Showing posts with label 1984. Show all posts

Monday, May 25, 2020

A Nightmare on Elm Street (1984)

A Nightmare on Elm Street (1984)
=========================
Rotten Tomatoes… 94%
IMDb… 7.5
ကျွန်တော်တို့ငယ်ငယ်တုန်းက
ဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့
မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။
ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။ မှတ်မိတယ်မလား ?
သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီး
လိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။

နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။
ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။
မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါ
ဘာတွေဖြစ်လာလေမလဲ ?
မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။
အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။
စိတ်တွေခြောက်ခြားလာမယ်။ မူမမှန်​ဖြစ်​လာမယ်​။
အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?
ဇာတ်လမ်းအကျဉ်း
=============
Freddy Krueger ဟာ လူငယ်လေးတွေကို
အိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာ
လူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။
နန်စီ တို့သူငယ်ချင်းတစ်စုကို
Freddy Krueger မှ အိပ်မက်တွေပေးပြီး
လိုက်သတ်တဲ့အခါမှာတော့…. ။
ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး
Johnny Depp သရုပ်ဆောင်ထားတဲ့
ရုပ်ရှင်လည်းဖြစ်တာမို့
သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။
ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။)
crd to channelmyanmar

Monday, March 2, 2020

Police Academy (1984)

New rules enforced by the Lady Mayoress mean that sex, weight, height and intelligence need no longer be a factor for joining the Police Force. This opens the floodgates for all and sundry to enter the Police Academy, much to the chagrin of the instructors. Not everyone is there through choice, though. Social misfit Mahoney has been forced to sign up as the only alternative to a jail sentence and it doesn’t take long before he falls foul of the boorish Lieutenant Harris. But before long, Mahoney realises that he is enjoying being a police cadet and decides he wants to stay… while Harris decides he wants Mahoney out!
crd to channelmyanmar

Tuesday, February 18, 2020

Amadeus (1984)

[Unicode]
အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။
မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်‌ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။
တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊
မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊
အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။
သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊
ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။
ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။
မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ သူအထင်ကြီးတဲ့ မြို့ကြီးမှာ သူ့ဂီတတွေရဲ့ အမြင့်ကို ခံစားနိုင်တဲ့ တစ်ဦးတည်းသောသူက သူ့ရဲ့ အတွင်းကျိတ်ရန်သူ မိုးဇတ်ကို အထင်ကြီး မနာလိုဖြစ်နေတဲ့ ဆယ်လိရိုင်ပါ။
ကိုယ့်အရည်အချင်းကိုသိတဲ့ တစ်ဦးတည်းသောသူဟာ ကိုယ့်ရန်သူဖြစ်နေတဲ့အပြင်
ဂီတနဲ့ပက်သက်တဲ့ သူ့မာနကို မချနိုင်တဲ့ မိုးဇတ်အတွက် အရာရာမှာ အဆင်မပြေမှုတွေသိပ်များပါတယ်။
35နှစ်အထိပဲ အသက်ရှည်သွားခဲ့တဲ့ မိုးဇတ်ဟာ သီချင်းအပုဒ် ၆ရာကျော်နဲ့ အော်ပရာနှစ်ပုဒ် စပ်ဆိုသီကုံးခဲ့ပါတယ်။
မိုးဇတ်ရဲ့ နာမည်ကျော် လက်ရာတွေ ဖြစ်တည်လာပုံနဲ့ သူ့ရဲ့ နာမည်ကျော်အော်ပရာ Don Giovanni ဖြစ်တည်လာပုံတွေလည်း ပြသထားပါတယ်။
ဒီသုံးနာရီ ရှစ်မိနစ်ကြာတဲ့ ဒီရုပ်ရှင်ဟာ စစချင်းမှာတော့ အတော်ပျင်းစရာကောင်းပါလိမ့်မယ်။
ပထမတစ်နာရီကို ကျော်ပြီးတဲ့အချိန် မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ကြားက Character Chemistry ခိုင်မာလာတဲ့အချိန်မှာတော့ ဒီကားဟာ အတော်ကောင်းတဲ့ရုပ်ရှင်လို့ ခင်ဗျားခံစားမိလာပါမယ်။
ဒီဇာတ်လမ်းထဲက မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ရဲ့ အဖြစ်တွေဟာ တကယ်ဖြစ်ချင်မှဖြစ်ပါမယ်။
အပြင်က ဆယ်လိရိုင်ဟာ ဒီဇာတ်လမ်းထဲမှာလို မိုးဇတ်အတွက် မနာလိုနေတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်ချင်ဖြစ်ပါမယ်။
ဆယ်လိရိုင်ဟာ မိုးဇတ်အတွက် အသုဘငိုချင်းဆိုပေးခဲ့ပြီး မိုးဇတ်ရဲ့သားကို သင်ပေးခဲ့တဲ့အတွက် သူ့ရဲ့ တကယ့်မိတ်ဆွေဖြစ်ချင်ဖြစ်ပါမယ်။
ရာနှုန်းပြည့်မှန်ကန်တဲ့ Biographyဆိုတာ ဘယ်မှာမှ မရှိပါဘူး။
အနုပညာပစ္စည်းတွေနဲ့ ပက်သက်လာရင် နည်းလည်နိုင်ဖို့ထက် ခံစားတတ်ဖို့က ပိုအဓိကကျပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)
[Zawgyi]