Showing posts with label 2001. Show all posts
Showing posts with label 2001. Show all posts

Monday, April 20, 2020

Black Knight (2001)

Black Knight(2001)
ဂျ​မေလ်ဆိုတဲ့သူဟာ အပန်း​ဖြေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်တဲ့သူပါ။သူဟာ ​ပျော်​ပျော်​နေတတ်ပြီး ​ပေါ့​ပေါ့ပါးပါး ဘဝကို ဖြတ်သန်း​နေတာပါ။
တစ်​နေ့ သူအလုပ်လုပ်​နေတဲ့ အပန်း​ဖြေဥယာဥ်မှာ ရဲတိုက်ပုံစံ တည်​ဆောက်ဖို့အတွက် ကျုံးကို ရှင်းရပါတယ်။
အဲ့ကျုံးကို ရှင်း​နေတုန်း ​ရေထဲမှာ ​တောက်ပ​နေတဲ့အရာ တစ်ခုကို​တွေ့လို့ ဆင်း​ကောက်လိုက်တဲ့အခါမှာ​တော့ ကျုံးထဲသို့ကျကာသတိလစ်သွားပါတယ်။
သူနိုးလာတဲ့အခါမှာ​​တော့ ၁၄ ရာစုအင်္ဂလန်တွင်ရောက်ရှိနေတာပါ။
အစက သူက ရဲတိုက်ကြီးဟာအတုဖြစ်ပြီး သူ့ကိုယ့်သူ ဒီဘက်​ခေတ်မှာသာ ရှိ​သေးပြီး ရဲတိုက်မှ မှူးမတ်ပြည်သူ ​တွေ ကို ရဲတိုက်ဖွင့်ပွဲအတွက် သရုပ်​ဆောင်တယ်လို့ ထင်​နေတာပါ။
သူဟာရဲတိုက်အတွင်းကို နော်မန်ဒီမှသတင်း​ပေးသူတစ် ဦး အဖြစ်မှားယွင်း​ရောက်သွားတာပါ။
သူကိုယ်ကိုင် ၁၄ ရာစုကို ​ရောက်​နေမှန်းသိချိန် ပြန်လည် ထွက်နိုင်ဖို့ကြိုးစားချိန်မှာ တကယ့် ​နော်မဒီမှ သတင်း​ပေးသူ​ရောက်လာချိန်မှာ​တော့
သူဘယ်လို ရဲတိုက်ထဲက​နေ ဘယ်လို ထွက်မလဲဆိုတာ ဟာသ​အမျိုးမျိုး ကြည့်နိုင်မယ့် ဇာတ်​ကောင်း​ကား​လေးပါ။
Translated and Review By Thazin Tun
Encoded By A Nyo
crd to gold channel

Tuesday, March 3, 2020

Replicant (2001)

Van Damme စရိုက်နှစ်မျိုးနဲ့ပါဝင်ထားတဲ့ “Replicant” ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ
အက်ဒ်ဝက်ဒ်ဂါရော့တ်ဟာ မိခင်တွေကိုပစ်မှတ်ထားပြီးသတ်ဖြတ်နေတဲ့ လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ့ကိုလိုက်နေတဲ့စုံထောက်ဂျိတ်က်ရိုင်လီအနေနဲ့ သုံးနှစ်ကြိုးစားခဲ့ပေမယ့်လည်းမဖမ်းမိဘဲရှိနေပါတယ် ဒီလိုနဲ့သူ့ကိုဖမ်းဖို့ နည်းပညာအကူအညီရယူပြီး လူသတ်သမားရဲ့ DNA ကတစ်ဆင့် နောက်ထပ်တစ်ယောက်ကိုဖန်တီးလိုက်အပြီးမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး…
crd to fofmm

Wednesday, September 4, 2019

Khushi (2001)

Khushi (2001)
Rating.7.9 (Drama, Romance)
……’လောကတစ်ခုလုံး ကမ္ဘာပေါ်မှာ နေတဲ့ သက်ရှိအားလုံး..’
‘..ပြီးတော့ သူတို့ ဆက်လက်ရှင်သန်ဖို့..တစ်ခုပဲ ရှိတယ်..’
‘..အားလုံးကို ဆက်ရှင်သန်စေတာက အဲ့ဒါ အချစ်ပေါ့’
‘အချစ်ဆိုတာ အမေ နဲ့ ကလေးကြား ရှိတယ်’
‘မောင်နှမတွေကြားမှာ ရှိတယ် သူငယ်ချင်းတွေ ကြားမှာ ရှိတယ်’
‘ချစ်သူတွေကြားမှာ ရှိတယ်’
‘ဒါပေမယ့် အချိုမြိန်ဆုံးအချစ်ကတော့..’
..အသက် ၂၀ အရွယ်မှာ ကောင်လေးနဲ့ ကောင်မလေးကြားက အချစ် အမှတ်တရတွေ အများကြီး ကျန်ခဲ့တာလေ’
‘အိန္ဒိယအရှေ့ပိုင်း ကိုလ်ကာတာမြို့မှာ မွေးတဲ့ ကောင်လေး..’
စစ်ဒ်ဒါသာ ရွိုင်း.. – ‘..စစ်ဒ်ဒါသ ရွိုင်းလို့ခေါ်တဲ့ကောင်လေး…’
‘..ကိုနာစီမာ ပြည်နယ်က ကိုင်ကာလူရီရွာမှာ မွေးတဲ့ ကောင်မလေး..’
မဒ်ဟူမတီ..- ‘..မဒ်ဟူမတီလို့ ခေါ်တဲ့ ကောင်မလေး..’
‘..ဆုံစည်းဖို့ အကြောင်းဖန်လာတယ်’
‘သူတို့အခြေအနေတွေ မတူကြဘူး..’
‘ဓလေ့ထုံးတမ်းရိုးရာတွေ မတူကြဘူး..’
‘အမျိုးဇာတ်တွေ မတူကြဘူး..’
‘ဘာသာစကားတွေ မတူကြဘူး..’
‘အရှင်က သူတို့ကို ပေါင်းစည်းဖို့ ဖန်တီးပေးထားတယ်..’
‘..အချစ်ဆိုတဲ့ အရာနဲ့’
‘ဒီကလေးတွေက အနာဂတ်မှာ ချစ်မိသွားကြမယ်’
‘သူတို့ နှစ်ယောက်ကြား အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာမယ်’
‘ဒါက သူတို့ ဘယ်လို ချစ်သွားကြတယ်ဆိုတဲ့ ဇာတ်လမ်းလေးပေါ့’
‘ကီလိုမီတာ ထောင်ချီဝေးနေတဲ့ နှလုံးသားတွေ..’
‘..ဆုံစည်းကြမှာလား?’
‘ဒီနှုတ်ခမ်းလေးတွေ တစ်ယောက်နဲ့ တစ်ယောက် နမ်းကြမှာလား?’
‘ဇာတ်လမ်းမှာ ကြည့်ကြစို့ရဲ့’….”
Khushi (2001) သည် IMDb 7.9/10 Alchetron Rotten 8/10 Google users 91 % ရထားသော ဒါရိုက်တာ  S.J. Surya ရိုက်ကူးထား၍ Rajendra Kumar, S.J. Surya တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင်  Bhoomika Chawla, Sudhakar, Vijayakumar တို့ပါဝင်သရုပ်ဆောင်ထားသော  Drama, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
မဒ်ဟူ နဲ့ စစ်ဒ်ဒူးတို့နှစ်ယောက်ဟာ သူများတွေကို ကူညီရင်း တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားသွားကြတဲ့အခါ ဘယ်လို ဒရမာ အချစ်ဇာတ်လမ်းတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
crd to fofmm

Movie Trailer