Showing posts with label Romance. Show all posts
Showing posts with label Romance. Show all posts

Friday, June 5, 2020

The Lucky Guy (1998)

The Lucky Guy (1998)
IMDB(6.1)
စတီဖင်ချောင်ရယ် အဆိုတော်မင်းသားနှစ်ယောက်ရယ် မင်းသမီး Shu Qi တို့ရယ် တခြားသရုပ်ဆောင်တွေ များစွာပါဝင်ထားတဲ့
Comedy Drama ဇာတ်ကားပါ။
+++++++++++++++++
ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့
တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။
(တင်ပြီးသမျှကို စတီဖင်ချောင် ဇာတ်ကားများကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)
စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ
သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…
ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…
စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော
သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။
ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။
စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…
စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…
ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…
ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။
ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။
ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။
ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ
တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
crd to channelmyanmar

Wednesday, May 27, 2020

Flirting Scholar (1993)

ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
1/7/1993 ကထွက်ရှိထားတဲ့ Flirting Scholar (1993) ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Drama comedy အမျိုးအစား ဖြစ်ပြီး ဒါရိုက်တာကြီး  Lee lik-Chi ကပဲ ရိုက်ကူးထားတာပာ
ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ FOF တို့က တင်ဆက်ပေးလိုက်ပါတယ်
Movie plot
မင် မင်းဆက် ရဲ့စာဆို ပညာရှင် ၄ဦး ရှိပါတယ်။ထိုခေတ်အခါက စာဆိုပညာတတ်ဆိုလျှင် သူကြွယ်ထက်တောင် စော်ကြည် လူအထင်ကြီးခံရသကိုးဗျ..ထို၄ဦးထဲမှာ မှ (ထန်ပေါ်ဟူ) လို့ ခေါ်တဲ့ ချောင် က ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပန်းချီပညာ၊ကဗျာ၊စာပေ မှာ ထူးချွန်တဲ့ အပြင် ညဏ်ကောင်းတဲ့ သူတစ်ယောက်ပေါ့။
သူဟာပန်းချီ၊ စာပေမှာထူးချွန်လွန်းလို့ သူ့ရဲ့ ဟိုခြစ်၊ဒီခြစ် တွေကိုတောင် ဝါသနာရှင်များက တန်းဖိုးကြီးပေးဝယ်ကြရတဲ့အထိ အောင်မြင်နေတာပါ။
လူသားတိုင်းလိုလို ဥစ္စာချမ်းသာခြင်းရှိသော်လည်း၊ စိတ်ချမ်းသာခြင်းပါပြည့်စုံတဲ့လူက တကယ်ရှားပါတယ်။မယားအပူ တခြားအပူနဲ့ အပူတွေကိုယ်စီ နဲ့…
ထန်ပေါ်ဟူဟာ မိန်းမ ၈ယောက်အထိ ပိုင်ဆိုင်ထားသော်လည်း သူ့ အနုပညာကို နားလည်ပေးမယ့်၊ဖေးမ ပေးမယ့်၊လေးစား ပေးမယ့် အမျိုးသမီးက ရှားသကိုး…
ထုံးစံအတိုင်း ဂုဏ်တွေ၊ဒြပ်တွေဖယ်ကာ အစစ်အမှန်အချစ်ကိုရဖို့ ရှာပုံတော်ထွက်ရာကာနေ…..
crd to fofmm 

(တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)

Monday, May 25, 2020

Valley Girl (2020)

Valley Girl(2020)

ဒီဇာတ်ကားလေးက Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ။ အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။
ရယ်လည်းရယ်ရသလို  တစ်ကားလုံးလဲ သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။
တောင်ကြားမြို့လေးထဲမှာ ရှိတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလဲဆင်တူ ဝတ်ကြတယ်။
ဘဝကို ပျော်ပျော်ပဲဖြတ်သန်းကြပေမယ့် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့
အထက်တန်းစားယောက်ကျားမှဖြစ်ရမယ်ပေါ့။ အဲ့ထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားတယ်။
ရှေးရိုးစွဲ မဆန်ချင်ဘူး …အချစ်ကိုကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင်
ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အသင့်ပဲဆိုပါတော့…။ အဲ့ဒီလို ကောင်မလေးနဲ့ မိဘမရှိ တေလွင့်နေတဲ့
ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်…မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို
အယူအဆတွေလည်း ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာ
လျှောက်လမ်းဖို့ အတော်ခက်တယ်ပြောရမယ်….ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါ
နော်….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်….
crd to channelmyanmar

Wednesday, May 20, 2020

Brother of the Year (2018)

Brother of the year (2018)
တလောလေးက ရုံတင်သွားတဲ့ ထိုင်း ဒရာမာကားလေးတစ်ကားတင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဂျိန်းဆိုတဲ့ အလုပ်ကြိုးစားပြီး လှပတဲ့မိန်းမငယ်လေးမှာ ဘာမှမလုပ်တတ် မလုပ်ချင် ဖြစ်သလိုနေတတ်တဲ့ ရှက် ဆိုတဲ့ အစ်ကိုတစ်ယောက် ရှိနေပါတယ်။
ငယ်ငယ်ကတည်းက အိမ်ကိစ္စတွေရော ညီမအတွက်ရော ဘာတာဝန်မှမယူတဲ့ အစ်ကိုဖြစ်သူဟာ ညီမကိုကြိုက်တဲ့ကောင်လေးတွေကို တွေ့လာရင်တော့ လုံးဝတာဝန်ယူပြီး ချိန်းခြောက်လွှတ်လေ့ရှိပါတယ်။
နောက်ဆုံးတစ်ခေါက်မှာ ဂျိန်းနဲ့ကြိုက်မိသွားတဲ့ ထိုင်းဂျပန် ကပြားကောင်လေး မိုဂျီက လပ်ထပ်ခွင့်တောင်းလာချိန်၊ ညီမရယ် အစ်ကိုရယ် ယောက်ဖလောင်းရယ် အလုပ်တစ်ခုထဲမှာ တွေ့ရချိန်မှာ…….
crd to channelmyanmar
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

Mr. Hurt (2017)

Mr. Hurt (သို့) နာကျင်နေသော ချိဖ
I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။
အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ ဒွန်စီချန်။(သူဟာယောင်္ကျားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)
ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။
နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)
ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။
ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။
အပြင်မှာလိုပါပဲ…
ယောင်္ကျားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီး
မိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။
ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…
တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။
ခံစားနာကျင်ပေးကြပါဦး။
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

-Zawgyi-

Mr. Hurt (သို့) နာကျင်နေသော ချိဖ

I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။
အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ  ဒွန်စီချန်။(သူဟာယောကျင်္ားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)
ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။
နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)
ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။
ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။
အျပင္မွာလိုပါပဲ…
ယောကျင်္ားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီး
မိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။
ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…
တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။
ခံစားနာကျင်ပေးကြပါဦး။
crd to channelmyanmar

Heart Attack (2015)

ဒီရုပ်ရှင်ကားကို ပိုစတာ မြင်ရုံနဲ့ စိတ်ဝင်စားခဲ့တယ် ကောင်းကောကောင်းရဲ့လား အရည်မရ အဖတ်မရတွေလားလို့
တွေးထင်ခဲ့ဖူးတယ် ….
အရင်ဆုံး သိလိုက်ရတာကတော့ IMDb မှာ 7.8 Rating ရရှိထားတာပါ။
Asia ရုပ်ရှင်ကားတွေမှာ အတော်ရှားပါးတဲ့ Rate မျိုးပေါ့….
i Fine i Thank I Love U ထဲက မင်းသား အပါအဝင် Pee Mak ရုပ်ရှင်ကားထဲမှ မင်းသမီး ပါဝင်ပါတယ်..
ဇတ်လမ်းပုံစံ အစပျိုးထားတာကတော့ ယွန်း ဆိုတဲ့ ကောင်လေးက ဂရစ်ဖစ်ဒီဇိုင်နာပါ သူဟာ အလုပ်အလွန်ကြိုးစားသူဖြစ်ပြီး
အလုပ်တစ်ခုလုပ်ရင် ဇွဲရှိရှိလုပ်တာမို့ ညမအိပ်တန်း လုပ်ဖြစ်ပေမယ့် သူ နောက်ဆုံး လုပ်နေတဲ့ အလုပ်ဟာ
ဘယ်လောက်အောင် ညမအိပ်ပဲ လုပ်လဲဆို ၄ ရက်ခွဲ တိတိ သူမအိပ်ပဲ အလုပ်အပ်သူ စိတ်တိုင်းကျ ပုံတွေ ပြင်ပေးခဲ့ပါတယ်
အလုပ်အပ်သူက သဘောကျပေမယ့် သူ့ရဲ့ အိပ်ချိန်တွေဟာ ဆုံးရှုံးခဲ့ပါတယ် ဒါကိုပဲ ယွန်းက ဂုဏ်ယူနေတက်သူပါ
ကမ္ဘာပေါ်မှာ အလုပ်လုပ်နိုင်ဆုံး လူသား ညမအိပ်တဲ့ သူဆိုပြီးတော့ပေါ့….
ယွန်း ကို အလုပ်အပ်သူတွေ နဲ့ ချိတ်ဆက်ပေးတာကတော့ ယွန်း ရဲ့ BFF ဖြစ်တဲ့ ဂျဲလ် ပါ
အလုပ်အရမ်းများတဲ့ ယွန်း မှာ ဂျဲ ဆိုတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းကောင်မလေးပဲ ရှိပြီး လူမှုရေး ကိစ္စတွေ မှာ
အချိန်မပေးနိုင်လို့ ယွန်း ကို ဘယ်သူငယ်ချင်းကမှ အပေါင်းအသင်းမလုပ်ပါဘူး…
တစ်ရက်မှာတော့ သူ ငွေကြေးနဲ့ လဲလှယ်ခဲ့တဲ့ သူ့အချိန်တွေကတေ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်လာခဲ့ပါတယ်
ဟုတ်ပါတယ် ယွန်း ရဲ့ ကိုယ်မှာ အနီစက် မြောက်များစွာ ပေါ်လာပြီး ယားနာလိုတွေ ဖြစ်လာပါတယ် အစက သိပ်မသိသာပေမယ့်
နောက်ပိုင်းရောဂါ ပိုဆိုးလာလို့ အပြင်ဆေးရုံမှာ သွားပြတဲ့ အခါ ဘတ် ၇၀၀၀ ကျော် ကျသွားပါတယ်
မြန်မာငွေနဲ့ဆိုရင် ၂ သိန်း နီးပါး ပါ ဒါပေမယ့် ထိုဆေးတွေ နဲ့လဲ သူမသက်သာတဲ့ အခါ
Online မှာ လိုက်ရှာဖွေတဲ့အခါ ရောဂါ သက်သာပြီး စရိတ်စက နည်းတဲ့ ပြည်သူ့ဆေးရုံကိုရောက်သွားပါတယ်
အဲ့ဒီမှာ အရေပြား ဆရာဝန်ဖြစ်တဲ့ ဒေါက်တာအမ် နဲ့ စတွေ့ရပါတော့တယ်…
ဒေါက်တာ အမ် က ယွန်း ကို အလုပ် က ဘ၀ မဟုတ်ကြောင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ ဆေးသောက်ဖို့ အပြင်
စိတ်ပျော်ရွှင်ဖို့ ကျန်းမာဖို့ နေထိုင်နည်းတွေပါ ပေးလိုက်ပါတယ် ဒါပေမယ့် အလုပ်အရမ်းများလွန်းတဲ့ ယွန်း ဟာ
ဘယ်သူ့ စကားမှ နားမထောင်ပေမယ့် ဒေါက်တာအမ် နှင့် စတွေ့ပြီး နောက်ပိုင်း အတည်တကျ ဖြစ်နေတဲ့
အလုပ်ချိန်တွေ ဇယားတွေ နဲ့ ပြည့်နေတဲ့ သူ့ဘ၀ ဟာ ကမောက်ကမ တွေ စဖြစ်လာပါတော့တယ်…
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီး အညွှန်းကိုတော့ ကျနော် သစ်ဆန်းခန့် မှ
ရေးပေးထားပါတယ်…
crd to channelmyanmar

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

I Fine Thank You Love You (2014)

မင်းသား Sunny နဲ့ မင်းသမီး Ice တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။
အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး…
ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ…
သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။
ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ကြည်နူးစရာ တင်ဆက်ထားတဲ့ ဇာတ်ကားပါ။
ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် … လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ …….။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး
Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်…
အဆင်ပြေရင် “Happy Birthday ပါ….Ice” ဆိုပြီးမန့်သွားပေးကြပါ ..
သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။
(စကားမစပ်….ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ………။)
#Ye’ Kyaw Htet
(Ye Kyaw Htet မှ အမှန်အကန်ခံစားတင်ဆက်ထားတာပါ။)

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

– Zawgyi-
အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး… ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ…
သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။
ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ဟောဒီ ထိုင်းအချစ်ဟာသ ဇာတ်ကားလေးထဲမှာ ကြည်နူးစရာ တင်ဆက်ထားပါတယ်။
ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် … လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ …….။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး
Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်…
အဆင်ပြေရင် “Happy Birthday ပါ….Ice” ဆိုပြီးမန့်သွားပေးကြပါ ..
သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။
(စကားမစပ်….ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ………။)
#Ye’ Kyaw Htet
(Ye Kyaw Htet မွ အမွန္အကန္ခံစားတင္ဆက္ထားတာပါ။)
crd to channelmyanmar

Seven Something (2012)

2012 က ထွက်ရှိခဲ့တဲ့ Seven Something ဇာတ်ကားလေးဟာ
ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Top 20 List ထဲမှာဝင်တဲ့ဇာတ်ကားလေးပါ
ထိုင်းတို့ Ro ပြီဆိုရင် အသေကြွေတယ်မလား..ဒီဇာတ်ကားလေးဟာလည်း
အချစ်ဇာတ်လမ်းလေး သုံးခုကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်
ပထမဆုံးကတော့ ဗီဒီယိုရိုက်တာအရမ်းဝါသနာပါတဲ့ ဒါရိုက်တာဖြစ်ချင်တဲ့
အထက်တန်းကျောင်းသားလေးတစ်ယောက်.သေချာပြောရမယ်ဆိုရင်တော့
Social Media ( Facebook , twitter , instagram ) တွေကိုဘဝမှတ်နေတဲ့
ကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းလေး
ဒုတိယကတော့ ကျော်ကြားမှုကိုမက်မောတဲ့မင်းသမီးတစ်ယောက်နဲ့
အဏ္ဏဝါ ပြတိုက်ကရေငုတ်သမားလေးတစ်ယောက်..သူတို့တွေ
ချစ်ခဲ့ကြပေမယ့် မိန်းကလေးက ကျော်ကြားမှုကိုအလွန်အမင်းပဲ
မက်မောလွန်းတာကြောင့်လမ်းခွဲခဲ့ရတယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာ
ကြည့်ရမယ့်အချစ်ဇာတ်လမ်းလေး
တတိယတစ်ခုကတော့.. ခင်ပွန်းသည်ဆုံးပါးသွားတဲ့အသက်၄၀ကျော်
မမကြီးနဲ့ ၂၀ ကျော် အက်စမာရောဂါကြောင့်မာရသွန်ပြေးတဲ့ကောင်လေး
တို့ဇာတ်လမ်းလေး..ခံစားချက်တွေဖြစ်ပေါ်ခဲ့ပေမယ့်
မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဘယ်လိုကျော်ဖြတ်ပြီး
ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုကြည့်ရမှာပါ..
အချစ်ဇာတ်လမ်းကောင်းလေးတွေကြိုက်နှစ်သက်သူတွေအတွက်တော့
ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

– Zawgyi-
2012 က ထွက်ရှိခဲ့တဲ့ Seven Something ဇာတ်ကားလေးဟာ
ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Top 20 List ထဲမှာဝင်တဲ့ဇာတ်ကားလေးပါ
ထိုင်းတို့ Ro ပြီဆိုရင် အသေကြွေတယ်မလား..ဒီဇာတ်ကားလေးဟာလည်း
အချစ်ဇာတ်လမ်းလေး သုံးခုကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်

ပထမဆုံးကတော့ ဗီဒီယိုရိုက်တာအရမ်းဝါသနာပါတဲ့ ဒါရိုက်တာဖြစ်ချင်တဲ့
အထက်တန်းကျောင်းသားလေးတစ်ယောက်.သေချာပြောရမယ်ဆိုရင်တော့
Social Media ( Facebook , twitter , instagram ) တွေကိုဘဝမှတ်နေတဲ့
ကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းလေး

ဒုတိယကတော့ ကျော်ကြားမှုကိုမက်မောတဲ့မင်းသမီးတစ်ယောက်နဲ့
အဏ္ဏဝါ ပြတိုက်ကရေငုတ်သမားလေးတစ်ယောက်..သူတို့တွေ
ချစ်ခဲ့ကြပေမယ့် မိန်းကလေးက ကျော်ကြားမှုကိုအလွန်အမင်းပဲ
မက်မောလွန်းတာကြောင့်လမ်းခွဲခဲ့ရတယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာ
ကြည့်ရမယ့်အချစ်ဇာတ်လမ်းလေး

တတိယတစ်ခုကတော့.. ခင်ပွန်းသည်ဆုံးပါးသွားတဲ့အသက်၄၀ကျော်
မမကြီးနဲ့ ၂၀ ကျော် အက်စမာရောဂါကြောင့်မာရသွန်ပြေးတဲ့ကောင်လေး
တို့ဇာတ်လမ်းလေး..ခံစားချက်တွေဖြစ်ပေါ်ခဲ့ပေမယ့်
မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဘယ်လိုကျော်ဖြတ်ပြီး
ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုကြည့်ရမှာပါ..
အချစ်ဇာတ်လမ်းကောင်းလေးတွေကြိုက်နှစ်သက်သူတွေအတွက်တော့
ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်

အညွှန်းနဲ့ဘာသာပြန်သူ Nu Mon ဖြစ်ပါတယ်
Encoded By LK
crd to channelmyanmar

The Bedside Detective (2007)

IMDb Rating (6.4) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။
ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ…
သူဟာ…တီဗွီပန်ကာ…နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီး
လုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး….
ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်….
ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။
အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့….
မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ………။
မင်းသားကတော့ I fine thank you,love you …Heard Attack ဇာတ်ကားတွေထဲက မင်းသား Sunny Suwanmethanont…
မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri…
တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)
– Zawgyi –
IMDb Rating (6.5) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။
ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ…
သူဟာ…တီဗွီပန်ကာ…နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီး
လုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး….
ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်….
ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။
အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့….
မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ………။
မင်းသားကတော့ I fine thank you,love you …Heard Attack ဇာတ်ကားတွေထဲက မင်းသား  Sunny Suwanmethanont
မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri…
တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။
crd to channelmyanmar

Dear Dakanda (2005)

မင်းသား Sunny ရဲ့ ပွဲဦးထွက် ဇာတ်ကားဖြစ်ပြီး အဲ့ဇာတ်ကားနဲ့ပဲ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့ပါတယ်။
Drama/Romance အမျိုးအစားဖြစ်ပြီး IMDb Rating (7.8) ရရှိထားပါတယ်။
မဖွင့်ပြောဘဲ သိမ်းဆည်းထားတဲ့ အချစ်တွေအကြောင်းကို ခံစားတင်ပြထားတာပါ။
crd to channelmyanmar

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

Rich in Love (2020)

CM Fan တွေအတွက် ပေါ်တူဂီ
ရုပ်ရှင်ကားသစ် တစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်…
ဘရာဇီးနိုင်ငံ ရီယို မြို့ ရဲ့ နောက်ခံ အလှ နဲ့
အရမ်းလှပတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုအကြောင်းပေါ့…
အချစ်မှာ အကြောင်းပြချက်မရှိဘူးဆိုတာ ယုံလား ?
တက်ကို ဆိုတဲ့ သူဌေးလေးဟာ
သူ့အဖေက အရမ်းချမ်းသာလွန်းလို့
ဘော့ကျော့နေပြီး တစ်မြို့လုံးက
ကောင်မလေးတွေ နဲ့ ပတ်ပြီး အိပ်နေတာပေါ့
ရီယို နဲ့ နီးတဲ့ တောင်ယာစိုက်ခင်းတွေ ရှိတဲ့ဘက်က
ခရမ်းချဉ်သီးမင်းသားလေး လို့
နာမည် တွင်တယ် တစ်မြို့လုံးက
အရွယ်ရောက်ပြီး ကောင်မလေးတိုင်း ဟာ
တက်ကို လို နာမည်ကြီး ရုပ်ချော
သူဌေးသားလေး နဲ့ စုံတွဲခုတ်ချင်ကြတာပါ
အဲ့ဒီ တစ်ဖက်က ရီယိုမြို့မှာတော့
ဆေးကျောင်းသူလေး ပေါ်လာ ဟာ
ဆရာဝန်ဖြစ်ခွင့်ရဖို့ အလုပ်သင်ဆရာဝန်
အဖြစ် တာဝန်ထမ်းဆောင်ရင်း နဲ့
တစ်ရက်မှာ ပေါ်လာ ရဲ့ သူငယ်ချင်း
မင်္ဂလာဆောင်အတွက်
ခရမ်းချဉ်သီးမြို့ကို ရောက်လာပါတယ်…
ကံဆိုးစွာပဲ အဲ့ဒီနေ့မှာ မတော်တဆ မှု တစ်ခုဖြစ်ပြီး
သူဌေးသားလေး တက်ကို နဲ့ ဆရာဝန်လောင်းမလေး
ပေါ်လာ တို့ ဆုံမိကြတာပဲ…
ပေါ်လာ ကို မြင်မြင်ချင်း ချစ်သွားတဲ့ တက်ကို ကတော့
သူ့ပိုက်ဆံတွေကြောင့် ပေါ်လာ ရဲ့ အချစ် စစ်ပါ့မလားဆိုပြီး
ဆင်းရဲချင်ယောင် ဆောင်ပြီး လိမ်ထားလိုက်ပါသတဲ့…
လူငယ်တွေ ရဲ့ နှလုံးသားရေးရာ ဟာ ထူးဆန်းတယ်
တက်ကို လို ဘော့ကျော့သူဌေးသားဟာ ပေါ်လာအတွက်
အိမ်သာလဲ ဆေးနိုင် အောက်ခြေသိမ်း အလုပ်တွေ
အကုန် လုပ်ပေးနိုင်တဲ့ ဆင်းရဲသားလေး အဖြစ်
ပြောင်းလဲ သွားနိုင်တယ်….
ဒါပေမဲ့ ပေါ်လာ မသိအောင် သူဌေးသား ဘဝကို
ရေရှည် ထိန်းထားနိုင်မလားဆိုတာကိုတော့…..
ဒီရုပ်ရှင်ကား ဟာ ဗမာကားဆန်တယ်လို့ ပြောလို့ရတယ်
ဒါပေမဲ့ အရမ်း ရိုမန့် ဖြစ်တဲ့ အတွက် စောင်ကိုက်ပြီးတော့
ကြည့်ရလိမ့်မယ်လို့ Admin ကတော့ ညွှန်းချင်ပါတယ်…
crd to channelmyanmar

Tuesday, May 19, 2020

Awarapan (2007)

Awarapan(2007)
ဒီAwarapan 2007ဇာတ်ကားလေးကတော့ IMDB rating 7.2/10ရရှိထားတဲ့
ဇာတ်ကားတစ်ကားဖြစ်ပြီး
Action, Drama, Romance ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။
ဂန်းစတားတစ်ယောက်…သူ့ဘဝမှာ သစ္စာတရားဆိုတာကိုလက်ကိုင်ထားပြီး
ဂန်းစတားအဖွဲ့တစ်ခုဆီမှာလုပ်တယ်…
ကိစ္စတော်တော်များများဟာ သူ့ရဲ့လက်ရဲဇက်ရဲနဲ့
ထက်မြက်တဲ့ စဉ်းစားဉာဏ်တွေကြောင့်အောင်မြင်တယ်…
ဂန်းစတားခေါင်းဆောင်ကလည်း သူ့ကိုအားကိုးတယ်…
တစ်နေ့တော့ သူ့ကို လူကုန်ကူးခံရတဲ့မိန်းကလေးတစ်ယောက်ကို
သတ်ဖို့အမိန့်ပေးခြင်းခံရပါတယ်။ မိန်းကလေးတစ်ယောက်ကို သတ်ရမယ်ဆိုပေမဲ့လည်း
အမိန့်က အမိန့်ပဲမဟုတ်လား….
ဒီလုပ်ရပ်ကို သူမနှစ်မြို့ပေမယ့်လည်း သူသတ်ဖြတ်ဖို့စီစဉ်ပါတယ်…
သို့ပေမယ်… ဒီမိန်းကလေးအပေါ်မှာ သနားဂရုဏာသက်သွားပြီးတဲ့အချိန်မှာတော့
ဘယ်သူမှ မထင်ထားတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပါတော့တယ်…
သူ့ရွေးချယ်ထားတဲ့လမ်းကြောင့် ဂန်းစတားအဖွဲ့က သူ့ကို ဘယ်လို အဆုံးသတ်ပေးမလဲ..
သူချစ်ခင်သွားတဲ့ကောင်မလေးကရော ဘယ်သူဖြစ်မလဲ…
အန္တရယ်များလွန်းလှတဲ့ ဒီလမ်းကြောင်းကိုရော သူဖြတ်ကျော်နိုင်ပါ့မလား…..
အက်ရှင် ဇာတ်ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း……
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ဖြစ်ပါတယ်…..
crd to channelmyanmar

The Wrong Missy (2020)

The wrong missy (2020) က Netflix ကနေအသစ်ထွက်လာတဲ့
romantic comedy ဇာတ်လမ်းလေးပါ။
ဘဝမှာ စိတ်ကူးနဲ့ လုပ်ချင်ပြီး မလုပ်ဖြစ်တာတွေ
အများကြီး ကြုံဖူးကြမှာပါ။
မစ်စီကတော့ အဲဒီလိုလူမျိုး လုံးဝမဟုတ်ပါဘူး။
ပထမဆုံး တွေ့ဖူးတဲ့လူနဲ့ sex အကြောင်း
ပြောဖို့ဝန်မလေးသလို တစ်ဖက်လူက
ဘယ်လိုတွေးနေမလဲ စိတ်မပူတတ်တဲ့လူမျိုးပါ။
တစ်ခါမှ ရုပ်တည်ကြီးနဲ့ မနေသလို
သူတန်ဖိုးထားတဲ့ လူတွေအတွက်
စွန့်လွှတ်အနစ်နာခံဖို့လည်း အသင့်ပါပဲ။
သူ့ရဲ့စိတ်က လွတ်လပ်လွန်းလို့ လူတွေကသူ့ကို
ရူးနေပြီ‌လို့တောင် ထင်ကြတဲ့အထိပါပဲ။
အမြဲတမ်း တစ်လွဲတွေ လုပ်ပေမယ့်
တကယ်ရေးကြီးလာတဲ့အခါ အားလုံးကို
ကယ်တင်ပေးမယ့် လူမျိုးပါ။ အိတ်ထဲမှာလည်း
ဓားမကြီးတစ်လတ် အမြဲဆောင်ထားပြီး
ဘွဲ့ ၅ ခုလောက်ယူထားတဲ့ master brain ပါ။
ရုပ်ဆိုးသလောက် ထက်မြတ်နဲ့
strong & independent woman လည်းဖြစ်ပါတယ်။
ဟာဝိုင်အီကမ်းခြေက ရှုခင်းတွေနဲ့ တစ်လွဲတွေ တောက်လျှောက်လုပ်တတ်တဲ့
မစ်စီက အိမ်ထဲမှာနေပြီး မွန်းကြပ်နေသူတွေ
လိုအပ်နေတာနဲ့ ကွက်တိပဲလို့ ပြောချင်ပါတယ်။
crd to channelmyanmar

Friday, May 15, 2020

Disco Dancer (1982)

ကျနော့်တို့ ချာတိတ်အရွယ်က ကုလားကျော်ဟိန်း အဖြစ် နာမည်ကြီးသွားစေခဲ့တဲ့ မင်းသားကြီး မီသွန်း ချာကရာဘိုသီရဲ့ ဒစ္စကို ဒန်းစား….ခံစားကြည့်လိုက်ကြစို့လားဗျာ..
Disco Dancer (1982) ဟာ IMDb 6.4/10 Google users 81% ရထားသော ဒါရိုက်တာ Babbar Subhash ရိုက်ကူးထား၍  Rahi Masoom Reza, Deepak Balraj Vij က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Mithun Chakraborty, Kim, Kalpana Iyer တို့ပါဝင်သရုပ်ဆောင်ထားသော Drama, Musical, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ရိုးသားပြီး ကြိုးစားတဲ့ ပါရမီရှင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကြိုးစားရင်းနဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်လာတယ် ဒါပေမယ့် သူ့မိသားစုရဲ့ ရန်သူတော်ဟာ သူ့အောင်မြင်မှုကို  မနာလိုဖြစ် ဒုက္ခပေးရာမှ ဘယ်လို ဒရာမာ ဂီတ အချစ်ဇာတ်လမ်းတွေ ဖြစ်လာမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
crd to fofmm

Monday, May 11, 2020

The Half of It (2020)

The Half of It (2020)
================
#Unicode
IMDb Rating 7.2/10 ထိရရှိထားပြီး လူကြည့်များ လူကြိုက်များနေတဲ့  မေလ (၁)ရက်နေ့က
Netflix မှာ ပြသခဲ့တဲ့ ဇာတ်လမ်းအသစ်စက်စက်ကလေးပဲ ဖြစ်ပါတယ်။
ယခုအချိန်မှာ ထရိုက်ဘီကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နောက်ခံစကားပြောဆုကို ရရှိထားပါတယ်။
ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ အရင်ကြားဖူးတဲ့ ပုံပြင်တွေလို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့
တခြားအခြမ်းကို ရှာနေကြတာပါ။ ကိုယ့်ရဲ့တခြားအခြမ်းကို တွေ့တဲ့အချိန်မှာ မပြောဘဲနဲ့ နားလည်တဲ့
ခံစားမှုမျိုး ရကြတာပါ။ ဒီဇာတ်လမ်းရဲ့ တခြားအခြမ်းကရော …..
ဇာတ်လမ်းအကျဉ်းကတော့ …… စကွေဟေမစ်ရှ်မြို့က အယ်လီချူး ဆိုတဲ့ ကောင်မလေးတစ်ယောက်
အကြောင်းပါပဲ။ သူက အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီးတော့ သူ့ဖခင်ကြီးကိုလည်း ပြုစုရ၊
သူ့ကျောင်းစားရိတ်ကိုလည်း သူ ရှာနေရတာပါ။စာတော်တဲ့လူဖြစ်တာကြောင့် တခြားကျောင်းသားတွေ
အတွက် အက်ဆေးရေးပေးပြီး ပိုက်ဆံရှာရပါတယ်။ တစ်နေ့တော့ သူ့ကို ကောင်လေးတစ်ယောက်က
အကူအညီတောင်းလာပါတယ်။ရည်းစားစာ ရေးပေးဖို့ပါတဲ့။ သူ ရည်းစားစာ စရေးပေးလိုက်တဲ့အချိန်မှာတော့ …….
IMDb Rating ကလည်း 7.2/10 ရထားပါတယ်။
Rotten Tomatoes ကတော့ 95% ရထားပါတယ်။
အချစ်ကား၊ ကျောင်းသား ကို နည်းနည်း Deep ဖြစ်တာလေး ခံစားချင်ရင်တော့ ကြည့်ကြည့်ကြပါ။
ရင်ထဲမှာ တစ်မျိုးတော့ ခံစားရပါလိမ့်မယ်။

#Zawgyi

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ August ပဲဖြစ်ပါတယ်။)
crd to channelmyanmar

Tokyo Fiancée (2014)

Tokyo Fiancée(2014)
okyo Finance2014 ဒီတစ်ခါတော့ အိမ်တွင်းအောင်းနေရတဲ့ CMဖန်တွေအတွက်
Drama/Romance/Comedyကားလေးနဲ့ ဖျော်ဖြေတင်ဆက်ပေးပါရစေ. ဒီကားလေးကတော့
IMDb6.1/10ရထားတာကြောင့် ဇာတ်ကားကောင်းလေးတစ်ကာ ဖြစ်တာကို အထူးတလည်ပြောဖို့
လိုမယ်မထင်ပါဘူးနော်.‌ ဇာတ်လမ်းထဲမှာ ဘယ်လ်ဂျီယံသူဖြစ်ပေမယ့်
ဂျပန်မှာမွေးခဲ့တဲ့ အမ်မီလီဟာ ဂျပန်ကို ချစ်မြတ်နိုးတာကြောင့်
သူ အသက်20မှာ ဂျပန်ကို ပြန်လာခဲ့ပါတယ်.ဂျပန်ကို ရောက်နေချိန်မှာ တဖက်တစ်လမ်းကနေ ၀င်ငွေရအောင် ဆိုပြီး အချိန်ပိုင်း
ပြင်သစ်စာသင်ပေးဖို့ လုပ်ခဲ့ပါတယ်.အဲ့အချိန်မှာပဲ ပြင်သစ်စာကို စိတ်၀င်စားတဲ့ ဂျပန်ကောင်လေး ရင်ရီဟာ
ဆက်သွယ်လာခဲ့ပါတယ်.အဲ့နောက်မှာ သူတို့နှစ်ယောက်ဟာ ပြင်သစ်စကားသင်ရင်း ခင်မင်ရင်းနှီးလာခဲ့ပါတယ်.
ခင်မင်ရင်းနှီးမှုကနေ အဆင့်တွေပိုလာရင်း ထူးဆန်းတဲ့ကံကြမ္မာအလှည့်အပြောင်းကြောင့်
ဘယ်လိုတွေ ဖြစ်တယ်ဆိုတာကို ရိုက်ပြထားတဲ့ ဒရာမာဇာတ်ကားကောင်းလေ
း ဖြစ်တာကြောင့် ဒရာမာနှစ်သက်သူတို့ လက်မလွှတ်ပဲ ကြည့်ရှူသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျာ..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်….
crd to channelmyanmar

Wednesday, May 6, 2020

Qayamat Se Qayamat Tak (1988)

ရိုမီယိုနဲ့ ဂျူးလီယက်
ရှင်မွေးနွန်းနဲ့ မင်းနန္ဒာတို့လို အချစ်မျိုး
ရာ့ဂ်ျနဲ့ ရက်ရှ်မီတို့ရဲ့ ရင်နင့်ဖွယ် အချစ်ဇာတ်လမ်း…
မျက်ရည်မခိုင် အသည်းနုသူများ မကြည့်ရ….
Qayamat Se Qayamat Tak (From Doom Till Doom )(1988) ဟာ IMDb 7.5/10 Google users 85% ရထားသော ဒါရိုက်တာ Mansoor Khan ရိုက်ကူးထား၍  Nasir Hussain က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Aamir Khan, Juhi Chawla, Goga Kapoor တို့ပါဝင်သရုပ်ဆောင်ထားသော Drama, Musical, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ရာ့ဂ်ျရဲ့ ရက်ရှ်မီတို့ဟာ နှစ်ဖက် မိဘတွေက ခါးသီးတဲ့ ကမ္ဘာရန်သူတွေ ဖြစ်ကြပေမယ့် ချစ်ကြိုက်မိသွားကြပြီး ခိုးပြေးဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ခံစားကြည့်ရှုကြည့်ကြပါခင်ဗျာ….
crd to fofmm