Showing posts with label Bollywood. Show all posts
Showing posts with label Bollywood. Show all posts

Tuesday, June 9, 2020

Fanney Khan (2018)

“…ဖန်နီ ခန်
ဒီနာမည်က အဓိပ္ပါယ် အများကြီး ရှိတယ်…
အနုပညာရှင် ဖျော်ဖြေသူ
အဆိုတော် မှော်ပညာရှင်
ဒါမှမဟုတ် ငတုံးတစ်ယောက်
ဘယ်သူမဆို သူနဲ့အတူ ပျော်စရာအချိန်တွေ ရရှိရင်
ဖန်နီခန်တစ်ယောက်ပဲ
ဒါက အဲ့ဒီလို ဖန်နီခန်တွေထဲက တစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့
ဒီနာမည်ရဲ့ တကယ့်အဓိပ္ပါယ်တွေကို ပြောင်းလဲပေးခဲ့သူပေါ့…. “
Fanney Khan (2018) ဟာ IMDb 4.5/10 Google users 76% Rotten Tomatoes 56% Facebook 3.7/5
ရထားသော ဒါရိုက်တာ Atul Manjrekar ရိုက်ကူးထား၍  Dominique Deruddere, Atul Manjrekar က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Aishwarya Rai Bachchan, Anil Kapoor, Rajkummar Rao တို့ပါဝင်သရုပ်ဆောင်ထားသော Comedy, Drama, Music ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ဖန်နီခန်က ဂီတလောကမှာ သူ့ရဲ့ သမီးကို နာမည်ကြီးအောင် လုပ်ပေးချင်လို့ ဘယ်လိုတွေ လှုပ်ရှားရုန်းကန်သွားလဲ ဟာသ ဒရာမာ ဂီတ ရသတွေ ဖန်တီးသွားမလဲ ဇာတ်ကားမှာ ခံစားကြည့်လိုက်ကြစို့လားဗျာ…
crd to fofmm

Friday, June 5, 2020

Dum Maaro Dum (2011)

Dum Maaro Dum(2011)
အေစီပီဗရှ်နူးကာမသ်ဟာမိသားစု စားဝတ်နေရေးချောင်လည်ဖို့ဘာမဆိုလုပ်တဲ့သူပါ….
တရားမဝင်လုပ်ရပ်တွေလာဘ်စားပြီး ငွေအတွက်လက်တစ်လုံးခြားလုပ်စားနေတဲ့သူဆိုပါတော့…..
ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိသားစုနဲ့အတူခရီးသွားနေတုန်းရုတ်တရက်အက်ဆီးဒန့်တစ်ခုနှင့်ကြုံခဲ့ရပါတယ်။
မိသားစုအတွက်ပိုက်ဆံကိုနည်းမျိုးစုံနဲ့ရှာတတ်တဲ့ အေစီပီဗရှ်နူးတစ်ယောက်
သူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရပြီး သူ့မှာ အတွေးကြီးတစ်ခုကျန်ခဲ့တယ်…
သူရှာခဲ့တဲ့ငွေတွေဟာလည်းသိပ်ချစ်တဲ့မိသားစုတွေကိုပြန်မခေါ်ပေးနိုင်ဘူးပေါ့…
ဒီနောက်တော့ သူပြောင်းလဲသွားပါတော့တယ်….
၅နှစ်ကြာပြီးတဲ့နောက် ဂိုအာမြို့မှာမူးယစ်ဂိုဏ်းတွေကိုရှင်းလင်းဖို့အမိန့်ပေးခံခဲ့ရပြီး အေစီပီတစ်ယောက်မူးယစ်ဂိုဏ်းတွေကိုရှင်းလင်းနိုင်မလား?
မူးယစ်ဖြန့်ဖြူးရေးလုပ်ငန်းရဲ့နောက်ကွယ်မှာအဓိကကြိုးကိုင်ထားတာကရောဘယ်သူလဲ?
အေးစီပီတစ်ယောက်ဘယ်လိုပဟေဠိတွေနဲ့ရင်ဆိုင်ရမလဲ? ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့…….
Action, Crime ကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း..
ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။
crd to channelmyanmar

Ponmagal Vandhal (2020)

(မင်းသမီးလေး ရောက်လာပါပြီ)
ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။
ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။
ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်…
တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ…
စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်…
သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်…
သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်…
စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်…
အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ…
ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်…
နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်…
တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်…
လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်…
ဒီရှေ့နေမ ငွေလိုလို့လား…နာမည်ကြီးချင်လို့လားပေါ့…
ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ… မစ္စစ်ဗန်ဘာ…
ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း…
အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု… လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်…
ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ဒီအမှုမှာ ဩဇာအာဏာကြီးလှတဲ့ တစ်ဖက်ရှေ့နေကို ရှေ့နေမလေး ယှဉ်ပြိုင်နိုင်ပါ့မလား
အညွန်းကိုတော့ ကိုအောင်ဇင်ဖြိုးရဲ့ Fb မှ ကူးယူဖော်ပြထားပါတယ်။
ကျွန်တော်တို့ တင်ဆက်ဖို့ နောက်ကျနေခဲ့တာက မအားတာကတစ်ကြောင်းနဲ့
တမီးလ်ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း မူရင်းစာမချောတော့ အချိန်ယူပြီး အကောင်းဆုံးရေးပြီး ပြင်ဆင်ခဲ့ရလို့ပါ။
မေ၂၉မှာ Amazon World Premiereနဲ့ ထွက်ရှိခဲ့ပြီး ခုဆိုရင် IMDb Rating 7.2/10 ကို ရရှိထားခဲ့ပါပြီ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar

Trance (2020)

Trance (2020)
===========
IMDb Rating – 7.2/10
#Unicode
ဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..
စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်
ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် …. သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့
ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။
သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကို
လာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကို
သမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လို
တစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။
IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသား
တွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)

#Zawgyi
ဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..
စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်
ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် …. သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့
ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။
သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကို
လာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကို
သမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လို
တစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။
IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသား
တွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)
crd to channelmyanmar

Wednesday, May 20, 2020

Mrs. Serial Killer (2020)

ဒီတစ်ခါတော့ Netflix Original Indian Movie ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Cast တွေကလဲ Jacqueline Fernandez လို bollywood နာမည်ရ မင်းသမီးချောနဲ့ မြန်မာနိုင်ငံအိန္ဒိယရုပ်သံဇာတ်လမ်းတွဲလောကမှာ နာမည်ကြီးခဲ့တဲ့ ဘုန်းမီးနေလ မဟာအာသောက (Chakravatin Samarat Ashoka) နဲ့ တန်ခိုးတော်အနန္တ မဟာသီဝ (Devon Ke Dev Mahadev) မင်းသားချော Mohit Raina တို့ကနေ ပါဝင်သရုပ်ဆောင်ထားတာမို့လို့ အားလုံးသဘောကျကြမယ်လို့ ယုံကြည်ပါတယ်။
ဇာတ်လမ်းသဘောကတော့ အိန္ဒိယနယ်စပ်မြို့လေးမှာ
ကိုယ်ဝန်ဆောင်မိန်းကလေးတွေ ရက်ရက်စက်စက်အသတ်ခံခဲ့ရတာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီသေဆုံးမှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ အင်စပက်တာ အီမရန်ရှာဟစ်ဒ်ဟာ နယ်ခံသားဖွားမီးယပ်ဆရာဝန်လင်မယားဖြစ်တဲ့ မစ်ရ်သျူးနဲ့ဆိုနာမူကာဂျီးတို့လင်မယားတို့နဲ့ သက်ဆိုင်နေတယ်လို့ ယုံကြည်သွားခဲ့ပါတယ်။ ဒါပေမယ့်
ဆိုနာကတော့ ဒီသေဆုံးမှုတွေဟာသူတို့နဲ့မသက်ဆိုင်ဘူးဆိုတာကို သက်သေပြဖို့အတွက် မထင်မှတ်တဲ့လုပ်ရပ်တွေကိုလုပ်ဖို့ ကြံစည်ခဲ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…
ဘာသာပြန်သူကတော့ Aung Pyae Kyaw ဖြစ်ပြီး Lin Htike Aung ကနေ encode ပေးထားပါတယ်။
crd to mmsubtitlemoviesupdate

Tuesday, May 19, 2020

Malang (2020)

ကဲ Bollywood ပရိသတ်ကြီးအတွက် စောင့်မျှော်နေကြတဲ့ ရုံတင်ကားကြီးဖြစ်တဲ့ Malang ကို တင်ဆက်ပေးလိုက်ပါပြီ
2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူး
မင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါ
သီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲ
Romance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်
ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)
ဇာတ်လမ်းလေးကတော့”လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ””မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ”
“မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ” ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်
အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး  အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့
တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါ
ဇာတ်လမ်းအများကြီးမပြောတာ စပွိုင်းမိသွားမှာစိုးလို့ပါ နိုင်ငံတကာ ရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့
IMDb 6.6/10 နဲ့
Rotten 67% အထိရရှိထားတဲ့ ကားကောင်းတစ်ကားပါ
(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
crd to channelmyanmar

Awarapan (2007)

Awarapan(2007)
ဒီAwarapan 2007ဇာတ်ကားလေးကတော့ IMDB rating 7.2/10ရရှိထားတဲ့
ဇာတ်ကားတစ်ကားဖြစ်ပြီး
Action, Drama, Romance ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။
ဂန်းစတားတစ်ယောက်…သူ့ဘဝမှာ သစ္စာတရားဆိုတာကိုလက်ကိုင်ထားပြီး
ဂန်းစတားအဖွဲ့တစ်ခုဆီမှာလုပ်တယ်…
ကိစ္စတော်တော်များများဟာ သူ့ရဲ့လက်ရဲဇက်ရဲနဲ့
ထက်မြက်တဲ့ စဉ်းစားဉာဏ်တွေကြောင့်အောင်မြင်တယ်…
ဂန်းစတားခေါင်းဆောင်ကလည်း သူ့ကိုအားကိုးတယ်…
တစ်နေ့တော့ သူ့ကို လူကုန်ကူးခံရတဲ့မိန်းကလေးတစ်ယောက်ကို
သတ်ဖို့အမိန့်ပေးခြင်းခံရပါတယ်။ မိန်းကလေးတစ်ယောက်ကို သတ်ရမယ်ဆိုပေမဲ့လည်း
အမိန့်က အမိန့်ပဲမဟုတ်လား….
ဒီလုပ်ရပ်ကို သူမနှစ်မြို့ပေမယ့်လည်း သူသတ်ဖြတ်ဖို့စီစဉ်ပါတယ်…
သို့ပေမယ်… ဒီမိန်းကလေးအပေါ်မှာ သနားဂရုဏာသက်သွားပြီးတဲ့အချိန်မှာတော့
ဘယ်သူမှ မထင်ထားတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပါတော့တယ်…
သူ့ရွေးချယ်ထားတဲ့လမ်းကြောင့် ဂန်းစတားအဖွဲ့က သူ့ကို ဘယ်လို အဆုံးသတ်ပေးမလဲ..
သူချစ်ခင်သွားတဲ့ကောင်မလေးကရော ဘယ်သူဖြစ်မလဲ…
အန္တရယ်များလွန်းလှတဲ့ ဒီလမ်းကြောင်းကိုရော သူဖြတ်ကျော်နိုင်ပါ့မလား…..
အက်ရှင် ဇာတ်ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း……
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ဖြစ်ပါတယ်…..
crd to channelmyanmar

Friday, May 15, 2020

Disco Dancer (1982)

ကျနော့်တို့ ချာတိတ်အရွယ်က ကုလားကျော်ဟိန်း အဖြစ် နာမည်ကြီးသွားစေခဲ့တဲ့ မင်းသားကြီး မီသွန်း ချာကရာဘိုသီရဲ့ ဒစ္စကို ဒန်းစား….ခံစားကြည့်လိုက်ကြစို့လားဗျာ..
Disco Dancer (1982) ဟာ IMDb 6.4/10 Google users 81% ရထားသော ဒါရိုက်တာ Babbar Subhash ရိုက်ကူးထား၍  Rahi Masoom Reza, Deepak Balraj Vij က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Mithun Chakraborty, Kim, Kalpana Iyer တို့ပါဝင်သရုပ်ဆောင်ထားသော Drama, Musical, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ရိုးသားပြီး ကြိုးစားတဲ့ ပါရမီရှင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကြိုးစားရင်းနဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်လာတယ် ဒါပေမယ့် သူ့မိသားစုရဲ့ ရန်သူတော်ဟာ သူ့အောင်မြင်မှုကို  မနာလိုဖြစ် ဒုက္ခပေးရာမှ ဘယ်လို ဒရာမာ ဂီတ အချစ်ဇာတ်လမ်းတွေ ဖြစ်လာမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
crd to fofmm

Operation Parindey (2020)

Operation Parindey(2020)
ဒီဇာတ်ကားဟာAction, Drama, Thrillerအမျိုးအစားဖြစ်ပါတယ်။
အိန္ဒိယကိုအကြမ်းဖက်တိုက်ခိုက်ရေးရောက်လာတဲ့ရာဇဝတ်သားကိုလောယာဥ်ကွင်းတွင်ဖမ်းမိကာအချုပ်
ချထားရာရုတ်တရက်ဘယ်ကမှန်းမသိတဲ့ရဲတပ်ဖွဲ့ဝင်အတုတွေရောက်ရှိလာပြီးအကြမ်းဖက်သမားအပါအဝင်
အခြားအကျဥ်းသားတွေ ကိုကယ်ထုတ်သွားကြပါတယ်။
လန်ဂါခေါ် အစားအသောက်ပွဲစီစဥ်နေကြတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာလဲဘာမှပြင်ဆင်ချိန်မရလိုက်ပဲရုတ်တရက်ဒီလိုဖြစ်လာတာကြောင့်
မတားဆီးလိုက်နိုင်ခဲ့ပါဘူး အထက်အရာရှိကြီးရဲ့အမိန့်အရဒီကိစ္စကိုကိုင်တွယ်ဖို့နဲ့ ဖြေရှင်းဖို့အတွက်
ရောက်ရှိလာခဲ့တဲ့လျှို့ဝှက်စုံထောက် အဘီမာနဗ်က ၂၄နာရီနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမယ်ဆိုတာကိုတော့
ဇာတ်လမ်းမှာပဲကြည့်ရှုပေးကြပါလို့…….. ဇာတ်လမ်းအညွှန်းနဲ့
ဘာသာပြန်ပေးထားတာကတော့ Thaik San ပဲဖြစ်ပါတယ်။
crd to channelmyanmar

Monday, May 11, 2020

Hacked (2020)

Hacked(2020)
ဆမ်မီရာဆိုတဲ့ကောင်မလေးက ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာတစ်ယောက်ပါ…
စွဲမက်ဖွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သိပ်လှတဲ့ကောင်မလေးဖြစ်တဲ့အပြင် လုပ်ငန်းပိုင်းမှာလည်းအောင်မြင်မှုရလေတော့
ခုခေတ် Social Media ကိုလည်း လူသိများစေဖို့ နည်းလမ်းစုံအသုံးပြုတတ်တယ်…
တစ်နေတော့ သူမကိုကောင်လေးတစ်ယောက်က ကြွေသွားတယ်…
ဒီကောင်လေးက အသက်သာငယ်ပေမဲ့ အရမ်းတော်တဲ့ဟက်ကာတစ်ယောက်…
ပိုင်ဆိုင်ဖို့အတ္တတစ်ခုသာသိတဲ့ ဒီကောင်လေးဟာ သူအကျွမ်းကျင်ဆုံးဟက်ကာပညာရပ်တွေနဲ့
စောင့်ထိန်းအပ်တဲ့လောကဝတ်တွေကိုဘေးချိတ်ပြီး နည်းမျိုးစုံသုံးကာ ဆမ်မီရာကို လိုက်ပါတော့တယ်…
ဆမ်မီရာတစ်ယောက်ကို ဒီကောင်လေး ဘယ်လိုတွေ ချဉ်းကပ်လဲ…
သူချဉ်းကပ်တဲ့နည်းတွေကရော ဒီကောင်မလေးအတွက်
ဘယ်လိုခံစားရမလဲ…
ကောင်မလေးကရော ဘယ်လိုတွေဖြစ်မလဲ…သူမကရော ဒီလိုမျိုးချဉ်းကပ်တဲ့ကောင်လေးကို
ဘယ်လိုတုန့်ပြန်မလဲ…
ဒီဇာတ်ကားက ဒီဘက်ခေတ်နဲ့အတော်လိုက်ဖက်တယ်လို့တောင်ပြောလို့ရပါတယ်…
မိန်းကလေးတွေအတွက်ပညာပေးကားဖြစ်သလို
ဆောင်ရန်ရှောင်ရန်လေးတွေကို ခပ်မိုက်မိုက်ပြသွားတာပါ….
အညွှန်းနှင့်ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်….
crd to channelmyanmar

Raja Natwarlal (2014)

Raja Natwarlal(2014)
ဒီRraja Natwarlalဇာတ်ကားလေးကတော့ 2014ခုနှစ်ထွက်ရှိထားတဲ့ကားလေးဖြစ်ပြီးတော့ IMDB rating 6.1 ရ ရှိထားတဲ့ကားလေးဖြစ်ပါတယ်။Crime Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဇာမ်းလမ်းဇာတ်အိမ် တော်တော်ကောင်းပါတယ်…
ရာဂျာဟာဂိမ်းကစားပြီးငွေရှာတာဝါသနာပါတဲ့သူဖြစ်ပြီး
လောင်းကစားသမားအများစုကြုံလေ့ရှိတဲ့အတိုင်း ငွေက အမြဲပြတ်နေတတ်ပါတယ်။ဒါနဲ့ပဲသူ့ရဲ့အစ်ကိုရာဂဗ်နဲ့တိုင်ပင်ပြီးပိုက်ဆံရဖို့ဂွင်အကြီးကြီးရိုက်ပါတော့တယ်။သူတို့ဂွင်သွားရိုက်မိတဲ့သူကဘယ်သူဖြစ်နေမလဲ?သူလိုချင်တဲ့ပိုက်ဆံရောရနိုင်ပါ့မလား?Thriller အမျိုးအစားကြိုက်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း…
အညွှန်းနဲ့ဘာသာပြန်ကတော့Thaik Sanဖြစ်ပါတယ်…
crd to channelmyanmar

Wednesday, May 6, 2020

Qayamat Se Qayamat Tak (1988)

ရိုမီယိုနဲ့ ဂျူးလီယက်
ရှင်မွေးနွန်းနဲ့ မင်းနန္ဒာတို့လို အချစ်မျိုး
ရာ့ဂ်ျနဲ့ ရက်ရှ်မီတို့ရဲ့ ရင်နင့်ဖွယ် အချစ်ဇာတ်လမ်း…
မျက်ရည်မခိုင် အသည်းနုသူများ မကြည့်ရ….
Qayamat Se Qayamat Tak (From Doom Till Doom )(1988) ဟာ IMDb 7.5/10 Google users 85% ရထားသော ဒါရိုက်တာ Mansoor Khan ရိုက်ကူးထား၍  Nasir Hussain က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Aamir Khan, Juhi Chawla, Goga Kapoor တို့ပါဝင်သရုပ်ဆောင်ထားသော Drama, Musical, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ရာ့ဂ်ျရဲ့ ရက်ရှ်မီတို့ဟာ နှစ်ဖက် မိဘတွေက ခါးသီးတဲ့ ကမ္ဘာရန်သူတွေ ဖြစ်ကြပေမယ့် ချစ်ကြိုက်မိသွားကြပြီး ခိုးပြေးဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ခံစားကြည့်ရှုကြည့်ကြပါခင်ဗျာ….
crd to fofmm

Monday, May 4, 2020

Chalte Chalte (2003)

ဒီကား​က​တော့ roတဲ့​နေရာမှာဆရာကျတဲ့
King Of Heart ကြီး ရှရွတ်ခန်းရဲ့ ဂန္တဝင်​မြောက်ကားတစ်ကားပါ
Love at first sight ဆိုတဲ့အတိုင်း
ပရီယာဆိုတဲ့​ကောင်မ​လေးနဲ့ကားမ​တော်တဆဖြစ်ရာက
ရက်ဂျ်ဆိုတဲ့​ကောင်​လေးချစ်မိရာက
စပါတယ် ဘယ်​လောက်​​တောင်ချစ်လဲဆိုရင် ​
ကောင်မ​လေး​စေ့စပ်ပွဲလုပ်မယ့် ဂရိ အထိလိုက်သွားရ​လောက်တဲ့အထိပါပဲ
ဂရိအထိလိုက်တဲ့ခရီးစဥ်တ​​လျှောက်ပိုးပန်းပုံ
အဆင့်ဆင့်က​နေပညာယူလို့ရပါတယ်​နော်
တအားကိုချစ်တတ်ချင် roချင်​ပေမယ့်
ဘယ်ကစရမှန်းမသိတဲ့ကိုကို​​တွေလည်း
ဒီကားကိုကြည့်သင့်ပါတယ်​နော် ဒီကားက
သာမာန် ချစ်ကြိုက်ညား အချစ်ကား​တွေနဲ့မတူဘဲ
ချစ်သူဘဝက​နေ ညားတဲ့အထိ
ချစ်စရာ​ကောင်းတဲ့အပြုအမူ​လေး​တွေနဲ့
တအားကိုroပြီးချစ်တတ်တဲ့ ရက်ဂျ်နဲ့
တအားကိုဖင်ပိတ်အငြင်းသန်ဆဲ့
ပရီယာတို့ နှစ်​ယောက်ကိုကြည့်ပြီး
အချစ်ဓါတ်​​တွေ ကူးနိုင်ကြပါ​စေလို့…
crd to channelmyanmar

Bheeshma (2020)

ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့
မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။
မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။
ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်… ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားက
ဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကို
inspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။
ဒါပေမယ့်လည်း ကွဲလွဲနေတာတွေတော့ အများကြီးရှိပါတယ်။
ဒီကားထဲကမင်းသားဟာ တေလေဂျပိုး ၊ ကောလိပ်ကနေ အထုတ်ခံလိုက်ရတဲ့သူ။
ဘ၀မှာ ကံဆိုးတတ်သူမို့ ဂေါ်မစွံလူပျိုဘ၀နဲ့ သူပြောတဲ့စကားထဲကလို IAS (I Am Single) ဖြစ်နေသူ။
မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ရဲစခန်းရောက်
အပြစ်တွေကို အေစီပီအရာရှိလက်အောက်မှာ ဆေးကြောရင်း အေစီပီ့သမီးကို
ချစ်ကြိုက်မိရာကနေ သူ့ဘ၀ ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။
ဘာတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ့်ဘာသာ ခံစားလိုက်ပါတော့။
ဒီကားထဲမှာ အော်ဂဲနစ်(သဘာ၀နည်းနဲ့)စိုက်ပျိုးနည်း ၊ ဓာတုဆေးဝါးသုံးစွဲစိုက်ပျိုးနည်းတွေရဲ့ အကျိုးအပြစ်တွေကို
မှတ်သားလောက်စရာစကားတွေနဲ့ တင်ပြထားတာမို့ အချစ်ကားလိုလည်း ခံစားရမှာဖြစ်သလို
ဗဟုသုတရမယ့် ဇာတ်မြူးလေးလည်း ဖြစ်ပါတယ်လို့ ပဲ ညွှန်းဆိုလိုက်ပါရစေ….
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar

Baaghi 3 (2020)

မင်းသားချော တိုက်ဂါးရဲ့ ၂၀၂၀ထွက် အက်ရှင်ကြမ်းကြမ်းကားကြီး တင်ဆက်ပေးလိုက်ပါတယ်။
တိုက်ဂါးဆိုတာနဲ့ အက်ရှင်အလန်းတွေကို ပြေးမြင်ကြမှာ လူတိုင်းပါပဲ။
မကြာသေးခင်ကလည်း War မှာ လင်ပွားမင်းသားနဲ့အတူ အလန်းတွေ ချပြထားခဲ့တယ်။
Baaghi ဆိုတဲ့အတိုင်းပဲ လက်စားချေတဲ့ ဇာတ်လမ်းပေါ့။
အရင် Baaghi 1,2 ကတော့ ဇာတ်လမ်းချင်းတူပေမဲ့ Baaghiမှာတော့ မတူပါဘူး။
ဇာတ်လမ်းအကျဉ်းအရ ဖခင်ဆုံးပြီး နောက်ပိုင်း ညီအစ်ကို နှစ်ယောက် ကျန်နေခဲ့ပါတယ်။
အစ်ကိုကတော့ နုံနုံအအ ကြောက်တတ်တဲ့ ဗစ်ကရမ်၊ ညီကတော့ အစ်ကိုကို ထိရင် ငြိမ်မနေတတ်တဲ့ ရွန်နီ
သူတို့အဖေ ၊သူတို့အဘိုးဟာ ရဲအရာရှိတွေ၊ စံပြရဲသားကြီးတွေ။
ဒါကြောင့် အစ်ကိုဖြစ်သူ ဗစ်ကရမ်ကိုလည်း ညီဖြစ်တဲ့ ရွန်နီက ရဲအရာရှိလုပ်ခိုင်းခဲ့ပါတယ်။
လူရှိန်အောင်သာ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာ၊ တကယ်တော့ သူက ရာဇဝတ်သားတွေကို ကြောက်တတ်သူ။
ဒီလိုနဲ့ ရဲအရာရှိဖြစ်လာတော့ မြို့နယ်အတွင်း ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို ဝင်စီးရာကနေ ဗစ်ကရမ်ဟာ ပြန်ပေးဆွဲဂိုဏ်းရဲ့ ရန်သူဖြစ်လာပါတယ်။
အဲ့ဒီဂိုဏ်းဟာလည်း နိုင်ငံခြားသား အစွန်းရောက်တစ်ဦးရဲ့ လက်ပါးစေ အိန္ဒိယဂိုဏ်း၊ အာဏာကြီးသလို သတ်ဖြတ်ဖို့လည်း ဝန်မလေးတတ်သူတွေ။
ကြောက်တတ်တဲ့ နုံအအ ရဲသားတစ်ယောက်ဖြစ်တဲ့ ညီကိုအားကိုးနေရသူ ဗစ်ကရမ်ဟာ ဒီဂိုဏ်းသမားတွေနဲ့ ဘယ်လို ရင်ဆိုင်လာရမလဲ။
ရွန်နီ ပြောနေကျစကားရှိတယ်။ “ငါ့ကိုထိပါးလာရင် ငြိမ်ခံတတ်ပေမဲ့ ငါ့အစ်ကို ထိပါးလာရင်တော့ လက်ပိုက်ကြည့်မနေတတ်ဘူး”တဲ့။
ရွန်နီကရော ဘယ်အတိုင်းအတာထိ ကယ်တင်ပေးနိုင်မလဲဆိုတာကို အက်ရှင်အလန်းအစားတွေနဲ့အတူ မင်းသမီးချောချောလေးနဲ့ ကြည့်ရှုခံစားရမှာပါ။
ကဲ… အားလုံးပဲ …. “Get Ready To Figh”
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar

Friday, April 24, 2020

Shubh Mangal Zyada Saavdhan (2020)

မင်းသားချောကြီး အရွက်ရှ်မန်းရဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ကားသစ်စစ်စစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။
တစ်ကားနဲ့တစ်ကား မထပ်ရအောင် ကာရိုက်တာမျိုးစုံနဲ့ ရိုက်ပြီး အောင်မြင်မှုတွေ ယူတတ်တဲ့ မင်းသားချောဟာ ဒီတစ်ခါမှာ ဂေးဇာတ်ရုပ်နဲ့ မြင်ရမှာပါ။
ဂေးဆိုလို့ မြင်နေကျ ခပ်နွဲ့နွဲ့ ဟာသခြောက် မဟုတ်ပါဘူး။ ဒေါသကြီးကြီး စီးပွားရေးခြောက်လည်း မဟုတ်ပါဘူး။
သာမန်ယောကျ်ားတွေလိုပဲ နေပြီး ယောကျ်ားချင်းပဲ ကြိုက်တတ်တာပါ။(အခြောက်လို့ ခေါ်လားမခေါ်လားတော့ မသိဘူး၊ ဂေးဆိုတာကတော့ သေချာတယ်)
ကာသစ်နဲ့ အာမန်ဆိုတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ ဒေလီမှာ အလုပ်အတူလုပ်ရင်း ချစ်ကြိုက်နေကြတာပေါ့။
မိဘတွေ သိရင်တော့ ဘယ်လို နေမလဲ။ တစ်နေ့တော့ အာမန်ရဲ့ မိသားစုမှာ အစ်မတော်ရဲ့ မင်္ဂလာဆောင် ရှိလာတော့ အာမန်ကို မင်္ဂလာဆောင်လာခဲ့ဖို့ ခေါ်တယ်။
အာမန်မသွားချင်ပေမဲ့ မိသားစုကို တောင့်တနေသူ ကာသစ်ကတော့ သွားချင်တာပေါ့။
အာမန်ကို အတင်းတောင်းဆိုပြီး အာမန်ရဲ့ မိသားစုရှိရာ အလာဟာဘတ်ကို သူတို့ ချစ်သူနှစ်ဦး လိုက်သွားတဲ့အခါမှာတော့…
သူတို့ချစ်ခြင်းကို မထောက်မခံတဲ့ မိသားစု ပတ်ဝန်းကျင်ကို သူတို့ ရင်ဆိုင်တွေ့ဖို့ ဖြစ်လာပါတယ်။
ကဲ ဒီလောက်ဆို ကိုယ်တိုင်ခံစားကြည့်ရှုပေးဖို့ အဆင်သင့်ဖြစ်ပြီလား။
————————
အညွန်းကတော့ သိပ်ရေးလို့မဖြစ်ဘူးဗျ။
ကျွန်တော်တို့လည်း LGBT ဝန်းရံသူ၊ LGBT မဟုတ်တော့ ကိုယ့်အတွေးနဲ့ အညွန်းကို အလှဆင်ဖို့ ခက်နေပါတယ်။
အထူးတောင်းပန်ရမယ်ဆိုရင် ဒီလိုကိစ္စမျိုး(လိင်တူချစ်သူ)တွေကို သင်သဘောမကျဘူးဆိုရင် သင့်ရဲ့ ကလေးတွေကို ပေးကြည့်စေတာ မလုပ်မိစေချင်ပါ။
ကြည့်ရှုတာကနေ စိတ်ထဲ နေရာယူသွားတတ်ပါလို့ ဒီဇာတ်ကားထဲမှာ အပြာကားတွေကြည့်ရာက အပြာမင်းသမီးတွေကို မစွဲသွားဘဲ
အပြာမင်းသားတွေကို စွဲသွားတယ်ဆိုတာမျိုး စကားတွေနဲ့ လှစ်ဟထားသလို နောက်ထပ်လည်း ဆင်ခြေ၊ ဒဿနတွေ အများကြီးပါပါသေးတယ်။
ကဲ ဒီလို ကိုယ့်အကောင့်ထဲက ဒီလိုဇာတ်မျိုး ကြိုက်သူတွေကို memtionလုပ်လိုက်ပါဦး
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar

Bhoot: Part One - The Haunted Ship (2020)

ဘောလီဝုဒ်ဖန်တွေအတွက် မင်းသား Vicky Kaushal ၏ ရုံတင်ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့
Mystery, Horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကတော့ … မွန်ဘိုင်းမြို့ ဂျူဟူးကမ်းခြေကို သင်္ဘောပျက်ကြီးတစ်စီး လာသောင်တင်ခဲ့ပါတယ်
အမှန်ကတော့ ဒီသင်္ဘောပျက်ကြီးကို တခြားနေရာတစ်ခုကိုရွေ့ဖို့ ဆွဲသွားတာပါ
ဒါပေမဲ့ ဆွဲကြိုးပျက်သွားပြီး ဂျူဟူးကမ်းခြေကို ရောက်လာခဲ့တာပါ
သင်္ဘောပေါ်မှာလည်း ဘာလူသူမှမပါလာသလို ဒီသင်္ဘောကြီးကလည်း သရဲခြောက်ပါတယ်လို့ ကောလဟာလတွေထွက်နေပါတယ်
ဒီသင်္ဘောကြီးကို သင်္ဘောဋ္ဌာနက စစ်ဆေးရေးအရာရှိ ပရိသ်ဗီးက စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ …..
………..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
crd to channelmyanmar

Bamfaad (2020)

ဘောလီဝုဒ်ဖန်တွေအတွက် အချစ်ကားအသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
သရုပ်ဆောင်နှစ်ယောက်လုံးက မျက်နှာသစ်တွေဆိုပေမယ့် မင်းသမီးကတော့ Arjun Reddy ဇာတ်ကားထဲက
မင်းသမီးချောလေး Shalini Pandey ရဲ့ ဘောလီဝုဒ်ပွဲဦးထွက် ဇာတ်ကားလည်းဖြစ်ပါတယ်
အဓိကမင်းသားကတော့ နာမည်ကြီးသရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ Paresh Rawal
(Sanju ဇာတ်ကားထဲမှ ဆန်ဂျူး၏ဖခင်နေရာ၌သရုပ်ဆောင်သောမင်းသားကြီး) ၏ သား Aditya Rawal ပဲဖြစ်ပါတယ်
သရုပ်နှစ်ဆောင်နှစ်ယောက်လုံးက အသစ်တွေဆိုပေမယ့် စကေးတွေကတော့ မညံ့ပါဘူ
း ဇာတ်လမ်းလေးကတော့ နာတီးဆိုတဲ့ ခပ်ပေပေခပ်ဆိုးဆိုးချာတိတ်တစ်ယောက်ရှိတယ်
ဘာအလုပ်မှမယ်မယ်ရရမရှိဘဲ နေ့စဉ်အလေလိုက်ရန်ဖြစ် ဒါနဲ့ပဲအချိန်ကုန်နေတတ်တဲ့ကောင်မျိုးပေါ့
တနေ့မှာတော့ အမှတ်မထင် နီလမ်းဆိုတဲ့ကောင်မလေးကိုတွေ့ပြီး စိတ်ဝင်စားသွားခဲ့တယ်
ဖြစ်ချင်တော့ ဒီကောင်မလေးဟာ သူတို့ဒေသက တကယ့်အကောင်လိုပြောလို့ရတဲ့ ဂျီဂဲရ်ရဲ့အပတ်သတ်ဖြစ်နေတယ်
ဒီတော့ ဒီလူဆိုးလက်က ဒီကောင်မလေးကို ကယ်တင်နိုင်ပါ့မလား သူတို့အချစ်ရေးကရော ဖြောင့်ဖြူးပါ့မလားဆိုတာကို ………..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
crd to channelmyanmar

World Famous Lover (2020)


လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ် 
ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့ သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။
ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊ သူ့ချစ်သူ(ယမနီ – ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။
ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။
စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ…။ ယမနီအတွက်တော့ နေ့စဉ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျ်ား
ယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျ်ားကို မြင်ရလိုက်
ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျ်ားအပေါ် စိတ်ကုန်လာခဲ့ပါတယ်။
ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေဖြစ်လာပြီး ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး…. ပြတ်စဲကြရတော့တယ်….။
ချစ်သူနဲ့အတူနေချိန်မှာ ခေါင်းထဲက ဘာအကြောင်းအရာမှမထွက်သလို၊ နှလုံးသားထဲကနေလည်း ဘာမှဆွဲထုတ်လို့မရခဲ့တဲ့ ဂေါ်သမ်ဟာ စာတွေရေးဖြစ်လာခဲ့တယ်။
သူရေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ သူကိုယ်တိုင် ဇာတ်လိုက်အဖြစ်နဲ့ ခံစားပြီး ရေးလိုက်တာတွေကြောင့် သူ့ဇာတ်လမ်းတွေဟာ သူ့စရိုက်
သူ့စိတ်ထားနဲ့ အချစ်အပေါ် သူမြင်တဲ့အမြင်တွေနဲ့ ပြည့်နှက်နေတော့တယ်။
ဒီဇာတ်လမ်းကို သရုပ်ဆောင်ထားတဲ့သူက Geetha Govindam , Dear Comrade တို့လို ဇာတ်ကားလေးတွေကို ပရိတ်သတ်ရင်ထဲကို ရောက်လာခဲ့သူ Vijay Deverakonda ဖြစ်ပြီး
မင်းသမီးကလည်း အိန္ဒိယဇာတ်ကားပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ ပုရိသတို့ရဲ့ အသည်းကျော်လေး Raashi Khanna ဖြစ်ပါတယ်။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar