Showing posts with label 1993. Show all posts
Showing posts with label 1993. Show all posts

Wednesday, May 27, 2020

Flirting Scholar (1993)

ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
1/7/1993 ကထွက်ရှိထားတဲ့ Flirting Scholar (1993) ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Drama comedy အမျိုးအစား ဖြစ်ပြီး ဒါရိုက်တာကြီး  Lee lik-Chi ကပဲ ရိုက်ကူးထားတာပာ
ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ FOF တို့က တင်ဆက်ပေးလိုက်ပါတယ်
Movie plot
မင် မင်းဆက် ရဲ့စာဆို ပညာရှင် ၄ဦး ရှိပါတယ်။ထိုခေတ်အခါက စာဆိုပညာတတ်ဆိုလျှင် သူကြွယ်ထက်တောင် စော်ကြည် လူအထင်ကြီးခံရသကိုးဗျ..ထို၄ဦးထဲမှာ မှ (ထန်ပေါ်ဟူ) လို့ ခေါ်တဲ့ ချောင် က ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပန်းချီပညာ၊ကဗျာ၊စာပေ မှာ ထူးချွန်တဲ့ အပြင် ညဏ်ကောင်းတဲ့ သူတစ်ယောက်ပေါ့။
သူဟာပန်းချီ၊ စာပေမှာထူးချွန်လွန်းလို့ သူ့ရဲ့ ဟိုခြစ်၊ဒီခြစ် တွေကိုတောင် ဝါသနာရှင်များက တန်းဖိုးကြီးပေးဝယ်ကြရတဲ့အထိ အောင်မြင်နေတာပါ။
လူသားတိုင်းလိုလို ဥစ္စာချမ်းသာခြင်းရှိသော်လည်း၊ စိတ်ချမ်းသာခြင်းပါပြည့်စုံတဲ့လူက တကယ်ရှားပါတယ်။မယားအပူ တခြားအပူနဲ့ အပူတွေကိုယ်စီ နဲ့…
ထန်ပေါ်ဟူဟာ မိန်းမ ၈ယောက်အထိ ပိုင်ဆိုင်ထားသော်လည်း သူ့ အနုပညာကို နားလည်ပေးမယ့်၊ဖေးမ ပေးမယ့်၊လေးစား ပေးမယ့် အမျိုးသမီးက ရှားသကိုး…
ထုံးစံအတိုင်း ဂုဏ်တွေ၊ဒြပ်တွေဖယ်ကာ အစစ်အမှန်အချစ်ကိုရဖို့ ရှာပုံတော်ထွက်ရာကာနေ…..
crd to fofmm 

(တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)

Wednesday, May 6, 2020

The Mad Monk (1993)

The Mad Monk (1993)
IMDB(6.2)
+++++++++++++++++
ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့
တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။
တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow   မှာကြည့်လို့ရပါတယ်။
စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ
သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…
ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…
စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော
သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။
ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။
စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…
စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…
ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…
ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။
ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။
ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။
ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ
တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
crd to channelmyanmar

Sunday, January 19, 2020

Darr (1993)

Darr (1993)
Rating: 7.8
Genres: Drama, Romance, Thriller
Bollywood ရဲ့ King Khan လို့ လူသိများတဲ့ ရှာရွတ်ခန်း(SRK) ရဲ့ အကောင်းဆုံး ဇာတ်ရုပ်ကို ပြောပါဆိုရင်ဗီလိန်ဇာတ်ရုပ်ပဲ ပြောရလိမ့်မယ်။
အိန္ဒိယမှာ SRK နှင့် အမီတာဘချမ်း တို့ဟာ ပရိတ်သတ်အပေါ် လွှမ်းမိုးနိုင်လွန်းလို့သူတို့ တော်ရုံ ဗီလိန် ဇာတ်ရုပ် သိပ်မရိုက်ကြဘူး ပရိတ်သတ် အတုယူ မှားမှာ ကြောက်လို့။
ဒီဇာတ်ကားမှာဆိုလည်း SRK က ရည်စား အိမ်ထောင် ရှိပြီးသား မိန်းကလေး တစ်ယောက်ကို စိတ္တဇ ဆန်ဆန်တဖက်သတ် ချစ်ရတဲ့ ဗီလိန် နေရာက သရုပ်ဆောင်ရပေမယ့် သူ့ သရုပ်ဆောင်ချက်တွေက ပရိတ်သတ် အမြင်မှာဗီလိန် မဟုတ်ပဲ ဟီးရိုးဖြစ်စေခဲ့ပါတယ်။

"မင်းခံစားနေရတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် မင်းရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားမှာပေါ့"
"ဝန်ထုပ်ဝန်ပိုး" "သူ့ အမှတ်တရတွေက ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူးဗျ
သူ ယုံကြည် စိတ်ချပြီး အပ်နှံထားတဲ့ အပ်နှံမှုတွေ အရမ်းကို ချစ်ဖို့ ကောင်းပြီး အမြတ်တနိုးထားအပ်တဲ့ အပ်နှံမှုတွေဗျ
ဒါကို ဝေမျှဖို့ မပြောနဲ့ သူ့ကိုတောင် တခြားတစ်ယောက် ချစ်တာကို ခွင့်မပြုနိုင်ဘူး"

ဇာတ်လမ်းအကျဉ်း
-------------
ရေတပ် အရာရှိ စူနီးလ် မဟိုသရာ ဟာ မြို့တော်ဝန် သမီးလေးကို ပြန်ပေးဆွဲထားတဲ့လူဆိုးတွေ လက်ကနေ ကယ်တင် နိုင်ခဲ့လို့ သူနဲ့ သူ့အဖွဲ့သားတွေကို အစိုးရက ခွင့်တစ်လ ပေးလိုက်ပါတယ်။
စူနီးလ် တစ်ယောက် ခွင့်ရတော့ သိပ်ချစ်တဲ့ ချစ်သူစီပဲ အပြေးပြန်ခဲ့ရှာတာပေါ့
သူမက ကီရန်ပါ ကီရန် နှင့် စူနီးလ် အချစ်ရေးဟာ ဖြောင့်ဖြူးပြီး နှစ်ယောက် တစ်အိပ်မက် မက်ဖို့ အထိ အနာဂတ်ဟာလှပနေကြတာ ကီရန် တစ်ယောက် စူနီးလ် နှင့် လျှောက်လည်ပြီး အပြန် ညတစ်ညမှာအိမ်တံခါး ဖွင့်နေတုန်း အမှောင်ထဲကနေ သူ့မျက်နှာကို ဓါတ်မီးနဲ့ ထိုးပြီး "ကိုယ် မင်းကို ချစ်တယ် ကီ ကီ ကီ ကီရန် " ဆိုတဲ့စကားသံကို ကြားလိုက်ရတယ်။
မိန်းကလေး တစ်ယောက် အနေနဲ့ ချစ်တဲ့လို့ အပြောခံရတာဟာ သိပ်စိုးရွံစရာမဟုတ်ပေမယ့် အမှောင်ထဲကနေ သရဲလို ချစ်ပါတယ်လို့ လာပြောတာဟာ ကီရန့်အတွက် သွေးပျက်စရာ တစ်ခုပါပဲ။
ဆက်တိုက်ဆိုသလိုပဲ ဖုန်းလာလို့ ကိုင်လိုက်သမျှဟာ အသံလေးလေးပင်ပင် နဲ့ "ကိုယ် မင်းကို ချစ်တယ် ကီ ကီ ကီ ကီရန်"ဆိုတာပါပဲ ကီရန်တစ်ယောက် ဖုန်းလာရင် ကြောက်တတ်နေပါပြီ။
ဒီလိုမျိုး မိန်းကလေးတစ်ယောက်ကို ချစ်စကား ပြောနေတဲ့သူကတော့ ရာဟူးလ် ဆိုတဲ့ လူငယ် တစ်ယောက်ပါ။
ရာဟူးလ် ဆိုတာ ငယ်စဉ်ကတည်းက မိခင်ကြီး ကားအက်ဆီဒန့် နဲ့ သေဆုံးသွားလို့ စိတ်ဝေဒနာ ရနေတဲ့အပေါင်းအသင်း နည်းပြီး အခန်းထဲမှာ အောင်းနေတတ်တဲ့ လူကြောက်လေး
အရှက်အကြောက်ကြီးပြီး ကောလိပ်ကျောင်း အတူတူ တက်ခွင့်ရခဲ့ပေမယ့်
အသည်းအသန် ချစ်နေရသူကို ဖွင့်မပြောနိုင်ခဲ့သူ ....
သူမအတွက် စာတွေ အလီလီရေးခဲ့ပေမယ့် ဒီစာတွေကို ရေးတဲ့ လက်တွေက သူ့စီ မပေးနိုင်ခဲ့ဘူး ...
သူ့ ဓါတ်ပုံလေးတွေကို ငေးကြည့်နေရင်း ဘဝကို အသက်ဆက်နေရတဲ့သူ ...
ဖွင့်ပြောမယ်လို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူ့အရှေ့ ရောက်ရင် ဆွံ့အ သွားခဲ့သူ ...
ကိုယ် ချစ်တဲ့သူ တစ်ခြားတစ်ယောက် ရင်ခွင်ထဲမှာ ပျော်ရွှင်နေတာကို ကြည့်နေရတဲ့ ဘဝ ....
ဒီလို တဖက်နဲ့ ချစ်လာခဲ့သူမှာ ချစ်သူရပြီး လက်ထပ်တော့မယ့် အချိန်ရောက်မှ ....
ရာဟူးလ် နှင့် စူနီးလ် တို့ ကီရန် အတွက် ထိပ်တိုက် တွေ့ဖို့ ကံဖန်လာပါတော့တယ်။
( #ဇာတ်လမ်းက ကောင်းတယ်ဆိုတာထက် ပိုနေလို့ ထပ်မညွှန်းချင်တော့ပါဘူးဗျာ
အထူးသဖြင့် SRK ရဲ့ သရုပ်ဆောင်မှုတွေက ကျေနပ်မှု အပြည့်ပေးစေမယ်ဆိုတာ အာမခံပါတယ်
ဒီဇာတ္ကားကုိ #FA တွေကြည့်ပြီး ဖီးလ် လိုက်ကြပါ)
Crd to Bollywood Myanmar Subtitle 

Monday, December 9, 2019

Friday, October 18, 2019

Nowhere to Run (1993)

(Zawgyi)
ဗန်ဒိမ်း ရဲ့ Crime/Thriller ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်
Sam Gillen ဟာ ဘဏ်ဓါးပြမှုတစ်ခုကြောင့်ထောင်ဒဏ်ချမှတ်ခံရရာမှထွက်ပြေးတိန်းရှောင်နေရင်း ကလေးနှစ်ယောက်အမေမုဆိုးမ Clydie တို့မိသားစုနဲ့တွေ့ဆုံကာ ဒီမိသားစုနဲ့အတူနေထိုင်ခဲ့ရာမှ သံယောဇဉ်ဖြစ်မိသွားပါတယ် တစ်နေ့မှာတော့ Cyldie တို့အိမ်ကိုအာဏာပိုင်တစ်ချို့က မတရားသိမ်းယူဖို့လုပ်နေတာကို Sam Gillen သိရှိသွားခဲ့ပြီး ဒီမိသားစုကိုကာကွယ်ပေးရဖို့ဖြစ်လာတဲ့အခါမှာတော့ ကိုယ်တိုင်ကဝရမ်း​ပြေးဖြစ်နေတဲ့ Sam Gillen တစ်ယောက်ဘာဆက်လုပ်မလဲဆိုတာ…
Genres: Action, Drama, Romance
Rating: 5.7
Trailer