Showing posts with label Adventure. Show all posts
Showing posts with label Adventure. Show all posts

Friday, June 5, 2020

Mosley (2019)

Mosley(2019)
ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Animation ကားကောင်းလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးနာမည်ကတော့ Mosley (2019)ပါ။
ထူးခြားတဲ့ဇာတ်အိမ်နဲ့ ချစ်စရာကောင်းတဲ့ဒီကားလေးကတော့ Animation ပရိသတ်တွေအတွက်တော့အကြိုက်ဖြစ်မှာပါ။
မော်စလေ ဆိုတာ ငယ်ငယ်ကတည်းကမိဘနဲ့ခွဲကာ အရောင်းစားခံလိုက်ရတဲ့ အကောင်လေးပါ။ဉာဏ်ကောင်းပြီးစကားပြောတတ်တာကြောင့်
ကျွဲတွေ နွားတွေထက် ပိုဝယ်လိုအားမြင့်တဲ့ကောင်လေးပေါ့။
ဒါပေမယ့်သူတို့ရဲ့မျိုးရိုးက ဒီလိုအခိုင်းခံတိရိစ္ဆာန်မဟုတ်ပဲ ဉာဏ်ရည်မြင့်သတ္တဝါတွေပါ။
အခိုင်အစေ ဘဝကိုရောက်တဲ့ဒီအကောင်လေးဟာ ဒီရွှံနွံတောထဲကနေဘယ်လိုရုန်းထွက်မလဲ…
ဘယ်လိုအခက်အခဲမျိုးတွေသူရင်ဆိုင်ရမလဲ…
သူကရော ဘယ်လိုအမျိုးအနွယ်ထဲက ဆင်းသက်လာတာလဲ….
ခံစားကြည့်ကြပါ…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်….
crd to channelmyanmar

Wednesday, May 20, 2020

Wolf Totem (2015)

[Unicode]
2015 တုန်းက ထွက်ရှိထားတဲ့ Wolf Totem ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားမှာတော့ ၁၉၆၀ ဝန်းကျင်က လွင်ပြင်ဒေသ​တွေမှာ နေထိုင်တဲ့ မွန်ဂိုလူမျိုးစုတွေရဲ့ နေထိုင်မှု ပုံစံတွေ ရိုးရာယဉ်ကျေးမှု ကိုးကွယ်မှုတွေကို မြင်တွေနိုင်မှာဖြစ်ပါတယ် ၊
ဒါ့အပြင် ဇာတ်လမ်းမှာ နောက်ထပ်ပြသထားတာက မွန်ဂိုလွင်ပြင်မှာ နေထိုင်ကြတဲ့ ဝံပုလွေတွေ အကြောင်းပဲ ဖြစ်ပါတယ်…
ဒီဇာတ်လမ်းမှာ မင်းသားကြီး Feng Shao Feng က ချန်ကျန့်အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး
လူသားနဲ့ ဝံပုလွေရဲ့ကြားက သံယောဇဉ် မေတ္တာကို ပေါ်လွင်အောင် ဖော်ကျူးထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကတော့
၁၉၆၇ ခုနှစ်မှာ ချန်ကျန့်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ မွန်ဂိုဒေသမှာ ၂ နှစ်ကြာ စာပေသင်ကြားပေးဖို့ စေလွှတ်ခံခဲ့ရပါတယ်…
ချန်ကျန့်ဟာ မွန်ဂိုလွင်ပြင်ဒေသမှာနေထိုင်းရင်း ဝံပုလွေတွေရဲ့ သဘာဝကိုလည်း လေ့လာခဲ့ပါတယ် ၊
တစ်နေ့မှာတော့ လောဘကြီးတဲ့ လူတစ်စုကြောင့် ဝံပုလွေအုပ်စုတွေ ဒုက္ခတွေ့ခဲ့ရပါတယ်…
ဝံပုလွေသားပေါက်လေးတွေကို သတ်ပစ်ဖို့ အစိုးရက အမိန့်ပေးလိုက်တဲ့အခါမှာ မွန်ဂိုတွေဟာ ဝံပုလွေ သားပေါက်လေးတွေကို သတ်ပစ်ခဲ့ပါတယ် ၊
ဒါပေမယ့် သားပေါက်တွေထဲက တစ်ကောင်ကို ချန်ကျန့်က တိတ်တဆိတ်မွေးမြူထားခဲ့ပါတယ်…
ဒါကို အထက်လူကြီးတွေ သိသွားတဲ့အခါမှာ ဘာဆက်ဖြစ်မှာလဲ…
ချန်ကျန့်ကရော ဝံပုလွေသားပေါက်လေးကို လွင်ပြင်ဆီပြန်လွှတ်မှာလား…
ဝံပုလွေအုပ်စု မျိုးတုံးသတ်ဖြတ်ခံရမှုကို တားဆီးပေးနိုင်မှာလား…
ဝံပုလွေအုပ်စုတွေ ဘယ်လို အခက်ခဲတွေနဲ့ ကြုံရမှာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်….။
( အညွှန်းရေးပြီး ဘာသာပြန်ပေးထားသူကတော့ Han Thu Aye ဖြစ်ပါတယ် )
[Zawgyi]
2015 တုန်းက ထွက်ရှိထားတဲ့ Wolf Totem ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားမှာတော့ ၁၉၆၀ ဝန်းကျင်က လွင်ပြင်ဒေသ​တွေမှာ နေထိုင်တဲ့ မွန်ဂိုလူမျိုးစုတွေရဲ့ နေထိုင်မှု ပုံစံတွေ ရိုးရာယေ ဉ္ကျးမှုတွေ ကိုးကွယ်မှုတွေကို မြင်တွေနိုင်မှာဖြစ်ပါတယ် ၊
ဒါ့အပြင် ဇာတ်လမ်းမှာ နောက်ထပ်ပြသထားတာက မွန်ဂိုလွင်ပြင်မှာ နေထိုင်ကြတဲ့ ဝံပုလွေတွေ အကြောင်းပဲ ဖြစ်ပါတယ်…
ဒီဇာတ်လမ်းမှာ မင်းသားကြီး Feng Shao Feng က ချန်ကျန့်အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး
လူသားနဲ့ ဝံပုလွေရဲ့ကြားက သံယောဇဉ် မေတ္တာကို ပေါ်လွင်အောင် ဖော်ကျူးထားပါတယ် ။
ဇာတ်လမ်းအကျ ဉ်းကတော့
၁၉၆၇ ခုနှစ်မှာ ချန်ကျန့်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ မွန်ဂိုဒေသမှာ ၂ နှစ်ကြာ စာပေသင်ကြားပေးဖို့ စေလွှတ်ခံခဲ့ရပါတယ်…
ချန်ကျန့်ဟာ မွန်ဂိုလွင်ပြင်ဒေသမှာနေထိုင်းရင်း ဝံပုလွေတွေရဲ့ သဘာဝကိုလည်း လေ့လာခဲ့ပါတယ် ၊
တစ်နေ့မှာတော့ လောဘကြီးတဲ့ လူတစ်စုကြောင့် ဝံပုလွေအုပ်စုတွေ ဒုက္ခတွေ့ခဲ့ရပါတယ်…
ဝံပုလွေသားပေါက်လေးတွေကို သတ်ပစ်ဖို့ အစိုးရက အမိန့်ပေးလိုက်တဲ့အခါမှာ မွန်ဂိုတွေဟာ ဝံပုလွေ သားပေါက်လေးတွေကို သတ်ပစ်ခဲ့ပါတယ် ၊
ဒါပေမယ့် သားပေါက်တွေထဲက တစ်ကောင်ကို ချန်ကျန့်က တိတ်တဆိတ်မွေးမြူထားခဲ့ပါတယ်…
ဒါကို အထက်လူကြီးတွေ သိသွားတဲ့အခါမှာ ဘာဆက်ဖြစ်မှာလဲ…
ချန်ကျန့်ကရော ဝံပုလွေသားပေါက်လေးကို လွင်ပြင်ဆီပြန်လွှတ်မှာလား…
၀ံပုလွေအုပ်စု မျိုးတုံးသတ်ဖြတ်ခံရမှုကို တားဆီးပေးနိုင်မှာလား…
ဝံပုလွေအုပ်စုတွေ ဘယ်လို အခက်ခဲတွေနဲ့ ကြုံရမှာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်….။
( အညွှန်းရေးပြီး ဘာသာပြန်ပေးထားသူကတော့ Han Thu Aye ဖြစ်ပါတယ် )
crd to channelmyanmar

Get Smart (2008)

ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်…
ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့
၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်….လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ်
အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား
ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ “ကို”တော့ရူးသွားပြီ
တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်……
ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…မင်းသမီးချောလေး Hathaway ရယ်
Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်…မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ
လို့မထင်လိုက်နဲ့ …
Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့
အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ….တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့
အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့
မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်…..
ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့
အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့
အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်…. ရယ်စရာတွေကလည်း သဲထိတ်ရင်ဖိုခန်းလေး
တွေမှာ အပိုအလိုမရှိထည့်ထားလေတော့ တခွီးခွီးရယ်ရတာ.ရိုက်ချက်တွေကလည်း အတော်လန်းတယ်…. ကိုင်း ခံစားကြည့်လိုက်ဦးဗျ မောပန်းနွမ်းနယ်နေတဲ့ခင်ဗျားတို့
နှလုံးသားနဲ့ ဦးနှောက်ကို လန်းဆန်းစေချင်ရင်တော့ ဒီကားကိုကြည့်လိုက် ကျွန်တော်ပြောတာ မလွန်ဘူးဆိုတာ ခင်ဗျားတို့ ဇာတ်ကားအစ
၁၀မိနစ်လောက်ကထဲက သဘောပေါက်သွားလိမ့်မယ်……
crd to channelmyanmar

Tuesday, May 19, 2020

Scoob! (2020)

Scoob! (2020)
============
IMDb Rating 6.1/10
#Unicode
2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။
စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။
ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေ
သူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ်
လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲက
ဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့်
စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို အသည်းအသန် ဖမ်းဖို့ ကြိုးစားနေတဲ့ လူဆိုးကြီးတစ်ကောင်လက်က ထွက်ပြေးဖို့
ဖြစ်လာရပါတော့တယ်။ ဖရက် တို့ကလည်း ဒါကိုသိပြီး သူတို့သူငယ်ချင်း ၂ ယောက်ကို လိုက်ကယ်ရင်း စကူဘီကို ဘာလို့ အပူတပြင်း
လိုက်ဖမ်းနေရလဲ ဆိုတာကို သိအောင် လုပ်ရပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)

#Zawgyi
2020 မှာ ရုံတင်ဖို့စီစဉ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။

Monday, May 11, 2020

Khun Phaen Begins (2019)

[Unicode]
“Khun Phaen Begins 2019”
ဇာတ်လမ်းအကျဉ်း
မြစ်ကမ်းဘေး တိုင်းပြည်တစ်ခုဖြစ်တဲ့ အယုဒ္ဓယတိုင်းပြည်ကို ယူထ (သို့) ယူထနမ့်လို့ ခေါ်ကြတဲ့ အချိန်ကာလမှာ စစ်ပွဲတွေမရှိ နှစ်ရာချီအောင် အေးချမ်းခဲ့ပါတယ်…
အကြောင်းရင်းကယူထတိုင်းပြည်ကို အထမတ်အမည်ရှိ လျှို့ဝှက်စစ်သားအဖွဲ့က စောင့်ရှောက်ပေးနေခဲ့လို့ပါပဲ
မှော်နက်အဖွဲ့တွေ အထမတ်အဖွဲ့ကိုချေမှုန်းဖို့ လွှတ်ခဲ့ပေမယ့် အနိုင်မရခဲ့ပဲ မျက်လုံးဖောက်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ် ၊
တောရွာဘက်က ဖန်လို့ အမည်ရတဲ့ကောင်လေးတစ်ယောက်က ယူထတိုင်းပြည်မှာ မိန်းမယူပြီး မိသားစုအခြေချချင်စိတ်နဲ့ ယူထကိုရောက်လာခဲ့ပါတယ်
ယူထမှာ ငယ်ချစ်ဦးဖြစ်သူ ဖိင်မ်နဲ့ တွေ့ဆုံပြီး အချစ်ဦးအထင်ကြီးနိုင်ဖို့ ဖန်ဟာ လတ်လျားလတ်လျားနေတတ်သူကနေ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတော့တယ်…
ငယ်ငယ်တည်းက အတိတ်မေ့ပြီး အဖေ့ကိုပါ မမှတ်မိနိုင်တဲ့ ဖန်ဟာ တခါလောက်တော့ အဖေ့ကိုတွေ့ဖူးချင်စိတ်နဲ့ မှော်ပညာကို သင်ယူ စစ်သားတစ်ယောက်ဖြစ်လာချိန်…
သတင်းသာ ကြားဖူးတဲ့ မှော်နက်အဖွဲ့က တဖန် အထမတ်စစ်သားတွေကို အနိုင်ယူ ယူထတိုင်းပြည်ကို သိမ်းဖို့ကြိုးစားလာချိန်မှာတော့
မှော်ပညာတတ် စစ်သားတစ်ယောက်ဖြစ်တဲ့ ဖိတ်တစ်ယောက် ယူထတိုင်းပြည်ကို ကာကွယ်ပေးနိုင်မှာလား…
ငယ်ငယ်တည်းက မေ့နေခဲ့တဲ့ အဖေ့ကိုရောပြန်တွေ့နိုင်မလား…
ငယ်ချစ်ဦး ဖိင်မ်နဲ့ရော အဆင်ပြေသွားမလား ဆိုတာတွေကို အချစ်ဟာသဆန်းကြယ်တဲ့စွန့်စားမှုတွေ ရောနှောထားတဲ့ “Khun Phaen Begins” မှာ ကြည့်ရှူကြရအောင်…။
Casts
—–
ခွန်ဖိတ် အဖြစ် Mario Maurer
ဖိင်(မ်) အဖြစ် Fah Yongwaree Ngamkasem
( အညွှန်း ရေးသားပေးထားတာကတော့ Kyi Nue Zin (မမချောချောလေး) ဖြစ်ပြီး ဘာသာပြန်သူကတော့ Nang Mwe Kham (FA) ဖြစ်ပါတယ် )
[Zawgyi]
“Khun Phaen Begins 2019”
ဇာတ်လမ်းအကျဉ်း
မြစ်ကမ်းဘေး တိုင်းပြည်တစ်ခုဖြစ်တဲ့ အယုဒ္ဓယတိုင်းပြည်ကို ယူထ (သို့) ယူထနမ့်လို့ ခေါ်ကြတဲ့ အချိန်ကာလမှာ စစ်ပွဲတွေမရှိ နှစ်ရာချီအောင် အေးချမ်းခဲ့ပါတယ်…
အကြောင်းရင်းကယူထတိုင်းပြည်ကို အထမတ်အမည်ရှိ လျှို့ဝှက်စစ်သားအဖွဲ့က စောင့်ရှောက်ပေးနေခဲ့လို့ပါပဲ
မှော်နက်အဖွဲ့တွေ အထမတ်အဖွဲ့ကိုချေမှုန်းဖို့ လွှတ်ခဲ့ပေမယ့် အနိုင်မရခဲ့ပဲ မျက်လုံးဖောက်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ် ၊
တောရွာဘက်က ဖိတ်လို့ အမည်ရတဲ့ကောင်လေးတစ်ယောက်က ယူထတိုင်းပြည်မှာ မိန်းမယူပြီး မိသားစုအခြေချချင်စိတ်နဲ့ ယူထကိုရောက်လာခဲ့ပါတယ်
ယူထမှာ ငယ်ချစ်ဦးဖြစ်သူ ဖိင်မ်နဲ့ တွေ့ဆုံပြီး အချစ်ဦးအထင်ကြီးနိုင်ဖို့ ဖိတ်ဟာ လတ်လျားလတ်လျားနေတတ်သူကနေ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတော့တယ်…
ငယ်ငယ်တည်းက အတိတ်မေ့ပြီး အဖေ့ကိုပါ မမှတ်မိနိုင်တဲ့ ဖိတ်ဟာ တခါလောက်တော့ အဖေ့ကိုတွေ့ဖူးချင်စိတ်နဲ့ မှော်ပညာကို သင်ယူ စစ်သားတစ်ယောက်ဖြစ်လာချိန်…
သတင်းသာ ကြားဖူးတဲ့ မှော်နက်အဖွဲ့က တဖန် အထမတ်စစ်သားတွေကို အနိုင်ယူ ယူထတိုင်းပြည်ကို သိမ်းဖို့ကြိုးစားလာချိန်မှာတော့
မှော်ပညာတတ် စစ်သားတစ်ယောက်ဖြစ်တဲ့ ဖိတ်တစ်ယောက် ယူထတိုင်းပြည်ကို ကာကွယ်ပေးနိုင်မှာလား…
ငယ်ငယ်တည်းက မေ့နေခဲ့တဲ့ အဖေ့ကိုရောပြန်တွေ့နိုင်မလား…
ငယ်ချစ်ဦး ဖိင်မ်နဲ့ရော အဆင်ပြေသွားမလား ဆိုတာတွေကို အချစ်ဟာသဆန်းကြယ်တဲ့စွန့်စားမှုတွေ ရောနှောထားတဲ့ “Khun Phaen Begins” မှာ ကြည့်ရှူကြရအောင်…။
Casts
—–
ခွန်ဖိတ် အဖြစ် Mario Maurer
ဖိင်(မ်) အဖြစ် Fah Yongwaree Ngamkasem
( အညွှန်း ရေးသားပေးထားတာကတော့ Kyi Nue Zin (မမချောချောလေး) ဖြစ်ပြီး ဘာသာပြန်သူကတော့ Nang Mwe Kham (FA) ဖြစ်ပါတယ် )
crd to channelmyanmar

Wednesday, May 6, 2020

Nathan’s Kingdom (2019)

Nathan’s Kingdom(2019)
Nathan’s kingdom လို့ အမည်ရတဲ့ ဒီကား​လေးက​တော့ Sci-fi , adventure နဲ့ dramaတို့ကို အချိုးညီညီ ​
ပေါင်းစပ်ထားတဲ့ကား​​ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ​အော်တစ်ဇင်ဖြစ်​နေတဲ့ ​နေသန့်ရဲ့​ခေါင်းထဲမှ
ာ ငယ်ငယ်က သူ့ညီမ​​​လော်ရာ ပြောပြဖူးတဲ့ kingdomဆိုတဲ့​နေရာ​လေးက အမြဲစွဲလမ်း​နေပါတယ်။Kingdom မှာဆိုရင် ဘာအပူအပင်မှ မရှိပဲ အရာအားလုံးဟာ ​ပျော်ရွှင်စရာ​တွေနဲ့ပြည့်​နေမယ်လို့ သူက ယုံကြည်ထားပါတယ်။
​ ​အော်တစ်ဇင် ဖြစ်​နေတဲ့ အကိုရဲ့ လုပ်ရပ်တချို့​ကြောင့် ​လော်ရာရဲ့​နေ့စဥ်ဘ၀မှ
ာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်လာရပါ​တော့တယ်။ ​နောက်ဆုံး ဘာဆုံးရှုံးစရာမှ မရှိ​တော့တဲ့ ​လော်ရာဟာ
သူ့အကို ရှာချင်​နေတဲ့ kingdomကို လိုက်ရှာ​ပေးဖို့ နှစ်​ယောက်အတူ
ကားတစ်စီးနဲ့ခရီးထွက်ခဲ့ပါ​တော့တယ်။ ​ broken familyက ဆင်းသက်လာတဲ့
​အော်တစ်ဇင်တစ်​ယောက်ရဲ့ ခံစားချက်​တွေကို စာနာ​ပေးနိုင်ကြမှာလား….
​​​နေသန်ရဲ့ စိတ်ကူးထဲက Kingdomက အပြင်မှာ​ရော လက်​တွေ့ ရှိ​နိုင်ပါ့မလား
…… ဒီခရီးမှာ အရမ်းချစ်ကြတဲ့ မောင်နှမနှစ်​​ယောက်ကြားမှာ​ရော ဘာ​တွေ ဖြစ်လာဦးမလဲ..
…. IMDb rating 7.2 ရရှိထားတဲ့ ဒီကား​လေးဟာ ဆုကိုးဆုထိ ဆွတ်ခူးရရှိထားပြီး
အထူးသဖြင့် သူများနဲ့မတူတဲ့animation​လေး​တွေက စိတ်၀င်စားဖို့​ကောင်း​နေတာ​တော့ အမှန်ပဲဖြစ်ပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kပဲဖြစ်ပါတယ်…
crd to channelmyanmar

Monday, May 4, 2020

Destruction Los Angeles (2017)

Unicode

Los Angeles မှာမီးတောင်တွေပေါက်ကွဲ သဘာ၀ဘေး အန္တာရယ်တွေရောက်တဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Zawgyi

Los Angeles မှာမီးတောင်တွေပေါက်ကွဲ သဘာဝဘေး အန္တာရယ်တွေရောက်တဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
crd to mmsub movie

Mega Crocodile (2019)

[Unicode]
ဒီတစ်ခါတော့ ၂၀၁၉ ထွက် မိကျောင်း ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…
လော်ဟန် ဆိုသူ ဇီဝဗေဒမိကျောင်းကျွမ်းကျင်ပညာရှင်က မိကျောင်းကျွန်းမှာ သုသေတနလုပ်ဖို့သွားရင်း
သူ့ရဲ့ဇနီးလောင်းကို ဆုံးရှုံးပြီး‌နောက် ဖြစ်ကတက်ဆန်းနေချင်သလိုနေလာခဲ့တယ် ၊
တစ်နေ့ သူနေတဲ့ကျွန်းမှာ ကလေးငယ်တစ်ယောက် မိကျောင်းကိုက်ခံရတယ်…
တစ်ဖက်မှာတော့ …
တရုတ်ပြည်ရဲ့ စီးပွားရေးလောကမှာ အသက်အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် ချန်ရှိုင်း…
သူက မောင်ဖြစ်သူကို မိသားစုအမွေဆက်ခံခိုင်းပေမယ့် သူ့မောင်ကငြင်းဆိုပြီးတော့
ဝါသနာပါတဲ့ ဇီဝဗေဒဆိုင်ရာ သုသေတနတွေလုပ်ဖို့ ထွက်သွားရာမှာ မုန်တိုင်းမိပြီး မမျှော်လင့်ပဲ မိကျောင်းကျွန်းကို ရောက်သွားပါတယ် ၊
ဇီဝဗေဒ မိကျောင်းကျွမ်းကျင်ပညာရှင်နဲ့ တရုတ်ပြည်ရဲ့ အငယ်ဆုံးစီးပွားရေး လုပ်ငန်းရှင်တို့…
လူပျောက်ရှာပုံတော်ကို ဘယ်လိုများ ရှာပုံတော်ဖွင့်မလဲဆိုတာ ဆက်လက်ရှုစားကြပါဦး…။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Chen Ai Zhen ဖြစ်ပါတယ် )

Ponyo (2008)

အခုမိတ်ဆက်ပေးမှာက စာရေးသူ Hayao Miyazaki
ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး
IDM 7.7 အထိရခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ
ဒီကားလေးရဲ့ အောင်မြင်မှုတွေကို ပြောရမယ်ဆိုရင်
ပရိတ်သတ်တွေကြားမှာ Ponyo Ponyo
ဖြစ်ခဲ့ရလောက်အောင် ကျော်ကြားခဲ့တဲ့
ဇာတ်ကားလေးဖြစ်လာတဲ့အပြင်
8th annual Tokyo Anime ဆုပေးပွဲမှာ
ဆုတွေအများကြီးရစေခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ သဘောၤသားတစ်ဦးရဲ့
အသက်ငါးနှစ်သာရှိတဲ့ သားလေးဟာ သူ့အမေနဲ့အတူ
ပင်လယ်နားက တောင်ကုန်းလေးမှာ နေထိုင်တယ်။
တစ်နေ့မှာ မမျှော်လင့်ပဲ ရွှေငါးလေးတစ်ကောင်ကို တွေ့ရှိခဲ့တယ်
အဲ့ရွှေငါးလေးဟာ ရိုးရိုးငါးလေးမဟုတ်ပဲ
ငါးတစ်ပိုင်းလူတစ်ပိုင်း ဖြစ်နေတဲ့ ရွှေငါးလေးဖြစ်တယ်
ရွှေငါးလေးဟာ ဆိုဆုကီဆိုတဲ့ ကောင်လေးကို
သံယောဇဉ် တွယ်မိပြီး ဆိုဆုကီပေးထားတဲ့
ပွန်းညို ဆိုတဲ့ နာမည်လေးနဲ့ လူသားတွေအနားမှာ နေခဲ့တယ်
လူသားတွေကို မုန်းတဲ့ ပွန်းညို အဖေက
သူ့သမီးလေးကို ဆိုဆုကီ ရှိကနေ နည်းအမျိုးမျိုးနဲ့ ပြန်လည်လုယူခဲ့တယ်
ဒါပေမယ့် ပွန်းညိုက မှော်စွမ်းအားတွေရပြီး
ပြန်လွတ်သွားချိန်မှာ သူ့အစွမ်းတွေကြောင့် ဆိုဆုကီတို့မြို့
တစ်မြို့လုံးရေနစ်မြုပ်ခဲ့တယ်
သူကတော့ လူသားတစ်ယောက်အဖြစ်
ဆိုဆုကီရှိကိုပြန်လာခဲ့တယ် ပွန်းညိုရဲ့
မှော်အစွမ်းတွေကြောင့် ကမ္ဘာကြီးပျက်လုနီးပါးဖြစ်နေချိန်မှာ
ငါးနှစ်အရွယ်သာရှိတဲ့ ဖြုစင်တဲ့ သူတို့ရဲ့ အချစ်စစ်နဲ့
ကမ္ဘာကြီးကိုဘယ်လိုပြန်တည်ဆောက်သွားမလဲ
ပွန်းညိုဟာ လူသားတွေကိုမုန်းတဲ့ သူ့အဖေ နဲ့ပဲ
ရေအောက်မှာ ငါးအဖြစ်ဆက်နေသွားရမလား
လူသားအဖြစ် ဆိုဆုကီအနားမှာနေရမလားဆိုတာ
ဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ကြနော်
အရမ်းချစ်ဖို့ကောင်းတဲ့ ပွန်းညို
ကားလေးကို ကြည့်ပြီး အကြိုက်တွေ့ကြပါစေ
ပထမဆုံးရေးတဲ့အညွှန်းဖြစ်လို့
မပြည့်မစုံဖြစ်သွားရင် သည်းခံပြီးဖတ်ပေးပါ
(အညွှန်းကို ဘာသာပြန်သူ Kay  Kay ကပဲ ရေးပေးထားတာပါ)
(သစ်ဆန်းခန့်)
crd to channelmyanmar

The Book of Eli (2010)

The Book of Eli(2010)
တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာ
ဇာတ်လမ်းအမျိုးအစားဆိုတာထက်  မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်..
မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်…
ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်း
ကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်…
ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်..
ထိုသို့သောမင်းသားကြီးများစာရင်းတွင်  Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်..
ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား  ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့်
The Book of Eli ကို တင်ဆက်ပါလိုက်ပါသည်…
စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာ
တောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။
ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။
ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ အီလိုင်တစ်ယောက်
အသက်ကိုတောင် ပဓာန မထားဘဲ အသည်းအသန် ခုခံခဲ့သည်။
ဤမျှ စွမ်းပကားကြီးသည့် စာအုပ်သည် မည်သည့်စာအုပ်များ ဖြစ်ပေမည်နည်း…။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါသည်….
crd to channelmyanmar

The Willoughbys (2020)

The Willoughbys(2020)
နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။ ဒီကာတွန်းလေးကတော့ အရင်ကြည့်ဖူးတဲ့ ပုံတွေနဲ့ မတူဘဲ တမူထူးဆန်းပြီး ရယ်ရပါတယ်။
ဇာတ်လမ်းကိုတော့ ကြောင်ဆရာကြီးတစ်ကောင်က ပြောပြနေတဲ့ပုံနဲ့ တည်ဆောက်ထားပါတယ်။ ဆရာကြောင်က ပြောတယ်
မိသားစုတွေ ချစ်ခင်တာတွေ စည်းလုံးတာတွေ အဆုံးသတ်မှာ ပြန်ပေါင်းတဲ့ ဇာတ်လမ်းမျိုးတွေကို သဘောကျတတ်ရင် ဒီရုပ်ရှင်က မင်းအတွက် မဟုတ်ပါဘူးတဲ့။
ဟုတ်ပါတယ် ဒီရုပ်ရှင်ထဲက အဓိက မိသားစုကတော့ ဝယ်လိုဘီ မိသားစုပါ။
သူတို့တွေဟာ အစဉ်အဆက် သိပ္ပံပညာရှင်တွေ၊အနုပညာရှင်တွေ ကြီးမြတ်တဲ့သူတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် မျိုးဆက်တစ်ခုအရောက်မှာတော့ တော်နေ တတ်နေကြတာတွေ
အဆုံးသတ်သွားသလိုပါပဲ။ ဝယ်လိုဘီ ဇနီးမောင်နှံဟာ ဘာမှ မထူးချွန်ပေမယ့်
တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပါတယ်။ ချစ်တာမှ အခြား ဘယ်သူ့ကိုမှ
မချစ်တတ်လောက်အောင်ကို ချစ်တာပါ။ လင်မယားချင်းပဲချစ်ကြပြီး မွေးထားတဲ့ ကလေး ၄ ယောက်ကို တော့
မေတ္တာတစ်စက်မှမရှိကြသလို သာမန်ဂရုစိုက်မှုမျိုးလေးတောင် မလုပ်ပါဘူး။နေ့တိုင်း
လင်မယားနှစ်ယောက်ထဲ သာယာနေကြတာပါ။ ဒီတော့ ကလေး ၄ ယောက်လည်း
မိဘကျေးဇူးဆပ်တဲ့အနေနဲ့ သေဖို့ ရာနှုန်း ၉၀ လောက်ရှိတဲ့ နေရာတွေအကုန်တန်းစီပြီး မိဘ၂ယောက်ကို
အပျော်ခရီးစဉ်တပ်ပေးပြီး မရဏလမ်းကို စီစဉ်ပေးလိုက်ပါတော့တယ်။
မိဘမဲ့ဖြစ်ဖို့ကြိုးစားကြတာပါတဲ့။ ဒါပေမယ့် မိဘ ၂ ယောက်ကလည်း ကလေးတွေကိုမချစ်ပေမယ့်
အိမ်ကိုတော့ စိတ်မချသေးတော့ ဈေးအပေါဆုံး ဘယ်သူမှ မလိုချင်တဲ့ ကလေးထိန်းကို ရှာပြီး အပ်ထားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အဲဒီကလေးထိန်းရယ်၊ မိဘတွေရယ်၊ မိဘမဲ့စောင့်ရှောက်ရေးအဖွဲ့တွေရင်
စွန့်စားခန်းဖွင့်စရာတွေ အကြောင်းဖန်လာပါတော့တယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, April 27, 2020

Inglourious Basterds (2009)

Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ…..
နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။
အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။
ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းမို့ CM ပရိသတ်ကြီး ခံစားကြည့်ရှုကြပါဦးလို့……

– Zawgyi –
Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒုတိယကမ႓ာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ…..
နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။
အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။
ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းမို့ CM ပရိသတ်ကြီး ခံစားကြည့်ရှုကြပါဦးလို့……
crd to channelmyanmar

Friday, April 24, 2020

Gundala (2019)

ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။
BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။
ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။
ဇာတ်လမ်းအကျဉ်းကတော့…. ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီး
လစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။
အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။
အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။
ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။
သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။
ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။
ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။
ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။
အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ငွေကြေးအခက်အခဲကြောင့် ဆန်ချာကာအမေဖြစ်သူဟာ တစ်နေ့မှာ အပြင်ထွက်အလုပ်ရှာရင်းအပြီးတိုင်ပျောက်သွားခဲ့ပါတယ်။
မိဘမဲ့ဖြစ်သွားတဲ့ဆန်ချာကာလေးဟာ အိမ်ကနေထွက်၊ ကြုံရာလိုက်တောင်းရမ်းရင်း တခြားကလေးတွေလိုက်ရိုက်တာခံခဲ့ရပါတယ်။
ဆန်ချာကာကို နောက်ထပ်မိဘမဲ့လေးတစ်ယောက်က ကယ်တင်ခဲ့ပြီး နောက်နောင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင် သိုင်းတွေလည်း သင်ပေးခဲ့လိုက်ပါတယ်။
ဒီလိုနဲ့ သိုင်းလည်းတတ် ၊ ကိုယ်ကိုယ်၌ကမသိသေးတဲ့အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ဆန်ချာကာလေးဟာ နောက်ထပ်ဆယ်နှစ်လောက်ကြာတဲ့အခါမှာတော့….
ဒီဇာတ်ကားလေးဟာ comic ကိုအသက်ပြန်သွင်းထားတဲ့ BumiLangit Cinematic Universe ရဲ့ ပွဲဦးထွက်ဇာတ်ကားဖြစ်တာကြောင့် Gundala စတင်ဖြစ်လာပုံတွေ၊
Hero အသစ်တွေနဲ့ သူတို့ရဲ့ ဗီလိန်တွေကို မိတ်ဆက်တဲ့ ကနဦးဇာတ်ကားအနေနဲ့ပဲရှိပါသေးတယ်။
ဒါပေမယ့် ထင်ရက်စရာမရှိတာက ဇာတ်လမ်းကို အတတ်နိုင်ဆုံးဇာတ်အိမ်ကောင်းကောင်းဖွဲ့ပြီး ဗီလိန်နဲ့ ဟီးရိုးတွေကိုမိတ်ဆက်ပေးသွားတာပါပဲ။
စူပါဟီးရိုးကားသာဆိုပေမယ့် အချိတ်အဆက်မိတဲ့ အက်ရှင်ခန်းလေးတွေကလည်
း The Raid ဇာတ်ကားထက်မလျော့တဲ့ ခံစားမှုမျိုးကိုပေးစွမ်းတာမို့ အားရစရာကောင်းလှပါတယ်။
IMDB Rating ကလည်း 7/10 တောင်မှဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ကတော့ ကျွန်တော် သဲသွေး (နေရဲနီ)ပဲဖြစ်ပါတယ်။
crd to channelmyanmar

Monday, April 20, 2020

Fantasy Island (2020)

စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကား တင်ပေးလိုက်ပါပြီ။
Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။
ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပါ။
ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။
အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှ
လူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။
အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကို
ဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။
သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။
ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစ
အားလုံးသော ဆန္ဒတွေကို ဖြည့်ပေးနိုင်စွမ်းရှိတာကိုတွေ့ရပြီး ထီပေါက်သလိုကို ပျော်ကြရပါတော့တယ်။
ပြီးတော့ အဲဒီကျွန်းဟာ သူတို့တောင်းဆိုတဲ့ဆန္ဒထက် တကယ့် အတွင်းစိတ်ထဲက ဆန္ဒကိုသိမြင်နေပြီး ဖြည့်ပေးနိုင်တာကိုပါတွေ့လာရတယ်။
ဒါပေမယ့် ဒီအပျော်တွေကနေ လူတိုင်းရဲ့ ဆန္ဒတွေဟာ ကြောက်စရာအဖြစ်တွေဆီကို တဖြည်းဖြည်းကူးပြောင်းသွားတဲ့အခါမှာတေ့ာ…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…
crd to channelmyanmar

Mortal Kombat Legends: Scorpion's Revenge (2020)

အသစ်စက်စက်ထွက်ရှိလာတဲ့ Mortal Combat Animation ပါ။
တော်တော်လေး ကြည့်လို့ကောင်းပါတယ်။
ဂိမ်းသမားတွေကတော့ ဘရုစ်လီနဲ့သံခမောက်ဆိုရင် မသိတဲ့လူ မရှိသလောက်ပါပဲ။
သွေးသံတရဲရဲတွေနဲ့မို့ R rated ကြိုက်တဲ့သူတွေအတွက် ရှယ်ပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ စင်္ကြဝဠာကြီးအစမှာ
Elder God တွေက realm တွေဖန်တီးပေးခဲ့ကြတယ်။
ကိုယ့်လောကဆီကို တခြားလောကကသူတွေ လာမကျူးကျော်ဖို့
generation တစ်ခုမှာတစ်ခါ realm တိုင်းက အတော်ဆုံးတိုက်ခိုက်ရေးသမားတွေစုပြီး
ယှဉ်ပြိုင်တိုက်ခိုက်စေတယ်။ အဲဒီပြိုင်ပွဲရဲ့နာမည်ကတော့ Mortal Kombat ပေါ့။
Mortal Kombat ကို realm
တစ်ခုတည်းကနေ ၁၀ ပွဲဆက်တိုက်နိုင်သွားခဲ့ရင် အနိုင်ရတဲ့သူက
တခြားrealmတွေနဲ့ပေါင်းပြီး သူအုပ်ချုပ်ချင်သလို အုပ်ချုပ်ခွင့်ရှိတယ်။
Earthrealm ကေတာ့ ၿပီးခဲ့တဲ့ ၉ ပြဲမွာ Shao Khan ဆိုတဲ့
ဧကရာဇ်ကြီးကို ရှုံးထားလေရဲ့။
အခု ၁၀ ပွဲမြောက်က Earthrealm ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ပွဲတစ်ပွဲဖြစ်လာတော့တယ်။
crd to channelmyanmar

Black Knight (2001)

Black Knight(2001)
ဂျ​မေလ်ဆိုတဲ့သူဟာ အပန်း​ဖြေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်တဲ့သူပါ။သူဟာ ​ပျော်​ပျော်​နေတတ်ပြီး ​ပေါ့​ပေါ့ပါးပါး ဘဝကို ဖြတ်သန်း​နေတာပါ။
တစ်​နေ့ သူအလုပ်လုပ်​နေတဲ့ အပန်း​ဖြေဥယာဥ်မှာ ရဲတိုက်ပုံစံ တည်​ဆောက်ဖို့အတွက် ကျုံးကို ရှင်းရပါတယ်။
အဲ့ကျုံးကို ရှင်း​နေတုန်း ​ရေထဲမှာ ​တောက်ပ​နေတဲ့အရာ တစ်ခုကို​တွေ့လို့ ဆင်း​ကောက်လိုက်တဲ့အခါမှာ​တော့ ကျုံးထဲသို့ကျကာသတိလစ်သွားပါတယ်။
သူနိုးလာတဲ့အခါမှာ​​တော့ ၁၄ ရာစုအင်္ဂလန်တွင်ရောက်ရှိနေတာပါ။
အစက သူက ရဲတိုက်ကြီးဟာအတုဖြစ်ပြီး သူ့ကိုယ့်သူ ဒီဘက်​ခေတ်မှာသာ ရှိ​သေးပြီး ရဲတိုက်မှ မှူးမတ်ပြည်သူ ​တွေ ကို ရဲတိုက်ဖွင့်ပွဲအတွက် သရုပ်​ဆောင်တယ်လို့ ထင်​နေတာပါ။
သူဟာရဲတိုက်အတွင်းကို နော်မန်ဒီမှသတင်း​ပေးသူတစ် ဦး အဖြစ်မှားယွင်း​ရောက်သွားတာပါ။
သူကိုယ်ကိုင် ၁၄ ရာစုကို ​ရောက်​နေမှန်းသိချိန် ပြန်လည် ထွက်နိုင်ဖို့ကြိုးစားချိန်မှာ တကယ့် ​နော်မဒီမှ သတင်း​ပေးသူ​ရောက်လာချိန်မှာ​တော့
သူဘယ်လို ရဲတိုက်ထဲက​နေ ဘယ်လို ထွက်မလဲဆိုတာ ဟာသ​အမျိုးမျိုး ကြည့်နိုင်မယ့် ဇာတ်​ကောင်း​ကား​လေးပါ။
Translated and Review By Thazin Tun
Encoded By A Nyo
crd to gold channel

Red Shoes and the Seven Dwarfs (2020)

#Unicode
အရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းက​နေတစ်မူကွဲထွက်​နေတဲ့ ကာတွန်း​ကား​ကောင်း​လေးတစ်ကားလို့​ပြောလို့ရပါတယ်။
ဒီကားထဲမှာ ပါ​လေရာသူရဲ​ကောင်း မင်းသားမာလင်နဲ့သူ့အ​ပေါင်းအပါ၆​ယောက်က ပါးစပ်သရမ်း​တော့ စုန်းမတစ်​ယောက်ရဲ့
ကျိန်စာမိပြီး လူပု​တို​လေး၇​ယောက်ဖြစ်​နေပါတယ်။ သူတို့ကျိန်စာက​နေလွတ်ဖို့အတွက် ကမ္ဘာ​ပေါ်ကအလှဆုံး​သောမိန်းက​​လေး
ကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျ​တော့ တစ်မျိုး သူက ဘုတ်အီးမ​လေး သန်မာတယ် ချစ်ဖို့​ကောင်းတယ်။ သူ့မိ​ထွေးကစုန်းမ
သူ့အ​ဖေကလည်း သူ့မိ​ထွေးစုန်းမမှန်းသိ​တော့ စနိုးဝိုက်​လေးကို​ဘေးကင်းရာပို့ထားတယ်။ သူကိုယ်တိုင်လည်း​ပျောက်သွားတယ်။
စနိုးဝိုက်​လေးက သူ့အ​ဖေကိုရှာဖို့ သူ့မိ​ထွေးဆီအသွား သူ့မိ​ထွေးရဲ့ ထာဝရလှပ​စေမယ့် ​မှော်ဖိနပ်​လေးကိုစီးမိပြီး တအားလှသွား​ရော
သူစုန်းမလက်က​နေထွက်​ပြေးရင်း သူ့အ​ဖေမှာခဲ့တဲ့ သူရဲ​ကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအ​ချော်​ချော်​လေး​တွေနဲ့ အဆုံးထိ
ကြည့်ချင်​အောင်ဆွဲ​ဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာ​မြောက် animation ကားကောင်း​လေးဖြစ်ပါတယ်။ အသံ​နောက်ခံ​တွေ
က​တော့ မင်းသား​ မာလင်​နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်​နေရာမှာက​တော့ ​ကော်ရီး​​တွေရဲ့
အချစ်​တော်အကိတ်မ​လေး Chloë Grace Moretz ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Dolly ဖြစ်ပါတယ်။)

#Zawgyi
အရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းက​နေတစ်မူကွဲထွက်​နေတဲ့ ကာတွန်း​ကား​ကောင်း​လေးတစ်ကားလို့​ပြောလို့ရပါတယ်။
ဒီကားထဲမှာ ပါ​လေရာသူရဲ​ကောင်း မင်းသားမာလင်နဲ့သူ့အ​ပေါင်းအပါ၆​ယောက်က ပါးစပ်သရမ်း​တော့ စုန်းမတစ်​ယောက်ရဲ့
ကျိန်စာမိပြီး လူပု​တို​လေးရ​ယောက်ဖြစ်​နေပါတယ်။ သူတို့ကျိန်စာက​နေလွတ်ဖို့အတွက် ကမ္ဘာ​ပေါ်ကအလှဆုံး​သောမိန်းက​​လေး
ကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျ​တော့ တစ်မျိုး သူက ဘုတ်အီးမ​လေး သန်မာတယ် ချစ်ဖို့​ကောင်းတယ်။ သူ့မိ​ထွေးကစုန်းမ
သူ့အ​ဖေကလည်း သူ့မိ​ထွေးစုန်းမမှန်းသိ​တော့ စနိုးဝိုက်​လေးကို​ဘေးကင်းရာပို့ထားတယ်။ သူကိုယ်တိုင်လည်း​ပျောက်သွားတယ်။
စနိုးဝိုက်​လေးက သူ့အ​ဖေကိုရှာဖို့ သူ့မိ​ထွေးဆီအသွား သူ့မိ​ထွေးရဲ့ ထာဝရလှပ​စေမယ့် ​မှော်ဖိနပ်​လေးကိုစီးမိပြီး တအားလှသွား​ရော
သူစုန်းမလက်က​နေထွက်​ပြေးရင်း သူ့အ​ဖေမှာခဲ့တဲ့ သူရဲ​ကောင်းရဦး ဆိုတာကိုရှာရင်း အလွဲလွဲအ​ချော်​ချော်​လေး​တွေနဲ့ အဆုံးထိ
ကြည့်ချင်​အောင်ဆွဲ​ဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာ​မြောက် animation ကားကောင်း​လေးဖြစ်ပါတယ်။ အသံ​နောက်ခံ​တွေ
က​တော့ မင်းသား​ မာလင်​နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်​နေရာမှာက​တော့ ​ကော်ရီး​​တွေရဲ့
အချစ်​တော်အကိတ်မ​လေး Chloë Grace Moretz ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Dolly ဖြစ်ပါတယ်။)
crd to channelmyanmar

Trolls World Tour (2020)

Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို
မှတ်မိကြသေးလားမသိဘူး။
သီချင်းလေးတွေ လှလှပပလေးနဲ့
ဇာတ်လမ်းကောင်းကောင်းလေးလေ။
အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။
ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့
ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ
သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ
ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။
အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။
အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ်
အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။
ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊
ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။
ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို
အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ်
ဂီတတစ်ခုတည်းအောက်မှာ
အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့
ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး
ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။
ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ
နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။
ဇတ်လမ်းကလည်း အတော်ကောင်းတာမို့
အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။
Little Neo က ဘာသာပြန်ပေးထားပြီး
Thit San Khant မှ တင်ဆက်ပေးထားပါတယ်။
crd to channelmyanmar