Ekkadiki Pothavu Chinnavada (2016)
Rating.7.5
Comedy, Fantasy, Romance
(Zawgyi)
ဇာတ်လမ်းအကျဉ်း. . .
ဝိဥာဉ်အကြောင်းပါလာတယ်. . .ဇာတ်လမ်းက အစပိုင်းမှာ ဆက်စပ်မှုမရှိသလို ခံစားရပေမယ့်နောက်ပိုင်း ရောက်လေလေပိုပိုပြီး စိတ်ဝင်စား ခြောက်ခြားဖို့ ကောင်းလာလေပါပဲ. . .
Encoded By Thet Paing Oo
crd to fofmm
(Unicode)
အာဂျွန်းဆိုတဲ့ကောင်လေး တစ်ယောက် သူ့ရဲ့စာမေးပွဲရက်မှာ စာမေးပွဲခန်းထဲက အမြန်ပေးထွက်ပြီး
သူတို ့မြို့က တရားရုံးမှာ သူ့ချစ်သူကောင်မလေးနဲ့ ရုံးတက်လက်မှတ်ထိုးဖို ့လာခဲ့ရာက. . .စပါတယ်. . .
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ပေမယ့်သတို ့သမီးလောင်း ပေါ်မလာတဲ့အခါ
အရှက်ကြီး ရှက်ရတဲ့အတွက်စောင့်ဆိုင်းရတဲ့ အလုပ်ကို မုန်းတီးသွားတယ်
ကိုယ့်ကိုကိုယ် ဖြေသိမ့်ရင်းဘဝကို ပြန်ဆောက်တည်ပြီး နေလာခဲ့ချိန် သူစောက်ရှောက်လာခဲ့တဲ့
သူ့သူငယ်ချင်းတစ်ယောက်ရဲ့အကို ကီရှောဆိုသူ စိတ်မူမမှန်လို ့စိတ္တဇဆေးရုံကို သွားပြချိန်. . .
ကီရှောဟာ စိတ်မူမှန်တာမဟုတ်ပဲပယောဂ ပူးကပ်နေမှန်းသိလိုက်ရတယ်
ပိုဆိုးတာက ကီရှောကိုကြည့်ပြီး ဆွာမိတစ်ယောက်က အာဂျွန်းရဲ့အနာဂါတ်ကိုပါ ပဟေဠိဆန်ဆန် ပြောဆိုပြီး ပျောက်သွားတာပါပဲ
ကီရှောရဲ့ ရောဂါပျောက်ချင်ရင်. . .
ကာရယ်လာမှာရှိတဲ့ ဘုရားကျောင်းတစ်ခုမှာ သွားရောက်ကုသရမတဲ့. . .
မတတ်သာတဲ့အဆုံး ဆွာမိပြောသလိုလုပ်ဖို ့ကယ်ရလာကို ထွက်လာကြတယ်
ဘုရားကျောင်းမှာ ကီရှောကို ကုသနေစဉ်အတွင်း ကာမလာဆိုတဲ့မိန်းကလေးတစ်ယောက်ကိုတွေ ့ပြီး
အိပ်စက်နေတဲ့ သူ့နှလုံးသား ပြန်လည်နိုးထလာခဲ့တယ်ကာမလာ့ကို ချစ်တဲ့အကြောင်း ဖွင့်ပြောပြခါနီးမှ ကာမလာလည်း ပျောက်ချင်းမလှ ပျောက်သွားပြန်တယ်. . .

ကီရှောနေကောင်းသွားလို့ သူတို ့မြို့ကို ပြန်တဲ့အချိန်. . .ကာမလာ့ကို ပြန်တွေ ့တယ်အာဂျွန်းက သွားပြီးနှုတ်ဆက်တဲ့အခါကာမလာဟာ. . .သူဟာ ကာမလာ မဟုတ် နာတယာ ဖြစ်ကြောင်းအာဂျွန်းကိုလည်း မသိကြောင်းတုန် ့့ပြန်လိုက်တယ်. . .
အာဂျွန်းတစ်ယောက် ခေါင်းမီးတောက်ပြီ. . .သူနဲ့အတူတူ ကာရယ်လာမှ ပျော်ခဲ့ကြတဲ့ သူချစ်ရသူလေးက စိမ်းကားနေတော့ အတော်ကြီး ဝမ်းနည်း အံ့သြသွားမိတယ်. . .နာတယာ့အမ ပြောစကားအရ နာတယာ့ကို ပယောဂပူးကပ်နေလို့ ကာရယ်လာမှာ ကုသခဲ့တဲ့အကြောင်း သိလိုက်ရချိန်. . .သူ ့ကိုယ်သူ ကာမလာလို့ ပြောတဲ့ ဝိဉာဉ်အကြောင်းပါလာတယ်. . .ဇာတ်လမ်းက အစပိုင်းမှာ ဆက်စပ်မှုမရှိသလို ခံစားရပေမယ့်နောက်ပိုင်း ရောက်လေလေပိုပိုပြီး စိတ်ဝင်စား ခြောက်ခြားဖို့ ကောင်းလာလေပါပဲ. . .
မင်းသမီးက သုံးယောက်ပါသလို. .အဆုံးထိကြည့်လိုက်ရင်. . .ဇာတ်အိမ်ခိုင်မာပြီးအတော်လေး ကောင်းမွန်နေတဲ့အတွက်ဒီဇာတ်ကားလေးကို ကြိုက်ကြမှာပါ. . .အဆုံးထိသာ ကြည့်လိုက်ပါ. . .အချိန်ပေးရတာ တန်ပါလိမ့်မယ်
အညွှန်း နှင့် ဘာသာပြန် တင်ဆက်သူ
Myint Thu(ငှက်ကလေး-နည်းပညာ)

Trailer
No comments:
Post a Comment