Friday, April 24, 2020

Shubh Mangal Zyada Saavdhan (2020)

မင်းသားချောကြီး အရွက်ရှ်မန်းရဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ကားသစ်စစ်စစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။
တစ်ကားနဲ့တစ်ကား မထပ်ရအောင် ကာရိုက်တာမျိုးစုံနဲ့ ရိုက်ပြီး အောင်မြင်မှုတွေ ယူတတ်တဲ့ မင်းသားချောဟာ ဒီတစ်ခါမှာ ဂေးဇာတ်ရုပ်နဲ့ မြင်ရမှာပါ။
ဂေးဆိုလို့ မြင်နေကျ ခပ်နွဲ့နွဲ့ ဟာသခြောက် မဟုတ်ပါဘူး။ ဒေါသကြီးကြီး စီးပွားရေးခြောက်လည်း မဟုတ်ပါဘူး။
သာမန်ယောကျ်ားတွေလိုပဲ နေပြီး ယောကျ်ားချင်းပဲ ကြိုက်တတ်တာပါ။(အခြောက်လို့ ခေါ်လားမခေါ်လားတော့ မသိဘူး၊ ဂေးဆိုတာကတော့ သေချာတယ်)
ကာသစ်နဲ့ အာမန်ဆိုတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ ဒေလီမှာ အလုပ်အတူလုပ်ရင်း ချစ်ကြိုက်နေကြတာပေါ့။
မိဘတွေ သိရင်တော့ ဘယ်လို နေမလဲ။ တစ်နေ့တော့ အာမန်ရဲ့ မိသားစုမှာ အစ်မတော်ရဲ့ မင်္ဂလာဆောင် ရှိလာတော့ အာမန်ကို မင်္ဂလာဆောင်လာခဲ့ဖို့ ခေါ်တယ်။
အာမန်မသွားချင်ပေမဲ့ မိသားစုကို တောင့်တနေသူ ကာသစ်ကတော့ သွားချင်တာပေါ့။
အာမန်ကို အတင်းတောင်းဆိုပြီး အာမန်ရဲ့ မိသားစုရှိရာ အလာဟာဘတ်ကို သူတို့ ချစ်သူနှစ်ဦး လိုက်သွားတဲ့အခါမှာတော့…
သူတို့ချစ်ခြင်းကို မထောက်မခံတဲ့ မိသားစု ပတ်ဝန်းကျင်ကို သူတို့ ရင်ဆိုင်တွေ့ဖို့ ဖြစ်လာပါတယ်။
ကဲ ဒီလောက်ဆို ကိုယ်တိုင်ခံစားကြည့်ရှုပေးဖို့ အဆင်သင့်ဖြစ်ပြီလား။
————————
အညွန်းကတော့ သိပ်ရေးလို့မဖြစ်ဘူးဗျ။
ကျွန်တော်တို့လည်း LGBT ဝန်းရံသူ၊ LGBT မဟုတ်တော့ ကိုယ့်အတွေးနဲ့ အညွန်းကို အလှဆင်ဖို့ ခက်နေပါတယ်။
အထူးတောင်းပန်ရမယ်ဆိုရင် ဒီလိုကိစ္စမျိုး(လိင်တူချစ်သူ)တွေကို သင်သဘောမကျဘူးဆိုရင် သင့်ရဲ့ ကလေးတွေကို ပေးကြည့်စေတာ မလုပ်မိစေချင်ပါ။
ကြည့်ရှုတာကနေ စိတ်ထဲ နေရာယူသွားတတ်ပါလို့ ဒီဇာတ်ကားထဲမှာ အပြာကားတွေကြည့်ရာက အပြာမင်းသမီးတွေကို မစွဲသွားဘဲ
အပြာမင်းသားတွေကို စွဲသွားတယ်ဆိုတာမျိုး စကားတွေနဲ့ လှစ်ဟထားသလို နောက်ထပ်လည်း ဆင်ခြေ၊ ဒဿနတွေ အများကြီးပါပါသေးတယ်။
ကဲ ဒီလို ကိုယ့်အကောင့်ထဲက ဒီလိုဇာတ်မျိုး ကြိုက်သူတွေကို memtionလုပ်လိုက်ပါဦး
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar

No comments:

Post a Comment