Showing posts with label Fantasy. Show all posts
Showing posts with label Fantasy. Show all posts

Friday, May 15, 2020

Only Lovers Left Alive (2013)

Only Lovers Left Alive(2013)
ဒီကားလေးကတော့ IMDb 7.3/10 Rotten Tomatoes 85% များတောင် ရထားတဲ့
drama/fantasy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်. ..
အဓိက သရုပ်ဆောင်ကတော့ Marvel‌ fan‌ တွေရဲ့ အသည်းစွဲTom Hiddleston (Loki) ဖြစ်ပြီး
မင်းသမီးကတော့ Tilda Swinton ဖြစ်တာကြောင့် ဇာတ်ကားကောင်း တစ်ခုဖြစ်မှာ ပြောနေစရာမလိုတော့ပါဘူးနော်…
မင်းသားနဲ့မင်းသမီးကို ကြည့်ရတာ သာမန်လူတွေနဲ့ကွဲပြားနေကြတယ်….
ပိုက်ဆံတွေအများကြီးကိုင်ထားနိုင်သလို စကားပြောရင်လည်း
ဟိုးနှစ်ပေါင်းများစွာက သေဆုံးတဲ့လူတွေကို မျက်နှာချင်းဆိုင်ခဲ့ရသလိုလို အသက်ရာကျော်နေရတဲ့ပုံစံလိုလို
တွေနဲ့….
ပြီးတော့ သူတို့တွေဟာ ဆေးရုံကနေ သွေးတွေဝယ်ယူနေတာလည်းတွေ့ရတယ်….
သူတို့ဟာ လူသားတွေရောဟုတ်ရဲ့လား….
လူသားတွေနဲ့ရောနှောပြီး ဘာကြောင့်ဒီလောက်ကြာအောင်နေနိုင်တာလဲ….
spoiler ဖြစ်မယ်စိုးလို့ ဒီလောက်ပဲပြောပါရစေ…ခံစားကြည့်ကြပါ…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်.,..
crd to channelmyanmar

Wednesday, May 6, 2020

Pinocchio (2019)

Pinocchio (2019)
==============
IMDb Rating 6.5/10 ရရှိထားပါတယ်။
#Unicode
ပီနိုခီယိုဆိုတာ ပုံပြင်တွေ ဖတ်ဖူးတဲ့သူဆိုရင် ကြားဖူးကြမှာပါပဲ။ သစ်သားရုပ်ကလေးနေအသက်ဝင်လာတဲ့
ကလေးလေးပေါ့။ မိဘစကားနားမထောင်လို့ ဒုက္ခရောက်တဲ့အကြောင်း၊လူစိမ်းတွေကို မယုံဖို့အကြောင်း၊
ပညာသင်ဖို့လိုကြောင်း၊ စိတ်ထားကောင်းရင် ကံကောင်းကြောင်း၊ သတ္တိရှိဖို့လိုကြောင်း စတဲ့အချက်တွေအား
လုံးကို ပုံပြင်တစ်ခုထဲနဲ့ စုံအောင်ထည့်ပြီး ကလေးတွေအတွက် ဆုံးမပေးခဲ့တဲ့ ပုံပြင်လေးပါပဲ။ လိမ်ပြောရင်
နှာခေါင်းကြီးရှည်ထွက်လာတယ်ဆိုတဲ့ ဗန်းစကားတွေ ပုံပြင်တွေအားလုံးက ဒီက စတာပါပဲ။ ဒီရုပ်ရှင်ကတော့
အီတလီကားပါ၊ အရောင်တွေသုံးထားတာ ခပ်မှောင်မှောင်နဲ့ လူတွေကတော့ အတော်စုတ်စုတ်ပြတ်ပြတ်
ဖြစ်နေအောင် ပြထားပါတယ်။ ဒစ်စနေးလိုတော့ အရောင်စုံလေးတွေ မပါပါဘူး။ ဒါပေမယ့် ကလေးတွေကို
ပြဖို့ပဲ ဖြစ်ဖြစ်၊ကိုယ်တိုင်အပမ်းဖြေဖို့ပဲ ဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းလို့ တင်ဆက်ပေးထားလိုက်ပါတယ်။
ပီနိုခီယိုရဲ့ ရှည်လျားတဲ့ စွန့်စားခန်းပုံပြင်ကြီးကို မေ့တေ့တေ့ဖြစ်နေတဲ့ ပုံပြင်ကြိုက်ခဲ့သူတွေအတွက်တော့
ပြန်နွှေးဖို့နဲ့ ကလေးတွေကိုပြောပြဖို့ အခွင့်အရေးကောင်းပါပဲ။

#Zawgyi
ပီနိုခီယိုဆိုတာ ပုံပြင်တွေ ဖတ်ဖူးတဲ့သူဆိုရင် ကြားဖူးကြမှာပါပဲ။ သစ်သားရုပ်ကလေးနေအသက်ဝင်လာတဲ့
ကလေးလေးပေါ့။ မိဘစကားနားမထောင်လို့ ဒုက္ခရောက်တဲ့အကြောင်း၊လူစိမ်းတွေကို မယုံဖို့အကြောင်း၊
ပညာသင်ဖို့လိုကြောင်း၊ စိတ်ထားကောင်းရင် ကံကောင်းကြောင်း၊ သတ္တိရှိဖို့လိုကြောင်း စတဲ့အချက်တွေအား
လုံးကို ပုံပြင်တစ်ခုထဲနဲ့ စုံအောင်ထည့်ပြီး ကလေးတွေအတွက် ဆုံးမပေးခဲ့တဲ့ ပုံပြင်လေးပါပဲ။ လိမ်ပြောရင်
နှာခေါင်းကြီးရှည်ထွက်လာတယ်ဆိုတဲ့ ဗန်းစကားတွေ ပုံပြင်တွေအားလုံးက ဒီက စတာပါပဲ။ ဒီရုပ်ရှင်ကတော့
အီတလီကားပါ၊ အရောင်တွေသုံးထားတာ ခပ်မှောင်မှောင်နဲ့ လူတွေကတော့ အတော်စုတ်စုတ်ပြတ်ပြတ်
ဖြစ်နေအောင် ပြထားပါတယ်။ ဒစ်စနေးလိုတော့ အရောင်စုံလေးတွေ မပါပါဘူး။ ဒါပေမယ့် ကလေးတွေကို
ပြဖို့ပဲ ဖြစ်ဖြစ်၊ကိုယ်တိုင်အပမ်းဖြေဖို့ပဲ ဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းလို့ တင်ဆက်ပေးထားလိုက်ပါတယ်။
ပီနိုခီယိုရဲ့ ရှည်လျားတဲ့ စွန့်စားခန်းပုံပြင်ကြီးကို မေ့တေ့တေ့ဖြစ်နေတဲ့ ပုံပြင်ကြိုက်ခဲ့သူတွေအတွက်တော့
ပြန်နွှေးဖို့နဲ့ ကလေးတွေကိုပြောပြဖို့ အခွင့်အရေးကောင်းပါပဲ။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)
crd to channelmyanmar

The Mad Monk (1993)

The Mad Monk (1993)
IMDB(6.2)
+++++++++++++++++
ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့
တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။
တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow   မှာကြည့်လို့ရပါတယ်။
စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ
သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…
ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…
စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော
သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။
ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။
စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…
စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…
ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…
ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။
ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။
ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။
ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ
တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
crd to channelmyanmar

Monday, May 4, 2020

Wendy (2020)

Wendy(2020)
Wendy ရုပ်ရှင်ကားလေးက ငယ်ငယ်လေးတုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ Peter Pan ဇာတ်ကားကို
ပုံစတစ်မျိုးနဲ့ရိုက်ကူးခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ ကားသစ်လေးပဲဖြစ်ပါတယ်။
ဝင်ဒီမှာ အရမ်းချစ်ရတဲ့ ဂျိမ်းနဲ့ ဒေါ့ဆိုတဲ့ အမြွှာ အကို နှစ်ယောက်ရှိပါတယ်။
သူတို့ မိသားစုလေးဟာ စားသောက်ဆိုင်လေး ဖွင့်ထားပြီး နေ့ရက်များကို သမရိုးကျ ဖြတ်သန်းကြပါသည်။
၀င်ဒီလေးဟာ ငယ်ငယ်လေးတုန်းက အိမ်နီနားချင်း ကလေးတစ်ယောက်က ရထားအမိုးပေါ်ကို ပြေးတတ်သွားတဲ့ မြင်ကွင်းကို မြင်ရပြီးနောက်
ထူးခြားဆန်းကျယ်မှုများ၊ စွန့်စားခန်းများကို အမြဲတွေးနေခဲ့ပါတယ်။
လွတ်လပ်မှုအရသာကိုခံစားပြီး လေထဲမှာ ပျံဝဲတဲ့ ပုံပြင်လေးတွေကို စွဲလန်းနေတဲ့ ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။
အဲ့လိုနဲ့ တစ်ညမှာ ပြတင်းပေါက်တံခါးကနေ ကောင်လေးတစ်ယောက် ရထားပေါ်ကို ခုန်တတ်သွားတာကို မြင်ရာမှ
သူနဲ့ သူ့အကိုတို့ သုံးယောက်သားအတူတူ ထိုကောင်လေးနောက် ကို လိုက်သွားကြပါတယ်။
အဲ့ကောင်လေးဘယ်သူဖြစ်မလဲ။ ပီတာပန်များဖြစ်နေမလား။
အဲ့ဒီအချိန်ကနေစပြီး သူတို့သုံးယောက်ရဲ့စွန့်စားခန်းကြီးစတင်ပါပြီ။
ထူးဆန်းတဲ့ ကျွန်းကို ရောက်ရှိသွားတဲ့ မောင်နှမ သုံးယောက်က အသက်ရှင်ဖို့ ရုံးကန်ကြရပုံ၊
ငယ်ရွယ်သူတို့၏ စိတ်ဓါတ်တို့ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ တစ်ခန်းနှင့် တစ်ခန်းဘာဆက်ဖြစ်သွားမယ်ဆိုတာ
ခန့်မှန်းလို့ မရနိုင်လောက်အောင် နောက်ဆုံးအချိန်ထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။
နောက်ဆုံးပိုင်းမှာ ကျွန်းပေါ်က ကလေးတွေထဲက ဘယ်သူက ကပ္ပတိန်ဟုဒ် ဖြစ်သွားလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပဲ။
ငယ်ငယ်လေးတုန်းကကြည့်ရတဲ့ ပီတာပန်ဇာတ်ကားလေးလိုမျိုး ဝင်ဒီဘက်က ပြန်ရိုက်ထားတဲ့ Wendy ဇာတ်ကားလေးဟာဆိုရင်လည်း တစ်မျိုး
ဆန်းပြားပြီး ကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်….
crd to channelmyanmar

Monday, April 27, 2020

Mermaid Down (2019)

ရေသူမတွေကိုမှ ဖမ်းဆီးချင်တဲ့ တံငါသမားနှစ်ယောက်ဟာ
ဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းပြီး ရေသူမလေးတစ်ကောင်ကိုဖမ်းမိကြတယ်…
သူတို့ဟာသာမာန် ဖမ်းဆီးရောင်းချချင်တဲ့သူမျိုးတွေ မဟုတ်ဘဲနဲ့
မိရိုးဖလာယုံတမ်းစကားအတိုင်း ရေသူမကို အမြီးတစ်ပိုင်း
လူတစ်ပိုင်းဖြတ်ပြီး သယ်ဆောင်ရမယ်ဆိုတဲ့စကားအရ
ရေသူမအမြီးကို ပုဆိန်နဲ့ခုတ်ဖြတ်လိုက်ပြီး တစ်ပိုင်းဆီထားထားတယ်….
စိတ်ရောဂါကုဆရာဝန် ဒေါက်တာဘိုင်ယာဟာ
အဲတံငါသင်္ဘောနားတစ်ဝိုက်မှာစောင့်ကြည့်နေပြီး
အဖြစ်အပျက်တွေအပြီးမှာ တံငါသမားဆီမှ ရေသူမလေးကို ရအောင်
ကယ်ထုတ်ခဲ့ပြီး သူဘာဆက်လုပ်မလဲ…??
စိတ်ရောဂါကုဆေးရုံမှာ ရှိနေတဲ့ စိတ်ဝေဒနာသည်
မိန်းကလေးတစ်သိုက်နဲ့ ရေသူမလေးတို့ဆုံတွေ့ခဲ့ကြပြီး
အစပိုင်းမှာ အဆင်မပြေခဲ့ကြတဲ့အပြင် သူ့ကိုရေသူမဆိုတာလည်း
မယုံကြည်ခဲ့ကြပေမယ့် နောက်ပိုင်းကျ အန္တရာယ်ကို အတူတူရင်ဆိုင်ခဲ့ကြတယ်…
သူတို့ရင်ဆိုင်ရမှာက ဘာအန္တရာယ်ဖြစ်မလဲ…
ပုံမှန်ရေသူမကားတွေလို အချစ် အလွမ်း အနမ်းနဲ့ ပြီးသွားတတ်တဲ့
ဇာတ်လမ်းမျိုးမဟုတ်ဘဲ သည်းထိတ်ရင်ဖိုနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်
crd to channelmyanmar

Monday, April 20, 2020

Fantasy Island (2020)

စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကား တင်ပေးလိုက်ပါပြီ။
Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။
ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပါ။
ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။
အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှ
လူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။
အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကို
ဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။
သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။
ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစ
အားလုံးသော ဆန္ဒတွေကို ဖြည့်ပေးနိုင်စွမ်းရှိတာကိုတွေ့ရပြီး ထီပေါက်သလိုကို ပျော်ကြရပါတော့တယ်။
ပြီးတော့ အဲဒီကျွန်းဟာ သူတို့တောင်းဆိုတဲ့ဆန္ဒထက် တကယ့် အတွင်းစိတ်ထဲက ဆန္ဒကိုသိမြင်နေပြီး ဖြည့်ပေးနိုင်တာကိုပါတွေ့လာရတယ်။
ဒါပေမယ့် ဒီအပျော်တွေကနေ လူတိုင်းရဲ့ ဆန္ဒတွေဟာ ကြောက်စရာအဖြစ်တွေဆီကို တဖြည်းဖြည်းကူးပြောင်းသွားတဲ့အခါမှာတေ့ာ…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…
crd to channelmyanmar

Black Knight (2001)

Black Knight(2001)
ဂျ​မေလ်ဆိုတဲ့သူဟာ အပန်း​ဖြေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်တဲ့သူပါ။သူဟာ ​ပျော်​ပျော်​နေတတ်ပြီး ​ပေါ့​ပေါ့ပါးပါး ဘဝကို ဖြတ်သန်း​နေတာပါ။
တစ်​နေ့ သူအလုပ်လုပ်​နေတဲ့ အပန်း​ဖြေဥယာဥ်မှာ ရဲတိုက်ပုံစံ တည်​ဆောက်ဖို့အတွက် ကျုံးကို ရှင်းရပါတယ်။
အဲ့ကျုံးကို ရှင်း​နေတုန်း ​ရေထဲမှာ ​တောက်ပ​နေတဲ့အရာ တစ်ခုကို​တွေ့လို့ ဆင်း​ကောက်လိုက်တဲ့အခါမှာ​တော့ ကျုံးထဲသို့ကျကာသတိလစ်သွားပါတယ်။
သူနိုးလာတဲ့အခါမှာ​​တော့ ၁၄ ရာစုအင်္ဂလန်တွင်ရောက်ရှိနေတာပါ။
အစက သူက ရဲတိုက်ကြီးဟာအတုဖြစ်ပြီး သူ့ကိုယ့်သူ ဒီဘက်​ခေတ်မှာသာ ရှိ​သေးပြီး ရဲတိုက်မှ မှူးမတ်ပြည်သူ ​တွေ ကို ရဲတိုက်ဖွင့်ပွဲအတွက် သရုပ်​ဆောင်တယ်လို့ ထင်​နေတာပါ။
သူဟာရဲတိုက်အတွင်းကို နော်မန်ဒီမှသတင်း​ပေးသူတစ် ဦး အဖြစ်မှားယွင်း​ရောက်သွားတာပါ။
သူကိုယ်ကိုင် ၁၄ ရာစုကို ​ရောက်​နေမှန်းသိချိန် ပြန်လည် ထွက်နိုင်ဖို့ကြိုးစားချိန်မှာ တကယ့် ​နော်မဒီမှ သတင်း​ပေးသူ​ရောက်လာချိန်မှာ​တော့
သူဘယ်လို ရဲတိုက်ထဲက​နေ ဘယ်လို ထွက်မလဲဆိုတာ ဟာသ​အမျိုးမျိုး ကြည့်နိုင်မယ့် ဇာတ်​ကောင်း​ကား​လေးပါ။
Translated and Review By Thazin Tun
Encoded By A Nyo
crd to gold channel

Gretel & Hansel (2020)

 ၂၀၂၀ ခုနစ်ထွက် Fantasy/ Horror ဇာတ်ကားလေးဖြစ်ပါတယ်…
ဂရင်းစ်ညီအစ်ကိုတွေရဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ တောအုပ်ထဲက
လူသားစားတဲ့ စုန်းမကြီးအိမ်ကို ရောက်ရှိသွားတဲ့
ဟန်ဆယ်နဲ့ ဂရက်တယ်တို့မောင်နှမနှစ်ယောက်အကြောင်းကို
အားလုံးကြားဖူးကြမယ်ထင်ပါတယ်…
ဒီဇာတ်ကားလေးကလည်း အဲဒါကို အခြေတည်ပြီးရိုက်ကူးထားတာပါ…
ဟန်ဆယ်နဲ့ ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာ
မုဆိုးမ အမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေထိုင်ကြရပါတယ်…
တစ်နေ့မှာတော့ သူတို့အမေက ကိုယ့်ဝမ်းကိုယ့်ကျောင်းဖို့
သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတော့တယ်…
ဒီလိုနဲ့ စိတ်မနောကောင်းတဲ့ မုဆိုးတစ်ယောက်က
တောထိန်းတွေဆီ သွားခိုလှုံဖို့ လမ်းညွှန်လိုက်ပါတယ်…
ဒီလိုနဲ့ သွားရင်းနဲ့ တောထဲမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတဲ့
တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပါတော့တယ်…
အိမ်ပိုင်ရှင်ကတော့ သဘောကောင်းပုံရတဲ့ အဖွားအိုတစ်ယောက်ပဲ…
အဲဒီအဖွားအိုဟာ ပုံပြင်ထဲကအတိုင်း စုန်းမကြီးများလား…
ဒီဇာတ်ကားမှာ မတူခြားနားတဲ့ မြှုပ်ကွက်တွေပါတာကြောင့်
ဘာတွေလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး…
IMDB 5.3/10 ရရှိထားပါတယ်
crd to channelmyanmar

Thursday, March 19, 2020

Star Wars: Episode IX - The Rise of Skywalker (2019)

စတားဝေါရ်စ် ၁၁ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ the rise of Skywalker လာပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ကြယ်စင်စုကြီးတွေဆီမှာ
နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အင်ပါယာပါပတင်းရဲ့
အသံကို ပြန်ကြားလာရပါတယ်။
ကြယ်စင်စုတွေအားလုံးကို သိမ်းပိုက်ပြီး လက်စားချေမယ်လို့
ကြေညာလိုက်သံကြီးပါပဲ။
(မကြေညာဘဲ အလစ်ဝင်တိုက်ရင် သေချာပေါက်နိုင်မှာပေမယ့်
ဘာလို့ ကြေညာလဲတော့ မသိပါဘူး)
ဒါကြောင့် ဗိုလ်ချုပ်လေယာဟာ ဒီကိစ္စကို လိုက်စုံစမ်းဖို့
အထူးတပ်သားတွေကို စေလွှတ်လိုက်ပါတော့တယ်။
အဲဒီအချိန်မှာ ရေး ကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်လာဖို့
လေ့ကျင့်နေဆဲပါပဲ။
ဖက်စ်အော်ဒါရဲ့ ခေါင်းဆောင်ကြီးဖြစ်လာတဲ့
ကိုင်လိုရမ်ကတော့ အင်ပါယာ ပါပတင်းကိုသတ်ပြီး
အာဏာကို အခိုင်အမာ ရယူဖို့ လိုက်ရှာပါတော့တယ်။
ဘာသာပြန်ပေးထားတာကတော့ Little Neo ဖြစ်ပြီး
Thit San Khant မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Wednesday, February 26, 2020

Theresa & Allison (2019)

ဗန်ပိုင်ယားဇာတ်လမ်းကြိုက်တဲ့သူတွေအတွက်
rating ကောင်းကောင်း Imbd-7.0 ရရရှိထားတဲ့ လက်မလွတ်သင့်တဲ့ကားလေးပါ……………..
အရက်မူးနေလို့ အူဘာတက္ကဆီနဲ့သူငယ်ချင်းတွေက
တင်ပေးလိုက်ပြီးတဲ့နောက်မှာ သရီဆာတစ်ယောက် ဗန်ပိုင်းယားနဲ့တည့်တည့်တိုးပြီး
နောက်နေ့မနက်မှာ သူကိုယ်တိုင် ဗန်ပိုင်းယားဖြစ်သွားပါတယ်…
ဗန်ပိုင်းယားလောကသားဖြစ်လာတဲ့နေ့မှာပဲ
ဗန်ပိုင်းယားတွေရဲ့ အစိုးရရုံးကိုရောက်သွားပါတယ်
အဲ့မှာ အလီဆန်နဲ့သူ့ချစ်သူဟောင်း တိုနီတို့က
ဗန်ပိုင်းယားဥပဒေဖောက်မိလို့ ရုံးမှာရှိနေကြပါတယ်
အလီဆန်က သူမကို မျက်စိကျပြီး နောက်ယောင်ခံ လိုက်ရာကနေ ခင်သွားကြပါတယ်……….
ဗန်ပိုင်းယားလောကကြီး အကြောင်းကို သရီဆာ တစ်ယောက် ပိုသိလာခဲ့ပါတယ်
ဒီကားကို ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးထားပြီးတော့ ဇာတ်လမ်းဟာဆိုရင်
အပေါစားဆန်မနေပဲနဲ့တကယ့် ဗန်ပိုင်းယားတွေရဲ့ အနှစ်အရသာကိုခံစားနိုင်မဲ့ကားလေးပါ
crd to channel myanmar

Saturday, February 22, 2020

Legend Of The Demon Seal (2019)

[Unicode]
ဒီဇာတ်ကားကတော့ 2019 တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အခြားဇာတ်ကားတွေနဲ့ မတူတာကတော့
comic world နဲ့ real world ကို တစ်လှည့်စီ ယှဉ်ပြပြီးရိုက်ကူးထားတာ ဖြစ်ပါတယ် ၊
real world မှာတော့ ဖုန့်ရွှယ်ဟာ သာမန် ကာတွန်း ကုပ္မဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အရည်ချင်းရှိတဲ့ ကာတွန်းရေးဆရာမ တစ်ယောက်ပါ…
သူဟာ သူ့ရဲ့ ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေလို့ သူ့ သားသမီးလို သဘောထားပြီး အလုပ်ကို တိတိကျကျလုပ်ကိုင်တတ်သူပါ ၊
သူ့နဲ့ အတူအလုပ်တွဲလုပ်ရတဲ့ ပိုင်ကျစ်ဟာလည်း အရည်ချင်းရှိပေမယ့် အထက်လူကြီးအကြိုက်ကို အမြဲလိုက်ရတဲ့ အတွက် သူတို့ ရဲ့ အရည်ချင်းတွေဟာ ဒီနေရာမှာ အလကားဖြစ်နေခဲ့ပါတယ် ၊
comic world မှာတော့ ဖုန့်ရွှယ်ဟာ နွီဝါးရဲ့ မျိုးဆက်ဖြစ်ပြီး ရှေးဟောင်းသားရဲကောင်ကြီးကို ပြန်လည်ချိတ်ပိတ်ဖို့အတွက် တာဝန်ထမ်းဆောင်ရမှာပါ…
နောက်ဆုံးမှာ သူတို့ ဖန်တီးချင်တဲ့ ကာတွန်းဇာတ်လမ်းအတိုင်း ဇာတ်ကောင်တွေ ရေးဆွဲဖန်တီးပြီး သူတို့လိုချင်သလို ဇာတ်လမ်းကို အဆုံး သတ်နိုင်မလားဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦး…။
[Zawgyi]
ဒီဇာတ်ကားကတော့ 2019 တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အခြားဇာတ်ကားတွေနဲ့ မတူတာကတော့
comic world နဲ့ real world ကို တစ်လှည့်စီ ယှဉ်ပြပြီးရိုက်ကူးထားတာ ဖြစ်ပါတယ် ၊
real world မှာတော့ ဖုန့်ရွှယ်ဟာ သာမန် ကာတွန်း ကုပ္မဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အရည်ချင်းရှိတဲ့ ကာတွန်းရေးဆရာမ တစ်ယောက်ပါ…
သူဟာ သူ့ရဲ့ ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေလို့ သူ့ သားသမီးလို သဘောထားပြီး အလုပ်ကို တိတိကျကျလုပ်ကိုင်တတ်သူပါ ၊
သူ့နဲ့ အတူအလုပ်တွဲလုပ်ရတဲ့ ပိုင်ကျစ်ဟာလည်း အရည်ချင်းရှိပေမယ့် အထက်လူကြီးအကြိုက်ကို အမြဲလိုက်ရတဲ့ အတွက် သူတို့ ရဲ့ အရည်ချင်းတွေဟာ ဒီနေရာမှာ အလကားဖြစ်နေခဲ့ပါတယ် ၊
comic world မှာတော့ ဖုန့်ရွှယ်ဟာ နွီဝါးရဲ့ မျိုးဆက်ဖြစ်ပြီး ရှေးဟောင်းသားရဲကောင်ကြီးကို ပြန်လည်ချိတ်ပိတ်ဖို့အတွက် တာဝန်ထမ်းဆောင်ရမှာပါ…
နောက်ဆုံးမှာ သူတို့ ဖန်တီးချင်တဲ့ ကာတွန်းဇာတ်လမ်းအတိုင်း ဇာတ်ကောင်တွေ ရေးဆွဲဖန်တီးပြီး သူတို့လိုချင်သလို ဇာတ်လမ်းကို အဆုံး သတ်နိုင်မလားဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦး…။
crd to channelmyanmar

Monday, January 13, 2020

Maleficent-Mistress of Evil (2019)

4247.Maleficent-Mistress of Evil (2019)
Rating: 6.8
Genres: Adventure, Family, Fantasy
Trailer

Abigail (2019)

4228-Abigail (2019)
Rating: 5.8
Genres: Adventure, Fantasy
2019 ခုနစ်ထွက် Adventure/Fantasy ကားသစ်လေးဖြစ်ပါတယ်
IMDB 6.2/10 တောင်ရရှိထားပါတယ်…
ဇာတ်လမ်းအကျဉ်းကတော့ အက်ဘီဂေးဆိုတဲ့ကလေးမလေးဟာ
ကပ်ရောဂါဆိုးကြီးကြောင့် နယ်နိမိတ်တွေကိုအလုံပိတ်ထားတဲ့
မြို့လေးတစ်မြို့မှာ မိဘတွေနဲ့အတူနေထိုင်ပါတယ်…
တစ်ညမှာတော့ အက်ဘီဂေးရဲ့ဖခင်ကို ရောဂါကူးစက်ခံထားရပြီဟုဆိုကာ
အာဏာပိုင်တွေက လာရောက်ဖမ်းဆီးသွားကြပါတယ်…
ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာသွားသည့်တိုင် ရောဂါဆိုးကြီးက
ပပျောက်မသွားပဲ ပိုဆိုးလာပါတယ်…
အရွယ်ရောက်လာတဲ့ အက်ဘီဂေးတစ်ယောက်
ဖခင်ဖြစ်သူကို ရှာပုံတော်ထွက်တဲ့အခါမှာတော့
သူမ တစ်သက်နဲ့တစ်ကိုယ်မထင်ထားတာတွေကို ကြုံတွေ့ရပါတော့တယ်….
ဂရပ်ဖစ်ကောင်းကောင်း effect ကောင်းကောင်းသုံးထားပြီး
ဇာတ်လမ်းကျောရိုးက စိတ်ဝင်စားစရာကောင်းတာမို့ကြည့်ပျော်ပါတယ်လို့တိုက်တွန်းရင်း….
crd to channelmyanmar

Trailer


Tuesday, December 24, 2019

Friday, December 13, 2019