Thursday, March 12, 2020

Jungle Fever (1991)

Unicode
ဒီရုပ်ရှင်ကတော့ မင်းသားကြီး ဝီစလီစနိုက် နဲ့ ဆမ်မြူရယ်ဂျက်ဆန်တို့ နုစဉ်အခါက ရိုက်ထားတဲ့ ဒရာမာ ကားလေးပါ။ ဒီရုပ်ရှင်လေးက အိမ်ထောင်ရေးပညာပေး ဖြစ်သလို ဆေးစွဲနေတဲ့လူတစ်ယောက်ရဲ့ မိသားစုကို ဒုက္ခပေးပုံအစုံစုံကိုလည်း ပြထားသလို၊ ဆေးသမားတစ်ယောက်က ဆေးသုံးနိုင်ဖို့  ဘယ်လောက်ထိ လိမ်နိုင်ပတ်နိုင်မလဲဆိုတာလည်း တွေ့မှာပါ။ ဇာတ်သိမ်းကတော့ မကောင်းဘူးဆိုတာ တွေ့မှာပေါ့။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မာသာဖာကာကြီး ဆမ်မြူရယ်ရဲ့ မှတ်ကျောက်တစ်ခုလို့ပြောလို့ရပါတယ်။ ဆမ်မြူရယ်တစ်ယောက် ဆေးစွဲပြီးမြောင်းထဲရောက်ခဲ့တဲ့ ဘဝကနေ ဆေးဖြတ်ပြီးခါစမှာပဲ ဒီရုပ်ရှင်မှာ ဆေးသမားအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။ အဲဒီအတွက်ပဲ သူအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာလည်း ပါပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်း
လူမည်းအမျိုးသား ဖလစ်ပါက ချစ်ရတဲ့ဇနီးနဲ့ ကလေးနဲ့ အိမ်ထောင်ရှင်ကောင်း တစ်ဦးပေါ့။ တစ်ရက်မှာ သူ့ရဲ့အတွင်းရေးမှူး လူဖြူမလေး အန်ဂျီနဲ့ ဖောက်ပြန်မိသွားတယ်။ ဒီသတင်းက အကြောင်းကြောင်းနဲ့ သူ့အိမ်သူ ဒရူးဆီ ပေါက်သွားတဲ့နောက် အိမ်ပေါ်ကနေ နှင်ချခံရတယ်။ အဲဒီကာလက လူဖြူလူမည်း ခွဲခြားတဲ့ခေတ်ဆိုတော့ အဆင်မပြေမှုတွေကြားမှာ ထိခိုက်နာကျင်ရတဲ့ကိစ္စတွေ များလာခဲ့ကြတော့တယ်။
Zawgyi

crd to channelmyanmar

No comments:

Post a Comment