Thursday, September 5, 2019

Blood 13 (2018)

Blood 13 (2018)
Rating.7.7 (Crime, Drama, Horror)

စိတ်မြန်လက်မြန်လုပ်တတ်လေ့ရှိတဲ့ စုံထောက် ရှင်းမင်က လူသတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးနေရပါတယ်။ အဲ့ဒီလူသတ်မှုမှာ လူသတ်သမားက အလောင်းတွေကိုအဝတ်ဗလာနဲ့ မြေအောက်ထပ်ရဲ့ ရေချိုးခန်းမှာ တန်းလန်းတွေချိတ်ဆွဲ
ပြီးထားထားခဲ့လေ့ရှိပါတယ်။ စုံထောက်ဟောင်း
တစ်ယောက်ဖြစ်တဲ့ လောင်ကျောန့်ဟာလည်း ဒီအမှုဟာ
လွန်ခဲ့တဲ့၁၅နှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ကွင်းဆက် ပြည့်တန်ဆာ လူသတ်မှုနဲ့ ဆက်စပ်နေတယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ ရှင်းမင်တစ်ယောက် လူသတ်သမားကို
ခြေရာခံလိုက်ရင်းနဲ့ သူမရဲ့မသိစိတ်ထဲကဖြစ်ပေါ်နေတဲ့
ငယ်စဉ်တုန်းက ဖြစ်ပွားခဲ့တဲ့ ပြည့်တန်ဆာနဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာတွေကြောင့် လူသတ်သမားကို သူမကိုယ်တိုင် တားမနိုင်ဆီးမရ ဖမ်းနိုင်ရမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒီအမှုကို ဖြေရှင်းနိုင်ဖို့အတွက် သူမရဲ့အိမ်မက်ဆိုးတွေကို ဘယ်လိုအနိုင်ယူပြီး အမှန်တရားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်သပ်ရှုမောကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
crd to fofmm

Movie Trailer

 


No comments:

Post a Comment