်ကရော ဘာတွေဆက်ပြီး Kent ကိုဆက်ပြောနေမှာလဲ…
Kent ကရော ဝိညာဉ်ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်မှာလဲ…
Horror ကားကြိုက်သူတို့အတွက် တော်တော်မိုက်တယ်လို့ပြောရမှာပါ..ခံစားကြည့်ကြပါကုန်…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်…
crd to channelmyanmar

Bloody Reunion (2006)

[Unicode]
Horror Movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက် နောက်ထပ် horror movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းအကျဉ်း
ဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊
အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ
မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲက
မီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်…
ဆရာမဘတ်ဆီကို နှစ်စဉ္ဆရာများနေ့ရောက်တိုင်း
သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။
ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်…
ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ်
သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။
အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊
နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတို့ပဲဖြစ်ပါတယ် ။
ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ …
ဆရာမဆီ လာလည်ကြပေမယ့် အကုန်လုံးက ချစ်လို့လာကြတာ မဟုတ်ကြပါဘူး
ဒါဆိုရင် ဒီတပည့်တွေထဲက ဘယ်သူက လူသတ်တရားခံဖြစ်မလဲ…
စုံထောက်တွေကော ဒီအမှုကို စုံစမ်းနိုင်မှာလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
[Zawgyi]
Horror Movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက် နောက်ထပ် horror movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းအကျ ဉ်း
ဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊
အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ
မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲက
မီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်…
ဆရာမဘတ်ဆီကို နှစ်စ ဉ္ဆရာများနေ့ရောက်တိုင်း
သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။
ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်…
ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ်
သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။
အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊
နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတို့ပဲဖြစ်ပါတယ် ။
ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ …
ဆရာမဆီ လာလည်ကြပေမယ့် အကုန်လုံးက ချစ်လို့လာကြတာ မဟုတ်ကြပါဘူး
ဒါဆိုရင် ဒီတပည့်တွေထဲက ဘယ်သူက လူသတ်တရားခံဖြစ်မလဲ…
စုံထောက်တွေကော ဒီအမှုကို စုံစမ်းနိုင်မှာလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
crd to channelmyanmar

Friday, June 5, 2020

Ponmagal Vandhal (2020)

(မင်းသမီးလေး ရောက်လာပါပြီ)
ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။
ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။
ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်…
တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ…
စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်…
သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်…
သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်…
စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်…
အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ…
ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်…
နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်…
တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်…
လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်…
ဒီရှေ့နေမ ငွေလိုလို့လား…နာမည်ကြီးချင်လို့လားပေါ့…
ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ… မစ္စစ်ဗန်ဘာ…
ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း…
အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု… လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်…
ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ဒီအမှုမှာ ဩဇာအာဏာကြီးလှတဲ့ တစ်ဖက်ရှေ့နေကို ရှေ့နေမလေး ယှဉ်ပြိုင်နိုင်ပါ့မလား
အညွန်းကိုတော့ ကိုအောင်ဇင်ဖြိုးရဲ့ Fb မှ ကူးယူဖော်ပြထားပါတယ်။
ကျွန်တော်တို့ တင်ဆက်ဖို့ နောက်ကျနေခဲ့တာက မအားတာကတစ်ကြောင်းနဲ့
တမီးလ်ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း မူရင်းစာမချောတော့ အချိန်ယူပြီး အကောင်းဆုံးရေးပြီး ပြင်ဆင်ခဲ့ရလို့ပါ။
မေ၂၉မှာ Amazon World Premiereနဲ့ ထွက်ရှိခဲ့ပြီး ခုဆိုရင် IMDb Rating 7.2/10 ကို ရရှိထားခဲ့ပါပြီ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar

Trance (2020)

Trance (2020)
===========
IMDb Rating – 7.2/10
#Unicode
ဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..
စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်
ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် …. သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့
ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။
သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကို
လာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကို
သမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လို
တစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။
IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသား
တွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)

#Zawgyi

Monday, May 25, 2020

Once Upon a Time in Mexico (2003)

Unicode

ဂစ်တာအိတ်ကြီးလွယ်ထားတတ်တဲ့ သွေးအေးလူသတ်သမားတွေအကြောင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်…
မင်းသားကြီး Johnny Depp , Antonio Banderas တို့အပြင် မင်းသမီးတွေဖြစ်တဲ့ Salma Hayek နဲ့ Eva Mendes တို့လို နာမည်ကျော်တွေနဲ့ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာ Robert Rodriguez ရဲ့ Mexico Trilogy ထဲကနောက်ဆုံးဇာတ်ကားပါ။
သူ့ရှေ့က ရိုက်ကူးခဲ့တဲ့ El Mariachi (1992) နဲ့ Desperado (1995) ဆိုတဲ့ ဇာတ်ကားတွေကလဲ ဒါရိုက်တာ Robert Rodriguez ရဲ့ နာမည်ကျော်ဇာတ်ကားတွေပါ။ El Mariachi (1992) ဇာတ်ကားဆိုရင် Budget $7000 သာအကုန်အကျခံခဲ့ပြီး Box Office မှာ $2 million ထိရရှိခဲ့လို့ “ဘတ်ဂျက်မရှိရင် အောင်မြင်တဲ့အနုပညာကို မလုပ်ပြနိုင်ဘူး” ဆိုတဲ့ လူစားတွေကို လက်ညှိုးထိုး ဟားတိုက်ပြနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။
(Mexico Trilogy ရဲ့ရှေ့ကဇာတ်ကားတွေကို ကြည့်ကြမယ်ဆိုရင် နောက်များမကြာမီ တင်ဆက်ပါ့မယ်။)
အခုတော့ လူစုံတက်စုံပါဝင်ထားတဲ့ Once Upon a Time in Mexico ဇာတ်ကားလေးကို အရင်ကြည့်လိုက်ရအောင်ပါ။
Credit Review

Zawgyi

crd to msubmovies

Wednesday, May 20, 2020

Mr. Hurt (2017)

Mr. Hurt (သို့) နာကျင်နေသော ချိဖ
I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။
အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ ဒွန်စီချန်။(သူဟာယောင်္ကျားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)
ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။
နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)
ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။
ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။
အပြင်မှာလိုပါပဲ…
ယောင်္ကျားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီး
မိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။
ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…
တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။
ခံစားနာကျင်ပေးကြပါဦး။
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

-Zawgyi-

Mr. Hurt (သို့) နာကျင်နေသော ချိဖ

I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။
အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ  ဒွန်စီချန်။(သူဟာယောကျင်္ားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)
ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။
နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)
ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။
ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။
အျပင္မွာလိုပါပဲ…
ယောကျင်္ားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီး
မိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။
ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…
တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။
ခံစားနာကျင်ပေးကြပါဦး။
crd to channelmyanmar

Heat (1995)

HEAT(1995)
IMDb…8.2,,,,Rotten…86
ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာ
ရိုးစင်းလွန်းတယ် …ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့
အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်….
ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ..
.ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်…. ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ….
. တစ်ယောက်က ရဲ။… သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. .
.ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်…..အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်..
. တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်… အဲ့ဒီဓားပြက အကွက်ချတာတော်တယ်… ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း
အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ….လက်အောက်ငယ်သားတွေကိုကြည့်တယ်…ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ…
.. ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…
..အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်..
.. ဇာတ်အိမ်ခိုင်သလား ဒိုင်ယာလော့တွေလန်းသလား သရုပ်ဆောင်တွေလန်းသလားဆိုတာကျွန်တော်ပိုမပြောချင်ဘူး.
..ဒီကားဒေါင်းကြည့်ပြီးတဲ့အချိန် ကျွန်တော်ပြောတာမလွန်ဘူးဆိုတာ ခင်ဗျားတို့သဘောပေါက်သွားလိမ့်မယ်…..
crd to channelmyanmar

Don't Breathe (2016)

2016ခုနှစ်ကထွက်ခဲ့တဲ့ Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်လူငယ် သုံးဦးဟာ မျက်မမြင်စစ်မှုထမ်းဟောင်းကြီး တစ်ဦးတည်းသာနေတဲ့ အိမ်ကို ဖောက်ထွင်းဖို့ကြိုးစားကြတာပါ။
ထိုအိမ်ရဲ့ ပတ်ဝန်းကျင်တစ်ဝိုက်မှာ
လူအနေနည်းတဲ့ အပြင် အိမ်ပိုင်ရှင်မှာလည်း မျက်စိမမြင်တဲ့ အဖိုးကြီးဖြစ်နေတာကြောင့် ဖောက်ထွင်းမယ့်သူတွေဟာ အလွယ်တကူပဲ အဆင်ပြေမယ်ထင်ခဲ့ပါတယ်။ သို့သော် ထိုလူကြီးက သူ့အိမ်ကို ဝင်ဖောက်တာကို သိသွားတဲ့အခါမှာတော့ တစ်အိမ်လုံးကို ထွက်မရအောင် သော့တွေပိတ်လိုက်ပြီး သူ့ရဲ့သားကောင်တွေအဖြစ် မရမက လိုက်ပါတော့တယ်။
မထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့ အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားကောင်းတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။
crd to mmsubtitlemoviesupdate

Friday, May 15, 2020

Frieda - Coming Home (2020)

သရဲကားကိုမှ ဘွားခနဲ ဘွားခနဲ​ခြောက်တာမဟုတ်ပဲ
တစိမ့်စိမ့်​​တွေးရင်း ​​​ကြောက်ရတဲ့ အရသာကိုကြိုက်ရင်
ဒီကားကိုမဖြစ်မ​နေကြည့်ဖို့ အကြံ​ပေးချင်ပါတယ်
ဇာတ်​ဆောင်၂ဦးဖြစ်တဲ့ ​ဝေလ်ဒါလင်မယားဟာ
သူတို့အရမ်းသွားချင်​နေတဲ့ ဥ​ရောပခရီးစဥ်ကို
သွားကြတယ် မိန်းမဖြစ်သူက​တော့
ခုမှပူပူ​နွေး​​​နွေးကိုယ်ဝန်ရစ​ပေါ့
ဥ​ရောပကိုသွား​​နေရင်း လမ်းမှာ
က​လေး​​လေးအတွက်နာမည်ကို
စဥ်းစားကြတယ် မိန်းက​လေးဖြစ်ရင်
သူ့အဖွားရဲ့နာမည် (ဖရီဒါ) ကို​ပေးမယ်တဲ့
သူတို့ဥ​ရောပ​ရောက်​တော့
သူတို့​​နေမယ့်အိမ်ကတကယ့်​တောထဲမှာ ​
ရေကန်​ခြောက်ကပ်ကပ်ကြီးရဲ့​ဘေး
တကယ့်ကို​​​တောကျတယ် အိမ်ကိုလိုက်ပို့
တဲ့အဲလိစဘတ်ဆိုသူက သူ့အ​မေကဒီအိမ်ကိုပိုင်ခဲ့တာ​ပေါ့
အခု​တော့ ​ဆေးရုံမှာအ​ခြေအ​နေမ​ကောင်းဘူးလို့​ပြောပြီး
မြန်မြန်ပြန်သွားတယ် အဲ့ကစပြီး သူတို့လင်မယား
တစ်ခုပြီးတစ်ခုထူးဆန်းတာကြုံရပါ​လေ​ရော
ဒီကား​​​လေးကိုဆုံး​အောင်ကြည့်ပြီးသွားရင်
သနားမိတဲ့စိတ်​လေးလုံးဝကိုကျန်ခဲ့မှာပါ
crd to channelmyanmar

Operation Parindey (2020)

Operation Parindey(2020)
ဒီဇာတ်ကားဟာAction, Drama, Thrillerအမျိုးအစားဖြစ်ပါတယ်။
အိန္ဒိယကိုအကြမ်းဖက်တိုက်ခိုက်ရေးရောက်လာတဲ့ရာဇဝတ်သားကိုလောယာဥ်ကွင်းတွင်ဖမ်းမိကာအချုပ်
ချထားရာရုတ်တရက်ဘယ်ကမှန်းမသိတဲ့ရဲတပ်ဖွဲ့ဝင်အတုတွေရောက်ရှိလာပြီးအကြမ်းဖက်သမားအပါအဝင်
အခြားအကျဥ်းသားတွေ ကိုကယ်ထုတ်သွားကြပါတယ်။
လန်ဂါခေါ် အစားအသောက်ပွဲစီစဥ်နေကြတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာလဲဘာမှပြင်ဆင်ချိန်မရလိုက်ပဲရုတ်တရက်ဒီလိုဖြစ်လာတာကြောင့်
မတားဆီးလိုက်နိုင်ခဲ့ပါဘူး အထက်အရာရှိကြီးရဲ့အမိန့်အရဒီကိစ္စကိုကိုင်တွယ်ဖို့နဲ့ ဖြေရှင်းဖို့အတွက်
ရောက်ရှိလာခဲ့တဲ့လျှို့ဝှက်စုံထောက် အဘီမာနဗ်က ၂၄နာရီနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမယ်ဆိုတာကိုတော့
ဇာတ်လမ်းမှာပဲကြည့်ရှုပေးကြပါလို့…….. ဇာတ်လမ်းအညွှန်းနဲ့
ဘာသာပြန်ပေးထားတာကတော့ Thaik San ပဲဖြစ်ပါတယ်။
crd to channelmyanmar

Tuesday, May 12, 2020

The Legacy of the Bones (2019)

Netflix မှာ ထွက်ထားတဲ့ဒီဇာတ်ကားကတော့ Crime/Thriller စပိန်ကားဖြစ်ပြီးတော့
Dolores Redondo ရေးထားတဲ့ Baztan Trilogy ကိုရိုက်ထားတဲ့ထဲက ဒုတိယမြောက်ကား။
ပထမကားကတော့ 2017 မှာထွက်ခဲ့တဲ့ The invisible Guardian ဆိုတဲ့ကား။
အဲဒီကားမှာတော့ Salazar က Serial Killer Case ကိုလိုက်ပြီးစုံစမ်းခဲ့တယ်။
Trilogyရဲ့ ဒုတိယကားလို့ဆိုပေမယ့် ပထမကားကိုမကြည့်ထားလည်း ကြည့်လို့ဖြစ်တယ်။
ပထမကားနဲ့ ဆက်စပ်မှုသိပ်မရှိဘူး။ (ကြည့်ထားရင်​တော့ ပိုပြီးကောင်းတာပေါ့)
ဇာတ်လမ်းအစမှာတော့ စုန်းကဝေအတတ်တွေကိုလေ့လာတာတွေကြောင့်
မီးရှို့ခံရတဲ့သူတွေရယ်
မွေးကာစကလေးတွေရယ်ပါဝင်ပတ်သက်နေတဲ့အတိတ်တခုနဲ့ စတင်ထားတယ်။
လက်ရှိခေတ်မှာတော့ Salazar ကသူ့ရဲ့မြို့ကိုပြန်ရောက်လာပြီး
Church ကျောင်းကိုဝင်ဖျက်စီးပြီး အရိုးတွေထားသွားတဲ့အမှုတခုကိုလိုက်ရတယ်။
အဲဒီအမှုကိုသူလိုက်ဖို့ ရာထူးကြီးတဲ့
ဘုန်းတော်ကြီးတယောက်က တောင်းဆိုထားတယ်လို့သိရတယ်။
နောက်ပြီးသူဖမ်းခဲ့တဲ့ထဲကတယောက်က
သူသတ်ခဲ့တဲ့အလောင်းမြှုပ်ထားတဲ့နေရာကို
Salazar ကိုရည်ညွှန်းပြီးပေးလိုက်လို့ သွားရှာတဲ့အခါမှာတော့
သူသတ်ထားတဲ့အလောင်းမှာက လက်မောင်းတဖက် ဖြတ်ထားခံရတယ်။
အဲလိုပြောပြီးနောက်မှာတော့ လူသတ်သမားက
Tarttalo ဆိုတဲ့စာကိုရေးပြီး သတ်သေသွားတော့တယ်။
နောက်ထပ်လည်း အဲလိုအမှုတွေ ပေါ်လာတဲ့အခါမှာတော့
အတိတ်ကဖြစ်ရပ်တွေရော လက်ရှိမှာလည်း
ဘယ်လောက်ထိရှိနေပြီလဲဆိုတာကို လိုက်လံ ရှာဖွေရင်း တရားခံကို ရှာဖွေဖို့ ဖြစ်လာခဲ့တယ်။
စပိန်ကားဖြစ်တဲ့အပြင် နေရာနာမည်တွေလည်း
များတဲ့အတွက် နည်းနည်းတော့ ရှုပ်လိမ့်မယ်။
အဲဒါအပြင် အဲဒီမှာနေတဲ့ လူမျိုးတွေ ဘာသာရေး နောက်ခံလေးတွေပါ
နည်းနည်းတော့ သိထားမှ အဆင်ပြေပါလိမ့်မယ်။
ဇာတ်လမ်းထဲမှာပါတဲ့ Cagot(ကာဂို) ဆိုတာ အဖိနှိပ်ခံခဲ့ရတဲ့လူမျိုးစုတခုဖြစ်ပြီး
သူတို့က ပြင်သစ်ရယ် စပိန်မြောက်ပိုင်းတွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်တယ်။
Basque တွေဆိုတာကတော့ စပိန်မှာနေထိုင်ကြတဲ့ထဲက မျိုးနွယ်စုတခုပဲဖြစ်တယ်။
အခုဇာတ်ကားထဲမှာ Basque ဒဏ္ဍာရီထဲက အကောင်နာမည်တချို့ပါတယ်။
Navarre(နဗားဒေသ)ဆိုတာအရင်တုန်းက Basque တွေရဲ့ နိုင်ငံတော်တခုဖြစ်တယ်။
သူတို့ကိုးကွယ်တဲ့ဘာသာကတော့ ခရစ်စယာန်(ကတ်သလစ်) ဖြစ်တယ်။
မြန်မာလိုဆိုရင်တော့ အကျဉ်းရုံးပြောရရင် နှစ်ခြင်းမင်္ဂလာပြုတဲ့ခရစ်ယာန်အသင်းတော်ဖြစ်တယ်။
ဒီလောက် နည်းနည်းပါးပါးသိထားရင်တော့ ကြည့်လို့အဆင်ပြေပါတယ်။
မသိထားလည်း ဇာတ်ကားဆိုလိုရင်းနဲ့ သိပ်မသွေဖယ်သွားပေမယ့်
ပိုနားလည်အောင် နည်းနည်းရှင်းပြထားလိုက်ပါတယ်။
အသံထွက်တွေကိုလည်း အနီးစပ်ဆုံးယူထားတာပဲဖြစ်လို့
မှားနေတာလေးတွေ ရှိရင် သည်းခံပေးပါအုံး။
နောက် မင်းသမီးနဲ့ သူ့ယောကျာ်းတို့စကားပြောရင်
အင်္ဂလိပ်လိုပဲပြောတာဖြစ်လို့ အဲအခန်းတွေမှာ စာတမ်းထိုးမပါပါဘူး။
ဒါပေမယ့် ဇာတ်ကားကိုဘာမှမထိခိုက်သလိုအရေးကြီးတာတွေလည်းမပါလို့ အဆင်ပြေပါတယ်။
crd to channelmyanmar

Monday, May 11, 2020

[18+] Dream Crimes (1985)

ယု ဆိုတဲ့ မိန်းမလှလေးဟာ အချစ်ဦးနဲ့ လွဲခဲ့ရပြီး ကြမ်းတမ်းတဲ့ အတိတ်ဆိုးရဲ့ခြောက်လှန့်မှုကို အခုချိန်ထိ ခံနေရတဲ့သူဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးအဖြစ် အသက်မွေးနေပြီး
တစ်နေ့မှာတော့ သူ့ကို အလုပ်အပ်တဲ့ မြေအောက်လောကရဲ့ သြဇာရှိသူတစ်ယောက်နဲ့ ပတ်သက်မိပါတော့တယ်။
အဲ့ဒီလူအပ်လာတဲ့ ပစ်မှတ်နောက်ကိုလိုက်ရင်း သူ့ ငယ်ချစ်ဦးကို
ပြန်သတိရစေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကို ဆုံတွေ့ ပတ်သက်မိလာတဲ့နောက်မှာတော့..သူဟာ မရုန်းနိုင်စရာ
သုံးပွင့်ဆိုင် ဇာတ်ရှုပ်ထဲကို တိုးဝင်မိပါတော့တယ်။
၁၉၇၀ ၈၀ ဝန်းကျင်မှာ အင်မတန်အားကောင်းခဲ့တဲ့ Pink Film လို့ခေါ်တဲ့ အဖော်အချွတ်အသားပေး Crime,Thiriller ကားကောင်းတစ်ကားပါ။
ခေါင်းဆောင်မင်းသမီးရဲ့ ဂန္ဓဝင်မမ အလှနဲ့တင်ကြည့်ရတာတန်သလို ဇာတ်လမ်းလေးလဲမဆိုးပါဘူး။ အဖော်အချွတ်အသားပေးဆိုတဲ့အတိုင်း ၁၈ နှစ်အထက်ကားပါပဲ။
(Dark Side Production မှ ရှေးခေတ်ကိုလွမ်းလို့ တင်ဆက်သည်။)
crd to channelmyanmar

Z (2019)

ကယ်ဗင်နဲ့ဘတ်သ်တို့ရဲ့တစ်ဦးတည်းသောသားလေး ဂျော့ရှ်ဟာ
ထူးထူးဆန်းဆန်းပဲ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရသွားခဲ့တယ်။
အဲဒီသူငယ်ချင်းရဲ့နာမည်ကတော့ Z (ဇီ) လို့ခေါ်တယ်။
တစ်ရက် ဘတ်သ်ဆီကို ကျောင်းကနေ ဖုန်းဆက်ပြီးတိုင်တဲ့အခါမှသာ
ဘတ်သ်က သူ့သားလေးရဲ့အဖြစ်တွေကို သိရတော့တယ်။
ကလေးက ကျောင်းမှာ အရမ်းဆိုးသွမ်းနေပြီး
ဘယ်လိုမှထိန်းမရဖြစ်နေတာကြောင့် ရက်အကန့်အသတ်မရှိ
ကျောင်းနားခံလိုက်ရတော့တယ်။
ဒါပေမဲ့ ကောင်လေးကတော့ ဒါတွေက ဇီကြောင့်ဖြစ်တာလို့ ပြောနေလေရဲ့။
ဇီက တကယ်ပဲစိတ်ကူးယဉ်သူငယ်ချင်းသက်သက်လား
သဘာဝနာနာဘာဝတစ်ကောင်လားဆိုတာ ဘယ်သူမှမသိကြပါဘူး။
ထူးထူးဆန်းဆန်းပဲ ကောင်လေးရဲ့အမေ ဘတ်သ်မှာလည်း
ငယ်ငယ်က ဇီဆိုတဲ့စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရှိဖူးမှန်း သိလိုက်ရတော့တယ်။
ဒီဇာတ်ကားက Horror Drama အမျိုးအစားပါ။
အရမ်းကြီးကြောက်ဖို့မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။
Horror ကြိုက်တဲ့သူတွေ လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။
crd to channelmyanmar

Hacked (2020)

Hacked(2020)
ဆမ်မီရာဆိုတဲ့ကောင်မလေးက ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာတစ်ယောက်ပါ…
စွဲမက်ဖွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သိပ်လှတဲ့ကောင်မလေးဖြစ်တဲ့အပြင် လုပ်ငန်းပိုင်းမှာလည်းအောင်မြင်မှုရလေတော့
ခုခေတ် Social Media ကိုလည်း လူသိများစေဖို့ နည်းလမ်းစုံအသုံးပြုတတ်တယ်…
တစ်နေတော့ သူမကိုကောင်လေးတစ်ယောက်က ကြွေသွားတယ်…
ဒီကောင်လေးက အသက်သာငယ်ပေမဲ့ အရမ်းတော်တဲ့ဟက်ကာတစ်ယောက်…
ပိုင်ဆိုင်ဖို့အတ္တတစ်ခုသာသိတဲ့ ဒီကောင်လေးဟာ သူအကျွမ်းကျင်ဆုံးဟက်ကာပညာရပ်တွေနဲ့
စောင့်ထိန်းအပ်တဲ့လောကဝတ်တွေကိုဘေးချိတ်ပြီး နည်းမျိုးစုံသုံးကာ ဆမ်မီရာကို လိုက်ပါတော့တယ်…
ဆမ်မီရာတစ်ယောက်ကို ဒီကောင်လေး ဘယ်လိုတွေ ချဉ်းကပ်လဲ…
သူချဉ်းကပ်တဲ့နည်းတွေကရော ဒီကောင်မလေးအတွက်
ဘယ်လိုခံစားရမလဲ…
ကောင်မလေးကရော ဘယ်လိုတွေဖြစ်မလဲ…သူမကရော ဒီလိုမျိုးချဉ်းကပ်တဲ့ကောင်လေးကို
ဘယ်လိုတုန့်ပြန်မလဲ…
ဒီဇာတ်ကားက ဒီဘက်ခေတ်နဲ့အတော်လိုက်ဖက်တယ်လို့တောင်ပြောလို့ရပါတယ်…
မိန်းကလေးတွေအတွက်ပညာပေးကားဖြစ်သလို
ဆောင်ရန်ရှောင်ရန်လေးတွေကို ခပ်မိုက်မိုက်ပြသွားတာပါ….
အညွှန်းနှင့်ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်….
crd to channelmyanmar