Showing posts with label Animation. Show all posts
Showing posts with label Animation. Show all posts

Friday, June 5, 2020

Mosley (2019)

Mosley(2019)
ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Animation ကားကောင်းလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးနာမည်ကတော့ Mosley (2019)ပါ။
ထူးခြားတဲ့ဇာတ်အိမ်နဲ့ ချစ်စရာကောင်းတဲ့ဒီကားလေးကတော့ Animation ပရိသတ်တွေအတွက်တော့အကြိုက်ဖြစ်မှာပါ။
မော်စလေ ဆိုတာ ငယ်ငယ်ကတည်းကမိဘနဲ့ခွဲကာ အရောင်းစားခံလိုက်ရတဲ့ အကောင်လေးပါ။ဉာဏ်ကောင်းပြီးစကားပြောတတ်တာကြောင့်
ကျွဲတွေ နွားတွေထက် ပိုဝယ်လိုအားမြင့်တဲ့ကောင်လေးပေါ့။
ဒါပေမယ့်သူတို့ရဲ့မျိုးရိုးက ဒီလိုအခိုင်းခံတိရိစ္ဆာန်မဟုတ်ပဲ ဉာဏ်ရည်မြင့်သတ္တဝါတွေပါ။
အခိုင်အစေ ဘဝကိုရောက်တဲ့ဒီအကောင်လေးဟာ ဒီရွှံနွံတောထဲကနေဘယ်လိုရုန်းထွက်မလဲ…
ဘယ်လိုအခက်အခဲမျိုးတွေသူရင်ဆိုင်ရမလဲ…
သူကရော ဘယ်လိုအမျိုးအနွယ်ထဲက ဆင်းသက်လာတာလဲ….
ခံစားကြည့်ကြပါ…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်….
crd to channelmyanmar

Tuesday, May 19, 2020

Scoob! (2020)

Scoob! (2020)
============
IMDb Rating 6.1/10
#Unicode
2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။
စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။
ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေ
သူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ်
လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲက
ဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့်
စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို အသည်းအသန် ဖမ်းဖို့ ကြိုးစားနေတဲ့ လူဆိုးကြီးတစ်ကောင်လက်က ထွက်ပြေးဖို့
ဖြစ်လာရပါတော့တယ်။ ဖရက် တို့ကလည်း ဒါကိုသိပြီး သူတို့သူငယ်ချင်း ၂ ယောက်ကို လိုက်ကယ်ရင်း စကူဘီကို ဘာလို့ အပူတပြင်း
လိုက်ဖမ်းနေရလဲ ဆိုတာကို သိအောင် လုပ်ရပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)

#Zawgyi
2020 မှာ ရုံတင်ဖို့စီစဉ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။

Monday, May 11, 2020

Ella Bella Bingo (2020)

Ella Bella Bingo(2020)
ကလေးဘဝတုန်းက ကျွန်မတို့တွေ သူငယ်ချင်းတွေကို အရမ်းခင်တဲ့အကြောင်းတွေ
ဝန်မခံခဲ့မိကြပေမဲ့ တစ်ယောက်ယောက်ကများ သူငယ်ချင်းအဖြစ်နဲ့ ဝင်လာခဲ့ရင်
ကိုယ့်ထက်ပိုခင်သွားမှာကိုတော့ တိတ်တဆိတ်စိုးရိမ်ခဲ့ကြတယ်မလား….
ဒီ Animation ကားလေးထဲမှာလည်း Ella နဲဲ့ Henry တို့သိပ်ခင်ကြတဲ့သူငယ်ချင်းတွေပေါ့…
သိပ်ခင်တဲ့ သူတို့အကြားကို တခြားမြို့ကပြောင်းလာတဲ့ သူဌေးသားလူပေါ်ကြော့လေး Jonny တစ်ယောက်ရောက်လာပါတော့တယ် ..
Jonny ဟာပိုက်ဆံချမ်းသာပေမယ့် မိဘတွေကအလုပ်ကြောင့်နေရာခဏခဏပြောင်းရတာမို့
သူငယ်ချင်းအတည်တကျမရှိတဲ့ကောင်လေးပါ..Henry ကိုတွေ့ပြီးတော့ သဘောကျသွားပြီ သူနဲ့သူငယ်ချင်းလုပ်ဖို့မျိုးစုံကြိုးပမ်းပါတော့တယ် ..
တစ်ဖက်မှာလည်း သူ့ရဲ့သူငယ်ချင်းကို သူများဆီအပါမခံနိုင်တဲ့ Ella နဲ့ Henry ကိုသူ့သူငယ်ချင်းဖြစ်စေချင်တဲ့ Jonny တို့ရန်ဖြစ်စကားများပြီး
ပြဿနာတွေ ဆက်တိုက်ဖြစ်ပါတော့တယ်…ဒီ Animation ကားလေးက တကယ့်ကိုချစ်စဖွယ်ပါ..သူငယ်ချင်းတွေအကြား ချစ်ခြင်းမေတ္တာကို
ပြထားသလို ပြဿနာတွေကြုံရင်လည်း ဘယ်လိုဖြေရှင်းရတယ်ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေပေါင်းစပ်ထည့်ရင်း
ပြသားထားပါတယ်…အဆုံးထိကြည့်ချင်သွားအောင် ချစ်စဖွယ်ဇာတ်ရုပ်လေးတွေပါဝင်တာမို့ တပျော်တပါးကြီး ကြည့်ရှုခံစားလိုက်ပါဦးလို့…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်…
crd to channelmyanmar

The Empire of Corpses (2015)

The empire of corpses
…………………………………….
IMDb 6/10
My anime list 7/10
ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ
နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ
တခုတော့
သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး
တျခားuniverseမွာတည္တာဗ်
ဇာတ်လမ်းအကျဉ်းမပြောခင်
ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ်
ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို
ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ်
(ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့
နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ်
မြန်မာကလူတော်တော်များလည်း
BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်)
ဒီကားရဲ့ဇာတ်လမ်းကို
ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ
ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့
ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ
ဆိုတော့ကာ
ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ်
၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ်
သူဟာ အလောင်းတွေဆီကနေ
‌အကောင်းဆုံးအလှဆုံး
ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့
ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး
ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ်
နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ်
ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့်
တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ်
ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ်
အဲ့ဒီမကောင်းဆိုးဝါးဟာ
ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး
လိုက်သတ်တယ်
နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ
တချို့ရုပ်ရှင်ကားတွေမှာတော့
သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင်
လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော
ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့
ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့
၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ
ကမ္ဘာမှာထွန်းကားလာနေပါတယ်
အဲ့ဒီနည်းပညာဟာ
၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့
နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ
ဒါပေမယ့်
ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့
The Oneလို့ခေါ်တဲ့
အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ
စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး
နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့
အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့
ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေ့ါဗျာ
အဲ့မွာမွ ေဒါက္တာဝပ္ဆန္ဆိုတဲ့လူဟာ
သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး
Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ်
Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း
ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ်
ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ
The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ်
အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့
ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်
ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ
မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ
အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ
ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို
ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ
The empire of corpses
…………………………………….
IMDb 6/10
My anime list 7/10
ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ
နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ
တခုတော့
သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး
တခြားuniverseမှာတည်တာဗျ
ဇာတ်လမ်းအကျဉ်းမပြောခင်
ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ်
ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို
ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ်
(ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့
နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ်
မြန်မာကလူတော်တော်များလည်း
BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်)
ဒီကားရဲ့ဇာတ်လမ်းကို
ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ
ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့
ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ
ဆိုတော့ကာ
ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ်
၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ်
သူဟာ အလောင်းတွေဆီကနေ
‌အကောင်းဆုံးအလှဆုံး
ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့
ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး
ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ်
နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ်
ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့်
တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ်
ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ်
အဲ့ဒီမကောင်းဆိုးဝါးဟာ
ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး
လိုက်သတ်တယ်
နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ
တချို့ရုပ်ရှင်ကားတွေမှာတော့
သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင်
လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော
ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့
ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့
၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ
ကမ္ဘာမှာထွန်းကားလာနေပါတယ်
အဲ့ဒီနည်းပညာဟာ
၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့
နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ
ဒါပေမယ့်
ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့
The Oneလို့ခေါ်တဲ့
အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ
စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး
နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့
အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့
ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေ့ါဗျာ
အဲ့မှာမှ ဒေါက်တာဝပ်ဆန်ဆိုတဲ့လူဟာ
သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး
Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ်
Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း
ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ်
ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ
The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ်
အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့
ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်
ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ
မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ
အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ
ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို
ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ
crd to channelmyanmar

Monday, May 4, 2020

Ponyo (2008)

အခုမိတ်ဆက်ပေးမှာက စာရေးသူ Hayao Miyazaki
ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး
IDM 7.7 အထိရခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ
ဒီကားလေးရဲ့ အောင်မြင်မှုတွေကို ပြောရမယ်ဆိုရင်
ပရိတ်သတ်တွေကြားမှာ Ponyo Ponyo
ဖြစ်ခဲ့ရလောက်အောင် ကျော်ကြားခဲ့တဲ့
ဇာတ်ကားလေးဖြစ်လာတဲ့အပြင်
8th annual Tokyo Anime ဆုပေးပွဲမှာ
ဆုတွေအများကြီးရစေခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ သဘောၤသားတစ်ဦးရဲ့
အသက်ငါးနှစ်သာရှိတဲ့ သားလေးဟာ သူ့အမေနဲ့အတူ
ပင်လယ်နားက တောင်ကုန်းလေးမှာ နေထိုင်တယ်။
တစ်နေ့မှာ မမျှော်လင့်ပဲ ရွှေငါးလေးတစ်ကောင်ကို တွေ့ရှိခဲ့တယ်
အဲ့ရွှေငါးလေးဟာ ရိုးရိုးငါးလေးမဟုတ်ပဲ
ငါးတစ်ပိုင်းလူတစ်ပိုင်း ဖြစ်နေတဲ့ ရွှေငါးလေးဖြစ်တယ်
ရွှေငါးလေးဟာ ဆိုဆုကီဆိုတဲ့ ကောင်လေးကို
သံယောဇဉ် တွယ်မိပြီး ဆိုဆုကီပေးထားတဲ့
ပွန်းညို ဆိုတဲ့ နာမည်လေးနဲ့ လူသားတွေအနားမှာ နေခဲ့တယ်
လူသားတွေကို မုန်းတဲ့ ပွန်းညို အဖေက
သူ့သမီးလေးကို ဆိုဆုကီ ရှိကနေ နည်းအမျိုးမျိုးနဲ့ ပြန်လည်လုယူခဲ့တယ်
ဒါပေမယ့် ပွန်းညိုက မှော်စွမ်းအားတွေရပြီး
ပြန်လွတ်သွားချိန်မှာ သူ့အစွမ်းတွေကြောင့် ဆိုဆုကီတို့မြို့
တစ်မြို့လုံးရေနစ်မြုပ်ခဲ့တယ်
သူကတော့ လူသားတစ်ယောက်အဖြစ်
ဆိုဆုကီရှိကိုပြန်လာခဲ့တယ် ပွန်းညိုရဲ့
မှော်အစွမ်းတွေကြောင့် ကမ္ဘာကြီးပျက်လုနီးပါးဖြစ်နေချိန်မှာ
ငါးနှစ်အရွယ်သာရှိတဲ့ ဖြုစင်တဲ့ သူတို့ရဲ့ အချစ်စစ်နဲ့
ကမ္ဘာကြီးကိုဘယ်လိုပြန်တည်ဆောက်သွားမလဲ
ပွန်းညိုဟာ လူသားတွေကိုမုန်းတဲ့ သူ့အဖေ နဲ့ပဲ
ရေအောက်မှာ ငါးအဖြစ်ဆက်နေသွားရမလား
လူသားအဖြစ် ဆိုဆုကီအနားမှာနေရမလားဆိုတာ
ဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ကြနော်
အရမ်းချစ်ဖို့ကောင်းတဲ့ ပွန်းညို
ကားလေးကို ကြည့်ပြီး အကြိုက်တွေ့ကြပါစေ
ပထမဆုံးရေးတဲ့အညွှန်းဖြစ်လို့
မပြည့်မစုံဖြစ်သွားရင် သည်းခံပြီးဖတ်ပေးပါ
(အညွှန်းကို ဘာသာပြန်သူ Kay  Kay ကပဲ ရေးပေးထားတာပါ)
(သစ်ဆန်းခန့်)
crd to channelmyanmar

LEGO DC: Shazam - Magic & Monsters (2020)

2019 ခုနှစ်ကထွက်တဲ့ Lego Batman ရဲ့ Credit Scene မှာ
Billy Batson လေး Wizard ဆီ ရောက်သွားတဲ့အခန်း ပါခဲ့ပါတယ်။
ဒီLegoကားကတော့ အဲဒီကားရဲ့အဆက်ပါ။
ဒီထဲမှာတော့ Shazam အစွမ်းတွေရပြီး ဘီလီက
ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာဖြစ်အောင်လုပ်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။
အဲဒီလို ကြိုးစားရင်းနဲ့ တစ်ရက်မှာ မထင်မှတ်ဘဲ
Justice League အဖွဲ့နဲ့ ဆုံမိတဲ့အခါမှာ အဖွဲ့သားတွေက သဘောကောင်းလွန်းတဲ့
Shazam ကို အဖွဲ့ထဲ ဝင်ဖို့ကမ်းလှမ်းပါတော့တယ်။
ဒီဇာတ်ကားထဲမှာ Shazam ရဲ့ Villain တွေကို အကုန်လုံးနီးပါး
ထည့်သွင်းထားတာမို့လို့ DC fan တွေ အကြိုက်တွေ့မယ့် Lego ကားလေးပါ။
Credit Scene လည်း ပါတာမို့ စောင့်ကြည့်ပေးစေချင်ပါတယ်။
crd to channelmyanmar

The Willoughbys (2020)

The Willoughbys(2020)
နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။ ဒီကာတွန်းလေးကတော့ အရင်ကြည့်ဖူးတဲ့ ပုံတွေနဲ့ မတူဘဲ တမူထူးဆန်းပြီး ရယ်ရပါတယ်။
ဇာတ်လမ်းကိုတော့ ကြောင်ဆရာကြီးတစ်ကောင်က ပြောပြနေတဲ့ပုံနဲ့ တည်ဆောက်ထားပါတယ်။ ဆရာကြောင်က ပြောတယ်
မိသားစုတွေ ချစ်ခင်တာတွေ စည်းလုံးတာတွေ အဆုံးသတ်မှာ ပြန်ပေါင်းတဲ့ ဇာတ်လမ်းမျိုးတွေကို သဘောကျတတ်ရင် ဒီရုပ်ရှင်က မင်းအတွက် မဟုတ်ပါဘူးတဲ့။
ဟုတ်ပါတယ် ဒီရုပ်ရှင်ထဲက အဓိက မိသားစုကတော့ ဝယ်လိုဘီ မိသားစုပါ။
သူတို့တွေဟာ အစဉ်အဆက် သိပ္ပံပညာရှင်တွေ၊အနုပညာရှင်တွေ ကြီးမြတ်တဲ့သူတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် မျိုးဆက်တစ်ခုအရောက်မှာတော့ တော်နေ တတ်နေကြတာတွေ
အဆုံးသတ်သွားသလိုပါပဲ။ ဝယ်လိုဘီ ဇနီးမောင်နှံဟာ ဘာမှ မထူးချွန်ပေမယ့်
တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပါတယ်။ ချစ်တာမှ အခြား ဘယ်သူ့ကိုမှ
မချစ်တတ်လောက်အောင်ကို ချစ်တာပါ။ လင်မယားချင်းပဲချစ်ကြပြီး မွေးထားတဲ့ ကလေး ၄ ယောက်ကို တော့
မေတ္တာတစ်စက်မှမရှိကြသလို သာမန်ဂရုစိုက်မှုမျိုးလေးတောင် မလုပ်ပါဘူး။နေ့တိုင်း
လင်မယားနှစ်ယောက်ထဲ သာယာနေကြတာပါ။ ဒီတော့ ကလေး ၄ ယောက်လည်း
မိဘကျေးဇူးဆပ်တဲ့အနေနဲ့ သေဖို့ ရာနှုန်း ၉၀ လောက်ရှိတဲ့ နေရာတွေအကုန်တန်းစီပြီး မိဘ၂ယောက်ကို
အပျော်ခရီးစဉ်တပ်ပေးပြီး မရဏလမ်းကို စီစဉ်ပေးလိုက်ပါတော့တယ်။
မိဘမဲ့ဖြစ်ဖို့ကြိုးစားကြတာပါတဲ့။ ဒါပေမယ့် မိဘ ၂ ယောက်ကလည်း ကလေးတွေကိုမချစ်ပေမယ့်
အိမ်ကိုတော့ စိတ်မချသေးတော့ ဈေးအပေါဆုံး ဘယ်သူမှ မလိုချင်တဲ့ ကလေးထိန်းကို ရှာပြီး အပ်ထားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အဲဒီကလေးထိန်းရယ်၊ မိဘတွေရယ်၊ မိဘမဲ့စောင့်ရှောက်ရေးအဖွဲ့တွေရင်
စွန့်စားခန်းဖွင့်စရာတွေ အကြောင်းဖန်လာပါတော့တယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, April 20, 2020

Mortal Kombat Legends: Scorpion's Revenge (2020)

အသစ်စက်စက်ထွက်ရှိလာတဲ့ Mortal Combat Animation ပါ။
တော်တော်လေး ကြည့်လို့ကောင်းပါတယ်။
ဂိမ်းသမားတွေကတော့ ဘရုစ်လီနဲ့သံခမောက်ဆိုရင် မသိတဲ့လူ မရှိသလောက်ပါပဲ။
သွေးသံတရဲရဲတွေနဲ့မို့ R rated ကြိုက်တဲ့သူတွေအတွက် ရှယ်ပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ စင်္ကြဝဠာကြီးအစမှာ
Elder God တွေက realm တွေဖန်တီးပေးခဲ့ကြတယ်။
ကိုယ့်လောကဆီကို တခြားလောကကသူတွေ လာမကျူးကျော်ဖို့
generation တစ်ခုမှာတစ်ခါ realm တိုင်းက အတော်ဆုံးတိုက်ခိုက်ရေးသမားတွေစုပြီး
ယှဉ်ပြိုင်တိုက်ခိုက်စေတယ်။ အဲဒီပြိုင်ပွဲရဲ့နာမည်ကတော့ Mortal Kombat ပေါ့။
Mortal Kombat ကို realm
တစ်ခုတည်းကနေ ၁၀ ပွဲဆက်တိုက်နိုင်သွားခဲ့ရင် အနိုင်ရတဲ့သူက
တခြားrealmတွေနဲ့ပေါင်းပြီး သူအုပ်ချုပ်ချင်သလို အုပ်ချုပ်ခွင့်ရှိတယ်။
Earthrealm ကေတာ့ ၿပီးခဲ့တဲ့ ၉ ပြဲမွာ Shao Khan ဆိုတဲ့
ဧကရာဇ်ကြီးကို ရှုံးထားလေရဲ့။
အခု ၁၀ ပွဲမြောက်က Earthrealm ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ပွဲတစ်ပွဲဖြစ်လာတော့တယ်။
crd to channelmyanmar

Red Shoes and the Seven Dwarfs (2020)

#Unicode
အရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းက​နေတစ်မူကွဲထွက်​နေတဲ့ ကာတွန်း​ကား​ကောင်း​လေးတစ်ကားလို့​ပြောလို့ရပါတယ်။
ဒီကားထဲမှာ ပါ​လေရာသူရဲ​ကောင်း မင်းသားမာလင်နဲ့သူ့အ​ပေါင်းအပါ၆​ယောက်က ပါးစပ်သရမ်း​တော့ စုန်းမတစ်​ယောက်ရဲ့
ကျိန်စာမိပြီး လူပု​တို​လေး၇​ယောက်ဖြစ်​နေပါတယ်။ သူတို့ကျိန်စာက​နေလွတ်ဖို့အတွက် ကမ္ဘာ​ပေါ်ကအလှဆုံး​သောမိန်းက​​လေး
ကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျ​တော့ တစ်မျိုး သူက ဘုတ်အီးမ​လေး သန်မာတယ် ချစ်ဖို့​ကောင်းတယ်။ သူ့မိ​ထွေးကစုန်းမ
သူ့အ​ဖေကလည်း သူ့မိ​ထွေးစုန်းမမှန်းသိ​တော့ စနိုးဝိုက်​လေးကို​ဘေးကင်းရာပို့ထားတယ်။ သူကိုယ်တိုင်လည်း​ပျောက်သွားတယ်။
စနိုးဝိုက်​လေးက သူ့အ​ဖေကိုရှာဖို့ သူ့မိ​ထွေးဆီအသွား သူ့မိ​ထွေးရဲ့ ထာဝရလှပ​စေမယ့် ​မှော်ဖိနပ်​လေးကိုစီးမိပြီး တအားလှသွား​ရော
သူစုန်းမလက်က​နေထွက်​ပြေးရင်း သူ့အ​ဖေမှာခဲ့တဲ့ သူရဲ​ကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအ​ချော်​ချော်​လေး​တွေနဲ့ အဆုံးထိ
ကြည့်ချင်​အောင်ဆွဲ​ဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာ​မြောက် animation ကားကောင်း​လေးဖြစ်ပါတယ်။ အသံ​နောက်ခံ​တွေ
က​တော့ မင်းသား​ မာလင်​နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်​နေရာမှာက​တော့ ​ကော်ရီး​​တွေရဲ့
အချစ်​တော်အကိတ်မ​လေး Chloë Grace Moretz ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Dolly ဖြစ်ပါတယ်။)

#Zawgyi
အရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းက​နေတစ်မူကွဲထွက်​နေတဲ့ ကာတွန်း​ကား​ကောင်း​လေးတစ်ကားလို့​ပြောလို့ရပါတယ်။
ဒီကားထဲမှာ ပါ​လေရာသူရဲ​ကောင်း မင်းသားမာလင်နဲ့သူ့အ​ပေါင်းအပါ၆​ယောက်က ပါးစပ်သရမ်း​တော့ စုန်းမတစ်​ယောက်ရဲ့
ကျိန်စာမိပြီး လူပု​တို​လေးရ​ယောက်ဖြစ်​နေပါတယ်။ သူတို့ကျိန်စာက​နေလွတ်ဖို့အတွက် ကမ္ဘာ​ပေါ်ကအလှဆုံး​သောမိန်းက​​လေး
ကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျ​တော့ တစ်မျိုး သူက ဘုတ်အီးမ​လေး သန်မာတယ် ချစ်ဖို့​ကောင်းတယ်။ သူ့မိ​ထွေးကစုန်းမ
သူ့အ​ဖေကလည်း သူ့မိ​ထွေးစုန်းမမှန်းသိ​တော့ စနိုးဝိုက်​လေးကို​ဘေးကင်းရာပို့ထားတယ်။ သူကိုယ်တိုင်လည်း​ပျောက်သွားတယ်။
စနိုးဝိုက်​လေးက သူ့အ​ဖေကိုရှာဖို့ သူ့မိ​ထွေးဆီအသွား သူ့မိ​ထွေးရဲ့ ထာဝရလှပ​စေမယ့် ​မှော်ဖိနပ်​လေးကိုစီးမိပြီး တအားလှသွား​ရော
သူစုန်းမလက်က​နေထွက်​ပြေးရင်း သူ့အ​ဖေမှာခဲ့တဲ့ သူရဲ​ကောင်းရဦး ဆိုတာကိုရှာရင်း အလွဲလွဲအ​ချော်​ချော်​လေး​တွေနဲ့ အဆုံးထိ
ကြည့်ချင်​အောင်ဆွဲ​ဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာ​မြောက် animation ကားကောင်း​လေးဖြစ်ပါတယ်။ အသံ​နောက်ခံ​တွေ
က​တော့ မင်းသား​ မာလင်​နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်​နေရာမှာက​တော့ ​ကော်ရီး​​တွေရဲ့
အချစ်​တော်အကိတ်မ​လေး Chloë Grace Moretz ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Dolly ဖြစ်ပါတယ်။)
crd to channelmyanmar

Trolls World Tour (2020)

Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို
မှတ်မိကြသေးလားမသိဘူး။
သီချင်းလေးတွေ လှလှပပလေးနဲ့
ဇာတ်လမ်းကောင်းကောင်းလေးလေ။
အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။
ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့
ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ
သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ
ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။
အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။
အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ်
အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။
ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊
ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။
ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို
အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ်
ဂီတတစ်ခုတည်းအောက်မှာ
အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့
ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး
ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။
ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ
နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။
ဇတ်လမ်းကလည်း အတော်ကောင်းတာမို့
အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။
Little Neo က ဘာသာပြန်ပေးထားပြီး
Thit San Khant မှ တင်ဆက်ပေးထားပါတယ်။
crd to channelmyanmar

Thursday, April 2, 2020

Altered Carbon: Resleeved (2020)

ရှုတ်ထွေးလွန်းတဲ့ မြို့လယ်ခေါင်မှာ ကောင်မလေးတစ်ယောက်နောက်ကို လူကြမ်းကြီး(၂)ယောက် လိုက်နေတယ်….ဒီကောင်မလေးကြည့်ရတာ အဖွဲ့အစည်းတစ်ခုကနေအကြောင်းတစ်ခုကြောင့် အသေလုပြေးနေရတဲ့ပုံပဲ….
သိပ်မကြာဘူး….သူ့ကိုလိုက်နေတဲ့ (၂)ယောက်အပြင် တစ်ခြား ကြေးစားလူသတ်သမားတစ်ယောက်ကလည်း ဒီကောင်မလေးနောက်ကိုလိုက်နေပြန်တယ်…
ကံကောင်းထောက်မစွာ အဖွဲ့အစည်းတစ်ခုက လူရွယ်တစ်ယောက်က ဒီကောင်မလေးကို ကယ်တင်လိုက်နိုင်တယ်….
ဘာကြောင့်ဒီကောင်မလေးကို လိုက်သတ်နေကြတာလဲ….
ဒီဂျပန် Animation ဇာတ်ကားဟာ စစချင်း ဇာတ်ကောင်တွေ သိပ္ပံအက်ရှင်ပီပီ
အဲ့ဒီခေတ်ရဲ့ ဆန်းပြားတဲ့နည်းစနစ်တွေကို ခပ်သွက်သွက်မိတ်ဆက်ရင်း
ဇာတ်လမ်းကိုပုံဖော်ထားတယ်…
ငွေကြေးချမ်းသာရင် နာမ်တစ်ခုကို ရုပ်ခန္ဓာအသစ်တစ်ခုဆီကူးပြောင်းရင်း အသက်ဆက်လို့ရသလို တခြားဂြိုလ်မှာရှိတဲ့
ရုပ်ခန္ဓာအသစ်ဆီကူးပြောင်းရင်း တစ်နေရာဆီ အလွယ်တစ်ကူကူးပြောင်း နိုင်တယ်…
ဒီ Animation ကားက ရာကူဇာဂိုဏ်းတွေ ကြေးစားလူမိုက်ပေါင်းစုံတွေ
မှော်ဆန်တဲ့ ကိစ္စတွေ၊ ခပ်ဆန်းဆန်း သိပ္ပံပညာတွေနဲ့ ဇာတ်အိမ်ဖွဲ့ထားတာပါ…
အက်ရှင်အလန်းစားတွေများစွာပါဝင်တဲ့အပြင် စိတ်ဝင်စားဖွယ်ရာကောင်းတာမို့
Animation ကြိုက်တဲ့ပရိတ်သတ်တွေအတွက် လက်မလွှတ်သင့်ပါကြောင်း
သတင်းကောင်းပါးပါရစေ..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thinzar Htet ပဲဖြစ်ပါတယ်…
crd to channelmyanmar

One Piece: Stampede (2019)

One Piece Anime ရဲ့သက်တမ်း နှစ် ၂၀ ပြည့် ထုတ်တဲ့ ၁၄ ကားမြောက် ရုပ်ရှင်ပါ။
Sky Island ပီးနောက်ကြေငြာထားတဲ့ကားပါ။ One Piece ဖန်တိုင်းမျှော်နေခဲ့ကြတဲ့ကားပါပဲ။ ရုံမတင်တဲ့အပြင် အကြည်ကိုလည်ပင်းရှာမျှော်ခဲ့ရတဲ့ကားပါ။ ခရမ်းချဉ်သီး 92 လုံးနဲ့ IMDB 8.1 ရထားပါတယ်။
Time Line အနေနဲ့ ကတော့ Wano မရောက်ခင်နဲ့ Big Mom ကိုသွားကလိပြီးတဲ့ အချိန်ကြားလို့ယူဆရပေမယ့် Movie ထဲမှာ လုဖီရဲ့ ဆုကြေးက ၁၅ ဘီလီယံ ဖြစ်နေတော့ Wano အပြီးလို့လဲထင်စရာရှိပါတယ် ဒါပေမဲ့ Non-Canon ဖြစ်တဲ့အတွက် Timeline နဲ့မဆိုင်တော့သိပ်တော့ ခေါင်းစားစရာမရှိပါဘူး။ ကာရိုက်တာ Art ‌တွေအရ အခု Anime onging မှာ ရောက်နေတဲ့တစ်ဝိုက်လို့ပဲမှတ်ရပါတယ်။
ဇတ်လမ်း က‌တော့ ပင်လယ်ဓားပြတွေအတွက်ကျင်းပတဲ့ ပင်လယ်ဓားပြပွဲတော်ကြီး ကို အမှတ်မရှိအမြဲကမြင်းကြောထချင်‌နေတဲ့ လူဖီ က ပင်လယ်ဓားပြဘုရင် အသံကြားပြီးတော့ ဖင်တကြွကြွဖြစ်နေတာကြောင့် ရောက်သွားရာကနေ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ပါပဲ။
ပင်လယ်ဓားပြပွဲတော်မှာ Gol D Roger ရဲ့ ရတနာတစ်ခုကို ပြိုင်လုတဲ့ပွဲတစ်ခု ပါခဲ့ပြီး ကျင်းပတဲ့သူက ရော်ဂျာခေတ်က ပွဲစီစဉ်သူတစ်ယောက်ပါ။(စပွိုင်==တကယ်က ငနဲသားရဲ့ စကောလောက်မှစောက်မနက်တဲ့အကြံနဲ့ ရေတပ်နဲ့ ပင်လယ်ဓားပြတွေကိုစိန်ခေါ်တဲ့ပွဲပါ။)တစ်ကမ္ဘာလုံးက ရှိရှိသမျှ ပင်လယ်ဓားပြ‌တွေ လာပြိုင်ကြပြီး Sabaody မှာရေတပ်တွေကို မိုက်‌ကြေးခွဲသွားခဲ့တဲ့ Worst Generation ထဲက လူဖီ ရဲ့ မိတ်ဆွေမကျ ရန်သူမကျကောင်‌တွေပါ လာပြိုင်ကြပါတယ်။ အဲ့ဒီမှာ ဘူးလက်ပေါ်လာပြီး အကုန်သမပါတယ်။ အများကြီးထပ်ညွှန်းရင် စပွိုင်ကြီးတွေမိကုန်ပါတော့မယ်။ Fight Scene အဂျွတ်ကြီးတွေပါပါတယ်။
ကာရိုက်တာအပိုင်း‌လေးတွေထည့်ရရင်‌တော့ အကုန်နီးပါး ပါပါတယ်ဗျ Sabo ၊ Smoker ကစလို့ မြင်တာနဲ့ဖြတ်ရိုက်ချင်စရာဆုတောင်းနဲ့ပြည့်တဲ့ Kizaru၊ Crocodile၊ Cypher 4 ၊ကလိန်ကကျစ် Foxy အဆုံး အကုန်နီးပါးပါပဲ။
Main Villain ဖြစ်တဲ့ Douglas Bullet အကြောင်း လေးပြောရရင် မူလက Galzburg ကစစ်သားပါ အဲ့ကနေ ပြဿနာတက် ပင်လယ်ထွက်ခဲ့ပြီး ရော်ဂျာကသူ့ကို အနိုင်ယူနိုင်ခဲ့လို့ ရော်ဂျာဆီမှာ ဓားပြဝင်လုပ်ပါတယ် Demon Heir (နတ်ဆိုးအမွေခံလို့)သိကြပြီး ရော်ဂျာသေပြီးနောက် ဝေလေလေဖြစ်ပြီး အကုန်ပတ်ရမ်းနေရင်း ရေတပ်က B-Call နဲ့ ဖမ်းပြီး Impel Down ကိုပို့လိုက်ပါတယ် ထောင်ကို မုတ်ဆိပ်မဲ ဝင်အချောင်နှိုက်ချိန်မှာလွတ်သွားခဲ့ပြီး ဒီပွဲကျမှပြန်ပေါ်လာတာပါ။ Ability အနေနဲ့ တော့ ရော်ဂျာနဲ့တောင်ယှဉ်ချနိုင်ပြီး Rayleigh နဲ့တန်းတူရှိပါတယ် ။ ဆိုတော့ Physical Strength ကတော့ပြောစရာလိုမယ်မထင်ပါဘူး။ နတ်ဆိုးသီးကတော့ Gasha Gasha no Mi အသီး (Sound of metal clankingーတစစီဖြုတ်/တပ်လုပ်နိုင်တဲ့ အစွမ်း) ဖြစ်ပြီးတော့ နိုးထတဲ့ အဆင့်ထိ Train ထားပါတယ်။
ဒီကားမှာ အကြိုက်ဆုံးနဲ့ ကြက်သီးပါထမိတာတော့ လူဖီနဲ့ One/One ယှဉ်ဗျင်းတဲ့အချိန်မှာ We Are နောက်ခံသီချင်းနဲ့ အမှောက်တီးတဲ့အခန်းရယ် နောက်တစ်ခုက ဇတ်ကားပြီးခါနီး ひけん(Hiken)Fire Fist ဆိုတဲ့အသံနဲ့ ဆာဘိုဆီက မီးတန်းကြီးထွက်လာချိန် အေ့စ့် နဲ့ ဆာဘိုတို့ နှစ်ယောက်တွဲလျှက်ပုံကိုမြင်လိုက်ရတဲ့အချိန်တို့ပါပဲ။ Ace ဖန်‌တွေကို ငိုချင်ရက်လက်တို့တဲ့အခန်းပါ ။
* မှတ်ချက်။ ။ကျနော်နောက်ဆုံးရှာပြီးတဲ့အချိန်ထိ စာဖိုင် အပြည့်အမှန်မထွက်သေးပါဘူး။ ကြည့်ဖို့စောင့်နေတဲ့သူတွေအတွက် ဇတ်ကားအကြည်ရချင်း ရတဲ့စာဖိုင်ကို ဖြတ် ၊ညှပ် ၊ကပ်ပြီး ကြိုးစားဘာသာပြန်ထားတာဖြစ်တဲ့အတွက် အမှားပါရင် ဖန်များ ခွင့်လွှတ်ကြပါ။
ONE PIECE :STAMPEDE
===================

Thursday, March 26, 2020

Onward (2020)

ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး
တစ်ကားလောက် ကြည့်ရအောင်။
ရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။
ဇာတ်လမ်းအကျဉ်း….
ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့်
အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ မှော်ဝင်သတ္တဝါတွေဟာ
ခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။
အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်း
ငယ်ငယ်ကတည်းက အဖေဆုံးသွားလို့
မိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။
ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့
မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။
ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိ
ပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။
ဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး
အဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာ
ခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။
ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့
ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင်
အဖေကို နောက်ဆုံးတွေ့နိုင်ဖို့
မှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်….
ဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့
ဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့်
ကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေ
သဘောကျကြမယ်ထင်ပါတယ်။
ဘာသာပြန်ပေးထားတာကတော့ Little Neo ဖြစ်ပြီး
Thit San Khant မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Friday, March 20, 2020

Steven Universe: The Movie (2019)

#Unicode
Steven Universe (2019) ဒီကားကတော့ Gem တွေကို အသက်ရှိတဲ့ပုံစံအနေနဲ့ ရိုက်ကူးထားတဲ့ Animation ကားကောင်းတစ်ကားပါ။ လူသားတစ်ဝက် Gemတစ်ဝက်ဖြစ်တဲ့ Steven က စင်္ကြဝဠာတစ်လျှောက် ငြိမ်းချမ်းမှု ဖော်ဆောင်ပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်စရာဇာတ်သိမ်းခန်းလေး ကျင်းပနေခဲ့တာပေါ့။ ဒီအချိန်မှာပဲ Gem တစ်ယောက်ရောက်လာပြီး သူနဲ့သူ့သူငယ်ချင်းတွေကို တိုက်ခိုက်တဲ့အခါ မျှော်လင့်မထားတာတွေ ဖြစ်လာပါတော့တယ်။ ကြာမြင့်ချိန်ကလည်း မ‌ပြောပလောက်တဲ့အပြင် ဇာတ်လမ်းလေးကလည်းကောင်း Musical Type လည်းဖြစ်တာကြောင့် အတော်လေးကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။

(ဒီဇာတ်လမ်းရဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ye Man Aung ပဲဖြစ်ပါတယ်။)
crd to channelmyanmar

The Big Trip (2019)

#Unicode
ဒီဇာတ်ကားလေးက Animation ပေမယ့် . ဇာတ်လမ်း ဇာတ်ကွက်ဟာ အတော်လေးကိုသဘောကျဖို့ကောင်းသလို
ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး ကွန်ဖူးပန်ဒါကိုတောင်သတိရသွားစေမယ့် ကားလေးပါ။ စစချင်းမှာပဲ ပန်ဒါနဲ့စဖွင့်ထား
တာလေးကိုက အသက်ပါ။ ဖြစ်စဥ◌်ကတော့ သာယာတဲ့တောထဲမှာ နေထိုင်တဲ့ ဝက်ဝံကြီး မစ်စတာမစ် ဆိုတာရှိ
တယ်။ နောက်ပြီး သူလုံးဝကြည့်မရတဲ့ အော်စကာလို့ခေါ်တဲ့ တီထွင်ဥာဏ်စွမ်းရည်ရှိတဲ့ ယုန်တစ်ကောင်လည်းရှိတယ်။
တီထွင်ပြီး ရေကာတာဆောက်လိုက်လို့ မစ်စတာမစ်ရဲ့အိမ်ဟာ တစ်ခါရေမြုပ်ပြီးပြီ။ နောက်ထပ် အာကာသပေါ်သွား
မယ့် စွန့်စားမှုကြောင့်လည်း မစ်ရဲ့ ပျားအိမ်တွေထပ်ပြိုကွဲရပြန်ပြီ။ အဲ့ကိစ္စကြောင့် မစ်ဟာ ယုန်လေးအော်စကာကို ဒေါသ
ထွက်နေတဲ့ အချိန်မှာပဲ . ကောင်းကင်ကနေ ကလေးတွေကို လိုက်လံပို့ဆောင်တဲ့ ဗျိုင်းတစ်ကောင်က ပန်ဒါပေါက်ကလေး
ကို ပန်ဒါကြီးတွေဆီပို့ရမယ့်အစား . ဝက်ဝံဖြစ်တဲ့ မစ် ဆီကိုမှာယွင်းပို့ဆောင်မိတာပါပဲ။ မစ်ဟာ အဲ့ပန်ဒါလေးရဲ့ နေရပ်
အမှန်ကို ပြန်လည်ပို့ဆောင်ဖို့အတွက် ခရီးစထွက်တာကနေ The Big Trip ဆိုတဲ့ ခရီးစဥ◌်ကြီးစတင်တော့တာပါပဲ။
ခရီးစဥ◌်တစ်လျှောက်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဥ◌်မျာ . ခရီးစဥ◌်တစ်လျှောက်ထပ်တိုးလာခဲ့တဲ့ မိတ်ဆွေတွေကိုကြည့်ရတာ
ကျွန်တော်တို့ရဲ့ သူရဲကောင်းလေး ကွန်ဖူးပန်ဒါကို သွားသတိရစေမှာ အမှန်ပါပဲ . . .။

#Zawgyi
ဒီဇာတ်ကားလေးက Animation ပေမယ့် . ဇာတ်လမ်း ဇာတ်ကွက်ဟာ အတော်လေးကိုသဘောကျဖို့ကောင်းသလို
ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး ကွန်ဖူးပန်ဒါကိုတောင်သတိရသွားစေမယ့် ကားလေးပါ။ စစချင်းမှာပဲ ပန်ဒါနဲ့စဖွင့်ထား
တာလေးကိုက အသက်ပါ။ ဖြစ်စဥ◌်ကတော့ သာယာတဲ့တောထဲမှာ နေထိုင်တဲ့ ဝက်ဝံကြီး မစ်စတာမစ် ဆိုတာရှိ
တယ်။ နောက်ပြီး သူလုံးဝကြည့်မရတဲ့ အော်စကာလို့ခေါ်တဲ့ တီထွင်ဉာဏ်စွမ်းရည်ရှိတဲ့ ယုန်တစ်ကောင်လည်းရှိတယ်။
တီထွင်ပြီး ရေကာတာဆောက်လိုက်လို့ မစ်စတာမစ်ရဲ့အိမ်ဟာ တစ်ခါရေမြုပ်ပြီးပြီ။ နောက်ထပ် အာကာသပေါ်သွား
မယ့် စွန့်စားမှုကြောင့်လည်း မစ်ရဲ့ ပျားအိမ်တွေထပ်ပြိုကွဲရပြန်ပြီ။ အဲ့ကိစ္စကြောင့် မစ်ဟာ ယုန်လေးအော်စကာကို ဒေါသ
ထွက်နေတဲ့ အချိန်မှာပဲ . ကောင်းကင်ကနေ ကလေးတွေကို လိုက်လံပို့ဆောင်တဲ့ ဗျိုင်းတစ်ကောင်က ပန်ဒါပေါက်ကလေး
ကို ပန်ဒါကြီးတွေဆီပို့ရမယ့်အစား . ဝက်ဝံဖြစ်တဲ့ မစ် ဆီကိုမှာယွင်းပို့ဆောင်မိတာပါပဲ။ မစ်ဟာ အဲ့ပန်ဒါလေးရဲ့ နေရပ်
အမှန်ကို ပြန်လည်ပို့ဆောင်ဖို့အတွက် ခရီးစထွက်တာကနေ The Big Trip ဆိုတဲ့ ခရီးစဥ◌်ကြီးစတင်တော့တာပါပဲ။
ခရီးစဥ◌်တစ်လျှောက်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဥ◌်မျာ . ခရီးစဥ◌်တစ်လျှောက်ထပ်တိုးလာခဲ့တဲ့ မိတ်ဆွေတွေကိုကြည့်ရတာ
ကျွန်တော်တို့ရဲ့ သူရဲကောင်းလေး ကွန်ဖူးပန်ဒါကို သွားသတိရစေမှာ အမှန်ပါပဲ . . .။
(ဒီဇာတ်လမ်းရဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ye Kyaw Htet ပဲဖြစ်ပါတယ်။)
crd to channelmyanmar

Tuesday, March 10, 2020

Ne Zha (2019)

ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့
နီကျား ဆိုတဲ့ မီးခြေနင်း စီးပြီး မီးလှံ ကိုင်တဲ့
ၾကာဖူးနတ္သား ကို မွတ္မိၾကေသးလား
၂၀၁၉ ခုနှစ်မှာပဲ Ne Zha ဆိုတဲ့ Animation ရုပ်ရှင်ကားကို
တရုတ်နိုင်ငံမှာ ရုံတင်ပြသခဲ့ပါတယ်…
တရုတ်နိုင်ငံရဲ့ Animation ရုပ်ရှင်တစ်ကားအတွက် Box Office မှာ
၀င်ငွေအကောင်းဆုံး ရုပ်ရှင်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်
ငယ်ငယ်က ကြည့်ဖူးတဲ့ နီကျား နဲ့ ဇတ်လမ်းပုံစံ နဲနဲလေးကွဲသွားမယ်လို့
ထင်ရပေမဲ့ ငယ်ဘဝ အငွှေ့အသက်လဲ မပျောက်သလို
ဒီဇတ်လမ်းက အတော်လေး ကောင်းလွန်းပါတယ်
Animation မှာလဲ အရမ်းကို ကောင်းမွန်လွန်းတယ်
Action ခန်းတွေ တစ်ဝကြီး ကြည့်ချင်တဲ့သူတွေအကြိုက်ပါ
လှပသေသပ်လွန်းပါတယ်
ဒီဇတ်လမ်းမှာတော့ နီကျား ရဲ့ ဖြစ်တည်မှုကို အသေးစိတ်ပြထားပါတယ်
နှစ်ထောင်ပေါင်းများစွာ အကြာက ခွန်လွန်း တောင်ပေါ်
ပုလဲလုံးလေး တစ်လုံး ဖွားမြင်လာခဲ့တယ်
ပုလဲလုံးလေး က သူလိုအပ်တဲ့ စွမ်းအင်တွေကို
အလိုအလျှောက်သိမ်းယူနိုင်ခဲ့ပြီး ပင်ကိုယ်စိတ်ရင်းကောင်းပေမဲ့
မကောင်းဆိုးဝါးတွေ ရဲ့ စွမ်းအင်ကို သိမ်းမိရာကနေ စိတ်ဖောက်လာလို့
ခွန်လွန်းတောင် သူတော်စင် က ပုလဲလေးကို ထိန်းသိမ်းပြီး
မိစ္ဆာနဲ့ သူတော်စင် ဆိုပြီး ပုလဲ ၂ လုံး ထပ်ခွဲလိုက်ပြီး
ဂါထာအုပ် ပြီး တပည့်ဖြစ်သူ ဆရာတော် တစ်ပါးကို
ထိန်းသိမ်းစေခဲ့တယ်….
သူတော်စင် ပုလဲက လူ့ပြည်က စစ်သူကြီး မိန်းမဆီ
ကိုယ်ဝန်မှာ ဝင်စားရမှာ ဖြစ်ပြီး မိစ္ဆာပုလဲ ကတော့ ၃ နှစ်နေရင်
အလိုအလျှောက် ဖျက်စီးခံရမှာ ဖြစ်တဲ့ ကျိန်စာ နဲ့ ချူပ်လိုက်ပါတယ်
ဒါပေမဲ့ အလွဲလွဲ အမှားမှားတွေ လုပ်တက်တဲ့ ဆရာတော်ကြောင့်
သူတော်စင်ကြီး ပေးထားတဲ့ တာဝန်တွေက ပျက်စီးကုန်ပါတယ်
သူတော်စင်ပုလဲ အခိုးခံလိုက်ရပြီး မကောင်းဆိုးဝါး ပုလဲ က
စစ်သူကြီး ဇနီးဆီမှာ ကိုယ်ဝန်တည်လိုက်ပါတယ်…
မွေးဖွားလာတဲ့ ကလေးကတော့ မီးမိစ္တာ
“နီကျား ” ဖြစ်ပါတယ်…
ကဲ CM Fan တို့ ရေ Ne Zha ရုပ်ရှင်ဟာ WEB-DL အနေနဲ့
ထွက်ရှိလာပြီး စာဖိုင် မမှန်သေးပေမဲ့ ဘာသာပြန်
Nay Chii က ကြိုးစားဘာသာပြန်ပေးထားပြီး
CM Admin ျဖစ္သူ Moe Myint Lwin မွ Encode ၍
တင်ဆက်ပေးထားပါတယ်
အညွှန်းကိုတော့ Thit San Khant မှ ရေးပေးထားပါတယ်
Sunday Night မှာ အကောင်းဆုံးရုပ်ရှင်ကို ကြည့်ရှုလိုက်ကြပါ

File Size : ( 2 GB , 1 GB , 375 MB)
Quality :  BluRay 1080p 5.1 CH ,  BluRay 720p
Running Time : 1 hr 50 min
Format : Mp4
Genre : Animation , Fantasy , Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Nay Chii
Encoded by Moe Myint Lwin
crd to channelmyanmar

Tuesday, March 3, 2020

Spies in Disguise (2019)

ကာတွန်းကား ကောင်းကောင်းကြည့်ချင်တဲ့ သူတွေအတွက် လာပါပြီ။
ရယ်လည်းရယ်ရတယ် ဇာတ်လမ်းလည်းမိုက်တယ်။
အသံသရုပ်ဆောင်ထားသူတွေကတော့ မပြောရင်တောင်
အသံကြားတာနဲ့ သိမယ့် ၂ ယောက်ပါပဲ။
ဝယ်လ် စမစ်သ် ရယ် တွမ် ဟော်လန် ရယ်ပါ။
တကယ်လိုက်ဖက်တဲ့ သူတွေပါပဲ။
ဝယ်လ်စမစ်သ်က လန့်စ်စတာလင်ဆိုတဲ့ အရမ်းတော်တဲ့ စပိုင်တစ်ယောက်။
သူက အရမ်းတော်ပေမယ့် တစ်ကိုယ်တော်ပဲ လှုပ်ရှားတတ်တဲ့သူ။
တွမ်ဟော်လန်ကတော့ ဝေါ်တာ ဘက်ကက် ဆိုတဲ့ ဉာဏ်ကြီးရှင်တီထွင်သူ
အူကြောင်ကြောင် ကောင်လေး အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။
ဝေါ်တာရဲ့ တီထွင်ချက်တွေကို
အေဂျင်စီမှာ ဘယ်သူမှ အထင်မကြီးတဲ့အပြင် လန့်စ်ကိုပါ
ပြဿနာ သွားလုပ်မိလို့ အလုပ်ဖြုတ်ခံလိုက်ရတော့တယ်။
ဒါပေမယ့် လန့်စ်နဲ့ မျက်နှာတူ
လူဆိုးတစ်ယောက်ကြောင့် လန့်စ် တစ်ယောက် အထင်လွဲခံရပြီး
ထွက်ပြေးရတဲ့အခါမှာ မလွှဲမရှောင်သာ ဝေါ်တာနဲ့ပူးပေါင်းပြီး
အလွဲလွဲအချော်ချော်နဲ့ လူဆိုးကို အမိဖမ်းဖို့ ကြိုးစားရပါတော့တယ်။
crd to channelmyanmar

Wednesday, February 26, 2020

Superman: Red Son (2020)

2020ရဲ့စူပါမန်းရောက်ရှိလို့လာပါပြီ
ဆိုဗီယက်ပြည်နယ်မှာမွေးဖွားတဲ့စူပါမန်းတစ်ယောက်ဟာ
လူတွေကိုဖိနှိပ်ချုပ်ချယ်မှုတွေကင်းလွတ်တဲ့ဘဝမှာနေစေချင်တဲ့ ဆန္ဒတွေပြင်းထန်လို့နေပါတယ်
သို့ပေမယ်လဲထုံးစံအတိုင်း အာဏာကိုမက်မောတဲ့လူတွေကြောင့်
စူပါမန်းတစ်ယောက် တိုက်ပွဲဝင်ရပါတော့တယ်
တစ်ချိန်တည်းမှာပဲ သူတို့ရဲ့မြို့လေးတစ်မြို့ကို ဂြိုလ်သားတွေရဲ့ယာဥ်ရောက်ရှိလာပြီး
ဖန်ပုလင်းထဲထည့်သိမ်းလိုက်တဲ့အခါ
အဲဒီမြို့ကိုလည်းကယ်တင်ဖို့ကြိုးစားရ
တစ်ဖက်မှာလည်းအမေရိကန်ရဲ့ဖိနှိပ်မှုတွေကိုခံရနဲ့
ဒီကြားထဲသူ့ကိုမုန်းတဲ့လင်းနို့လူသားပါ ပါလာတဲ့အချိန်မှာတော့
စူပါမန်းတစ်ယောက်ဘယ်လိုတွေရင်ဆိုင်တိုက်ခိုက်မလဲ
ဘယ်လိုတွေစွန့်စားမလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါနော်
crd to channelmyanmar