Showing posts with label Mystery. Show all posts
Showing posts with label Mystery. Show all posts

Tuesday, June 9, 2020

Bloody Reunion (2006)

[Unicode]
Horror Movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက် နောက်ထပ် horror movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းအကျဉ်း
ဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊
အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ
မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲက
မီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်…
ဆရာမဘတ်ဆီကို နှစ်စဉ္ဆရာများနေ့ရောက်တိုင်း
သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။
ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်…
ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ်
သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။
အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊
နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတို့ပဲဖြစ်ပါတယ် ။
ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ …
ဆရာမဆီ လာလည်ကြပေမယ့် အကုန်လုံးက ချစ်လို့လာကြတာ မဟုတ်ကြပါဘူး
ဒါဆိုရင် ဒီတပည့်တွေထဲက ဘယ်သူက လူသတ်တရားခံဖြစ်မလဲ…
စုံထောက်တွေကော ဒီအမှုကို စုံစမ်းနိုင်မှာလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
[Zawgyi]
Horror Movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက် နောက်ထပ် horror movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းအကျ ဉ်း
ဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊
အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ
မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲက
မီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်…
ဆရာမဘတ်ဆီကို နှစ်စ ဉ္ဆရာများနေ့ရောက်တိုင်း
သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။
ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်…
ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ်
သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။
အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊
နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတို့ပဲဖြစ်ပါတယ် ။
ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ …
ဆရာမဆီ လာလည်ကြပေမယ့် အကုန်လုံးက ချစ်လို့လာကြတာ မဟုတ်ကြပါဘူး
ဒါဆိုရင် ဒီတပည့်တွေထဲက ဘယ်သူက လူသတ်တရားခံဖြစ်မလဲ…
စုံထောက်တွေကော ဒီအမှုကို စုံစမ်းနိုင်မှာလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ဖြစ်ပါတယ် )
crd to channelmyanmar

Cello (2005)

Wednesday, May 20, 2020

L.A. Confidential (1997)

crd to channelmyanmar

Gone Baby Gone (2007)

Gone Baby Gone (2007)
IMDB- 7.7/10 ….Rotten…94%ရရှိထားတဲ့
Crime/Drama ဇာတ်ကားတစ်ကားပါ
ဒါရိုက်တာကတော့ Good Will Hunting နဲ့
လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်
(Morgan Freeman ကြီးကိုလည်း သူနဲ့
အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို
ပြောရင်း တွေ့ရဦးမှာပါ)
ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင်
ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး
(၁) ဘယ်သူက မှန်လဲ?
(၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား?
ဒီတစ်ခါ Review ကို မရေးဘဲ
နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချိ့ ခံစားရှုမြင်ခဲ့တဲ့အပေါ်
Spoil မဖြစ်စေအောင် ရှောင်ရင်း
ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်…
(A)
Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့
အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို
ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။
ဇာလမ်းက ရှည်လျားဟန်ရှိပေမယ့်
အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။
ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ
ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။
(B)
ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။
ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘဝတွေကို
တင်ဆက်ပြသတတ်သူပါ။
ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိမယ့်
အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို တစ်ခုချင်းစီ ထုတ်ပြသွားပါတယ်။
Ben ဟာ ခင်ဗျားတို့ရဲ့ အာရုံကို ဘယ်အချိန်မှာ ဖမ်းစားရမလဲဆိုတာ
ကောင်းကောင်းသိပုံပေါ်တဲ့ ဒါရိုက်တာတစ်ဦးပါပဲ။
ဒီဇာတ်ကားဟာ ကျွန်တော့်ကို မေးခွန်းနှစ်ခုမေးပါတယ်
“ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း
လိုက်လုပ်ရမယ်လို့ ပြောတာလား”
“မှန်မယ်၊ မမှန်ဘူးဆိုတာ နောက်ဆုံးမှာ
ရသွားတဲ့အကျိုးကျေးဇူးကိုကြည့်ပြီးပြောမှာလား”
(C)
ဒီရုပ်ရှင်ဟာ ရိုးသားခြင်းရဲ့အရေးပါမှုကိုလှလှပပဖော်ကျူးပြီး တစ်ဆက်ထဲမှာပင် ဘဝရဲ့အလှတရားတွေကို
ဂရုမစိုက်တော့ကြတဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ရိုက်ပြထားတာပါ။
ဒီဇာတ်ကားကို ကြည့်ပြီးသွားတဲ့အချိန်မှာ
ကလေးသူငယ်တွေကို ဒီထက်ပိုပြီး ကြင်နာမယ်၊ စာနာမယ်၊
မေတ္တာထားမယ်ဆိုတဲ့ စိတ်ဖြစ်မလာဘူးဆိုရင်
ခင်ဗျားတို့ဟာ ရင်ဘတ်ဗလာနဲ့ လူသားတွေပါပဲ။ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Sherlockပဲဖြစ်ပါတယ်….
crd to channelmyanmar

Friday, May 15, 2020

Frieda - Coming Home (2020)

သရဲကားကိုမှ ဘွားခနဲ ဘွားခနဲ​ခြောက်တာမဟုတ်ပဲ
တစိမ့်စိမ့်​​တွေးရင်း ​​​ကြောက်ရတဲ့ အရသာကိုကြိုက်ရင်
ဒီကားကိုမဖြစ်မ​နေကြည့်ဖို့ အကြံ​ပေးချင်ပါတယ်
ဇာတ်​ဆောင်၂ဦးဖြစ်တဲ့ ​ဝေလ်ဒါလင်မယားဟာ
သူတို့အရမ်းသွားချင်​နေတဲ့ ဥ​ရောပခရီးစဥ်ကို
သွားကြတယ် မိန်းမဖြစ်သူက​တော့
ခုမှပူပူ​နွေး​​​နွေးကိုယ်ဝန်ရစ​ပေါ့
ဥ​ရောပကိုသွား​​နေရင်း လမ်းမှာ
က​လေး​​လေးအတွက်နာမည်ကို
စဥ်းစားကြတယ် မိန်းက​လေးဖြစ်ရင်
သူ့အဖွားရဲ့နာမည် (ဖရီဒါ) ကို​ပေးမယ်တဲ့
သူတို့ဥ​ရောပ​ရောက်​တော့
သူတို့​​နေမယ့်အိမ်ကတကယ့်​တောထဲမှာ ​
ရေကန်​ခြောက်ကပ်ကပ်ကြီးရဲ့​ဘေး
တကယ့်ကို​​​တောကျတယ် အိမ်ကိုလိုက်ပို့
တဲ့အဲလိစဘတ်ဆိုသူက သူ့အ​မေကဒီအိမ်ကိုပိုင်ခဲ့တာ​ပေါ့
အခု​တော့ ​ဆေးရုံမှာအ​ခြေအ​နေမ​ကောင်းဘူးလို့​ပြောပြီး
မြန်မြန်ပြန်သွားတယ် အဲ့ကစပြီး သူတို့လင်မယား
တစ်ခုပြီးတစ်ခုထူးဆန်းတာကြုံရပါ​လေ​ရော
ဒီကား​​​လေးကိုဆုံး​အောင်ကြည့်ပြီးသွားရင်
သနားမိတဲ့စိတ်​လေးလုံးဝကိုကျန်ခဲ့မှာပါ
crd to channelmyanmar

Monday, May 11, 2020

The Rhythm Section (2020)

Paramount Pictureကနေဖြန့်ချီလိုက်ပြီး
မင်းသမီးချောBlake Livelyနဲ့ Jude Lawတို့ပါဝင်ထားတဲ့
Action Dramaကားတစ်ကားပါ။
Assassinကားသဘောမျိူးပါပဲ။
လေယာဉ်ပျက်ကျရာမှမိသားစုတစ်ခုလုံးကိုဆုံးရှုံးလိုက်ရပြီးနောက်
စတစ်ဖနီတစ်ယောက် သာမန်ကျောင်းသူတစ်ယောက်ဘဝကနေ စိတ်ကျတွေကျ၊ ‌
ဆေးတွေသုံးပြီးပေတေနေတဲ့ပြည့်တန်ဆာမဘဝကိုပြောင်းလဲသွားပါတယ်။
တစ်နေ့သူ့ဆီကို ဂျာနယ်လစ်သမားတစ်ယောက်ရောက်လာတဲ့အခါမှာတော့
သူ့မိသားစုစီးခဲ့တဲ့လေယာဉ်ကစက်ချို့ယွင်းလို့ပျက်ကျတာမဟုတ်ပဲ
ဗုံးပေါက်ကွဲလို့ဆိုတာသိသွားပါတယ်။
အဲ့နောက်မှာတော့ အဲ့ဗုံးကိစ္စနဲ့ပတ်သတ်သူမှန်သမျှကို
အပြတ်ရှင်းပစ်မယ့် လုပ်ကြံသတ်ဖြတ်သူဖြစ်သွားပါတော့တယ်။
ဒီကားမှာတော့ တခြားassassinကားတွေလို
အထူးလေ့ကျင့်ထားတဲ့သူလျှိုမတွေပုံစံလိုမဟုတ်ပဲ
သာမန်မိန်းကလေးတစ်ယောက်
စိတ်အားထက်သန်စွာနဲ့လက်စားလိုက်ချေပုံတွေကို မြင်ရမှာပါ။
ကြည့်ရှုခံစားကြည့်ပါအုံး။
crd to channelmyanmar

Dangerous Lies (2020)

Dangerous Lies(2020)
Netflixက​နေ မကြာ​​သေးခင်ကမှ ထွက်ရှိလာတဲ့ ဒီကားက​တော့ ​တော်​တော်​လေး စိတ်၀င်စားဖို့​ကောင်းတယ်လို့ကို​ ​ပြောလို့ရပါတယ်။ ​
ကေတီ နဲ့ အဒမ် တို့ဟာ လူငယ်ဇနီး​​​မောင်နှံ​တွေဖြစ်ပြီး သူတို့မှာ ​ငွေ​​ရေး​ကြေး​ရေး အခက်အခဲ ​တော်​တော်​လေးရှိ​နေကြပါတယ်။
​ကေတီဟာ ၈၈နှစ်အရွယ် အဘိုးအို တစ်ဦးကို ပြုစု​စောင့်​ရှောက်​ပေးရတဲ့ caretaker တစ်ဦးလည်း ဖြစ်ပါတယ်။ ​
ငွေ​ကြေးပြည့်စုံတဲ့ တ​ကောင်ကြွက် အဘိုးအို တစ်​​ယောက်ဖြစ်ပြီး ခမ်းနားတဲ့ အိမ်ကြီးမှာ ​
နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ကေတီ အလုပ်၀င်ပြီး ​လေးလအကြာမှာတင် အဘိုးကြီးဆုံးပါးသွား​တော့
အံ့သြစရာ​ကောင်း​လောက်​​အောင် ​ကေတီက အိမ်ကြီးကို အ​မွေ​ဆက်ခံခွင့်ရခဲ့ပါ​တော့တယ်။
ဒီမှာပဲ ဇာတ်ခမ်းစပါ​တော့တယ်။ သူအ​မွေရခဲ့တဲ့ အိမ်ကြီးထဲမှာ ဘာ​တွေများရှိ​နေမလဲ။
ဒီအိမ်ကြီးကို အ​ကြောင်းပြုပြီး သူတို့လင်မယားနှစ်​ယောက် ဘယ်လိုဒုက္ခ​တွေကြုံ​တွေ့ရမလဲ။
ဆင်းရဲရတဲ့ ဒုက္ခနဲ့ ချမ်းသာရတဲ့ ဒုက္ခဟာ ဘာ​တွေများ ကွာခြားမလဲ အ
မျိုးမျိုး​သော အဖြစ်အပျက်​တွေနဲ့အတူ ​နောက်ဆုံး ရဲ​တပ်ဖွဲ့ကပါ ​​ခြေချင်းလိမ်လာတဲ့ အခါမှာ​တော့..
.. Netflixထုံးစံအတိုင်း ဇာတ်လမ်းက အလှည့်အ​ပြောင်း​တွေနဲ့ အ​တော် မြိုင်ဆိုင်တာကို​တွေ့ရပါတယ်။
ဒါ့အပြင် ဒီကားမှာ​တော့ မင်းသမီး Camila Mendesရဲ့ သရုပ်​ဆောင်မှု​တွေက အပိုအလိုမရှိ ​
ကောင်းလွန်း​နေတာကို ​မြင်တွေ့ရမှာပါ။ Drama, Mystery, Thriller
ရသ​ပေါင်းစုံ ခံစားရမယ့် ​ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့
K ပဲဖြစ်ပါတယ်…..
crd to channelmyamar

Wednesday, May 6, 2020

12 Monkeys (1995)

[Unicode]
12 Monkeys (1995)
ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင်
ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။
ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။
ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။
ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။
မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။
ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ
ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။
1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။
လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။
2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။
သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင်
မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။
ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။
12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။
ဆိုတော့ကာ
ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။
ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။
သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။
ကံဆိုးချင်တော့ ကိုးလ်ရောက်သွားတာ ၁၉၉၀ပါ။
လမ်းမပေါ် ပလတ်စတစ်အကြည်သား ဝတ်စုံကြီးဝတ် အတွင်းခံကလွဲအထင်းသားမြင်နေရတဲ့ ကိုးလ်ကို
၁၉၉၀က လူတွေ ပို့လိုက်တဲ့တစ်ခုတည်းသောနေရာက အရူးထောင်ပါပဲ။
ဒီရုပ်ရှင်မှာ အရာအားလုံးက အကျိူးအကြောင်းတစ်ခုနဲ့ ဖြစ်‌နေကြတာပါ။
ဒီလိုနဲ့ 12monkeysရှိတောင်မရှိသေးတဲ့ ကာလကို ရောက်လာတဲ့ ကိုးလ်ဟာ
သူတွေ့သင့်လား ‌မတွေ့သင့်လား ကျွန်တော်တို့တောင် မရေရာတဲ့ လူတွေနဲ့ တွေ့ခဲ့ရပါတယ်။
အနာဂတ်ကလာတယ်ပြောပေမယ့် သက်သေပြစရာမရှိတဲ့ ကိုးလ်ဟာ
ဆေးရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် တိုက်ပိတ်ခံလိုက်ရပါတယ်။
ဆရာဝန်တွေလာစစ်တဲ့ အခါမှာတော့ လေဝင်ပေါက်ကလေးလွဲ ဘာမှမရှိတဲ့အခန်းကနေ ကိုးလ်ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတယ်။
သူ့ကို ဘယ်သူမှလည်း မတွေ့တော့ပါဘူး။
ခြောက်နှစ်အကြာ 1996မှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာကြီးနဲ့ ကိုးလ် ပြန်ပေါ်လာပြီး
စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ကတ်သရင်းရေလ်လီကို ပြန်ပေးဆွဲခဲ့ပါတယ်။
‌ဗိုင်းရပ်စ်ဖြစ်လာဖို့ အချိန်အရမ်းနီးနေပါပြီ။
12Monkeysနောက်ကို ကိုးလ်လိုက်နေပေမယ့် လိုက်လေဝေးလေဖြစ်နေပါပြီ။
သူ့ကို ယုံကြည်တဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။
ရဲတွေလိုက်ရှာနေတဲ့ကြားကနေ ကိုးလ်ထပ်ပျောက်သွားပေမယ့် ကတ်သရင်းကတော့ ကိုးလ်ပေါင်ထဲက သူထုတ်ခဲ့တဲ့ကျည်ဆန်ဟာ ပထမကမ္ဘာစစ်ကဆိုတာ သိလိုက်ပြီ
ပထမကမ္ဘာစစ်အတွင်းက ကိုးလ်လို့ယူဆရတဲ့လူတစ်‌ယောက်ဓာတ်ပုံကိုတွေ့လိုက်တဲ့အခါမှာတော့…
Time Travleကား တစ်ခုပေမယ့် ပြချင်တဲ့ Conceptကတော့ အတော်များပါတယ်။
တိရိစ္ဆာန်အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ရဲ့
အစွန်းနှစ်ဖက်၊ Alfred Hitchcock ရုပ်ရှင်၊ အိုမာခယမ်ကဗျာ၊ နာမည်ကျော်သမိုင်းဖြစ်ရပ်တွေကို Refယူထားပြီး ဖြစ်ရပ်တွေ Dialougeတွေရဲ့ အချိတ်အဆက်က သေသပ်ပါတယ်။
ဒီရုပ်ရှင်နဲ့ Brad Pittပထမဆုံး အော်စကာ ဆန်ခါတင် ဝင်ထားပြီး
Sound Trackတွေထဲ WOLFGANG AMADEUS MOEZARTရဲ့ Piano Concertoတောင်ပါပါတယ်။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် )

Courage Under Fire (1996)

Courage Under Fire(1996)
IMDB…..6.6,,,,,,,Rotten……85
Patrick Sheane Duncan က ဇာတ်ညွှန်းရေးသားပေးခဲ့သည့် Courage Under Fire ဇာတ်ကားကို Director Eward Zwick က ရိုက်ကူးထားပြီး Fox 2000 Picture ၏ ပွဲဦးထွက်ရုပ်ရှင်ကားလည်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄၆ သန်း အကုန်အကျခံရိုက်ကူးထားသည့် Courage Under fire သည် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့သည့်ဇာတ်လမ်းလည်းဖြစ်သည်။ ဇာတ်လမ်းအား အီရတ်တို့ကူဝိတ်ကိုကျူးကျော်ထားစဉ်တွင် အီရတ်တပ်များအား အမေရိကန်တပ်များက ဝင်ရောက်မောင်းထုတ်ပေးခဲ့သည့် ပင်လယ်ကွေ့စစ်ပွဲအပေါ် အခြေခံထားသည်။ ဇာတ်လမ်းအကျဉ်းမှာ ဒုတိယဗိုလ်မှူးကြီး နသန်နီရယ် ဆာလင်း (Denzel Washington) သည် အမေရိကန်အမှတ်(၂)တင့်ကားတပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး အယ်ဘက်သရာမြို့တွင်တိုက်ခိုက်ခဲ့သည့် ညတိုက်ပွဲတခုတွင် မိမိတပ်အား တပ်ချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်းဖြစ်စဉ်အား ဖုံးကွယ်ထားခဲ့ပြီး စစ်ပွဲအပြီးတွင် ဒုမှူးကြီးဆာလင်းအာ း သူရဲကောင်းစွမ်းရည်ဘွဲ့အပ်နှင်းပြီး တိုက်ခိုက်ရေးတာဝန်မှ ရုံးတာဝန်သို့ပြောင်းလဲတာဝန်ထမ်းဆောင်စေခဲ့သည်။ ထိုသို့တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်းပင်လယ်ကွေ့စစ်ပွဲအတွင်းတွင် ရဲရင့်စွာတာဝန်ထမ်းဆောင်ခဲ့သည့် ဟျူဝီရဟတ်ယာဉ်မောင်း ဗိုလ်ကြီးကာရမ်အမ်မာဝဲလ်ဒန် (Meg Ryan)ဆိုသည့်အမျိုးသမီးအား သူရဲကောင်းဘွဲ့ပေးရန် ဖြစ်စဉ်အားစုံစမ်းရန် တာဝန်ပေးအပ်ခံခဲ့ရသည်။စစ်သားကောင်းပီသလွန်းလှသည့် ဆာလင်းအနေဖြင့် သူ၏သူရဲကောင်းဘွဲ့အား သံသယဝင်လျက်ရှိပြီး စွမ်းရည်ဘွဲ့ပေးအပ်မှုအားစိစစ်ရန် တာဝန်ပေးအပ်လာခဲ့ရာ ယခုအကြိမ်တွင် အမှန်အတိုင်းဖြစ်စေလိုသည့် ဆန္ဒလည်းပြင်းပြလျက်ရှိရာ ၎င်းဖြစ်စဉ်အား စိတ်နှစ်ပြီး စုံစမ်းခဲ့သည်။ ကပ္ပတိန်ဝဲလ်ဒန်သည် အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့မှ ဟျူဝီရဟတ်ယာဉ်မောင်းဖြစ်ပြီး အမေရိကန်စစ်တပ်မှ ဘလက်ဟော့ခ်ရဟတ်ယာဉ်တစီးပျက်ကျရာသို့ သွားရောက်ကယ်ဆယ်ရန်တာဝန်ပေးအပ်ခံခဲ့ရသည်။ သူမ၏ယာဉ်တွင် အထူးသူနာပြု အီလာရီယို(Matt Damon)၊ အကူရဟတ်ယာဉ်မောင်း ရေဒီ(Tim Guinee)၊ လက်နက်ကိုင်စစ်သည် အော်လ်တာမိုင်ယာ(Seth Gilliam) နှင့် မန်းဖရစ်ဇ်(Lou Diamond Phillips) တို့လိုက်ပါခဲ့ကြပြီး သူတို့တပ်ဖွဲ့ ပျက်ကျနေသည့် ဘလက်ဟော့ခ်သို့ရောက်သောအခါ မိမိတို့၏စစ်သည်များအား ရန်သူအီရတ်များက မြေပြင်တပ်များနှင့်သာမက T-54 တင့်ကားတစီးနှင့်ပါ ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိသည်ကိုတွေ့ရှိရပြီး မိမိမှာလည်း အခြားတိုက်ပွဲနေရာမှထွက်လာရခြင်းဖြစ်ရာ ဒုံးကျည်မပါတော့သဖြင့် ရဟတ်ယာဉ်၏အရံဆီပုံအား ဖြုတ်ချ၍ ရန်သူ့တင့်ကားပေါက်ကွဲအောင် ချေမှုန်းနိုင်ခဲ့သည်။ သို့ရာတွင် သူမ၏ရဟတ်ယာဉ်မှာလည်း ရန်သူ့ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့ရပြီး ရန်သူအား တညနှင့်တမနက် ရင်ဆိုင်ခဲ့ရပြီး နောက် ကယ်ဆယ်ရေးယာဉ်များရောက်ရှိလာချိန်တွင် ကပ္ပတိန်မှာ ကျဆုံးသွားပြီဟု သတင်းပို့ခြင်းခံခဲ့ရသည်။ ၎င်းဖြစ်စဉ်အား ဆာလင်းမှ စစ်ဆေးရာ ကပ္ပတိန်ဝဲလ်ဒန်၏စစ်သည်များ နှင့် ပျက်ကျသည့်ဘလက်ဟော့ခ်မှစစ်သည်များ ထွက်ဆိုချက်ပေးရာတွင် ကွဲလွဲချက်များရှေ့နောက်မညီမှုများတွေ့ရှိရသဖြင့် အဆင့်ဆင့်ဆက်လက်စုံစမ်းပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ Courage under fire ဇာတ်ကားသည် စစ်သားတယောက်၏ အနှစ်သာရ ၊ စစ်သားတယောက်၏သန့်စင်သောစိတ်၊ အချင်းချင်းထားရှိသော ရဲဘော်ရဲဘက်စိတ်တို့ကို လှပစွာခြယ်မှုန်းထားပြီး တကယ့်အကြပ်အတည်းတိုက်ပွဲအခြေအနေတွင် သူရဲဘောကြောင်သူနှင့် သူရဲကောင်းဆန်သူ ၊ သူရဲကောင်းဟူသည် တိုက်ပွဲမှာတိုက်ခိုက်ရဲသည့် လက်ရုံရည်စွမ်းရည်သာမက အမှန်ကိုဝန်ခံရဲသည့် နှလုံးရည်ပြည့်ဝခြင်းပါ ရှိရမည့် အကြောင်းတို့ကိုပါ ဖော်ကျူးထားပြီး ဇာတ်လမ်းအား လှည့်ပတ်ဆွဲဆောင်တန်ဆာဆင်ထားမှုများကြောင့် ရင်တမမနှင့်ကြည့်ရှုရမည့် ဇာတ်ကားကောင်းလည်းဖြစ်သည်။ ၁၉၉၆ ခုနှစ်ထုတ်ဇာတ်ကားဖြစ်သော်လည်း ယခုတိုင်ခေတ်မီနေဆဲ အသက်ဝင်နေဆဲဇာတ်လမ်းတပုဒ်လည်းဖြစ်ရာ စစ်ကားကြိုက်သူများသာမက ဒရာမာဇာတ်လမ်းကြိုက်သူများပါ လက်မလွှတ်သင့်သည့် ဇာတ်လမ်းလည်း ဖြစ်သည်။ ဇာတ်ကားရိုက်ကူးရာတွင် ထူးခြားခဲ့သည့်ဖြစ်စဉ်များမှာ
(၁) ဇာတ်လမ်းတွင် အသုံးပြုထားသည့် M1A1 Abram တင့်ကားများအား အမေရိကန်စစ်ဘက်မှ မူလကကူညီမည့်အစီအစဉ်ပျက်ပြားသွားပြီးနောက် အင်္ဂလန်၏ Centuions တင့်များကို သံပြားများဖြင့် ပုံစံတူပြန်လည်ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်း တင့်ကားများအား ( Craddle to Grave 2) ဇာတ်ကားတွင် လည်း ပြန်လည်အသုံးပြုခဲ့သည်။
(၂.) Matt Damon သည် ဤ ဇာတ်ကား၏ နောက်ပိုင်းဇာတ်ဝင်ခန်းအားရိုက်ကူးရာတွင် ပေါင်ချိန်လျော့ကျသွားသည့် ဆေးသမားအဖြစ်သရုပ်ဆောင်ထားရာ ၎င်းဇာတ်ဝင်ခန်းအတွက် ပေါင်ချိန်(၄၀) အထိ ချပစ်ခဲ့ရာ ကျန်းမာရေးစိုးရိမ်ရသည်အထိဖြစ်ခဲ့ပြီး ဒါရိုက်တာကပါ ဝိတ်မချရန်တားယူရသည်အထိဖြစ်ခဲ့သည်။ ၎င်းအချိန်က matt Damon မှာ နာမည်ကြီးသရုပ်ဆောင်မဟုတ်သေးပါ။ သို့ရာတွင် သူ၏ကြိုးပမ်းမှုကြောင့်ပင် ဒါရိုက်တာစတီဗင်စပီးဘတ်က Private Ryan ဇာတ်ကားတွင် အဓိကဇာတ်ကောင်အဖြစ် သူ့အားယုံကြည်စွာအပ်နှင်းခဲ့ခြင်းဖြစ်သည်။
(၃). Denzel washington သည် ၎င်းဇာတ်ကားတွင် ပြတ်သားရမည့်နေရာတွင် ပြတ်သားလှသကဲ့သို့ မျက်ရည်ဝဲလောက်စရာနေရာများတွင် ကြည့်ရှုသူကိုပါ မျက်ရည်ဝဲလောက်အောင် သရုပ်ဆောင်ကောင်းမွန်လှသည့်အတွက် ဟောလိဝုဒ်အော်စကာ ဆန်ခါတင်စာရင်းဝင်ခဲ့သည်။ ၄. နသန်နီယယ်ဆာလင်း နေရာအတွက် Herrison Ford နှင့် Tom Hanks တို့အား မူလက လျာထားခဲ့သေးသည်။
(၄.) သူရဲကောင်းဘွဲ့အပ်နှင်းသည့် အိမ်ဖြူတော်မှ နှင်းဆီဥယျာဉ်ပုံစံဆက်တင်မှာ မုန်တိုင်းကြောင့် နှစ်ကြိမ်တိုင်တိုင်ပျက်စီးခဲ့ရသည်။
(၅). ၎င်းဇာတ်လမ်းအား ၁၉၅၀ ခုနှစ်ထုတ် Rushomon မှ ဇာတ်ကျောယူထားခြင်းဖြစ်သည်။
(၆). အယ်ဘက်သရာတိုက်ပွဲနေရာအား တက္ကဆက်ပြည်နယ် အယ်ပါဆိုလ်မြို့ပြင်တွင် ရိုက်ကွင်းယူခဲ့ပြီး ၎င်းနေရာသည် ယခုအခါ ကမ္ဘာလှည့်ခရီးသည်များအားဆွဲဆောင်သည့်နေရာတနေရာဖြစ်နေပြီဖြစ်သည်။
(၇). IMBD (6.6) ရရှိထားပြီး Rotten Tomato(85) ရရှိထားပြီး ၎င်းတို့အပါအဝင် အခြား Rating Site ၅၄ ခု၏ review အရ (7.8/10)ရရှိထားသော ဇာတ်ကားလည်းဖြစ်သည်။
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Chan Myae Thu Aung ဖြစ်ပါတယ်…..
crd to channelmyanmar

Monday, April 27, 2020

Mermaid Down (2019)

ရေသူမတွေကိုမှ ဖမ်းဆီးချင်တဲ့ တံငါသမားနှစ်ယောက်ဟာ
ဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းပြီး ရေသူမလေးတစ်ကောင်ကိုဖမ်းမိကြတယ်…
သူတို့ဟာသာမာန် ဖမ်းဆီးရောင်းချချင်တဲ့သူမျိုးတွေ မဟုတ်ဘဲနဲ့
မိရိုးဖလာယုံတမ်းစကားအတိုင်း ရေသူမကို အမြီးတစ်ပိုင်း
လူတစ်ပိုင်းဖြတ်ပြီး သယ်ဆောင်ရမယ်ဆိုတဲ့စကားအရ
ရေသူမအမြီးကို ပုဆိန်နဲ့ခုတ်ဖြတ်လိုက်ပြီး တစ်ပိုင်းဆီထားထားတယ်….
စိတ်ရောဂါကုဆရာဝန် ဒေါက်တာဘိုင်ယာဟာ
အဲတံငါသင်္ဘောနားတစ်ဝိုက်မှာစောင့်ကြည့်နေပြီး
အဖြစ်အပျက်တွေအပြီးမှာ တံငါသမားဆီမှ ရေသူမလေးကို ရအောင်
ကယ်ထုတ်ခဲ့ပြီး သူဘာဆက်လုပ်မလဲ…??
စိတ်ရောဂါကုဆေးရုံမှာ ရှိနေတဲ့ စိတ်ဝေဒနာသည်
မိန်းကလေးတစ်သိုက်နဲ့ ရေသူမလေးတို့ဆုံတွေ့ခဲ့ကြပြီး
အစပိုင်းမှာ အဆင်မပြေခဲ့ကြတဲ့အပြင် သူ့ကိုရေသူမဆိုတာလည်း
မယုံကြည်ခဲ့ကြပေမယ့် နောက်ပိုင်းကျ အန္တရာယ်ကို အတူတူရင်ဆိုင်ခဲ့ကြတယ်…
သူတို့ရင်ဆိုင်ရမှာက ဘာအန္တရာယ်ဖြစ်မလဲ…
ပုံမှန်ရေသူမကားတွေလို အချစ် အလွမ်း အနမ်းနဲ့ ပြီးသွားတတ်တဲ့
ဇာတ်လမ်းမျိုးမဟုတ်ဘဲ သည်းထိတ်ရင်ဖိုနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်
crd to channelmyanmar

Monday, April 20, 2020

Giant Fish (2020)

အခုနောက်ပိုင်းတရုတ်ကားတော်တော်များများ
အက်ရှင်ကားမဟုတ်ဘဲဒရာမာကားရိုက်ရင်
ဇာတ်အိမ်ကောင်းကောင်းနဲ့အဆုံးမှာတခုခုကို
ချပြသွားတာမျိုးတွေတွေ့လာရပါတယ်
“Don’t regret until we lost it,
stop doing any harm to our nature,
otherwise we will pay for it”
ဒါစာတန်းကဇာတ်ကားအပြီးနောက်ဆုံးထိုးတဲ့စာတန်းပါ
ခင်များတို့အတ္တကြီးကြီးနဲ့သူတပါးအပေါ်မကောင်းကြံဖို့စဉ်းစားမိရင်
အကျိုးဆက်က ခင်များသို့မဟုတ်
ခင်များချစ်ရတဲ့သူတွေအပေါ်ပြန်လည်သက်ရောက်မှာပါ
ဒီဇာတ်လမ်းဟာ ငါးဖမ်းလုပ်သားတွေအသက်မွေးမှုပြုကြတဲ့
ကွေးကန်ဆိုတဲ့ဒေသကို ငါးကြီးကနေလူအဖြစ်ပြောင်းထားတဲ့
ကောင်မလေးတယောက်ရောက်လာရာကနေစပါတယ်
အဲ့ဒီလိုငါးကြီးမျိုးနွယ်တွေနဲ့ ပေါင်းပြီး
စီးပွားရှာနေတဲ့ခေါင်းဆောင်ဟာ
လောဘမောဟတွေနဲ့ မကြံသင့်မ
ကြံအပ်တာတွေကြံမိချိန်မှာတော့ …..
ဘာဆက်ဖြစ်မလဲ ကြည့်ပေးကြပါလို့
ဘာသာပြန်ပေးထားတာကတော့
Nay Chii ဖြစ်ပြီး
XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

HIT (2020)

HIT: The First Case
ဒီဇာတ်ကားကတော့ Imdb မှာ Rating 8.0 တောင်ရထားတဲ့ဇာတ်ကားဖြစ်ပါတယ်
ဘာတွေများကောင်းလို့လဲပေါ့ ဇာတ်ကားနာမည်ကြည့်လိုက်တော့ အင်ရှင်ကားပေါ့အပစ်အခတ်တွေနဲ့
အစပိုင်းနည်းနည်းကြည့်လိုက်တော့ အဓိကဇာတ်ဆောင် ဗစ်ခရမ်က အော်နေတယ်
သူ့ရှေ့မှာလဲကောင်မလေးတစ်ယောက်ကို အရှင်လတ်လတ်မီးရှိ့နေတော့ ငါထင်တာမှားပြီ သရဲကားနေမယ်ပေါ့ ။
ဇာတ်ကားအဆုံးထိကြည့်လိုက်တော့ ထင်ထားတာနဲ့တက်တက်ဆင်ကိုလွဲတော့တာပဲ😅။
အဲ့တော့ ဒီကားမှာက ဗစ်ခရမ်က သူ့ရဲ့ညီမနေမယ် သူ့ကိုသူ့ရှေ့မှာတင်မီးရှိ့သတ်လိုက်တော့ စိတ်ဒါဏ်ရာရပြီး မီးကြောက်သွားတယ်။
ပြီးတော့ နှစ်နည်းနည်းကြာရော သူ့ရည်းစားပါထပ်ပြန်ပေးဆွဲခံရတယ် (ဆိုးထှာ😖😖) အဲ့တာသူ့ရည်းစားကိုလိုက်ရှာရင်းနဲ့
သူ့ရည်းစားကိုဖမ်းနဲ့သူနဲ့ ပရစ်တီး (မြန်မာမှုပြုလိုက်ရင်တော့ “အချောလေး”လို့ခေါ်ရမယ်ထင်တယ်) လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲသွားတဲ့သူနဲ့က တူနေတာကိုသိလိုက်ရတယ်
အဲ့မှာသူအမှုတွေကိုစုံစမ်းရင်းနဲ့ ဘာတွေကိုရင်ဆိုင်ရလဲ…………
နောက်ဆုံးတရားခံကဘယ်သူလဲ…………..
ဒီကားမှာထူးခြားချက်က တရားခံဘယ်သူလဲဆိုတာ လုံးဝမှန်းမရတာပဲ………..
တရားခံလည်းသိရော ဒါရိုက်တာပေးချင်တဲ့ Message ကဘာလဲဆိုတာပါ ပြန်တွေးရတဲ့အထိကို လှည့်ကွက်များနဲ့ ဇာတ်ကားကောင်းလေးပါ……..
Translated and Review By Pyae Phyoe Mg
Encoded By A Nyo
crd to gold channel

Iruttu (2019)

Darkness – Iruttu (2019)
==================================
ဒီတစ်ခါတော့ သဘာဝလွန်ကားတွေ စိတ်လှုပ်ရှားစရာတွေမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်ပါပဲ။ အိမ်ထဲမှာ နားရက်တွေကြောင့် ပျင်းနေကြသူတွေအတွက် စိတ်ဝင်စားစရာကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်။
ဟေလီဆိုတဲ့ ကျေးလက်ရွာလေးဟာ အေးချမ်းပြီး တိတ်ဆိတ်တဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ သာမာန်ရွာသူရွာသားတွေပဲ စုပေါင်းနေထိုင်ကြတာမလို့ အမှုအခင်းကြီးကြီးကျယ်ကျယ်မှလဲ မရှိသလောက်ပါပဲ။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ လူ ၆ ယောက်ဟာ မတူညီတဲ့နေရာတွေမှာ တစ်ပြိုင်နက်တည်း အသတ်ခံခဲ့ရတာပါ။ ဘာသဲလွန်စမှလဲ မကျန်ခဲ့ပါဘူး။ ဒဲ့ဒီနောက်တော့ ဒီအမှုကို စုံစမ်းနေတဲ့ စုံထောက်ကလည်း ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ချာလီလို့ခေါ်တဲ့ ရဲအရာရှိဟာ သူ့မိသားစုတွေနဲ့ ဒီရွာလေးကို တာဝန်ပေးချက်အရ ရောက်လာပါတယ်။ သူ့တာဝန်ကတော့ ဒီအမှုကို စုံစမ်းဖို့ပါပဲ။ လာတဲ့ လမ်းခရီးမှာ ကြုံတွေ့ခဲ့တာတွေကြောင့် နိမိတ်မကောင်းဘူးလို့ သူရဲ့ အမျိုးသမီးက ယုံကြည်နေပါတယ်။ ရွာလေးကိုရောက်တဲ့အခါမှာတော့ ချာလီ၊ ဇနီးနဲ့ သမီးဖြစ်သူတို့ဟာ ထူးဆန်းမှုတွေကို ဆက်တိုက်ကြုံတွေ့လာရပါတော့တယ်။ ဒီအဖြစ်တွေဟာ လူသတ်မှုနဲ့ ပတ်သက်မှုရှိနေမလား။ ဘယ်လိုအခြေအနေတွေနဲ့ တွေ့ကြုံရမလဲဆို​တာ ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။
crd to gold channel

Madha (2020)

အသစ် ထွက်ရှိလာတဲ့ တောင်ပိုင်း တေလဂူးကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
မြင်နေကျ အိန္ဒိယကားတွေနဲ့ မတူဘူး။စကားတွေ အများကြီး မပြောဘူး။ဖိုက်တင်အက်ရှင်တွေ ပါမနေဘူး။
ဆိုက်ကို ဆန်ဆန်နဲ့ Thriller နောက်ခံတေးကိုအဆက်မပြတ် ကြားနေရပြီး စကားနည်းနည်းနဲ့ဖော်ကျူးထားပါတယ်။
ဇာတ်လမ်းစစချင်းမှာ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ယောက်စာသင်နေပုံနဲ့ စတယ်။
“လူသားတွေ အတွက် အန္တရာယ်အရှိဆုံး လက်နက်ကလူတွေရဲ့ စိတ်ပဲ”တဲ့။
ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရပါတယ်။အကြောက်တရားနဲ့ အသိစိတ်ကို အပြင်ထုတ်ပေးခံနေရတဲ့လူတွေ ခုတလော အမြင်ရဆုံးပဲမဟုတ်လား။
ကျွန်တော်တို့ စိတ်တွေဟာ ဘယ်အချိန်မှာလက်နက်ဖြစ်သွားတာလဲတဲ့။
အဲ့ဒီမှာပဲ တည်ငြိမ်ပြီး နေသားကျနေတဲ့မိန်းကလေးတစ်ယောက်နဲ့ သူ့ဘဝကိုအချက်ကျကျ လာရောက်ဖျက်ဆီးတဲ့ လူတစ်ယောက်တို့ရဲ့ဇာတ်လမ်း အစပျိုးလိုက်ပါတယ်။
မေးစရာ တစ်ခုရှိတယ်ဗျ။ကျွန်တော်တို့တွေ အရူးလို့ ဘယ်သူ့ကို ခေါ်ကြတာလဲ။ဘယ်လိုလူမျိုးကို ရူးတယ်လို့ စွပ်စွဲနိုင်မလဲ။
လမ်းပေါ် အမှိုက်တွေ့လို့ ကောက်ယူသွားတဲ့လူကိုဝတ်ကောင်းစားလှနဲ့ မြင်ရရင်တော့လူကောင်းလို့
ခေါ်ပြီးစုတ်ပြတ်နွမ်းရိတဲ့ အဝတ်အစားနဲ့မြင်ရရင်တော့အရူးလို့ပဲ သတ်မှတ်လိုက်ကြတာမလား။
လမ်းပေါ်က အရာဝတ္ထုတစ်ခုဆိုပါစို့။
ကိုယ်မြတ်နိုးတဲ့အရာကို ကိုယ်ကောက်ယူသွားတာကတပါးသူအတွက် ရူးတယ်ခေါ်နိုင်သလို ကိုယ်မလိုချင်လို့ပစ်ထားတဲ့ ပစ္စည်းအစုတ်က
တပါးသူကောက်ယူစရာဖြစ်နေလို့ ကောက်ယူသွားတဲ့အခါအဲ့ဒီလူကို ရူးတယ်လို့ ခေါ်ကြပြန်ရော။
ဇာတ်လမ်းထဲမှာတော့ မင်းသမီးကို အကွက်ကျကျ စီစဉ်ထားတဲ့လှည့်ကွက်တွေ၊ တပါးသူမသိနိုင်အောင် ကြံစည်ထားမှုတွေနဲ့သူ့ကို အရူးပါလို့ စွပ်စွဲဖို့
စောင့်နေတဲ့ အသိုင်းအဝိုင်းကြားလူအမြင်မှာ ရူးသွားရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းပဲ။
ဒါပေမဲ့ သူ့ကိုမှ ဘာလို့ ဒီလို လုပ်ရတာလဲ။
ဘာအတွက်လဲ၊ ဘယ်လိုအသုံးချမှာလဲ၊ဘယ်လိုအကျိုးရှိစေလို့လဲ ဆိုတဲ့ မေးခွန်းတွေ ကြည့်နေရင်း စဉ်းစားလာစေပါတယ်။
တစ်ဖက်မှာလည်း ရောဂါသည် ကလေးမလေးတစ်ယောက်၊သူတို့က ဘယ်လိုဆက်စပ်နေကြတာလဲ ဆိုတာကိုကိုယ်တိုင်သာ ခံစားကြည့်ကြပါဗျ။
အညွှန်းဖတ်ပြီး မူးနောက်မသွားပါနဲ့။အညွှန်းရေးသူရဲ့ အာဘော်ပါနေတာပါ။
ဇာတ်ကားထဲမှာတော့ စိတ်ဝင်စားစရာဖြစ်အောင်မြှုပ်ထားတဲ့ အကြောင်းတွေ ရှိနေပေမဲ့မရှုပ်လှပါဘူး။
ဆုတံဆိပ်တွေကိုလည်း ဝေဝေဆာဆာ မြင်နေရမှာပါ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
crd to channelmyanmar

Sunday, April 19, 2020

The Turning (2020)

ညအချိန်ကြီး အလယ်ခေတ်Gothic ပုံ အဆောက်အဦးတခုအတွင်းမှ
မိန်းကလေးတယောက် ထွက်ပြေးလာပြီး
ကားတံခါးကို အလျင်အမြန်ဖွင့်ကာ မောင်းပြေးသည်။
အိမ်ကြီးထဲတွင်တော့ ကလေးတယောက်က ပြတင်းပေါက်မှ ကြည့်နေပြန်တယ်။
ကားလေးက ခြံဝင်းတံခါးဆီအရောက်တွင်တော့
တံခါးပိတ်ထားတာကြောင့် ရပ်သွားရတော့တယ်။
အထဲမှ မိန်းကလေးထွက်လာပြီး တံခါးပွင့်အောင်လုပ်လိုက်နိုင်တယ်။
တံခါးပွင့်လို့ ကားဆီပြန်သွားပြီး ကားတံခါးဖွင့်မယ်အလုပ်
ကားဘေးမှန်ထဲပေါ်လာတာကတော့…..
သူကတော့ သူ့အခန်းဖော်ကို ကြိုမပြောမိလို့ တောင်းပန်နေရတယ်။
သူအလုပ်လုပ်တဲ့ကျောင်းကနေ ထွက်ပြီး ကလေးမလေးတယောက်ကို
ထိန်းပေးဖို့ ကျောင်းကလူတွေကပဲ အလုပ်ရှာပေးလိုက်ကြတယ်။
ရုတ်တရက်ကြီးဆိုတော့ သူ့အခန်းဖော်ကိုလည်း ပြောပြီးပြီးချင်း
သူလည်း အလုပ်ကိုသွားရတော့မယ်။
အလုပ်ကတော့ လုပ်တဲ့ဆီမှာပဲ နေရမှာဆိုတော့ အခန်းဖော်ကတော့
သူမရှိတော့မှာကို စိတ်မကောင်းတော့ တဖျစ်တောက်တောက်ပေါ့။
သူ့အမေဆီကိုလည်း သူမသွားခင် နှုတ်ဆက်သွားရအုံးမယ်။
ဒီလိုနဲ့ သူနေရမယ့်ဆီ ရောက်လာတယ်။
အိမ်ကြီးကတော့ ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာရှိပြီး
ရှေးခေတ်အိမ်ကြီးပဲ နေတဲ့သူကတော့ အိမ်တော်ထိန်းခေါ်ရမယ့်
အမျိုးသမီးကြီးတယောက်နဲ့ ကလေးမလေးပဲနေတယ်။
ကလေးမလေး အစ်ကိုကတော့ ဘော်ဒါကျောင်းမှာနေတော့ မရှိဘူး။
ရောက်တဲ့ညမှာပဲ ကလေးမလေးကို သိပ်ပြီး အိပ်ရာအရောက်မှာ
စကားပြောသံတွေကြားလို့ သွားကြည့်ရင်း ကလေးမလေး
အစ်ကိုပြန်ရောက်လာတာနဲ့ ရုတ်တရက်တွေ့ကြတယ်။
သူကြားရတဲ့စကားသံတွေက ဘယ်ကလဲ တကယ်ရောကြားရတာလား။
ကလေးမလေးကရော သူနဲ့အဆင်ပြေပါ့မလား
သူ့အစ်ကိုကောင်လေးကရော ဘာလို့ရောက်လာတာလဲ ။
အရင်တုန်းကရော ဒီအိမ်ကြီးမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို
ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုံး။
ထိတ်လန့်သဲဖိုဇာတ်လမ်းတွေထုံးစံအတိုင်းပဲ ရိုက်ထားတဲ့ကားပါပဲ။
ဘာမှတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။
တခုပြောစရာရှိတာက Stranger Things ထဲက ကောင်လေး Mike က
ဒီထဲမှာ ကလေးမလေးအစ်ကိုအဖြစ်သရုပ်ဆောင်ထားတာတခုပါပဲ။
Imdb နဲ့ RT rating ကတော့ နည်းပေမယ့် အရမ်းကြီးဆိုးတယ်လည်းမဟုတ်
Horrorကားလည်းကြည့်ချင်တယ်ဆိုရင် မဆိုးပါဘူးလို့ပြောရမယ့်ကားလေးပါပဲ။
crd to channelmyanmar

Monday, April 6, 2020

Beasts That Cling to the Straw (2020)

ကဲ လာပါပြီ ကိုးရီးယား ဒိတ်ဒိတ်ကြဲ မင်းသားနဲ့ မင်းသမီး Jung Woo Sung နဲ့ Jeon Do Yeon တို့နဲ့အတူ တခြား နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်
ဒီကို ကွင်းဆက် မှုခင်းကားတွေ​က ဇာတ်လမ်းအကျဥ်းရေးရင် Spoiler ဖြစ်တတ်လို့ ဇာတ်လမ်းအကျဥ်း မရေးတော့ပါဘူး
ကာရိုက်တာတွေကိုပဲ အကြမ်းဖျင်း ပြောပြသွားပါ့မယ် ဒီကားထဲမှာ
ခပ်ပျက်ပျက် သိုက်တူးတတ်တဲ့ အမျိုးသမီး
မတွေ့သင့်တဲ့သူနဲ့ တွေ့မိပြီး ပြဿနာတောထဲ
ရောက်သွားတဲ့ သင်္ဘောဆိပ်က ဝန်ထမ်းတစ်ဦး
ဘားပိုင်ရှင် ငွေးတိုးချေးစားသူ သူဋ္ဌေး
ဘားမှာ အရက်ငှဲ့ပေးရတဲ့ မိန်းကလေးတစ်ဦး
ချွေးထုတ်ခန်းက သန့်ရှင်းရေး ဝန်ထမ်း
တရားမဝင်လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသားတစ်ဦး
ရဲတစ်ဦး နဲ့ သန်းပေါင်းများစွာ ပါဝင်တဲ့ ငွေအိတ်ကြီးတစ်အိတ်
သူတို့ ကာရိုက်တာတစ်ခုချင်းဆီ ဘယ်လိုချိတ်ဆက်နေပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်ပြီးသား ကြည့်ရှုလိုက်ပါ
ကြည့်ရကျိုးနပ်မယ်ဆိုတာ အာမခံပါတယ်
crd to fofmm

Friday, April 3, 2020

Kill Ben Lyk (2018)

(unicode)
လေတိုက်တာ သစ်ရွက်ကြွေတာ အသေးအဖွဲတွေက အစ
မြင်မြင်သမျှ ဗီဒီယို ရိုက်တင်လေ့ရှိတဲ့အသက်နှစ်ဆယ်အရွယ် YouTuberကောင်လေး တစ်ယောက်ရှိတယ်…သူက ရိုက်တင်စရာမရှိရင် ချီးပါတာက အစ အီးတုံးလေးတွေ အရောင်က ဘာစားလို့ ဘယ်လိုအရောင်ထွက်တာ ဘာညာက အစရိုက်တင်တတ်တဲ့သူမျိုး…
အမြဲဆေးကွဲနေတဲ့ ဘော်ဒါတစ်ယောက်နဲ့အတူ လန်ဒန်မှာနေထိုင်ပါတယ်…
တစ်ရက်မှာတော့ မြင်မြင်သမျှ Vdo ရိုက်တတ်တဲ့ သူ့အကျင့်ကြောင့်
လူသတ်မှုတစ်ခုကို မမျှော်လင့်ဘဲ မမှတ်မထင်ရိုက်မိသွားတာတယ်…
အဲ့ဒီမှာ ပြသနာအကြီးကြီးတက်တော့တာပဲ….
သဲထိတ်ရင်ဖိုဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရူ့လိုက်ကြပါဦး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်…
(zawgyi)

Thursday, April 2, 2020

Blow the Man Down (2019)

၂၀၁၉ ခုနှစ်ထွက်ထားတဲ့ ဒီဇာတ်ကားလေးဟာ
IMDb 6.3 ရထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားမျိုးလေးပါ
အီစတာကုဗ်လို့ခေါ်တဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ
အမျိုးသမီးများစွာနေထိုင်ပြီး အမျိုးကောင်းသားတစ်ချို့သာရှိပါတယ်
ပရစ်စ်ဆယ်လာနဲ့မယ်ရီဘတ်တို့အမေဟာ သမီးနှစ်ယောက်ကို
အပေါင်ဆုံးအိမ်နဲ့အကြွေးများစွာနဲ့ထားခဲ့တာကိုသိရလို့
စိတ်ထိခိုက်တဲ့ မယ်ရီဘတ်တစ်ယောက် အစ်မဖြစ်သူနဲ့စကားများပြီး
မြို့ပေါ်ကလူမဟုတ်တဲ့လူတစ်ယောက်နဲ့ ထိုညမှာသွားလာရင်း
ထိုလူရဲ့ကား‌နောက်ဖုံးထဲမှ တန်ဆာပလာနဲ့သွေးစက်များကို
တွေ့လို့ အကြောက်ကြီးကြောက်ထွက်ပြေးရာမှ ထိုလူကိုမတော်တဆသတ်လိုက်မိတယ်..
အစ်မဖြစ်သူနဲ့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး
နောက်ဆုံးမှာ ပင်လယ်ထဲမှာလက်စဖျောက်ဖို့အကြံအစည်ကိုအကောင်အထည်ဖော်ခဲ့ကြတယ်
တိုက်တိုက်ဆိုင်ဆိုင် ထိုညပြီးနောက်တစ်နေ့ မြို့ပေါ်ကပြည့်တန်ဆာအိမ်မှ
ကလေးမတစ်ယောက်အလောင်းဟာ
ကမ်းစပ်မှာအသတ်ခံထားရတာကို ရဲများလိုက်လံစုံစမ်းနေပါတယ်..
သူတို့စုံစမ်းရင်းနဲ့ဘယ်လိုလျို့ဝှက်ချက်တွေတွေ့ရှိကြမလဲ…
အရမ်းကြီးကောင်းတဲ့ကားထဲမပါပေမယ့်
စိတ်ဝင်စားပြီးဇာတ်လမ်းခေါ်တဲ့နောက်ပါသွားမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်
crd to channelmyanmar