Showing posts with label 2011. Show all posts
Showing posts with label 2011. Show all posts

Friday, June 5, 2020

Dum Maaro Dum (2011)

Dum Maaro Dum(2011)
အေစီပီဗရှ်နူးကာမသ်ဟာမိသားစု စားဝတ်နေရေးချောင်လည်ဖို့ဘာမဆိုလုပ်တဲ့သူပါ….
တရားမဝင်လုပ်ရပ်တွေလာဘ်စားပြီး ငွေအတွက်လက်တစ်လုံးခြားလုပ်စားနေတဲ့သူဆိုပါတော့…..
ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိသားစုနဲ့အတူခရီးသွားနေတုန်းရုတ်တရက်အက်ဆီးဒန့်တစ်ခုနှင့်ကြုံခဲ့ရပါတယ်။
မိသားစုအတွက်ပိုက်ဆံကိုနည်းမျိုးစုံနဲ့ရှာတတ်တဲ့ အေစီပီဗရှ်နူးတစ်ယောက်
သူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရပြီး သူ့မှာ အတွေးကြီးတစ်ခုကျန်ခဲ့တယ်…
သူရှာခဲ့တဲ့ငွေတွေဟာလည်းသိပ်ချစ်တဲ့မိသားစုတွေကိုပြန်မခေါ်ပေးနိုင်ဘူးပေါ့…
ဒီနောက်တော့ သူပြောင်းလဲသွားပါတော့တယ်….
၅နှစ်ကြာပြီးတဲ့နောက် ဂိုအာမြို့မှာမူးယစ်ဂိုဏ်းတွေကိုရှင်းလင်းဖို့အမိန့်ပေးခံခဲ့ရပြီး အေစီပီတစ်ယောက်မူးယစ်ဂိုဏ်းတွေကိုရှင်းလင်းနိုင်မလား?
မူးယစ်ဖြန့်ဖြူးရေးလုပ်ငန်းရဲ့နောက်ကွယ်မှာအဓိကကြိုးကိုင်ထားတာကရောဘယ်သူလဲ?
အေးစီပီတစ်ယောက်ဘယ်လိုပဟေဠိတွေနဲ့ရင်ဆိုင်ရမလဲ? ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့…….
Action, Crime ကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း..
ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။
crd to channelmyanmar

Monday, May 11, 2020

In Time (2011)

In Time (2011)
အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့
Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ…
နောင်နှစ်ပေါင်းများစွာကြာသောအခါ
၂၁၆၉ခုနှစ်မှာ လူသားများသည် အသက်၂၅ နှစ်ပဲရှည်အောင် တီထွင်ခံရသောအခါ….
မွေးဖွားလာကတည်းက လက်မောင်းမှာ ဒစ်ဂျစ်တယ်နာရီပါလာသောအခါ…
ဆက်လက်အသက်ရှင်ချင်ရင် အသက်နာရီတွေကိုသုံးရသောအခါ….
ချမ်းသာတဲ့လူရယ် ဆင်းရဲတဲ့သူရယ် ခွဲခြားထားသော အချိန်များပြောင်းလဲမှု
Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား…
မင်းသား Justin Timberlake ကိုထည့်သွင်းလိုက်သောအခါ…..။
Review Credit to CM
crd to burmesesubtitles

Monday, April 20, 2020

Men in Hope (2011)

IMDb Rating (7.1) ထိရရှိထားတဲ့ ဒီဇာတ်ကားဟာ ချက်(Czech)နိုင်ငံက ဇာတ်ကားဖြစ်ပြီး
Romantic comedy-sex comedy film အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့….
အွန်ဒရက်ချ်ဟာ အေးဆေးတည်ငြိမ်ပြီး အိမ်ထောင်ဖက်အပေါ် သစ္စာရှိတဲ့သူတစ်ယောက်။
ပြောင်းပြန်ဆိုသလိုပဲ သူ့ ဇနီးရဲ့အဖေသူ့ယောက္ခမကြီးကတော့ ၃၅ နှစ်သက်တမ်းရှိတဲ့ အိမ်ထောင်ကို မထောက်ပဲ အချိန်ပြည့်ဖောက်ပြန်နေတဲ့သူဖြစ်တယ်။
ပျင်းရိစရာကောင်းတဲ့ သူ့အိမ်ထောင်ရေးကို ဘေးကကြည့်ပြီး သူ့လိုပဲ အပြင်မှာ အပျော်ရှာဖို့ ယောက္ခထီးကြီးကမြှောက်ပေးပါတော့တယ်။
အစပိုင်းမှာတော့ အွန်ဒရက်ချ် အတတ်နိုင်ဆုံးငြင်းပယ်ခဲ့သေးပေမယ့်
အဘိုးကြီး ဒိတ်လုပ်ဖို့ခေါ်လာတဲ့ ဆာလော့တာ ဆိုတဲ့ ဆံပင်နီနီ ဘတ်သီးတောင့်တောင့် မိန်းမလှလေးနဲ့ အတွေ့မှာ စိတ်ပြောင်းသွားပါတော့တယ်။
Men in Hope ဟာဆန်းပြားရှုပ်ထွေးတဲ့ ဇာတ်အလှည့်အပြောင်းတွေ မပါပဲ ပေါ့ပေါ့းပါးပါး ရယ်ရယ်မောမော ခံစားကြည့်ရှုရမယ့်
မိသားစု အချစ် ဟာသ ဇာတ်ကားကောင်းလေးတစ်ကားပါ။
(မင်းသမီး နှစ်ယောက်လုံးကလဲ တစ်ယောက် တစ်မျိုးစီ အတော်မိတယ်)
crd to channelmyanmar

Sunday, April 19, 2020

Come Rain, Come Shine (2011).Rating.6.3(Drama)

[Unicode]
ဒီကားက ကိုယ်တွေရဲ့အချစ်တော်ဗိုလ်ကြီးရဲ့ ခံစားနေရတဲ့ မျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်းသနားနေရမယ့်ကားပါ
ခွဲခွာခါနီးလူ၂ဦးရဲ့ အခြေအနေကိုမီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ် …
မင်းသမီးနဲ့ ဗိုလ်ကြီးကအိမ်ထောင်သက်၅နှစ်ရှိပေမယ့်ကလေးလည်းမရပါဘူး
ပြီးတော့ မင်းသမီးက အသစ်တွေ့သွားပြီး ဗိုလ်ကြီးကိုထားခဲ့တော့မယ်ပေါ့
ဗိုလ်ကြီးမှာတော့ ခံစားနေရပေမယ့် သူ့မိန်းမအိမ်ပြောင်းရင်ကျန်ခဲ့မှာဆိုးလို့ပစ္စည်းလေးတွေသေချာထုတ်ပိုးပေးတယ်
သူတို့ခွဲရတော့မယ့်နေ့မရောက်ခင် နောက်ဆုံးအတူတူရှိတဲ့နေမှာပေါ့ …
ဗိုလ်ကြီးကသူ့မိန်းမနဲ့အတူတူညစာကိုဆိုင်ကောင်းကောင်းမှာ စားဖို့ဘိုကင်ချိတ်ထားတယ်
အဲ့မှာ သူတို့၂ယောက်ပစ္စည်းထုတ်နေရင်းနဲ့ ၅နှစ်တာအတွင်း တစ်ယောက်ကြောင်းတစ်ယောက်ဘယ်လောက်သိခဲ့လဲဆိုတာ ၂ယောက်သားပြောရင်း နဲ့
ရုပ်ရှင်ကြည့်နေတဲ့သူကပါ သူတို့၂ယောက်ကိုယ်စား ခံစားပေးတတ်လာတယ် …
ဇာတ်ကောင်တွေလည်းအများကြီးမသုံးထားသလို ဇာတ်လမ်းကို ကြည့်ပြီးသွားရင်
ကိုယ့်ရဲ့လက်ရှိချစ်တဲ့သူတွေကိုပိုတန်ဖိုးထားချင်စိတ်ဖြစ်လာပါလိမ့်မယ်
အိမ်တွင်းပုန်းနေရတဲ့ singleလေးတွေလည်း ဗိုလ်ကြီးမျက်နှာကို ခံစားပြီးကြည့်လို့ရသလို
ခွဲခွာနေရတဲ့ rsလေးတွေလည်း ဒါလေးကြည့်ပြီးကိုယ့်ချစ်ချစ်ကိုပိုပြီးချစ်နိုင်ကြပါစေလို့…
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Dolly ဖြစ်ပါတယ် )
[Zawgyi]

Monday, February 3, 2020

Ironclad (2011)

(Unicode)
IMDB 6.1
RT 4.2
၁၂၁၅ ခုနှစ် အင်္ဂလန်တိုင်းပြည် အခွန်တွေကို မတရားကောက်ခံ ၊ လူသတ်ပက်စက်ပြီး မြို့စားမိန်းမတွေနဲ့ ပွေရှုတ်တက်တဲ့ ဘုရင်ဂျွန်ဟာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘုရင်တပါးပါ။
၁၆ နှစ်တာ ကာလကြာ သူ အင်္ဂလန်ကို အုပ်စိုးပြီးနောက်ပိုင်းမှာတော့ မြို့စားတွေက သူကို သည်းမခံနိုင်ကြတော့ပဲ အားလုံးစုပေါင်းပြီး ပုန်ကန်ကြပါတော့တယ်။
ဘုရားစစ်သည်တော်တွေဟာလည်း မြို့စားတွေဖက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်။
၃ နှစ်တာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲကြီးဟာ နောက်ဆုံးမှာတော့ မဂ်နာသဘောတူစာချုပ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။
မဂ်နာစာချုပ်ဆိုတာ ဘုရင်နဲ့ မြို့စားတွေအကြား သဘောတူညီချက်တွေ ထားရှိတဲ့ စာချုပ်တစ်ခုပါပဲ။
အာလုံးပြီးဆုံးသွားခဲ့ပြီလို့ ထင်ထားတဲ့နောက်ပိုင်းမှာတော့ ဘုရင်ဂျွန်ဟာ ကြေးစားစစ်တပ်ကြီးကိုငှားရမ်းကာ မြို့စားတွေကို သတ်ပြီး တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်ပါတော့တယ်။
ဘုရင်ဂျွန်ကို တားဆီးနိုင်ဖို့အတွက်ဆိုရင် အင်္ဂလန်တောင်းပိုင်းရဲ့ အချက်အချာဖြစ်တဲ့ ရီုချက်စတာရဲတိုက်ကို ထိန်းထားနိုင်ဖို့ လိုအပ်တယ်ဆိုတာ
ဘုရားစစ်သည်တော်မာရှယ်နဲ့ မြို့စား အဲလ်ဗနီတို့ဟာ ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။
ရီုချက်စတာရဲတိုက်ဆိုတာ တော်တော်လေး သေးငယ်တဲ့ ရဲတိုက်တစ်ခုပါ။
ဒီရဲတိုက်လေးထဲမှာ လူအယောက် (၂၀) လောက်နဲ့ သူတို့ ဘယ်လိုခုခံကြမလဲ။ သူတို့ ဘယ်လိုပြန်တိုက်ကြမှာပဲ။
ပြင်သစ်က စစ်ကူတွေကရော အချိန်မှီရောက်ရှိလာကြမာလား။
ဒီကစထွက်ထွက်ချင်းမှာတော့ IMDB နဲ့ RT တို့မှာ Bad Review တော်တော်ရခဲ့ပါတယ်။
Review အများစုကတော့ သမိုင်းမတူဘူးတို့ ၊ သွေးထွက်သံယိုများလွန်းတယ်တို့ ၊ ရုပ်ရှင်ကားက အရမ်းရှည်လွန်းတယ်တို့ ၊ ကင်မရာ အရမ်းကစားလွန်းတယ်တို့ စသည်တို့ပဲ တွေ့ရပါတယ်။
လူတိုင်းကတော့ အကြိုက်တူမှာ မဟုတ်ကြပါဘူး။
ကျွန်တော့်အထင်တော့ ဒီကားက သွေးထွက်သံယို များလွန်းတာကြောင့် မကြိုက်ကြတာလို့ပဲ ထင်ပါတယ်။
ဘယ်လောက်ထိ သွေးထွက်သံယိုကြမ်းသလဲဆိုရင် GOT Fan ကျွန်တော်တောင် တစ်ချက်တစ်ချက် မျက်နှာလွဲထားရပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kiwi ပါ)
(Zawgyi)

Wednesday, January 29, 2020

Contagion (2011)

(Unicode)
ခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့H1 N1 ရောဂါအကြောင်းကို ရိုက်ထားတဲ့ဇာတ်ကားပါ ၂၀၁၁ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးပါ
ဘတ်သ်အမ်ဟို့ဖ်ဆိုတဲ့ အမျိုးသမီးဟာ အလုပ်ကိစ္စနဲ့ဟောင်ကောင်ကိုသွားပြီး ပြန်အရောက်မှာ နေမကောင်းဖြစ်ပြီးရုတ်တရက်သေဆုံးရာကစခဲ့တာပါ
တစ်နေ့ပြီးတစ်နေ့ကူးစက်ခံရသူတေ် များလာတယ် သေဆုံးသူတွေလဲ များလာပါတယ်
WHO အဖွဲ့ရော ဒေါက်တာရှီဗာတို့ရော ဒေါက်တာဆော့စ်မန်းတို့ရောဘာဖြစ်တာလဲသိဖို့ အားလုံးကြိုးစားရှာဖွေကြရပါတယ်
ဒီထဲမှာမှ ဘယ်သူကရှာဖွေတွေ့ရှိသွားလဲကုသနိုင်တဲ့ဆေးရှာတွေ့မှာလား
ကာကွယ်ဆေးရောပေါ်လာလားဆိုတာတွေရှာဖွေနေစဉ်အတောအတွင်းမှာ စတေးလိုက်ရတဲ့ အသက်တွေ
လူထုကြား ရောဂါဖြစ်နေပြီဆိုတာ သတင်းပျံ့သွားတဲ့အချိန်မှာ လူထုကဘယ်လိုတုံ့ပြန်လာလဲဆိုတာတွေ အားလုံး ဝေဝေဆာဆာနဲ့ အကွက်ကျကျရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ
ဒီလိုအချိန်မှာ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေဗျာ
အချုပ်အနေနဲ.ပြောရရင် Steven Soderberg ရဲ့ 2009 Flu Pandemic ကို အခြေတည်ရိုက်ထားတဲ့ Contagion (2011) ဇာတ်ကားက အခုအချိန် ကြည့်ဖို့အသင့်တော်ဆုံးပဲ။
Pandemic Event အတွင်း
– WHO ရဲ့ စီမန်ခန့်ခွဲမှုအဆင့်ဆင့်တွေ၊
– Medical Field ရဲ့ လုပ်ငန်းခွင် မလုံခြုံမှုတွေ၊
– ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်ခြယ်လှယ်မှုတွေ၊
– နောက်ဆုံး လူထုကြားမှာဆင့်ပွားလာတဲ့ အကြောက်တရားတွေ အကြောင်းကိုဒီကားမှာ သေသေချာချာတွေ့မြင်ရပါလိမ့်မယ်။
Health Education ပါ တခါတည်း ပေးပြီးသားဖြစ်အောင် Channel Myanmar ပရိတ်သတ်ကြီးအတွက် ဘာသာပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်
(ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ)

Wednesday, December 4, 2019

Monday, October 21, 2019

Horrible Bosses (2011)

Zawgyi
*******

Unicode
*******
ဟာသကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်
HORRIBLE BOSSESS ဆိုတဲ့ မှုခင်း ဟာသကားလေး 1 နဲ့ ၂ ကို တင်ဆက်ပေးလိုက်ပါတယ်…
နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်…
သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့
အလုပ်လုပ်နေကြပေမယ့် သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့်
အဆင်မပြေကြတဲ့ သူတွေပေါ့အဓိကအကြောင်းကတော့
ဆိုးရွားတဲ့ အလုပ်ရှင်တွေကြောင့်ပါပဲနစ်ခ်တော့ ကုမ္ပဏီတစ်ခုမှာ
အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့
အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ
ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ
သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက
သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ်ဒေးလ် ဆိုတဲ့ သွားဆရာဝန်
လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ
သွားဆရာဝန်မ ရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့..
သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ်
ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ နောက်ဆုံးမှာတော့
အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်…
ရယ်မောစရာ နဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီး
ညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ ကလေးသူငယ်တွေ ဒီနေရာက နောက်ပြန်လှည့်ပါ။ 
Translated & Reivew By Zuel Khant Thwin
Encoded By LK
crd to channelmyanmar
Genres: Comedy, Crime
Rating: 6.9
Trailer

Sunday, September 15, 2019

30 Minutes or Less (2011)

(Zawgyi)
(unicode)
ပီဇာရောင်းတဲ့ ကောင်လေးကို လူဆိုးနှစ်ယောက် ပြန်ပေးဆွဲပြီး Bank ကို ဓားပြတိုက်ရာကနေ တစ်လွဲတွေဖြစ် သုံးပွင့်ဆိုင် လူဆိုးတွေနဲ့ ငြိလာတဲ့ အခါ ဘယ်လိုဖြေရှင်းကျမလဲ ? ပီဇာကောင်လေးကနေ လူဆိုးဖြစ်လာမလား ဟာသ အနှောလေးကြည့်ရမဲ့ ဇာတ်ကားကောင်းပါ
crd to m-sub movie
Genres: Action, Comedy, Crime
Rating: 6.1

Trailer

Friday, September 6, 2019

Dhada (2011)

Dhada (2011)
Rating.3.7 (Action, Comedy)

(Zawgyi)
ဒီကားလေးက. . .
 လူဆိုးဂိုဏ်းရဲ့ အငြိုးအတေးထား ကလဲ့စားချေဖို့ ကြိုးစားကြပုံအကြောင်းကို အချစ် အလွမ်း အကြမ်း စုံလင်စွာနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးပါ. . .
အားပေးကြပါဦးခင်ဗျ

(Unicode)

ဒီကားလေးက. . .
အမေရိကားမှာနေတဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်
အသက်မပြည့်တဲ့ မိန်းကလေးတွေကို လူကုန်ကူးတဲ့ လူဆိုးဂိုဏ်းတစ်ခုနဲ့ သွားပြီး ပက်သက်မိရာက
လူဆိုးဂိုဏ်းရဲ့ အငြိုးအတေးထား ကလဲ့စားချေဖို ့ ့ကြိုးစားကြပုံအကြောင်းကို အချစ် အလွမ်း အကြမ်း စုံလင်စွာနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးပါ. . .

မဟုတ်မခံစိတ်နဲ့ ဆတ်ဆတ်ကြဲ
ကျောင်းသားလေး အဖြစ် မင်းသားချော  Naga Chaitanya Akkineni
ဖခင်ရဲ့ ချုပ်မှုတွေအောက်မှာ နေလာရတဲ့ သူဌေးသမီးလေး အဖြစ်
မင်းသမီးချော Kajal Aggarwal နဂိုက သာမာန်ရုံးဝန်ထမ်းလေးဆိုပေမယ့်
လူဆိုးဂိုးဏ်းရဲ့ ခြိမ်းခြောက်မှုကြောင့် ကိုယ့်ယောက္ခမကိုယ်ပြန်သတ်ပြီး ညီနဲ့ မိန်းမမသိအောင် ဖုံးကွယ်ထားခဲ့ရတဲ့ အကိုတစ်ယောက် အဖြစ် Srikanth တို ့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်

ကြမ်းကြမ်းကြိုက်တဲ့ ပရိတ်သတ်အတွက်
ဂန်းစတားဇာတ်ကားတစ်ကားမို ့လက်မလွတ်တမ်း
အားပေးကြပါဦးခင်ဗျ

Reviewed & Translated By Myint Thu(ငှက်ကလေး-နည်းပညာ)

Encoded by – Win Kyaw Thu

crd to fofmm

Movie Trailer

Wednesday, September 4, 2019

Mindfulness and Murder (2011)

Mindfulness and Murder (2011)
Rating.6.2 (Crime, Mystery, Thriller)

စုံထောက်ဇာတ်လမ်းတွေကြိုက်တတ်တဲ့သူတွေအတွက်
အရမ်းစိတ်ဝင်စားစရာကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ
ဘုန်းကြီးကျောင်းသားလေးတစ်ယောက်ဘုန်းကြီးကျောင်းဝင်းထဲမှာ
ရက်ရက်စက်စက်အသတ်ခံရပေမယ့်
အိမ်ခြေမဲ့လူငယ်လေးဖြစ်တာကြောင့် ရဲတွေကအရေးအယူ
အမှုမလိုက်ပေးတာကြောင့် စုံထောက်ဟောင်းတစ်ယောက်ဖြစ်တဲ့
ဦးဇင်းအာနန္ဒာကပဲအမှုကိုစုံစမ်းခဲ့ရာကနေ
ချည်မျှင်လေးတစ်စဆွဲထုတ်သလိုဘယ်လိုအရှုပ်အထွေးတွေ
ထွက်လာမလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
 crd to channelmyanmar

Movie Trailer