Showing posts with label 2018. Show all posts
Showing posts with label 2018. Show all posts

Tuesday, June 9, 2020

Fanney Khan (2018)

“…ဖန်နီ ခန်
ဒီနာမည်က အဓိပ္ပါယ် အများကြီး ရှိတယ်…
အနုပညာရှင် ဖျော်ဖြေသူ
အဆိုတော် မှော်ပညာရှင်
ဒါမှမဟုတ် ငတုံးတစ်ယောက်
ဘယ်သူမဆို သူနဲ့အတူ ပျော်စရာအချိန်တွေ ရရှိရင်
ဖန်နီခန်တစ်ယောက်ပဲ
ဒါက အဲ့ဒီလို ဖန်နီခန်တွေထဲက တစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့
ဒီနာမည်ရဲ့ တကယ့်အဓိပ္ပါယ်တွေကို ပြောင်းလဲပေးခဲ့သူပေါ့…. “
Fanney Khan (2018) ဟာ IMDb 4.5/10 Google users 76% Rotten Tomatoes 56% Facebook 3.7/5
ရထားသော ဒါရိုက်တာ Atul Manjrekar ရိုက်ကူးထား၍  Dominique Deruddere, Atul Manjrekar က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင်  Aishwarya Rai Bachchan, Anil Kapoor, Rajkummar Rao တို့ပါဝင်သရုပ်ဆောင်ထားသော Comedy, Drama, Music ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ဖန်နီခန်က ဂီတလောကမှာ သူ့ရဲ့ သမီးကို နာမည်ကြီးအောင် လုပ်ပေးချင်လို့ ဘယ်လိုတွေ လှုပ်ရှားရုန်းကန်သွားလဲ ဟာသ ဒရာမာ ဂီတ ရသတွေ ဖန်တီးသွားမလဲ ဇာတ်ကားမှာ ခံစားကြည့်လိုက်ကြစို့လားဗျာ…
crd to fofmm

Wednesday, May 20, 2020

Brother of the Year (2018)

Brother of the year (2018)
တလောလေးက ရုံတင်သွားတဲ့ ထိုင်း ဒရာမာကားလေးတစ်ကားတင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဂျိန်းဆိုတဲ့ အလုပ်ကြိုးစားပြီး လှပတဲ့မိန်းမငယ်လေးမှာ ဘာမှမလုပ်တတ် မလုပ်ချင် ဖြစ်သလိုနေတတ်တဲ့ ရှက် ဆိုတဲ့ အစ်ကိုတစ်ယောက် ရှိနေပါတယ်။
ငယ်ငယ်ကတည်းက အိမ်ကိစ္စတွေရော ညီမအတွက်ရော ဘာတာဝန်မှမယူတဲ့ အစ်ကိုဖြစ်သူဟာ ညီမကိုကြိုက်တဲ့ကောင်လေးတွေကို တွေ့လာရင်တော့ လုံးဝတာဝန်ယူပြီး ချိန်းခြောက်လွှတ်လေ့ရှိပါတယ်။
နောက်ဆုံးတစ်ခေါက်မှာ ဂျိန်းနဲ့ကြိုက်မိသွားတဲ့ ထိုင်းဂျပန် ကပြားကောင်လေး မိုဂျီက လပ်ထပ်ခွင့်တောင်းလာချိန်၊ ညီမရယ် အစ်ကိုရယ် ယောက်ဖလောင်းရယ် အလုပ်တစ်ခုထဲမှာ တွေ့ရချိန်မှာ…….
crd to channelmyanmar
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

Monday, May 11, 2020

Bikeman (2018)

အမေ နဲ့ အဖွားက သူ့အဖေလိုမျိုး ဘဏ်ဝန်ထမ်း
ကောင်းဖြစ်စေချင်တဲ့ ဆန္ဒကြောင့် နေ့တိုင်း
ဘန်ကောက်ကို ဘဏ်ဝန်ထမ်းဝတ်စုံဝတ်
ဘဏ်မှာအလုပ်လုပ်ချင်ယောင်ဆောင်ပြီး
ထွက်ထွက်လာရတဲ့ ဆတ်ကရင် (ဆတ်)
သူ့အမေရဲ့ဆန္ဒကို အကောင်အထည်ဖော်ချင်လို့
တစ်ဖက်မှာ ဘဏ်တွေမှာအလုပ်လျှောက် တစ်ဖက်မှာတော့
သူ့ရဲ့ ဆိုင်ကယ်ကယ်ရီဆွဲတဲ့အလုပ်ကိုလုပ်နေရင်း
အထက်တန်းတုန်းက ကျိတ်ကြွေခဲ့ရတဲ့
အတန်းဖော်သူငယ်ချင်မလေး ဂျိုင်ကတော့
သူဟန်ဆောင်ထားတဲ့ဘဏ်က
ဝန်ထမ်းလေးတစ်ယောက်အဖြစ်နဲ့ ပြန်တွေ့ခဲ့ရတယ်။
ဆတ်တစ်ယောက် သူဆိုင်ကယ်မောင်းတာ
သူ့အိမ်ကမသိအောင် ဘယ်လိုတွေတိမ်းရှောင်လဲ
နည်းနည်းပြောပြမယ်နော်
သူ့အဖေသူငယ်ချင်း ရဲဝန်ထမ်းဟောင်
း ဦးပီချာနဲ့ ဘန်‌ကောက်သွားတဲ့ ရထားပေါ်မှာတွေ့တော့လည်း‌ ပြေး
သူ့အမေနဲ့ ဘန်ကောက်က မီးပွိုင့်တစ်ခုမှာ
အမှတ်မထင်တွေ့တုန်း သူ့အမေက လမ်းလာမေးလို့ ပြေး
ဦးပီချာသားရဲ့ဘေးက ဆိုင်ကယ်နဲ့ဖြတ်ရင်း
ဗွက်ရေစင်သွားလို့ မကျေမနပ် လိုက်ထိုးလို့လည်း ပြေး
ဂျိုင်နဲ့ ဈေးလမ်းမှာ ဘဏ်ဝတ်စုံကြီးနဲ့
ပက်ပင်းတိုးတော့လည်း ပြေး
ပြေးလေးပြေးမှာလွတ်ခဲ့ပေမယ့် အဖြစ်မှန်ဘယ်ချိန်မှာပေါ်မလဲ
သူအရမ်းဖြစ်ချင်တဲ့ ဘဏ်ဝန်ထမ်းရောဖြစ်ပါ့မလား
ဆိုတာလေးကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါနော်
စိတ်အပန်းဖြေချင်တဲ့သူတွေ
ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေ
လက်မလွှတ်သင့်တဲ့ Rating 6.4
ရပ်တည်နေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်
crd to channelmyanmar

Fronteras (2018)

Fronteras(2018)
အဓိက ဇာတ်ကောင် ဖြစ်တဲ့ ရေးစ်ဟာ အမေရိကန်-မက်စီကန် နယ်စပ်မှာ စောင့်ရတဲ့ အေဂျင့် တဦးပဲ ဖြစ်ပါတယ်.
သူက မက်စီကို ဇာတိဖြစ်ပေမယ့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူပဲ ဖြစ်ပါတယ်.
သူဟာ ရိုးသာ‌ဖြောင့်မတ်ပြီး တိုက်ရည်ခိုက်ရည်ရှိတာကြောင့် မက်စီကို ဘိန်းရာဇာကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ အိုင်ဗန် ဦးဆောင်တဲ့
အထူးတပ်ဖွဲ့မှာ ပါ၀င်လှုပ်ရှားခွင့် ရခဲ့ပါတယ်.
အထူးတပ်ဖွဲ့ ‌ခေါင်းဆောင် အိုင်ဗန်ဟာ အရမ်းကို မျိုးချစ်စိတ် ပြင်းထန်ပြီး အလုပ်လုပ်ရမှာ ရက်စက်တယ်ဆိုပြီး နာမည်ကြီးလှပါတယ်.
ရိုးသားဖြောင့်မတ်ပြီး သနားကြင်နာတတ်တဲ့‌ ရေးစ်နဲ့ ရက်စက်ပြီး တိကျတဲ့ အိုင်ဗန်တို့ နှစ်ဦးတွေ့တဲ့အခါမှာတော့
မလိုလားအပ်တဲ့ ပြဿနာတွေ၊ ခံစားမှုရသတွေ၊ အမေရိကန်နဲ့ မက်စီကို နယ်စပ်ကြားက
ပြဿနာတွေကို စိတ်၀င်စားဖွယ် ရိုက်ပြထားတာကြောင့် dramaနဲ့ နိုင်ငံရေး
ပြဿနာတွေကို စိတ်၀င်စားသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေး တကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, April 20, 2020

Har Kisse Ke Hisse Kaamyaab (2018)

“ဘဝကိုသာ ပျော်ပျော်နေလိုက် တခြား ဘာရွေးခြယ်စရာရှိလို့လဲ”
****************************************
အဲ့ဒိခေတ်တုန်းက အာလူးတွေကို သိပ်လိုချင်ကြတာလေ အာလူးဆိုတာဘာကိုပြောတာလဲ
ငါတို့လို သရုပ်ဆောင်တွေကို အာလူးလို့ခေါ်ကြတယ် အားလူးက ဘယ်အရာနဲ့မဆိုရောနှောလို့ရတယ်လေ
အသား၊ ငါး ဟင်းသီးဟင်းရွက် ကြိုက်တာနဲ့ အာလူးကိုရောလို့ရတယ်
ဟာသကားပဲဖြစ်ဖြစ် ဒရာမာကားပဲဖြစ်ဖြစ် အက်ရှက်ကားပဲဖြစ်ဖြစ် ဘယ်မင်းသားလာလာ ငါတို့လိုအာလူးတွေက အဆင်ပြေတယ်မလား
====================================
ကြယ်ပွင့်များနှင့်ခရီးစဉ်ဆိုတဲ့ အစီစဉ်မှာ ရွေးခြယ်တင်ဆက်ခြင်းခံရတဲ့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်သူ ဆူဒီးရ်ဟာ ယခုလိုပဲ
စိတ်ပျက်လက်ပျက်နဲ့ ပြောကြားလိုက်တော့ အစီစဉ်တင်ဆက်သူ အမျိုးသမီးက စိတ်မကောင်းစွာဖြင့် ဘာလို့ဒီပြောရတာလဲဆရာ
ဆရာသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားအရေအတွက်က ၄၉၀ လောက်ထိရှိတယ်လေ အတိအကျဆို ၄၉၉ ကားတောင်ရှိတာ
ဒီစကားသံကိုကြားလိုက်ရတော့ ဆူဒီးရ် စိတ်ဝင်စားသွားပါတယ် သူတောင် သူရုပ်ရှင်ဘယ်နှကားမှာ သရုပ်ဆောင်ခဲ့ဖူးလဲ အတိအကျမသိပါဘူး
အဲ့ဒိနောက်မှာတော့ သူငယ်ချင်းတစ်ယောက်၏ အားပေးမှုနဲ့ ဆူဒီးရ်တစ်ယောက် သူ့ဘဝမှာ ကား ၅၀၀ ပြည့်အောင်
သရုပ်ဆောင်မယ်ဆိုတဲ့ အိပ်မက်ကို အကောင်ထည်ဖေါ်ဖို့ကြိုးစားပါတော့တယ်
အနုပညာလောက,ကရော သူ့ကိုကြိုဆိုပါ့မလား သူ့အိပ်မက်ကိုရော အကောင်ထည်ဖေါ်နိုင်ပါ့မလား
အားလုံးပဲ ဆက်လက်ခံစားကြည့်လိုက်ပါဦး
ဒီဇာတ်လမ်းဟာ ပရိသတ်အသိမှတ်ပြုမှုကို မခံရတဲ့ ဇာတ်ပို့တစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကို ပုံဖေါ်ထားသော ဒရာမာကားကောင်းတစ်ကားပါ
က,ခုန်တာတွေ၊ ဖိုက်တာတွေပါမှကြည့်ချင်ရင် ဒီကားနဲ့အဆင်မပြေနိုင်ပါဘူး
အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဆန်ဂျေး မစ်ရှ်ရားဟာလည်း ပညာသားပါပါ ဆရာကျကျနဲ့ တကယ်ကိုကောင်းမွန်လှပါပေတယ်
ဘောလီဝုဒ်ပရိသတ်ကြီးအတွက် အချိန်ပေးရတန်မယ့် ကားတစ်ကားဆိုတာ အာမခံပါတယ်
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
crd to channelmyanmar

House of Hummingbird (2018)

ဒီရုပ်ရှင်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ
အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ တံတားပြိုကျမှု
အဖြစ်အပျက်တစ်ခုကို အကြောင်းပြုပြီးရိုက်ကူးတဲ့
စိတ်ကူးယဉ်နဲ့ ဖြစ်ရပ်မှန် အခြေပြုရုပ်ရှင်
ဇာတ်ကားကောင်းဖြစ်ပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့
တောင်ကိုရီးယားနိုင်ငံရဲ့ တက်သစ်စအမျိုးသမီး
ဒါရိုက်တာ Kim Bora ဖြစ်ပြီး ဒီဇာတ်ကားနဲ့
ဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ
အကောင်းဆုံးဇာတ်ကားဆုအပါအဝင်
ဆုပေါင်းများစွားကို ရရှိထားတဲ့ အလားလားရှိတဲ့
ဒါရိုက်တာတစ်ယောက်ပါ။
ဒီဇာတ်လမ်းကလည်း
ဒါရိုက်တာ Kim Bora ငယ်စဉ်က
ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို
အခြေပြုရိုက်ကူးထားပြီး ဆယ်ကျော်သက်ရွယ်
ကောင်မလေးတစ်ယောက်ရဲ့ မမျှော်လင့်ပဲ
ကြုံတွေ့လိုက်ရတဲ့ ဘေးဒုက္ခတွေရယ်၊
သူ့ရဲ့ အချစ်နဲ့ ဘဝအတွက် ရှာဖွေမှုတွေကို
ခံစားကြည့်ရှူရမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါ။
နိုင်ငံတကာဆုရ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို
အင်္ဂလိပ်စာတန်းထိုးဖိုင် မထွက်ရှိသေးတဲ့
ဇာတ်ကားတစ်ခုဖြစ်ပြီး ကိုရီးယားဘာစကားကနေ
တိုက်ရိုက်ဘာသာပြန်ပြီး CM ကနေ
ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
အသံကိုသာ အဓိကထား နားထောင်ပြန်ရတာဖြစ်တဲ့အတွက်
၁၀၀ ရာခိုင်နှုန်း မမှန်ခဲ့သည် ရှိသော်
သညျးခံကွညျံရှုပေးကွပါရနျ…
ဒီရုပ်ရှင်ကားကို Phu Nge Nge Thein မှ
ဘာသာပြန်ပေးထားပြီး အညွှန်းကို
ကိုဇင်ကိုကို မှ ရေးပေးထားပါတယ်
Thit San Khant မှ တင်ဆက်ပေးထားပါတယ်။
crd to channelmyanmar

Monday, April 6, 2020

A Beautiful Moment (2018)

(unicode)
ဒီဇာတ်ကားရဲ့ မင်းသားကို အားလုံးရင်းနှီးပြီးသားဖြစ်ကြမှာပါ။
သူက အမြဲတမ်း အက်ရှင်ကားတွေပဲရိုက်နေတာပါ။ ဒီတစ်ခါမှာတော့ လူကြီးလူငယ်မရွေး ကြည့်ရှုခံစားနိုင်တဲ့ ဟာသကားကိုရိုက်ကူးထားပါတယ်။
ဟောင်ကောင်မှာနေထိုင်ကြတဲ့ သူဌေးတွေရဲ့ ဘဝအခြေအနေကို အခြေခံပြီး ဟာသမြောက်အောင်ရိုက်ကူးထားပါတယ်။
အချစ်ဇာတ်လမ်းတွေကြားမှာ ဟာသကြားညှပ်ပြီးရိုက်ကူးထားလို့ ကြည်နူးဖို့လည်း ကောင်းသလို၊ ပျော်ဖို့လည်းကောင်းပါတယ်။
ဒီဇာတ်ကားမှာတော့ စိတ်ပညာရှင် ဒေါက်တာ ဘို နဲ့ စီးပွားရေးသမား ချိန်ဟွာရှိန်း တို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိကထားပြီးရိုက်ထားတာပါ။
ချိန်ဟွာရှိန်းဟာ အလွန်ရက်စက်ပြီး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တယ်။အတ္တကြီးတယ်။ လောဘကြီးတယ်။ သူ့မျက်လုံးထဲမှာ ပိုက်ဆံကအရေးကြီးဆုံးဖြစ်နေခဲ့တယ်။
ဒေါက်ဒါ ဘိုကတော့ အလွန်ထူးချွန်တဲ့စိတ်ပညာရှင်တစ်ယောက်ဖြစ်တယ်။
သူတို့နှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်မလဲ?အချစ်ကြောင့် သူတို့ဘယ်လိုပြောင်းလဲသွားသလဲ?
ဟာသလေးတွေနှောပြီးရိုက်ကူးထားတာမို့ ခံစားကြည့်ကြပါဦး…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Naomi Noe ပဲဖြစ်ပါတယ်…
(zawgyi)

Friday, April 3, 2020

[21+] I Will Lend You A New Amateur Girl,Momoka Kashiwagi (esthetician)

Kill Ben Lyk (2018)

(unicode)
လေတိုက်တာ သစ်ရွက်ကြွေတာ အသေးအဖွဲတွေက အစ
မြင်မြင်သမျှ ဗီဒီယို ရိုက်တင်လေ့ရှိတဲ့အသက်နှစ်ဆယ်အရွယ် YouTuberကောင်လေး တစ်ယောက်ရှိတယ်…သူက ရိုက်တင်စရာမရှိရင် ချီးပါတာက အစ အီးတုံးလေးတွေ အရောင်က ဘာစားလို့ ဘယ်လိုအရောင်ထွက်တာ ဘာညာက အစရိုက်တင်တတ်တဲ့သူမျိုး…
အမြဲဆေးကွဲနေတဲ့ ဘော်ဒါတစ်ယောက်နဲ့အတူ လန်ဒန်မှာနေထိုင်ပါတယ်…
တစ်ရက်မှာတော့ မြင်မြင်သမျှ Vdo ရိုက်တတ်တဲ့ သူ့အကျင့်ကြောင့်
လူသတ်မှုတစ်ခုကို မမျှော်လင့်ဘဲ မမှတ်မထင်ရိုက်မိသွားတာတယ်…
အဲ့ဒီမှာ ပြသနာအကြီးကြီးတက်တော့တာပဲ….
သဲထိတ်ရင်ဖိုဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရူ့လိုက်ကြပါဦး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်…

Thursday, April 2, 2020

Young President and His Contract Wife (2018)

Zawgyi
*******
2020 ခုနှစ်မှာ ထွက်ထားတဲ့ ရိုမန့်အချစ်ကားလေးပါပဲ
အိမ်တွင်းပုန်းကာလတွေမှာ အပျင်းပြေကြည့်လို့ကောင်းတဲ့
ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..အညွန်းကတော့
လုပ်ရည်ကိုင်ရည်ရှိပြီး တော်တဲ့ မန်နေဂျာလီချန်ကွမ်း မှာ
သူချစ်ရတဲ့ လှပတဲ့ အိမ်ထောင်ဖက် ကျားမိန်ဆိုတဲ့ မိန်းမလှလေးရှိနေပေမယ့်
တစ်ရက်မှာတော့ သူတို့ရဲ့ သာယာလှပတဲ့ အိမ်ထောင်သည်ဘဝထဲကို
လော့ရှောင်မန်လို့ ခေါ်တဲ့ မိန်းမလှလေး ဝင်ရောက်လာတဲ့အခါ
ပြဿနာတွေဖြစ်လာပြီး အေးချမ်းသာယာတဲ့သူတို့ဘဝလေးကို
မုန်းတိုင်းတွေထန်လာအောင် ဘယ်သူကကြိုးကိုင်နေခဲ့တာလဲ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါစို့နော်

Unicode

Translated & Review By Mine
Encoded By LK
crd to channelmyanmar

Thursday, March 26, 2020

A Bluebird in My Heart (2018)

(unicode)
ဒန်နီတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက် ပုံမှန်ရိုးရှင်းတဲ့ဘဝကို ပြန်လည်တည်ဆောက် ပြီး ငြိမ်းချမ်းတဲ့ ဘဝလေး ဖန်တီးဖို့ကြိုးစားပါတယ်….
အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့သမီးဖြစ်သူ ကလယ်ရာတို့ပိုင်ဆိုင်တဲ့ မိုတယ်တစ်ခုမှာ အခြေချပြီး အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်…အလုပ်မှာသူပျော်သလို ကလယ်ရာဆိုတဲ့ကောင်မလေးကိုလည်း သမီးလေးတစ်ယောက်လိုခင်တွယ်မိသွားတယ်…
သံယော်ဇဉ်တွေတွယ်မိတဲ့ သမီးလိုချစ်ရတဲ့ ဒီကောင်မလေးဟာ ကံဆိုးလွန်းတယ်…
လူမဆန်စွာ မုဒိန်းကျင့်ခံလိုက်ရပါတယ်…ဒီအဖြစ်အပျက်ကိုသိသွားတဲ့
ဒန်နီတစ်ယောက် သူ့ရဲ့ခက်ထန်ကြမ်းတမ်းတဲ့ စိတ်တွေပြန်ပေါ်ပေါက်လာပြီး
ဒီကောင်မလေးအတွက်
ဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်….

Friday, March 20, 2020

[18+]The taste of married women (2018)

ကဲ စာမေးပွဲတွင်းအားပြတ်နေတဲ့
ဘဲကြီး၊ဘဲလေးတွေအတွက်နောက်ထပ် အားကုန်စေမယ့်
ကိုရီးယားကားကောင်းလေးလာပါပြီ။
ဒီတစ်ခါဇာတ်လမ်းလေးကတော့ လင်မယားနှစ်ယောက်ပဲ။
ဒါပေမယ့် တခြားလင်မယားတွေလို
ယောကျာ်းကအပြင်အလုပ်လုပ်တာမဟုတ်ဖူး။
မိန်းမကအပြင်အလုပ်လုပ်၊ယောကျာ်းကအိမ်အလုပ်လုပ်
မောင်တစ်ထမ်းမယ်တစ်ရွက်ပေါ့။
ဇာတ်လမ်းကအဲ့မှာစတာ။ယောကျာ်းကအိမ်အလုပ်လုပ်တယ်ဆိုတာ
လက်စသတ်တော့အကြံနဲ့။ယောကျာ်းကအိမ်အလုပ်လုပ်ရင်းသူတို့ရပ်ကွက်ထဲက
ဆော်ကြီးတွေ၊ဘွားတော်တွေကိုဝင်လုံးပြီးသူတို့စိတ်ကြိုက်ပြုစုပေးနေတဲ့
ပရဟိတကောင်လေးဘွဲ့ကိုပါခံယူနေသူကြီးပေါ့။
ဒါကိုမိန်းမကတော့မသိရှာဖူး။
သူတို့ရပ်ကွက်ထဲမှာတော့အဲ့ဘဲကဆရာပဲ။
တခြားမိန်းမတွေရဲ့ယောကျာ်းတွေအလုပ်သွားကြပြီဆို
ပရဟိတကောင်လေးကလစ်ဟာနေတဲ့
ဆော်ကြီးတွေအတွက်အကျိုးဆောင်ပေးနေကြ။ဆော်ကြီးတွေဆိုလို့ အထင်မသေးနဲ့။
အရွယ်ကောင်း တောင့်ဖြောင့်တင်းရင်းချက်က
အပျိုကပါအရှုံးပေးရတယ်။ဆော်ကြီးတယောက်ဆိုအညိုစင်လေး။
ကိုရီးယားဆိုလို့ဖြူဖတ်ဖြူရော်မထင်နဲ့။ရွှေအိုရောင်အသားအရေကိုမှ
ကိုယ်လုံးကိုယ်ပေါက်ကလည်းအယ်ထနေတာ။
ကဲ ထားတော့။ဒါနဲ့ခုနကအလှူပေးနေတဲ့
ဘဲကြီးနေရာကိုလုမယ့်သူပေါ်လာတယ်ဆိုပါတော့။
ဒီတယောက်ကဆော်တွေအကြိုက် 6pack နဲ့ ပြီးတော့အားကောင်းမောင်းသန်
လူပြိုလေး။
အဲ့တော့နဂိုကမှ ဆာလောင်နေသောဆော်ကြီးများက
အဲ့ဒီအသစ်မောင်မောင်ကို Oldie ဘဲကြီးထက်
အသည်းခိုက်သွားကြတာပေါ့။
ဒါကိုအားကျမခံ မူလလက်ဟောင်းပရဟိတဘဲကြီးကလည်း
သိုင်းကျမ်းတွေဂူအောင်းလေ့လာပြီး ရေခဲတောင်ကြာပွင့်စားပြလိုက်တော့
ဘယ်လိုတွေဖြစ်သွားလဲဆိုတာ ကိုယ်တိုင်ပဲ
အားဆေးသောက်ပြီးကြည့်လိုက်ကြပါတော့လို့။
အရင်မကြမ်းဖူးဆိုတဲ့ကားတွေထက်တော့
အညိုစင်လေးအခန်းမှာပိုကြမ်းပိုဖြုတ်ထားလို့
အားပေးလိုက်ကြပါအုန်း။
ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့
Fox ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Make Us Dream (2018)

Make us dream (2018) ဟာ လစ္ဗာပူး
အသင်းရဲ့ နာမည်ကျော် ကပ္ပတိန် စတိဗင် ဂျရက် ရဲ့
ကစားသမား ဘဝအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခုပါ။
သူဟာ လစ်ဗာပူးကို အသက် ၈ နှစ်အရွယ်ကတည်းက ရောက်ခဲ့ပြီး
၂၈ နှစ်တိတိ အသင်းအတွက် ကစားပေးခဲ့ပါတယ်။
FA ဖလား ၂ ခု၊ League ဖလား ၃ ခု၊ UEFA ဖလား ၁ ခု၊
FA community ဒိုင်း ၁ ခု နဲ့ UEFA super ဖလား ၁ ခု ရယူပေးခဲ့တဲ့
သမိုင်းဝင်ကစားသမားတစ်ယောက်ပါ။
ဒီကားလေးမှာဆိုရင် ဂျရက် ရဲ့ အပြောင်းအလဲများလှတဲ့
ကစားသမားဘဝအကြောင်းကို
အတွင်းကျကျ တွေ့ဆုံမေးမြန်းပြီး
ရိုက်ကူးမှတ်တမ်းတင်ထားပဲ ဖြစ်ပါတယ်။
ဘာသာပြန်ပေးထားတာကတော့
Htet Wai Lwin ဖြစ်ပြီး
XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

The Dark Red (2018)

(unicode)
စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အမျိုးသမီးလူနာတစ်ယောက်ရောက်ရှိလာသည်။ လူနာဖြစ်သူက သူ့ကလေးကို သူ့ထံမှ လူတစ်စု အတင်းယူသွားကြောင်း ကလေးကို ပြန်ယူရမည် ဖြစ်ကြောင်း တွင်တွင်ပြောနေသည်။ ဆရာဝန်များ စမ်းသပ်စစ်ဆေးကြည့်သောအခါ အမျိုးသမီးလူနာမှာ မကြာမီ က ကလေးအသေမွေးထားသောကြောင့် ကယောင်ခြောက်ခြားဖြင့် ပြောဆိုနေသော စိတ်ကစဉ့်ကလျား ဝေဒနာရှင် သာဖြစ်ကြောင်း အခိုင်အမာကောက်ချက်ချကြသည်။ လူနာရဲ့ ခိုင်လုံသော ပြောဆိုချက် များကြောင့် ဆရာဝန်များအားလုံးက လက်မြှောက်ကာ စိတ်ပညာကုထုံးပညာရှင် ဒေါက်တာဂျက်ကီ ဒီလုပ်စ်ကို အကူအညီတောင်းကာ အဖြေထုတ်ခိုင်းလိုက်သည်။ လူနာဖြစ်သူနှင့် တွေ့ဆုံမေးမြန်းကြည့် ရင်း ဒေါက်တာဒီလုပ်စ်သည် အင်မတန်စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို အစဆွဲထုတ်နိုင် လိုက်သောအခါ………။ ဆရာဝန်များရဲ့ ကောက်ချက်နှင့် အမျိုးသမီးလူနာ၏ တကယ့်အဖြစ်အပျက် မည်သူက မည်မျှထိ မှန်ကန်နိုင်ပါမည်နည်း? ။ ဘယ်သူတွေ ပါဝင်ပက်သက်ပါသနည်း?။ ဆိုက်ကို ဆန်ဆန်ဇာတ်လမ်းများကို ကြိုက်နှစ်သက်သူများ အကြိုက်တွေ့နိုင်သော ဇာတ်လမ်းမျိုး ဖြစ်ပါသည်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်….
(zawgyi)
စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အမျိုးသမီးလူနာတစ်ယောက်ရောက်ရှိလာသည်။ လူနာဖြစ်သူက သူ့ကလေးကို သူ့ထံမှ လူတစ်စု အတင်းယူသွားကြောင်း ကလေးကို ပြန်ယူရမည် ဖြစ်ကြောင်း တွင်တွင်ပြောနေသည်။ ဆရာဝန်များ စမ်းသပ်စစ်ဆေးကြည့်သောအခါ အမျိုးသမီးလူနာမှာ မကြာမီ က ကလေးအသေမွေးထားသောကြောင့် ကယောင်ခြောက်ခြားဖြင့် ပြောဆိုနေသော စိတ်ကစဥ့်ကလျား ဝေဒနာရှင် သာဖြစ်ကြောင်း အခိုင်အမာကောက်ချက်ချကြသည်။ လူနာရဲ့ ခိုင်လုံသော ပြောဆိုချက် များကြောင့် ဆရာဝန်များအားလုံးက လက်မြှောက်ကာ စိတ်ပညာကုထုံးပညာရှင် ဒေါက်တာဂျက်ကီ ဒီလုပ်စ်ကို အကူအညီတောင်းကာ အဖြေထုတ်ခိုင်းလိုက်သည်။ လူနာဖြစ်သူနှင့် တွေ့ဆုံမေးမြန်းကြည့် ရင်း ဒေါက်တာဒီလုပ်စ်သည် အင်မတန်စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို အစဆွဲထုတ်နိုင် လိုက်သောအခါ………။ ဆရာဝန်များရဲ့ ကောက်ချက်နှင့် အမျိုးသမီးလူနာ၏ တကယ့်အဖြစ်အပျက် မည်သူက မည်မျှထိ မှန်ကန်နိုင်ပါမည်နည်း? ။ ဘယ်သူတွေ ပါဝင်ပက်သက်ပါသနည်း?။ ဆိုက်ကို ဆန်ဆန်ဇာတ်လမ်းများကို ကြိုက်နှစ်သက်သူများ အကြိုက်တွေ့နိုင်သော ဇာတ်လမ်းမျိုး ဖြစ်ပါသည်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်….
crd to channelmyanmar

Thursday, March 19, 2020

A Faithful Man (2018)

(unicode)
IMDb…6.5
မာရီယန်းဆိုတဲ့ မိန်းမချောလေးမှာ ပေါလ်နဲ့ အဘဲလ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ်….
အချစ်ဆုံးဆိုသူငယ်ချင်းတွေဆိုတဲ့အတိုင်း
တစ်ယောက်နဲ့တစ်ယောက်အလွန်ရင်းနှီးစွာနေလေ့ရှိသလို တွဲခဲ့တဲ့ ကာလကလည်း
ကြာလွန်းလှတယ်…
ဒီလိုကာလရှည်တွေဟာ တခြားသူငယ်ချင်းတွေအတွက်မဆန်းပေမယ့်
သူတို့အတွက်တော့ သူငယ်ချင်းစည်းကျော်ပြီး ချစ်ခဲ့မိကြတယ်..
မာရီယန်းဟာ မနက်ကိုပေါလ်နဲ့တွဲရင်
ညဘက်ကို အဘဲလ်နဲ့တွဲတယ်….
ယောင်္ကျာလေး (၂)ယောက်ရဲ့ ခပ်ဆိတ်နေမှုဟာ မာရီယန်းအတွက် အခွင့်ကောင်းလို့ပဲဆိုရမလားမသိ….
သူကလည်း (၂)ယောက်လုံးကိုချစ်နေတော့ ခက်သားပင်….
ကိုင်းဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး…
မာရီယန်းနေရာက သရုပ်ဆောင်ထားတဲ့ မင်းသမီး Laetitia Marie Laure Casta ဆိုတာ တစ်ချိန်က Victoria’s Secret Angel လေးတစ်ပါးဆိုတော့ သူ့ရဲ့အကြည့် သူ့ရဲ့ အပြုံးမှာတင် ခင်ဗျားတို့အားလုံး ရင်သပ်ရှုမောရမယ်ဆိုတာ ပြောကြားရင်း..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်….
(zawgyi)
IMDb…6.5
မာရီယန်းဆိုတဲ့ မိန်းမချောလေးမှာ ပေါလ်နဲ့ အဘဲလ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ်….
အချစ်ဆုံးဆိုသူငယ်ချင်းတွေဆိုတဲ့အတိုင်း
တစ်ယောက်နဲ့တစ်ယောက်အလွန်ရင်းနှီးစွာနေလေ့ရှိသလို တွဲခဲ့တဲ့ ကာလကလည်း
ကြာလွန်းလှတယ်…
ဒီလိုကာလရှည်တွေဟာ တခြားသူငယ်ချင်းတွေအတွက်မဆန်းပေမယ့်
သူတို့အတွက်တော့ သူငယ်ချင်းစည်းကျော်ပြီး ချစ်ခဲ့မိကြတယ်..
မာရီယန်းဟာ မနက်ကိုပေါလ်နဲ့တွဲရင်
ယောကျင်္ာလေး (၂)ယောက်ရဲ့ ခပ်ဆိတ်နေမှုဟာ မာရီယန်းအတွက် အခွင့်ကောင်းလို့ပဲဆိုရမလားမသိ….
သူကလည်း (၂)ယောက်လုံးကိုချစ်နေတော့ ခက်သားပင်….
ကိုင်းဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး…
မာရီယန်းနေရာက သရုပ်ဆောင်ထားတဲ့ မင်းသမီး Laetitia Marie Laure Casta ဆိုတာ တစ်ချိန်က Victoria’s Secret Angel လေးတစ်ပါးဆိုတော့ သူ့ရဲ့အကြည့် သူ့ရဲ့ အပြုံးမှာတင် ခင်ဗျားတို့အားလုံး ရင်သပ်ရှုမောရမယ်ဆိုတာ ပြောကြားရင်း..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်….
crd to channelmyanmar

Thursday, March 12, 2020

[18+]She and Auntie live together (2018)

ဒီတစ်ခါ Dark Side ပရိသတ်ကြီးအတွက်
ခပ်လန်းလန်း စားဆော်ကြီး အကြောင်းရိုက်ထားတဲ့
ကိုရီးယားကားခပ်ကြမ်းကြမ်းလေးလာပါပြီ။
မင်းသမီးကပြောရရင် စာရေးဆရာမပေါ့။လှတယ်
ချောတယ် ကိုယ်လုံးကိုယ်ပေါက်ကလည်း ကိတ်တယ်။
ဘဲလည်းမရှိဖူး။တကိုယ်တည်းနေတဲ့ အထီးကျန်မမပေါ့။
သူကပြောရရင် အပြာစာအုပ်တွေရေးတဲ့
တောင့်တောင့်ဖြောင့်ဖြောင့် စာရေးဆရာမမပါ။
ထူးဆန်းတာကသူစာရေးခါနီး အာရုံမရရင်
အတွေ့အကြုံလေးတွေကို ကိုယ်တိုင်ခံစားပြီးမှရေးတတ်တယ်။
နောက်တစ်ချက်က တစ်ယောက်တည်းနေရတာ
ကြောက်တယ်ဘာညာ အဲ့လိုပေါ့။အဲ့လိုရေးဖို့အတွက်
ပိုက်ဆံလည်းချမ်းသာတဲ့ Sugar Mommy မမချောက
အပန်းဖြေစံအိမ်လိုအိမ်ကြီး တစ်လုံးငှားပြီး
အတူနေဖို့ လူတွေ တစ်ယောက်ပြီးတစ်ယောက်
ရှာပုံတော်ဖွင့်တော့တာပေါ့။အဲ့
အထဲမှာ ဆော်လည်းပါတယ်။
တစ်ယောက်ပြီးတစ်ယောက်ဆီက
အတွေ့အကြုံလည်းယူတာပေါ့။
ဆန္ဒလည်းဖြည့်တယ်ပေါ့လေ။နောက်တော့အတူတူနေရင်းနဲ့
အကျင့်စရိုက်မတူတာ၊အကြိုက်မတူတာတွေကြောင့်
တစ်ရွာမကောင်းသူကောင်းမဖြစ်ဆိုသလို
တစ်ယောက်ပြီးတစ်ယောက်ပြောင်းတယ်။
နောက်ဆုံးတော့မှပဲအဲ့ဒီမမစိတ်တိုင်းကျတဲ့သူတွေ့သွားတော့တယ်။
သူကဘယ်သူမို့လို့လဲ။
ကိုရီးယားဆိုတော့ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ တင်ဆက်ထားပြီး
ခေါင်းဆောင်မင်းသမီးကလည်း
တော်တော်သရုပ်ဆောင်တာ အသက်ဝင်တယ်ပြောရမယ်။အ
နုအလှတွေနဲ့ ဘယ်လိုတင်ဆက်ပေးမယ်ဆိုတာ
သိချင်ရင်အမြန်ဆုံးဒေါင်းလိုက်ပါလို့ နောက်ဆုံးပိတ်မှာချင်ပါတယ်။
ဒီ ရုပ်ရှင်ကားကို Fox က ဘာသာပြန်ပေးထားပြီး
XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Warriors of the Nation (2018)

(unicode)
ဒီတစ်ခါတော့ တရုတ်ကွန်ဖူးသိုင်းကားအများကြီးရှိတဲ့ အထဲမှာ မင်းသားများစွာပြောင်းလဲသရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကျော်ကွန်ဖူးသိုင်းသမား ဝမ်ဖေးဟုန်ရဲ့ worriors of the nation ဇာတ်ကားလေးဘဲဖြစ်ပါတယ်
မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်ကို နိုးဆွပေးတဲ့ ဇာတ်ကားကောင်း တစ်ကားဆိုရင်လည်း မမှားပေဘူး
၁၉၀၇ခုနှစ် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံက တရုတ်အရှေ့ကျွန်းကိုသိမ်းပိုက်ဖို့အစတည်ရာက တစ်စတစ်စ တစ်တိုင်းပြည်လုံးသိမ်ပိုက်ဖို့ အတွက်Planကြီးဆွဲထားခဲ့တယ်
အဲ့အချိန် ဘုရင်ရဲ့ အမိန့်နဲ့ကွမ်ကျိုးကို ရောက်လာတဲ့ မျိုးချစ်စိတ်နဲ့နိုင်ငံတော်ကို ကယ်တင်ချင်တဲ စစ်သေနာပတိ ကျန်းကျိတုန်းနဲ့ ဝမ်ဖေးဟုန်တို့ ပေါင်းမိသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်….

Wednesday, March 11, 2020

Challenge of Five Gauntlets (2018)

(Unicode)
ဗုဒ္ဓမြတ်စွယ်တော်မှာ ရှိရှိသမျှ (၉၆)ပါးသော ရောဂါများအားလုံးပျောက်ကင်းနိုင်ခြင်း အပါအဝင် ထူးခြား ကောင်းမွန်တဲ့ အစွမ်းသတ္တိတွေ ပိုင်ဆိုင်ထားတယ်လို့ ဒဏ္ဏာရီလိုလို ပုံပြင်လိုလိုတွေ ရှိပါတယ်။ ဗုဒ္ဓမြတ်စွယ်တော်ကို ထိန်းသိမ်းစောင့်ရှောက်သူများအဖွဲ့ တစ်ခုမှ အလှည့်ကျ ကာကွယ်စောင့်ရှောက် တယ်လို့အဆိုလည်းရှိပါတယ်။ ဒါတွေအားလုံးက ရေရေရာရာမရှိတဲ့ ဒဏ္ဏာရီလို လို ယုံတမ်းစကားလိုလို တွေပါ။ တစ်ရက်မှာတော့ သေလုမြောပါးဖြစ်နေတဲ့ သမီးငယ်လေးအတွက် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေသော ဖခင်တစ်ယောက်က သမိုင်း ပညာရှင်တစ်ဦးဖြစ်သူ ကိန်း ထံတွင် မြတ်စွယ်တော်ကို ရှာဖွေဖို့ လာအကူအညီ တောင်းသောအခါ………။ အက်ရှင်ကားကြိုက်သူများ အကြိုက်တွေ့မှာပါ။ နင်ဂျာတွေရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်၊ အောက်လမ်းပညာ အသုံးပြုတိုက်ခိုက်ခြင်းများကို ရှုစားကြရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Myo ဖြစ်ပါတယ်….

Tuesday, March 10, 2020

Student A (2018)

Student ‘A’
“၂၀၁၅ အောက်တိုဘာ၁၇ရက်တွင် ကျောင်းခေါင်မိုးပေါ်မှခုန်ချသွားသော ကျောင်းသူ’A’၏ ဖြစ်ရပ်မှန်”
အငိုမရပ်ဘဲ ဆက်တိုက်ငိုနေခဲ့တဲ့ ငှက်ကလေးတစ်ကောင် ရှိခဲ့ပါတယ်…
အဲဒီငှက်ကလေးရဲ့နာမည်ကတော့ ဂျန်းမီရယ်တဲ့ ၊
သူကအလယ်တန်းကျောင်းသူလေးပါ
ကျောင်းမှာအမြဲတမ်းအနိုင်ကျင့်ခံရပြီး အမြဲတမ်းနာကျင်ရတဲ့အခါမှာ သူမရဲ့ထွက်ပေါက်က Wondering worldဆိုတဲ့ဂိမ်းဖြစ်လာပါတယ် ၊
Darkဆိုတဲ့နာမည်နဲ့ ဂိမ်းခိုးကစားတတ်ပြီး ဂိမ်းထဲမှာလည်းတော်ပါတယ် ၊
သူ့ရဲ့ကမ္ဘာထဲမှာ ဂိမ်းနဲ့ သူရေးထားတဲ့ဝတ္တုတွေသာ ရှိပါတယ် ။
ဂျန်းမီရယ်က ဇာတ်လမ်းတစ်ပုဒ်ကိုရေးနေပြီး
အဲဒီဇာတ်လမ်းကိုအဆုံးသတ်ဖို့နိဂုံးကို သူမ စဉ်းစားလို့မရသေးပါဘူး…
တစ်နေ့မှာ လီဘက်ဆိုတဲ့ကောင်မလေးရောက်လာပြီး ဇာတ်လမ်းဆက်ရေးနိုင်ဖို့ကူညီပေးခဲ့ပါတယ် ။
မီရယ်ဟာ လီဘက်နဲ့ထေယန်းတို့နှစ်ယောက်နဲ့ ရင်းနှီးလာပြီးနောက်ပိုင်း သူတို့နှစ်ယောက်အပေါ် ခင်တွယ်လာခဲ့ပါတယ်…
ဒါပေမယ့်လည်း သနားစရာမီရယ်ခမျာ သူငယ်ချင်းနှစ်ယောက်ရဲ့သစ္စာဖောက်မှုကိုခံခဲ့ရပါတယ်။
Wondering world ဂိမ်းကလည်း ပိတ်သိမ်းသွားခဲ့ပြန်ပါတယ်။
သူ့ရဲ့ကမ္ဘာပျောက်ဆုံးသွားတဲ့မီရယ်တစ်ယောက် သေကြောင်းကြံဖို့ကြိုးစားတဲ့အခါ…
အထီးကျန်နေတဲ့မီရယ်လိုလူတစ်ယောက်က ဘယ်အရာကို အားကိုးပြီးဘယ်လိုရှေ့ဆက်သွားမှာလဲ ?
Student ‘A’ဆိုတဲ့ ကောင်မလေးနေရာကနေ ခဏလောက်ဝင်ပြီးစီးမျောလိုက်ကြရအောင်…
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )
[ Zawgyi ]