Tuesday, May 19, 2020

Awarapan (2007)

Awarapan(2007)
ဒီAwarapan 2007ဇာတ်ကားလေးကတော့ IMDB rating 7.2/10ရရှိထားတဲ့
ဇာတ်ကားတစ်ကားဖြစ်ပြီး
Action, Drama, Romance ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။
ဂန်းစတားတစ်ယောက်…သူ့ဘဝမှာ သစ္စာတရားဆိုတာကိုလက်ကိုင်ထားပြီး
ဂန်းစတားအဖွဲ့တစ်ခုဆီမှာလုပ်တယ်…
ကိစ္စတော်တော်များများဟာ သူ့ရဲ့လက်ရဲဇက်ရဲနဲ့
ထက်မြက်တဲ့ စဉ်းစားဉာဏ်တွေကြောင့်အောင်မြင်တယ်…
ဂန်းစတားခေါင်းဆောင်ကလည်း သူ့ကိုအားကိုးတယ်…
တစ်နေ့တော့ သူ့ကို လူကုန်ကူးခံရတဲ့မိန်းကလေးတစ်ယောက်ကို
သတ်ဖို့အမိန့်ပေးခြင်းခံရပါတယ်။ မိန်းကလေးတစ်ယောက်ကို သတ်ရမယ်ဆိုပေမဲ့လည်း
အမိန့်က အမိန့်ပဲမဟုတ်လား….
ဒီလုပ်ရပ်ကို သူမနှစ်မြို့ပေမယ့်လည်း သူသတ်ဖြတ်ဖို့စီစဉ်ပါတယ်…
သို့ပေမယ်… ဒီမိန်းကလေးအပေါ်မှာ သနားဂရုဏာသက်သွားပြီးတဲ့အချိန်မှာတော့
ဘယ်သူမှ မထင်ထားတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပါတော့တယ်…
သူ့ရွေးချယ်ထားတဲ့လမ်းကြောင့် ဂန်းစတားအဖွဲ့က သူ့ကို ဘယ်လို အဆုံးသတ်ပေးမလဲ..
သူချစ်ခင်သွားတဲ့ကောင်မလေးကရော ဘယ်သူဖြစ်မလဲ…
အန္တရယ်များလွန်းလှတဲ့ ဒီလမ်းကြောင်းကိုရော သူဖြတ်ကျော်နိုင်ပါ့မလား…..
အက်ရှင် ဇာတ်ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း……
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ဖြစ်ပါတယ်…..
crd to channelmyanmar

No comments:

Post a Comment