Wednesday, May 6, 2020

Arkansas (2020)



Lionsgateကဖြန့်ချီလိုက်ပြီး Liam Hemsworthပါဝင်ထားတဲ့
အသစ်စက်စက်ဇာတ်ကားတစ်ကားပါ။
ကိုင်ဟာ ဖားလို့ခေါ်တဲ့လူတစ်ယောက်ရဲ့လက်အောက်မှာ
ကိုကင်းတွေဖြန့်ပေးတဲ့သူတစ်ယောက်ပါ။
နောက်တော့အချီကြီးလုပ်ရမယ်ဆိုလို့ Arkansasပြည်နယ်ကိုပြောင်းသွားပြီး
ဆွင်းဆိုတဲ့သူနဲ့အတူ ဘရိုက်ရဲ့ပန်းခြံထဲမှာနေပြီးကိုကင်းဖြန့်တာပေါ့။
သူတို့အားလုံးရဲ့အထက်ကဘော့စ်ကတော့ ဖားဖြစ်ပေမယ့်
ကိုင်ရောဆွင်းရောက ဖားကိုဘယ်သူမှန်းလည်းမသိ၊
မြင်လည်းမမြင်ဖူးပါဘူး။
နောက်တော့ ဘရိုက်ကသူများသတ်တာခံရတဲ့အခါ
သူတို့အကျပ်ရိုက်သွားပါတယ်။
ထွက်ပြေးရင်လည်းသူတို့သတ်တယ်ထင်ပြီး ဖားကလိုက်သတ်မယ်၊
အမှန်အတိုင်းပြောရအောင်လည်း ဖားကဘယ်သူမှန်းမသိနဲ့ တိုင်ပတ်ရင်း
ဘရိုက်သေဆုံးမှုကိုဖုံးကွယ်ကာ ရေလိုက်ငါးလိုက်ဆက်လုပ်နေလိုက်ပါတယ်။
သူတို့ဆီကို တစ်ယောက်ယောက်လိုက်လာတော့မယ်ဆိုတာကိုသိနေရင်းနဲ့ပေါ့….
ခံစားကြည့်ရှုကြည့်ပါအုံး။
crd to channelmyanmar

No comments:

Post a Comment