Showing posts with label War. Show all posts
Showing posts with label War. Show all posts

Monday, April 27, 2020

Inglourious Basterds (2009)

Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ…..
နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။
အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။
ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းမို့ CM ပရိသတ်ကြီး ခံစားကြည့်ရှုကြပါဦးလို့……

– Zawgyi –
Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒုတိယကမ႓ာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ…..
နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။
အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။
ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းမို့ CM ပရိသတ်ကြီး ခံစားကြည့်ရှုကြပါဦးလို့……
crd to channelmyanmar

Sunday, April 19, 2020

Panfilov's 28 (2016)

(unicode)
၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက်မှာ နာဇီဂျာမန်တွေဟာ ဆိုဗီယက်ရုရှားကို ဘာဘိုရာဆာ စစ်ဆင်ရေးနဲ့ ကျူးကျော်ဝင်ရောက်လာပါတယ်။ နိုင်ငံရေးအေပြာင်းအလဲကြောင့် အတွေ့အကြုံရင့် အရာရှိများစွာ ရှင်းလင်းခံရခြင်းနဲ့ ဟစ်တလာကို လျှော့တွက်မိခြင်းကြောင့် ဆိုဗီယက်ကြီး အငိုက်မိသွားပါတယ်။ ဂျာမန်တွေဟာ ဥရောပတိုက်တစ်ဝက်စာ ဧရိယာပမာဏကို တစ်လအတွင်း သိမ်းပိုက်နိုင်ပြီး ဆိုဗီယက် သုံ့ပန်းပေါင်းများစွာကို သန်းနဲ့ချီပြီး ဖမ်းမိခဲ့ပါတယ်။ ထိုအချိန်မှာ ဂျာမန်တပ်တွေဟာ မော်စကိုမြို့တော်နဲ့ ကီလို ၂၀၀ကျော်ကျော်ထိ ရောက်ရှိနေသလို အနည်းငယ် အားထည့်လိုက်ရုံနဲ့ မော်စကိုမြို့ကို အသာလေးသိမ်းပိုက်နိုင်တဲ့အနေအထားပါပဲ…..ဘာလို့ဆိုမော်စကိုမြို့ကို ခံစစ်ပြုမယ့် ရုရှာစစ်သားတွေဟာ အင်အားနည်းလွန်းနေသလို ကျန်ခဲ့တဲ့သူတွေဟာလည်း အတွေ့အကြုံနုနည်းလွန်းတဲ့စစ်သည်တွေဖြစ်နေတယ်..ရုရှားဘက်က စစ်သည်အရေအတွက်ကလည်း ၂၈ ယောက်သာရှိတယ်…ဂျာမန်တွေဟာ မော်စကိုကိုသိမ်းဖို့
တင့် ၄၅စီးနဲ့အတူ ခြေလျင်စစ်သည်ပေါင်းများစွာနဲ့ ချီတက်ခဲ့တယ်…ဒါပေမယ့် ဘီလူးဝင်စီးသလို ဖြစ်နေတဲ့ စစ်သည်(၂၈)ယောက်နဲ့ တွေ့လိုက်ရချိန်မှာတော့….
ဒီစစ်ကားက Battle Scene တွေ တကယ်အမိုက်စားတွေ…တင့်ပစ်ချက်တွေ
အသားစတွေပြုတ်တွေ ..ဗုံးစံထိမှန်တာတွေ တကယ်ကိုမိုက်ပါတယ်…
ကြည့်ရတာအတော်ကိုအားရပါတယ်…
ဒါ့အပြင် တိုက်ပွဲဝင်စစ်သားများနဲ့ ကော်မစ်ဆာ နိုင်ငံရေးအရာရှိရဲ့ အားပြိုင်မှုတွေ၊ ဂျာမန်တင့်တွေ ကို ထင်မထားတဲ့ နည်းလမ်းနဲ့ တားဆီးပုံတွေ၊ ဆိုဗီယက်စစ်တပ်ထဲရှိ ရုရှားနဲ့ တခြားလူမျိုးကွဲများရဲ့ ပဋိပက္ခတွေ ဟာ ဇာတ်လမ်းကို ရုပ်လုံးကြွအောင် ဆွဲခေါ်သွားနိုင်တဲ့လို့ Home Stay ကာလအတွက် အလွန်ကြည့်ကောင်းတဲ့ စစ်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်….
(zawgyi)

Friday, April 3, 2020

Legend of King Naresuan: Hostage of Hongsawadi (2007)

ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို
အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့
အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။
ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို
ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့
တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို
ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့
အကြောင်းပါ။
ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း
မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။
နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။
ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို
အခြေခံပြီး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။
crd to channelmyanmar

Thursday, March 19, 2020

Jarhead: Law of Return (2019)

Jarhead: Law of Return (2019)
======================
IMDb Rating 6.7/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။
#Unicode
ဒီဇာတ်ကားကို Poster စကြည့်ခဲ့တုန်းက သာမန်စစ်ကားလောက်ပဲထင်ခဲ့မိတာ။ စဖွင့်ကတည်းကစပြီးတော့ကို action
ဆန်ဆန်ရိုက်ကူးမှုတွေနဲ့စထားခဲ့ပြီး ဇာတ်လမ်းကို ဇာတ်ရှိန်စမြှင့်ပေးတယ်။ ဖြစ်စဉ်က အဆင့် ၇ ရှိ ဆာဂျင်ဒေ့တောရစ်
သူက မြောက်ကယ်ရိုလိုင်းနား လီဂျူးနီ အခြေစိုက်စခန်းရဲ့ဒုတိယရေတပ်တပ်ရင်း M-SOIT အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။
သူဦးဆောင်တဲ့ အဖွဲ့က အစ္စရေးကိုစေလွတ်ပြီး ပူးပေါင်းလေ့ကျင့်စစ်ဆင်ရေးကိုပါဝင်ရပါတယ်။
သွားတာတော့ လေ့ကျင့်ရေးအတွက်ပေမယ့် အစ္စရေးလေတပ်က လေယာဥ◌်မောင်းလေ့ကျင့်ရင်း စီးရီးယားဘက်ကနေ
ဒုံးနဲ့ချောင်းမြောင်းပစ်ခတ်ချင်းကိုခံရပါတယ်။ အရှေ့ဘက် လေယာဥ◌်မောင်းက တစ်ခါတည်းသေဆုံးပြီး
အနောက်ဘက်ကထိုင်တဲ့ မေဂျာဂျက်ဆင်ကတော့ လေယာဥ◌်ထဲကနေ အရေးပေါ်ခလုတ်နှိပ်ပြီးထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း
စီးရီးယားအကြမ်းဖက် အရှာဘတ်ကလိုက်လံရှာဖွေဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ဒါကို တောရစ်တို့အဖွဲ့နဲ့အစ္စရေး စစ်တပ်က
အဖွဲ့တို့ပူးပေါင်းကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကယ်ဆယ်ရေးဖြစ်စဥ◌်ကိုကြည့်ရှုရတာဟာ တကယ့်ကိုစိတ်ဝင်စားစရာဖြစ်ပြီး
ကျွန်တော်ထုတ်မပြောခဲ့တဲ့ စိတ်ဝင်စားစရာအပိုင်းတွေအများကြီး အများကြီးကို ဆက်တိုက်ကြည့်ရှုရမှာပါ။ ကောင်းလွန်းလို့ CM
ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ တစ်ခုမှာချင်တာက မျက်ရည်လေးတော့ခိုင်အောင်ထားပေါ့ဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို San Win Maungရေးသားပေးပြီး ဘာသာပြန်ပေးသူကတော့ Z Naing Z Nianh ဖြစ်ပါတယ်။)

#Zawgyi

Tuesday, March 10, 2020

The Windermere Children (2020)

The Windermere Children (2020)
=========================
IMDb Rating 7.1/10 ထိရရှိထားပါတယ်။
#Unicode
ဒီဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ဖြစ်ပျက်ခဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။
ဇာတ်ကားက နာဇီတွေ လက်ထဲကျရောက်နေခဲ့တဲ့ ဂျူးကလေးငယ်တွေ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့အချိန်မှာ
ဘဝသစ်ပြန်စနိုင်အောင် ကူညီပေးခဲ့တဲ့ ဝင်ဒါမီယာကန်နားက ပြန်လည် ထူထောင်ရေး စခန်းတစ်ခုအကြောင်း
ရိုက်ကူးထားတာဖြစ်ပါတယ်။ အနိဌာရုံတွေ ကြားမှာ ကြီးပြင်းလာရတဲ့ သူတို့လေးတွေ ပုံမှန်လောကကြီးထဲမှာ ဝင်ဆံ့နိုင်အောင်
လေးလအတွင်းမှာ ဘယ်လိုတွေကြိုးစားခဲ့ကြတယ်ဆိုတာကို တွေ့ရမှာပါ။ စစ်ပွဲရဲ့ ရိုက်ပုတ်မှုဒဏ်တွေကို သူများတွေထက်
ခံစားခဲ့ရတဲ့ သူတို့ကို စာနာနားလည်လာနိုင်ပြီး သူတို့ကို ကူညီပေးခဲ့တဲ့ သူတွေရဲ့ စေတနာကိုလည်း ဒီဇာတ်ကားမှာ
ထင်ထင်ရှားရှားတွေ့ရမှာပါ။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ d3mon ပဲဖြစ်ပါတယ်။)
crd to channelmyanmar

Tuesday, February 18, 2020

1917 (2019)

ဒီနှစ် အကယ်ဒမီမှာ ဆုတွေ အများကြီး ဆန်ကာတင်ဝင်ပြီး ၃ ဆုရထားတဲ့ စစ်ကားပါ။
စစ်ကားငတ်နေတဲ့သူတွေတော့ အကြိုက်တွေ့မှာပါ။
ဒီဗွန် တပ်ရင်း-၂ ဟာ ၉မိုင်ကျော် ဆုတ်ခွာသွားတဲ့ ဂျာမန်တွေကို
အပြီးသတ်ချေမှုန်းဖို့ လိုက်တိုက်နေပါတယ်။
ဒါပေမယ့် ဒါဟာ ထောင်ချောက်ဆိုတာကို သူတို့ မသိကြရှာပါဘူး။
ဒီနေ့ပြီးလို့ နောက်တစ်နေ့ မနက်မှာ ထိုးစစ်စတာနဲ့ လူပေါင်း ၁၆၀၀ လုံး
သေကြရတော့မယ်။ သူတို့ တပ်ရင်းကို တားဖို့အတွက်
တိုက်ရိုက်အမိန့်ကို ဌာနချုပ်ကနေ ပို့ဖို့ကြိုးစားတဲ့အခါ
လူနည်းလေ မြန်လေမို့ လူ ၂ ယောက်ထဲကိုပဲ လွှတ်လိုက်ရတယ်။
ဒုတပ်ကြပ်ဘလိတ်ခ် နဲ့ စကိုးဖီးတို့ဟာ လူပေါင်း ၁၆၀၀
အသက်ကို ကယ်နိုင်ဖို့ တစ်ရက်အတွင်းမှာ ဂျာမန်ရန်သူ့မြေထဲကို ဖြတ်ဝင်ပြီး
တပ်ရင်း-၂ ဆီကို အရောက်သွားဖို့ ကြိုးစားရပါတော့တယ်။
အကောင်းဆုံး စီနီမက်တိုဂရက်ဖီဆု၊ အသံတည်းဖြတ်ဆု နဲ့
အထူးပြုလုပ်ချက်ဆုကို ရထားတဲ့ ရုပ်ရှင်ကို ထိုက်ထိုက်တန်တန် ခံစားကြည့်လိုက်ကြပါဦး။
crd to channelmyanmar

The Last Full Measure (2019)

(unicode)
ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့အငြိမ်းစား
တပ်ကြပ်ကြီးတစ်ယောက်ရောက်လာတယ်…သူလာခဲ့တဲ့ကိစ္စကလည်း ခပ်ဆန်းဆန်းပဲ…
လေတပ်က စစ်သည်တစ်ယောက်ရဲ့ သူရဲကောင်းဘွဲ့နဲ့ပတ်သက်ပြီးလာခဲ့တာပါ…
ဒီလေတပ်စစ်သည်ဟာ အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ သေဆုံးသွားခဲ့ပြီး နောက်တော့
သူ့ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကြောင့် လေတပ်သူရဲကောင်းဘွဲ့ရခဲ့ပါတယ်…
တပ်ကြပ်ကြီးလာခဲ့တဲ့အကြောင်းရင်းက အမေရိကန်ရဲ့အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်တဲ့
Medal of Honor မပေးလို့ ရောက်လာတာပါ……နှစ်(၃၄)နှစ်တောင်ကြာမြင့်နေပြီ
ဒီတပ်ကြပ်ကြီးကတော့ သူ့တို့ရဲ့ ရဲဘော်ရဲဘက်ဟာ Medal Of Honor မရလို့
ပေါက်ကွဲနေပုံပါပဲ….အဲ့ဒီနောက်တော့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စတစ်ခုလုံးပြန်လည်စုံစမ်းပြီး Medal Of Honor ပေးသင့်မပေးသင့် ဆုံးဖြတ်ပါတော့တယ်..
ဘာကြောင့် ဒီတပ်ကြပ်ကြီးဟာ အမြင့်ဆုံးသူရဲကောင်းဘွဲ့အတွက် ရောက်လာတာလဲ..
သူက အဲ့ဒီလို ရစေချင်လောက်အောင် ဒီလေတပ်စစ်သည်ဟာ စစ်ပွဲအတွင်း
ဘာလိုတွေများစွမ်းဆောင်ခဲ့တာလဲ…
ဒီစစ်ကားက တော်တော်ကြီးကိုကောင်းပါတယ်…စုံစမ်းမေးမြန်းနေတာကို
တစ်လှည့်ပြလိုက် ရှေ့တန်းစစ်မြေပြင်ရဲ့ ကြောက်စရာ တိုက်ပွဲတွေကိုတစ်လှည့်ပြလိုက်နဲ့
တကယ့်ကို လန်းပါတယ်…စစ်ကားကြိုက်သူတို့ အတွက် လက်မလွှတ်သင့်ပါကြောင်း..
ပြီးတော့ တကယ့်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာပါ…Samuel L. Jacksonတို့ Sebastian Stan တို့ အဓိက ပါဝင်ထားပါတယ်…ခံစားကြည့်ကြပါဦး…

Thursday, September 19, 2019

The Balkan Line (2019)

(Zawgyi)

 crd to channelmyanmar

(Unicode)

ဒီဇာတ်လမ်းက ၁၉၉၉ ခုနှစ် ဆားဘီးယား ကို ဗုံးကျဲခံရတဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ၊
ဗုံးကျဲမှု ဖြစ်ပွားအပြီးမှာ အယ်လ်ဘေးနီးယန်း သူပုန်တွေက ဆလာတီနာ လေဆိပ်ကို သိမ်းပိုက်ထားပါတယ်၊
ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဒေသကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ဆာဘီးယားကို လာကြဖို့ ရှိနေတဲ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့ အဆိုပါလေဆိပ်ကို ပြန်ပြီး ခြေကုပ်ယူနိုင်ဖို့အတွက် ရုရှားအထူးတပ်ဖွဲ့ တာဝန်ပေးခံရတဲ့အခါ …..
ပြောရရင်ဒီလိုထိန်းသိမ်းထားဖို့က ပြန်လမ်းမဲ့စစ်ဆင်ရေးလို့တောင် နာမည်ပေးလို့ရပါတယ်… ဒီလေဆိပ်ကိုကာကွယ်ဖို့ကလည်း လူနည်းစုသာ တာဝန်ပေးခံရတဲ့အပြင် အရေးပေါ် စစ်ကူပေးဖို့လည်း မလွယ်ကူပါဘူး….
လူနည်းစုဖြစ်တဲ့ အထူးတပ်ဖွဲ့လေးက ဒီလျှို့ဝှက်စစ်ဆင်ရေးကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ ရုပ်ရှင်ထဲ မှာ ဆက်လက် ကြည့်ရှုကြရအောင်ပါ ….
စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ…..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်..

Genres: Action, War
Rating: 6.6

Trailer

Sunday, September 15, 2019

Down River (2018)

Down River (2018)
Rating.6.3
(Action, War)

(Zawgyi)

..ဇာတ်လမ်းအကျဉ်းကတော့ သူတို့အဖွဲ့ဟာကာကင်းစခန်းကနေလှုပ်ရှားထွက်လာခဲ့ပြီးလမ်းမှာကားပျက်သွားတဲ့အခါမှာတော့

(Unicode)

ဒီဇာတ်လမ်းမှာ စစ်သားလေးဦးနဲ့ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ရန်သူ့နယ်မြေအတွင်းမှ
နောက်တန်းဌာနေဆီကိုကြိုးစားပြန်ဆုတ်ကြပုံကိုပုံဖော်ရိုက်ကူးထားတာဖြစ်တယ်..
.ဇာတ်လမ်းအကျဉ်းကတော့ သူတို့အဖွဲ့ဟာကာကင်းစခန်းကနေလှုပ်ရှားထွက်လာခဲ့ပြီးလမ်းမှာကားပျက်သွားတဲ့အခါမှာတောလမ်းကနေသွားပြီးရန်သူ့နယ်မြေထဲရောက်မှန်းမသိရောက်သွားကြတယ်..
.အဲ့ဒီရန်သူ့နယ်မြေထဲကပြန်ဆုတ်ခွာဖို့အစီအစဉ်ဆွဲတဲ့အခါမှာ
အခုမှရှေ့တန်းလိုက်လာဖူးတဲ့အရာရှိနဲ့အတွေ့အကြုံရှိတဲ့တပ်ကြပ်ကြီးတို့နှစ်ယောက်ကြား
အဆင်မပြေမှုများနဲ့ ရန်သူနယ်မြေထဲကနေဘယ်လိုပြန်ဆုတ်ကြမလဲ..
.သူတို့လေးယောက်လုံးရောအသက်ရှင်လျက်ပြန်ပြီးဆုတ်ခွာနိုင်မလားဆိုတာကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြပါလို့ပြောကြားရင်း…
 crd to channelmyanmar

Trailer

Friday, September 13, 2019

Cyborgs-Heroes Never Die (2017)

Cyborgs-Heroes Never Die (2017)
Rating.8.0
(Action, Drama, War)

(Zawgyi)

IMDb မှာဆိုလည်း 8ေ.3တာင်ရထားလေတော့ ထွေထွေထူးထူးတော့ပြောစရာလိုမယ်မထင်ပါဘူး…ခံစားကြည့်လိုက်ဦးဗျို့…

(unicode)

ကိုယ်နှစ်သက်တဲ့လူတစ်ယောက်ကိုပိုင်ဆိုင်ဖို့ဆိုရင်
အဲ့ဒီလူရဲ့ အဓိကနေရာဖြစ်တဲ့ နှလုံးသား အလယ်ဗဟိုတည့်တည့် ချိန်ရွယ်ပစ်ခပ်သိမ်းပိုက်ဖို့လိုပါတယ်…
ဒီလိုပဲ စစ်ပွဲတစ်ပွဲမှာဆိုလည်း အောင်မြင်ရေးသော့ချက်ဖြစ်တဲ့ အဓိက
အချက်အချာမြေကို သိမ်းပိုက်ဖို့ ကြိုးစားကြပါတယ်…
ယူကရိန်းနိုင်ငံကDonetskလေဆိပ်ကိုရုရှားတွေလာရောက်တိုက်ခိုက်နေကြတယ်….
အဲ့လေဆိပ်ကိုဘာလို့တိုက်ရလဲဆိုတော့ အထက်ကပြောခဲ့သလို အချက်အချာမြေနေရာဖြစ်နေလို့ပါပဲ…
ဒီလေဆိပ်ကျသွားရင် ယူကရိန်းကျသွားတာနဲ့တူတူပဲဖြစ်နေလို့ပါ…
ဒါ့ကြောင့် ယူကရိန်းတို့ ဒီလေဆိပ်မကျသွားဖို့အရေးကို
စစ်သည်အပေါင်းတို့ဟာ တတ်စွမ်းသမျှ အတတ်နိုင်ဆုံးခုခံဖို့ကြိုးစားကြပါတယ်…
ဒီစစ်သည်တွေ အောင်မြင်ပါ့မလား…
အသက်ပေါင်းများစွာ ဘယ်လောင်တောင်ပေးဆပ်လိုက်ကြရလဲ….
သူရဲကောင်းတွေဟာ ဘယ်သူများဖြစ်မလဲ….
စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ…
ဒီကားကတော့ ယူကရိန်းစစ်ကားတစ်ကားဖြစ်ပြီးပြီးတော့ အောင်မြင်မှုတွေလည်းရသလို
IMDb မှာဆိုလည်း 8.3တောင်ရထားလေတော့ ထွေထွေထူးထူးတော့ပြောစရာလိုမယ်မထင်ပါဘူး…ခံစားကြည့်လိုက်ဦးဗျို့…

Trailer

Wednesday, September 4, 2019

Saving Leningrad (2019)

Saving Leningrad (2019)
Rating.6.8 (Action, Drama, War)

စစ်ကားကောင်းကြိုက်သူတို့ ရုရှားစစ်ကားသစ်တစ်ကားကို
တင်ဆက်ပေးလိုက်ပါသည်….
ဆိုဗီယက်ရုရှရဲ့ မြို့တော်မော်စကိုပြီးရင်
ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ လီနင်ဂရက်
( ယနေ့ခေတ်ကာလအခေါ် စိန့်ပီတာဘတ်စ် )ကို
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁မှာ ဖင်လန်နဲ့
ဂျာမနီတို့က မြို့ကို ပြင်ပ အဆက်အသွယ်ပြတ်အောင်
ပိတ်ဆို့ပြီး စီးနင်းခဲ့ကြပါတယ်။
ဒီပိတ်ဆို့ စီးနင်းမှုဟာ နှစ်နှစ် လေးလ နှစ်ပတ်နှင့်
ငါးရက်ကြာ ရက်ပေါင်း ၈၇၂ရက်တာ ကြာမြင့်ပြီး
အသက်ပေါင်း ၅သိန်းအထိဆုံးရှုံးခဲ့ကာ
တစ်ချို့သောသမိုင်းပညာရှင်တွေက
လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်မျိုးလို့ ဆိုကြပါတယ်။
ဟစ်တလာကြီးကတော့
ဒီဝန်းရံပိတ်ဆို့မှုမှာ သူအောင်မြင်မယ်လို့
တစ်ထစ်ချယုံကြည်နေပြီး
လီနင်ဂရင်က ကြယ်ငါးပွင့်ဟိုတယ်မှာတောင်
အောင်ပွဲခံဖို့ ဖိတ်စာတွေ ကြိုရိုက်ထားတယ်လို့ဆိုပါတယ်။
ဒီရုပ်ရှင်ဟာ ဒီပိတ်ဆို့စီးနင်းခံရတဲ့ လီနင်ဂရက်မြို့ကြီးကို
ကယ်တင်ခဲ့ကြတဲ့ လူတွေအကြောင်းပါ။ စစ်ပွဲတစ်ပွဲ
နိုင်ဖို့ဆိုတာ အာဇာနည်တွေ ဟောတစ်ယောက်
ဟောတစ်ယောက် ပေါ်လာရုံနဲ့ မလုံလောက်ပါဘူး။
ဟိုတစ်စု ဒီတစ်စု ဒြပ်မှုန်ကလေးတွေ ပေါင်းစည်းပြီး
အချိန်အခါသင့်တဲ့အခါ ရလာတဲ့ ပေါက်ကွဲမှုတစ်ခုပါပဲ။
ဒီရုပ်ရှင်မှာ ကြီးစဉ်ငယ်လိုက်စီပြီးပြောရရင်
ရေတပ်ဗိုလ်ချုပ်မှူးလုပ်ခဲ့တဲ့ စွန့်စားမှုတစ်ခု
ရေတပ်ဗိုလ်ချုပ်မှူသားဗိုလ်‌လောင်းရဲ့ အချစ်ကိုရူးသွပ်မှု
တပ်ကြပ်တစ်ယောက်ရဲ့ အရှုံးမပေးတတ်တဲ့စိတ်ဓာတ်
မာလိန်မှူးတစ်ယောက်ရဲ့ တာဝန်သိ တိုင်းပြည်ချစ်စိတ်
သူလျှိုသစ္စာဖောက်တစ်ယောက်ရဲ့စိတ်ကောင်းဝင်မှု
ဒီလိုအရာတွေအားလုံးပေါင်းစပ်ပြီး
အောင်မြင်ခြင်းဟာ ဖူးပွင့်လာပါတယ်
ဒါတွေဟာ ထင်သာတဲ့အရာတွေကို ရေးပြထားတာပါပဲ။
များပြားလွန်းတဲ့ သူ့နေရာနဲ့သူ အရေးပါနေတဲ့
ဇာတ်ကောင်‌တွေကို တစ်ယောက်မကျန် အသက်ဝင်အောင်
ပုံဖော်သွားနိုင်တဲ့ ဒါရိုက်တာရဲ့ တင်ဆက်ပြသမှုကလည်း အထင်ကရပါပဲ…
ထင်မှတ်မထားတဲ့ twistလေးတစ်ခုနဲ့လည်း ဇာတ်အိမ်ကို
ပိုအသက်ဝင်အောင် အသက်သွင်းထားပါသေးတယ်။
စစ်ကားကောင်းတွေသဘောကျတဲ့သူတွေအဖို့ လက်မလွှတ်သင့်ပါကြောင်း
ပြောကြားပါရစေ….
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aungပဲဖြစ်ပါတယ်။
crd to channelmyanmar 

Movie Trailer

Lancaster Skies (2019)

Lancaster Skies (2019)
Rating.5.0 (Action, Drama, War)

ငယ်ဘဝကတည်းက နာကျင်ထိခိုက်ရတဲ့ ကလေးဘဝနဲ့
ဖြတ်သန်းခဲ့ရတဲ့ စကားနည်းလူအေးတစ်ယောက်ဖြစ်တဲ့ ဒေါက်ကလပ်စ်ဟာ
ဘာလင်မြို့စွန်နားကိုတိုက်ခိုက်ရမဲ့ဗုံးကြဲလေတပ်အဖွဲ့ကိုဦးဆောင်ရတော့မှာဖြစ်ပါတယ်။
တပ်ဖွဲ့အသစ်ကိုရောက်ရှိလာတဲ့ အရာရှိဒေါက်ကလပ်စ်နဲ့
တစ်ချိန်လုံးမတည့်ဖြစ်နေတာတော့ ချာလီဆိုတဲ့တပ်သားပဲဖြစ်ပါတယ်။
အမှန်တော့ ဒေါက်ကလပ်စ်က ပြီးခဲ့တဲ့တိုက်ပွဲမှာ
ကျဆုံးသွားတဲ့အရာရှိအယ်ဖီလ်ရဲ့နေရာကိုအစားထိုးရောက်ရှိလာတာဖြစ်ပါတယ်။
တစ်ဖွဲ့လုံးရဲ့ယုံကြည်မှုကိုရရှိဖို့ဒေါက်ကလပ်စ်တစ်ယောက်
သူ့နည်းသူ့ဟန်နဲ့ကြိုးစားဖြေရှင်းပုံလေးတွေလဲပါပါတယ်။
၁၉၄၀ပြည့်နှစ်ရဲ့စစ်ပွဲအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
crd to channelmyanmar

Movie Trailer