Showing posts with label Biography. Show all posts

Friday, May 15, 2020

Capone (2020)

Scarface ရုပ်ရှင်တို့ ကမ္ဘာကျော် လူဆိုးကြီး အယ်ဖွန့်စ် က
ပုန်း တို့ကို သိကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။
ဒီရုပ်ရှင်ကလည်း ကပုန်းရဲ့ ဘဝကို သရုပ်ဖော်ထားတာပါပဲ။
ဒါပေမယ့် သူ့ရဲ့ ကြမ်းခဲ့ရမ်းခဲ့တဲ့ ကာလတွေ မဟုတ်တော့ပါဘူး။
အယ်ဖွန့်စ် တစ်ယောက် အခွန်ရှောင်လွှဲမှုနဲ့ ထောင် ၁၀ နှစ် ကျခဲ့ပြီး
ပြန်ထွက်လာတဲ့ သူ့ဘဝ နောက်ဆုံးအချိန်တွေ အကြောင်းကို ရိုက်ကူးထားတာပါ။
မင်းသားကတော့ စွယ်စုံရတယ်လို့ ပြောလို့ရတဲ့ နာမည်ကျော်တွေ စာရင်းထဲက တစ်ယောက်ပါပဲ။
တွမ် ဟာဒီ ဖြစ်ပါတယ်။
Bane, Venom, Mad Max တို့ အပါအဝင်ကမ္ဘာကျော်ကားတွေမှ အများကြီးပါပဲ။
ဒီရုပ်ရှင်ထဲမှာလည်း ကာလသားရောဂါကြောင့် ဦးဏှောက်ထိခိုက်တဲ့အပြင်
လေပါဖြတ်သွားတဲ့ ဂန်းစတားကြီးတစ်ယောက်ရဲ့ပုံကို
ပီပီပြင်ပြင် ပုံဖော်ပြထားပါတယ်။
ဒီရုပ်ရှင်ရဲ့ အဓိက အချက်ကတော့
အယ်လ် ကပုန်း ထောင်မကျခင်မှာ ဝှက်ထားခဲ့တဲ့ဆိုတဲ့
ဒေါ်လာ ၁၀ သန်း ပြဿနာကို အခြေခံထားပါတယ်။
ကပုန်းကို တကယ်ရူးနေတယ်လို့ မယုံသေးဘဲ စောင့်ကြည့်နေတဲ့
အက်ဖ်ဘီအိုင်တွေ၊ သူ့ဘေးက မိတ်ဆွေစစ်တွေ၊
မိတ်ဆွေတုတွေ နဲ့ မိသားစုတွေရဲ့ ဘဝကို ခံစားရမှာဖြစ်ပါတယ်။
အတိတ်အကြောင်းတွေ ဆက်စပ်ပြီး ပါနေတာမို့
Scarface ရုပ်ရှင်လေးကို ကြည့်ထားပြီးမှ ဒါကိုကြည့်ရင် ပိုပြီး နားလည်ခံစားလို့ရမှာပါ။
crd to channelmyanmar

Monday, May 11, 2020

The Social Network (2010)

ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင်သူ မာတ်ဇူကာဘတ် ရဲ့
ကျောင်းသားဘ၀ နှင့် Facebook ကို တည်ထောင်တဲ့
ကာလ တစ်လျှောက်က အကြောင်းများကို ဇတ်လမ်းရိုက်ကူးထားသည့်
ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်….
ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ
ဒိတ်ဒိတ်ကျဲတွေပါပဲ
Now You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့
မင်းသား Jesse Eisenberg နဲ့ Spider-Man မင်းသား Andrew Garfield တို့ဖြစ်ပြီး
နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ်
ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်းကလဲ အတော်လေး စိတ်ဝင်စားဖို့
ကောင်းပါတယ်….
မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်းဖြစ်သူ နဲ့ အတူ
တည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကို
ရိုက်ပြထားပါတယ်…
crd to channelmyanmar

Bad Education (2019)

ဒီရုပ်ရှင်က ၂၀၁၉ ခုနစ်ထွက် Biography/ Crime ဇာတ်ကားဖြစ်တယ်
ပြောရရင်တော့ ဖြစ်ရပ်မှန်ပေါ့ဗျာ…
ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းက…
ဖရန့်ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ကျောင်းဆရာဟောင်း..
အခုတော့ ရိုဆလင်းပြည်နယ်က အစိုးရကျောင်းမှာ
ကျောင်းအကျိုးတော်ဆောင်ကောင်းတစ်ယောက်ဖြစ်နေပြီ..
သူက သိပ်ကိုတော်တဲ့လူတစ်ယောက်…
သိပ်ဦးနှောက်ကောင်းတယ်…
ဒီကျောင်းကြီးကို သုညအဆင့်ကနေ
ထိတ်ထိတ်ကြဲကျောင်းကောင်းစာရင်းဝင်လာအောင် သူပဲလုပ်ပေးခဲ့တာ…
ကလေးမိဘတွေကို သိမ်းသွင်းတတ်သလို လုပ်ဖော်ကိုင်ဘက်တွေကလည်း
သိပ်လေးစားချစ်ခင်ကြတာပေါ့….
ဒီလောက်ထိပြီးပြည့်စုံနေတဲ့သူတစ်ယောက်ဆိုတာ ရှိပါ့မလား…
ဒီကားကို ဘာလို့ကြည့်သင့်လဲဆိုတော့ နံပါတ်တစ်က
Huge Jackman က ဖရန့်နေရာမှာ အပိုအလိုမရှိ ကွက်တိ…
နံပါတ်နှစ် IMDB 7.2/10 ရထားတယ် နံပါတ်သုံး ကောင်းကိုကောင်းလို့ဗျာ
crd to channelmyanmar

Wednesday, May 6, 2020

The Great Debaters (2007)

The Great Debaters(2007)
IMDb…..7.6,,,,,Rotten….79%
စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်….
ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာ
စာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင်
တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ…
ကျွန်တော်ဘာလို့ ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့
ခင်ဗျားတို့လည်းမှန်းမိလောက်မှာပါ….
ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့
ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်….
သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့  အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်…
ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို့  အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေ
မြင်နေရလိမ့်မယ်…ဒီကားကိုကြည့်မယ်ဆိုရင်  debate ပွဲတွေများစွာကြည့်ရမယ့်အပြင်
ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်..
ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ…အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချို့တွေ တွေ့ရလိမ့်မယ်…
နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်…
ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို့ ခင်ဗျားဟာ
ကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်….
ဘာသာပြန်သူကတော့ Scarlett May ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, April 27, 2020

Kalashnikov (2020)

ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင်
အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။
အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို
လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။
ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။
ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။
ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။
အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ
ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။
ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့်
လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။
ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ
သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။
အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။
ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။
crd to channelmyanmar

Thursday, April 2, 2020

Control (2007)

Freddie Mercury ရဲ့ Bohemian Rhaspody ကိုသင်ကြိုက်ခဲ့တယ်ဆိုရင်
ဒီရုပ်ရှင်ကသင့်အတွက်ပါပဲ Joy Division ရဲ့
Ian Curtis အကြောင်းကို ရိုက်ကူးထားတာပါ
အီယံ ကာတစ်ဟာ မသန်စွမ်းလူငယ်များကို အလုပ်ရှာပေးတဲ့ အေဂျင်စီမှာ
အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်
Warsawလို့ခေါ်တဲ့Bandရဲ့အဆိုတော်လည်းဖြစ်ပါတယ်
David Bowieကိုကြိုက်နှစ်သက်သူဖြစ်ပြီး
Debbieလို့ခေါ်တဲ့ကောင်မလေးနဲ့တွေ့ဆုံကာ
ချက်ချင်းပဲ ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်လိုက်ပါတော့တယ်
အဲ့အချိန်မှာပဲ သူတို့ရဲ့bandနာမည်ဟာ Joy Divisionဖြစ်လာပြီး
လူအများရဲ့အာရုံစိုက်ခြင်းကို စတင်ခံလာရပါတော့တယ်
Bandနာမည်ရလာတာနဲ့အမျှအိမ်မှာသိပ်မရှိတဲ့ အီယံ ဟာ
မိဘနေရာကိုရောက်မှန်းမသိရောက်လာပြီး
သူတို့ရဲ့အိမ်ထောင်ရေးဟာ Annikဆိုတဲ့ကောင်မလေးနဲ့စတွေ့မိရာကနေ
ချောက်ထဲကိုထိုးကျသွားပါတော့တယ်
အီယံဟာ epilepsyကိုခံစားနေရပြီး ကောင်းမွန်တဲ့ဆေးဝါးကုသမှုလည်းမရခဲ့ပါဘူး
သူဟာ အိမ်ထောင်ရေး အချစ်ရေး နာမည်ကြီးလာခြင်း နဲ့
တစ်ခါတစ်ခါဖျော်ဖြေတိုင်းသူ့ရဲ့စွမ်းအင်ဆုံးရှုံးမှုတွေကို
ထိန်းကျောင်းနိုင်ခြင်းမရှိတော့ပါဘူး အဲ့အခါကျတော့….

ထိန်းကျောင်းနိုင်ခြင်းမရှိတော့ပါဘူး အဲ့အခါကျတော့…
crd to channelmyanmar

Friday, March 20, 2020

Just Mercy (2019)

ဖစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားသစ်လေးပါ။
နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ Michael B. Jordan နဲ့
Jamie Foxx တို့ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဟားဗတ်ကနေ Law နဲ့ ဘွဲ့ရလာတဲ့
Bryan Stevenson က South Center မွာ
လူ့အခွင့်အရေးလှုပ်ရှားသူ ကျောင်းသားတစ်ယောက်အနေနဲ့
အလုပ်သင်ဝင်လုပ်ပြီးနောက်မှာ သူ့ရဲ့ခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။
နောက်တော့ သူက Alabama မှာ အကျဉ်းသားတွေရဲ့
အခွင့်အရေးအတွက် တိုက်ခိုက်ပေးဖို့
Equal Justice Initiative (EJI) ကို တည်ထောင်ခဲ့တယ်။
ဒေသခံ Eva Ansley ရဲ့အကူအညီနဲ့
သေဒဏ်ကျခံနေရတဲ့အကျဉ်းသားတွေရဲ့
အမှုကို စတင်ပြီး ကိုင်တွယ်တော့တယ်။
အဲဒီမှာ လူသတ်မှုကြီးတစ်ခုအတွက် မှားယွင်းစွာစွပ်စွဲခံထားရတဲ့
Johnny D နဲ့ စပြီး ဆုံကြတော့တယ်။
ဒီဇာတ်ကားလေးထဲမှာ စနစ်အတွင်း အကျင့်ပျက်ချစားမှု၊
အပြစ်မဲ့တဲ့အကျဉ်းသားတွေအတွက် Stevenson တစ်ယောက်
ဘယ်လိုကြိုးပမ်းမလဲဆိုတာတွေ ရှုမြင်ခံစားရမှာဖြစ်ပါတယ်။
crd to channelmyanmar

Make Us Dream (2018)

Make us dream (2018) ဟာ လစ္ဗာပူး
အသင်းရဲ့ နာမည်ကျော် ကပ္ပတိန် စတိဗင် ဂျရက် ရဲ့
ကစားသမား ဘဝအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခုပါ။
သူဟာ လစ်ဗာပူးကို အသက် ၈ နှစ်အရွယ်ကတည်းက ရောက်ခဲ့ပြီး
၂၈ နှစ်တိတိ အသင်းအတွက် ကစားပေးခဲ့ပါတယ်။
FA ဖလား ၂ ခု၊ League ဖလား ၃ ခု၊ UEFA ဖလား ၁ ခု၊
FA community ဒိုင်း ၁ ခု နဲ့ UEFA super ဖလား ၁ ခု ရယူပေးခဲ့တဲ့
သမိုင်းဝင်ကစားသမားတစ်ယောက်ပါ။
ဒီကားလေးမှာဆိုရင် ဂျရက် ရဲ့ အပြောင်းအလဲများလှတဲ့
ကစားသမားဘဝအကြောင်းကို
အတွင်းကျကျ တွေ့ဆုံမေးမြန်းပြီး
ရိုက်ကူးမှတ်တမ်းတင်ထားပဲ ဖြစ်ပါတယ်။
ဘာသာပြန်ပေးထားတာကတော့
Htet Wai Lwin ဖြစ်ပြီး
XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Thursday, March 19, 2020

Richard Jewell (2019)

ဖြစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ထပ်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
၁၉၉၆ ဇူလိုင်လမှာ အမေရိကန် ဆန်တန်နီရယ်အိုလံပစ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး
လူ ၂ ယောက်သေ၊ ၁၀၀ ကျော်ဒဏ်ရရခဲ့ပါတယ်။
ဒီဗုံးရဲ့ပြင်းအားနဲ့ လူဦးရေအရ ဒီထက်ပိုသေပြီး
ထိခိုက်နိုင်ပေမယ့် ကယ်တင်ရှင်တစ်ယောက်ကြောင့် သက်သာခဲ့တာပါ။
အဲဒီလူကတော့ အဆိုပါဗုံးကို တွေ့ပြီး
လူတွေကို ဖယ်ရှားခိုင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ရစ်ချက် ဂျူဝယ်ပါပဲ။
နေ့ချင်းညချင်းပဲ ရစ်ချက်ဟာနိုင်ငံတော် သူရဲကောင်းဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဒီဂုဏ်ယူမှုဟာ ရက်ပိုင်းပဲ ခံပါတယ်။
အက်ဖ်ဘီအိုင်က သူ့ကို သူရဲကောင်းလုပ်ချင်စိတ်၊
နာမည်ကျော်ကြားလိုစိတ်ကြောင့် ဗုံးခွဲသူလို့ သံသယဖြစ်ပြီး၊
သတင်းတွေမှာလည်း ပါလာတဲ့အခါ
ရစ်ချက်ရဲ့ ဘဝ ကပြောင်းကပြန်တွေ ဖြစ်လာပါတော့တယ်။
အဲဒီအက်ဖ်ဘီအိုင်နဲ့ မီဒီယာတွေကို တွန်းလှန်ပြီး အမှန်တရားကို
သက်သေပြဖို့ ရစ်ချက်ရယ် သူ့ရဲ့ မိတ်ဆွေဟောင်း
ဒေါသအိုးရှေ့နေကြီး ဝက်ဆန်ဘရိုင်းယန့်ရယ် ကြိုးစားကြတဲ့အခါ….
crd to channelmyanmar

Thursday, March 12, 2020

Tanhaji: The Unsung Warrior (2020)

(Unicode)
ဘောလီဝုဒ်ဖန်တွေအတွက် 2020 ရဲ့ blockbuster ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
နာမည်ကျော်မင်းသားကြီး အဂျေးနဲ့ ဆေ့ဖ်အလီခန်းမ်တို့က အပြိုင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
ဇာတ်လမ်းက မရာထာတပ်မှူး တာနာဂျီးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်
မဂိုအင်ယာကြီးစိုးတဲ့အချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်
အဲ့ဒိအချိန်အခါမှာ အိန္ဒိယမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လွပ်လပ်ရေးတိုက်ပွဲဝင် မရာထာတပ်သားများစွာရှိပါတယ်
အင်အားချင်းမမျှမှုကြောင့် အနိုင်မရဘဲ မဂိုတွေကိုအရှုံးပေးလိုက်ရတဲ့အခါ မရာထာအင်ယာပါမှ ခံတပ် ၂၃ ခု မဂိုတွေဘက်ကိုပေးအပ်လိုက်ရပါတယ်
အဲ့ဒိထဲမှာ အကြီးမားဆုံးခံတပ်ဖြစ်တဲ့ ကွန်ဒါနားလည်းပါခဲ့ပါတယ် 
ဒီခံတပ်ကိုရရှိရင် အိန္ဒိယတောင်ပိုင်းတစ်ခုလုံးကို ရရှိသလိုပါပဲ
မဂိုတွေဟာ မတွန့်မဆိုင်းဘဲ အိန္ဒိယတစ်ခွင်လုံးကိုပါ သိမ်းဖို့ကြိုးစားလာတဲ့အခါမှာတော့
မရာထာတပ်မှူးကြီး တာနာဂျီးနဲ့မဂိုတပ်မှူးကြီး အူဒေဘန်းတို့ ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)

Tuesday, March 10, 2020

Chhapaak (2020)

(Unicode)
“ဤဇာတ်ကားနှင့်ပက်သက်၍ ခံစားမိသမျှ. . .”
လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်(စိတ်ရိုင်းကိုယ်စီ) ရှိကြတယ်။
ဘာကြောင့်များ လူတစ်ယောက်ဟာ ဒီလိုလုပ်ရပ်မျိုး လုပ်မိတဲ့အထိ ကိုယ့်စိတ်ရိုင်းကို ကိုယ်တိုင်အရှုံးပေး​ပြီး ဆင်ခြင်တုံတရားဆိုတဲ့ ချည်တိုင်ကနေ လွှတ်ပေးလိုက်ရတာလဲ?
မနေ့က ဒီဇာတ်ကားကို ကြည့်မိတော့ ဇာတ်ကားရဲ့အစအလယ်အဆုံးမှာ ကျွန်တော်တွေးနေမိတာက “လူ့စိတ်ထဲက အမှောင်ဘက်ခြမ်း(Darkside)”အကြောင်းပါပဲ။
တစ်ချို့လူတွေရဲ့လုပ်ရပ်တွေကို ကိုယ်တိုင်က နားမလည်နိုင်ပေမယ့် ကိုယ့်စိတ်ထဲမှာလည်း သူများနဲ့မတူတဲ့ စိတ်ရိုင်းတစ်မျိုးတော့ ရှိနေမှာ သေချာတယ်။ (ကိုယ်တိုင်လည်း သိတဲ့သူ သိကြမှာပါ)
ဒီဇာတ်ကားအကြောင်း ပြောပါဆိုရင်တော့ လည်ပတ်အောင် ပြောပြနိုင်ဖို့က ခဲယဥ်းမယ်ထင်တယ်။
ဇာတ်လမ်းက အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် သူ့ဘဝကို ဘယ်လိုပြန်လည်တည်​ဆောက်ယူသလဲ
သူ့လိုမျိုး နောက်ထပ်အတိုက်ခိုက်ခံရနိုင်တဲ့ မိန်းကလေးတွေအတွက် တရားရုံးအဆင့်ဆင့်ကို တက်ပြီး “အက်ဆစ်ရောင်းချမှုကို တားမြစ်ပိတ်ပင်”ဖို့ အယူခံဝင် ၊ အဆိုပြုလွှာတင်ကာ. . .
နောက်ဆုံး ဥပဒေပြစ်ဒါဏ်တစ်ခုအနေနဲ့ ပေါ်ထွန်းလာစေဖို့အထိ ကြိုးစားပုံကို ရိုးရိုးလေး ရိုက်ပြထားတာပါပဲ။
ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်လို့ ပရိတ်သတ်ကို မက်ဆေ့ပေးချင်တဲ့ အချက်တွေကို ဇာတ်ကားအစမှာရော အဆုံးမှာပါ ထည့်ပေးထားပါတယ်။
ရင်ဖိုစရာ ၊ စိတ်လှုပ်ရှားစရာတွေထက်ကို ဆင်ခြင်စရာတွေ ၊ ပြင်ဆင်စရာတွေကို မြင်မိစေပါလိမ့်မယ်။
ဒီဇာတ်ကားကို ရိုက်ဖို့အတွက် မင်းသားရယ်လို့ မယ်မယ်ရရ သုံးမထားပဲ မင်းသမီး Deepika Padukone တစ်ယောက်သာ သုံးထားတာမို့ ၊ ဘတ်ဂျက်လည်း အင်မတန်နည်းပါတယ်။
ဇာတ်ကားရဲ့ တင်ပြချင်တဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့အတွက် အိန္ဒိယပြည်နယ်လေးခုမှာ
အခွန်ကင်းလွတ်ခွင့်နဲ့ ပြသခွင့်ရခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း အပြုသဘော ဝေဖန်ချက်တွေ ရခဲ့ပါတယ်။
အညွှန်းအနေနဲ့ ရေးပေးထားတာမျိုး မဟုတ်ပဲ  ဘာသာပြန်တစ်ယောက်အနေနဲ့ ရုပ်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ရေးသားပေးလိုက်တာမို့
ဖော်ပြချင်တဲ့ အချက်တွေ ၊ ဘာသာပြန်ရာမှာ ဥပဒေဆိုင်ရာအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အားနည်းခဲ့ရင် ကြိုတင်တောင်းပန်ထားပါရစေ….။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
“ဤဇာတ်ကားနှင့်ပက်သက်၍ ခံစားမိသမျှ. . .”
လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်(စိတ်ရိုင်းကိုယ်စီ) ရှိကြတယ်။
ဘာကြောင့်များ လူတစ်ယောက်ဟာ ဒီလိုလုပ်ရပ်မျိုး လုပ်မိတဲ့အထိ ကိုယ့်စိတ်ရိုင်းကို ကိုယ်တိုင်အရှုံးပေး​ပြီး ဆင်ခြင်တုံတရားဆိုတဲ့ ချည်တိုင်ကနေ လွှတ်ပေးလိုက်ရတာလဲ?
မနေ့က ဒီဇာတ်ကားကို ကြည့်မိတော့ ဇာတ်ကားရဲ့အစအလယ်အဆုံးမှာ ကျွန်တော်တွေးနေမိတာက “လူ့စိတ်ထဲက အမှောင်ဘက်ခြမ်း(Darkside)”အကြောင်းပါပဲ။
တစ်ချို့လူတွေရဲ့လုပ်ရပ်တွေကို ကိုယ်တိုင်က နားမလည်နိုင်ပေမယ့် ကိုယ့်စိတ်ထဲမှာလည်း သူများနဲ့မတူတဲ့ စိတ်ရိုင်းတစ်မျိုးတော့ ရှိနေမှာ သေချာတယ်။ (ကိုယ်တိုင်လည်း သိတဲ့သူ သိကြမှာပါ)
ဒီဇာတ်ကားအကြောင်း ပြောပါဆိုရင်တော့ လည်ပတ်အောင် ပြောပြနိုင်ဖို့က ခဲယဉ်းမယ်ထင်တယ်။
ဇာတ်လမ်းက အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် သူ့ဘဝကို ဘယ်လိုပြန်လည်တည်​ဆောက်ယူသလဲ
သူ့လိုမျိုး နောက်ထပ်အတိုက်ခိုက်ခံရနိုင်တဲ့ မိန်းကလေးတွေအတွက် တရားရုံးအဆင့်ဆင့်ကို တက်ပြီး “အက်ဆစ်ရောင်းချမှုကို တားမြစ်ပိတ်ပင်”ဖို့ အယူခံဝင် ၊ အဆိုပြုလွှာတင်ကာ. . .
နောက်ဆုံး ဥပဒေပြစ်ဒါဏ်တစ်ခုအနေနဲ့ ပေါ်ထွန်းလာစေဖို့အထိ ကြိုးစားပုံကို ရိုးရိုးလေး ရိုက်ပြထားတာပါပဲ။
ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်လို့ ပရိတ်သတ်ကို မက်ဆေ့ပေးချင်တဲ့ အချက်တွေကို ဇာတ်ကားအစမှာရော အဆုံးမှာပါ ထည့်ပေးထားပါတယ်။
ရင်ဖိုစရာ ၊ စိတ်လှုပ်ရှားစရာတွေထက်ကို ဆင်ခြင်စရာတွေ ၊ ပြင်ဆင်စရာတွေကို မြင်မိစေပါလိမ့်မယ်။
ဒီဇာတ်ကားကို ရိုက်ဖို့အတွက် မင်းသားရယ်လို့ မယ်မယ်ရရ သုံးမထားပဲ မင်းသမီး Deepika Padukone တစ်ယောက်သာ သုံးထားတာမို့ ၊ ဘတ်ဂျက်လည်း အင်မတန်နည်းပါတယ်။
ဇာတ်ကားရဲ့ တင်ပြချင်တဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့အတွက် အိန္ဒိယပြည်နယ်လေးခုမှာ
အခွန်ကင်းလွတ်ခွင့်နဲ့ ပြသခွင့်ရခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း အပြုသဘော ဝေဖန်ချက်တွေ ရခဲ့ပါတယ်။
အညွှန်းအနေနဲ့ ရေးပေးထားတာမျိုး မဟုတ်ပဲ  ဘာသာပြန်တစ်ယောက်အနေနဲ့ ရုပ်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ရေးသားပေးလိုက်တာမို့
ဖော်ပြချင်တဲ့ အချက်တွေ ၊ ဘာသာပြန်ရာမှာ ဥပဒေဆိုင်ရာအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အားနည်းခဲ့ရင် ကြိုတင်တောင်းပန်ထားပါရစေ….။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar

Bombshell (2019)

ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့
ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။
ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက်
တကယ့်အ‌ချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့
Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။
Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီး
တခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။
ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့
Fox News ရုပ်မြင်သံကြားချန်နယ်အတွင်း
အမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့
လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။
ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်း
ဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။
အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။
တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။
နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့
တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။
မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။
crd to channelmyanmar

Tuesday, February 18, 2020

Amadeus (1984)

[Unicode]
အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။
မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်‌ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။
တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊
မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊
အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။
သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊
ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။
ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။
မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ သူအထင်ကြီးတဲ့ မြို့ကြီးမှာ သူ့ဂီတတွေရဲ့ အမြင့်ကို ခံစားနိုင်တဲ့ တစ်ဦးတည်းသောသူက သူ့ရဲ့ အတွင်းကျိတ်ရန်သူ မိုးဇတ်ကို အထင်ကြီး မနာလိုဖြစ်နေတဲ့ ဆယ်လိရိုင်ပါ။
ကိုယ့်အရည်အချင်းကိုသိတဲ့ တစ်ဦးတည်းသောသူဟာ ကိုယ့်ရန်သူဖြစ်နေတဲ့အပြင်
ဂီတနဲ့ပက်သက်တဲ့ သူ့မာနကို မချနိုင်တဲ့ မိုးဇတ်အတွက် အရာရာမှာ အဆင်မပြေမှုတွေသိပ်များပါတယ်။
35နှစ်အထိပဲ အသက်ရှည်သွားခဲ့တဲ့ မိုးဇတ်ဟာ သီချင်းအပုဒ် ၆ရာကျော်နဲ့ အော်ပရာနှစ်ပုဒ် စပ်ဆိုသီကုံးခဲ့ပါတယ်။
မိုးဇတ်ရဲ့ နာမည်ကျော် လက်ရာတွေ ဖြစ်တည်လာပုံနဲ့ သူ့ရဲ့ နာမည်ကျော်အော်ပရာ Don Giovanni ဖြစ်တည်လာပုံတွေလည်း ပြသထားပါတယ်။
ဒီသုံးနာရီ ရှစ်မိနစ်ကြာတဲ့ ဒီရုပ်ရှင်ဟာ စစချင်းမှာတော့ အတော်ပျင်းစရာကောင်းပါလိမ့်မယ်။
ပထမတစ်နာရီကို ကျော်ပြီးတဲ့အချိန် မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ကြားက Character Chemistry ခိုင်မာလာတဲ့အချိန်မှာတော့ ဒီကားဟာ အတော်ကောင်းတဲ့ရုပ်ရှင်လို့ ခင်ဗျားခံစားမိလာပါမယ်။
ဒီဇာတ်လမ်းထဲက မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ရဲ့ အဖြစ်တွေဟာ တကယ်ဖြစ်ချင်မှဖြစ်ပါမယ်။
အပြင်က ဆယ်လိရိုင်ဟာ ဒီဇာတ်လမ်းထဲမှာလို မိုးဇတ်အတွက် မနာလိုနေတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်ချင်ဖြစ်ပါမယ်။
ဆယ်လိရိုင်ဟာ မိုးဇတ်အတွက် အသုဘငိုချင်းဆိုပေးခဲ့ပြီး မိုးဇတ်ရဲ့သားကို သင်ပေးခဲ့တဲ့အတွက် သူ့ရဲ့ တကယ့်မိတ်ဆွေဖြစ်ချင်ဖြစ်ပါမယ်။
ရာနှုန်းပြည့်မှန်ကန်တဲ့ Biographyဆိုတာ ဘယ်မှာမှ မရှိပါဘူး။
အနုပညာပစ္စည်းတွေနဲ့ ပက်သက်လာရင် နည်းလည်နိုင်ဖို့ထက် ခံစားတတ်ဖို့က ပိုအဓိကကျပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)
[Zawgyi]

Ip Man 4: The Finale (2019)

Zawgyi
*******
IP Man ရဲ့ 4 ကားမြောက်ဇာတ်ကားဖြစ်သလို နောက်ဆုံးကားလည်းဖြစ်ပါတယ်
တကယ်ကိုကောင်းလွန်းတဲ့ကောင်းပါပဲ.သိုင်းချစ်သူတွေကိုတော့အထွေအထူး
အများကြီးညွှန်းနေစရာတောင်မလိုဘူးထင်ပါတယ်။ ဒီဇာတ်ကားမှာတော့
IP Man ဟာ သူ့ရဲ့အမျိုးသမီးသေဆုံးပြီးတဲ့နောက်
ကျန်ခဲ့တဲ့သားငယ်ကိုတစ်ယောက်တည်းထိန်းကျောင်းခဲ့ရတယ်
သားဖြစ်သူကလည်း အဖေဗီဇအတိုင်းပဲ သိုင်းကိုအရူးအမူးဝါသနာပါပေမယ့်
IP Man က မသင်ပေးခဲ့ပါဘူး..ဒီတော့ရန်တွေခဏခဏဖြစ်ကျောင်းထွက်ရတော့
သားဖြစ်သူအတွက် သင့်တော်မယ့်ကျောင်းကို ရှာဖို့အတွက်
IP Man တစ်ယောက် အမေရိနိုင်ငံ ဆန်ဖရန်စစ်စကို မြို့ကိုခရီးဆန့်ရပါတော့တယ်
အဲ့မှာ သူ့တပည့်ရင်းတစ်ယောက်ဖြစ်တဲ့ Bruce Lee နဲ့ပြန်လည်ဆုံတွေ့ပါတယ်
အဲ့ဒီနောက်ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ကိုယ်တိုင်သာဆက်လက်ခံစားကြပါ
ဒီကားမှာ Bruce Lee ကို ရိုက်ကူးထားတာလည်း ကျွန်တော်သဘောကျမိပါတယ်

Unicode

Monday, February 3, 2020

Ford v Ferrari (2019)

Unicode
ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။
ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ဖရာရီကို အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဒီလို ဖြစ်နိုင်ချေနည်းလွန်းတဲ့ အလုပ်အတွက် လမန်းစ်မှာ အနိုင်ရဖူးသူ ကယ်ရိုးရှဲလ်ဘီ နဲ့ သူ့ရဲ့ မိတ်ဆွေကောင်း လူ့ဂွစာ ကင်မိုင်းစ် တို့ဟာ ဖို့ဒ်ပြိုင်ကားကို ကိုယ်တိုင်တည်ဆောက်ပြီး လမန်းစ်မှာ ဖရာရီကို နောက်ကောက်ချဖို့ ကြိုးစားကြပါတော့တယ်။
ပါဝင်တဲ့ သရုပ်ဆောင် ၂ ယောက်ကိုတော့ လူတိုင်းနီးပါး သိပြီးသားဖြစ်မှာပါ။ မက်ဒေမွန်ကတော့ ခရစ်ရှန်ဘေးနဲ့ တွဲလုပ်ရမှာမို့ ဒီဇာတ်ကားကို အားရဝမ်းသာ လက်ခံခဲ့တယ်လို့ ပြောထားပါတယ်။ ခရစ်ရှန်ဘေးကတော့ ထုံးစံအတိုင်း ဇာတ်ကောင်အတွက် ပေါင် ၇၀ ချပြီး အလိုက်ဖက်ဆုံး သရုပ်ဆောင်သွားတာပါပဲ။ ဒီရုပ်ရှင်ကတော့ အတော်လေး ကြည့်လို့ကောင်းပြီး လူတိုင်း ကြိုက်မယ့်အမျိုးအစားမှာ ပါမယ်ထင်ပါတယ်။

(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)
crd to channelmyanmar

Thursday, January 23, 2020

Dark Waters (2019)

Dark Waters (2019)
Rating: 7.6
Genres: Biography, Drama, History
(unicode)
ဖြစ်ရပ်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်
၂၀၁၆ခုနှစ် The New York Times Magazineထဲက Nathaniel Richရေးထားတဲ့
“The Lawyer Who Became DuPont’s Worst Nightmare”ကိုအခြေခံပြီး
ရိုက်ကူးထားတာပါ
ဇာတ်လမ်းအကျဉ်းကတော့
DuPontလို့အမည်ရတဲ့အမေရိကန်ရဲ့အကြီးဆုံး ဓာတုဗေဒပစ္စည်းတွေထုတ်လုပ်ဖြန့်ချီတဲ့ကုမ္ပဏီကြီးက
ကုန်ပစ္စည်းထုတ်လုပ်ရာနဲ့စွန့်ပစ်ရာမှာသုံးတဲ့ဓာတုဗေဒပစ္စည်းတွေဟာ
သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ်
အဲ့ဒါကြောင့်ထိခိုက်သူတွေကရှေ့နေတစ်ယောက်ကိုငှားပြီးတော့တရားရင်ဆိုင်ရဖို့ဖြစ်လာပါတယ်
အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်တို့ရဲ့Hulk မင်းသားကြီးMark Tuffaloကရှေ့နေတစ်ယောက်အနေနဲ့
သရုပ်ဆောင်ထားပါတယ်
အမေရိကန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တာနဲ့အညီ
အကြီးတန်းအုပ်ချုပ်ရေးပိုင်းကခေါင်းဆောင်တွေနဲ့သိတာကြောင့်
DuPontကိုနိုင်နိုင်ချေကလုံးဝမရှိတဲ့အခြေအနေအထိဖြစ်နေလို့‌ရှေ့နေတော်တော်များများကငြင်းဆိုကြပါတယ်….
အစပိုင်းကစိတ်မဝင်စားပေမယ့်လဲသူ့အဖွားနေထိုင်ရာဇာတိအနောက်ဗာဂျီးနီးယာမှာဖြစ်တာကြောင့်
အနည်းငယ်စူးစမ်းကြည့်ရာကနေရင်နင့်ဖွယ်ဖြစ်ရပ်တွေကိုတွေ့ပြီးတာဝန်ယူရတဲ့အထိဖြစ်လာပါတော့တယ်…..
တကယ်ကိုအန္တရယ်များလွန်းတဲ့တရားခွင်ပါပဲ…သူရင်ဆိုင်နိုင်ပါ့မလား…ဆိုတာကိုတော့
ခံစားကြည့်ပါဦး…
ဒီကားက တရားခွင်ကို အဓိက ပြထားတဲ့ဇာတ်ကားတွေ ထုံးစံအတိုင်း
ဒိုင်ယာလော့တိုင်းဟာ ပညာသားပါပါတယ်.
ခက်ခဲတဲ့ စုံစမ်းထောက်လှမ်းမှုတွေလည်း တွေ့ရပါလိမ့်မယ်…ဒါ့အပြင် ကြည့်ရသူတွေအတွက်လည်း
ဗဟုသုတပေါင်းများစွာရသလို အစမှ အဆုံးထိ မပျင်းမရိနဲ့ကိုကြည့်ရပါတယ်..
ခံစားကြည့်ကြပါဦး…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်
(zawgyi)
ဖြစ်ရပ်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်
၂၀၁၆ခုနှစ် The New York Times Magazineထဲက Nathaniel Richရေးထားတဲ့
“The Lawyer Who Became DuPont’s Worst Nightmare”ကိုအခြေခံပြီး
ရိုက်ကူးထားတာပါ
ဇာတ်လမ်းအကျဉ်းကတော့
DuPontလို့အမည်ရတဲ့အမေရိကန်ရဲ့အကြီးဆုံး ဓာတုဗေဒပစ္စည်းတွေထုတ်လုပ်ဖြန့်ချီတဲ့ကုမ္ပဏီကြီးက
ကုန်ပစ္စည်းထုတ်လုပ်ရာနဲ့စွန့်ပစ်ရာမှာသုံးတဲ့ဓာတုဗေဒပစ္စည်းတွေဟာ
သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ်
အဲ့ဒါကြောင့်ထိခိုက်သူတွေကရှေ့နေတစ်ယောက်ကိုငှားပြီးတော့တရားရင်ဆိုင်ရဖို့ဖြစ်လာပါတယ်
အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်တို့ရဲ့Hulk မင်းသားကြီးMark Tuffaloကရှေ့နေတစ်ယောက်အနေနဲ့
သရုပ်ဆောင်ထားပါတယ်
အမေရိကန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တာနဲ့အညီ
အကြီးတန်းအုပ်ချုပ်ရေးပိုင်းကခေါင်းဆောင်တွေနဲ့သိတာကြောင့်
DuPontကိုနိုင်နိုင်ချေကလုံးဝမရှိတဲ့အခြေအနေအထိဖြစ်နေလို့‌ရှေ့နေတော်တော်များများကငြင်းဆိုကြပါတယ်….
အစပိုင်းကစိတ်မဝင်စားပေမယ့်လဲသူ့အဖွားနေထိုင်ရာဇာတိအနောက်ဗာဂျီးနီးယာမှာဖြစ်တာကြောင့်
အနည်းငယ်စူးစမ်းကြည့်ရာကနေရင်နင့်ဖွယ်ဖြစ်ရပ်တွေကိုတွေ့ပြီးတာဝန်ယူရတဲ့အထိဖြစ်လာပါတော့တယ်…..
တကယ်ကိုအန္တရယ်များလွန်းတဲ့တရားခွင်ပါပဲ…သူရင်ဆိုင်နိုင်ပါ့မလား…ဆိုတာကိုတော့
ခံစားကြည့်ပါဦး…
ဒီကားက တရားခွင်ကို အဓိက ပြထားတဲ့ဇာတ်ကားတွေ ထုံးစံအတိုင်း
ဒိုင်ယာလော့တိုင်းဟာ ပညာသားပါပါတယ်..
ခက်ခဲတဲ့ စုံစမ်းထောက်လှမ်းမှုတွေလည်း တွေ့ရပါလိမ့်မယ်.ဒါ့အပြင် ကြည့်ရသူတွေအတွက်လည်း
ဗဟုသုတပေါင်းများစွာရသလို အစမှ အဆုံးထိ မပျင်းမရိနဲ့ကိုကြည့်ရပါတယ်..
ခံစားကြည့်ကြပါဦး…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်
crd to channelmyanmar

Che: Part Two (2008)

Che: Part Two (2008)
Rating: 6.9
Genres: Biography, Drama, History
(DatShin Movie Page မှ ကူးယူဖော်ပြသည်….)
(Unicode)
၁၉၅၆ ခုနှစ် . . ။
ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။
အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ကပ်ပတိန်ကြီး Fidel Castro (ဖီဒယ် ကပ်စ်ထရို)၊ ဆရာဝန် ပျောက်ကျား စစ်သည်တော်ကြီး Che Guevara (ချေဂွေဗားရား) တို့ ပါဝင်တဲ့ အယောက် ၈၀ တပ်ဖွဲ့ငယ်လေးပါ . . . ။
သူတို့ဟာ တစ်ချိန်မှာ ကမ္ဘာ့သမိုင်းရဲ့ အင်မတန်ဆန်းကျယ်လှပ သေသပ်တဲ့ တော်လှန်ရေးကြီးကို ဆင်နွှဲတော့မှာ ဖြစ်တယ်။
______________________________
“ Che ”
(part one – Argentine / part two – Guerrilla)
___________________×× _____________
* ဒါရိုက်တာ *
Che ဆိုတဲ့ ဟောဒီ ဖြစ်ရပ်မှန် ရုပ်ရှင်ကြီး ဟာ Steven Soderbergh ရိုက်ကူးခဲ့ပြီး၂၀၀၈ ခုနှစ်မှာ အပိုင်း ၂ ပိုင်း ခွဲလို့ ထွက်ခဲ့ပါတယ်။ ပထမပိုင်းနာမည်က Che Part One : Argentine ဖြစ်ပြီး ဒုတိယပိုင်းအမည်က Che Part Two : Guerrilla ပါတဲ့။
အားလုံးသိထားတဲ့အတိုင်းပဲ Che (ချေဂွေဗားရား) ဆိုတာ ကမ္ဘာကြီးရဲ့ နာမည်ကြီး တော်လှန်ရေးခေါင်းဆောင်၊ ဆရာဝန်၊ ပျောက်ကျားစစ်ဆင်ရေး ပညာရှင်၊ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီး တစ်ယောက်ပါ။ Che ကို မသိကြတဲ့သူတွေ များပေမယ့် t shirt တွေ စတစ်ကာတွေပေါ်မှာ ကြယ်နီ ပါတဲ့ ဦးထုပ်အပြားလေးဆောင်းထားတဲ့ မုတ်ဆိတ်ပါးသိုင်းမွှေးနဲ့ ဘဲကြီးကိုတော့ လူတိုင်း မြင်ဖူးပြီးသားပါ။ အဲ့ဒါ Che ပါပဲ။
တော်လှန်ရေးကြီး အောင်မြင်သွားချိန်မှာတော့ Che ဟာ ကျူးဘား တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ဝန်ကြီးနေရာတွေကို တာဝန်ယူပေးတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် လုပ်ပေးခဲ့တယ်။ နောက်ပိုင်းမှာ Che ဟာ နိုင်ငံတကာ တော်လှန်ရေးသင်္ကေတ တစ်ခုလိုကို ဖြစ်လာတယ်။ သူ့ကို ဘုရားလို ကိုးကွယ်ကြတဲ့သူတွေ ထုနဲ့ ထည်နဲ့ ရှိတယ်။
ဒီလောက် ကြီးကျယ်ခန်းနားတဲ့ Che ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်မယ်ဆိုတော့ ဘယ်လိုရိုက်မှာတုန်း?? ဖြစ်ပါ့မလား??
အရင်ဆုံး ပြောချင်တာက ဒီ ရုပ်ရှင် ဒီ ဒါရိုက်တာရဲ့ ရိုးသားမှု ပါပဲ။
ဒီရုပ်ရှင်မှာ ဒါရိုက်တာဟာ Che ကို ဘာမှ စာမဖွဲ့ထားဘူး။ ဘုရားသခင်လိုလည်း အားလုံးပြည့်စုံပါ၏ မလုပ်ထားဘူး။ အတတ်နိုင်ဆုံး ဘယ်မျက်နှာမှ မလိုက်ပဲ အရှိအတိုင်း ရိုးရိုးလေး ဇာတ်ကားကို သယ်ဆောင်ပြသွားတယ်။
Che ဟာ ရိုးရှင်းပြီး ပြတ်သားတယ်။ ဒါကိုပဲ focus လုပ်သွားတယ်။ စကားအပို သိပ်မပြောဘူး။ စစ် တိုက်ရင်တိုက်နေမယ်။ ဒါမှ မဟုတ် စာဖတ်ရင် ဖတ်နေမယ်။ တစ်ခါတစ်လေ သူ့ တပ်သားတွေကို ဆဲနေမယ်။ တစ်ခါတစ်လေ ဆုံးဖြတ်ချက် အမှားတွေချမိနေတယ်။ တစ်ခါတလေ မိန်းမနဲ့ သားသမီးတွေနဲ့ ပျော်ပျော်ရွင်ရွင် အချိန်ကုန်နေမယ်။ ဒီလောက်ပဲ။
Che ကို ကိုယ်ယောင်ကိုယ်ဝါ တောက်ပနေသယောင် မလုပ်ပြထားဘူး။ ကျူးဘားရဲ့ ကျေးဇူးရှင်ဖခင်ကြီးလိုလည်း မဖန်ဆင်းထားဘူး။ Che ရုပ်ရှင်ဟာ Che လိုပဲ ရှင်းတယ်။ ရိုးတယ်။
တကယ်တော့ Che ရဲ့ အလုပ်တွေ ဖြတ်သန်းမှုတွေက နည်းတာကြီးမဟုတ်ပါဘူး။ ပြမယ်ဆို series လိုက်ကြီး စိန်နေအောင် ပြလို့ရတယ်။ ဒါပေမယ့် ဒါရိုက်တာဟာ သူ လိုသလောက်ပဲ Che ဘဝ တစ်ချို့ကို ကောက်နုတ်ပြသွားတယ်။
ဒါရိုက်တာ Steven Soderbergh ဟာ Sex , Lies , Videotapes ဆိုတဲ့ရုပ်ရှင်နဲ့ ၁၉၈၉ မှာ အသက်အငယ်ဆုံး Palm D Ore ဆု ကို ဆွတ်ခူးခဲ့တယ်။ ဒီမှာတော့ Ocean Twelve တို့ Ocean Eleven တို့ စတဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးတဲ့သူ များပါတယ်။ အဲ့ဒါ ဒီဘဲကြီး ရိုက်တဲ့ ကားတွေပါပဲ။ Ocean Franchise တစ်ခုလုံး သူရိုက်ခဲ့တယ်။ Traffic လို အော်စကာတန်းဝင် ရုပ်ရှင်ကားကြီးတွေလည်း ဖန်တီးခဲ့တယ်။
ခြုံပြောရရင် Che ရုပ်ရှင်ဟာ ဒါရိုက်တာ Steven ရဲ့ directing ပညာအောက်မှာ ရိုးရှင်းတည်ငြိမ်နေတယ်။ ဘာ တီထွင်ဆန်းသစ်မှုမှ မပါဘူး။ တကယ့်ကို ရှင်းရှင်းလေး။
×××××××××××
* ဇာတ်ညွှန်း *
ရုပ်ရှင်ရဲ့ ပထမပိုင်း – Che နဲ့ Fidel Castro တို့ တွေ့ဆုံကြရာကနေ ကျူးဘားတိုင်းပြည်ကြီးကို နောက်ဆုံး အာဏာရှင်အစိုးရ မပြုတ်ပြုတ်အောင် ဗျင်းကြတဲ့ အထိ ကို တွေ့မြင်ရမှာပါ။ ၁၉၆၄ မှာ ကျူးဘားနိုင်ငံကိုယ်စား UN စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်းပြောနေတဲ့ Che ရယ် . . . ၁၉၅၆ တောက်လျှောက်မှာ သေနတ်ကိုင်ထားတဲ့ တော်လှန်ရေးသမားကြီး Che ရယ် . . ဆိုတဲ့ Che ရဲ့ life event နှစ်ခုကို ယှဉ်ပြီး ပြထားပါတယ်။
ရုပ်ရှင်ရဲ့ ဒုတိယပိုင်း – ၁၉၆၆ နောက်ပိုင်း။ Fidel Castro က တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောနေတယ်။ Che ဟာ ကျူးဘား အစိုးရအဖွဲ့ကနေ နှုတ်ထွက်သွားပြီဆိုတဲ့အကြောင်း။ နောက်တစ်နေ့မှာတော့ ထိပ်ပြောင်ပြောင်နဲ့ အမွှေးမရှိ အမျှင်မရှိအောင် ရုပ်ဖျက်ထားတဲ့ Che ဟာ ဘိုလီးဗီးယား (Bolivia) တိုင်းပြည်ထဲကို တိတ်တိတ်ကလေးရောက်သွားပြီး တော်လှန်ရေးအသစ်တစ်ခုကို စတင်ဖို့ ပြင်နေပါတော့တယ်။
(Guerrilla ဆိုတဲ့စကားလုံးကို Part Two မှာ တောက်လျှောက်တွေ့ရလိမ့်မယ်။ အဲ့ဒါက သိတဲ့သူအဖို့တော့ မခက်ခဲပေမယ့် မသိတဲ့ သူများအတွက် နည်းနည်း ရှင်းပြ ပါရစေ။ Guerrilla Warfare ဆိုတာ နိုင်ငံတကာ တော်လှန်ရေးလို့ အလွယ်ဆုံး ဘာသာပြန်လို့ရပါတယ်။ Che ဟာ ကျူးဘားတော်လှန်ရေးပြီးတဲ့နောက်မှာ တခြားနိုင်ငံတွေရဲ့ တောနက်ကြီးထဲဝင်ပြီး လက်နက်ဆွဲကိုုင်လို့ အဲ့ဒီနိုင်ငံတွေရဲ့ အာဏာရှင်အသီးသီးကို လိုက် ချေမှုန်းဖို့ လုပ်ပါတယ်။ အဲ့လို ကိုယ့်နိုင်ငံသူ့နိုင်ငံမခွဲခြားပဲ လက်နက်ကိုင် တော်လှန်ရေး လိုက်လုပ်တဲ့ ရဲဘော်များရဲ့ လှုပ်ရှားမှုကို Guerrilla Warfare လို့ ခေါ်ပါတယ်။ Part Two မှာ Che က ဘိုလီးဗီးယားကို ရောက်သွားတာ Guerrilla Movement ကို ဦးဆောင်ဖို့ပါ)
Che ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို လူသုံးယောက် ဝိုင်းရေးပေးခဲ့တယ်။ Peter Buchman ရယ် Benjamin A. van der Veen ရယ် Terrence Malick ရယ်ပါ။ ဆရာကြီး သုံးယောက်ရဲ့ လက်ရာက Che ရုပ်ရှင်ကို အကြီးအကျယ် ရုပ်လုံးကြွ ပြည့်စုံ သွားစေခဲ့တယ်။
ကျွန်တော်ပြောခဲ့သလိုပဲ။ Che ဆိုတာ အပြင်လောကမှာ ဘယ်လောက် ကြီးကျယ်နေပါစေ။ ဒီ ရုပ်ရှင်မှာတော့ သာမန်လူသားတစ်ယောက်ပါပဲ။ ဇာတ်လမ်းအစမှာတင် ပန်းနာရင်ကျပ်ရောဂါသည် Che ဟာ တောကြီးမျက်မည်းထဲမှာ အသက်တောင် ကောင်းကောင်းမရှုနိုင်တော့လို့ သူ့ရဲဘော်က သူ့အိတ်ကို ဝိုင်းသယ်ပေးရတဲ့ အဖြစ်။
တစ်ဖွဲ့လုံး Maxico မှာ စစ်ပညာသင်ထားခဲ့ပေမယ့် တကယ့် လက်တွေ့တော်လှန်ရေးဆင်နွှဲတဲ့အခါမှာတော့ Che တို့ တစ်သိုက် တိုင်ပတ်နေခဲ့ကြတယ်။ အရေးထဲ Fidel ကြီးက အားရပါးရ ချိန်ပြီး ရန်သူကို ပစ်ထည့်လိုက်တာ အလွဲကြီးလွဲသွားသေး . . . ။
ဒါပေမယ့် Che တို့ရဲ့ ဦးဆောင်မှု တိုးတက်ပြောင်းလဲမှုအောက်မှာ လူ ၈၀ နဲ့ စ ခဲ့တဲ့ တော်လှန်ရေးလေးက တဖြည်းဖြည်း ကြီးပြင်းလာတာကို ဒီကားမှာ မြင်သလောက် မြင်ရမယ်။
Che ရွာသားတွေကို ကိုယ့်မိသားစုဝင်များပမာ ဆက်ဆံကြတယ်။ ပိုက်ဆံမပေးပဲ ရွာသားတွေဆီက ဘာ ပစ္စည်းမှ ယူခွင့်မရှိဘူး။ တော်လှန်ရေးလုပ်တဲ့ သူပုန်တပ်ဆိုပေမယ့် အရမ်းစည်းကမ်းရှိတယ်။ မုဒိန်းမှုသာ ကျူးလွန်ကြည့်ပါလား။ ချက်ချင်း သေဒဏ်ပေးခံရမယ် အဲ့စစ်သား . . ။
“ ဆရာ . . ရန်သူ့တပ်က အတော် စနစ်ကျတယ်။ ဆေးရုံတောင် ရှိတယ် ” ဆိုတဲ့ အာဏာရှင်ဘက်က တပ်မှူးရဲ့ ပြောစကားကို ဒီကားမှာ ကြားရမယ်။
အဲ့ဒါတွေထက် ပိုကြီးအရေးကြီးတာ တစ်ချက်ရှိတယ်။ ဘာလဲဆိုတော့ ဒီကားကို စစ်ကားလို့ ယူဆပြီး ကြည့်မယ့်သူတွေကို ပြောချင်တာပါ။ အမှားကြီး မှားသွားပါလိမ့်မယ်နော်။ ဘာလို့ဆိုတော့
စစ်ကားမို့ ပစ်တာခတ်တာ ဗုန်းကွဲတာတွေကို အရမ်းလှတဲ့ shot တွေနဲ့ စစ်သားတွေ စတိုင်မိမိ ပြေးလွှားနေတာတွေ လုံးဝ မြင်ရမှာ မဟုတ်ပါဘူး။
“ သတင်းထောက်။ ။ တော်လှန်ရေးကို ဘယ်လိုမြင်ပါသလဲ
Che ။ ။ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာဓာတ် မရှိပဲ တော်လှန်ရေးကို လုပ်ကို လုပ်လို့မရပါဘူး ”
ဟုတ်ပါတယ်။ အဲ့အတိုင်းပါပဲ။ Che ရဲ့ စကားလိုပါပဲ . . ဒီ ဇာတ်ညွှန်းကြီးတစ်အုပ်လုံးမှာလည်း ချစ်ခြင်းမေတ္တာ၊ လူသားဆန်မှု၊ အမှား အမှန်၊ ရွာသားတွေနဲ့ တော်လှန်ရေးစစ်သားတွေရဲ့ ဆက်ဆံရေး၊ အထူးဖြင့် Che ရဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဘဝကိုသာ မြင်ရမှာပါ။
တစ်ခါတလေ စစ်ပွဲ တစ်ပွဲလုံးကို သေနတ်ပြောင်းက ကျည်ထွက်နေတာပဲ ပြပြီး ပြီးရင်လည်း ပြီးသွားပါတယ်။ စစ် တကယ်ဖြစ်နေတာကို ပြရင်လည်း ရိုးရိုးရှင်းရှင်းကြီးပဲ ပြပါတယ်။ ဘာမှ မကွန့်ထားဘူး။
ဒီကားရဲ့ ဇာတ်ညွှန်းဟာ . . not about ဒုန်းဒုန်းဒက်ဒက် ပါ။ it’s about loving kindness ပါဗျာ . . ။
ဒီတော့ ချခန်းပါမှ ကြိုက်မယ်ဆိုရင်တော့ Che က ရှောင်သင့်တဲ့ ကားပါ။
×××××××××××
* သရုပ်ဆောင်များ *
ကျွန်တော်တို့ချစ်ရတဲ့ Che နေရာမှာ သရုပ်ဆောင်သူကတော့ Benicio Del Toro ပါ။
Benicio ကို ဒီမှာတော့ Sicario ရုပ်ရှင်နှစ်ကားနဲ့ လူသိများတယ်။ Infinity War မှာ The Collector အနေနဲ့လည်း သိကြလိမ့်မယ်။
Che ဆိုတဲ့ global icon ကြီးကို တာဝန်ယူ သရုပ်ဆောင်ရတဲ့သူဖြစ်လာတဲ့အတွက် Benicio အတွက် ကြောက်စရာကောင်းလောက်အောင် တာဝန်ကြီးပါတယ်။
ဒါပေမယ့် Benicio ဟာ Che ဖြစ်လာခဲ့တယ်။ Benicio ဟာ အသံ၊ ရုပ်၊ ကိုယ်လုံး စတဲ့ လိုအပ်သမျှ အပြောင်းအလဲတွေ အကုန်လုပ်ထားတယ်။ Che ဆိုတဲ့ ပုဂ္ဂိုလ်ကို သေချာ လေ့လာထားတယ်။ Che ရဲ့ စိတ်အတွင်းသန္တာန်ထဲထိ သူ ဝင်ကြည့်လို့ရသလောက် ဝင်ကြည့်ထားပုံရတယ်။
သူတို့နှစ်ယောက်က မျက်နှာပေါက်ဆင်သလား ဆိုတော့ အရမ်းမဆင်ပါဘူး။ နီးစပ်တယ်ဆိုရုံလောက်ပါပဲ။ ဒါပေမယ့် Benicio က မိတ်ကပ်၊ physical changes တွေရဲ့ အကူအညီလည်း ယူခဲ့သလို စိတ်ဝိညာဉ်ချင်းလည်း ကူးလူးခဲ့ပါတယ်။ Benicio နဲ့ Che ဘယ်လောက် လိုက်ဖက်တယ်ဆိုတာကို ဒီကားမှာ မြင်ရမှာပါ။
ဒါရိုက်တာဟာ ရုပ်ချွတ်ဆွတ်တူတဲ့သူကို ဦးစားပေးပြီး Audition တွေခေါ်နေရင် Benicio လို တကယ့် talented ဖြစ်တဲ့ သရုပ်ဆောင်နဲ့ လွဲတော့မှာပေါ့။ ဒီကားကို ကြည့်ရင်း နားလည်လိုက်တာကတော့ ဖြစ်ရပ်မှန်အထုပ္ပတ္တိ ရုပ်ရှင်တွေမှာ casting လုပ်တဲ့အခါ ရုပ်တူတာထက် ပိုအရေးကြီးတဲ့အရာတွေ အများကြီး ရှိတယ်ဆိုတာပါပဲ။
တိုက်ပွဲကို လာ ဆက်သွယ်ပြီး ပါဝင်ချင်ပါတယ်ဆိုတဲ့ ၁၆ နှစ်သား ကလေးတွေကို Che တစ်ယောက် ခေါင်းခါပြီး အိမ်ပြန်ခိုင်းပုံတွေ . . ရွာသားတွေကို ဆေးကုပေးနေပုံတွေ . . အားလပ်ချိန်တိုင်း စာထိုင်ဖတ်နေသူတွေ . . လက်ကို မြောက်မြောက်ပြီး အားနဲ့မာန်နဲ့ အသံအေးအေးနဲ့ စကားပြောနေတာတွေ စတဲ့ မြင်ကွင်းတွေကို ကျွန်တော်တို့ဟာ Che ဘေးမှာ သွားထိုင်ကြည့်နေရသလို တကယ် ခံစားပြီး ကြည့်ရမှာပါ။ ရုပ်ရှင်ဆန်တဲ့ drama ခင်းတာတွေ over တွေ မျက်လုံးမှေးပြီး တိုင်းပြည်အတွက် ဘယ်လောက်ချစ်ကြောင်းပြောတာတွေ . . အံကြိတ်ပြီး နိုင်ငံရေးတရား အတုံးလိုက်အတစ်လိုက်ဟောပြတာတွေ တစ်ခုမှ မြင်ရမှာ မဟုတ်ပါဘူး။
Che တစ်ယောက် ကောင်းရင်လည်းကောင်းမယ်။ ဆိုးချင်လည်း ဆိုးမယ်။ ကိုယ် စီးလာတဲ့ မြင်းကို ဒေါသထွက်ပြီး သတ်ချင်လည်း သတ်ပစ်မယ်။ ဒါ အမှန်တရားပဲ။
အဲ့ဒါဟာ ဒီမင်းသားရဲ့ acting ပညာ အလှတရားလည်း ဖြစ်ပါတယ်။ တန်ခိုးရှင်မဟုတ်တဲ့ အရမ်းလူသားဆန်တဲ့ Che ပါ ဗျာ . . ။
Fidel Castro အဖြစ် သရုပ်ဆောင်တဲ့ Demián Bichir . . ကိုလည်း အရမ်းသဘောကျတယ်။ လေးနက်မှုအပြည့််နဲ့ Che နဲ့ စကားပြောနေတာတွေကို မြင်နေရတာ လွန်ခဲ့တဲ့ နှစ် ၅၀ – ၆၀ ဝန်းကျင်က ကျူးဘားက သွေးသောက် ညီအစ်ကိုနှစ်ယောက်ရဲ့ chemistry ကို ဆဝါးခွင့်ရတယ်။
“ မင်းကို ငါတို့ ဆုံးရှုံးမခံနိုင်ဘူး။ မင်းက ငါတို့အတွက် အရမ်း အရေးကြီးတယ်။ အဲ့တော့ ရှေ့အရမ်းမထွက်ပါနဲ့။ ဒါ အမိန့်ပဲ . . . ”
ဆိုတဲ့ Fidel က Che ကို အမိန့်ပေးတဲ့ scene ခုထိ မျက်လုံးထဲက မထွက်ဘူး။
တခြား ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်ကြတဲ့ လက်တင်၊ ဟောလီးဝုတ် မင်းသားတွေ မင်းသမီးတွေကိုလည်း သဘောကျတယ်။ သူတို့ကြောင့်သာ ကျူးဘားတော်လှန်ရေးကြီးကို မျက်စိရှေ့မြင်နေရသလို ခံစားရတာပါ။
Che အပါအဝင် သူတို့အားလုံးဟာ လက်တွေ့မကျတဲ့ သေနတ် နှစ်လက် ကိုင်ပစ်တာမျိုး၊ ကျွမ်းထိုးပြီး ပစ်တာမျိုး စတဲ့ အက်ရှင်ကားထဲက အကွက်တွေကို ဘယ်သူမှ မလုပ်ကြဘူး။ သေနတ်တွေ မနိုင့်တနိုင်ထမ်းရင်း တတ်နိုင်သလောက် တော်လှန်ရေးလုပ်နေကြတဲ့ စိတ်ထားဖြူစင်စည်းကမ်းရှိတဲ့ ရဲဘော်တွေကိုပဲ မြင်ရတယ်။
×××××××××××××××
* Cinematography (ရုပ်ရှင်ဓာတ်ပုံ) *
Che Movie ရဲ့ Cinematography ကို တာဝန်ယူသူကတော့ ဒီကားရဲ့ ဒါရိုက်တာ ကိုယ်တိုင်ပါပဲ။ ဒါရိုက်တာတဖြစ်လဲ Cinematographer ဟာ ဒီကားရဲ့ camera works တွေကို အရိုးရှင်းဆုံးပုံစံပဲ လုပ်ခဲ့ပါတယ်။ စစ်တိုက်နေချိန်တွေမှာကအစ stay shots (ငြိမ်နေတဲ့ရိုက်ချက်) တွေ လှိုင်နေအောင် သုံးတယ်။ tracking / handheld shots တွေကိုတောင် Part Two မှာမှ တွေ့ရတယ်။ ကင်မရာကို stay ထောင်ထားပြီး ကင်မရာထဲက တော်လှန်ရေးတပ်သားတွေ လှုပ်ရှားသွားလာ နေကြတဲ့ မြင်ကွင်းကို ဒီကားမှာ အမြဲမြင်ရမှာပါ။
ပျင်းစရာကောင်းတယ်လို့ ဆိုနိုင်ပေမယ့် ကျွန်တော်ကတော့ ဒီဇာတ်ကားနဲ့ လိုက်ဖက်တဲ့ camera works မျိုးလို့ ယူဆပါတယ်။ Cinematography ဆိုတာ လှအောင် ရိုက်လေ ကောင်းလေ မဟုတ်ပါဘူးပဲ ရုပ်ရှင်နဲ့ လိုက်ဖက်တဲ့ ရိုက်ကူးမှု ကင်မရာလှုပ်ရှားမှုမျိုးကို ဖန်တီးနိုင်မှသာ ကောင်းတယ်လို့ ယူဆနိုင်တာပါ မဟုတ်ဘူးလားဗျာ။
××××××××××××
တစ်ခါသားမှာ တိုက်ပွဲတစ်ပွဲကို Che တို့ နိုင်သွားလို့ နောက်တစ်မြို့ကို စစ်ကားတွေနဲ့ ချီတက်ကြတယ်။ ရဲဘော်တစ်ယောက်က ကား အကောင်းစားကြီးမောင်းလာတာကို Che က တွေ့သွားပြီး အဲ့ကားနောက် အမှီလိုက်တယ်။ ရပ်ခိုင်းတယ်။ ပြီးတော့ ကားကို ပိုင်ရှင်လက်ထဲ ပြန်ထည့်ခိုင်းတယ်။
“ မင်းတို့ကောင်တွေကို ဘယ်သူက သူခိုး လုပ်ဖို့ ခွင့်ပေးထားလဲ . . . ?? အခု ယူခဲ့တဲ့မြို့မှာ ကား ကို ပြန်သွားထား။ ပြီးရင် ဘတ်စကား စီးရင်စီး စစ်ကား စီးရင်စီး . . မဟုတ်လည်း ခြေကျင်အတိုင်း ဆက် လိုက်ခဲ့ ။ စောက်ရေးမပါတာ . . ”
ဆိုပြီး စိတ်ပျက်လက်ပျက် ညည်းနေတဲ့ Che ကို မြင်ရပါလိမ့်မယ်။
အဲ့ဒီ scene ကို ကြည့်ခြင်းအားဖြင့် Che တို့ တော်လှန်ရေး ဘယ်လောက်စည်းကမ်းရှိတယ် ဘယ်လောက် သေဝတ်ပိပြားတယ်ဆိုတာကို မြင်နေရတယ်။ သူတို့ တော်လှန်ရေး ဘယ်လောက် ကောင်းကြောင်း တစ်ခွန်းမှ မပြောသွားပါဘူး။ ဒါပေမယ့် ဒီလူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်တဲ့ တော်လှန်ရေးကို ခင်ဗျား ခံစားရလိမ့်မယ်။ ဒီလူတွေရဲ့ ပြည်သူပေါ် တန်ဖိုးထားမှုကို မြင်ရလိမ့်မယ်။
လူ့သမိုင်းရဲ့ အကောင်းဆုံးတော်လှန်ရေးဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုခံစားဖို့ ဝါသနာပါတယ်ဆိုရင်တော့ Che နှစ်ပိုင်းလုံးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ မကြည့်လည်း ရပါတယ်။ Che ကို အနီးကပ် မမြင်ဖူးရုံပဲ ရှိမပေါ့ . . ။
(zawgyi)
၁၉၅၆ ခုနှစ် . . ။
ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။
အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ကပ်ပတိန်ကြီး Fidel Castro (ဖီဒယ် ကပ်စ်ထရို)၊ ဆရာဝန် ပျောက်ကျား စစ်သည်တော်ကြီး Che Guevara (ချေဂွေဗားရား) တို့ ပါဝင်တဲ့ အယောက် ၈၀ တပ်ဖွဲ့ငယ်လေးပါ . . . ။
သူတို့ဟာ တစ်ချိန်မှာ ကမ္ဘာ့သမိုင်းရဲ့ အင်မတန်ဆန်းကျယ်လှပ သေသပ်တဲ့ တော်လှန်ရေးကြီးကို ဆင်နွှဲတော့မှာ ဖြစ်တယ်။
______________________________
“ Che ”
(part one – Argentine / part two – Guerrilla)
___________________×× _____________
* ဒါရိုက်တာ *
Che ဆိုတဲ့ ဟောဒီ ဖြစ်ရပ်မှန် ရုပ်ရှင်ကြီး ဟာ Steven Soderbergh ရိုက်ကူးခဲ့ပြီး၂၀၀၈ ခုနှစ်မှာ အပိုင်း ၂ ပိုင်း ခွဲလို့ ထွက်ခဲ့ပါတယ်။ ပထမပိုင်းနာမည်က Che Part One : Argentine ဖြစ်ပြီး ဒုတိယပိုင်းအမည်က Che Part Two : Guerrilla ပါတဲ့။
အားလုံးသိထားတဲ့အတိုင်းပဲ Che (ချေဂွေဗားရား) ဆိုတာ ကမ္ဘာကြီးရဲ့ နာမည်ကြီး တော်လှန်ရေးခေါင်းဆောင်၊ ဆရာဝန်၊ ပျောက်ကျားစစ်ဆင်ရေး ပညာရှင်၊ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီး တစ်ယောက်ပါ။ Che ကို မသိကြတဲ့သူတွေ များပေမယ့် t shirt တွေ စတစ်ကာတွေပေါ်မှာ ကြယ်နီ ပါတဲ့ ဦးထုပ်အပြားလေးဆောင်းထားတဲ့ မုတ်ဆိတ်ပါးသိုင်းမွှေးနဲ့ ဘဲကြီးကိုတော့ လူတိုင်း မြင်ဖူးပြီးသားပါ။ အဲ့ဒါ Che ပါပဲ။
Che ဟာ ကျျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံးလူသားတွေထဲက တစ်ယောက်ပါ။ အားလုံးမြင်ဖူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံဟာဆိုရင် ကမ္ဘာ့နာမည်အကြီးဆုံး ဓာတ်ပုံလို့ကို ပညာရှင်များက တစ်ညီတညွှတ် သတ်မှတ်ထားပါတယ်။ သူက အာဂျင်တီးနားမှာမွေးတယ်။ ကျူးဘား (Cuba) ကို သွားပြီး တော်လှန်ရေး လုပ်တယ်။ ကျူးဘား က စစ်အာဏာရှင်ကြီး ကို အပြုတ်ဖြုတ်ခဲ့တယ်။ Che မှာ ပန်းနာရင်ကျပ်ရောဂါ ရှိတယ်။ ကျူးဘားအမျိုးသားခေါင်းဆောင်ကြီး Fidel Castro ရဲ့ သွေးသောက်ရဲဘော်ညီရင်းအစ်ကို ဖြစ်တယ်။
တော်လှန်ရေးကြီး အောင်မြင်သွားချိန်မှာတော့ Che ဟာ ကျူးဘား တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ဝန်ကြီးနေရာတွေကို တာဝန်ယူပေးတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် လုပ်ပေးခဲ့တယ်။ နောက်ပိုင်းမှာ Che ဟာ နိုင်ငံတကာ တော်လှန်ရေးသင်္ကေတ တစ်ခုလိုကို ဖြစ်လာတယ်။ သူ့ကို ဘုရားလို ကိုးကွယ်ကြတဲ့သူတွေ ထုနဲ့ ထည်နဲ့ ရှိတယ်။
ဒီလောက် ကြီးကျယ်ခန်းနားတဲ့ Che ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်မယ်ဆိုတော့ ဘယ်လိုရိုက်မှာတုန်း?? ဖြစ်ပါ့မလား??
အရင်ဆုံး ပြောချင်တာက ဒီ ရုပ်ရှင် ဒီ ဒါရိုက်တာရဲ့ ရိုးသားမှု ပါပဲ။
ဒီရုပ်ရှင်မှာ ဒါရိုက်တာဟာ Che ကို ဘာမှ စာမဖွဲ့ထားဘူး။ ဘုရားသခင်လိုလည်း အားလုံးပြည့်စုံပါ၏ မလုပ်ထားဘူး။ အတတ်နိုင်ဆုံး ဘယ်မျက်နှာမှ မလိုက်ပဲ အရှိအတိုင်း ရိုးရိုးလေး ဇာတ်ကားကို သယ်ဆောင်ပြသွားတယ်။
Che ဟာ ရိုးရှင်းပြီး ပြတ်သားတယ်။ ဒါကိုပဲ focus လုပ်သွားတယ်။ စကားအပို သိပ်မပြောဘူး။ စစ် တိုက်ရင်တိုက်နေမယ်။ ဒါမှ မဟုတ် စာဖတ်ရင် ဖတ်နေမယ်။ တစ်ခါတစ်လေ သူ့ တပ်သားတွေကို ဆဲနေမယ်။ တစ်ခါတစ်လေ ဆုံးဖြတ်ချက် အမှားတွေချမိနေတယ်။ တစ်ခါတလေ မိန်းမနဲ့ သားသမီးတွေနဲ့ ပျော်ပျော်ရွင်ရွင် အချိန်ကုန်နေမယ်။ ဒီလောက်ပဲ။
Che ကို ကိုယ်ယောင်ကိုယ်ဝါ တောက်ပနေသယောင် မလုပ်ပြထားဘူး။ ကျူးဘားရဲ့ ကျေးဇူးရှင်ဖခင်ကြီးလိုလည်း မဖန်ဆင်းထားဘူး။ Che ရုပ်ရှင်ဟာ Che လိုပဲ ရှင်းတယ်။ ရိုးတယ်။
တကယ်တော့ Che ရဲ့ အလုပ်တွေ ဖြတ်သန်းမှုတွေက နည်းတာကြီးမဟုတ်ပါဘူး။ ပြမယ်ဆို series လိုက်ကြီး စိန်နေအောင် ပြလို့ရတယ်။ ဒါပေမယ့် ဒါရိုက်တာဟာ သူ လိုသလောက်ပဲ Che ဘဝ တစ်ချို့ကို ကောက်နုတ်ပြသွားတယ်။
ဒါရိုက်တာ Steven Soderbergh ဟာ Sex , Lies , Videotapes ဆိုတဲ့ရုပ်ရှင်နဲ့ ၁၉၈၉ မှာ အသက်အငယ်ဆုံး Palm D Ore ဆု ကို ဆွတ်ခူးခဲ့တယ်။ ဒီမှာတော့ Ocean Twelve တို့ Ocean Eleven တို့ စတဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးတဲ့သူ များပါတယ်။ အဲ့ဒါ ဒီဘဲကြီး ရိုက်တဲ့ ကားတွေပါပဲ။ Ocean Franchise တစ်ခုလုံး သူရိုက်ခဲ့တယ်။ Traffic လို အော်စကာတန်းဝင် ရုပ်ရှင်ကားကြီးတွေလည်း ဖန်တီးခဲ့တယ်။
ခြုံပြောရရင် Che ရုပ်ရှင်ဟာ ဒါရိုက်တာ Steven ရဲ့ directing ပညာအောက်မှာ ရိုးရှင်းတည်ငြိမ်နေတယ်။ ဘာ တီထွင်ဆန်းသစ်မှုမှ မပါဘူး။ တကယ့်ကို ရှင်းရှင်းလေး။
×××××××××××
* ဇာတ်ညွှန်း *
ရုပ်ရှင်ရဲ့ ပထမပိုင်း – Che နဲ့ Fidel Castro တို့ တွေ့ဆုံကြရာကနေ ကျူးဘားတိုင်းပြည်ကြီးကို နောက်ဆုံး အာဏာရှင်အစိုးရ မပြုတ်ပြုတ်အောင် ဗျင်းကြတဲ့ အထိ ကို တွေ့မြင်ရမှာပါ။ ၁၉၆၄ မှာ ကျူးဘားနိုင်ငံကိုယ်စား UN စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်းပြောနေတဲ့ Che ရယ် . . . ၁၉၅၆ တောက်လျှောက်မှာ သေနတ်ကိုင်ထားတဲ့ တော်လှန်ရေးသမားကြီး Che ရယ် . . ဆိုတဲ့ Che ရဲ့ life event နှစ်ခုကို ယှဉ်ပြီး ပြထားပါတယ်။
ရုပ်ရှင်ရဲ့ ဒုတိယပိုင်း – ၁၉၆၆ နောက်ပိုင်း။ Fidel Castro က တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောနေတယ်။ Che ဟာ ကျူးဘား အစိုးရအဖွဲ့ကနေ နှုတ်ထွက်သွားပြီဆိုတဲ့အကြောင်း။ နောက်တစ်နေ့မှာတော့ ထိပ်ပြောင်ပြောင်နဲ့ အမွှေးမရှိ အမျှင်မရှိအောင် ရုပ်ဖျက်ထားတဲ့ Che ဟာ ဘိုလီးဗီးယား (Bolivia) တိုင်းပြည်ထဲကို တိတ်တိတ်ကလေးရောက်သွားပြီး တော်လှန်ရေးအသစ်တစ်ခုကို စတင်ဖို့ ပြင်နေပါတော့တယ်။
(Guerrilla ဆိုတဲ့စကားလုံးကို Part Two မှာ တောက်လျှောက်တွေ့ရလိမ့်မယ်။ အဲ့ဒါက သိတဲ့သူအဖို့တော့ မခက်ခဲပေမယ့် မသိတဲ့ သူများအတွက် နည်းနည်း ရှင်းပြ ပါရစေ။ Guerrilla Warfare ဆိုတာ နိုင်ငံတကာ တော်လှန်ရေးလို့ အလွယ်ဆုံး ဘာသာပြန်လို့ရပါတယ်။ Che ဟာ ကျူးဘားတော်လှန်ရေးပြီးတဲ့နောက်မှာ တခြားနိုင်ငံတွေရဲ့ တောနက်ကြီးထဲဝင်ပြီး လက်နက်ဆွဲကိုင်လို့ အဲ့ဒီနိုင်ငံတွေရဲ့ အာဏာရှင်အသီးသီးကို လိုက် ချေမှုန်းဖို့ လုပ်ပါတယ်။ အဲ့လို ကိုယ့်နိုင်ငံသူ့နိုင်ငံမခွဲခြားပဲ လက်နက်ကိုင် တော်လှန်ရေး လိုက်လုပ်တဲ့ ရဲဘော်များရဲ့ လှုပ်ရှားမှုကို Guerrilla Warfare လို့ ခေါ်ပါတယ်။ Part Two မှာ Che က ဘိုလီးဗီးယားကို ရောက်သွားတာ Guerrilla Movement ကို ဦးဆောင်ဖို့ပါ)