Showing posts with label 1998. Show all posts
Showing posts with label 1998. Show all posts

Friday, June 5, 2020

The Lucky Guy (1998)

The Lucky Guy (1998)
IMDB(6.1)
စတီဖင်ချောင်ရယ် အဆိုတော်မင်းသားနှစ်ယောက်ရယ် မင်းသမီး Shu Qi တို့ရယ် တခြားသရုပ်ဆောင်တွေ များစွာပါဝင်ထားတဲ့
Comedy Drama ဇာတ်ကားပါ။
+++++++++++++++++
ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့
တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။
(တင်ပြီးသမျှကို စတီဖင်ချောင် ဇာတ်ကားများကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)
စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ
သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…
ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…
စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော
သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။
ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။
စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…
စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…
ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…
ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။
ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။
ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။
ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ
တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
crd to channelmyanmar

Thursday, January 16, 2020

Pocahontas II-Journey to a New World (1998)

4269.Pocahontas II-Journey to a New World (1998)
Rating: 4.9
Genres: Animation, Adventure, Drama

Tuesday, October 29, 2019

Bloodsport (1988)

Martial Art ကြိုက်နှစ်သက်တဲ့သူတွေအတွက် တကယ့်ကို “Old but Gold” ဖြစ်ပြီး Jean-Claude Van Damme ဆိုတဲ့ မင်းသားတစ်ယောက်ဖြစ်လာခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်
Van Damme ဟာ No Retreat No Surrender (1986) မှာ ဧည့်သည်သရုပ်ဆောင်ဆိုတာထက်ပိုတယ်ဆိုရုံ ဇာတ်ဝင်ခန်းအနေအထားလောက်နဲ့သာပါဝင်ခဲ့ပြီး ဇာတ်ဆောင်မင်းသားအဖြစ်ပထမဆုံးပါဝင်ခဲ့တဲ့ ဒီဇာတ်ကားမှာပဲ ပရိသတ်တွေရဲ့ရင်ထဲကိုရောက်ရှိခဲ့တာဖြစ်ပါတယ်
Van Damme ကျော်ကြားတာဟာ သူ့ရဲ့ martial art skill တွေကြောင့်ဖြစ်ပြီး “Flying Kicks” လို့ရေပန်းစားတဲ့ သူ့ရဲ့ Trademark နောက်ပြန်ကန်ချက်တွေ ခုန်ကန်ချက်တွေဟာ မြင်ရတဲ့လူတိုင်းကို ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်
Bloodsport (1988) ဟာ Sport/Drama ဇာတ်ကားအမျိုးအစားဖြစ်ကာ IMDb 6.8 နဲ့ Google users 92% ရရှိခဲ့ပြီး Budget ဒေါ်လာ 1.5 သန်းသာရှိခဲ့ရာမှ Box office မှာ ဒေါ်လာ 65 သန်းပြန်ရခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး
ဟောင်ကောင်မှာ ကျင်းပပြုလုပ်တဲ့ Kumite ပြိုင်ပွဲမှာ အကောင်းဆုံး Fighter တွေ ရင်ဆိုင်ကြရာမှာဖြစ်ပြီး Van Damme , Bolo Yeung တို့ရဲ့ အလန်းစား skill တွေကို ခံစားလိုက်ကြပါဦး
ငယ်ငယ်ကကြည့်ဖူးခဲ့ပြီးဖြစ်ပေမယ့် ယနေ့ပြန်ကြည့်တဲ့အချိန်ရရှိတဲ့ခံစားချက်တွေကလည်း သစ်လွင်လတ်ဆတ်နေတုန်းပါပဲ
Zawgyi:
Martial Art ႀကိဳက္ႏွစ္သက္တဲ့သူေတြအတြက္ တကယ့္ကို “Old but Gold” ျဖစ္ၿပီး Jean-Claude Van Damme ဆိုတဲ့ မင္းသားတစ္ေယာက္ျဖစ္လာခဲ့တဲ့ဇာတ္ကားျဖစ္ပါတယ္
Van Damme ဟာ No Retreat No Surrender (1986) မွာ ဧည့္သည္သ႐ုပ္ေဆာင္ဆိုတာထက္ပိုတယ္ဆို႐ုံ ဇာတ္ဝင္ခန္းအေနအထားေလာက္နဲ႔သာပါဝင္ခဲ့ၿပီး ဇာတ္ေဆာင္မင္းသားအျဖစ္ပထမဆုံးပါဝင္ခဲ့တဲ့ ဒီဇာတ္ကားမွာပဲ ပရိသတ္ေတြရဲ့ရင္ထဲကိုေရာက္ရွိခဲ့တာျဖစ္ပါတယ္
Van Damme ေက်ာ္ၾကားတာဟာ သူ႔ရဲ့ martial art skill ေတြေၾကာင့္ျဖစ္ၿပီး “Flying Kicks” လို႔ေရပန္းစားတဲ့ သူ႔ရဲ့ Trademark ေနာက္ျပန္ကန္ခ်က္ေတြ ခုန္ကန္ခ်က္ေတြဟာ ျမင္ရတဲ့လူတိုင္းကို ေဖ်ာ္ေျဖမွုေပးနိုင္ခဲ့ပါတယ္
Bloodsport (1988) ဟာ Sport/Drama ဇာတ္ကားအမ်ိဳးအစားျဖစ္ကာ IMDb 6.8 နဲ႔ Google users 92% ရရွိခဲ့ၿပီး Budget ေဒၚလာ 1.5 သန္းသာရွိခဲ့ရာမွ Box office မွာ ေဒၚလာ 65 သန္းျပန္ရခဲ့တဲ့အထိ ေအာင္ျမင္မွုရခဲ့တဲ့ ဇာတ္ကားျဖစ္ပါတယ္ ဇာတ္လမ္းအက်ဥ္းကေတာ့ ေထြေထြထူးထူးေျပာစရာမရွိပါဘူး
ေဟာင္ေကာင္မွာ က်င္းပျပဳလုပ္တဲ့ Kumite ၿပိဳင္ပြ​ဲမွာ အေကာင္းဆုံး Fighter ေတြ ရင္ဆိုင္ၾကရာမွာျဖစ္ၿပီး Van Damme , Bolo Yeung တို႔ရဲ့ အလန္းစား skill ေတြကို ခံစားလိုက္ၾကပါဦး ငယ္ငယ္ကၾကည့္ဖူးခဲ့ၿပီးျဖစ္ေပမယ့္ ယေန႔ျပန္ၾကည့္တဲ့အခ်ိန္ရရွိတဲ့ခံစားခ်က္ေတြကလည္း သစ္လြင္လတ္ဆတ္ေနတုန္းပါပဲ
crd to fof
Genres: Action, Biography, Drama
Rating: 6.8
Trailer