Showing posts with label Sci-Fi. Show all posts
Showing posts with label Sci-Fi. Show all posts

Monday, May 11, 2020

In Time (2011)

In Time (2011)
အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့
Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ…
နောင်နှစ်ပေါင်းများစွာကြာသောအခါ
၂၁၆၉ခုနှစ်မှာ လူသားများသည် အသက်၂၅ နှစ်ပဲရှည်အောင် တီထွင်ခံရသောအခါ….
မွေးဖွားလာကတည်းက လက်မောင်းမှာ ဒစ်ဂျစ်တယ်နာရီပါလာသောအခါ…
ဆက်လက်အသက်ရှင်ချင်ရင် အသက်နာရီတွေကိုသုံးရသောအခါ….
ချမ်းသာတဲ့လူရယ် ဆင်းရဲတဲ့သူရယ် ခွဲခြားထားသော အချိန်များပြောင်းလဲမှု
Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား…
မင်းသား Justin Timberlake ကိုထည့်သွင်းလိုက်သောအခါ…..။
Review Credit to CM
crd to burmesesubtitles

The Empire of Corpses (2015)

The empire of corpses
…………………………………….
IMDb 6/10
My anime list 7/10
ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ
နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ
တခုတော့
သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး
တျခားuniverseမွာတည္တာဗ်
ဇာတ်လမ်းအကျဉ်းမပြောခင်
ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ်
ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို
ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ်
(ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့
နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ်
မြန်မာကလူတော်တော်များလည်း
BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်)
ဒီကားရဲ့ဇာတ်လမ်းကို
ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ
ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့
ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ
ဆိုတော့ကာ
ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ်
၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ်
သူဟာ အလောင်းတွေဆီကနေ
‌အကောင်းဆုံးအလှဆုံး
ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့
ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး
ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ်
နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ်
ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့်
တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ်
ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ်
အဲ့ဒီမကောင်းဆိုးဝါးဟာ
ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး
လိုက်သတ်တယ်
နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ
တချို့ရုပ်ရှင်ကားတွေမှာတော့
သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင်
လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော
ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့
ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့
၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ
ကမ္ဘာမှာထွန်းကားလာနေပါတယ်
အဲ့ဒီနည်းပညာဟာ
၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့
နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ
ဒါပေမယ့်
ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့
The Oneလို့ခေါ်တဲ့
အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ
စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး
နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့
အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့
ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေ့ါဗျာ
အဲ့မွာမွ ေဒါက္တာဝပ္ဆန္ဆိုတဲ့လူဟာ
သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး
Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ်
Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း
ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ်
ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ
The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ်
အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့
ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်
ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ
မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ
အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ
ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို
ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ
The empire of corpses
…………………………………….
IMDb 6/10
My anime list 7/10
ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ
နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ
တခုတော့
သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး
တခြားuniverseမှာတည်တာဗျ
ဇာတ်လမ်းအကျဉ်းမပြောခင်
ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ်
ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို
ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ်
(ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့
နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ်
မြန်မာကလူတော်တော်များလည်း
BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်)
ဒီကားရဲ့ဇာတ်လမ်းကို
ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ
ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့
ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ
ဆိုတော့ကာ
ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ်
၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ်
သူဟာ အလောင်းတွေဆီကနေ
‌အကောင်းဆုံးအလှဆုံး
ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့
ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး
ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ်
နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ်
ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့်
တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ်
ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ်
အဲ့ဒီမကောင်းဆိုးဝါးဟာ
ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး
လိုက်သတ်တယ်
နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ
တချို့ရုပ်ရှင်ကားတွေမှာတော့
သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင်
လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော
ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့
ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့
၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ
ကမ္ဘာမှာထွန်းကားလာနေပါတယ်
အဲ့ဒီနည်းပညာဟာ
၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့
နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ
ဒါပေမယ့်
ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့
The Oneလို့ခေါ်တဲ့
အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ
စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး
နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့
အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့
ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေ့ါဗျာ
အဲ့မှာမှ ဒေါက်တာဝပ်ဆန်ဆိုတဲ့လူဟာ
သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး
Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ်
Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း
ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ်
ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ
The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ်
အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့
ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်
ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ
မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ
အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ
ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို
ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ
crd to channelmyanmar

Wednesday, May 6, 2020

12 Monkeys (1995)

[Unicode]
12 Monkeys (1995)
ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင်
ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။
ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။
ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။
ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။
မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။
ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ
ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။
1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။
လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။
2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။
သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင်
မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။
ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။
12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။
ဆိုတော့ကာ
ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။
ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။
သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။
ကံဆိုးချင်တော့ ကိုးလ်ရောက်သွားတာ ၁၉၉၀ပါ။
လမ်းမပေါ် ပလတ်စတစ်အကြည်သား ဝတ်စုံကြီးဝတ် အတွင်းခံကလွဲအထင်းသားမြင်နေရတဲ့ ကိုးလ်ကို
၁၉၉၀က လူတွေ ပို့လိုက်တဲ့တစ်ခုတည်းသောနေရာက အရူးထောင်ပါပဲ။
ဒီရုပ်ရှင်မှာ အရာအားလုံးက အကျိူးအကြောင်းတစ်ခုနဲ့ ဖြစ်‌နေကြတာပါ။
ဒီလိုနဲ့ 12monkeysရှိတောင်မရှိသေးတဲ့ ကာလကို ရောက်လာတဲ့ ကိုးလ်ဟာ
သူတွေ့သင့်လား ‌မတွေ့သင့်လား ကျွန်တော်တို့တောင် မရေရာတဲ့ လူတွေနဲ့ တွေ့ခဲ့ရပါတယ်။
အနာဂတ်ကလာတယ်ပြောပေမယ့် သက်သေပြစရာမရှိတဲ့ ကိုးလ်ဟာ
ဆေးရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် တိုက်ပိတ်ခံလိုက်ရပါတယ်။
ဆရာဝန်တွေလာစစ်တဲ့ အခါမှာတော့ လေဝင်ပေါက်ကလေးလွဲ ဘာမှမရှိတဲ့အခန်းကနေ ကိုးလ်ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတယ်။
သူ့ကို ဘယ်သူမှလည်း မတွေ့တော့ပါဘူး။
ခြောက်နှစ်အကြာ 1996မှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာကြီးနဲ့ ကိုးလ် ပြန်ပေါ်လာပြီး
စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ကတ်သရင်းရေလ်လီကို ပြန်ပေးဆွဲခဲ့ပါတယ်။
‌ဗိုင်းရပ်စ်ဖြစ်လာဖို့ အချိန်အရမ်းနီးနေပါပြီ။
12Monkeysနောက်ကို ကိုးလ်လိုက်နေပေမယ့် လိုက်လေဝေးလေဖြစ်နေပါပြီ။
သူ့ကို ယုံကြည်တဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။
ရဲတွေလိုက်ရှာနေတဲ့ကြားကနေ ကိုးလ်ထပ်ပျောက်သွားပေမယ့် ကတ်သရင်းကတော့ ကိုးလ်ပေါင်ထဲက သူထုတ်ခဲ့တဲ့ကျည်ဆန်ဟာ ပထမကမ္ဘာစစ်ကဆိုတာ သိလိုက်ပြီ
ပထမကမ္ဘာစစ်အတွင်းက ကိုးလ်လို့ယူဆရတဲ့လူတစ်‌ယောက်ဓာတ်ပုံကိုတွေ့လိုက်တဲ့အခါမှာတော့…
Time Travleကား တစ်ခုပေမယ့် ပြချင်တဲ့ Conceptကတော့ အတော်များပါတယ်။
တိရိစ္ဆာန်အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ရဲ့
အစွန်းနှစ်ဖက်၊ Alfred Hitchcock ရုပ်ရှင်၊ အိုမာခယမ်ကဗျာ၊ နာမည်ကျော်သမိုင်းဖြစ်ရပ်တွေကို Refယူထားပြီး ဖြစ်ရပ်တွေ Dialougeတွေရဲ့ အချိတ်အဆက်က သေသပ်ပါတယ်။
ဒီရုပ်ရှင်နဲ့ Brad Pittပထမဆုံး အော်စကာ ဆန်ခါတင် ဝင်ထားပြီး
Sound Trackတွေထဲ WOLFGANG AMADEUS MOEZARTရဲ့ Piano Concertoတောင်ပါပါတယ်။
( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် )
[Zawgyi]

Nathan’s Kingdom (2019)

Nathan’s Kingdom(2019)
Nathan’s kingdom လို့ အမည်ရတဲ့ ဒီကား​လေးက​တော့ Sci-fi , adventure နဲ့ dramaတို့ကို အချိုးညီညီ ​
ပေါင်းစပ်ထားတဲ့ကား​​ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ​အော်တစ်ဇင်ဖြစ်​နေတဲ့ ​နေသန့်ရဲ့​ခေါင်းထဲမှ
ာ ငယ်ငယ်က သူ့ညီမ​​​လော်ရာ ပြောပြဖူးတဲ့ kingdomဆိုတဲ့​နေရာ​လေးက အမြဲစွဲလမ်း​နေပါတယ်။Kingdom မှာဆိုရင် ဘာအပူအပင်မှ မရှိပဲ အရာအားလုံးဟာ ​ပျော်ရွှင်စရာ​တွေနဲ့ပြည့်​နေမယ်လို့ သူက ယုံကြည်ထားပါတယ်။
​ ​အော်တစ်ဇင် ဖြစ်​နေတဲ့ အကိုရဲ့ လုပ်ရပ်တချို့​ကြောင့် ​လော်ရာရဲ့​နေ့စဥ်ဘ၀မှ
ာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်လာရပါ​တော့တယ်။ ​နောက်ဆုံး ဘာဆုံးရှုံးစရာမှ မရှိ​တော့တဲ့ ​လော်ရာဟာ
သူ့အကို ရှာချင်​နေတဲ့ kingdomကို လိုက်ရှာ​ပေးဖို့ နှစ်​ယောက်အတူ
ကားတစ်စီးနဲ့ခရီးထွက်ခဲ့ပါ​တော့တယ်။ ​ broken familyက ဆင်းသက်လာတဲ့
​အော်တစ်ဇင်တစ်​ယောက်ရဲ့ ခံစားချက်​တွေကို စာနာ​ပေးနိုင်ကြမှာလား….
​​​နေသန်ရဲ့ စိတ်ကူးထဲက Kingdomက အပြင်မှာ​ရော လက်​တွေ့ ရှိ​နိုင်ပါ့မလား
…… ဒီခရီးမှာ အရမ်းချစ်ကြတဲ့ မောင်နှမနှစ်​​ယောက်ကြားမှာ​ရော ဘာ​တွေ ဖြစ်လာဦးမလဲ..
…. IMDb rating 7.2 ရရှိထားတဲ့ ဒီကား​လေးဟာ ဆုကိုးဆုထိ ဆွတ်ခူးရရှိထားပြီး
အထူးသဖြင့် သူများနဲ့မတူတဲ့animation​လေး​တွေက စိတ်၀င်စားဖို့​ကောင်း​နေတာ​တော့ အမှန်ပဲဖြစ်ပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kပဲဖြစ်ပါတယ်…
crd to channelmyanmar

Monday, April 20, 2020

The Invasion (2007)

Unicode

Nicole Kidman နဲ့ ဂျိန်းဘွန်းမင်းသားတို့ ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်း

Zawgyi

Nicole Kidman နဲ့ ဂျိန်းဘွန်းမင်းသားတို့ ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်း
crd m-sub movie

Sunday, April 19, 2020

Mad Max Beyond Thunderdome (1985)

Mad Max 2: The Road Warrior (1981)

Mad Max (1979)

Transference (2020)

#Unicode
2020 ထွက် Sci-Fi ကားသစ်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးပြောရရင်တော့
ဖခင်ဖြစ်သူမှာ ယာဉ်မတော်တဆမှုနဲ့သေဆုံးခဲ့တာကြောင့် . မောင်နှမ နှစ်ယောက်ထဲ ကျန်ခဲ့တဲ့
နောက်မှာတော့ ဂျော့ရှူဝါတစ်ယောက် ညီမဖြစ်သူအမ်မာကို စောင့်ရှောက်ရဖို့အကြောင်းဖန်လာ
ပါတယ်။ အမ်မာလေးက ပုံမှန်လူတွေထက်ထူးခြားနေတဲ့အတွက်ကြောင့် ဂျော့ရှူဝါမှာ ညီမဖြစ်သူ
ကို လူတွေနဲ့ဝေးရာမှာဖွက်ထားရင်း သူငယ်ချင်းဖြစ်သူနဲ့အတူ ညီမဖြစ်သူကိုပုံမှန်အတိုင်းဖြစ်စေဖို့
နည်းလမ်းစုံ ကြိုးစားနေခဲ့ပါတယ်။ ဘယ်လိုပင်လုပ်လုပ် ညီမဖြစ်သူမှာပုံမှန်အတိုင်းဖြစ်မလာပဲပိုမို
ဆိုးဝါးလာနေခဲ့ပါတယ်။ ဒါကြောင့် ဂျော့ရှူဝါတစ်ယောက် ညီမဖြစ်သူအမ်မာကိုကူညီပေးဖို့ကမ်းလှမ်း
ထားတဲ့လူတစ်ယောက်ဆီမှာ ကုသပေးဖို့အပ်ခဲ့ပါ တယ် ။ တစ်ချိန်တည်းမှာပဲ  ဖြစ်ပျက်လာတဲ့ နောက်
ထပ်ဇာတ်ကြောင်းတစ်ခုကိုတော့ မူဗီထဲမှာပါကြည့်စေချင်ပါတယ်။ အမ်မာလေးရဲ့ ထူးခြားမှုတွေကတော့
ပရိတ်သတ်တို့ကိုယ်တိုင် ခံစားကြည့်မြင်ပေးကြပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Chit Tee ပဲဖြစ်ပါတယ်။)

#Zawgyi
2020 ထွက် Sci-Fi ကားသစ်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးပြောရရင်တော့

Thursday, April 2, 2020

Altered Carbon: Resleeved (2020)

ရှုတ်ထွေးလွန်းတဲ့ မြို့လယ်ခေါင်မှာ ကောင်မလေးတစ်ယောက်နောက်ကို လူကြမ်းကြီး(၂)ယောက် လိုက်နေတယ်….ဒီကောင်မလေးကြည့်ရတာ အဖွဲ့အစည်းတစ်ခုကနေအကြောင်းတစ်ခုကြောင့် အသေလုပြေးနေရတဲ့ပုံပဲ….
သိပ်မကြာဘူး….သူ့ကိုလိုက်နေတဲ့ (၂)ယောက်အပြင် တစ်ခြား ကြေးစားလူသတ်သမားတစ်ယောက်ကလည်း ဒီကောင်မလေးနောက်ကိုလိုက်နေပြန်တယ်…
ကံကောင်းထောက်မစွာ အဖွဲ့အစည်းတစ်ခုက လူရွယ်တစ်ယောက်က ဒီကောင်မလေးကို ကယ်တင်လိုက်နိုင်တယ်….
ဘာကြောင့်ဒီကောင်မလေးကို လိုက်သတ်နေကြတာလဲ….
ဒီဂျပန် Animation ဇာတ်ကားဟာ စစချင်း ဇာတ်ကောင်တွေ သိပ္ပံအက်ရှင်ပီပီ
အဲ့ဒီခေတ်ရဲ့ ဆန်းပြားတဲ့နည်းစနစ်တွေကို ခပ်သွက်သွက်မိတ်ဆက်ရင်း
ဇာတ်လမ်းကိုပုံဖော်ထားတယ်…
ငွေကြေးချမ်းသာရင် နာမ်တစ်ခုကို ရုပ်ခန္ဓာအသစ်တစ်ခုဆီကူးပြောင်းရင်း အသက်ဆက်လို့ရသလို တခြားဂြိုလ်မှာရှိတဲ့
ရုပ်ခန္ဓာအသစ်ဆီကူးပြောင်းရင်း တစ်နေရာဆီ အလွယ်တစ်ကူကူးပြောင်း နိုင်တယ်…
ဒီ Animation ကားက ရာကူဇာဂိုဏ်းတွေ ကြေးစားလူမိုက်ပေါင်းစုံတွေ
မှော်ဆန်တဲ့ ကိစ္စတွေ၊ ခပ်ဆန်းဆန်း သိပ္ပံပညာတွေနဲ့ ဇာတ်အိမ်ဖွဲ့ထားတာပါ…
အက်ရှင်အလန်းစားတွေများစွာပါဝင်တဲ့အပြင် စိတ်ဝင်စားဖွယ်ရာကောင်းတာမို့
Animation ကြိုက်တဲ့ပရိတ်သတ်တွေအတွက် လက်မလွှတ်သင့်ပါကြောင်း
သတင်းကောင်းပါးပါရစေ..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thinzar Htet ပဲဖြစ်ပါတယ်…
crd to channelmyanmar

Dark Encounter (2019)

11980ဝန်းကျင် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်းက နယ်ဘက်အိမ်လေးတအိမ်။
မှန်ဘောင်သွင်းထားတဲ့မိသားစုဓာတ်ပုံလေး တပုံက
အောက်ကိုကျပြီး မှန်လေးကကွဲနေတယ်။
ပုံထဲမှာ မြင်ရတာကတော့ အဖေအမေရယ် ကောင်လေးတယောက်
ကောင်မလေးတယောက် လေးယောက်ရှိတဲ့ မိသားစုလေး။
လက်ဆေးကန်မှာလည်း ရေပိုက်ခေါင်း ပိတ်မထားလို့ ရေတွေ ဒလဟောကျနေတယ်။
အိမ်တံခါးကလည်း ဟ ဟလေး ပွင့်နေတယ်။
ကားတစီးအိမ်ရှေ့ရောက်လာပြီး
အဖေနဲ့အမေ နှစ်ယောက်အိမ်ထဲကို စကားပြောရင်း ဝင်လာကြတယ်။
အိမ်တံခါးပွင့်နေတော့ သူတို့သမီးဆီလာလည်မယ့်သူ ရှိလို့လားလို့ ထင်လိုက်ကြသေးတယ်။
ဒါပေမယ့် ရေပိုက်ခေါင်းကလည်း ပွင့်နေပြီး
သူတို့ သမီးကို ခေါ်တော့လည်း ပြန်ထူးသံမကြားခဲ့ရဘူး။
အဲလိုနဲ့ပဲ သူတို့ရဲ့သမီးလေးဟာ ပျောက်ဆုံးသွားခဲ့ရတော့တယ်။
တနှစ်ကြာခဲ့ပြီ။ သူတို့သမီးလေးရဲ့ သတင်းအစအနတောင် မရခဲ့ဘူး။
တနှစ်တိတိပြည့်တဲ့နေ့မှာပဲ တနှစ်ပြည့် အောက်မေ့ဖွယ်ပွဲလေး ကျင်းပခဲ့ကြတယ်။
အဲဒီညမှာပဲ သမီးလေးအဖေက မီးရှူးမီးပန်းတွေဆော့နေတယ်ထင်တဲ့
ကောင်လေးတချို့ကို သတိပေးဆုံးမဖို့ ထွက်မယ်လုပ်တော့သူ့သားရော
ဘေးလူတွေကရော စိတ်မချလို့ လိုက်သွားကြရင်း
တောထဲမှာ ထူးဆန်းတဲ့မီးအလင်းရောင်တွေကို တွေ့လာကြရတဲ့အခါမှာတော့…..
အဲဒီအလင်းရောင်တွေက ဘာတွေလဲ
သူတို့သမီးလေး ပျောက်သွားတာနဲ့ရော ဆက်စပ်နေမလား
ဘာလို့များ တနှစ်ပြည့်တဲ့နေ့မှာမှ ပေါ်ထွက်လာရတာလဲ
တချို့ Indie ကားလေးတွေက ဇာတ်လမ်း ဇာတ်ညွှန်းလေးတွေမှာ နည်းနည်းပြောစရာရှိပေမယ့်
ကြည့်လို့တော့ တော်တော်ကောင်းတဲ့ထဲမှာပါတယ်။
အခု ဒီကားလေးကလည်း ကြည့်ရတာ
အဆင်ပြေတဲ့အပြင် သိချင်စိတ်ပေါ်လာအောင်
ဆွဲဆောင်နိုင်တဲ့နေရာမှာလည်း မဆိုးဘူး။
ဇာတ်လမ်းရဲ့တချို့နေရာလေးတွေမှာ သေသေချာချာပြနိုင်ရင်
ဒီထက်ပိုကောင်းလာနိုင်တယ်။
ဘာပဲပြောပြော ကြည့်ရတာ တန်စေမယ့် Sci-fi ကားလေးပါ။
imdb မှာ 4.9 ရပြီး RT မှာဆိုရင် 67% အထိရထားတဲ့
ဇာတ်ကားလေးကို ခံစားကြည့်လိုက်ကြပါအုံး
crd to channelmyanmar

The Platform (2019)

ဒီရုပ်ရှင်ကတော့ IDmb rating 7.0 ရရှိထားတဲ့ Netflix စပိန်ရုပ်ရှင်ကားပါ။
တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့
ကလေးတွေ မကြည့်သင့်ပါဘူး။
ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊
တစ်ဆင့်ချင်းစီက အကျဉ်းခန်းမှာ လူနှစ်ယောက်စီကို
နေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီးဆီ Goreng သွားခဲ့တယ်။
သဘောတူညီချက်တစ်ခုနဲ့ လာရောက်ခဲ့တဲ့ Goreng ဟာ
အဲ့ဒီနေရာကို ငရဲမှန်း မသိခဲ့ဘူး။
အဲ့ဒီနေရာက တကယ့်ငရဲ၊ “စားသောက်ခြင်း”
အမှုနဲ့ပတ်သတ်ပြီး ကြောက်ဖို့ကောင်းတဲ့ငရဲ။
Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။
အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။
ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေ စနစ် ကိုလိုက်ပြီး
လူတို့စိတ်တွေ ပြောင်းလဲတာတွေ…
အခြေအနေဘယ်လိုပဲဖြစ်ဖြစ် စနစ်ကို အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ…
ဇာတ်ကောင်တွေရဲ့ စကားတွေမှာ တွေးစရာ သဘောကျစရာလေးတွေ…
အဲ့လို အဲ့လိုတွေကို ဒီရုပ်ရှင်ကနေ ရရှိခံစားနိုင်ပါတယ်။
crd to channelmyanmar

Monday, March 30, 2020

Disco Raja (2020)

Spoiler Alert!
ဒီလထဲမှာထွက်ရှိတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ အကြိုက်တွေ့မိတဲ့ဇာတ်ကား နည်းနေပေမယ့် ပရိတ်သတ်ကြိုက်မယ်ထင်တဲ့ ဇာတ်ကားတွေကို ရွေးထုတ် တင်ဆက်ပေးနေတာမို့….
ကောင်းသည် မကောင်းသည်ကို ယတိပြတ် မပြောလိုပါဘူး။
ကိုယ့်အကြိုက်နဲ့ကိုက်ညီရင် ကောင်းပြီး ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် မကောင်းဘူးလို့ပဲ ဆိုရမှာပါ။
ဒီဇာတ်ကားကတော့ တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အိုဗာအက်ရှင်တွေ ဘာတွေ ဖောဖောသီသီ ပါဝင်သလို နည်းနည်းလည်း စိတ်ကူးယဉ်လည်း ဆန်ပါတယ်။
အကြမ်းဖျင်းအားဖြင့် ပြောရရင် မင်းသားဟာ ဇာတ်လမ်းစစချင်းမှာသေသွားတယ်။
သိပ္ပံပညာရှင်တစ်စုက မင်းသားကို သိပ္ပံနည်းနဲ့ သေရွာကနေ ပြန်ခေါ်တယ်ပေါ့။
ဒီနောက်တော့ သူဟာသူ့အတိတ်ကို လိုက်စုံစမ်းရင်း ရိုးရိုးသေတာ မဟုတ်ပဲ
အသတ်ခံလိုက်ရတယ်ဆိုတာကို သိသွားတော့ သူ့ကို သတ်ခဲ့တဲ့သူကို လိုက်လံရှာဖွေ သတ်ဖြတ်မယ်ပေါ့။
ဇာတ်လမ်းက ဒီလောက်ပဲ ဆိုပေမယ့် ဒီကားကတော့ ဟိုးလွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်တွေကို အခြေတည်ပြီး လမ်းသရဲခေတ်
ဒစ်စကိုဂီတ ခေတ်စားခဲ့ချိန်တွေအတိုင်း ရိုက်ကူးထားခဲ့တာမို့ အစကနေ အဆုံးအထိ ခပ်မြူးမြူးလေးနဲ့ ဆွဲဆောင်သွားပါတယ်။
ကလို့ ၊ ခုန်လို့ ကောင်းတဲ့ သီချင်းလေးတွေ ပါတယ်။ မိသားစုနဲ့အတူ ကြည့်လို့ရတယ်။
ကဲ… တောင်ပိုင်းကားအထွက်နည်းတာမို့ ကောင်းနိုးရာရာကို တင်ဆက်ပေးလိုက်ပြီ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Lwin Htoo Aung တို့ ဖြစ်ပါတယ်။
crd to channelmyanmar

Only (2019)

ဒီဇာတ်ကားကတော့ ချစ်သူနှစ်ယောက်ရဲ့ ချစ်မေတ္တာကို ဖော်ပြထားတဲ့ ဝမ်းနည်းစရာဇာတ်လမ်းလေးပါ။ ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပါဘဲ။
ဇာတ်လမ်းကတော့…………………
ကမ္ဘာရဲ့အနီးကနေ ဥက္ကာပျံတစ်ခုက ဖြတ်သန်းသွားခဲ့ပါတယ်။ အဲ့ဒီဥက္ကာပျံကနေ ကျလာတဲ့ အမှုန်တွေက ကမ္ဘာမြေပြင်ပေါ်ကျရောက်လာတဲ့အခါမှာ သေစေနိုင်တဲ့ရောဂါပိုးတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီရောဂါက လေထဲကနေ ပြန့်ပွားနိုင်ပြီးတော့ အမျိုးသမီးတွေကိုသာ သေစေနိုင်တာပါ။ ယောကျာ်းတွေမှာ ကူးစက်မှုရှိပေမဲ့ သေစေနိုင်တဲ့အထိမဖြစ်ခဲ့ပါဘူး။ ဒီတော့ ဝီလီယံက သူ့ရဲ့ချစ်သူကောင်မလေး အီဗာကို ကာကွယ်ပေးရပါတော့မယ်။ သူလဲ သူ့ချစ်သူကောင်မလေးအတွက် တတ်နိုင်သလောက် လုပ်ပေးခဲ့ပေမဲ့ သူတို့ ပျော်ပျော်ရွင်ရွင်နဲ့ အဆုံးသတ်နိုင်ပါ့မလား။ သူတို့ချစ်သူနှစ်ယောက် ဒီကပ်ဘေးကြီးကို အံ့တုနိုင်ပါ့မလားဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါအုံး။
crd to goldchannel

Bloodshot (2020)

ဗန်ဒီဇယ်ကြီးရဲ့ အက်ရှင်ဇာတ်ကားအသစ် ထွက်လာပါတယ်။
ဒီဇာတ်လမ်းကတော့သိပ္ပံစိတ်ကူးယဉ်လို့ ပြောရမှာပ။
ဗန်ဒီဇယ်ဟာ အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ယောက်။
ထုံးစံအတိုင်းပဲ စစ်ဆင်ရေးတွေမှာ အလွန်တော်တဲ့ ဆရာကြီးပေါ့။
တစ်နေ့မှာတော့ လူတစ်ယောက်ကသူ့ရဲ့ ဇနီးကို
သူ့ရှေ့မှာတင် သတ်ပြီး သူ့ကိုပါ ပစ်သတ်သွားခဲ့တယ်။
ဒါပေမယ့်သိပ္ပံပညာရှင်တစ်ယောက်ရဲ့
ကျေးဇူးကြောင့် ပြန်ရှင်သန်လာပြီး ပိုသန်မာတဲ့၊
ဒဏ်ရာတွေအလိုလိုကောင်းလာတဲ့
စက်ရုပ်တစ်ပိုင်း လူသားတစ်ယောက် ဖြစ်လာပါတော့တယ်။
ဒါပေမယ့် သူနိုးထလာချိန်မှာ သူ့ရဲ့အတိတ်ကို ရုတ်တရက်မမှတ်မိပါဘူး။
အဲဒီနောက်မှ ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ပါ။
ဇာတ်လမ်းနဲ့ အက်ရှင်ခန်းတွေ မဆိုးတာမို့ ကြိုက်ကြမယ်ထင်ပါတယ်။
crd to channelmyanmar

Thursday, March 26, 2020

The Invisible Man (2020)

#Unicode
February လကုန်ခါနီးမှာ ရုံတင်သွားတဲ့ ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ The Invisible Man ကတော့ အကြည်ထွက်ရှိလို့
လာပါပြီ။ ဒီကားကလည်း ပရိတ်သတ်အကြိုက်ဖြစ်စေခဲ့တဲ့ နောက်ထပ် ဟော်ရာ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားက
နာမည်အတိုင်းပါပဲ ကိုယ်ပျောက်နိုင်တဲ့လူတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအစမှာ ဆယ်စီလီရယ် ဆိုတဲ့ မိန်းကလေးဟာ
သူ့ကို အရာရာချုပ်ကိုင်ထားချင်တဲ့ ရည်းစားဖြစ်သူ အေဒရီယန်ကို အတင်းစွန့်ခွာထားခဲ့ပါတယ်။ အေဒရီယန်ဟာ အမြင်အာရုံပိုင်း
ကင်မရာပိုင်းမှာ ကမ္ဘာ့အတော်ဆုံးလို့ပြောလို့ရတဲ့ သိပ္ပံပညာရှင်ပါ။ အေဒရီယန်ဟာ အစွဲအလန်းကြီးပြီး ခေါင်းမာလွန်းတဲ့သူ ဖြစ်
တာမို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ ဒါပေမယ့် အေဒရီယန် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ဆယ်စီလီရယ်တစ်ယောက်
ဘဝသစ်ကို စိတ်ရှင်းရှင်းနဲ့စနိုင်လာခဲ့ပါပြီး။ ဒါပေမယ့် အေဒရီယန်ဟာ တကယ်သေတာမဟုတ်သလို ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံ
ပေးပြီး သူ့ဆီကိုပြန်ရောက်လာဖို့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်
လာတဲ့အခါမှာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် . . .

(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ CM Admin –  Littleneo ပဲဖြစ်ပါတယ်။)
crd to channelmyanmar

Thursday, March 12, 2020

Foxtrot Six (2019)

(unicode)
IMDB – 6.5
အင်ဒိုနီရှား ဇာတ်ကားတွေကို မကြည့်ဖြစ်တာများပေးမယ့် ဒီဇာတ်ကားကိုတော့ အထင်ကြီးမိပါတယ် ရုပ်ရှင်အတွင်းအသုံးပြုခဲ့တဲ့ နည်းပညာတွေ စစ်ဝတ်စုံဒီဇိုင်းတွေက ပုံမှန်စစ်ကားတွေမှာသုံးတဲ့ ဝတ်စုံဒီဇိုင်းနဲ့နည်းနည်းကွာခြားနေပါတယ် Sci-fi ပိုင်းတွေပါပေမယ့်effect တွေကိုလွန်ရောကျွံရော သုံးထားတာမဟုတ်တဲ့အချက်ကလည်းဒီဇာတ်ကားရဲ့ဆွဲဆောင်မှုထဲကတစ်ခုလို့ထင်မြင်မိပါတယ်
ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက တော့ The Raid ဇာက်ကားမှာ Eka အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား OKA ANTARA ကအဓိကဇာတ်ရုပ်အဖြစ်ပါဝင်ထားပြီးတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီးမင်သမီးချောလေး AURELIE MOEREMANS ကလည်းပါဝင်အားဖြည့်ပေးထားပါတယ် ဇာတ်လမ်းအကျဉ်းက တော့ ၂၀၃၁ ကိုအခြေခံထားပြီး တစ်ကမ္ဘာလုံး အစာငတ်မှုဘေးနဲ့ ကြုံတွေ့နေရပါတယ် အင်ဒိုနီရှား လူငယ်သမ္မတလေးဟာ သူ့လက်ထက်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အစားအသောက်ခြင်းကြီး တစ်နည်း ထုတ်လုပ်တဲ့နေရာဖြစ်ရမယ်ကြွေးကြော်ခဲ့ပေမယ့် အာဏာရှိလူထုတစ်သိုက်ကြောင့် နေရာဖယ်ပေးခဲ့ပါတယ် အစာငတ်မွတ်မှု အစိုးရရဲ့နှိပ်စက်မှုတွေကြောင့် ပြည်သူလူထုရဲ့ အယုံအကြည်ယုတ်လျော့လာချိန်မှာတော့ THE REFORM ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ဟာ ပြည်သူတွေကို အစားအစာလုံလောက်ပေးမယ်လို့စည်းရုံးမှုကြောင့်အားကောင်းလာခဲ့ပါတယ် အဲ့အချိန်မှာ စစ်အရာရှိဝန်ထမ်းဟောင်း အယ်လ်တီဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကိုပြန်ရဖို့ သမ္မတဆီကို အစီအစဉ်တစ်ခုတင်ပြခဲ့ပါတယ်ဒါပေမယ့် အစီအစဉ်ကိုလက်ခံပေးမယ့်လည်း ဝီစနု ဆိုတဲ့ လူနဲ့ပူးပေါင်းလုပ်ဆောင်ဖို့အမိန့်ချခဲ့ပါတယ် ဝီစနု ဟာ အယ်လ်တီအစီအစဉ်ကိုဖျက်ပြီး သမ္မတအဖွဲ့နဲ့အတူ လူအချင်းချင်းသတ်ဖြတ်အောင် လူမျိုးတုန်းသတ်ဖြတ်အောင် စီစဉ်ခဲ့ပါတယ် အဲ့အစီအစဉ်ကိုသိသွားတဲ့ အယ်လ်တီ ဟာ The Reform အဖွဲ့နဲ့အတူ ဘယ်လိုတားဆီးမလဲ ဆိုတာကိုစိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါပြီး Action စစ်ကားကြိုက်တဲ့သူတွေအတွက်ကတော့လုံးဝကိုလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်….
(zawgyi)

crd to channelmyamar

Tuesday, March 3, 2020

Replicant (2001)

Van Damme စရိုက်နှစ်မျိုးနဲ့ပါဝင်ထားတဲ့ “Replicant” ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ
အက်ဒ်ဝက်ဒ်ဂါရော့တ်ဟာ မိခင်တွေကိုပစ်မှတ်ထားပြီးသတ်ဖြတ်နေတဲ့ လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ့ကိုလိုက်နေတဲ့စုံထောက်ဂျိတ်က်ရိုင်လီအနေနဲ့ သုံးနှစ်ကြိုးစားခဲ့ပေမယ့်လည်းမဖမ်းမိဘဲရှိနေပါတယ် ဒီလိုနဲ့သူ့ကိုဖမ်းဖို့ နည်းပညာအကူအညီရယူပြီး လူသတ်သမားရဲ့ DNA ကတစ်ဆင့် နောက်ထပ်တစ်ယောက်ကိုဖန်တီးလိုက်အပြီးမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး…
crd to fofmm

Wednesday, February 26, 2020

The Directive (2019)

Rating 6.3 ရထားတဲ့ကားလေးပါ
Virusတစ်ခုကလူသားမျိုးနွယ်​တွေ​ကိုသေ​စေပြီးတဲ့​နောက်မှာ​တော့
တစ်​​ယောက်တည်းဖြစ်​နေတဲ့ အသက်ရှင်ကျန်ရစ်​နေသူဟာ
ပျက်စီး​နေတဲ့စက်ရုပ်တစ်ရုပ်နဲ့​တွေ့ဆုံခဲ့တယ်
အဲ့ဒီစက်ရုပ်အကူအညီနဲ့ ​ဘေးကင်းလုံခြုံတဲ့သတ်မှတ်နယ်​​မြေ57ဆီကိုခရီးဆက်ခဲ့ကြတယ်
စက်ရုပ်ရဲ့အဓိကညွှန်ကြားချက်က ဘာ​တွေလဲ….
သတ်မှတ်နယ်​မြေဆီသွားတဲ့လမ်းခရီးမှာ ဘယ်လို​တွေဖြစ်ခဲ့လဲ……
အသက်ရှင်ကျန်ရစ်သူက သယ်​​ဆောင်လာတဲ့
​ရေနဲ့အစားအ​သောက်​တွေ ကုန်သွားတဲ့အခါမှာဘာ​တွေဖြစ်လာမလဲ…..
သူသွားမယ့်​ဘေးကင်းလုံခြုံတဲ့သတ်မှတ်နယ်​မြေမှာ လူ​တွေ​ရောရှိ​နေပါ့မလား…..
crd to channelmyanmar

Color Out of Space (2019)

မင်းသားကြီး Nicholas Cage ပါဝင်သရုပ်ဆောင်ထားတဲ့
ဒီ Color Out of Space ဇာတ်ကားလေးကတော့
၂၀၁၉ခုနှစ်ထွက် Fantasy/ Sci-fi အမျိုးအစားဖြစ်ပြီး
ကြာမြင့်ချိန် ၁နာရီနဲ့၅၁မိနစ်ရှိပါတယ်
နေသန်ဂါဒနာဟာ သူ့မိန်းမထရီဆာရဲ့ကျန်းမာရေးအခြေအနေကြောင့်
လာဗီနီယာ ဘန်နီ နဲ့ ဂျက်လို့ခေါ်တဲ့သူ့သားသမီးသုံးယောက်နဲ့အတူ
ကျေးလက်ဒေသလေးကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။
တစ်ညမှာ သူတို့အိမ်ရှေ့ကိုထူးဆန်းလှတဲ့ဥက္ခာခဲကြီးကျရောက်လာပြီးတော့
အခြားဂြိုဟ်ကလာတဲ့သန္ဓေပြောင်းဇီဝသက်ရှိကြောင့်
သူတို့ရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ကျေးလက်နေဘဝလေးဟာ
အိပ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါ
နေသန်နဲ့သူ့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစောင့်ကြည့်ရမှာမို့
ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ။
crd to channelmyanmar