Showing posts with label 2012. Show all posts
Showing posts with label 2012. Show all posts

Wednesday, May 20, 2020

Seven Something (2012)

2012 က ထွက်ရှိခဲ့တဲ့ Seven Something ဇာတ်ကားလေးဟာ
ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Top 20 List ထဲမှာဝင်တဲ့ဇာတ်ကားလေးပါ
ထိုင်းတို့ Ro ပြီဆိုရင် အသေကြွေတယ်မလား..ဒီဇာတ်ကားလေးဟာလည်း
အချစ်ဇာတ်လမ်းလေး သုံးခုကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်
ပထမဆုံးကတော့ ဗီဒီယိုရိုက်တာအရမ်းဝါသနာပါတဲ့ ဒါရိုက်တာဖြစ်ချင်တဲ့
အထက်တန်းကျောင်းသားလေးတစ်ယောက်.သေချာပြောရမယ်ဆိုရင်တော့
Social Media ( Facebook , twitter , instagram ) တွေကိုဘဝမှတ်နေတဲ့
ကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းလေး
ဒုတိယကတော့ ကျော်ကြားမှုကိုမက်မောတဲ့မင်းသမီးတစ်ယောက်နဲ့
အဏ္ဏဝါ ပြတိုက်ကရေငုတ်သမားလေးတစ်ယောက်..သူတို့တွေ
ချစ်ခဲ့ကြပေမယ့် မိန်းကလေးက ကျော်ကြားမှုကိုအလွန်အမင်းပဲ
မက်မောလွန်းတာကြောင့်လမ်းခွဲခဲ့ရတယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာ
ကြည့်ရမယ့်အချစ်ဇာတ်လမ်းလေး
တတိယတစ်ခုကတော့.. ခင်ပွန်းသည်ဆုံးပါးသွားတဲ့အသက်၄၀ကျော်
မမကြီးနဲ့ ၂၀ ကျော် အက်စမာရောဂါကြောင့်မာရသွန်ပြေးတဲ့ကောင်လေး
တို့ဇာတ်လမ်းလေး..ခံစားချက်တွေဖြစ်ပေါ်ခဲ့ပေမယ့်
မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဘယ်လိုကျော်ဖြတ်ပြီး
ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုကြည့်ရမှာပါ..
အချစ်ဇာတ်လမ်းကောင်းလေးတွေကြိုက်နှစ်သက်သူတွေအတွက်တော့
ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

– Zawgyi-

အညွှန်းနဲ့ဘာသာပြန်သူ Nu Mon ဖြစ်ပါတယ်
Encoded By LK
crd to channelmyanmar

Tuesday, May 12, 2020

Shambala (2012)

မင်းသား Sunny နဲ့ Shutter ဇာတ်ကားထဲမင်းသား Ananda Everingham နဲ့ညီအစ်ကိုအဖြစ်
သရုပ်ဆောင်ထားတဲ့ Shambhala ဟာ ထိုင်းရုပ်ရှင်လောကမှာတွေ့ရခဲ့တဲ့ဇာတ်ကားပါ။
ဆက်ဆံရေးအဆင်မပြေတဲ့ညီအစ်ကို ၂ယောက် တိဗက်ကိုခရီးထွက်ရင်းနားလည်မှုရလာတာကိုတင်ဆက်ထားတယ်။
ရယ်ရတဲ့ road trip ဇာတ်လမ်းမှာ ညီအစ်ကို ၂ယောက်ကြားကချစ်ခြင်းမေတ္တာကိုသရုပ်ဖော်ထားတဲ့ dramedy ဆန်ဆန်ဇာတ်လမ်းမျိုးဖြစ်ပြီး
တိဗက်ရဲ့လှပတဲ့ရှုခင်းတွေကိုလည်းမြင်ရဦးမှာပါ။
(ရုပ်ရှင်အညွှန်းကို Myanmore Plus မှကူးယူဖော်ပြပါသည်။)
crd to channelmyanmar

 ( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

Monday, April 20, 2020

Jannat 2 (2012)

Jannat 2(2012)
Jannat(2008) ရဲ့အဆက်ပါ….ရှေ့ကားကြည့်ထားတဲ့သူတွေအတွက်
ဒီကားကိုတော့ ဆက်ညွှန်းလို့မဖြစ်ပါဘူး…ညွှန်းလိုက်ရင် ရှေ့ကားကို လုံးဝကြီး
Spoil သလို ဖြစ်သွားမှာစိုးလို့ပါ…
အညွှန်းနဲ့ ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်..
crd to channelmyanmar

Queen In Hyun’s Man (2012) Series (Completed)

Queen In Hyun’s Man (2012)
Complete Korea Series
(1000 Kyats)
တင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးကတော့
ရာဇဝင်ထဲက အမတ်လေးတစ်ဦးနဲ့ ဒီနေ့ခေတ်မင်းသမီးလေးတစ်ဦးရဲ့
ချိုမြိန်လှတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ချွဲဟီဂျင်း (Yoon In Na ) ဟာ သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေတဲ့
တတ်သစ်စ မော်ဒယ်တစ်ဦးပါ။ ဂျိုဆွန်းမင်းဆက်
ဆုတ်ဂျောင်ဘုရင်လက်ထက်အကြောင်း ရိုက်ကူးထားတဲ့
ဇာတ်ကားတစ်ကားမှာ အင်ဟွန်းမိဖုရားအဖြစ်ပါဝင်ခွင့်ရခဲ့တဲ့သူမဟာ
ထူးဆန်းစွာပဲ ဆုတ်ဂျောင်မင်းလက်ထက်က အမတ်တစ်ဦးနဲ့ဆုံတွေ့ခဲ့ရပါတယ်။
ကင်ဘုံဒို ကတော့ ဆုတ်ဂျောင်ဘုရင်လက်ထက်
နန်းရေးအရှုပ်အထွေးတွေကြား မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ နန်းတွင်းအရာရှိတစ်ယောက်ပါ။
မိသားစုအတွက် လက်တုံ့ပြန်ဖို့ကြိုးစားရင် အသက်အန္တရာယ်ကြုံချိန်တိုင်းမှာ
အဆောင်လက်ဖွဲ့တစ်ခုကြောင့် နှစ်၃၀၀ကျော်ကွာဟတဲ့
ဒီနေ့ခေတ်ကို ရောက်ရှိလာရင်း ချွဲဟီဂျင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
အခက်အခဲတွေကြား သူတို့နှစ်ဦး အပြန်အလှန်ချစ်မိသွားတဲ့အခါမှာတော့
အရိုတစ်လိုင်းတို့ စိတ်ကြိုက် အချစ်ဇာတ်လမ်းလေးတွေနဲ့ဟာသဖြစ်ရပ်လေးတွေကို
ရင်ခုန်စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာဖြစ်သလို
ကင်ဘုံဒိုတစ်ယောက် နန်းတွင်းရှုပ်ထွေးမှုတွေကြား
မိသားစုအတွက် လက်တုံပြန်ဖို့ ကြိုးစားပုံတွေနဲ့
ကမ္ဘာမတူတဲ့ ချစ်သူကြောင့် လက်တွေ့ဘဝမှာ အလွဲလွဲလေးတွေ ကြုံရတဲ့
မင်းသမီး ချွဲဟီဂျင်းရဲ့ အကြောင်းလေးတွေကိုလည်း စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်ပါတယ်။
ဖြစ်ရပ်မှန်သမိုင်းအထောက်အထားတွေ နောက်ခံထားပြီး ပုံဖော်ထားတဲ့
ဇာတ်ကားဖြစ်လို့ နန်းတွင်းကားချစ်သူတွေလည်း နှစ်သက်မယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်။
နန်းတွင်းအရာရှိလေး ကင်ဘုံဒို အဖြစ် Ji Hyun-woo (love in sadness )
ကပါဝင်သရုပ်ဆောင်ထားပြီးတက်သစ်စမင်းသမီး ချွဲဟီဂျင်းအဖြစ်
Goblin; Touch your heart ဇာတ်ကားတို့နဲ့ ပရိသတ်အားပေးခြင်းခံထားရတဲ့
Yoo In-na က ပါဝင်စရုပ်ဆောင်ထားပါတယ်။
ချွဲဟီဂျင်းရဲ့ ရည်းစားဟောင်းဖြစ်သူ တွဲဖက် မင်းသား ဟန်ဒုံမင်းအဖြစ်
Kim Jin-woo ကပါဝင်သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ။
အိမ်တွင်းပုန်းနေရသူတွေအတွက် အပန်းပြေစေမယ့်
Romance comedy ကားကောင်းလေးဖို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Unicode
*******

Thursday, April 2, 2020

Man on a Ledge (2012)

Man on a Ledge(2012)
((နင်းကန်လန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်
တင်ဆက်ပေးထားပါသည်။))
ခေါင်မိုးစွန်းပေါ်ကလူတစ်ယောက် သောင်းပြောင်းထွေလီလှတဲ့ လူ့လောကမှာလူပေါင်းများစွာကို ထောင်နှုတ်ခမ်းနားမဟုတ်တဲ့ တိုက်ခေါင်မိုးနှုတ်ခမ်းနားရောက်စေတဲ့ကိစ္စတွေအများကြီးရှိပါတယ်…. ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Avatar မင်းသား Sam Worthington တစ်ဖြစ်လဲ နစ်ကတ်စီဒီဆိုတဲ့လူဟာ ရုစဗဲ့ဟိုတယ်ရဲ့ ၂၁လွှာကနေခုန်ချဖို့လုပ်ပါတယ် ……သူ့ကြည့်ရတာ ဒီလိုခုန်ချဖို့အစီအစဉ်ကို သေသေချာဆွဲထားသလားထင်ရပါတယ်…
ခုန်ချဖို့ ခေါင်မိုးစွန်ကိုမသွားခင် လက်ဗွေရာမကျန်အောင် နှုတ်ဆက်စာဆန်ဆန်ရေးခဲ့သလို ဝိုင်ပုလင်းတွေမနက်စာစားတုန်းက ကျန်ခဲ့တဲ့လက်ဗွေရာတွေကိုပါ ရှင်းခဲ့ပါသေးတယ်…ဒီလိုခုန်ချဖို့ စီစဉ်နေတုန်းမှာ နစ်ကတ်စီဒီ ရဲ့နောက်ကြောင်းကို တစ်ချက်ပြတယ်…သူကအရင်ကရဲဖြစ်ဖူးခဲ့ပြီး ပြဿနာတစ်ခုကြောင့် ထောင်(၂၅)နှစ်ကျသွားတယ်…ခုတော့ လူစည်ကားလွန်းတဲ့မြို့လယ်ခေါင်ရဲ့ ဟိုတယ်တစ်ခုပေါ်မှာ ခုန်ချဖို့ကြိုးစားနေပါတယ်…
ခုန်ချဖို့ကြိုးစားတာက တခြားကြီးမားတဲ့အစီအစဉ်ကြီးအတွက် အစိတ်အပိုင်းတစ်ခုများဖြစ်လေမလား….
ဒီကားက အီသွားတဲ့နေရာမရှိဘူး…ဇာတ်လမ်းစစချင်းလူတစ်ယောက်တိုက်ပေါ်ခုန်ချဖို့ကြိုးစားတယ်..ပြီးတော့သူနောက်ကြောင်းကိုတစ်ချက်ပြတယ်…အက်ရှင်ခန်းတွေနဲ့
ဇာတ်ကိုပုံဖော်သွားတာ…ကိုယ်တိုင်လိုက်လံအဖြေထုတ်ရင်းဇာတ်လမ်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာသလို အစကနေအဆုံးထိ ကြည့်ရင်း ကိုယ်ပါ ဇောချွေးပြန်လာတဲ့ဇာတ်ကားမို့ ကျန်တဲ့ဟာတွေမပြောတော့ပါဘူး…နည်းနည်း Spoiler လုပ်တာနဲ့ ရသပျက်သွားနိုင်တဲ့ကားမို့ပါ….
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, March 30, 2020

Contraband (2012)

Unicode

မှောင်ခိုသမားဟောင်းတစ်ယောက်ဟာ မူးယစ်ရာဇာဆီကနေသူ့ယောက်ဖကိုကာကွယ်ဖို့အတွက် ပနားမားကိုသွားပီးငွေတုဒေါ်လာသန်းပေါင်းများစွာကိုသယ်ဆောင်လာခံရတဲံအကြောင်းကိုရိုက်ကူးထားတာဖြစ်
ပါတယ်

Zawgyi

မှောင်ခိုသမားဟောင်းတစ်ယောက်ဟာ မူးယစ်ရာဇာဆီကနေသူ့ယောက်ဖကိုကာကွယ်ဖို့အတွက် ပနားမားကိုသွားပီးငွေတုဒေါ်လာသန်းပေါင်းများစွာကိုသယ်ဆောင်လာခံရတဲံအကြောင်းကိုရိုက်ကူးထားတာဖြစ်
ပါတယ်
crd to msubmovie

Tuesday, March 3, 2020

Ouran High School Host Club (2012)

[Unicode]
အိုရန်အကယ်ဒမီကျောင်းဆိုတာ တိုကျိုမြို့မှာရှိတဲ့ နာမည်ကြီး hi-so အထက်တန်းကျောင်းတစ်ခုဖြစ်ပါတယ် ၊
ဆူအူ တာမာကီ ဆိုတဲ့ကောင်လေးကတော့ ဆူအူလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောဆက်ခံသူပေါ့…
ဟာရူဟီဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုနဲ့ဒီကျောင်းမှာတက်ခွင့်ရခဲ့တာပါ ၊
တာမာကီက ကျောင်းမှာဧည့်ခံကလပ်တစ်ခုကိုထောင်ထားပါတယ် ၊
ဧည့်ခံကလပ်ရဲ့တန်ဖိုးကြီးပန်းအိုးတစ်လုံးကို ဟာရူဟီကတိုက်မိပြီး ကျကွဲသွားတာကြောင့် ကျကွဲသွားတဲ့ပန်းအိုးရဲ့တန်ဖိုးကိုပြန်လျော်ပေးဖို့
ဟာရူဟီကယောက်ျားလေးယောင်ဆောင်ပြီး ဧည့်ခံသူအဖြစ်ဝင်လုပ်ရပါတယ်…
ကျောင်းကိုရောက်လာတဲ့ မီချဲဟီမီဆိုတဲ့သူဋ္ဌေးသမီးလေးကတော့
တာမာကီရဲ့ဆုံးသွားတဲ့အမေနဲ့အရမ်းတူတာကြောင့် မီချဲကိုပျော်အောင်ထားဖို့က တာမာကီရဲ့အိပ်မက်ဖြစ်လာပါတယ် ။
အိုရန်ကျောင်းမှာနှစ်စဉ်ပြိုင်ပွဲရှိပါတယ်…
ဒီပြိုင်ပွဲကိုနိုင်အောင်ကြိုးစားရင်း တာမာကီရဲ့ဆန္ဒအတိုင်း မီချဲဟီမီကိုပျော်အောင်ထားနိုင်ဖို့ ဧည့်ခံကလပ်တစ်ဖွဲ့လုံးကြိုးစားကြပါတယ် ။
တစ်ချိန်တည်းမှာပဲ မီချဲက တာမာကီကိုချဉ်းကပ်ဖို့ကြိုးစားလာပါတယ်…
တာမာကီနဲ့ ဟာရူဟီတို့ကလည်း သံယောဇဉ်ရှိနေကြတဲ့အခါ ၃ပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်လာတဲ့နောက်…
မီချဲ တကယ်လိုအပ်တဲ့အရာကို ဧည့်ခံကလပ်ကလူတွေရှာနိုင်မှာလား ၊
မီချဲကိုပျော်စေချင်တဲ့တာမာကီတို့ရဲ့ကြိုးစားမှုကရော ဘယ်လိုဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်….။
( အညွှန်းနဲ့ဘာသာပြန်သူကတော့Ingyin San ဖြစ်ပါတယ် )
[Zawgyi]

Thursday, January 23, 2020

Maniac (2012)

Maniac (2012)
Rating: 6.1
Genres: Horror, Thriller
(unicode)
ကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာ Psyco ဝင်နေတတ်ကြတဲ့လူတွေ ရှိတတ်ကြသလို ဒီဇာတ်ကားဟာလည်း Psycho ဝင်နေတဲ့ လူငယ်တစ်ယောက်အကြောင်းဖြစ်ပါတယ်…
ဖရန့်ဟာ မိန်းကလေးချောချောလေးတွေကို ရက်စက်စွာ သတ်ဖြတ်တတ်လေ့ရှိတဲ့သူတစ်ယောက်…။
သူ Psycho ဝင်တာက ကြောက်စရာအရမ်းကောင်းပြီး မိန်းကလေးချောချောလေးတွေကို သတ်တဲ့အထိပါပဲ
18+အခန်းလေးတွေလည်းနည်းနည်းပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့ အကြံမပေးလိုပါဘူး
ပြီးရင် ကြောက်စရာကောင်းပြီး ရက်စက်ရွံရှာဖွယ်ကောင်းတဲ့ အခန်းတွေပါတဲ့အတွက်လည်း နှလုံးရောဂါရှိသူများ မကြည့်သင့်ပါဘူး။
သူက ဘယ်လို Psycho ဝင်လဲ
မိန်းကလေးတွေရဲ့ဘယ်အစိတ်အပိုင်း‌တွေကို ဘာကြောင့်မက်မောသလဲ… ဘယ်လောက်အထိ သတ်ဖြတ်ရက်စက်တာလဲ၊ သူသဘောကျတဲ့ မိန်းကလေးတစ်ယောက်ကို
တွေ့ခဲ့ရင်ရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ…ခံစားကြည့်ကြပါဦး…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kyaw Soe Win ပဲဖြစ်ပါတယ်….
(zawgyi)

သူက ဘယ္လို Psycho ဝင္လဲ
မိန်းကလေးတွေရဲ့ဘယ်အစိတ်အပိုင်း‌တွေကို ဘာကြောင့်မက်မောသလဲ… ဘယ်လောက်အထိ သတ်ဖြတ်ရက်စက်တာလဲ၊ သူသဘောကျတဲ့ မိန်းကလေးတစ်ယောက်ကို
တွေ့ခဲ့ရင်ရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ…ခံစားကြည့်ကြပါဦး…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kyaw Soe Win ပဲဖြစ်ပါတယ်….
crd to channelmyanmar

Wednesday, October 23, 2019

Faith (2012) TV Series

Zawgyi
*******
ဒီဇာတ္လမ္းတြဲေလးကေတာ႔ လီမင္ဟိုရဲ႕ Masterpiece Drama ထဲက တခုဆိုလည္း
မမွားပါဘူး 2012 ခုႏွစ္ကထြက္ရွိခဲ႔ၿပီးေတာ႔ ကိုရီးယား မင္းသား လီမင္ဟို နဲ႕
လီဟန္နီ လို႕ မင္းသမီး ကင္ဆန္ဟီး တို႕က အဓိကပါ၀င္သရုပ္ေဆာင္ထားၿပီး
အပိုင္းေပါင္း ၂၄ ပိုင္းထြက္ရွိထားပါတယ္.Korea Drama အေနနဲ႕ IMDb 8 ရရွိထားၿပီး
ဆု 6 ဆုရွိထားပါတယ္..ရရွိထားတဲ႔ဆုေတြကေတာ႔ DramaFever Awards For Best Couple,
DramaFever Awards For Best Actor, SBS Drama Award For Top 10 Stars,
SBS Drama Award For Top Excellence In Acting , KoreanUpdates Awards For Best Actor,
Korea Drama Festival Awards For Best Actor  တို႕ပဲၿဖစ္ပါတယ္
ဇာတ္လမ္းကေတာ႔ Mystery ၾကိဳက္တဲ႔သူေတြအတြက္ေတာ႔အေတာ္သေဘာက်မွာပါ
ဟိုဘက္ေခတ္ဒီဘက္ေခတ္ရိုက္ကူးထားတဲ႔ဇာတ္လမ္းၿဖစ္ၿပီးေတာ႔
လီမင္ဟိုဟာ ဂိုဂူေလ်ာေခတ္က အရမ္းေတာ္တဲ႔သစၥာရွိတဲ႔စစ္သူၾကီးတစ္ဦး
တေန႕မွာ ဘုရင္႔ရဲ႕မိဖုရားဒဏ္ရာရရွိသြားလို႔ ဘယ္သမားေတာ္မွ
မကုႏိုင္တဲ႔အခ်ိန္ ေကာင္းကင္တံခါးလို႕ေခၚတဲ႔ Portal တခုပြင္႔လာေတာ႔
အဲ႔ထဲကို၀င္ၿပီးေတာ႔ သမားေတာ္ေခၚဖုိ႕ၾကိဳးစားပါတယ္
ၿဖစ္ခ်င္ေတာ႔ေရာက္သြားတာက လက္ရွိ မ်က္ေမွာက္ေခတ္
သူ႕အတြက္အရာအကုန္လံုးကအဆန္းေတြၾကီးပါပဲ…
အဲ႕မွာ မိဖုရားကိုကုသဖုိ႕အတြက္ ဆရာ၀န္ကိုရွာရင္း
မင္းသမီးကိုေတြ႕တဲ႔အခါမွာေတာ႔
သူ႕ေခတ္ကိုမရမကဆြဲေခၚသြားပါေတာ႔တယ္ဆက္လက္ခံစားၾကည္႕ရွုပါ
ဒီဇာတ္ကားကိုဘာသာၿပန္တင္ဆက္သူေတြကေတာ႔
Ei Pyae , Nu Mon, Chu Chu, Lina တို႕ပဲၿဖစ္ၾကပါတယ္

Unicode
*******
ဒီဇာတ်လမ်းတွဲလေးကတော့ လီမင်ဟိုရဲ့ Masterpiece Drama ထဲက တခုဆိုလည်း
မမှားပါဘူး 2012 ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ ကိုရီးယား မင်းသား လီမင်ဟို နဲ့
လီဟန်နီ လို့ မင်းသမီး ကင်ဆန်ဟီး တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး
အပိုင်းပေါင်း ၂၄ ပိုင်းထွက်ရှိထားပါတယ်.Korea Drama အနေနဲ့ IMDb 8 ရရှိထားပြီး
ဆု 6 ဆုရှိထားပါတယ်..ရရှိထားတဲ့ဆုတွေကတော့ DramaFever Awards For Best Couple,
DramaFever Awards For Best Actor, SBS Drama Award For Top 10 Stars,
SBS Drama Award For Top Excellence In Acting , KoreanUpdates Awards For Best Actor,
Korea Drama Festival Awards For Best Actor တို့ပဲဖြစ်ပါတယ်
ဇာတ်လမ်းကတော့ Mystery ကြိုက်တဲ့သူတွေအတွက်တော့အတော်သဘောကျမှာပါ
ဟိုဘက်ခေတ်ဒီဘက်ခေတ်ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပြီးတော့
လီမင်ဟိုဟာ ဂိုဂူလျောခေတ်က အရမ်းတော်တဲ့သစ္စာရှိတဲ့စစ်သူကြီးတစ်ဦး
တနေ့မှာ ဘုရင့်ရဲ့မိဖုရားဒဏ်ရာရရှိသွားလို့ ဘယ်သမားတော်မှ
မကုနိုင်တဲ့အချိန် ကောင်းကင်တံခါးလို့ခေါ်တဲ့ Portal တခုပွင့်လာတော့
အဲ့ထဲကိုဝင်ပြီးတော့ သမားတော်ခေါ်ဖို့ကြိုးစားပါတယ်
ဖြစ်ချင်တော့ရောက်သွားတာက လက်ရှိ မျက်မှောက်ခေတ်
သူ့အတွက်အရာအကုန်လုံးကအဆန်းတွေကြီးပါပဲ…
အဲ့မှာ မိဖုရားကိုကုသဖို့အတွက် ဆရာဝန်ကိုရှာရင်း
မင်းသမီးကိုတွေ့တဲ့အခါမှာတော့
သူ့ခေတ်ကိုမရမကဆွဲခေါ်သွားပါတော့တယ်
ဆက်လက်ခံစားကြည့်ရှုပါ
ဒီဇာတ်ကားကိုဘာသာပြန်တင်ဆက်သူတွေကတော့
Ei Pyae , Nu Mon, Chu Chu, Lina တို့ပဲဖြစ်ကြပါတယ်
crd to channelmyanmar
Genres: Drama, Fantasy, History
Rating: 8.0
Complete Series: 24Episodes
Free Space: 10.8GB
ဈေးနှုန်း - ၁၅၀၀ ကျပ်
ေဈးႏႈန္း - ၁၅၀၀ က်ပ္

Saturday, October 12, 2019

Agent Vinod (2012)

Zawgyi
*******
2012 က ထြက္ရွိထားတဲ႔ ေဘာလိ၀ုဒ္ ဇာတ္ကားေကာင္းေလးပါပဲ
အညြန္းကေတာ႔ Agent Vinod ဟာ အေတာ္ေတာ္တဲ႔ေအးဂ်င္႔တစ္ေယာက္ၿဖစ္ပါတယ္
သူဟာ သူ႕ရဲ႕သူငယ္ခ်င္းလုပ္ေဖၚကိုင္ဖက္ၿဖစ္တဲ႔ ရာဂ်န္အသတ္ခံရမွု
အတြက္အမွုမွန္ကိုေဖၚထုတ္ဖုိ႕တာ၀န္ေပးထားၿခင္းကိုခံရပါတယ္
Vinod ဟာတရားခံကိုေဖၚထုတ္ဖုိ႕ၾကိဳးစားေနရင္းက
ကမာၻတစ္၀ွမ္းမွာၿဖစ္ပ်က္ေနတဲ႔အၿဖစ္အပ်က္ေတြကေန
တဆင္႔ၾကီးမားတဲ႔ သဲလြန္စေတြကိုေၿခရာခံမိပါေတာ႔တယ္
အတိုက္အခိုက္ အပစ္အခတ္ၾကိဳက္တဲ႔သူေတြအတြက္ေတာ႔
ၾကည္႕ေကာင္းမယ္႔ဇာတ္ကားမ်ိဳးပါပဲ ဘာသာၿပန္တဲ႔သူကေတာ႔
H&Y ပဲၿဖစ္ပါတယ္

Unicode
*******
2012 က ထွက်ရှိထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်းလေးပါပဲ
အညွန်းကတော့ Agent Vinod ဟာ အတော်တော်တဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်
သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရမှု
အတွက်အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းကိုခံရပါတယ်
Vinod ဟာတရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက
ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေ
တဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်
အတိုက်အခိုက် အပစ်အခတ်ကြိုက်တဲ့သူတွေအတွက်တော့
ကြည့်ကောင်းမယ့်ဇာတ်ကားမျိုးပါပဲ ဘာသာပြန်တဲ့သူကတော့
H&Y ပဲဖြစ်ပါတယ်

Translated & Review By H&Y
Encoded By LK
crd to channelmyanmar
Genres: Action, Adventure, Thriller
Rating: 5.1
Trailer
 
Sunday, September 15, 2019

6 Bullets (2012)

(Zawgyi)

Van Damme fan ေတြအႀကိဳက္ေတြ႔ဦးမယ့္ IMDb 6.1 နဲ႔ Google Users 91% အထိရ႐ွိထားတဲ့ Thriller,Action ဇာတ္ကားေကာင္းေလးတစ္ကားထပ္လာပါၿပီေနာ္
ဇာတ္လမ္းအက်ဥ္းေလးေျပာရရင္ ဆမ္စန္ဂူလ္ဟာ စစ္မႈထမ္းေဟာင္း တစ္ေယာက္ျဖစ္ၿပီး (အထူးသျဖင့္ေပ်ာက္ဆံုးေနတဲ့) လူေတြကို ႐ွာေဖြ႐ွာမွာ ကြၽမ္းက်င္သူတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕ေနာက္ဆံုး႐ွာေဖြမႈ တစ္ခုမွာေတာ့ သူ႔အမွားေၾကာင့္ ကေလးငယ္တစ္ခ်ိဳ႕ ေသဆံုးခဲ့ရတဲ့အတြက္ ဒီအလုပ္ကို စြန္႔လႊတ္လိုက္ပါေတာ့တယ္။ တစ္ရက္မွာ အဲ့ႏိုင္ငံကို ပြဲျပန္လည္ထိုးသတ္ဖို႔ MMA ခ်န္ပီယံေဟာင္း အန္ဒ႐ူးေဖဒန္တို႔ မိသားစုေရာက္႐ွိလာခဲ့ၿပီး ေဖဒန္ရဲ႕သမီးေလးဟာ သူတို႔တည္းခိုရာဟိုတည္းမွာ႐ွိေနစဥ္မွာပဲ ထူးထူးဆန္းဆန္းေပ်ာက္ဆံုးသြားခဲ့ပါတယ္။ ဒီလိုနဲ႔ရွာေဖြဖို႔ ဆမ္စန္ဂူလ္ ကိုအကူအညီေတာင္းခံခဲ့ရာေတာ့ ဒီအလုပ္ကိုစြန္႔လႊတ္လိုက္တဲ့ ဆမ္စန္ဂူလ္ ကကူညီမွာလား ကေလးကေကာဘာေၾကာင့္ေပ်ာက္ဆံုးသြားတာလဲ ျပန္ေကာ႐ွာေတြ႔ပါ့မလားဆိုတာကိုေတာ့ ကုိယ္တိုင္ပဲၾကည့္႐ႈလိုက္ၾကပါဦး
crd to fofmm 

(Unicode)

Van Damme fan တွေအကြိုက်တွေ့ဦးမယ့် IMDb 6.1 နဲ့ Google Users 91% အထိရရှိထားတဲ့ Thriller,Action ဇာတ်ကားကောင်းလေးတစ်ကားထပ်လာပါပြီနော်
ဇာတ်လမ်းအကျဉ်းလေးပြောရရင် ဆမ်စန်ဂူလ်ဟာ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်ပြီး (အထူးသဖြင့်ပျောက်ဆုံးနေတဲ့) လူတွေကို ရှာဖွေရှာမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးရှာဖွေမှု တစ်ခုမှာတော့ သူ့အမှားကြောင့် ကလေးငယ်တစ်ချို့ သေဆုံးခဲ့ရတဲ့အတွက် ဒီအလုပ်ကို စွန့်လွှတ်လိုက်ပါတော့တယ်။ တစ်ရက်မှာ အဲ့နိုင်ငံကို ပွဲပြန်လည်ထိုးသတ်ဖို့ MMA ချန်ပီယံဟောင်း အန်ဒရူးဖေဒန်တို့ မိသားစုရောက်ရှိလာခဲ့ပြီး ဖေဒန်ရဲ့သမီးလေးဟာ သူတို့တည်းခိုရာဟိုတည်းမှာရှိနေစဉ်မှာပဲ ထူးထူးဆန်းဆန်းပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ရှာဖွေဖို့ ဆမ်စန်ဂူလ် ကိုအကူအညီတောင်းခံခဲ့ရာတော့ ဒီအလုပ်ကိုစွန့်လွှတ်လိုက်တဲ့ ဆမ်စန်ဂူလ် ကကူညီမှာလား ကလေးကကောဘာကြောင့်ပျောက်ဆုံးသွားတာလဲ ပြန်ကောရှာတွေ့ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး
crd to fofmm

Genres: Action, Crime, Drama
Rating: Rating.6.1

Trailer

Thursday, September 5, 2019

Django Unchained (2012)

Django Unchained (2012)
Rating.8.4 (Drama, Western)

2012 ခုႏွစ္က ထြက္ရွိထားၿပီး IMDb 8.4 အထိရရွိထားတဲ႔ဇာတ္ကားေကာင္းပါပဲ
လူမည္းေတြ အေမရိက မွာ အႀကီးအက်ယ္ အႏိုင္က်င့္ ရက္စက္ ကြ်န္ျပဳတာ ခံေနရခ်ိန္ . . . ။
လူျဖဴ သူေဌးႀကီးတစ္ေယာက္ရွိတယ္။ သူက bounty hunter . . ။
သူခိုး လူသတ္သမား ဓားျပေတြကို လိုက္ဖမ္းတယ္။
အစိုးရလက္ထဲ အပ္တယ္။ ဆုေငြ ထုတ္စားတယ္။
တစ္ေန႔ေတာ့ ခပ္က်စ္က်စ္ ခပ္ျပတ္ျပတ္ လူမည္း
တစ္ေယာက္ကို တစ္ေနရာကေန သူ ရလုိက္တယ္။
အဲ့ဒီ လူမည္းနာမည္က Django တဲ့။ ၿပီးေတာ့ Django ကို
အဲ့လူျဖဴဘဲႀကီးက လက္ေထာက္ တာဝန္ ေကာက္ခါငင္ကာ ေပးလုိက္တယ္။
အဲ့ဒီေခတ္မွာ လူမည္းေတြက ျမင္းစီးဖို႔ မေျပာနဲ႔။
လူျဖဴေတြကို ေမာ္ေတာင္ မၾကည့္ရဲဘူး။ ဒါေပမယ့္ Django က ျမင္းႀကီးစီး
ေသနတ္ႀကီးလြယ္ၿပီး တစ္ၿမိဳ႕ ဝင္ တစ္ၿမိဳ႕ထြက္ သူ႔ဆရာနဲ႔ အတူ ဝရမ္းေျပးေတြကို လိုက္ဖမ္းေတာ့တယ္။
ေရာက္ေလရာမွာ Django ကို အားလံုးက ေသာက္ျမင္ကတ္ၾကတယ္။
ၾကည့္မရၾကဘူး။ ဒီ လူမည္းေကာင္က ဘာလဲေပါ့။ မတန္မရာ ေပါ့။
သူ႔ဆရာ လူျဖဴႀကီးကိုလည္း နားမလည္ႏိုင္ၾကဘူး။
ကြ်န္ေကာင္ေတြကို ေနရာေပးရေကာင္းလားဆိုတဲ့ အၾကည့္မ်ိဳးန႔ဲ ၾကည့္ၾကတယ္။
ဒီကားထြက္လာခ်ိန္မွာ ဒါရိုက္တာႀကီး Spike Lee တို႔ကအစ သမိုင္းကို
ေပါက္ကရ လုပ္လို႔ဆိုၿပီး Tarantino ကို ေဝဖန္တယ္။
ဒါေပမယ့္ Tarantino ဆိုတာ ဒါပဲေလ။ ထူးဆန္းတဲ့ ဇာတ္လမ္းေတြ ဖန္တီးေနတဲ့ ဘဲႀကီးပဲ။
သူသာ ျမန္မာလူမ်ိဳးတစ္ေယာက္ရင္ ဘုရားေပၚမွာ ေယာက်ာ္းမတက္ရ
ဆိုင္းဘုတ္ေထာင္တဲ့ မိန္းမေတြအေၾကာင္း ဇာတ္လမ္းဆင္ ရိုက္မလားမသိ။
အေမရိက ကြ်န္စနစ္ ႀကီးကို Tarantino မ်က္လံုးကေန
တစ္ဆင့္ ၾကည့္ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Django Unchained ကို ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ။
crd to channelmyanmar

Movie Trailer

Wednesday, September 4, 2019

[20+] Be My Slave (2012)

IMDb Rating 5.5/10 ရရွိထားျပီး ဂ်ပန္ AV အမ်ိဳးအစား ဇာတ္ကား
တစ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ၀တၳဳေရးဆရာ ရွဴဆာတာမိ ရဲ႕
၀တၳဳကို ဒါရိုက္တာ ကိုယူတာအိက ရိုက္ကူးပံုေဖာ္ထားတာပါ
ဇာတ္လမ္း အက်ဥ္းေလးကေတာ့ ရံုးစာေရးမ ျဖစ္တဲ့ ဟိုက္အိုအာကီ က သူ႕ရဲ႕
စီနီယာ ၀န္ထမ္း ကန္နာကိုဆြဲေဆာင္ရာမွာ မထင္မွတ္ထားတဲ့ မက္ေဆ့ခ်္ေတြ
မထင္မွတ္္ထားတဲ့ ဒီဗီဒီ ေခြေတြကို ကန္နာကေတြ႕ရွိသြားရာမွ
ဟိုက္အိုအာကီ တေယာက္ ဘယ္လိုေတြ ဆက္လက္ ၾကံဳေတြ႕ရမယ္ဆိုတာကေတာ့
စိိတ္လႈပ္ရွားစရာမို႕ ပရိတ္သတ္ၾကီးကဘဲ ဆက္လက္ ၾကည့္ရွဴလိုက္ပါအံုးဗ်ာ
(ဒီဇာတ္္ကားက BDSM AV လိုအမ်ိဳးအစားျဖစ္တာေၾကာင့္ ၂၀+ အျဖစ္သတ္မွတ္ထားျပီး
မိသားစုနဲ႕အတူတူ မၾကည့္ရွဴသင့္တဲ့ ဇာတ္ကားတစ္ကားပါ )
Movie Trailer