Showing posts with label Movies. Show all posts
Showing posts with label Movies. Show all posts

Friday, September 6, 2019

Dhada (2011)

Dhada (2011)
Rating.3.7 (Action, Comedy)

(Zawgyi)
ဒီကားလေးက. . .
 လူဆိုးဂိုဏ်းရဲ့ အငြိုးအတေးထား ကလဲ့စားချေဖို့ ကြိုးစားကြပုံအကြောင်းကို အချစ် အလွမ်း အကြမ်း စုံလင်စွာနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးပါ. . .
အားပေးကြပါဦးခင်ဗျ

(Unicode)

ဒီကားလေးက. . .
အမေရိကားမှာနေတဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်
အသက်မပြည့်တဲ့ မိန်းကလေးတွေကို လူကုန်ကူးတဲ့ လူဆိုးဂိုဏ်းတစ်ခုနဲ့ သွားပြီး ပက်သက်မိရာက
လူဆိုးဂိုဏ်းရဲ့ အငြိုးအတေးထား ကလဲ့စားချေဖို ့ ့ကြိုးစားကြပုံအကြောင်းကို အချစ် အလွမ်း အကြမ်း စုံလင်စွာနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးပါ. . .

မဟုတ်မခံစိတ်နဲ့ ဆတ်ဆတ်ကြဲ
ကျောင်းသားလေး အဖြစ် မင်းသားချော  Naga Chaitanya Akkineni
ဖခင်ရဲ့ ချုပ်မှုတွေအောက်မှာ နေလာရတဲ့ သူဌေးသမီးလေး အဖြစ်
မင်းသမီးချော Kajal Aggarwal နဂိုက သာမာန်ရုံးဝန်ထမ်းလေးဆိုပေမယ့်
လူဆိုးဂိုးဏ်းရဲ့ ခြိမ်းခြောက်မှုကြောင့် ကိုယ့်ယောက္ခမကိုယ်ပြန်သတ်ပြီး ညီနဲ့ မိန်းမမသိအောင် ဖုံးကွယ်ထားခဲ့ရတဲ့ အကိုတစ်ယောက် အဖြစ် Srikanth တို ့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်

ကြမ်းကြမ်းကြိုက်တဲ့ ပရိတ်သတ်အတွက်
ဂန်းစတားဇာတ်ကားတစ်ကားမို ့လက်မလွတ်တမ်း
အားပေးကြပါဦးခင်ဗျ

Reviewed & Translated By Myint Thu(ငှက်ကလေး-နည်းပညာ)

Encoded by – Win Kyaw Thu

crd to fofmm

Movie Trailer


Thursday, September 5, 2019

Blood 13 (2018)

Blood 13 (2018)
Rating.7.7 (Crime, Drama, Horror)

စိတ်မြန်လက်မြန်လုပ်တတ်လေ့ရှိတဲ့ စုံထောက် ရှင်းမင်က လူသတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးနေရပါတယ်။ အဲ့ဒီလူသတ်မှုမှာ လူသတ်သမားက အလောင်းတွေကိုအဝတ်ဗလာနဲ့ မြေအောက်ထပ်ရဲ့ ရေချိုးခန်းမှာ တန်းလန်းတွေချိတ်ဆွဲ
ပြီးထားထားခဲ့လေ့ရှိပါတယ်။ စုံထောက်ဟောင်း
တစ်ယောက်ဖြစ်တဲ့ လောင်ကျောန့်ဟာလည်း ဒီအမှုဟာ
လွန်ခဲ့တဲ့၁၅နှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ကွင်းဆက် ပြည့်တန်ဆာ လူသတ်မှုနဲ့ ဆက်စပ်နေတယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ ရှင်းမင်တစ်ယောက် လူသတ်သမားကို
ခြေရာခံလိုက်ရင်းနဲ့ သူမရဲ့မသိစိတ်ထဲကဖြစ်ပေါ်နေတဲ့
ငယ်စဉ်တုန်းက ဖြစ်ပွားခဲ့တဲ့ ပြည့်တန်ဆာနဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာတွေကြောင့် လူသတ်သမားကို သူမကိုယ်တိုင် တားမနိုင်ဆီးမရ ဖမ်းနိုင်ရမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒီအမှုကို ဖြေရှင်းနိုင်ဖို့အတွက် သူမရဲ့အိမ်မက်ဆိုးတွေကို ဘယ်လိုအနိုင်ယူပြီး အမှန်တရားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်သပ်ရှုမောကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
crd to fofmm

Movie Trailer

 


Coyote Lake (2019)

Coyote Lake (2019)
Rating.4.7 (Thriller)

ယူအက်စ် မက်ဆီကို နယ်စပ်မျဉ်းနားက
ရေကန်ကြီးတစ်ကန်အနီးမှ
ထူးဆန်းသောသားအမိနှစ်ယောက်
တရားမဝင်ခိုးဝင်လာတဲ့
မက်ဆီကန်များကို မှောင်ခိုသွင်းပေးနေတဲ့
လမ်းကြောင်းမှာ ဖွင့်ထားသော တည်းခိုခန်း
တည်းခိုခန်းမှာ လာတည်းတဲ့ သူတွေ မကြာခဏ
ပျောက်ပျောက်နေရခြင်းရဲ့ အကြောင်းအရင်းအစစ်အမှန်
အဆိုပါတည်းခိုခန်းကို မမျှော်လင့်ဘဲ ရောက်လာတဲ့
လူနှစ်ယောက်ကြောင့် အပြောင်းလဲကြီး ပြောင်းလဲခဲ့ရတဲ့
ဒီဘဝကနေရုန်းထွက်ဖို့ ကြိုးစားနေခဲ့ရသူ
အချစ်ဦးကိုဆုံးရှုံးခဲ့ရသူ အက်စတာတစ်ယောက်
မိခင်ဖြစ်သူ၏ထူးဆန်းလာမှု တွေကို
နားမလည်နိုင်ဖြစ်နေခဲ့ရပြီးနောက်
ငွေကြေး ဥစ္စာဓနရဲ့ နောက်ကွယ်က မိခင်၏
စိတ်သဘောထားအမှန်ကို သိလိုက်ရချိန်မှာ
ဘယ်လိုဆုံးဖြတ်ချက် ချလိုက်သလဲဆိုတာ
ကြည့်ရှူခံစားရမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်
အသက် ၁၈ မပြည့်သေးသူများ
ကြည့်ရှူရန်မသင့်သည့်
ဇာတ်ဝင်ခန်းအချို့ ပါဝင်ပါသည်၊၊
ရုပ်ရှင်ကားကို ဘာသာပြန်ပြီး
အညွှန်းရေးပေးထားတာကတော့
Nyan Lin Oo ဖြစ်ပါတယ်
crd to channelmyanmar

Movie Trailer

 

Django Unchained (2012)

Django Unchained (2012)
Rating.8.4 (Drama, Western)

2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲ
လူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။
လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။
သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။
အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။
တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်း
တစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။
အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကို
အဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။
အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။
လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီး
သေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ဝရမ်းပြေးတွေကို လိုက်ဖမ်းတော့တယ်။
ရောက်လေရာမှာ Django ကို အားလုံးက သောက်မြင်ကတ်ကြတယ်။
ကြည့်မရကြဘူး။ ဒီ လူမည်းကောင်က ဘာလဲပေါ့။ မတန်မရာ ပေါ့။
သူ့ဆရာ လူဖြူကြီးကိုလည်း နားမလည်နိုင်ကြဘူး။
ကျွန်ကောင်တွေကို နေရာပေးရကောင်းလားဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ကြတယ်။
ဒီကားထွက်လာချိန်မှာ ဒါရိုက်တာကြီး Spike Lee တို့ကအစ သမိုင်းကို
ပေါက်ကရ လုပ်လို့ဆိုပြီး Tarantino ကို ဝေဖန်တယ်။
ဒါပေမယ့် Tarantino ဆိုတာ ဒါပဲလေ။ ထူးဆန်းတဲ့ ဇာတ်လမ်းတွေ ဖန်တီးနေတဲ့ ဘဲကြီးပဲ။
သူသာ မြန်မာလူမျိုးတစ်ယောက်ရင် ဘုရားပေါ်မှာ ယောကျာ်းမတက်ရ
ဆိုင်းဘုတ်ထောင်တဲ့ မိန်းမတွေအကြောင်း ဇာတ်လမ်းဆင် ရိုက်မလားမသိ။
အမေရိက ကျွန်စနစ် ကြီးကို Tarantino မျက်လုံးကနေ
တစ်ဆင့် ကြည့်ကြည့်ချင်တယ်ဆိုရင်တော့ Django Unchained ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။
crd to channelmyanmar

Movie Trailer

 

Astro Kid (2019)

Astro Kid (2019)
Rating.6.3 (Animation, Adventure, Comedy)

ဒါကတော့ချစ်စရာကာတွန်းကားကောင်းလေးတွေကိုနှစ်သက်ကြတဲ့ပရိသတ်တွေအတွက်
လက်တလောပူပူနွေးနွေးထွက်ထားတဲ့ ပြင်သစ်animationကားလေးပဲဖြစ်ပါတယ်။
ဒီကားလေးမှာ အာကာသစူးစမ်းရှာဖွေသူမိဘတွေနဲ့
အာကာသထဲလိုက်သွားတဲ့ဝေလီလေးတစ်ယောက်
သူတို့ယာဉ်ပျက်ဆီးပြီးမိဘတွေနဲ့ကွဲကာ ဂြိုလ်တစ်ခုပေါ်ရောက်သွားပါတယ်။
ဒါပေမယ်ဆင်းသက်တဲ့ယာဉ်ထဲမှာ
သူ့ကိုဂြိုလ်ပေါ်မှာ ရှင်သန်နေထိုင်ရာမှာကူညီကာကွယ်ပေးဖို့
ဘက်ခ်ဆိုတဲ့စက်ရုပ်လေးလည်းရှိပါတယ်။
ပြီးတော့အဲ့ဂြိုလ်ပေါ်ကချစ်စရာအကောင်လေးဖလက်ရှ်နဲ့လည်း
သူငယ်ချင်းတွေဖြစ်သွားပြီး
သူ့မိဘတွေသူ့ကိုလာမကယ်မချင်း
သူတို့ဂြိုလ်ပေါ်မှာ စွန့်စားခန်းလေးတွေလုပ်ကြပါတော့တယ်။
ဒီကားလေးမှာ ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းလေးတွေ
ချစ်စရာအကောင်လေးတွေနဲ့အချင်းချင်းရိုင်းပင်းကူညီကြပုံ‌‌
ပျော်စရာလေးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီကားလေးကတော့ Hollywoodကထွက်ရှိနေကြကာတွန်းကားတွေလိုမဟုတ်ပဲ
အရင်တုန်းကကာတွန်းကားလေးတွေလိုမျိုးကို ပြန်လည်ဆန်းသစ်ပြီး
အရောင်အသွေးစုံစုံလင်လင်နဲ့ ချစ်စဖွယ်တင်ဆက်ထားတဲ့
ချစ်စရာကာတွန်းကားလေးတစ်ကားဖြစ်ပါတယ်။
 crd to channelmyanmar

Movie Trailer 

 

Sextuplets (2019)

Sextuplets (2019)
Rating.4.4 (Comedy)

ဒါကတော့Netflixက လက်တလောပူပူနွေးနွေး ထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားပါ။
မိဘအရင်းတွေဘယ်သူမှန်းမသိတဲ့လူတစ်ယောက်အတွက်တော့
ကိုယ့်မိဘတွေကဘယ်သူလဲ ဘာလို့ကိုယ့်ကိုစွန့်ပစ်ခဲ့တာလဲ
မောင်နှမတွေကရောဘယ်သူတွေလဲ
အခုအချိန်မှာအရမ်းချမ်းသာပြီးအောင်မြင်နေကြပြီလားလို့ တွေးနေမိမှာပါပဲ။
ဒီကားမှာတော့ မိဘအရင်းတွေကိုမသိပေမယ့်
ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပြီး ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်နဲ့
အိမ်ထောက်ကျကာ မကြာခင်ဖခင်ဖြစ်တော့မယ့်
အယ်လန်တစ်ယောက် သူ့ကလေးမမွေးခင်လေးမှာပဲ
သူ့အမေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။
နောက်တော့ Sextuplets ဆိုတဲ့အတိုင်းပဲ
သူတို့ကိုသူ့အမေကခြောက်မြွာပူးမွေးခဲ့မှန်းသိသွားတဲ့အချိန်မှာတော့
အမေနဲ့နေတဲ့သူ့အမြွာညီတစ်ယောက်နဲ့အတူ
နောက်မောင်နှမတွေကိုလိုက်ရှာဖို့ဖြစ်လာပါတော့တယ်။
သူ့မောင်နှမတွေကောင်းကောင်းမွန်မွန်ရှိနေမယ်လို့ထင်ထားပြီး
မိသားစုတွေပြန်လည်ပေါင်းစည်းချင်နေတဲ့အယ်လန်တစ်ယောက်
သူ့ခရီးစဉ်မှာ ဘယ်လိုပေါက်ကရအလွဲတွေနဲ့ တွေ့ကြုံရမလဲဆိုတာကိုတော့
ဒီဟာသကားလေးမှာ တစ်ချိလုံးခွီပြီး ကြည့်ရှုရမှာပါ။
crd to channelmyanmar

Movie Trailer

 

Hero (2002)

Hero (2002)
Rating.7.9 (Action, Adventure, History)

Hero (သူရဲကောင်း) ဆိုတာ
ဘယ်လိုလူမျိုးတွေကို ရည်ညွှန်းပါသလဲ?
တဦးတယောက်ကနေ ပြိုင်ဘက်အများကြီးကို အလဲထိုးအနိုင်ယူသူတွေကို ခေါ်ပါသလား?
ကိုယ်ကျိုးကို မငဲ့ဘဲ အများအတွက်
စွန့်လွှတ်စွန့်စားသူများကို ဆိုလိုပါသလား?
Hero (2002 film) ကို ကြည့်ပြီးရင်တော့
အဖြေတခုခု ထွက်လာနိုင်ပါတယ်။
Hero ရုပ်ရှင်ကို စပြီးကြည့်ဖူးစက ယုတ္တိမတန်တဲ့ သာမန်တရုတ်သိုင်းကားတကားလို့ပဲ ထင်ခဲ့မိပါတယ်။
နောက်ကြောင်းက ခဏခဏပြန်ပြ၊
ဒီကြားထဲစိတ်ကူးထဲမှာပါ သိုင်းကွက်တွေထုတ်နဲ့ … အလေးအနက်မကြည့်မိခဲ့ပါဘူး။
နောက်ပိုင်းမှာ အော်စကာ ဆန်ကာတင်စာရင်းမှာ
နိုင်ငံခြားဇာတ်ကားအနေနဲ့ ပါလာတော့မှ စိတ်ဝင်စားသွားလို့ သေချာပြန်ကြည့်ဖြစ်ပါတယ်။
စွမ်းအားလွန်သိုင်းကွက်တွေကို ဖယ်ပြီးကြည့်မယ်ဆိုရင်
အနှစ်သာရရှိတဲ့ ဇာတ်ကားလို့မြင်မိပါတယ်။
ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့
Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့
အမည်မရှိဓားသမား (သုည)ဟာ
နန်းတွင်းကို ၀င်ရောက်ခစားခဲ့ပါတယ်။
နန်းတွင်းကို ၀င်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖို့အတွက်
သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့
လူစွမ်းကောင်းသုံးယောက် (Long Sky, Flying Snow, Broken Sword) ကို နှိမ်နှင်းခဲ့ရတယ်လို့ ဆိုပါတယ်။
*Spoiler alert!*
သာမန်လူဆိုရင် ခြေလှမ်းတရာအကွာလောက်မှာ နေရပေမယ့်
သုညဟာ ဘုရင်ကြီးရဲ့ရန်သူတော်တွေကို သူဘယ်လိုနှိမ်နှင်းခဲ့တယ်ဆိုတာ
ပြန်ပြောင်းပြောရင်း ဘုရင့်အနားကို
တဖြည်းဖြည်းချင်း နီးကပ်ခွင့်ရခဲ့ပါတယ်။
ဒီအချိန်မှာ ဘုရင်ကြီးသိလာတာက
သုညဟာလည်း သူ့ကိုလုပ်ကြံဖို့အတွက်
အကွက်ချပြီး အနားကပ်ခွင့်ရအောင် ကြံခဲ့တယ်ဆိုတာပါပဲ။
တကယ်တော့ သုညဟာ ချင်ဘုရင်ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ကျောက် (Zhao) နိုင်ငံသားတဦးဖြစ်ပြီး ချင်ဘုရင်ကို လက်စားချေခွင့်ရဖို့ စီမံကိန်းဆွဲကြံစည်ခဲ့သူပဲ ဖြစ်ပါတယ်။
ဒါကို ချင်ဘုရင်သိလိုက်တဲ့အချိန်မှာ သူ့အတွက် နောက်ကျနေပါပြီ ….
သူ့ရဲ့သက်တော်စောင့်တပ်နဲ့ အလှမ်းဝေးပြီး သုညရဲ့ ဓားစွမ်းအရဆိုရင်
ဘုရင်ကြီးအနေနဲ့ အသက်ဆုံးရှုံးဖို့ပဲ ရှိပါတော့တယ်။
ဒီအချိန်မှာ အံ့အားသင့်စရာကောင်းတာက
သုညဟာ ချင်ဘုရင်ကို လုပ်ကြံဖို့ အကြံအစည်ကို စွန့်လွှတ်လိုက်တာပါပဲ။
သုညအနေနဲ့ သူကြံစည်ခဲ့တဲ့ အခွင့်အရေးဟာ
လက်တကမ်းကို ရောက်လာပေမယ့်
ဘာကြောင့်များ စွန့်လွှတ်လိုက်ပါသလဲ …?
ဒီအချက်ဟာ ဇာတ်ကားရဲ့ အနှစ်သာရပါပဲ ……
…………………………………………………………….
ဇာတ်အိမ်တည်ရာကာလဟာ တရုတ်နိုင်ငံအနေနဲ့ တိုင်းပြည်ငယ်လေးတွေအဖြစ် ဖရိုဖရဲဖြစ်နေချိန် ဖြစ်ပါတယ်။
ဘာသာစကား၊ ယဉ်ကျေးမှု အမျိုးမျိုးကွဲနေတဲ့ နိုင်ငံငယ်တွေကို
ချင်ဘုရင်ဟာ သိမ်းပိုက်စုစည်းခဲ့ပါတယ်။
တိုင်းပြည်ဟာ စုစည်းလာပေမယ့် ချင်ဘုရင်အတွက်တော့
ရန်သူတွေ များလာပါတယ်။
အဲဒီထဲမှာ ကျောက်နိုင်ငံသားတွေဖြစ်တဲ့ သုည၊
‘ဓားကျိုး’ နဲ့ ‘နှင်း’ဇနီးမောင်နှံ ပါဝင်ပါတယ်။
သူတို့ဇနီးမောင်နှံဟာလည်း တချိန်က ချင်ဘုရင်ကို လုပ်ကြံဖို့
နန်းတော်အတွင်းကို ၀င်ရောက်တိုက်ခိုက်နိုင်ခဲ့ဖူးပါတယ်။
ဘုရင်ကို လုပ်ကြံနိုင်လုနီးပါး ဖြစ်ခဲ့ပေမယ့်
ဓားကျိုးဟာ စိတ်ကူးပြောင်းသွားပြီး ဘုရင်ကို မသတ်ဘဲ လှည့်ပြန်ခဲ့ဖူးပါတယ်။
သူဟာ သုညရဲ့ အစီအစဉ်ကိုသိရတော့လည်း တားပါသေးတယ်။
တားမရတော့ သုညကို မြေကြီးမှာ စာတလုံးပဲ ရေးပြပါတယ်။
အဲ့ဒါကတော့ တို့နိုင်ငံ (Our Land) ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။
ဒီစာလုံးကပဲ သုညရဲ့ စိတ်ကူးကို ပြောင်းလဲပေးခဲ့ပြန်ပါတယ်။
သူတို့ဟာ လူသားပီပီ ပုဂ္ဂလဓိဌာန်ခံစားချက်ကို ရှေ့တန်းတင်ပြီး လက်စားချေဖို့ ကြံစည်ခဲ့ကြပေမယ့် အဲဒီကိစ္စထက် အရေးကြီးသောအရာကို သူတို့မြင်ခဲ့ကြပါတယ်။
ဒါကတော့ ချင်ဘုရင်စုစည်းတည်ဆောက်နေတဲ့ သူတို့နိုင်ငံတော်ပဲ ဖြစ်ပါတယ်။
ဘာသာစကားအပြင် အလေးတင်းတောင်းချိန်တွယ်တာကအစ ကွဲပြားနေတဲ့ သူတို့နိုင်ငံဟာ ချင်ဘုရင်စုစည်းတည်ဆောက်မှ ရတော့မယ်ဆိုတာ သူတို့သိမြင်လာပါတယ်။
ဒါကြောင့်ပဲ သူတို့ရဲ့ နာကြည်းမှုတွေကို မြိုသိပ်ခဲ့ပါတယ်။
နောက်ဆုံးမှာ သူတို့ရဲ့ အသက်တွေကိုပါ စွန့်လွှတ်တဲ့အထိ ပေးဆပ်နိုင်ခဲ့ပါတယ်။
ဒါဟာ Hero ဇာတ်ကားမှာ ပြဌာန်းခဲ့တဲ့ သူရဲကောင်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
တကယ်တော့ သူရဲကောင်းဆိုတာ အလုံးစုံကို အနိုင်ယူနိုင်မှ၊ စွမ်းအားပြနိုင်မှ မဟုတ်ပါဘူး။
မိမိစွမ်းဆောင်နိုင်စွမ်းဟာ လက်တကမ်းမှာ ရောက်နေသည့်တိုင်အောင် ရေရှည်အတွက် အများကောင်းကျိုးအတွက် မိမိဆန္ဒ မိမိဘ၀ကို အနစ်နာခံစွန့်လွှတ်ခဲ့သူများဟာလည်း hero များပဲ ဖြစ်ပါတယ်။
ဒါရိုက်တာ ကျန်းယီမူး (Zhang Yimou) ရဲ့ လက်ရာဖြစ်တဲ့ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ရာတွေ ရှိခဲ့ပါတယ်။ တချက်ကတော့ ဓားကျိုးရေးပြခဲ့တဲ့ Tianxia ဆိုတဲ့စာလုံးရဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ဒါဟာစိတ်ကူးယဉ်သက်သက်ပဲ လက်တွေ့မဖြစ်နိုင်ဘူးလို့ ငြင်းကြပါတယ်။
တရုတ်သမိုင်းမှာလည်း ချင်ဘုရင် Qin Shi Huang ကို လုပ်ကြံဖို့ Jing Ke ဆိုသူဟာ ကြိုးစားခဲ့ပါတယ်။
(သူကတော့ ချင်ဘုရင်ကို တိုက်ခိုက်ရာမှာ မအောင်မြင်ဘဲ သက်တော်စောင့်များရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။)
ဘာပဲဖြစ်ဖြစ် အော်စကာဆုဆန်ကာတင်စာရင်းဝင်တဲ့အပြင်
တခြားဆုတွေလည်း ရရှိခဲ့တဲ့ Hero ဇာတ်ကားဟာ
Hero သူရဲကောင်းဆိုတဲ့ အဓိပ္ပာယ်ကို ရှုထောင့်တခုကနေ ဖွင့်ဆိုပြနိုင်တဲ့ရုပ်ရှင်လို့ ညွှန်းချင်ပါတယ်။
Phoe Thant (28.4.16)
(ရုပ်ရှင်အညွှန်းကို Ko Phoe Thant Facebook မှကူးယူဖော်ပြပါသည်။)

တကယ့်ဖြစ်ရပ်မှန်သမိုင်းကိုသိချင်ရင်တော့ တရုတ်ပြည်ရဲ့ ပထမဆုံးဧကရာဇ် [ Shi Huang Di စစ့်ဟွမ်သိ သို့မဟုတ် 秦始皇 Qin Shi Huang ချင်စစ့်ဟွမ် ( မြန်မာတွေက ရှီဟွမ်တီဘုရင်ဟုသိကြ) ] အကြောင်းကို 天下第一 Facebook Page မှာရေးသားထားတာ သွားဖတ်ကြည့်သင့်ပါတယ်။ ရှီဟွမ်တီဘုရင်နဲ့ပတ်သက်လို့ အတော်ကို စုံလင်အောင်ဖော်ပြထားပါတယ်။ ဒီလင့်မှာ သွားဖတ်လို့ရပါတယ်>>>>>https://www.facebook.com/tianxiadiyi888888/posts/2330477387221339
crd to channelmyanmar

Movie Trailer

 

So Close (2002)

So Close (2002)
Rating.6.7 (Action, Adventure, Comedy)

ဒီကားလေးတော့မကြည့်ဖူးတဲ့သူမရှိလောက်ပါဘူး..စာတန်းထိုးအမှန် နဲ့
ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..ငယ်ဘ၀ကိုအတူခံစားကြတာပေါ့
ဒီကားလေးဟာ Imdb6.7ရထားတဲ့ 2002ထွက်ကားဟောင်းလေးဖြစ်ပေမယ့် ကောင်းနေဆဲပါ…
မင်းသမီး Qi Shuရဲ့အလှနဲ့ wei zhaoနဲ့ karen mok အပြင်
မင်းသားဂျွန်စောလို့လူသိများတဲ့ Song Seung hun တို့ပါဝင်သရုပ်ဆောင်ထားပါတယ်..
ဇာတ်လမ်းအကျဉ်းကတော့ ကြေးစားလူသတ်သမားညီအစ်မနှစ်ယောက်ဖြစ်တဲ့
အားလီနဲ့အားချွမ်တို့ရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ လုံခြုံရေးစနစ်တွေကိုထိုးဖောက်ပြီး
ဒါရိုက်တာကျုံးကိုသတ်ဖြတ်ရာကနေ ဒီအမှုကိုကိုင်တွယ်တဲ့
အရာရှိဟုန်နဲ့ဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်ရမလဲ….
ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်လိုလှည့်ကွက်တွေရှိနေတာလဲ..
ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲဆိုတာတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..
Translated & Review By Phyo Zaw
Encoded By LK
crd to channelmyanmar

Movie Trailer

 


Unbowed (2011)


Unbowed (2011)
Rating.6.7 (Drama)

တက္ကသိုလ် ဝင်ခွင့်စာမေးပွဲမှာမေးခွန်းမှားယွင်းထုတ်ခဲ့တာကြောင့်
ကျောင်းသိက္ခာမကျစေရန် ကျောင်းဘက်ကကာကွယ်မှုဟာ
ကျောင်းသားတွေအတွက် နစ်နာမှုရှိတယ်လို့
အမှန်တရားဘက်က ရပ်တည်ချင်နေတဲ့
ပါမောက္ခဂင်ယောင်းဟို …
ကျောင်းသိက္ခာဆယ်ဖို့အတွက် အမှန်တရားကိုမျက်ကွယ်ပြုပြီး
ပါမောက္ခဂင်ယောင်းဟိုကို ရာထူကနေပယ်ချခဲ့ပါတယ်။
ရာထူးပြန်ရဖို့တရားစွဲဆိုခဲ့ပေမဲ့ တရားသူကြီးဘတ်ဘုံးဂျူက
ကျောင်းနဲ့ပူးပေါင်းပြီး ဂင်ယောင်းဟိုရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့ပါတယ်။
ဒါကြောင့်မကျေနပ်စိတ်နဲ့ဘတ်ဘုံးဂျူကိုသွားရောက်တွေ့ခဲ့တဲ့အခါမှာတော့
ဘတ်ဘုံးဂျူနဲ့ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက်
ဘတ်ဘုံးဂျူမှတရားစွဲဆိုခဲ့ပါတယ်။
တရားခွင်တောက်လျှောက်သက်သေအလိမ်အညာတွေနဲ့
တရားသူကြီးရဲ့ဘက်လိုက်ပြီးနိုင်ထက်စီးနင်းပြုမူတာတွေပါတွေ့မြင်ရမှာပါ။
ထိုအမှုကိုပါမောက္ခဘက်ကရှေ့နေလိုက်ပေးတဲ့ရှေ့နေဘတ်ဂျွန်ကရော
အမှုနိုင်အောင်စွမ်းဆောင်နိုင်ပါ့မလား …
ဘတ်ဘုံးဂျူကနစ်နာသူအစစ်အမှန်လား …
ပါမောက္ခကတကယ်ပြစ်မှုကျူးလွန်ခဲ့တာလား …
နောက်ဆုံးစီရင်ချက်ကရော ဘယ်လိုထွက်လာမလဲဆိုတာ
လှည့်ကွက်မျိုးစုံနဲ့တွေ့မြင်ရမှာပါ ။
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပြီး
အညွှန်းရေးပေးထားတာကတော့
Myat Noe MN ဖြစ်ပါတယ်
crd to channelmyanmar

Movie Trailer

 

Centurion (2010)


Centurion (2010)
Rating.6.4 (Action, Drama, History)

အက်ရှင်အလန်းစားများနဲ့ နင်းကန်သတ်ဖြတ်နေတဲ့ ဇာတ်လမ်းကောင်းကားမို့ 1080P5.1CHတို့နှင့်
တင်ဆက်ပေးထားပါသည်….
ဇာတ်ကားဆို သတ်မှ ဖြတ်မှ ကြမ်းတမ်းနေမှ ဆိုတဲ့လူတွေအတွက် အလွန်ကြမ်းသော ဇာတ်ကြမ်းကားကြမ်းကြမ်းကြီးကို ခပ်ကြမ်းကြမ်း တင်ပေးလိုက်ပါပြီ
စစ်ပွဲသမိုင်းတွေမှာ နာမည်ကြီးပေ့ဆိုတဲ့ ရောမစစ်သားတွေနဲ့ တိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ လူမျိုးစုတစ်စုအကြား ပဋိပက္ခစစ်ပွဲတွေအကြောင်း ရိုက်ကူးထားတာပါ
ဇာတ်လမ်းကတော့ ရောမစစ်သမိုင်းမှာ နာမည်ကြီးကြမ်းတမ်းတဲ့ Ninth Legion ဆိုတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိတယ်…အားရင် လူသတ်မယ်…အရက်သောက်ရင်း ပျင်းလာရင် လူရိုက်မယ်ဆိုတဲ့ အကြမ်းစားတပ်ဖွဲ့ကြီးတစ်ဖွဲ့ပေါ့…
ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း စစ်တပ်ကိုမုန်းတဲ့ ပြည်သူတွေဆိုတာ ရှိတာကိုး…အဲ့ဒီထဲကမှ Picts လူမျိုးစုတစ်စုဟာ စစ်တပ်ကို သေလောက်အောင် မုန်းတီးနေသူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်တာကြောင့် ရောမအကြီးအကဲတွေတောင် အကျပ်ရိုက် ကြောက်လန့်လာရပါတယ်…
အဲ့ဒီအချိန်မှာ ကြမ်းပေ့ဆိုတဲ့ Ninth Legion တပ်ဖွဲ့ကြီးကို ဖိတ်ခေါ်ပြီး အဆိုပါလူမျိုးစုတွေကို သွားရောက်နှိမ်နင်းခိုင်းတဲ့အခါမှာတော့ ရောမစစ်တပ်နဲ့ Picts လူမျိုးစုတွေ တွေ့ကြပါတော့တယ်…
ဒီဇာတ်လမ်းရဲ့ 90% လောက်က သတ်နေဖြတ်နေတာပါ…တိုက်ပွဲထဲမှာ ခေါင်းမှီရင် ခေါင်းကိုခုတ် လက်မှီရင် လက်ကိုခုတ် ဆိုတာမျိုးတွေ အပြည့်နဲ့ တကယ့်ရှေးခေတ်စစ်ပွဲတစ်ပွဲကို ပုံဖော်ထားတာကြောင့် လုံးဝလက်မလွှတ်ဘဲ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါလို့ ပြောကြားရင်း…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်….

Movie Trailer


 

Wednesday, September 4, 2019

Saving Leningrad (2019)

Saving Leningrad (2019)
Rating.6.8 (Action, Drama, War)

စစ်ကားကောင်းကြိုက်သူတို့ ရုရှားစစ်ကားသစ်တစ်ကားကို
တင်ဆက်ပေးလိုက်ပါသည်….
ဆိုဗီယက်ရုရှရဲ့ မြို့တော်မော်စကိုပြီးရင်
ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ လီနင်ဂရက်
( ယနေ့ခေတ်ကာလအခေါ် စိန့်ပီတာဘတ်စ် )ကို
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁မှာ ဖင်လန်နဲ့
ဂျာမနီတို့က မြို့ကို ပြင်ပ အဆက်အသွယ်ပြတ်အောင်
ပိတ်ဆို့ပြီး စီးနင်းခဲ့ကြပါတယ်။
ဒီပိတ်ဆို့ စီးနင်းမှုဟာ နှစ်နှစ် လေးလ နှစ်ပတ်နှင့်
ငါးရက်ကြာ ရက်ပေါင်း ၈၇၂ရက်တာ ကြာမြင့်ပြီး
အသက်ပေါင်း ၅သိန်းအထိဆုံးရှုံးခဲ့ကာ
တစ်ချို့သောသမိုင်းပညာရှင်တွေက
လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်မျိုးလို့ ဆိုကြပါတယ်။
ဟစ်တလာကြီးကတော့
ဒီဝန်းရံပိတ်ဆို့မှုမှာ သူအောင်မြင်မယ်လို့
တစ်ထစ်ချယုံကြည်နေပြီး
လီနင်ဂရင်က ကြယ်ငါးပွင့်ဟိုတယ်မှာတောင်
အောင်ပွဲခံဖို့ ဖိတ်စာတွေ ကြိုရိုက်ထားတယ်လို့ဆိုပါတယ်။
ဒီရုပ်ရှင်ဟာ ဒီပိတ်ဆို့စီးနင်းခံရတဲ့ လီနင်ဂရက်မြို့ကြီးကို
ကယ်တင်ခဲ့ကြတဲ့ လူတွေအကြောင်းပါ။ စစ်ပွဲတစ်ပွဲ
နိုင်ဖို့ဆိုတာ အာဇာနည်တွေ ဟောတစ်ယောက်
ဟောတစ်ယောက် ပေါ်လာရုံနဲ့ မလုံလောက်ပါဘူး။
ဟိုတစ်စု ဒီတစ်စု ဒြပ်မှုန်ကလေးတွေ ပေါင်းစည်းပြီး
အချိန်အခါသင့်တဲ့အခါ ရလာတဲ့ ပေါက်ကွဲမှုတစ်ခုပါပဲ။
ဒီရုပ်ရှင်မှာ ကြီးစဉ်ငယ်လိုက်စီပြီးပြောရရင်
ရေတပ်ဗိုလ်ချုပ်မှူးလုပ်ခဲ့တဲ့ စွန့်စားမှုတစ်ခု
ရေတပ်ဗိုလ်ချုပ်မှူသားဗိုလ်‌လောင်းရဲ့ အချစ်ကိုရူးသွပ်မှု
တပ်ကြပ်တစ်ယောက်ရဲ့ အရှုံးမပေးတတ်တဲ့စိတ်ဓာတ်
မာလိန်မှူးတစ်ယောက်ရဲ့ တာဝန်သိ တိုင်းပြည်ချစ်စိတ်
သူလျှိုသစ္စာဖောက်တစ်ယောက်ရဲ့စိတ်ကောင်းဝင်မှု
ဒီလိုအရာတွေအားလုံးပေါင်းစပ်ပြီး
အောင်မြင်ခြင်းဟာ ဖူးပွင့်လာပါတယ်
ဒါတွေဟာ ထင်သာတဲ့အရာတွေကို ရေးပြထားတာပါပဲ။
များပြားလွန်းတဲ့ သူ့နေရာနဲ့သူ အရေးပါနေတဲ့
ဇာတ်ကောင်‌တွေကို တစ်ယောက်မကျန် အသက်ဝင်အောင်
ပုံဖော်သွားနိုင်တဲ့ ဒါရိုက်တာရဲ့ တင်ဆက်ပြသမှုကလည်း အထင်ကရပါပဲ…
ထင်မှတ်မထားတဲ့ twistလေးတစ်ခုနဲ့လည်း ဇာတ်အိမ်ကို
ပိုအသက်ဝင်အောင် အသက်သွင်းထားပါသေးတယ်။
စစ်ကားကောင်းတွေသဘောကျတဲ့သူတွေအဖို့ လက်မလွှတ်သင့်ပါကြောင်း
ပြောကြားပါရစေ….
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aungပဲဖြစ်ပါတယ်။
crd to channelmyanmar 

Movie Trailer

 

Mindfulness and Murder (2011)

Mindfulness and Murder (2011)
Rating.6.2 (Crime, Mystery, Thriller)

စုံထောက်ဇာတ်လမ်းတွေကြိုက်တတ်တဲ့သူတွေအတွက်
အရမ်းစိတ်ဝင်စားစရာကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ
ဘုန်းကြီးကျောင်းသားလေးတစ်ယောက်ဘုန်းကြီးကျောင်းဝင်းထဲမှာ
ရက်ရက်စက်စက်အသတ်ခံရပေမယ့်
အိမ်ခြေမဲ့လူငယ်လေးဖြစ်တာကြောင့် ရဲတွေကအရေးအယူ
အမှုမလိုက်ပေးတာကြောင့် စုံထောက်ဟောင်းတစ်ယောက်ဖြစ်တဲ့
ဦးဇင်းအာနန္ဒာကပဲအမှုကိုစုံစမ်းခဲ့ရာကနေ
ချည်မျှင်လေးတစ်စဆွဲထုတ်သလိုဘယ်လိုအရှုပ်အထွေးတွေ
ထွက်လာမလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
 crd to channelmyanmar

Movie Trailer

 

Descendants 3 (2019)

Descendants 3 (2019)
Rating.6.9 (Adventure, Family, Musical)

High School Musical လို သီချင်းတွေဝေဝေဆာဆာနဲ့ဇာတ်ကားမျိုးကိုနှစ်သက်ရင်
ဒီဇာတ်ကားကိုနှစ်သက်မယ်ဆိုတာ အာမခံပါရစေ
ဇာတ်လမ်းလေးကတော့ ဒီကားလေးရဲ့ prequels ၂ကားကိုကြည့်ဖူးရင်သိကြမှာပါ
မယ်က ဗီလိန်မယ်လီဖီးဆန့်ရဲ့သမီးတော်ပါ
ဘန်ကတော့ beauty ဘဲလ် and the beast ရဲ့သားတော်ပါ
သူတို့နှစ်ယောက်က မတူညီတဲ့နေရာနှစ်ခုက ပေါက်ဖွားလာပေမယ့်
အကြောင်းအမျိုးမျိုးကြောင့်တွေ့ဆုံချစ်ကြိုက်ပြီး
အခုဇာတ်ကားမှာဆိုရင် လက်ထပ်မင်္ဂလာပွဲတောင်ကျင်းပတော့မှာဖြစ်ပါတယ်
အဲ့ဒါကိုမကျေနပ်နိုင်သူကတော့ Sleeping Beauty အော်ရိုရာရဲ့သမီးတော်ပါပဲ
ပင်ကိုတော်ဝင်သွေးပါသူဖြစ်ပေမယ့်
မနာလိုမုန်းတီးစိတ်တွေဖုံးလွှမ်းပြီး
ဗီလိန်တစ်ယောက်ဖြစ်သွားတဲ့အခါမှာတော့…
မယ်တို့သူငယ်ချင်းတွေဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ
ကြည့်ရှုခံစားရမှာဖြစ်ပါတယ်
ဘာသာပြန်ပြီး အညွှန်းရေးပေးထားသူကတော့
May Myat Thu ဖြစ်ပါတယ်
crd to channelmyanmar

Movie Trailer

 

Lancaster Skies (2019)

Lancaster Skies (2019)
Rating.5.0 (Action, Drama, War)

ငယ်ဘဝကတည်းက နာကျင်ထိခိုက်ရတဲ့ ကလေးဘဝနဲ့
ဖြတ်သန်းခဲ့ရတဲ့ စကားနည်းလူအေးတစ်ယောက်ဖြစ်တဲ့ ဒေါက်ကလပ်စ်ဟာ
ဘာလင်မြို့စွန်နားကိုတိုက်ခိုက်ရမဲ့ဗုံးကြဲလေတပ်အဖွဲ့ကိုဦးဆောင်ရတော့မှာဖြစ်ပါတယ်။
တပ်ဖွဲ့အသစ်ကိုရောက်ရှိလာတဲ့ အရာရှိဒေါက်ကလပ်စ်နဲ့
တစ်ချိန်လုံးမတည့်ဖြစ်နေတာတော့ ချာလီဆိုတဲ့တပ်သားပဲဖြစ်ပါတယ်။
အမှန်တော့ ဒေါက်ကလပ်စ်က ပြီးခဲ့တဲ့တိုက်ပွဲမှာ
ကျဆုံးသွားတဲ့အရာရှိအယ်ဖီလ်ရဲ့နေရာကိုအစားထိုးရောက်ရှိလာတာဖြစ်ပါတယ်။
တစ်ဖွဲ့လုံးရဲ့ယုံကြည်မှုကိုရရှိဖို့ဒေါက်ကလပ်စ်တစ်ယောက်
သူ့နည်းသူ့ဟန်နဲ့ကြိုးစားဖြေရှင်းပုံလေးတွေလဲပါပါတယ်။
၁၉၄၀ပြည့်နှစ်ရဲ့စစ်ပွဲအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
crd to channelmyanmar

Movie Trailer

 

Samurai Marathon 1855 (2019)

Samurai Marathon 1855 (2019)
Rating.7.1 (History)

IMDb 7.1 ရရှိထားတဲ့ ဂျပန်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဒီတစ်ခါ ဆာမူရိုင်းခေတ်ကို ပြန်သွားကြတာပေါ့…
ဂျပန်ပြည်ရဲ့ ပထမဆုံးသော မာရသွန် ဆာမူရိုင်းမာရသွန်အကြောင်းကို
ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ…
ဆာမူရိုင်းခေတ် တံခါးပိတ်ဝါဒကျင့်သုံးစဉ် ခေတ်ကနေ
အနောက်တိုင်းသင်္ဘောတွေ ဝင်ရောက်ပြီး ပြောင်းလဲလာတဲ့
အခြေအနေကြောင့် ရိုက်ခတ်ခဲ့တဲ့ ဆာမူရိုင်းတို့ရဲ့
သဘောထားအမြင်နဲ့ အကြောက်တရားကို သရုပ်ဖော်ပြသထားပြီး…
ဒီဆာမူရိုင်းတို့ရဲ့ မာရသွန်နောက်ကွယ်က ဇာတ်လမ်းလေးတွေကို
ပေါင်းစပ်ပြီး ဇာတ်အိမ်တည်ဆောက်ထားတဲ့
ဇာတ်ကားကောင်းလေးဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့
တိုက်တွန်းတင်ဆက်ပေးလိုက်ပါတယ်….
 crd to channelmyanmar

Movie Trailer

 

The White Storm 2: Drug Lords (2019)

The White Storm 2: Drug Lords (2019)
Rating.6.1 (Action)

The White Storm ကားရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်
ဒီကားလေးဟာ 2019 julyလကမှထွက်ထားတဲ့
ဟောင်ကောင်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..
.ဒီဇာတ်ကားထဲမှာမင်းသားကြီး Andy Laoနဲ့ Louis Kooတို့အဓိက
ပါဝင်သရုပ်ဆောင်ထားပြီး Louis Kooကိုလဲပုံစံတစ်မျိုးနဲ့မြင်တွေ့ရမှာဖြစ်မှာပါ..
ဇာတ်လမ်းအကျဉ်းကတော့
ဟောင်ကောင်မြို့မှာအကြီးဆုံးမူးယစ်ရာဇာဖြစ်လာတဲ့
တိကျန့်ဟာဟောင်ကောင်မူးယစ်ဈေးကွက်ကိုအုပ်စိုးဖို့ ကြိုးစားနေသူပါ..
တစ်ဖက်မှာလည်း ဟောင်ကောင်မူးယစ်နှိမ်နင်းရေးအဖွဲ့က ဒါရိုက်တာယွီစွင့်ထျန်းဟာ
မူးယစ်ရာဇာတွေအားလုံးကိုဖြိုခွဲဖို့ကြိုးစားလာတဲ့အခါ
ဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်ကြမလဲ…သူတို့ကြားမှာ
ဘယ်လိုအငြိုးတရားတွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
crd to channelmyanmar

Movie Trailer

 

Posham Pa (2019)


Posham Pa (2019)
Rating.7.0 (Crime, Drama, Thriller)

ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ မှုခင်းဇာတ်လမ်းလေး ဖြစ်ပါတယ် 

တောင်းစားတဲ့ ကလေးငယ်တော်တော်များများကို သတ်ပစ်တဲ့ အမေနဲ့ သမီးနှစ်ယောက်ကို တရားရုံးမှ သေဒဏ်ချမှတ်ထားပါတယ်

အမေကတော့ ထောင်ထဲမှာဘဲ သေဆုံးသွားခဲ့ပြီး သမီးနှစ်ယောက်ကတော့ အယူခံဝင်ထားပါတယ်
အဲ့အချိန်မှာ ဒီအမှုကို အစိုးရပရောဂျက်အဖြစ် ဂွန်ဒီးနဲ့ နီကတ်တို့က မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ ဖြစ်လာခဲ့ပါတယ်
တရားခံ ညီအစ်မအပါအဝင် ပတ်သတ်သူများကို လိုက်ပြီး မေးမြန်းရိုက်ကူးရာကနေ သမီးနှစ်ယောက်က ငယ်စဉ်ကတည်းက မိခင်ရဲ့အတင်းစေခိုင်းချက်နဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တာလား
ဒါမှမဟုတ် သူတို့တကယ် မကျူးလွန်ဘဲ ကြံရာပါ အနေနဲ့ အဖမ်းခံခဲ့ရတာလားဆိုတာတွေ ရုပ်လုံးပေါ်လာတဲ့အခါ သူတို့အတွက် သေဒဏ်ဟာ တကယ်ဘဲ တရားပါရဲ့လားဆိုတာကို တစ်ဆင့်ချင်း ဖော်ထုတ်ပြသသွားမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်
များများရေးရင် spoiler ဖြစ်သွားမှာစိုးလို့ မရေးတော့ပါ Thriller နဲ့ Crime ဇာတ်လမ်းတွေ ကြိုက်တယ်ဆိုရင်တော့ ကြည့်ရတာ တန်ပါတယ်နော်
crd to fofmm

Movie Trailer

 

Beneath Us (2019)

Beneath Us (2019)
Rating.5.1 (Horror, Thriller)

Thriller/Horror ဇာတ်ကားလေးလေးပါ။
ရွှေ့ပြောင်းအလုပ်သမားတစ်ဖွဲ့ဟာ
လူချမ်းသာအမျိုးသမီးအိမ်မှာနေ့စား
အလုပ်သမားအဖြစ်ဝင်လုပ်ရာကနေ
ထူးခြားတဲ့ ကိစ္စတွေ ကြုံလာရပါတော့တယ်
ထို အိမ်ရှင် အမျိုးသမီးဟာ တစ်ခြားလူတွေ နဲ့
အဆက်အဆံ မလုပ်ပဲ လင်မယား ၂ ကိုယ်ထဲ
ခြံဝန်းအကျယ်ကြီး နဲ့ အိမ်အကောင်းစား နဲ့
နေကြတာပါ …
လူမျိုးတူ အလုပ်သမားတွေ မခေါ်ပဲ တစ်ခြားနိုင်ငံက
ရွှေ့ပြောင်းအလုပ်သမားတွေ ကို ခြံဝန်း အတွင်း ပြင်ဆင်ဖို့
ခေါ်ခိုင်းခဲ့တာ ဖြစ်ပြီး…
တစ်ရက်မှာတော့ အလုပ်သမားတစ်ဦး
မတော်တဆမှု ဖြစ်ပြီး ဆေးရုံသွားရန်
လိုအပ်နေသော အခါ ပိုင်ရှင် အမျိုးသမီးမှ
ထွက်သွားဖို့ မပေးခဲ့သော အခါတွင်
ဇတ်လမ်းစခဲ့သောအခါ….
ထိတ်လန့်သည်းဖို ကြည့်ရမယ့်
ရုပ်ရှင်ကားဖြစ်ပါတယ်
ဘာသာပြန်ပေးထားတာကတော့
Hnyot Myet Wunn ဖြစ်ပါတယ်
crd to channelmyanmar
Movie Trailer

Queen of Gamblers (2019)

Queen of Gamblers (2019)
Rating.N/A (Comedy)

ဒီဇာတ်လမ်းလေးကတော့ကျေးလက်တောရွာကနေမြို့ပေါ်က
ဒေါ်ကြီးဆီလာရှာတဲ့မေလိလို့ခေါ်တဲ့မိန်းကလေးကစပါတယ်…
အစကတော့သူ့ဘဝကိုအေးဆေးပျော်ရွှင်စွာဖြတ်သန်းလို့ရနိုင်ပေမဲ့
မထင်မှတ်ပဲသူ့ဒေါ်ကြီးကမေလိရဲ့အထူးအစွမ်းကိုသိပြီးနောက်
မေလိကိုလောင်းကစားရုံထဲဆွဲခေါ်သွားခဲ့ပါတယ်…
အဲ့နေ့ကပြီးသူတို့နှစ်ယောက်ကမှောင်ခိုအရောင်းအဝယ်
အဖွဲ့ကြီးကြားထဲရောက်သွားပြီးနောက်….
ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြပါလို့ တိုက်တွန်းလို်က်ပါရစေနော်
crd to channelmyanmar

Movie Trailer

 

Miss & Mrs. Cops (2019)

Miss & Mrs. Cops (2019)
Rating.5.5 (Comedy, Crime)

Weightlifting fairy ကားထဲက မင်းသမီးလေး ပါတဲ့ ကားသစ်လေးပါ
အလွန်တရာထူးချွန်တဲ့ စုံထောက်ပတ်ခ်မီယောင်းဟာ အိမ်ထောင်ကျ၊
ကလေးရပြီးနောက်မှာ သူမ ချစ်ခင်နှစ်သက်ရတဲ့
စုံထောက်အလုပ်ကိုစွန့်လွှတ်ခဲ့ရပြီး ပြည်သူ့တိုင်ကြားချက်များဌာနမှာပဲ
ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေခဲ့ရပါတယ်
သူ့ယောင်းမဖြစ်သူ ချွဲဂျီဟေးကလည်း ရဲဖြစ်ဖို့မွေးဖွားလာတယ်ထင်ရတဲ့
ရဲမေတစ်ယောက်ပါပဲ
တစ်ရက်မှာတော့ ဂျီဟေးဟာ သံသယရှိသူတစ်ယောက်ကို
ဖမ်းဆီးရာမှာ အလွန်အကျွံအားသုံးတယ်ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူခံရပြီး
မီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခန့်ထားခံခဲ့ရပါတယ်
ပုံမှန်ဆိုမတည့်လေ့ရှိတဲ့ သမီးယောင်းမနှစ်ယောက်ဟာ
မတော်တဆ မှုခင်းတစ်ခုထဲပါဝင်မိပြီး သူတို့မထင်ထားလောက်တဲ့အထိ
ပြစ်မှုကကြီးမားနေတဲ့အခါမှာတော့..
သာမန်ချိန်းခြောက်အကြပ်ကိုင်မှုလို့သာ ယူဆထားခဲ့တဲ့ အမှုခင်းလေးတစ်ခုဟာ
ကွင်းဆက်ရာဇ၀တ်မှုကြီးဖြစ်နေတဲ့အခါမှာတော့..
သမီးယောင်းမနှစ်ယောက်ဘယ်လိုဖော်ထုတ်ကြမလဲ
ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ
ဟာသနှောပြီးကြည့်ရမှာပဲဖြစ်ပါတယ်
ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ကြည့်ရတာ အပိုအလိုမရှိ ကွက်တိပါပဲနော်
crd to channelmyanmar

Movie Trailer