Showing posts with label 1991. Show all posts
Showing posts with label 1991. Show all posts

Monday, April 27, 2020

[18+] Robotrix (1991)

( Dark Side Production မှတင်ဆက်သည်။)
ဒီတစ်ခါတော့ 1991 ခုနှစ်က ထုတ်ထားတဲ့ Sci-fi ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Robocop တို့လို စက်ရုပ်ကားတွေ ခေတ်စားလာတဲ့ အချိန်မှာ ရိုက်ကူးထားတဲ့ တရုတ်ကားတစ်ကားဖြစ်ပါတယ်။
အမျိုးသမီးရဲမေတစ်ဦး သေဆုံးသွားတဲ့အချိန်မှာ သူမကို စက်ရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲပေးလိုက်ပြီးတော့ လူဆိုးတွေကိုနှိမ်နင်းမှာဖြစ်ပါတယ်။
ဘယ်လို ဆွဲဆောင်နှိမ်နင်းမလဲဆိုတာ အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။
တရုတ်အက်ရှင်ကားပီပီ စက်ရုပ်နဲ့အတိုက်အခိုက်ကို ပေါင်းစပ်ဖန်တီးထားပေမယ့်
18+ အခန်းတွေလဲ ပါဝင်တာမို့ အက်ရှင်ကားကြိုက်တဲ့ ကလေးတွေတော့ အားပေးလို့မရပါဘူး…:3
crd to channelmyanmar

Monday, April 6, 2020

Showdown In Little Tokyo (1991)

Dolph Lundgren နဲ့ Bruce Lee ရဲ့သား Brandon Lee တို့ပါဝင်ထားတဲ့ Drama/Crime အမျိုးအစားဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ခင်ဗျာ…
Los Angeles ရဲနှစ်ယောက်ဖြစ်တဲ့ Kenner နဲ့ Johnny တို့ဟာ Los Angeles မြို့ Little Tokyo အပိုင်းမှာရှိတဲ့ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့ ယာကူဇာဂိုဏ်းကိုဖြိုခွင်းဖို့ တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ် ယာကူဇာဂိုဏ်းကို ဦးဆောင်နေသူက Yoshida ဆိုသူဖြစ်ပြီး Kenner နဲ့လည်း အတိတ်သွေးကြွေးတွေရှိခဲ့ဖူးပါတယ် Kenner နဲ့ Johnny တို့နှစ်ယောက် ဒီယာကူဇာဂိုဏ်းကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ ကြည့်ရှု့လိုက်ကြပါဦးနော်…
IMDb 6.1 နဲ့ Google users 93% ရရှိထားပါတယ်…
crd to fofmm

Thursday, March 12, 2020

Jungle Fever (1991)

Unicode
ဒီရုပ်ရှင်ကတော့ မင်းသားကြီး ဝီစလီစနိုက် နဲ့ ဆမ်မြူရယ်ဂျက်ဆန်တို့ နုစဉ်အခါက ရိုက်ထားတဲ့ ဒရာမာ ကားလေးပါ။ ဒီရုပ်ရှင်လေးက အိမ်ထောင်ရေးပညာပေး ဖြစ်သလို ဆေးစွဲနေတဲ့လူတစ်ယောက်ရဲ့ မိသားစုကို ဒုက္ခပေးပုံအစုံစုံကိုလည်း ပြထားသလို၊ ဆေးသမားတစ်ယောက်က ဆေးသုံးနိုင်ဖို့  ဘယ်လောက်ထိ လိမ်နိုင်ပတ်နိုင်မလဲဆိုတာလည်း တွေ့မှာပါ။ ဇာတ်သိမ်းကတော့ မကောင်းဘူးဆိုတာ တွေ့မှာပေါ့။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မာသာဖာကာကြီး ဆမ်မြူရယ်ရဲ့ မှတ်ကျောက်တစ်ခုလို့ပြောလို့ရပါတယ်။ ဆမ်မြူရယ်တစ်ယောက် ဆေးစွဲပြီးမြောင်းထဲရောက်ခဲ့တဲ့ ဘဝကနေ ဆေးဖြတ်ပြီးခါစမှာပဲ ဒီရုပ်ရှင်မှာ ဆေးသမားအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။ အဲဒီအတွက်ပဲ သူအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာလည်း ပါပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်း
လူမည်းအမျိုးသား ဖလစ်ပါက ချစ်ရတဲ့ဇနီးနဲ့ ကလေးနဲ့ အိမ်ထောင်ရှင်ကောင်း တစ်ဦးပေါ့။ တစ်ရက်မှာ သူ့ရဲ့အတွင်းရေးမှူး လူဖြူမလေး အန်ဂျီနဲ့ ဖောက်ပြန်မိသွားတယ်။ ဒီသတင်းက အကြောင်းကြောင်းနဲ့ သူ့အိမ်သူ ဒရူးဆီ ပေါက်သွားတဲ့နောက် အိမ်ပေါ်ကနေ နှင်ချခံရတယ်။ အဲဒီကာလက လူဖြူလူမည်း ခွဲခြားတဲ့ခေတ်ဆိုတော့ အဆင်မပြေမှုတွေကြားမှာ ထိခိုက်နာကျင်ရတဲ့ကိစ္စတွေ များလာခဲ့ကြတော့တယ်။
Zawgyi

Thursday, January 23, 2020

The Magnificent Scoundrels (1991)

The Magnificent Scoundrels (1991)
Rating: 6.6
Genres: Comedy
Stephen chow movie collection myanmar page 3နှစ်ပြည့်လေးမှာ တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့ 10/Oct/1991 ကထွက်ရှိထားတဲ့ THE MAGNIFICIENT SOUNDRELS ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Comedy အမျိုးအစား ဖြစ်ပြီး စတီဗင်ချောင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးပေးနေတဲ့ ဒါရိုက်တာ Lee lik-Chi ကဘဲ ရိုက်ကူးပေးထားတဲ့အတွက်
ဇာတ်လမ်း မကောင်းမှာကို စိုးရိမ်စရာမလိုတော့ပါဘူး
 ဇာတ်လမ်းအစမှာပဲ ချစ်သူကချမ်းသာတဲ့သူနဲ့မင်္ဂလာဆောင်ပြီးလမ်းခွဲသွားပါတယ်။ အသည်းကွဲနေတဲ့ Chow ဟာ သူ့လိုပဲ လူတွေဆီကနေလိမ်စားနေတဲ့ကောင်မလေးတစ်ယောက်နဲ့ မတော်တဆတွေ့မိပြီး အရှုပ်တွေလုပ်ရင်း အဲ့ကောင်မလေးရဲ့အကြွေးရှင်နဲ့ပါပြဿနာတက်သွားပါတော့တယ်။ အကြွေးပေးဖို့အတွက်အိမ်ရှင်တွေမရှိတဲ့ချမ်းသာတဲ့အိမ်တစ်အိမ်ကိုဝင်ခိုးဖို့ကြံစည်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့လို အကြွေးရှင်ကိုအကြွေးပေးဖို့အတွက်အဲ့အိမ်ကိုဝင်ခိုးဖို့ကြံနေတဲ့လူတစ်စုရှိနေတဲ့အခါ…..သူခိုးအုပ်စု၂စုတွေ့ပြီးဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှူရမှာဖြစ်ပါတယ်။
 ဒီဇာတ်လမ်းဟာရိုးရိုးကြီးမဟုတ်ဘဲ Twist လေးတွေလဲပါတာမို့ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။ မင်းသားဟာလည်းအားလုံးသိတဲ့ ဟာသဘုရင် စတီဗင်ချောင် ဖြစ်တဲ့အတွက် ကြည့်ရှူသူပရိတ်သတ် အားလုံး အူတက်အောင်ရယ်ရမယ့် ဟာသကားကောင်းပဲဖြစ်ပါတယ်။
crd to fofmm

Wednesday, September 4, 2019

Double Impact (1991)

Double Impact (1991)
Rating.5.6 (Action, Crime)
ဒီတခါတော့ (1991) ခုနှစ်ကထွက်ရှိခဲ့တဲ့ ဗန်ဒိမ်းငယ်ငယ်က 
ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
မိဘနှစ်ပါးလုံး အသတ်ခံခဲ့ရပြီး ငယ်ငယ်ကတည်းက ကွဲကွာသွားခဲ့တဲ့ 
အမွှာညီအစ်ကိုနှစ်ယောက် ၂၅ နှစ်အကြာမှာြ
ပန်လည် ပေါင်းစည်းမိပြီး ၂၅ နှစ်အရင်က သွေးကြွေးကို 
ဘယ်လိုပြန်ဆပ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ
crd to fofmm

Movie Trailer