Monday, April 27, 2020

Mermaid Down (2019)

ရေသူမတွေကိုမှ ဖမ်းဆီးချင်တဲ့ တံငါသမားနှစ်ယောက်ဟာ
ဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းပြီး ရေသူမလေးတစ်ကောင်ကိုဖမ်းမိကြတယ်…
သူတို့ဟာသာမာန် ဖမ်းဆီးရောင်းချချင်တဲ့သူမျိုးတွေ မဟုတ်ဘဲနဲ့
မိရိုးဖလာယုံတမ်းစကားအတိုင်း ရေသူမကို အမြီးတစ်ပိုင်း
လူတစ်ပိုင်းဖြတ်ပြီး သယ်ဆောင်ရမယ်ဆိုတဲ့စကားအရ
ရေသူမအမြီးကို ပုဆိန်နဲ့ခုတ်ဖြတ်လိုက်ပြီး တစ်ပိုင်းဆီထားထားတယ်….
စိတ်ရောဂါကုဆရာဝန် ဒေါက်တာဘိုင်ယာဟာ
အဲတံငါသင်္ဘောနားတစ်ဝိုက်မှာစောင့်ကြည့်နေပြီး
အဖြစ်အပျက်တွေအပြီးမှာ တံငါသမားဆီမှ ရေသူမလေးကို ရအောင်
ကယ်ထုတ်ခဲ့ပြီး သူဘာဆက်လုပ်မလဲ…??
စိတ်ရောဂါကုဆေးရုံမှာ ရှိနေတဲ့ စိတ်ဝေဒနာသည်
မိန်းကလေးတစ်သိုက်နဲ့ ရေသူမလေးတို့ဆုံတွေ့ခဲ့ကြပြီး
အစပိုင်းမှာ အဆင်မပြေခဲ့ကြတဲ့အပြင် သူ့ကိုရေသူမဆိုတာလည်း
မယုံကြည်ခဲ့ကြပေမယ့် နောက်ပိုင်းကျ အန္တရာယ်ကို အတူတူရင်ဆိုင်ခဲ့ကြတယ်…
သူတို့ရင်ဆိုင်ရမှာက ဘာအန္တရာယ်ဖြစ်မလဲ…
ပုံမှန်ရေသူမကားတွေလို အချစ် အလွမ်း အနမ်းနဲ့ ပြီးသွားတတ်တဲ့
ဇာတ်လမ်းမျိုးမဟုတ်ဘဲ သည်းထိတ်ရင်ဖိုနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်
crd to channelmyanmar

No comments:

Post a Comment