Wednesday, May 6, 2020

So Long, My Son (2019)

အောင်မြင်မှုတွေရထားတဲ့ တရုတ်Dramaကားကောင်းလေးပါ။
လီရင်နဲ့ ယိုဂျင်းတို့ ဇနီးမောင်နှံက ဘေဂျင်းမြို့ကစက်ရုံတစ်ခုမှာ
အလုပ်ကြိုးစားကြသူတွေဖြစ်ပြီး
ရှင်းရှင်းဆိုတဲ့သားလိမ္မာလေးတစ်ယောက်လည်းရှိပါတယ်။
သူတို့လင်မယားနဲ့ ရင်းနှီးချစ်ခင်တဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့
ဟိုင်ရန်နဲ့ရီမင်တို့မှာလည်း ရှင်းရှင်းနဲ့မွေးနေ့တူတဲ့ သားလေးဟိုဟိုရှိပါတယ်။
တရုတ်နိုင်ငံရဲ့လူဦးရေလျှော့ချရေးစီမံချက်အရ
လင်မယားနှစ်ယောက်တွင်ကလေးတစ်ဦးပဲယူရမယ့်ဥပဒေရှိနေပေမယ့်
လီရင်ကိုယ်ဝန်ထပ်ရှိလာတဲ့အခါ
စက်ရုံဒါရိုက်တာဖြစ်တဲ့ဟိုင်ရန်က ကိုယ်ဝန်ဖျက်ချစေခဲ့ပါတယ်။
နောက်တော့ ကံဆိုးစွာနဲ့ပဲ ရှင်းရှင်းလေးတစ်ယောက်ရေနစ်တဲ့အခါမှာတော့
မိသားစုနှစ်ခုရဲ့ချစ်ခင်နေတဲ့ဆက်ဆံရေးတွေပြောင်းလဲသွားပါတော့တယ်။
အဲ့နောက်မှာ လီရင်တို့လင်မယားရဲ့ ဘဝတွေဟာခြောက်ကပ်ပြီး
ပျော်ရွှင်မှုနတ္ထိဖြစ်သွားပါတယ်။
ဇာတ်လမ်းကို 1980လောက်မှ ယခုအချိန်ထိ ရိုက်ပြထားပြီး
ပူဆွေးမှုသောကတွေ၊ စိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဖော်ပြထားပါတယ်။
ကြည့်ရှုခံစားကြပါအုံး။
crd to channelmyanmar

No comments:

Post a Comment