Showing posts with label 2019. Show all posts
Showing posts with label 2019. Show all posts

Tuesday, June 9, 2020

The Entity (2019)

The Entity(2019)
ညီမဖြစ်သူ Pam ရဲ့ရုတ်တရက်သေဆုံးသွားတဲ့သတင်းကိုကြားတော့ ကောလိပ်ကျောင်းသား Kent Gonzalez က
အိမ်ကို ဝမ်းနည်းကြေကွဲစွာပြန်လာခဲ့တယ်…အိမ်ရောက်တော့  အဖေ အမေနဲ့အတူစျာပနာကျင်းပ
ခဲ့တယ်…နောက်ရက်များမှာ သူ့အတွက်ထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတယ်…
ကွယ်လွန်သွားတဲ့သူ့ညီမဝိညာဥ်က သူ့အိမ်မက်ထဲကိုအလည်လာခဲ့ပြီး သူမသိသေးတဲ့အကြောင်းအရာတွေကို
လာပြောပြသွားတယ်….. Kent အတွက်ထိန့်လန့်စရာကောင်းသလို ဝိညာဉ်ရဲ့ပြောပြချက်တွေကလည်း
သူ့အတွက် စက်ဆုတ်စရာတွေဖြစ်နေတယ်….
အဲ့ဒီနောက်မှာတော့…..
ဝိညာဉ်ကဘာတွေပြောခဲ့လို့လဲ…အဲ့ဒီဝိညာဉ်ကရော ဘာတွေဆက်ပြီး Kent ကိုဆက်ပြောနေမှာလဲ…
Kent ကရော ဝိညာဉ်ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်မှာလဲ…
Horror ကားကြိုက်သူတို့အတွက် တော်တော်မိုက်တယ်လို့ပြောရမှာပါ..ခံစားကြည့်ကြပါကုန်…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်…
crd to channelmyanmar

Luangda Mahaheng (2019)


A Home with a View (2019)

[Unicode]
ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ်
ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။
မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ
သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ
စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။
ဇာတ်လမ်းအကျဉ်း
လုံဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ
ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ
သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။
သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ
သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး
အောက်ပိုင်းသေနေတဲ့ လုံဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ်
ဒါကြောင့် သူတို့မိသားစုဟာ လုံဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊
တိုက်ခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး
အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့်
အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊
ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ကြေငြာဆိုင်းဘုတ်ကြီးတစ်ခု ပိတ်ပြီး ပင်လယ်ရှုခင်းကို မမြင်ရတော့တဲ့အခါ…
သူတို့ ပင်လယ်ရှုခင်းပြန်မြင်ရအောင် ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ရှုစားကြပါနော်…။
IMDb Rating – 5.9/10
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
[Zawgyi]
ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ်
ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။
မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ
သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ
စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။
ဇာတ်လမ်းအကျ ဉ်း
လုံ​ဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ
ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ
သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။
သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ
သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး
အောက်ပိုင်းသေနေတဲ့ လုံ​ဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ်
ဒါကြောင့် သူတို့မိသားစုဟာ လုံ​ဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊
တိုက်ခန်းကျ ဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး
အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့်
အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊
ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ကြေငြာဆိုင်းဘုတ်ကြီးတစ်ခု ပိတ်ပြီး ပင်လယ်ရှုခင်းကို မမြင်ရတော့တဲ့အခါ…
သူတို့ ပင်လယ်ရှုခင်းပြန်မြင်ရအောင် ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ရှုစားကြပါနော်…။
IMDb Rating – 5.9/10
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
crd to channelmyanmar

Friday, June 5, 2020

Mosley (2019)

Mosley(2019)
ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Animation ကားကောင်းလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးနာမည်ကတော့ Mosley (2019)ပါ။
ထူးခြားတဲ့ဇာတ်အိမ်နဲ့ ချစ်စရာကောင်းတဲ့ဒီကားလေးကတော့ Animation ပရိသတ်တွေအတွက်တော့အကြိုက်ဖြစ်မှာပါ။
မော်စလေ ဆိုတာ ငယ်ငယ်ကတည်းကမိဘနဲ့ခွဲကာ အရောင်းစားခံလိုက်ရတဲ့ အကောင်လေးပါ။ဉာဏ်ကောင်းပြီးစကားပြောတတ်တာကြောင့်
ကျွဲတွေ နွားတွေထက် ပိုဝယ်လိုအားမြင့်တဲ့ကောင်လေးပေါ့။
ဒါပေမယ့်သူတို့ရဲ့မျိုးရိုးက ဒီလိုအခိုင်းခံတိရိစ္ဆာန်မဟုတ်ပဲ ဉာဏ်ရည်မြင့်သတ္တဝါတွေပါ။
အခိုင်အစေ ဘဝကိုရောက်တဲ့ဒီအကောင်လေးဟာ ဒီရွှံနွံတောထဲကနေဘယ်လိုရုန်းထွက်မလဲ…
ဘယ်လိုအခက်အခဲမျိုးတွေသူရင်ဆိုင်ရမလဲ…
သူကရော ဘယ်လိုအမျိုးအနွယ်ထဲက ဆင်းသက်လာတာလဲ….
ခံစားကြည့်ကြပါ…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, May 25, 2020

Bullies 3 (2019)

2019ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကျောင်းသားလူမိုက်ကားလေးက
Action ကားကြိုက်တဲ့သူတွေအတွက်
ကြည့်ပျော်မယ့်ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးကိုပြောပြရရင်
ငယ်ငယ်တုန်းကကျောင်းသားဘဝမှာ
လူငယ်ယောကျာ်းလေးတော်တော်များက
ရန်ဖြစ်ဖူးကြမယ်ထင်ပါတယ်။
အဲ့လိုပဲ ဒီဇာတ်ကားလေးထဲမှာ ယောင်းအွန်းဆိုတဲ့
ကျောင်းသားဟာ ဆောင်းဆူဒုန်းအထက်ကျောင်းမှာတော့
ရန်ဖြစ်တဲ့နေရာမှာ အားလုံးကိုအနိုင်ယူထိုးကြိတ်နိုင်ခဲ့လို့
ဆရာလို့ပြောလို့ရပါတယ်။
သူဒီလို တိုက်တာခိုက်တာတော်လို့ မျက်စိကျသွားတဲ့
ကျောင်းသားလူမိုက်အဖွဲ့က ယောင်းအွန်းကို
သူတို့အဖွဲ့ထဲဝင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။
ယောင်းအွန်းကဆိုးတယ် မိုက်တယ် ဒါပေမယ့် မယုတ်မာဖူး။
မညစ်ပတ်ဖူးဆိုတဲ့ကျောင်းသားမျိုးဖြစ်တာကြောင့်
ဒီကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ပါတယ်။
အဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်လာမယ်ဆိုတာပဲ
ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါ။
ကျောင်းသား လူငယ် Action ကားလေးလဲဖြစ်လို့
အတိုက်အခိုက်လေးတွေနဲ့ ကြည့်လို့လည်း
ကောင်းသလို လူငယ်သဘာဝကိုလည်းပြန်ခံစားနိုင်လို့
စိတ်ကျေနပ်မှုရမယ်လို့ထင်ပါတယ်။
crd to channelmyanmar

Gangsters (2019)

လောကကြီးကို ဂရုမစိုက်တတ်ဘဲ
ငွေရဖို့အတွက်ဆိုရင် ဘယ်အလုပ်မဆိုလုပ်တတ်တဲ့
မူဆန်မြို့သား ယုံးဂယ်ဟာ
သူ့လက်အောက်ငယ်သားနှစ်ယောက်နဲ့အတူ
ဥက္ကဋ္ဌချွဲဆိုတဲ့သူ ခိုင်းသမျှ
မကောင်းတဲ့အလုပ် အကုန်လုပ်ပါတယ်
တစ်နေ့မှာ ဆိုးလ်ကနေ
မူဆန်ကိုပြန်လာခဲ့တဲ့ ဘတ်ဆူယွန်းဆိုသူ
မိန်းကလေးတစ်ယောက်ကို
မြင်မြင်ချင်းချစ်သွားမိခဲ့တော့
ဘာကိုမှအရေးမစိုက်ဘဲ
ထင်ရာစိုင်းတတ်တဲ့ ယုံးဂယ်တစ်ယောက်
မကောင်းတာတွေလုပ်ရင်း ဆက်နေသွားမလား
ဒါမှမဟုတ် လူရမ်းကားအဖြစ်နဲ့ပဲ ဆူယွန်းကို
ကာကွယ်ပေးသွားနိုင်မလားဆိုတာကို
ဒီဇာတ်ကားထဲမှာ တွေ့မြင်နိုင်ပါလိမ့်မယ်
crd to channelmyanmar

Seolhwa (2019)

Seolhwa 2019
ဘဝမှာအဆင်မပြေတာတွေများလာရင်
ထွက်ပေါက်ရှာတတ်ကြတာမျိုးလူတိုင်း
ကြုံဖူးကြမှာပါ။
ဒီကားက Psychopath ကားဖြစ်သလို တွေးပြီးတစ်စိမ့်စိမ့်
ခံစားရတဲ့ကားမျိုးပါ။
ဆောဟွာဆိုတဲ့ မိန်းကလေးတစ်ယောက်။
လှတယ် ငယ်တယ် ချောတယ်။
သူဘဝမှာငယ်ငယ်တည်းကအမေကအိမ်ကထွက်သွားတယ်။
အဖေကအလုပ်မှာမတော်တဆမှုကြောင့်လက်တစ်ဖက်ပြတ်သွားပြီးနောက်ပိုင်း
အမြဲစိတ်ဓါတ်ကျရန်လိုနေခဲ့တယ်။
မခံနိုင်တော့ဆောဟွာတစ်ယောက်အိမ်ပေါ်ကဆင်းပြီး
အသိဦးလေးကြီးအိမ်မှာသွားနေတယ်။
ပိုက်ဆံရှာဖို့ ဘားမှာအလုပ်လုပ်တယ်။
အဲ့လိုနဲ့သူ့ဆီကိုအကြံအဖန်လုပ်မယ့်ယောကျာ်းတစ်ယောက်
တည့်တည့်ကြီးရောက်လာခဲ့တယ်။
ဒီလိုအကြံအဖန်လုပ်ပြီးသူဘဝကိုဖျက်ဆီးမယ့်
ဆောဟွာတစ်ယောက်လက်က လွတ်အောင်
သူမဘယ်လိုရုန်းထွက်မလဲ။
သူအဖေလက်ကကော သူမ လွတ်အောင်ရုန်းထွက်နိုင်ခဲ့လား။
သူအမေကကော ဘယ်မှာလဲ။
အတူတူနေတဲ့ဦးလေးကြီးနဲ့ဆက်ဆံရေး၊ဘယ်လို
နေကြလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲ။
မိန်းကလေးတစ်ယောက်ရဲ့အမုန်းနဲ့နာကျင်မှုတွေကို
ဖော်ကျူးထားတဲ့ကားဆိုလည်းမမှားပါဖူး။
အားလုံးပဲခံစားကြည့်ရှုလိုက်ကြပါအုန်း။
crd to channelmyanmar

Tuesday, May 12, 2020

The Legacy of the Bones (2019)

Netflix မှာ ထွက်ထားတဲ့ဒီဇာတ်ကားကတော့ Crime/Thriller စပိန်ကားဖြစ်ပြီးတော့
Dolores Redondo ရေးထားတဲ့ Baztan Trilogy ကိုရိုက်ထားတဲ့ထဲက ဒုတိယမြောက်ကား။
ပထမကားကတော့ 2017 မှာထွက်ခဲ့တဲ့ The invisible Guardian ဆိုတဲ့ကား။
အဲဒီကားမှာတော့ Salazar က Serial Killer Case ကိုလိုက်ပြီးစုံစမ်းခဲ့တယ်။
Trilogyရဲ့ ဒုတိယကားလို့ဆိုပေမယ့် ပထမကားကိုမကြည့်ထားလည်း ကြည့်လို့ဖြစ်တယ်။
ပထမကားနဲ့ ဆက်စပ်မှုသိပ်မရှိဘူး။ (ကြည့်ထားရင်​တော့ ပိုပြီးကောင်းတာပေါ့)
ဇာတ်လမ်းအစမှာတော့ စုန်းကဝေအတတ်တွေကိုလေ့လာတာတွေကြောင့်
မီးရှို့ခံရတဲ့သူတွေရယ်
မွေးကာစကလေးတွေရယ်ပါဝင်ပတ်သက်နေတဲ့အတိတ်တခုနဲ့ စတင်ထားတယ်။
လက်ရှိခေတ်မှာတော့ Salazar ကသူ့ရဲ့မြို့ကိုပြန်ရောက်လာပြီး
Church ကျောင်းကိုဝင်ဖျက်စီးပြီး အရိုးတွေထားသွားတဲ့အမှုတခုကိုလိုက်ရတယ်။
အဲဒီအမှုကိုသူလိုက်ဖို့ ရာထူးကြီးတဲ့
ဘုန်းတော်ကြီးတယောက်က တောင်းဆိုထားတယ်လို့သိရတယ်။
နောက်ပြီးသူဖမ်းခဲ့တဲ့ထဲကတယောက်က
သူသတ်ခဲ့တဲ့အလောင်းမြှုပ်ထားတဲ့နေရာကို
Salazar ကိုရည်ညွှန်းပြီးပေးလိုက်လို့ သွားရှာတဲ့အခါမှာတော့
သူသတ်ထားတဲ့အလောင်းမှာက လက်မောင်းတဖက် ဖြတ်ထားခံရတယ်။
အဲလိုပြောပြီးနောက်မှာတော့ လူသတ်သမားက
Tarttalo ဆိုတဲ့စာကိုရေးပြီး သတ်သေသွားတော့တယ်။
နောက်ထပ်လည်း အဲလိုအမှုတွေ ပေါ်လာတဲ့အခါမှာတော့
အတိတ်ကဖြစ်ရပ်တွေရော လက်ရှိမှာလည်း
ဘယ်လောက်ထိရှိနေပြီလဲဆိုတာကို လိုက်လံ ရှာဖွေရင်း တရားခံကို ရှာဖွေဖို့ ဖြစ်လာခဲ့တယ်။
စပိန်ကားဖြစ်တဲ့အပြင် နေရာနာမည်တွေလည်း
များတဲ့အတွက် နည်းနည်းတော့ ရှုပ်လိမ့်မယ်။
အဲဒါအပြင် အဲဒီမှာနေတဲ့ လူမျိုးတွေ ဘာသာရေး နောက်ခံလေးတွေပါ
နည်းနည်းတော့ သိထားမှ အဆင်ပြေပါလိမ့်မယ်။
ဇာတ်လမ်းထဲမှာပါတဲ့ Cagot(ကာဂို) ဆိုတာ အဖိနှိပ်ခံခဲ့ရတဲ့လူမျိုးစုတခုဖြစ်ပြီး
သူတို့က ပြင်သစ်ရယ် စပိန်မြောက်ပိုင်းတွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်တယ်။
Basque တွေဆိုတာကတော့ စပိန်မှာနေထိုင်ကြတဲ့ထဲက မျိုးနွယ်စုတခုပဲဖြစ်တယ်။
အခုဇာတ်ကားထဲမှာ Basque ဒဏ္ဍာရီထဲက အကောင်နာမည်တချို့ပါတယ်။
Navarre(နဗားဒေသ)ဆိုတာအရင်တုန်းက Basque တွေရဲ့ နိုင်ငံတော်တခုဖြစ်တယ်။
သူတို့ကိုးကွယ်တဲ့ဘာသာကတော့ ခရစ်စယာန်(ကတ်သလစ်) ဖြစ်တယ်။
မြန်မာလိုဆိုရင်တော့ အကျဉ်းရုံးပြောရရင် နှစ်ခြင်းမင်္ဂလာပြုတဲ့ခရစ်ယာန်အသင်းတော်ဖြစ်တယ်။
ဒီလောက် နည်းနည်းပါးပါးသိထားရင်တော့ ကြည့်လို့အဆင်ပြေပါတယ်။
မသိထားလည်း ဇာတ်ကားဆိုလိုရင်းနဲ့ သိပ်မသွေဖယ်သွားပေမယ့်
ပိုနားလည်အောင် နည်းနည်းရှင်းပြထားလိုက်ပါတယ်။
အသံထွက်တွေကိုလည်း အနီးစပ်ဆုံးယူထားတာပဲဖြစ်လို့
မှားနေတာလေးတွေ ရှိရင် သည်းခံပေးပါအုံး။
နောက် မင်းသမီးနဲ့ သူ့ယောကျာ်းတို့စကားပြောရင်
အင်္ဂလိပ်လိုပဲပြောတာဖြစ်လို့ အဲအခန်းတွေမှာ စာတမ်းထိုးမပါပါဘူး။
ဒါပေမယ့် ဇာတ်ကားကိုဘာမှမထိခိုက်သလိုအရေးကြီးတာတွေလည်းမပါလို့ အဆင်ပြေပါတယ်။
crd to channelmyanmar

Hearts and Bones (2019)

Hearts and Bones(2019)
ဓာတ်ပုံရိုက်တာတွေထဲမှာမှ War Photography ဆိုတာရှိတယ်…
ဘာတွေကိုမှတ်တမ်းတင်လဲဆိုတော့ စစ်ပွဲတစ်ခုအတွင်း ဖြစ်ပျက်သမျှတွေ ပစ်တာခတ်တာ
ပေါက်ကွဲပျက်စီးတာ သေကျေကျရှုံးတာတွေကို ရိုက်ကူးတယ်..
. စစ်ပွဲတစ်ခုကြောင့် ဒေသတွင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်..
.အပြစ်မဲ့ပြည်သူတွေ ဘယ်လိုသေရတယ်ဆိုတာကို အရှိအရှိအတိုင်း ရိုက်ကူးကြတယ်.
.. စစ်ပွဲတွင်း အဖြစ်အပျက်ပေါင်းစုံကို ရိုက်ကူးရတာဖြစ်တဲ့အတွက် အရမ်းအန္တရာယ်များပါတယ်.
..သေနတ်လည်းမှန်ရင်မှန်မယ် ဗုံးလည်းထိရင်ထိမှာပါ..
. ဒီဇာတ်ကားထဲမှာတော့ ဒန်ဖစ်ရှာဆိုတဲ့ဘဲကြီးက အဲ့ဒီလို ဓာတ်ပုံဆရာမျိုး..
. သူဟာ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြည်သူလူထုဆီ ပြပွဲတစ်ခုအနေနဲ့ ချပြတော့မယ့်
အချိန်မှာ စစ်ဘေးဒဏ်ခံ ရွာကလေးတစ်ရွာရဲ့ပုံတွေလည်း ပါရှိလာပါတယ်.
.. အဲ့ဒီအချိန်မှာ အဲ့ဒီရွာလေးက ဒေသခံတစ်ဦးဟာ သူတို့ရွာရဲ့အဖြစ်ဆိုးကို အများအားချပြမှာ မလိုလားဘဲ ကန့်ကွက်လာတဲ့အချိန်မှာတော့..
ဒီဇာတ်ကားက ဆုပေါင်း (၅)ဆုတောင်ရရှိခဲ့သလို  Cleveland International Film Festival 2020  မှာ အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်
အခြားဆုပေါင်း (၁၄)ဆုတောင်ဆန်ကာတင်စာရင်းဝင်ခဲ့တယ်…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့
Paing ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, May 11, 2020

Z (2019)

ကယ်ဗင်နဲ့ဘတ်သ်တို့ရဲ့တစ်ဦးတည်းသောသားလေး ဂျော့ရှ်ဟာ
ထူးထူးဆန်းဆန်းပဲ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရသွားခဲ့တယ်။
အဲဒီသူငယ်ချင်းရဲ့နာမည်ကတော့ Z (ဇီ) လို့ခေါ်တယ်။
တစ်ရက် ဘတ်သ်ဆီကို ကျောင်းကနေ ဖုန်းဆက်ပြီးတိုင်တဲ့အခါမှသာ
ဘတ်သ်က သူ့သားလေးရဲ့အဖြစ်တွေကို သိရတော့တယ်။
ကလေးက ကျောင်းမှာ အရမ်းဆိုးသွမ်းနေပြီး
ဘယ်လိုမှထိန်းမရဖြစ်နေတာကြောင့် ရက်အကန့်အသတ်မရှိ
ကျောင်းနားခံလိုက်ရတော့တယ်။
ဒါပေမဲ့ ကောင်လေးကတော့ ဒါတွေက ဇီကြောင့်ဖြစ်တာလို့ ပြောနေလေရဲ့။
ဇီက တကယ်ပဲစိတ်ကူးယဉ်သူငယ်ချင်းသက်သက်လား
သဘာဝနာနာဘာဝတစ်ကောင်လားဆိုတာ ဘယ်သူမှမသိကြပါဘူး။
ထူးထူးဆန်းဆန်းပဲ ကောင်လေးရဲ့အမေ ဘတ်သ်မှာလည်း
ငယ်ငယ်က ဇီဆိုတဲ့စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရှိဖူးမှန်း သိလိုက်ရတော့တယ်။
ဒီဇာတ်ကားက Horror Drama အမျိုးအစားပါ။
အရမ်းကြီးကြောက်ဖို့မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။
Horror ကြိုက်တဲ့သူတွေ လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။
crd to channelmyanmar

Khun Phaen Begins (2019)

[Unicode]
“Khun Phaen Begins 2019”
ဇာတ်လမ်းအကျဉ်း
မြစ်ကမ်းဘေး တိုင်းပြည်တစ်ခုဖြစ်တဲ့ အယုဒ္ဓယတိုင်းပြည်ကို ယူထ (သို့) ယူထနမ့်လို့ ခေါ်ကြတဲ့ အချိန်ကာလမှာ စစ်ပွဲတွေမရှိ နှစ်ရာချီအောင် အေးချမ်းခဲ့ပါတယ်…
အကြောင်းရင်းကယူထတိုင်းပြည်ကို အထမတ်အမည်ရှိ လျှို့ဝှက်စစ်သားအဖွဲ့က စောင့်ရှောက်ပေးနေခဲ့လို့ပါပဲ
မှော်နက်အဖွဲ့တွေ အထမတ်အဖွဲ့ကိုချေမှုန်းဖို့ လွှတ်ခဲ့ပေမယ့် အနိုင်မရခဲ့ပဲ မျက်လုံးဖောက်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ် ၊
တောရွာဘက်က ဖန်လို့ အမည်ရတဲ့ကောင်လေးတစ်ယောက်က ယူထတိုင်းပြည်မှာ မိန်းမယူပြီး မိသားစုအခြေချချင်စိတ်နဲ့ ယူထကိုရောက်လာခဲ့ပါတယ်
ယူထမှာ ငယ်ချစ်ဦးဖြစ်သူ ဖိင်မ်နဲ့ တွေ့ဆုံပြီး အချစ်ဦးအထင်ကြီးနိုင်ဖို့ ဖန်ဟာ လတ်လျားလတ်လျားနေတတ်သူကနေ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတော့တယ်…
ငယ်ငယ်တည်းက အတိတ်မေ့ပြီး အဖေ့ကိုပါ မမှတ်မိနိုင်တဲ့ ဖန်ဟာ တခါလောက်တော့ အဖေ့ကိုတွေ့ဖူးချင်စိတ်နဲ့ မှော်ပညာကို သင်ယူ စစ်သားတစ်ယောက်ဖြစ်လာချိန်…
သတင်းသာ ကြားဖူးတဲ့ မှော်နက်အဖွဲ့က တဖန် အထမတ်စစ်သားတွေကို အနိုင်ယူ ယူထတိုင်းပြည်ကို သိမ်းဖို့ကြိုးစားလာချိန်မှာတော့
မှော်ပညာတတ် စစ်သားတစ်ယောက်ဖြစ်တဲ့ ဖိတ်တစ်ယောက် ယူထတိုင်းပြည်ကို ကာကွယ်ပေးနိုင်မှာလား…
ငယ်ငယ်တည်းက မေ့နေခဲ့တဲ့ အဖေ့ကိုရောပြန်တွေ့နိုင်မလား…
ငယ်ချစ်ဦး ဖိင်မ်နဲ့ရော အဆင်ပြေသွားမလား ဆိုတာတွေကို အချစ်ဟာသဆန်းကြယ်တဲ့စွန့်စားမှုတွေ ရောနှောထားတဲ့ “Khun Phaen Begins” မှာ ကြည့်ရှူကြရအောင်…။
Casts
—–
ခွန်ဖိတ် အဖြစ် Mario Maurer
ဖိင်(မ်) အဖြစ် Fah Yongwaree Ngamkasem
( အညွှန်း ရေးသားပေးထားတာကတော့ Kyi Nue Zin (မမချောချောလေး) ဖြစ်ပြီး ဘာသာပြန်သူကတော့ Nang Mwe Kham (FA) ဖြစ်ပါတယ် )
[Zawgyi]
“Khun Phaen Begins 2019”
ဇာတ်လမ်းအကျဉ်း
မြစ်ကမ်းဘေး တိုင်းပြည်တစ်ခုဖြစ်တဲ့ အယုဒ္ဓယတိုင်းပြည်ကို ယူထ (သို့) ယူထနမ့်လို့ ခေါ်ကြတဲ့ အချိန်ကာလမှာ စစ်ပွဲတွေမရှိ နှစ်ရာချီအောင် အေးချမ်းခဲ့ပါတယ်…
အကြောင်းရင်းကယူထတိုင်းပြည်ကို အထမတ်အမည်ရှိ လျှို့ဝှက်စစ်သားအဖွဲ့က စောင့်ရှောက်ပေးနေခဲ့လို့ပါပဲ
မှော်နက်အဖွဲ့တွေ အထမတ်အဖွဲ့ကိုချေမှုန်းဖို့ လွှတ်ခဲ့ပေမယ့် အနိုင်မရခဲ့ပဲ မျက်လုံးဖောက်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ် ၊
တောရွာဘက်က ဖိတ်လို့ အမည်ရတဲ့ကောင်လေးတစ်ယောက်က ယူထတိုင်းပြည်မှာ မိန်းမယူပြီး မိသားစုအခြေချချင်စိတ်နဲ့ ယူထကိုရောက်လာခဲ့ပါတယ်
ယူထမှာ ငယ်ချစ်ဦးဖြစ်သူ ဖိင်မ်နဲ့ တွေ့ဆုံပြီး အချစ်ဦးအထင်ကြီးနိုင်ဖို့ ဖိတ်ဟာ လတ်လျားလတ်လျားနေတတ်သူကနေ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတော့တယ်…
ငယ်ငယ်တည်းက အတိတ်မေ့ပြီး အဖေ့ကိုပါ မမှတ်မိနိုင်တဲ့ ဖိတ်ဟာ တခါလောက်တော့ အဖေ့ကိုတွေ့ဖူးချင်စိတ်နဲ့ မှော်ပညာကို သင်ယူ စစ်သားတစ်ယောက်ဖြစ်လာချိန်…
သတင်းသာ ကြားဖူးတဲ့ မှော်နက်အဖွဲ့က တဖန် အထမတ်စစ်သားတွေကို အနိုင်ယူ ယူထတိုင်းပြည်ကို သိမ်းဖို့ကြိုးစားလာချိန်မှာတော့
မှော်ပညာတတ် စစ်သားတစ်ယောက်ဖြစ်တဲ့ ဖိတ်တစ်ယောက် ယူထတိုင်းပြည်ကို ကာကွယ်ပေးနိုင်မှာလား…
ငယ်ငယ်တည်းက မေ့နေခဲ့တဲ့ အဖေ့ကိုရောပြန်တွေ့နိုင်မလား…
ငယ်ချစ်ဦး ဖိင်မ်နဲ့ရော အဆင်ပြေသွားမလား ဆိုတာတွေကို အချစ်ဟာသဆန်းကြယ်တဲ့စွန့်စားမှုတွေ ရောနှောထားတဲ့ “Khun Phaen Begins” မှာ ကြည့်ရှူကြရအောင်…။
Casts
—–
ခွန်ဖိတ် အဖြစ် Mario Maurer
ဖိင်(မ်) အဖြစ် Fah Yongwaree Ngamkasem
( အညွှန်း ရေးသားပေးထားတာကတော့ Kyi Nue Zin (မမချောချောလေး) ဖြစ်ပြီး ဘာသာပြန်သူကတော့ Nang Mwe Kham (FA) ဖြစ်ပါတယ် )
crd to channelmyanmar

Endings, Beginnings (2019)

Endings, Beginnings(2020)
နာမည်ကျော် မင်းသမီး Shailene Woodley ကိုယ်တိုင်
အဓိကပါဝင်သရုပ်ဆောင်ထားပြီး
Fifty Shades ထဲက မင်းသား Jamie Dornan နဲ့  Marvel ကားတွေနဲ့ လူသိများခဲ့တဲ့
Sebastian Stanလည်း ပါဝင်ထားလေတယ်…
IMDB raiting 5.7 ရထားတဲ့ Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ..
ဒီဇာတ်ကားလေးကတော့ ဒက်ဖနီဆိုတဲ့ကောင်မလေးက
သူ့ကိုအရမ်းချစ်ဂရုစိုက်ပါတယ်ဆိုတဲ့ ကောင်လေးအေဒီရီရန်ကိုလမ်းခွဲလိုက်တယ် ….အကြောင်းအရင်းကတော့သူရှုပ်ခဲ့တဲ့ဇာတ်လမ်းတွေကြောင့်ပဲ …
အရမ်းချစ်ခဲ့ပေမယ့် သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးပြီးတဲ့အကျိုးဆက်က သူမအတွက် မလွယ်ကူလှဘူး…
ချစ်ခဲ့စဉ်က အမှတ်တရပေါင်းများစွာကို ပြေပျောက်ဖို့အတွက် အရက်တွေနဲ့ဖြတ်သန်းခဲ့တယ်…
အချိန်တစ်ခုရောက်တော့ ဘဝသစ်နဲ့ပျော်ရွှင်အောင်နေဖို့ရာ အရက်တွေဖြတ် ရည်းစားမထားဘဲ အလုပ်တွေကြိုးစားပြီးနေမယ်လို့ဆုံးဖြတ်ပြီးတော့သူ့အစ်မအိမ်ကိုသွားခဲ့တယ်…အစ်မ အိမ်ကိုရောက်ပြီး ဘဝပြန်စမယ်ဆိုခါမှ
သူမ မထင်ထားတဲ့အရာတွေ ဆက်တိုက်ဖြစ်တော့တာပဲ…
ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်…
crd to channelmyanmar

Bad Education (2019)

ဒီရုပ်ရှင်က ၂၀၁၉ ခုနစ်ထွက် Biography/ Crime ဇာတ်ကားဖြစ်တယ်
ပြောရရင်တော့ ဖြစ်ရပ်မှန်ပေါ့ဗျာ…
ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းက…
ဖရန့်ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ကျောင်းဆရာဟောင်း..
အခုတော့ ရိုဆလင်းပြည်နယ်က အစိုးရကျောင်းမှာ
ကျောင်းအကျိုးတော်ဆောင်ကောင်းတစ်ယောက်ဖြစ်နေပြီ..
သူက သိပ်ကိုတော်တဲ့လူတစ်ယောက်…
သိပ်ဦးနှောက်ကောင်းတယ်…
ဒီကျောင်းကြီးကို သုညအဆင့်ကနေ
ထိတ်ထိတ်ကြဲကျောင်းကောင်းစာရင်းဝင်လာအောင် သူပဲလုပ်ပေးခဲ့တာ…
ကလေးမိဘတွေကို သိမ်းသွင်းတတ်သလို လုပ်ဖော်ကိုင်ဘက်တွေကလည်း
သိပ်လေးစားချစ်ခင်ကြတာပေါ့….
ဒီလောက်ထိပြီးပြည့်စုံနေတဲ့သူတစ်ယောက်ဆိုတာ ရှိပါ့မလား…
ဒီကားကို ဘာလို့ကြည့်သင့်လဲဆိုတော့ နံပါတ်တစ်က
Huge Jackman က ဖရန့်နေရာမှာ အပိုအလိုမရှိ ကွက်တိ…
နံပါတ်နှစ် IMDB 7.2/10 ရထားတယ် နံပါတ်သုံး ကောင်းကိုကောင်းလို့ဗျာ
crd to channelmyanmar

Wednesday, May 6, 2020

So Long, My Son (2019)

အောင်မြင်မှုတွေရထားတဲ့ တရုတ်Dramaကားကောင်းလေးပါ။
လီရင်နဲ့ ယိုဂျင်းတို့ ဇနီးမောင်နှံက ဘေဂျင်းမြို့ကစက်ရုံတစ်ခုမှာ
အလုပ်ကြိုးစားကြသူတွေဖြစ်ပြီး
ရှင်းရှင်းဆိုတဲ့သားလိမ္မာလေးတစ်ယောက်လည်းရှိပါတယ်။
သူတို့လင်မယားနဲ့ ရင်းနှီးချစ်ခင်တဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့
ဟိုင်ရန်နဲ့ရီမင်တို့မှာလည်း ရှင်းရှင်းနဲ့မွေးနေ့တူတဲ့ သားလေးဟိုဟိုရှိပါတယ်။
တရုတ်နိုင်ငံရဲ့လူဦးရေလျှော့ချရေးစီမံချက်အရ
လင်မယားနှစ်ယောက်တွင်ကလေးတစ်ဦးပဲယူရမယ့်ဥပဒေရှိနေပေမယ့်
လီရင်ကိုယ်ဝန်ထပ်ရှိလာတဲ့အခါ
စက်ရုံဒါရိုက်တာဖြစ်တဲ့ဟိုင်ရန်က ကိုယ်ဝန်ဖျက်ချစေခဲ့ပါတယ်။
နောက်တော့ ကံဆိုးစွာနဲ့ပဲ ရှင်းရှင်းလေးတစ်ယောက်ရေနစ်တဲ့အခါမှာတော့
မိသားစုနှစ်ခုရဲ့ချစ်ခင်နေတဲ့ဆက်ဆံရေးတွေပြောင်းလဲသွားပါတော့တယ်။
အဲ့နောက်မှာ လီရင်တို့လင်မယားရဲ့ ဘဝတွေဟာခြောက်ကပ်ပြီး
ပျော်ရွှင်မှုနတ္ထိဖြစ်သွားပါတယ်။
ဇာတ်လမ်းကို 1980လောက်မှ ယခုအချိန်ထိ ရိုက်ပြထားပြီး
ပူဆွေးမှုသောကတွေ၊ စိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဖော်ပြထားပါတယ်။
ကြည့်ရှုခံစားကြပါအုံး။
crd to channelmyanmar

Pinocchio (2019)

Pinocchio (2019)
==============
IMDb Rating 6.5/10 ရရှိထားပါတယ်။
#Unicode
ပီနိုခီယိုဆိုတာ ပုံပြင်တွေ ဖတ်ဖူးတဲ့သူဆိုရင် ကြားဖူးကြမှာပါပဲ။ သစ်သားရုပ်ကလေးနေအသက်ဝင်လာတဲ့
ကလေးလေးပေါ့။ မိဘစကားနားမထောင်လို့ ဒုက္ခရောက်တဲ့အကြောင်း၊လူစိမ်းတွေကို မယုံဖို့အကြောင်း၊
ပညာသင်ဖို့လိုကြောင်း၊ စိတ်ထားကောင်းရင် ကံကောင်းကြောင်း၊ သတ္တိရှိဖို့လိုကြောင်း စတဲ့အချက်တွေအား
လုံးကို ပုံပြင်တစ်ခုထဲနဲ့ စုံအောင်ထည့်ပြီး ကလေးတွေအတွက် ဆုံးမပေးခဲ့တဲ့ ပုံပြင်လေးပါပဲ။ လိမ်ပြောရင်
နှာခေါင်းကြီးရှည်ထွက်လာတယ်ဆိုတဲ့ ဗန်းစကားတွေ ပုံပြင်တွေအားလုံးက ဒီက စတာပါပဲ။ ဒီရုပ်ရှင်ကတော့
အီတလီကားပါ၊ အရောင်တွေသုံးထားတာ ခပ်မှောင်မှောင်နဲ့ လူတွေကတော့ အတော်စုတ်စုတ်ပြတ်ပြတ်
ဖြစ်နေအောင် ပြထားပါတယ်။ ဒစ်စနေးလိုတော့ အရောင်စုံလေးတွေ မပါပါဘူး။ ဒါပေမယ့် ကလေးတွေကို
ပြဖို့ပဲ ဖြစ်ဖြစ်၊ကိုယ်တိုင်အပမ်းဖြေဖို့ပဲ ဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းလို့ တင်ဆက်ပေးထားလိုက်ပါတယ်။
ပီနိုခီယိုရဲ့ ရှည်လျားတဲ့ စွန့်စားခန်းပုံပြင်ကြီးကို မေ့တေ့တေ့ဖြစ်နေတဲ့ ပုံပြင်ကြိုက်ခဲ့သူတွေအတွက်တော့
ပြန်နွှေးဖို့နဲ့ ကလေးတွေကိုပြောပြဖို့ အခွင့်အရေးကောင်းပါပဲ။

#Zawgyi
ပီနိုခီယိုဆိုတာ ပုံပြင်တွေ ဖတ်ဖူးတဲ့သူဆိုရင် ကြားဖူးကြမှာပါပဲ။ သစ်သားရုပ်ကလေးနေအသက်ဝင်လာတဲ့
ကလေးလေးပေါ့။ မိဘစကားနားမထောင်လို့ ဒုက္ခရောက်တဲ့အကြောင်း၊လူစိမ်းတွေကို မယုံဖို့အကြောင်း၊
ပညာသင်ဖို့လိုကြောင်း၊ စိတ်ထားကောင်းရင် ကံကောင်းကြောင်း၊ သတ္တိရှိဖို့လိုကြောင်း စတဲ့အချက်တွေအား
လုံးကို ပုံပြင်တစ်ခုထဲနဲ့ စုံအောင်ထည့်ပြီး ကလေးတွေအတွက် ဆုံးမပေးခဲ့တဲ့ ပုံပြင်လေးပါပဲ။ လိမ်ပြောရင်
နှာခေါင်းကြီးရှည်ထွက်လာတယ်ဆိုတဲ့ ဗန်းစကားတွေ ပုံပြင်တွေအားလုံးက ဒီက စတာပါပဲ။ ဒီရုပ်ရှင်ကတော့
အီတလီကားပါ၊ အရောင်တွေသုံးထားတာ ခပ်မှောင်မှောင်နဲ့ လူတွေကတော့ အတော်စုတ်စုတ်ပြတ်ပြတ်
ဖြစ်နေအောင် ပြထားပါတယ်။ ဒစ်စနေးလိုတော့ အရောင်စုံလေးတွေ မပါပါဘူး။ ဒါပေမယ့် ကလေးတွေကို
ပြဖို့ပဲ ဖြစ်ဖြစ်၊ကိုယ်တိုင်အပမ်းဖြေဖို့ပဲ ဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းလို့ တင်ဆက်ပေးထားလိုက်ပါတယ်။
ပီနိုခီယိုရဲ့ ရှည်လျားတဲ့ စွန့်စားခန်းပုံပြင်ကြီးကို မေ့တေ့တေ့ဖြစ်နေတဲ့ ပုံပြင်ကြိုက်ခဲ့သူတွေအတွက်တော့
ပြန်နွှေးဖို့နဲ့ ကလေးတွေကိုပြောပြဖို့ အခွင့်အရေးကောင်းပါပဲ။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)
crd to channelmyanmar

The Lodge (2019)

ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။
IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။
ဇာတ်လမ်းအကျဉ်း – သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့
လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။
ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာ
မိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။
နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံး
ဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့
မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။
အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်က
အိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ်
အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။
အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊
ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့
ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။
crd to channelmyanmar