Showing posts with label Comedy. Show all posts
Showing posts with label Comedy. Show all posts

Tuesday, June 9, 2020

Fanney Khan (2018)

“…ဖန်နီ ခန်
ဒီနာမည်က အဓိပ္ပါယ် အများကြီး ရှိတယ်…
အနုပညာရှင် ဖျော်ဖြေသူ
အဆိုတော် မှော်ပညာရှင်
ဒါမှမဟုတ် ငတုံးတစ်ယောက်
ဘယ်သူမဆို သူနဲ့အတူ ပျော်စရာအချိန်တွေ ရရှိရင်
ဖန်နီခန်တစ်ယောက်ပဲ
ဒါက အဲ့ဒီလို ဖန်နီခန်တွေထဲက တစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့
ဒီနာမည်ရဲ့ တကယ့်အဓိပ္ပါယ်တွေကို ပြောင်းလဲပေးခဲ့သူပေါ့…. “
Fanney Khan (2018) ဟာ IMDb 4.5/10 Google users 76% Rotten Tomatoes 56% Facebook 3.7/5
ရထားသော ဒါရိုက်တာ Atul Manjrekar ရိုက်ကူးထား၍  Dominique Deruddere, Atul Manjrekar က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Aishwarya Rai Bachchan, Anil Kapoor, Rajkummar Rao တို့ပါဝင်သရုပ်ဆောင်ထားသော Comedy, Drama, Music ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ဖန်နီခန်က ဂီတလောကမှာ သူ့ရဲ့ သမီးကို နာမည်ကြီးအောင် လုပ်ပေးချင်လို့ ဘယ်လိုတွေ လှုပ်ရှားရုန်းကန်သွားလဲ ဟာသ ဒရာမာ ဂီတ ရသတွေ ဖန်တီးသွားမလဲ ဇာတ်ကားမှာ ခံစားကြည့်လိုက်ကြစို့လားဗျာ…
crd to fofmm

Luangda Mahaheng (2019)

A Home with a View (2019)

[Unicode]
ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ်
ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။
မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ
သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ
စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။
ဇာတ်လမ်းအကျဉ်း
လုံဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ
ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ
သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။
သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ
သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး
အောက်ပိုင်းသေနေတဲ့ လုံဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ်
ဒါကြောင့် သူတို့မိသားစုဟာ လုံဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊
တိုက်ခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး
အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့်
အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊
ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ကြေငြာဆိုင်းဘုတ်ကြီးတစ်ခု ပိတ်ပြီး ပင်လယ်ရှုခင်းကို မမြင်ရတော့တဲ့အခါ…
သူတို့ ပင်လယ်ရှုခင်းပြန်မြင်ရအောင် ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ရှုစားကြပါနော်…။
IMDb Rating – 5.9/10
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
[Zawgyi]
ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ်
ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။
မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ
သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ
စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။
ဇာတ်လမ်းအကျ ဉ်း
လုံ​ဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ
ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ
သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။
သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ
သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး
အောက်ပိုင်းသေနေတဲ့ လုံ​ဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ်
ဒါကြောင့် သူတို့မိသားစုဟာ လုံ​ဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊
တိုက်ခန်းကျ ဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး
အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့်
အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊
ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ကြေငြာဆိုင်းဘုတ်ကြီးတစ်ခု ပိတ်ပြီး ပင်လယ်ရှုခင်းကို မမြင်ရတော့တဲ့အခါ…
သူတို့ ပင်လယ်ရှုခင်းပြန်မြင်ရအောင် ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ရှုစားကြပါနော်…။
IMDb Rating – 5.9/10
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
crd to channelmyanmar

Friday, June 5, 2020

The Lucky Guy (1998)

The Lucky Guy (1998)
IMDB(6.1)
စတီဖင်ချောင်ရယ် အဆိုတော်မင်းသားနှစ်ယောက်ရယ် မင်းသမီး Shu Qi တို့ရယ် တခြားသရုပ်ဆောင်တွေ များစွာပါဝင်ထားတဲ့
Comedy Drama ဇာတ်ကားပါ။
+++++++++++++++++
ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့
တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။
(တင်ပြီးသမျှကို စတီဖင်ချောင် ဇာတ်ကားများကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)
စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ
သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…
ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…
စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော
သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။
ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။
စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…
စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…
ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…
ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။
ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။
ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။
ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ
တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
crd to channelmyanmar

Wednesday, May 27, 2020

Flirting Scholar (1993)

ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
1/7/1993 ကထွက်ရှိထားတဲ့ Flirting Scholar (1993) ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Drama comedy အမျိုးအစား ဖြစ်ပြီး ဒါရိုက်တာကြီး  Lee lik-Chi ကပဲ ရိုက်ကူးထားတာပာ
ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ FOF တို့က တင်ဆက်ပေးလိုက်ပါတယ်
Movie plot
မင် မင်းဆက် ရဲ့စာဆို ပညာရှင် ၄ဦး ရှိပါတယ်။ထိုခေတ်အခါက စာဆိုပညာတတ်ဆိုလျှင် သူကြွယ်ထက်တောင် စော်ကြည် လူအထင်ကြီးခံရသကိုးဗျ..ထို၄ဦးထဲမှာ မှ (ထန်ပေါ်ဟူ) လို့ ခေါ်တဲ့ ချောင် က ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပန်းချီပညာ၊ကဗျာ၊စာပေ မှာ ထူးချွန်တဲ့ အပြင် ညဏ်ကောင်းတဲ့ သူတစ်ယောက်ပေါ့။
သူဟာပန်းချီ၊ စာပေမှာထူးချွန်လွန်းလို့ သူ့ရဲ့ ဟိုခြစ်၊ဒီခြစ် တွေကိုတောင် ဝါသနာရှင်များက တန်းဖိုးကြီးပေးဝယ်ကြရတဲ့အထိ အောင်မြင်နေတာပါ။
လူသားတိုင်းလိုလို ဥစ္စာချမ်းသာခြင်းရှိသော်လည်း၊ စိတ်ချမ်းသာခြင်းပါပြည့်စုံတဲ့လူက တကယ်ရှားပါတယ်။မယားအပူ တခြားအပူနဲ့ အပူတွေကိုယ်စီ နဲ့…
ထန်ပေါ်ဟူဟာ မိန်းမ ၈ယောက်အထိ ပိုင်ဆိုင်ထားသော်လည်း သူ့ အနုပညာကို နားလည်ပေးမယ့်၊ဖေးမ ပေးမယ့်၊လေးစား ပေးမယ့် အမျိုးသမီးက ရှားသကိုး…
ထုံးစံအတိုင်း ဂုဏ်တွေ၊ဒြပ်တွေဖယ်ကာ အစစ်အမှန်အချစ်ကိုရဖို့ ရှာပုံတော်ထွက်ရာကာနေ…..
crd to fofmm 

(တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)

Monday, May 25, 2020

Valley Girl (2020)

Valley Girl(2020)

ဒီဇာတ်ကားလေးက Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ။ အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။
ရယ်လည်းရယ်ရသလို  တစ်ကားလုံးလဲ သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။
တောင်ကြားမြို့လေးထဲမှာ ရှိတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလဲဆင်တူ ဝတ်ကြတယ်။
ဘဝကို ပျော်ပျော်ပဲဖြတ်သန်းကြပေမယ့် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့
အထက်တန်းစားယောက်ကျားမှဖြစ်ရမယ်ပေါ့။ အဲ့ထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားတယ်။
ရှေးရိုးစွဲ မဆန်ချင်ဘူး …အချစ်ကိုကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင်
ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အသင့်ပဲဆိုပါတော့…။ အဲ့ဒီလို ကောင်မလေးနဲ့ မိဘမရှိ တေလွင့်နေတဲ့
ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်…မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို
အယူအဆတွေလည်း ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာ
လျှောက်လမ်းဖို့ အတော်ခက်တယ်ပြောရမယ်….ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါ
နော်….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်….
crd to channelmyanmar

My Hero (1990)

My Hero (1990)
IMDB(5.7)
ဂန်းစတားလောကမှာ ကျက်စားမယ့် စတီဖင်ချောင်ကိုမြင်ရမှာပါ။
အခွီတွေချည်းမဟုတ်ဘဲ Action ရော Drama ရော ပေါင်းစပ်တင်ဆက်ထားပါတယ်။
+++++++++++++++++
ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့
တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။
တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။
စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ
သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…
ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…
စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော
သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။
ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။
စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…
စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…
ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…
ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။
ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။
ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။
ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ
တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
crd to channelmyanmar

Wednesday, May 20, 2020

Brother of the Year (2018)

Brother of the year (2018)
တလောလေးက ရုံတင်သွားတဲ့ ထိုင်း ဒရာမာကားလေးတစ်ကားတင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဂျိန်းဆိုတဲ့ အလုပ်ကြိုးစားပြီး လှပတဲ့မိန်းမငယ်လေးမှာ ဘာမှမလုပ်တတ် မလုပ်ချင် ဖြစ်သလိုနေတတ်တဲ့ ရှက် ဆိုတဲ့ အစ်ကိုတစ်ယောက် ရှိနေပါတယ်။
ငယ်ငယ်ကတည်းက အိမ်ကိစ္စတွေရော ညီမအတွက်ရော ဘာတာဝန်မှမယူတဲ့ အစ်ကိုဖြစ်သူဟာ ညီမကိုကြိုက်တဲ့ကောင်လေးတွေကို တွေ့လာရင်တော့ လုံးဝတာဝန်ယူပြီး ချိန်းခြောက်လွှတ်လေ့ရှိပါတယ်။
နောက်ဆုံးတစ်ခေါက်မှာ ဂျိန်းနဲ့ကြိုက်မိသွားတဲ့ ထိုင်းဂျပန် ကပြားကောင်လေး မိုဂျီက လပ်ထပ်ခွင့်တောင်းလာချိန်၊ ညီမရယ် အစ်ကိုရယ် ယောက်ဖလောင်းရယ် အလုပ်တစ်ခုထဲမှာ တွေ့ရချိန်မှာ…….
crd to channelmyanmar
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

Mr. Hurt (2017)

Mr. Hurt (သို့) နာကျင်နေသော ချိဖ
I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။
အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ ဒွန်စီချန်။(သူဟာယောင်္ကျားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)
ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။
နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)
ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။
ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။
အပြင်မှာလိုပါပဲ…
ယောင်္ကျားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီး
မိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။
ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…
တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။
ခံစားနာကျင်ပေးကြပါဦး။
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

-Zawgyi-

Mr. Hurt (သို့) နာကျင်နေသော ချိဖ

I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။
အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ  ဒွန်စီချန်။(သူဟာယောကျင်္ားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)
ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။
နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)
ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။
ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။
အျပင္မွာလိုပါပဲ…
ယောကျင်္ားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီး
မိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။
ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…
တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။
ခံစားနာကျင်ပေးကြပါဦး။
crd to channelmyanmar

Heart Attack (2015)

ဒီရုပ်ရှင်ကားကို ပိုစတာ မြင်ရုံနဲ့ စိတ်ဝင်စားခဲ့တယ် ကောင်းကောကောင်းရဲ့လား အရည်မရ အဖတ်မရတွေလားလို့
တွေးထင်ခဲ့ဖူးတယ် ….
အရင်ဆုံး သိလိုက်ရတာကတော့ IMDb မှာ 7.8 Rating ရရှိထားတာပါ။
Asia ရုပ်ရှင်ကားတွေမှာ အတော်ရှားပါးတဲ့ Rate မျိုးပေါ့….
i Fine i Thank I Love U ထဲက မင်းသား အပါအဝင် Pee Mak ရုပ်ရှင်ကားထဲမှ မင်းသမီး ပါဝင်ပါတယ်..
ဇတ်လမ်းပုံစံ အစပျိုးထားတာကတော့ ယွန်း ဆိုတဲ့ ကောင်လေးက ဂရစ်ဖစ်ဒီဇိုင်နာပါ သူဟာ အလုပ်အလွန်ကြိုးစားသူဖြစ်ပြီး
အလုပ်တစ်ခုလုပ်ရင် ဇွဲရှိရှိလုပ်တာမို့ ညမအိပ်တန်း လုပ်ဖြစ်ပေမယ့် သူ နောက်ဆုံး လုပ်နေတဲ့ အလုပ်ဟာ
ဘယ်လောက်အောင် ညမအိပ်ပဲ လုပ်လဲဆို ၄ ရက်ခွဲ တိတိ သူမအိပ်ပဲ အလုပ်အပ်သူ စိတ်တိုင်းကျ ပုံတွေ ပြင်ပေးခဲ့ပါတယ်
အလုပ်အပ်သူက သဘောကျပေမယ့် သူ့ရဲ့ အိပ်ချိန်တွေဟာ ဆုံးရှုံးခဲ့ပါတယ် ဒါကိုပဲ ယွန်းက ဂုဏ်ယူနေတက်သူပါ
ကမ္ဘာပေါ်မှာ အလုပ်လုပ်နိုင်ဆုံး လူသား ညမအိပ်တဲ့ သူဆိုပြီးတော့ပေါ့….
ယွန်း ကို အလုပ်အပ်သူတွေ နဲ့ ချိတ်ဆက်ပေးတာကတော့ ယွန်း ရဲ့ BFF ဖြစ်တဲ့ ဂျဲလ် ပါ
အလုပ်အရမ်းများတဲ့ ယွန်း မှာ ဂျဲ ဆိုတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းကောင်မလေးပဲ ရှိပြီး လူမှုရေး ကိစ္စတွေ မှာ
အချိန်မပေးနိုင်လို့ ယွန်း ကို ဘယ်သူငယ်ချင်းကမှ အပေါင်းအသင်းမလုပ်ပါဘူး…
တစ်ရက်မှာတော့ သူ ငွေကြေးနဲ့ လဲလှယ်ခဲ့တဲ့ သူ့အချိန်တွေကတေ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်လာခဲ့ပါတယ်
ဟုတ်ပါတယ် ယွန်း ရဲ့ ကိုယ်မှာ အနီစက် မြောက်များစွာ ပေါ်လာပြီး ယားနာလိုတွေ ဖြစ်လာပါတယ် အစက သိပ်မသိသာပေမယ့်
နောက်ပိုင်းရောဂါ ပိုဆိုးလာလို့ အပြင်ဆေးရုံမှာ သွားပြတဲ့ အခါ ဘတ် ၇၀၀၀ ကျော် ကျသွားပါတယ်
မြန်မာငွေနဲ့ဆိုရင် ၂ သိန်း နီးပါး ပါ ဒါပေမယ့် ထိုဆေးတွေ နဲ့လဲ သူမသက်သာတဲ့ အခါ
Online မှာ လိုက်ရှာဖွေတဲ့အခါ ရောဂါ သက်သာပြီး စရိတ်စက နည်းတဲ့ ပြည်သူ့ဆေးရုံကိုရောက်သွားပါတယ်
အဲ့ဒီမှာ အရေပြား ဆရာဝန်ဖြစ်တဲ့ ဒေါက်တာအမ် နဲ့ စတွေ့ရပါတော့တယ်…
ဒေါက်တာ အမ် က ယွန်း ကို အလုပ် က ဘ၀ မဟုတ်ကြောင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ ဆေးသောက်ဖို့ အပြင်
စိတ်ပျော်ရွှင်ဖို့ ကျန်းမာဖို့ နေထိုင်နည်းတွေပါ ပေးလိုက်ပါတယ် ဒါပေမယ့် အလုပ်အရမ်းများလွန်းတဲ့ ယွန်း ဟာ
ဘယ်သူ့ စကားမှ နားမထောင်ပေမယ့် ဒေါက်တာအမ် နှင့် စတွေ့ပြီး နောက်ပိုင်း အတည်တကျ ဖြစ်နေတဲ့
အလုပ်ချိန်တွေ ဇယားတွေ နဲ့ ပြည့်နေတဲ့ သူ့ဘ၀ ဟာ ကမောက်ကမ တွေ စဖြစ်လာပါတော့တယ်…
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီး အညွှန်းကိုတော့ ကျနော် သစ်ဆန်းခန့် မှ
ရေးပေးထားပါတယ်…
crd to channelmyanmar

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

I Fine Thank You Love You (2014)

မင်းသား Sunny နဲ့ မင်းသမီး Ice တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။
အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး…
ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ…
သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။
ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ကြည်နူးစရာ တင်ဆက်ထားတဲ့ ဇာတ်ကားပါ။
ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် … လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ …….။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး
Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်…
အဆင်ပြေရင် “Happy Birthday ပါ….Ice” ဆိုပြီးမန့်သွားပေးကြပါ ..
သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။
(စကားမစပ်….ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ………။)
#Ye’ Kyaw Htet
(Ye Kyaw Htet မှ အမှန်အကန်ခံစားတင်ဆက်ထားတာပါ။)

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

– Zawgyi-
အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး… ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ…
သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။
ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ဟောဒီ ထိုင်းအချစ်ဟာသ ဇာတ်ကားလေးထဲမှာ ကြည်နူးစရာ တင်ဆက်ထားပါတယ်။
ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် … လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ …….။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး
Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်…
အဆင်ပြေရင် “Happy Birthday ပါ….Ice” ဆိုပြီးမန့်သွားပေးကြပါ ..
သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။
(စကားမစပ်….ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ………။)
#Ye’ Kyaw Htet
(Ye Kyaw Htet မွ အမွန္အကန္ခံစားတင္ဆက္ထားတာပါ။)
crd to channelmyanmar

The Bedside Detective (2007)

IMDb Rating (6.4) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။
ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ…
သူဟာ…တီဗွီပန်ကာ…နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီး
လုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး….
ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်….
ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။
အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့….
မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ………။
မင်းသားကတော့ I fine thank you,love you …Heard Attack ဇာတ်ကားတွေထဲက မင်းသား Sunny Suwanmethanont…
မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri…
တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)
– Zawgyi –
IMDb Rating (6.5) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။
ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ…
သူဟာ…တီဗွီပန်ကာ…နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီး
လုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး….
ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်….
ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။
အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့….
မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ………။
မင်းသားကတော့ I fine thank you,love you …Heard Attack ဇာတ်ကားတွေထဲက မင်းသား  Sunny Suwanmethanont
မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri…
တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။
crd to channelmyanmar

Get Smart (2008)

ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်…
ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့
၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်….လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ်
အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား
ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ “ကို”တော့ရူးသွားပြီ
တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်……
ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…မင်းသမီးချောလေး Hathaway ရယ်
Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်…မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ
လို့မထင်လိုက်နဲ့ …
Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့
အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ….တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့
အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့
မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်…..
ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့
အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့
အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်…. ရယ်စရာတွေကလည်း သဲထိတ်ရင်ဖိုခန်းလေး
တွေမှာ အပိုအလိုမရှိထည့်ထားလေတော့ တခွီးခွီးရယ်ရတာ.ရိုက်ချက်တွေကလည်း အတော်လန်းတယ်…. ကိုင်း ခံစားကြည့်လိုက်ဦးဗျ မောပန်းနွမ်းနယ်နေတဲ့ခင်ဗျားတို့
နှလုံးသားနဲ့ ဦးနှောက်ကို လန်းဆန်းစေချင်ရင်တော့ ဒီကားကိုကြည့်လိုက် ကျွန်တော်ပြောတာ မလွန်ဘူးဆိုတာ ခင်ဗျားတို့ ဇာတ်ကားအစ
၁၀မိနစ်လောက်ကထဲက သဘောပေါက်သွားလိမ့်မယ်……
crd to channelmyanmar

Rich in Love (2020)

CM Fan တွေအတွက် ပေါ်တူဂီ
ရုပ်ရှင်ကားသစ် တစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်…
ဘရာဇီးနိုင်ငံ ရီယို မြို့ ရဲ့ နောက်ခံ အလှ နဲ့
အရမ်းလှပတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုအကြောင်းပေါ့…
အချစ်မှာ အကြောင်းပြချက်မရှိဘူးဆိုတာ ယုံလား ?
တက်ကို ဆိုတဲ့ သူဌေးလေးဟာ
သူ့အဖေက အရမ်းချမ်းသာလွန်းလို့
ဘော့ကျော့နေပြီး တစ်မြို့လုံးက
ကောင်မလေးတွေ နဲ့ ပတ်ပြီး အိပ်နေတာပေါ့
ရီယို နဲ့ နီးတဲ့ တောင်ယာစိုက်ခင်းတွေ ရှိတဲ့ဘက်က
ခရမ်းချဉ်သီးမင်းသားလေး လို့
နာမည် တွင်တယ် တစ်မြို့လုံးက
အရွယ်ရောက်ပြီး ကောင်မလေးတိုင်း ဟာ
တက်ကို လို နာမည်ကြီး ရုပ်ချော
သူဌေးသားလေး နဲ့ စုံတွဲခုတ်ချင်ကြတာပါ
အဲ့ဒီ တစ်ဖက်က ရီယိုမြို့မှာတော့
ဆေးကျောင်းသူလေး ပေါ်လာ ဟာ
ဆရာဝန်ဖြစ်ခွင့်ရဖို့ အလုပ်သင်ဆရာဝန်
အဖြစ် တာဝန်ထမ်းဆောင်ရင်း နဲ့
တစ်ရက်မှာ ပေါ်လာ ရဲ့ သူငယ်ချင်း
မင်္ဂလာဆောင်အတွက်
ခရမ်းချဉ်သီးမြို့ကို ရောက်လာပါတယ်…
ကံဆိုးစွာပဲ အဲ့ဒီနေ့မှာ မတော်တဆ မှု တစ်ခုဖြစ်ပြီး
သူဌေးသားလေး တက်ကို နဲ့ ဆရာဝန်လောင်းမလေး
ပေါ်လာ တို့ ဆုံမိကြတာပဲ…
ပေါ်လာ ကို မြင်မြင်ချင်း ချစ်သွားတဲ့ တက်ကို ကတော့
သူ့ပိုက်ဆံတွေကြောင့် ပေါ်လာ ရဲ့ အချစ် စစ်ပါ့မလားဆိုပြီး
ဆင်းရဲချင်ယောင် ဆောင်ပြီး လိမ်ထားလိုက်ပါသတဲ့…
လူငယ်တွေ ရဲ့ နှလုံးသားရေးရာ ဟာ ထူးဆန်းတယ်
တက်ကို လို ဘော့ကျော့သူဌေးသားဟာ ပေါ်လာအတွက်
အိမ်သာလဲ ဆေးနိုင် အောက်ခြေသိမ်း အလုပ်တွေ
အကုန် လုပ်ပေးနိုင်တဲ့ ဆင်းရဲသားလေး အဖြစ်
ပြောင်းလဲ သွားနိုင်တယ်….
ဒါပေမဲ့ ပေါ်လာ မသိအောင် သူဌေးသား ဘဝကို
ရေရှည် ထိန်းထားနိုင်မလားဆိုတာကိုတော့…..
ဒီရုပ်ရှင်ကား ဟာ ဗမာကားဆန်တယ်လို့ ပြောလို့ရတယ်
ဒါပေမဲ့ အရမ်း ရိုမန့် ဖြစ်တဲ့ အတွက် စောင်ကိုက်ပြီးတော့
ကြည့်ရလိမ့်မယ်လို့ Admin ကတော့ ညွှန်းချင်ပါတယ်…
crd to channelmyanmar

Tuesday, May 19, 2020

Scoob! (2020)

Scoob! (2020)
============
IMDb Rating 6.1/10
#Unicode
2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။
စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။
ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေ
သူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ်
လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲက
ဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့်
စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို အသည်းအသန် ဖမ်းဖို့ ကြိုးစားနေတဲ့ လူဆိုးကြီးတစ်ကောင်လက်က ထွက်ပြေးဖို့
ဖြစ်လာရပါတော့တယ်။ ဖရက် တို့ကလည်း ဒါကိုသိပြီး သူတို့သူငယ်ချင်း ၂ ယောက်ကို လိုက်ကယ်ရင်း စကူဘီကို ဘာလို့ အပူတပြင်း
လိုက်ဖမ်းနေရလဲ ဆိုတာကို သိအောင် လုပ်ရပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)

#Zawgyi
2020 မှာ ရုံတင်ဖို့စီစဉ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။