Wednesday, May 6, 2020

Nathan’s Kingdom (2019)

Nathan’s Kingdom(2019)
Nathan’s kingdom လို့ အမည်ရတဲ့ ဒီကား​လေးက​တော့ Sci-fi , adventure နဲ့ dramaတို့ကို အချိုးညီညီ ​
ပေါင်းစပ်ထားတဲ့ကား​​ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ​အော်တစ်ဇင်ဖြစ်​နေတဲ့ ​နေသန့်ရဲ့​ခေါင်းထဲမှ
ာ ငယ်ငယ်က သူ့ညီမ​​​လော်ရာ ပြောပြဖူးတဲ့ kingdomဆိုတဲ့​နေရာ​လေးက အမြဲစွဲလမ်း​နေပါတယ်။Kingdom မှာဆိုရင် ဘာအပူအပင်မှ မရှိပဲ အရာအားလုံးဟာ ​ပျော်ရွှင်စရာ​တွေနဲ့ပြည့်​နေမယ်လို့ သူက ယုံကြည်ထားပါတယ်။
​ ​အော်တစ်ဇင် ဖြစ်​နေတဲ့ အကိုရဲ့ လုပ်ရပ်တချို့​ကြောင့် ​လော်ရာရဲ့​နေ့စဥ်ဘ၀မှ
ာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်လာရပါ​တော့တယ်။ ​နောက်ဆုံး ဘာဆုံးရှုံးစရာမှ မရှိ​တော့တဲ့ ​လော်ရာဟာ
သူ့အကို ရှာချင်​နေတဲ့ kingdomကို လိုက်ရှာ​ပေးဖို့ နှစ်​ယောက်အတူ
ကားတစ်စီးနဲ့ခရီးထွက်ခဲ့ပါ​တော့တယ်။ ​ broken familyက ဆင်းသက်လာတဲ့
​အော်တစ်ဇင်တစ်​ယောက်ရဲ့ ခံစားချက်​တွေကို စာနာ​ပေးနိုင်ကြမှာလား….
​​​နေသန်ရဲ့ စိတ်ကူးထဲက Kingdomက အပြင်မှာ​ရော လက်​တွေ့ ရှိ​နိုင်ပါ့မလား
…… ဒီခရီးမှာ အရမ်းချစ်ကြတဲ့ မောင်နှမနှစ်​​ယောက်ကြားမှာ​ရော ဘာ​တွေ ဖြစ်လာဦးမလဲ..
…. IMDb rating 7.2 ရရှိထားတဲ့ ဒီကား​လေးဟာ ဆုကိုးဆုထိ ဆွတ်ခူးရရှိထားပြီး
အထူးသဖြင့် သူများနဲ့မတူတဲ့animation​လေး​တွေက စိတ်၀င်စားဖို့​ကောင်း​နေတာ​တော့ အမှန်ပဲဖြစ်ပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kပဲဖြစ်ပါတယ်…
crd to channelmyanmar

No comments:

Post a Comment