Tuesday, February 18, 2020

1917 (2019)

ဒီနှစ် အကယ်ဒမီမှာ ဆုတွေ အများကြီး ဆန်ကာတင်ဝင်ပြီး ၃ ဆုရထားတဲ့ စစ်ကားပါ။
စစ်ကားငတ်နေတဲ့သူတွေတော့ အကြိုက်တွေ့မှာပါ။
ဒီဗွန် တပ်ရင်း-၂ ဟာ ၉မိုင်ကျော် ဆုတ်ခွာသွားတဲ့ ဂျာမန်တွေကို
အပြီးသတ်ချေမှုန်းဖို့ လိုက်တိုက်နေပါတယ်။
ဒါပေမယ့် ဒါဟာ ထောင်ချောက်ဆိုတာကို သူတို့ မသိကြရှာပါဘူး။
ဒီနေ့ပြီးလို့ နောက်တစ်နေ့ မနက်မှာ ထိုးစစ်စတာနဲ့ လူပေါင်း ၁၆၀၀ လုံး
သေကြရတော့မယ်။ သူတို့ တပ်ရင်းကို တားဖို့အတွက်
တိုက်ရိုက်အမိန့်ကို ဌာနချုပ်ကနေ ပို့ဖို့ကြိုးစားတဲ့အခါ
လူနည်းလေ မြန်လေမို့ လူ ၂ ယောက်ထဲကိုပဲ လွှတ်လိုက်ရတယ်။
ဒုတပ်ကြပ်ဘလိတ်ခ် နဲ့ စကိုးဖီးတို့ဟာ လူပေါင်း ၁၆၀၀
အသက်ကို ကယ်နိုင်ဖို့ တစ်ရက်အတွင်းမှာ ဂျာမန်ရန်သူ့မြေထဲကို ဖြတ်ဝင်ပြီး
တပ်ရင်း-၂ ဆီကို အရောက်သွားဖို့ ကြိုးစားရပါတော့တယ်။
အကောင်းဆုံး စီနီမက်တိုဂရက်ဖီဆု၊ အသံတည်းဖြတ်ဆု နဲ့
အထူးပြုလုပ်ချက်ဆုကို ရထားတဲ့ ရုပ်ရှင်ကို ထိုက်ထိုက်တန်တန် ခံစားကြည့်လိုက်ကြပါဦး။
crd to channelmyanmar

No comments:

Post a Comment