Showing posts with label Chuck Norris. Show all posts
Showing posts with label Chuck Norris. Show all posts

Monday, April 6, 2020

Code Of Silence (1985)

ဒီဇာတ်ကားဟာ ၁၉၈၅ခုနှစ်မှာထွက်ခဲ့တဲ့ ချက်နောရစ်ရဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချီကာဂိုမြို့ရဲ့ရပ်ကွက်တစ်ခုမှာ မူးယစ်ဆေးအရောင်းအဝယ်တစ်ခုပြုလုပ်ဖို့ရှိကြောင်း သတင်းပေးတစ်ယောက်မှပြောကြားလာချက်အရ ချက်နောရစ်ဆိုတဲ့ အက်ဒီကူဆက်ခ်ဦးဆောင်တဲ့ အရပ်ဝတ်စုံနဲ့ရဲတပ်ဖွဲ့ဟာ ထိုရောင်းဝယ်မူကိုလက်ဦးမှုယူပြီးဖမ်းဆီးနိုင်ဖို့အကွက်ကျကျနေရာယူစောင့်ဆိုင်းနေကြပါတယ်။အဲ့အခိုက်အတွင်းမှာပဲ အီတလီမာဖီးယားဂိုဏ်းတစ်ခုမှ ဆေးသုတ်အဖွဲ့အယောင်ဆောင်ပြီး မူးယစ်ဆေးရောင်းဝယ်နေမှုကိုကြားဖြတ်အလစ်ချောင်းတိုက်ခိုက်ပြီး ဘိန်းဖြူ နဲ့ငွေသားတွေကိုလည်းယူဆောင်သွားပါတယ်။ထို့သို့ကြားဖြတ်ဝင်ရောက်တိုက်ခိုက်တဲ့အဖွဲ့ကြောင့် အက်ဒီကူဆက်ခ်တို့စီစဉ်ထားတဲ့အစီအစဉ်တွေအလွဲလွဲအချော်ချော်ဖြစ်ရုံမက မလိုလားအပ်တဲ့နောက်ဆက်တွဲအမှားအယွင်းတွေပါကျူ းလွန်မိကုန်ပါတယ်။အဲ့ဖြစ်ရပ်မှာ မူးယစ်ဆေးရောင်းချတဲ့အဖွဲ့က ကိုလံဘီယာမူးယစ်ဆေးဂိုဏ်းဖြစ်တဲ့ ကိုမာချိုအဖွဲ့ကညီအစ်ကိုတွေဖြစ်နေခဲ့ပြီး ခေါင်းဆောင်ဖြစ်တဲ့ လူးဝစ်ကိုမာချိုက အလစ်သုတ်သွားတဲ့ အီတလီမာဖီးယားဂိုဏ်းကိုဘယ်လိုလက်စားချေမလဲ မာဖီးယားတွေဘက်ကကော ဘယ်လိုရှောင်တိမ်းမလဲ အက်ဒီကူဆက်ခ်နဲ့သူ့တွဲဘက်တစ်ချို့ကကော အဲ့နှစ်ဖွဲ့ကိုဘယ်လိုဘယ်ပုံနည်းနဲ့အမြစ်ပြတ်သုတ်သင်ရှင်းလင်းမလဲ မလိုလားအပ်တဲ့အမှားအယွင်းတွေကနေကောဘာတွေဆက်ဖြစ်မလဲစတဲ့ ဇာတ်ရှုပ်တွေကဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဒီဇာတ်ကားကိုကြည့်ရှုပြီးအဖြေရှာနိုင်မှာဖြစ်တဲ့အကြောင်းကြေငြာလိုက်ရပါသည်။
crd to fofmm