Showing posts with label 1985. Show all posts
Showing posts with label 1985. Show all posts

Monday, May 11, 2020

[18+] Dream Crimes (1985)

ယု ဆိုတဲ့ မိန်းမလှလေးဟာ အချစ်ဦးနဲ့ လွဲခဲ့ရပြီး ကြမ်းတမ်းတဲ့ အတိတ်ဆိုးရဲ့ခြောက်လှန့်မှုကို အခုချိန်ထိ ခံနေရတဲ့သူဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးအဖြစ် အသက်မွေးနေပြီး
တစ်နေ့မှာတော့ သူ့ကို အလုပ်အပ်တဲ့ မြေအောက်လောကရဲ့ သြဇာရှိသူတစ်ယောက်နဲ့ ပတ်သက်မိပါတော့တယ်။
အဲ့ဒီလူအပ်လာတဲ့ ပစ်မှတ်နောက်ကိုလိုက်ရင်း သူ့ ငယ်ချစ်ဦးကို
ပြန်သတိရစေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကို ဆုံတွေ့ ပတ်သက်မိလာတဲ့နောက်မှာတော့..သူဟာ မရုန်းနိုင်စရာ
သုံးပွင့်ဆိုင် ဇာတ်ရှုပ်ထဲကို တိုးဝင်မိပါတော့တယ်။
၁၉၇၀ ၈၀ ဝန်းကျင်မှာ အင်မတန်အားကောင်းခဲ့တဲ့ Pink Film လို့ခေါ်တဲ့ အဖော်အချွတ်အသားပေး Crime,Thiriller ကားကောင်းတစ်ကားပါ။
ခေါင်းဆောင်မင်းသမီးရဲ့ ဂန္ဓဝင်မမ အလှနဲ့တင်ကြည့်ရတာတန်သလို ဇာတ်လမ်းလေးလဲမဆိုးပါဘူး။ အဖော်အချွတ်အသားပေးဆိုတဲ့အတိုင်း ၁၈ နှစ်အထက်ကားပါပဲ။
(Dark Side Production မှ ရှေးခေတ်ကိုလွမ်းလို့ တင်ဆက်သည်။)
crd to channelmyanmar

Monday, April 6, 2020

Code Of Silence (1985)

ဒီဇာတ်ကားဟာ ၁၉၈၅ခုနှစ်မှာထွက်ခဲ့တဲ့ ချက်နောရစ်ရဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချီကာဂိုမြို့ရဲ့ရပ်ကွက်တစ်ခုမှာ မူးယစ်ဆေးအရောင်းအဝယ်တစ်ခုပြုလုပ်ဖို့ရှိကြောင်း သတင်းပေးတစ်ယောက်မှပြောကြားလာချက်အရ ချက်နောရစ်ဆိုတဲ့ အက်ဒီကူဆက်ခ်ဦးဆောင်တဲ့ အရပ်ဝတ်စုံနဲ့ရဲတပ်ဖွဲ့ဟာ ထိုရောင်းဝယ်မူကိုလက်ဦးမှုယူပြီးဖမ်းဆီးနိုင်ဖို့အကွက်ကျကျနေရာယူစောင့်ဆိုင်းနေကြပါတယ်။အဲ့အခိုက်အတွင်းမှာပဲ အီတလီမာဖီးယားဂိုဏ်းတစ်ခုမှ ဆေးသုတ်အဖွဲ့အယောင်ဆောင်ပြီး မူးယစ်ဆေးရောင်းဝယ်နေမှုကိုကြားဖြတ်အလစ်ချောင်းတိုက်ခိုက်ပြီး ဘိန်းဖြူ နဲ့ငွေသားတွေကိုလည်းယူဆောင်သွားပါတယ်။ထို့သို့ကြားဖြတ်ဝင်ရောက်တိုက်ခိုက်တဲ့အဖွဲ့ကြောင့် အက်ဒီကူဆက်ခ်တို့စီစဉ်ထားတဲ့အစီအစဉ်တွေအလွဲလွဲအချော်ချော်ဖြစ်ရုံမက မလိုလားအပ်တဲ့နောက်ဆက်တွဲအမှားအယွင်းတွေပါကျူ းလွန်မိကုန်ပါတယ်။အဲ့ဖြစ်ရပ်မှာ မူးယစ်ဆေးရောင်းချတဲ့အဖွဲ့က ကိုလံဘီယာမူးယစ်ဆေးဂိုဏ်းဖြစ်တဲ့ ကိုမာချိုအဖွဲ့ကညီအစ်ကိုတွေဖြစ်နေခဲ့ပြီး ခေါင်းဆောင်ဖြစ်တဲ့ လူးဝစ်ကိုမာချိုက အလစ်သုတ်သွားတဲ့ အီတလီမာဖီးယားဂိုဏ်းကိုဘယ်လိုလက်စားချေမလဲ မာဖီးယားတွေဘက်ကကော ဘယ်လိုရှောင်တိမ်းမလဲ အက်ဒီကူဆက်ခ်နဲ့သူ့တွဲဘက်တစ်ချို့ကကော အဲ့နှစ်ဖွဲ့ကိုဘယ်လိုဘယ်ပုံနည်းနဲ့အမြစ်ပြတ်သုတ်သင်ရှင်းလင်းမလဲ မလိုလားအပ်တဲ့အမှားအယွင်းတွေကနေကောဘာတွေဆက်ဖြစ်မလဲစတဲ့ ဇာတ်ရှုပ်တွေကဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဒီဇာတ်ကားကိုကြည့်ရှုပြီးအဖြေရှာနိုင်မှာဖြစ်တဲ့အကြောင်းကြေငြာလိုက်ရပါသည်။
crd to fofmm